Switch Mode

Chapter – 126

အပိုင်း (၁၂၆) ချက်ခြင်းအဆင့်တက်ခြင်း

တံခါးအတွင်း၌ စိတ်ဝိညာဉ်မြူခိုးများဖြင့်ပြည့်နေကာ (၁၀) မီတာလောက် ကျော်လျှင် လူလား တိရိစ္ဆာန်လားတောင် သဲသဲကွဲကွဲ မသိရတော့ပေ။

ကောင်းကင်မှလည်း နှင်းများကျနေကာ အသေအချာ ဆန်းစစ်ကြည့်ပါက ထိုနှင်းများကလည်း စိတ်ဝိညာဉ်စွမ်းအင်များဖြစ်ကြောင်းကိုသိနိုင်သည်။

ရွှစ်…။

အစီအရင်၏ ရေထိုးမှုရုတ်ရက် ပွင့်ထွက်သွားပြီး လေတစ်ချက်တိုက်လာကာ စိတ်ဝိညာဉ်မြူခိုးများကို ခေါ်ဆောင်သွား၏။ သို့ဖြင့် ကောင်းကင်မှ ယောက်ျား၊ မိန်းမ ပါရှိသော အဖွဲ့တစ်ခုဆင်းလာခဲ့၏။

ဒီလူတွေက ပြင်ဆင်ထားကြပုံရသည်။ စစ်မှန်ခြင်းနယ်ပယ်များဖြစ်ကြရာ လေ‌ထဲ၌ အကြောက်အရွံ့မရှိရပ်နေကြ၏။ သူတို့ မျက်၀န်းများကလည်း အံ့အားသင့်တုန်လှုပ်မှုတို့ဖြင့် ပြည့်နေသည်။

“ဒါ…”

ဒီနေရာက စိတ်ဝိညာဉ်‌စွမ်းအင်များအလွန် သိပ်သည်းလေရာ တစ်သက်တစ်ချက်ရှိုက်ခြင်းကတောင် အပြင်၌ ရက်အတန်ကြာအောင် ကျင့်ကြံခြင်းနှင့် တစ်ထပ်တည်းသွားကျလေသည်။

စိတ်ဝိညာဉ်စွမ်းအင်များကို အငမ်းမရ စုပ်‌နေသည့် မုကျစ်ရှီ၏ နှစ်မွှာကျစ်ဆံမြှီးလေထဲ၌ လွင့်နေကြ၏။

သူမ မခုခံနိုင်တာ အရာနှစ်သာရှိသည်။ ပထမတစ်ခုက အသက်စွမ်းအင်များပြားသည့် သတ္တဝါများနှင့် ဒုတိယတစ်ခုက စိတ်ဝိညာဉ်စွမ်းအင် သိပ်သည်းသည့် ပတ်၀န်းကျင်မျိုးဖြစ်သည်။

သူမလက်များကိုဆန့်ထုတ်ပြီး ဝှေ့ရမ်းလိုက်ရာ အစိမ်းဖျော့ဖျော့အင်္ကျီစက လေထဲ၌ လူးလွန့်သွားသည်။ သူမကို ကြည့်ရတာ အတင့်တက်တော့မယောင်ယောင်။

“လခွမ်း။ ဘာလို့ ကောင်းကင်မှာ အစီအရင်ကိုထားရတာတုန်းဟ”

တစ်စုံတစ်ယောက်၏ အော်ဆဲလိုက်သံကြီးက လူတိုင်းကို အသိစိတ်များပြန်ကပ်ပေးလိုက်သည်။ အားလုံးငုံ့ကြည့်လိုက်ကြရာ ပြုတ်ကျသံအကျယ်ကြီးနှင့်အတူ ‌နာနာကျင်ကျင် စူးစူးရှရှ အော်သံကြီးကို ကြားလိုက်ရ၏။

ချလန်း…။

၎င်းက ဓားတစ်လက် မြေပြင်အပေါ်ကျသည့် အသံဖြစ်သည်။ တစ်စုံတစ်ယောက် ပျံသန်းရန် အကောင်းဆုံးကြိုးစားလိုက်ကြောင်းပြီးမှ ကျရှုံးသွား‌ကြောင်းထင်ရှားလေသည်။

