Switch Mode

Chapter – 123

အပိုင်း (၁၂၃) စွပ်ပြုတ်နှင့်ဆေးလုံး

ကျွမ်းကျင်ပင်ကိုယ်စွမ်းရည်များက ဆန်းကြယ်ပြီး အမှန်တကယ် အထင်ကြီးစရာကောင်း‌လေသည်။ ၎င်းတို့ပေးသော အသိအမြင်များက လေ့ကျင့်ရမည့် အချိန်အတော်များများကို အလဟသတ်မဖြစ်စေတော့ပေ။

[စာဖိုမှူ] မှပေးသော မီးထိန်းချုပ်ခြင်းကလည်း သွေး‌နှင့်ချွေးနှင့် အချိန်အတော်ကြာအောင် ရင်းပြီးမှ ရမည့်အရာဖြစ်သည်။ သို့သော် သူကတော့ တစ်ခဏအတွင်း၎င်းကို အချိန်အတော်ကြာအောင်‌ လေ့ကျင့်ထားသကဲ့သို့ တတ်မြောက်သွားလေတော့သည်။

စုရှောင်ရှန် မီးတောက်အစေ့ကို ‌ဆေးမီးဖိုအိုးအောက် ထားလိုက်သည်။ မမြင်နိုင်သည့်မီးတောက်များစတင်လောင်ကျွမ်းလာပြီး ဆေးမီးဖိုအိုးကြီးထဲက ဆေးပင်များကို တရှဲရှဲ လောင်သွားစေ၏။

သို့သော် ယခုတခေါက်တော့ ပြာများမဖြစ်သွားစေဘဲ အဆီအနှစ် တစ်စက် ချန်ထားခဲ့လေသည်။ ပထမတစ်ကြိမ်တည်းဖြင့် အောင်မြင်သွားရာ စုရှောင်ရှန် ပီတိရွှင်သွားသည်။

“အကြီးအကဲစန်းရဲ့ စကားအရဆို ဆေးပင်တွေ တောင်နဲ့ပုံပြီး သန့်စင်လို့မှ အဆီအနှစ်တစ်စက်ရရင်ကို အောင်မြင်မှုကြီးဖြစ်နေပြီတဲ့… ဒါပေမယ့် ငါက လက်တစ်ဆုပ်စာတည်းနဲ့ ရသွားတာ။ အိုး… ဘယ်လောက်တောင် စုဆောင်းနိုင်လိုက်တာလဲ”

စုရှောင်ရှန် ထခုန်ကချင်စိတ်များဖြစ်လာတော့သည်။

ထို့နောက် ဆက်လက်၍ မီးအပူချိန်ကို အမျိုးမျိုးပြောင်းပြီးလုပ်ကြည့်သော်လည်း တစ်ကြိမ်တစ်ခါမှ မကျရှုံးပေ။

“ပြီးပြည့်စုံတဲ့ ရလဒ်”

စုရှောင်ရှန် ဆေးအဆီအနှစ်များကို စိတ်ဝိညာဉ်အနှစ်တဲ့ ရစ်ပတ်ပြီး ဆေးအိုးထဲကို ဆွဲထည့်လိုက်သည်။ ထို့နောက် အကြီးအကဲစန်းပေးလိုက်သော “ဆေးလုံး သိပ်သည်းခြင်းနည်းလမ်း” ကို ထုတ်ယူလိုက်သည်။

ထိုထဲတွင် “ငရဲမီးတောက်ဖြင့် ‌ဆေးလုံး သိပ်သည်းခြင်းနည်းလမ်း” ကို ‌မှတ်တမ်းတင်ထားလေသည်။ ၎င်းက ရိုးရိုးရှင်းရှင်းပဲ ဆေးအဆီအနှစ်များကို ဆေးလုံးပုံသဏ္ဌာန် မီးဖုတ်ရန် ညွှန်ကြားထားသည်။ အကြီးအကဲစန်း ထိုသို့ လုပ်တာကိုလည်း စုရှောင်ရှန် မြင်ဖူး၏။