လူတိုင်း၏ မျက်နှာများ မဲ့ရွံ့ကုန်ကြ၏။ ‘ဒါက စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ် အဆင့်(၉) က‌လူတစ်ယောက် ထျန်းရွှမ် တံခါးထဲကို ၀င်ဖူးတာဖြစ်မယ်… ပြီးတော့ သူက မပျံနိုင်ဘူး…’ လူတိုင်းတွေးလိုက်ကြသည်။

[ကဲ့ရဲ့ခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၈]

[စိုးရိမ်ခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၂]

စုရှောင်ရှန်နှင့် သူငယ်ချင်းလို့ မှတ်ယူထားသည့် ကျိုးထျန်းရှန် ချက်ခြင်းပဲ စုရှောင်ရှန် နောက်လိုက်ဆင်းသွားလေသည်။ မြေပြင်ပေါ်သို့ရောက်သောအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် ကျိုးထျန်းရှန် ပါးစပ်အဟောင်းသားဖြစ်သွာတော့သည်။

အ၀တ်အစားများကြားထဲ၌ ပေါက်စီလို ဖြစ်နေသည့် စုရှောင်ရှန်က မြေပြင်၌ လဲနေပြီး အပြင်းအထန် တုန်ခါနေလေတော့သည်။

ကောင်းကင်နှင့်မြေပြင်၏ အဆုံးမရှိသော စွမ်းအင်များက သူ့ကိုယ်ထဲကို အလူးအလား ၀င်ရောက်နေကြပြီး စိတ်ဝိညာဉ် ပိုးအိမ်ကြီးအဖြစ် အသွင်ပြောင်းလိုက်၏။

ထိုပိုးအိမ်အတွင်းရှိစုရှောင်ရှန်ကတော့… ပြုတ်ကျခြင်းမှ ခြေထောက်ကျိုးသွားမည့် ကံကြမ္မာကို သီသီလေးကပ်လွတ်သွားလေသည်။ သူ့ကိုယ်လုံးက ရုတ်တရင် ပုဇွန်လိုကွေးသွားပြီး တစ်အောင့်ကြာသော် တုတ်တစ်ချောင်းလား ဆန့်ဆန့် ဖြစ်လိုက်ပြုလိုက်နှင့် ငါးရှည့်အလား မြေပြင်တွင် အပြင်းအထန် တွန့်နေသည်။

“လ… ခွ…မ်း…”

သူ့ပါးစပ်မှလည်း အမြူပ်လိုလို စိတ်ဝိညာဉ်အနှစ်လိုလို အရာများ နွားစမြုပ်ပြန်သလို ထွက်လာသည်။

စုရှောင်ရှန် အလွန်နာကျင်နေရသည်။ ၎င်းက ဖြစ်တည်မှုအပြင်ထွက်သွားရလောက်အောင် သာယာမှုကြောင့် နာကျင်ရခြင်းဖြစ်သည်။

ထျန်းရွှမ်းတံခါးမ၀င်ခင်က ပြင်ဆင်ထားရန် အတွင်းစည်း စိတ်ဝိညာဉ်စွမ်းအင်များနှင့် အသားကျအောင် အသက်ရှူခြင်းနည်းစနစ်ကို သုံးခဲ့လေသည်။

ယခုတော့ ထျန်းရွှမ်တံခါးနှင့် အတွင်းစည်းတို့က ကမ္ဘာခြားနေကြောင်းကို ရောက်ဖူးမှ သိလိုက်၏။ ၎င်းက လူတွေ နေဖို့ အတွက်ပင် မဟုတ်ပါပေ။

အ၀တ်ထူထူ (၁၃) ထပ်ကြီး၀တ်ထား‌တာတောင် အကျုံးမ၀င်ပါ။

တစ်ယောက်ယောက်… ကယ်ကြပါ…

မုကျစ်ရှီ ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။ စုရှောင်ရှန်ကို အကြီးအကဲစန်းပေးသည့် ကျောက်စိမ်းစာလိပ်မပေးရသေးလေရာ ထွက်သွားလို့မဖြစ်ပါပေ။ သူက သူမ၏ ဆရာတူအကိုကြီးမဟုတ်ပါလား။

“သူဘာဖြစ်နေတာလဲ” စိတ်ဝိညာဉ်ပိုးအိမ်ထဲမှ တစ်ချက်တစ်ချက် တွ့န်နေသည့် စုရှောင်ရှန်ကိုကြည့်ပြီး မုကျစ်ရှမေးသည်။

ကျိုးထျန်းရှင်လည်း မှင်တက်၏။ သို့ဖြင့် ပုခုံးတွန့်ပြကာ “ငါလည်းမသိဘူး။ ငါဆင်းလာကတည်းက ဒီလိုဖြစ်နေတာ။ ငါတောင်ဘာမှ မလုပ်ရသေးဘူး…”

“ငါ… ငါ အဆင်ပြေ… တယ်” စုရှောင်ရှန် ထလာပြီး ချွန်ထက်ခြင်းနှင့် သူ့လက်ဖဝါးကို ထိုးလိုက်ကာ သာယာမှုကြောင့် နာကျင်မှုကို နာကျင်မှုဖြင့် ပြန်ခုခံလိုက်သည်။ သို့ဖြင့် စကားပြောနိုင်သွားလေသည်။

“ငါ့မှာ စိတ်ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူလိုက်တိုင်း လေဖြတ်သွားတတ်တဲ့ ထူးဆန်းတဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံရှိတယ်။ ဒါပေမယ့် ငါမြန်မြန်…ပြန်သက်သာလာမှာပါ။ မပူနဲ့။ မင်းတို့အရင်သွားကြ

စုရှောင်ရှန်း စကားပြောနေရင်း အသက်ရှူလိုက်မိရာ ကုန်းမြေပေါ်ရောက်နေသော ငါးအလား ပို၍ ပြင်းပြင်းထန်ထန် တွန့်လိမ်တွန့်လိမ်ဖြစ်သွားသည်။ အခြေအနေမဟန်တော့ရာ အသက်ကိုသာ အောင့်ထားလိုက်၏။

“တကယ်ရော အဆင်ပြေရဲ့လား” မုကျစ်ရှီ အရှေ့သို့ တက်လ်ိုက်ပြီး ကျောက်စိမ်းစာလိပ်တစ်ခုကို ထုတ်ယူလိုက်သည်။ “ဆရာက နင့်ကို ပေးခိုင်းလိုက်တာ”

စုရှောင်ရှန် အသက်ကို ဖြေးဖြေးလေးရှူလိုက်သည်။ “ကောင်းပြီ မြေကြီးပေါ်မှာချထားပြီး သွားလို့ရပြီ”

စုရှောင်ရှန်က အလွန် ခံစားလွယ်သည့် အခြေအနေ၌ရောက်နေသဖြင့် မည်သူမှ သူ့ကို ထိ၍ မရပါပေ။ ၎င်းက မိုးတိမ်လေပြိုင်ပွဲမှာတုန်းက ရွှေနီ‌ဆေးလုံးကိုရှူလိုက်ချိန် ကျောက်ကျစ်တုံ့ကြောင့်လည်း ဖြစ်ဖူးသေးသည်။

ပထမဆုံးတော့ အလွန်နာသည်။ သို့ မှတဖြေးဖြေးပျောက်ကွယ်သွားမည်ဖြစ်လေသည်။ ဘာပဲပြောပြော ကြိတ်မှိတ် သည်းခံ ရုံမှတစ်ပါး မရှိပါပေ။

မုကျစ်ရှီငြိမ်ခံလိမ့်မည်လား။ သူမ၏ နှစ်မွှာကျစ်ဆံမြှီးကို ကိုင်ရင်း နှုတ်ခမ်းများကွေးတက်သွား၏။

‘ဘာပြောတာလဲမသိဘူး။ ဒီလို အရာမျိုးရှိတယ်ပေါ့။ မိုက်နေရော။ ဆရာ သူ့ကို တပြည့်တော်တာမဆန်းတော့ပါဘူး’

စိတ်ဝိညာဉ်စွမ်းအင်နှင့်ထိတွေ့တိုင်း ဤသို့ လေဖြတ်သလို အခြေအနေကြီး ရောက်သွားသည်ပေါ့။

သူ့အ‌ခြေအနေက သာမန် စုရှောင်ရှန်နှင့်ပင် မတူတော့ပေ။ ပုံမှန်ဆို သူမကို စိတ်ဆိုးဒေါသထွက်စေမည့် မှတ်ချက်များ ပြုသည်မဟုတ်ပါလား။