ဘာလက်ကွက်၊ ဘာအစီအရင်၊ သာမန်ဆေးဖော်စပ်သူတွေသုံးတဲ့ ဆန်းကြယ်နည်းစနစ်မှ မလို၊ ဘာထူးဆန်းသည့် စွမ်းရည်ကိုမှ အသုံးပြုခြင်းမပါ၀င်ပေ။ ၎င်းကို [မီးဖုတ်] ဟူသည့်စကားလုံးတစ်လုံးတည်းဖြင့်သာ ဖော်ပြထားသည်။

“အထင်ကြီးစရာပဲ။ ဒီမီးလျှံက…”

“ငရဲမီးတောက် ဆေးလုံးသိပ်သည်းခြင်းနည်းလမ်း” နှင့်အတူ အခြား ဆေးလုံး ဖော်စပ်တဲ့ နည်းလမ်းနှစ်ခုလည်းပါသည်။ ၎င်းတို့မှာ စုရှောင် ယခင်က အသုံးပြုဖူးသည့် ရွှေနီဆေးလုံးနှင့် စိတ်ဝိညာဉ်ကျင့်ကြံခြင်းဆေးလုံးဖြစ်၏။

တစ်ခုက အဆင့်(၁၀) ဖြစ်ကာ နောက်တစ်ခုက အဆင့်(၉) ဖြစ်လေသည်။

ရွှေနီဆေးလုံး ဖော်စပ်ခြင်းကို လှန်လှော ဖတ်ကြည့်လိုက်ရာ သူ့သိုလှောင်လက်စွပ်ထဲတွင် ဖော်စပ်ဖို့ လိုအပ်တဲ့ ဆေးပင်ရှိတာကို သိလိုက်လေသည်။ ဆေးအဆီအနှစ်သန့်စင်ခြင်းက အချိန်တစ်ခဏအတွင်းသာဖြစ်ရာ အလုပ်နှစ်ခုကို တစ်ပြိုင်တည်းလုပ်ကြည့်လိုက်သလို အောင်လည်းအောင်မြင်သည်။

ဆေး(၃) လုံးကို တစ်ပြိုင်တည်း အောင်အောင်မြင်မြင် သန့်စင်ကြည့်လိုက်ရာ အောင်မြင်သော်လည်း အလုပ်၀န်က ပို၍ လေးလာခဲ့၏။

ဆေး(၃) လုံးတောင် အနိုင်နိုင်သန့်စင်နေရသည်ဖြစ်ရာ ဆေး(၄) လုံးကို ပင်ပင်ပန်းပန်း သန့်စင်ဖို့ မစမ်းကြည့်ပါတော့လေ။

ယခုမှ ဆေးအလုံးတစ်ရာကို ပြိုင်တူ ရောစပ်သန့်စင်ပြီး ၎င်းတို့အားလုံးက်ို အမှားအယွင်းမရှိ အမျိုးအမည်ခွဲနိုင်‌သော အကြီးအကဲစန်း မည်မျှ သန်မာသည်ကိုသိလိုက်ရတော့သည်။

“အေးဆေးပေါ့ ငါအခုမှ ဆေးစဖော်တာ လောစရာမလိုပါဘူး….”

စုရှောင်ရှန် စိတ်ပိုင်းဖြတ်လိုက်သည်။ အချိန်တစ်ခုကြာသော် ရွှေနီဆေးလုံးသန့်စင်ဖို့ လိုအပ်နဲ့ ဆေးပင် (၆၄) မျိုးလုံးကို အဆီအနှစ်ထုတ်လို့ပြီးသွား၏။

အားလုံးစုပေါင်းလိုက်လျှင် ထိုဆေးအဆီအနှစ်များအားလုံးက လက်သီး အရွယ်အစားတစ်ခုလောက်ရှိလေသည်။ သို့သော် အကြီးအကဲစန်း ယမန်နေ့က သန့်စင်သည့် ‌လူဦးခေါင်းအရွယ်အစားနှင့်တော့ မယှဉ်နိုင်ပါပေ။

ထို့ပြင် အကြီးအကဲစန်းက ဆေးလုံးမြောက်များစွာကို တစ်ပြိုင်ခြင်း သန့်စင်နေခြင်းကို မေ့ထားလို့မရပေ။

“ဆေးလုံးသိပ်သည်းခြင်းနည်းလမ်း” ရဲ့ အဓိကအချက်က ဆေးလုံးဖော်စပ်ရာတွင် အပူချိန်ကို ချက်ခြင်းမြှင့်တင်လိုက်ခြင်းဖြင့် အပြင်ပိုင်းကိုလောင်ကျွမ်းစေပြီး အတွင်းပိုင်းကို ခဲသွားစေရန်ဖြစ်သည်။