စုရှောင်ရှန်းအနားတွင် ဒူးတုပ်ထိုင်ချလိုက်ပြီး ပြုံးပြလိုက်သည်။ “မဖြစ်ပါဘူး။ ဆရာက နင်ကိုယ်တိုင်ယူမှ ဖြစ်မယ့် အရမ်းအရေးကြီးတဲ့ အရာလို့ပြောတယ်… အင်္ကျီထဲ ထည့်ပေးလိုက်မယ်လေ နော်” ပြောပြီး လက်ဆန့်ထုတ်လိုက်သည်။

“မလုပ်နဲ့။ ရတယ်လို့။ ဝေးဝေးမှာနေလို့” သူမ၏ အပြုအမူက စုရှောင်ရှန်ကို သတိပေးခေါင်းလောင်းများညံသွားစေ၏။ “ကျိုးထျန်းရှန်ကိုပေးလိုက်။ သူငါ့အတွက် ကိုင်ထားပေးလိမ့်မယ်”

“ဟီးဟီး” မုကျစ်ရှီ ရယ်လိုက်ရာ ပါးချိုင့်များပေါ်လာသဖြင့် အလွန်ချစ်စရာ‌ကောင်းနေတော့သည်။။ “မပေးနိုင်ပါဘူး…”

စုရှောင်ရှန်၏ အင်္ကျီကို လက်နှစ်ချောင်းဖြင့် ဖိလိုက်သည်။ ထို့နောက် တစ်ချက်တွေးလိုက်ကာ အပေါ်ယံအလွှာများကို ကျော်ပြီး အတွင်းပိုင်းအလွှာတွေစီသွားလိုက်၏။ ၎င်းက သူ့ကို ကလူကျီဆယ်နေခြင်းနှင့်တူကာ ယားကျိယားကျိ ခံစားရစေသည်။ သို့ဖြင့် မုကျစ်ရှီ၏ လက်ချောင်းများ စုရှောင်ရှန်၏ ရင်ဘက်ကို ပွတ်မိသွား၏။

စုရှောင်ရှန် နေရာတွင်ပဲ ပေါက်ကွဲတော့မလို ဖြစ်သွားသည်။

သူ့အပေါ်ယံအလွှာကိုဖိတုန်းကတောင် အံကိုတင်းတင်းကြိတ်ပြီး အတင်းခံနေရတာ ယခု သူ့အတွင်းပိုင်းကိုလာထိတော့ သူ့ကိုယ်သူ ထိန်းချုပ်မှု လွတ်ကင်းသွားတော့သည်။

“အားးး”

ထို မိန်းမဆန်ဆန်ညည်းသံကြီးက ကျိုးထျန်းရှန်နှင့် မုကျစ်ရှီတို့၏ အမွှေးအမျှင်များကို ချက်ခြင်းထောင်ထသွားစေလေသည်။ မြေပြင်ကနေ ထရပ်ဖို့ ခက်ခက်ခဲခဲကြိုးစားထားရသည့်စုရှောင်ရှန် ဘုတ် ကတည်းမြည်သံဖြင့် ပြန်လဲကျသွားပြီး ဓာတ်လိုက်သွားသည့်အလား မြေပြင်၌ လူးလွန့်သွား၏။

သူ့သွားအချင်းချင်း ကြိတ်သံကြီးတောင် ကျယ်လောင်လှသည်။

မုကျစ်ရှီ အလန့်တကြား နောက်သို့ နီမြန်းနေသောမျက်နှာဖြင့် ဆုတ်သွားလိုက်သည်။ သူ့ကို ထိတယ်ဆိုရုံမျှလေးထိရသေး သူက…

သူမ၏ မျက်နှာကို ကာလိုက်ပြီး ကျိုးထျန်းရှန်ကို ကြည့်လိုက်သည်။ အလျင်လိုနေဟန်ရသော လေသံမျိုးဖြင့် “ဒါငါလုပ်တာမဟုတ်ဘူးနော်”

ကျိုးထျန်းရှန် အသံအက်အက်ကြီးဖြင့် ပြန်၍ “နင်ပြောချင်တာ ငါသိတယ်”

“အား…”