‌၎င်းက အပြောသာလွယ်ကူပြီး လက်တွေ့လုပ်ရန် ခဲယဉ်းလေသည်။

“ဟူးးး…”

စုရှောင်ဆေးမီးဖိုအိုးအထဲကိုကြည့်လိုက်ရာ သူခက်ခက်ခဲခဲ သန့်စင်ထားသော အဆီအနှစ်များအားလုံး အငွေ့ပျံသွားသည်ကို တွေ့လိုက်ရလေတော့သည်။

“လခွမ်း… မအောင်မြင်ဘူးဟ။ ဒါလည်း လွယ်မယ်မှတ်နေတာ”

သို့သော် သူစိတ်မပျက်သွားပါပေ။ အလေ့အကျင့်က ပြီးပြည့်စုံစေပြီး သူကိုယ်တိုင်ကလည်း စာဖိုမှူးကြောင့် ဖြတ်လမ်းကို လျှောက်နေခြင်းဖြစ်၏။

“ဆက်လုပ်ကွာ”

စုရှောင်ရှန် နောက်ထပ် (၁၀) ကြိမ်လောက် ကြိုးစားလိုက်ပြီးမှ ပဲစေ့အရွယ်အစားရှိ ဆေးတစ်လုံးကို ဖော်စပ်နိုင်လိုက်၏။

“ဆိုတော့ ငါက အခု အဆင့်(၁၀) ဆေးတစ်၀က် ဖော်စပ်သူ ဖြစ်လာပြီပေါ့”

သူ့တိုးတက်မှုက ထင်မထားလောက်အောင် ချောမွေ့သော်လည်း စုရှောင်ရှန် ကျေနပ်သည့် ပမာဏလောက်တော့ မဟုတ်ပေ။

“ဒီဆေးလုံးက စားလို့ရပြီး အသုံး၀င်တယ်ဆိုပေမယ့် သိပ်သည်းတဲအခါ ဆေးအဆီအနှစ်တွေ အများကြီး အလကားဖြစ်တယ်” စုရှောင်ရှန် အတွေးနက်သွားတော့သည်။

“တခြားလမ်းနဲ့ လိုက်ကြည့်ရင်ရော… ဥပမာ ‘ဆေးလုံးသိပ်သည်းခြင်းနည်းလမ်း’ အစား ‘စာဖိုမှူး’ ကိုသုံးတာမျိုးပေါ့”

စုရှောင်ရှန်၏ မျက်နှာအမူအရာ ထူးဆန်းသွားသည်။ ၎င်းက ထိုချဉ်းကပ်တဲ့နည်းလမ်း အလုပ်မလုပ်၍ မဟုတ်ဘဲ ရုပ်ချည်း အကြံအများကြီးကို ရလိုက်သောကြောင့် သူ့ဦးနှောက်ကို အပ်များဖြင့် ထိုးခံရသလို ခံစားရသောကြောင့်ဖြစ်သည်။

သူချဉ်းကပ်မည့်နည်းလမ်းက အလုပ်ဖြစ်သော်လည်း ထူးဆန်းတာတော့ မငြင်းနိုင်ပါပေ။ စုရှောင်ရှန် သွားများကြိမ်းလာတော့သည်။ ကြိုးစားကြည့်လိုက်မှ ဆန်းကြယ်တဲ့ အရာတစ်ခုခု ဖြစ်လာမှ မကြိုးစားလိုက်တာကို နောင်တရမည်ကို မလိုလားချေ။

“ချကွာ” စိတ်ပိုင်းဖြတ်လိုက်သည်။

ဆေးအဆီအနှစ်များကို သန့်စင်သည့်နည်းလမ်း‌ကတော့ မပြောင်းလဲသွားပါပေ။ ခက်ခက်ခဲခဲ ကြိုးစား သန့်စင်ပြီးသည့်နောက် “ဆေးလုံးဖော်စပ်ခြင်းနည်းလမ်း” အစား မီးတောက်ဖြင့် နှပ်ထားမည့် သူ့အတွေးအခေါ်အတိုင်းလုပ်လိုက်သည်။ စွပ်ပြုတ်ပြုတ်ခြင်းနည်းလမ်းဖြင့် ဆေးဖော်စပ်ခြင်း။