နောက်အသံတစ်သံထွက်ပေါ်လာပြီး သူတို့ကို ကြက်သီးဖျင်းဖျင်းထသွားစေလိုက်သည်။ ပထမ တစ်ခေါက်တုန်းက လေသံကို ဖိထားသကဲ့သို့ ရှိတယ်ဆိုလျှင် ယခုတစ်ခေါက်က ဘာအတားအဆီးမှမရှိသော ညည်းသံကြီးဖြစ်သည်။

စုရှောင်ရှန်ကို ပြန်လှည့်ကြည့်လိုက်သောအခါ အေးခဲသွားသကဲ့သို့ လှုပ်တာရပ်သွားတာကိုတွေ့လိုက်ရ၏။

သူ့ဒန်ထျန်မှ စိတ်ဝိညာဉ်စွမ်းအင်များပေါက်ကွဲထွက်လာပြီး အနားရှိ စိတ်ဝိညာဉ်မြူခိုးများကို လွင့်ပြယ်သွားစေလိုက်သည်။

“အဆင့်တက်သွားတာလား” တစ်ဦးကိုတစ်ဦး တိတ်တဆိတ်ကြည့်လိုက်ကြသည်။

သူမ၏ အထိတစ်ချက်က အဆင့်တက်သွားစေသည်လော။ မုကျစ်ရှီ မှင်တက်သွားတော့သည်။

စုရှောင်ရှန် မြေပြင်၌ ကားကားကြီး ပြားနေသည်။

နေမခံနိုင်တော့ပေ။ ဆေးလုံးများကိုဖော်စပ်ဖို့ ကြိုးစားရင်း စိတ်ဝိညာဉ်ကျင်ကြံခြင်းဆေးလုံးအရည် တွေမဖြုန်းတီးလိုသည့်အတွက် ပမာဏများပြားစွာသောက်ခဲ့ရသဖြင့် အဆင့်တက်ချင်သလိုလိုဖြစ်နေပြီးဖြစ်သည်။ သို့ဖြင့် ထိုထိတွေ့ချက်ကြောင့် ပွင့်ထွက်‌သွားတော့၏။

အဆင့်တက်ခြင်းကြောင့် လွင့်ပြယ်သွားသည့် စိတ်ဝိညာဉ်မြူခိုးများ ပြန်ပြည့်လာလေတော့သည်။ စုရှောင်ရှန် စတင်၍ ပြန်တွန့်လာခဲ့၏။ အဆင့်တက်ပြီးနောက်မှာ သူ့ဒန်ထျန်ထဲက စိတ်ဝိညာဉ်အနှစ်များ ဖြေးဖြေးချင်း ပြန်စုဖွဲ့လာလေသည်။

အကျိုးသက်ရောက်မှုက… အံ့မခန်းပင်။

နေ့တစ်၀က်အတွင်း စစ်မှန်ခြင်းနယ်ပယ်သို့တောင် ရောက်နိုင်သည်ဟု သူခန့်မှန်းလိုက်သည်။ အသက်ရှူခြင်းနည်းစနစ်က အလွန် အံ့အားသင့်ဖွယ်ရာ စွမ်းရည်ဖြစ်ပေသည်။

၎င်းနှင့်ကပ်လျက်ပါလာသည့် သာယာမှုကိုသာ ဖယ်ရှားနိုင်သည့်နည်းလမ်းတွေ့ပါက ၎င်းက ပြီးပြည့်စုံသည့် စွမ်းရည်ဖြစ်သွားပေလိမ့်မည်။

နောက်ထပ် ပုံရိပ်တစ်ခု ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။

“အကူအညီလိုလား” မိုမို ညာလက်ထဲ၌ မီးဖိုအိုးလေးကို ပိုက်ထားရင်း စုရှောင်ရှန် ထံသွားလိုက်သည်။

စုရှောင်ရှန်ထံမှ ဖော်ပြနေသော လက္ခဏာများကိုသတိထားမိပြီး သူမ၏ ချိတ်ပိတ်ခြင်းစွမ်းရည်က အကူအညီဖြစ်လောက်မည်ဟု ယုံကြည်လေသည်။

စုရှောင်ရှန် သူမကို လှပသည်ဟု ချီးကျူးခဲ့သည်မဟုတ်ပါလား။ သူမတတ်နိုင်သလောက်တော့ ပြန်ကူညီရပေမည်။