“အလုပ်ဖြစ်မလားတော့မသိဘူး…”

စုရှောင်ရှန်၏ ရင်ဘက်ထဲ အိုးစည်းတီးနေသလို ရင်တထိတ်ထိတ် ခံစားနေရလေသည်။ ဒီလိုချဉ်းကပ်သည့် နည်းလမ်းအောင်မြင်ပါက စုရှောင်ရှန်က အနာဂါတ်၌ ဆေးဖော်စပ်ခြင်းနည်းလမ်း အသစ်ကိုထွင်လိုက်သည့်သူ အဖြစ်သမိုင်းတွင်စေတော့မည်။

ပလုံ ပလုံ ပလုံ

ဆေးအဆီအနှစ်များ ‌နွေးသည့် အဆီအနှစ်က အပေါ်တက် အေးသည့် အဆီအနှစ်က အောက်ဆင်းနှင့် သံသရာလည်နေတော့သည်။ ထူထပ်သည့် စိတ်ဝိညာဉ်မြူခိုးများလည်း ထွက်ပြီး ဆေးမီးဖိုအိုးကြီးတစ်ခုလုံးတွင် ဝဲနေတော့လေသည်။

၎င်းတို့က ဆေးမီးဖိုအိုးမှ ခွာ၍ ပျံသန်းသွားခြင်းဖြင့် ဆေးဂုဏ်သတ္တိများ မဆုံးရှုံးအောင် အစီအရင်တစ်ခုက တားပေးထားလေသည်။ ထို့ကြောင့်လည်း စွပ်ပြုတ် ပြုတ်သည့် နည်းလမ်းဖြင့် စုရှောင်ရှန် ချဉ်းကပ်ရဲခြင်းဖြစ်၏။

ထို့နောက် စိတ်ဝိညာဉ်မြူခိုးများ ဆေးမီးဖိုအိုးထဲပြန်၀င်သွားပြီး မူလ အဆီအနှစ်အဖြစ်ကို ပြန်ပြောင်းသွားသည်။ အချိန်နဲ့အမျှ စိတ်၀ိညာဥ်မြူခိုးများ တစ်စထက် တစ်စ နည်းပါးလာတော့သည်။

“အရည်ကို သက်သက်ထုတ်…”

ထို အနီရောင်လိုလို အဖြူရောင်လိုလို ကပ်စီးစီး ဆေးအရေကို ကြည့်ပြီး စုရှောင်ရှန် ဗိုက်ဆာလာတော့သည်။ အပြင်ဘက်သို့လှည့်ကြည့်လိုက်ရာ ညကအတော်နက်နေပြီဖြစ်သည်။ ဤစွပ်ပြုတ်အိုး…

အဟမ်း… ဆေးအဆီအနှစ်အိုးကို ဆူပွက်နေစေတာ အချိန်အတော်ကြာ သွားခဲ့ပြီဖြစ်၏။

ဆေးအဆီအနှစ်များ မူလ အခြေအနေကိုပြန်ရောက်သွားပြီး ‌ဆေးမီးဖိုအိုးထဲ၌လည်း အနီလိုလို ရွှေလိုလို အရည်များကိုမြင်လိုက်ရသည်။ ၎င်းက အရည်ဟုတော့ တပ်အပ်မပြောနိုင်ပေ။ အရည်နှင့် အဆိုင်အခဲကြားက အခြေအနေတစ်ခုဟုပြော၍ရသည်။

ဆေးလုံးသိပ်သည်းခြင်းမျိုးက ချက်ခြင်းမဖြစ်သွားဘဲ စွပ်ပြုတ် ပြုတ်သည့် ဖြစ်စဉ်အနေနဲ့ သွားနေတော့သည်။

စုရှောင်ရှန် ထို ရွှေနီရောင် အရည်စက်ကို ယူပြီး လက်ဖဝါးထဲထည့်လိုက်သည်။ သူ့အမြင်မှာတော့ ထိုအရာက သာမန် ရွှေနီဆေးလုံးတွေထက် ပို၍ သန်မာနေသလိုလို ခံစားနေရ၏။

စုရှောင်ရှန် စိတ်လှုပ်တရှား တိတ်တခိုးနာကျင်ခြင်းကို ထုတ်ယူပြီး သူ့လက်ဖဝါးသူ ထိုးလိုက်တော့သည်။ သွေးများစိမ့်ထွက်လာခြင်းနှင့်အတူ ထာ၀ရအသက်စွမ်းအင် အသက်၀င်လာလေသည်။ စုရှောင်ရှန် ရွှေနီအရည်များကို သောက်ပြီးမှသာ တိတ်တခိုးနာကျင်ခြင်းကို ဆွဲထုတ်လိုက်၏။

အသက်တစ်ရှိုက်ခန့်ကြာသော်…။

စုရှောင်ရှန် ကြမ်းပြင်ထက်ကို ခွေခွေလေးလဲကျသွားသည်။ သူ့‌ဒူးများက အချင်းချင်းထိနေကြသည်။ တစ်ချက်တစ်ချက်လည်း တွန့်သွားပြီး ခေါင်းက တစ်ဘက်သို့ စောင်းနေ၏။

“ဟီးးဟီး… ဟီးဟီးးး…”

ရွှေနီဆေးရည်က ရွှေနီဆေးလုံးများထက် အကျိုးသက်ရောက်မှု ပို၍ ပြင်းနေသည်။

ဆေးဒဏ်ကိုခံနိုင်ပါသည်ဟုထင်ထားသော်လည်း နတ်ပြည်သို့ ရောက်သွားခဲ့သည်သာ။ အချိန်တစ်ခုကြာပြီးနောက် စုရှောင်ရှန် ပြန်သက်သာလာတော့သည်။ ထိုမှ သူ့လက်က ဒဏ်ရာပျောက်သွားခဲ့ပြီး ကိုယ်ထဲ၌လည်း ဆေးစွမ်းရည်ပမာဏ များပြားစွာ ကျန်နေသေးကြောင်းကို တွေ့လိုက်ရ၏။

သူ့လက်ကို တိတ်တခိုးနာကျင်ခြင်းဖြင့် ထပ်ထိုးသည်။ ဒဏ်ရားစီသို့ ဆေးစွမ်းရည်များ ကူးခပ်လာပြီး ချက်ခြင်း အမာရွတ်မကျန် ကုစားပေးလိုက်၏။

“ကြမ်းတယ်ဟ။ အစက်တစ်စက်လောက်က ရွှေနီဆေး(၁၀) လုံးလောက်နဲ့ ညီမျှတယ်”

ရွှေနီဆေးလုံးများကို အလုံးအရင်းနှင့်စားခဲ့သူဖြစ်ရာ ၎င်းတို့၏ အကျိုးသက်ရောက်မှုကို အသိဆုံးဖြစ်သည်။

ကြည့်ရတာ သူ့ချဉ်းကပ်မှုက အောင်မြင်သွားဟန်ရပြီး ရွှေနီဆေးလုံး၏ အထက်စည်းအကန့်အသတ်ကိုတောင် ကြီးမားစွာ ကျော်တက်သွားသည့်ဟန်ရသည်။

“ဒါတောင် ရွှေနီဆေးလုံးလေးပဲရှိသေးတယ်။ တကယ်လို့ငါသာ ‘စွပ်ပြုတ်’ နည်းလမ်းကို စိတ်ဝိညာဉ်ကျင့်ကြံခြင်းဆေးလုံးနဲ့ မူလနန်းတော် ဆေးလုံးတွေမှာ အသုံးပြုလိုက်မယ်ဆိုရင်ဖြင့်…”

စုရှောင်ရှန်၏ ပါးစပ် ဟောင်းးလောင်းဖြစ်သွားတော့သည်။ သူ့မျက်၀န်းများ၌လည်း လောဘတို့ဖြင့် ၀င်းပလာတော့၏။

“ငါချမ်းသာပြီ။ ငါချမ်းသာပြီ”

ရုပ်ချည်း သူ၏ စွပ်ပြုတ် နည်းလမ်းက ဆေးဖော်စပ်ခြင်းမှာ နောက်ဆုံးအဆင့်ဖြစ်သည့် ဆေးလုံးကို အခဲဖြစ်အောင် လုပ်သည့် အချက်မပါသည်ကို သတိရသွား၏။ သို့သော် သူ့ဆေးရည်က ဆေးလုံးများထက် အပုံကြီးသာနေသည်။