အပြင်ဘက်၌သာဆိုပါက စုရှောင်ရှန်၏ ထောက်လှမ်းမှုကနေ သူမလွတ်မြောက်လိမ့်မည်ဖြစ်သော်လည်း ထျန်းရွှမ် တံခါးအတွင်း၌တော့ မလွတ်မြောက်နိုင်ပါပေ။ မိုမို့ကို ဒုတိယအကြိမ်ပြန်တွေ့ပြီးနောက်မှာ အကြီးအကျယ် ရှေ့ာရသွားတော့သည်။

ဗလာနယ်ပယ်။

သူမရဲ့ ကျင့်ကြံမှုက ဗလာနယ်ပယ်၌ ဖြစ်သည်။

စုရှောင်ရှန် ကိုယ်တိုင်က ဗလာနယ်ပယ်နှင့် အဆင့်မြင့်စိတ်ဝိညာဉ်နယ်ပယ်များကိုသတ်ဖူးလေရာ သူမ၏ ချုပ်နှောင်ခြင်းက အရှင်သခင်တစ်ယောက်လုပ်နေသည်ဟု သင်္ကာမကင်းဖြစ်ဖူးလေသည်။

အကြားအမြင်က ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းနယ်ပယ်များကို အတိအကျ သတ်မှတ်ပေးသည်။ မိုမိုက သူမ၏ ကျင့်ကြံခြင်းနယ်ပယ်ကို ကောင်းကောင်းဖုန်းကွယ်ထားသော်လည်း စုရှောင်ရှန်ကတော့ တစ်ချက်တည်းဖြင့် သိလိုက်သည်။

မိုးတိမ်လေပြိုင်ပွဲမကျင်းပခင်က မိုမိုက မူလနန်းတော် အစောပိုင်းအဆင့်၌သာရှိသေးလေသည်။

သူမအချိန်အတော်ကြာအောင်မယူလိုက်ရပါပဲ အစောပိုင်းအဆင့်ကနေ အလယ်ပိုင်းအဆင့်၊ နှောင်းပိုင်းအဆင့်နှင့် အထွတ်အထိပ်အဆင့်တို့ကိုကျော်ပြီး မူလနန်းတော်မှ ဗလာနယ်ပယ်သို့ ရောက်သွား၏။

လာနောက်နေတာလား။

“ရပါတယ်။ ငါအဆင်ပြေပါပြီ” စုရှောင်ရှန် သူ့လက်ဖဝါးကို လက်လေးချောင်းစိုက်လိုက်သည်။ ထို့နောက် မျက်ခုံးများလှုပ်နေရင်းမှ မုကျစ်ရှီလက်ထဲက ကျောက်စိမ်းစာလိပ်ကို ယူလိုက်၏။

“အဲ့လိုလား… ဒါဆိုလည်း သွားတော့မယ်”

မိုမို အသာအယာ ပြုံးပြပြီးနောက် လှည့်ကာ ထွက်သွားတော့သည်။

သူမ၏ ထွက်ခွာသွားသော နောက်ကျောကိုကြည့်ပြီး စုရှောင်ရှန် အတွေးနက်သွားသည်။ သူ့အကြားအမြင်က မီးဖိုအိုးကိုင်ထားသည့် လက်‌အပေါ် ရောက်သွား၏။

သူမ လက်ထဲရှိ ထူးဆန်းသောစွမ်းအင်က ပို၍ ကြီးထွားလာခဲ့ပြီး ကြောက်မက်ဖွယ်ရာအတိဖြစ်လာတော့သည်။

စုရှောင်ရှန် ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။ သူ့မသိစိတ်ကလား တစ်ခုခုကလားတော့မသိပေမယ့် မိုမို့လက်ထဲ၌ ကိန်း‌အောင်းနေသော စွမ်းအင်က ထိုမျက်နှာဖုံးတပ်နှင့်လူ ထုတ်လွှတ်သော စွမ်းအင်နှင့်တူကြောင်း ပြောနိုင်လေသည်။

“သူ့လက်ထဲမှာ ဘာကို ချိတ်ပိတ်ထားတာလဲဟ…”

Comment

Leave a Reply

Options

not work with dark mode
Reset