“ဒါက အရည်အတွက်ကိုရင်းပြီး အရည်အသွေးကို ရအောင်လုပ်လိုက်တာနဲ့တူနေတယ်။ ပြောရရင် စောနက ငါမျိုချလိုက်တဲ့ ဆေးရည်စက်ကို သန့်စင်တုန်းကထက် ဆေးပင်ပမာဏကို များများထည့်လိုက်မယ်ဆိုရင် သူ့အကျိုးသက်ရောက်မှုက ငါမျိုချလိုက်တဲ့ဟာထက် ပိုအား‌ကောင်းလာတာမျိုးပေါ့။ ဒါက သေချာစဉ်းစားရင်ဖြစ်နိုင်ခြေတစ်ခုပါ။ ဆေးဖော်စပ်တာကို ဖန်တီးလိုက်တာက ကြာနေပြီဆ်ို‌တော့တစ်ယောက်ယောက်ကတော့ ဒီ’စွပ်ပြုတ်’ နည်းလမ်းကို ငါ့ထက် အရင်စဉ်းစားမိမှာပဲ။ ဒါမဟုတ် မဖြစ်နိုင်ဘူးဆိုပြီး သူတို့ အတွေးအခေါ်လို့ပဲ သတ်မှတ်ပြီး လက်တွေ့မလုပ်ကြည့်ဖူးကြများတာလား”

စုရှောင်ရှန် ပို‌၍ အတွေးနက်လာလေလေ ဒီနည်းလမ်းကို စဉ်းစားမိတဲ့သူက သူတစ်ယောက်တည်း မဖြစ်နိုင်လောက်ဘူးဆိုတာ သံသယဖြစ်‌လေလေ ဖြစ်သည်။ ပါရမီရှင်တစ်ယောက်ယောက်ကတော့ တူညီတဲ့ အတွေးအခေါ်မျိုးရခဲ့ဖူးရပေမည်။

“ဒါမှ မဟုတ် ဖော်စပ်ပြီးရင်လည်း အရည်က ကြာရှည် သိုလှောင်ဖို့ မလွယ်ကူတဲ့အတွက်ကြောင့်များလား”

အတွေးများစွာ သူ့စိတ်ထဲဖြစ်ပေါ်လာခဲ့၏။ အဆုံးတော့ “ငရဲမီးတောက်ဆေးလုံးသိပ်သည်းခြင်း” ကိုသာ ပြီးဆုံးအောင်လုပ်ပြီး အကြီးအကဲစန်းကို မေးတော့မည်ဟု ကြံလိုက်တော့သည်။

“ငါ့မဖြစ်စလောက် ဉာဏ်လေးနဲ့ လျှောက်လုပ်နေရင် လမ်းမှန်ကနေ သွေဖယ်ပြီး ပိုဆိုးတဲ့ အကျိုးဆက်တွေရလာနေဦးမယ်… ‘ငရဲမီးတောက်ဆေးလုံးသိပ်သည်းခြင်း’ ကိုပဲ လေ့ကျင့်တော့မယ်”

၎င်းက သူလေ့ကိုလေ့လာရမည့်အရာဖြစ်လေသည်။

“ ငါ’စွပ်ပြုတ်’ နည်းလမ်းကို ဆက်ပြီးလေ့လာနိုင်တာမှန်ပေမယ့် ပုံမှန် ဆေးဖော်စပ်ခြင်းလမ်းစဉ်ကနေလည်း သွေဖယ်သွားလို့မဖြစ်ဘူး။ ဘာပြောပြော အပြင်ဘက်ကမ္ဘာကြီးက ဆေးလုံးတွေကိုပဲ သိတာလေ… ဒီအရည်တွေယူသွားပြီး ရှင်းပြရင်လည်း ဘယ်သူမှ လိုချင်လောက်မှာမဟုတ်ဘူး”

စုရှောင်ရှန်၏ မျက်နှာထက်၌ စိတ်ပိုင်းဖြတ်ထားသည့် အကြည့်မျိုး ပေါ်လာခဲ့သည်။

“(၃) ရက်အတွင်း ငါတတ်အောင် လေ့ကျင့်မယ်”

Comment

Leave a Reply

Options

not work with dark mode
Reset