Switch Mode

Chapter – 15

အပေးအယူ

အခန်း (၁၅)
အပေးအယူ

ညနေခင်းတွင် လေညှင်းများ တိုက်ခတ်နေသည်။ ရဲချန်ဖန် ငှါးထားသော ခြံဝင်းထဲသို့ ဝင်လိုက်သည်။ တံခါးရှေ့တွင် ပိန်သွယ်ပြီး ကျက်သရေရှိလှသည့် မိန်းကလေး တစ်ယောက် ရှိနေသည်။ သူအံ့ဩသွားပြီး ငေးမော ကြည့်နေမိသည်။
“ဘယ်လိုလုပ် ဒီနေရာမှာ သူမ ရှိနေတာလဲ။ သူမ ဒီကိုဘာလာ လုပ်တာလဲ”
သူတို့သည် တစ်ယောက်နဲ့ တစ်ယောက် မတွေ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သော်လည်း သူမကိုတွေ့သည်နှင့် ဘယ်သူလဲဆိုတာ ရဲချန်ဖန် မှတ်မိနေဆဲ ဖြစ်သည်။ သူမကား သူနဲ့စေ့စပ်ထားသည့် နိုင်ငံ၏ အလှဆုံး နတ်မိမယ် ဂျီချန်ရွှယ် ဖြစ်သည်။
ရဲချန်ဖန် သည် သူတို့ ပတ်သက်မှုကို မေ့ဖျောက်ထားပြီး ဖြစ်သည်။ သို့သော် သူမကို မြင်လိုက်သောအခါ တုန်လှုပ်နေဆဲဖြစ်သည်။
သူမ မျက်နှာသည် ပကတိ ရှင်းသန့်နေပြီး ရှည်လျားသော ဆံကေသာမှာ ပခုံးပေါ်တွင် လွတ်လပ်စွာ လွင့်မြောလှုပ်ရှားနေကာ ခန္ဓာကိုယ် အရှိုက်အမို့များမှာ အပိုအလို တစ်စက်မရှိဘဲ အချိုးစားကျ၍ မြင်သူငေးရအောင် ပြုစားနိုင်စွမ်း ရှိလှသည်။ သူမမျက်လုံးများမှာ ကြည်လင်၍ ရှင်းသန့်လွန်း နေသည်။ ရဲချန်ဖန်သည် ဂျီချန်ရွှယ်ကို စိုက်ကြည့်နေမိပြီး သူမကလည်း သူ့ကိုပြန်အကဲခတ်နေသည်။
ရဲချန်ဖန် အနည်းငယ် ပြောင်းလဲသွားသည်ဟု သူမ ခံစားလိုက်ရသည်။ ရဲချန်ဖန် အပေါ်ပိုင်းအင်္ကျီ မဝတ်ထားသဖြင့် သူမ စိတ်ပျက်ပြီး သူ့ကိုရွံ့သွားသည်။ အသေးအဖွဲ အချက်လေးများကိုကြည့်ပြီး သူမ ရဲချန်ဖန်အပေါ် ရှိနေသေးသည့် အထင်ကြီး စိတ်အနည်းငယ်ပါ ပျောက်သွားသည်။
သူမ အနည်းငယ် တုန့်ဆိုင်းနေပြီးနောက် ရဲချန်ဖန် ဆီ လျှောက်သွားပြီး စတင် စကားပြော လိုက်သည်။
“ကျွန်မ ရှင့်ကို ပြောစရာရှိတယ်”
“စေ့စပ်ထားတာ ဖျက်သိမ်းဖို့လား”
ရဲချန်ဖန်က သူမလာသည့် အကြောင်းကို ခန့်မှန်းမိပြီး လိုရင်းကို ပြောလိုက်သည်။
“ရှင်က အဲလိုဖြစ်ချင် တာလား”သူမက ပြုံး၍ မေးခွန်းပြန်ထုတ် လိုက်သည်။
“ငါက မပျက်စေချင်ဘူးဆို မင်းက ယုံမှာမို့လား”
“ကျမက ပျက်စေချင်ရင် လူကိုယ်တိုင် လာပါ့မလား”လို့သူမ ပြန်မေး လိုက်သည်။
“ဒါဆို ဘာအကြောင်းကြောင့် လာတာလဲ”
သူမ ရုတ်တရက် လာသည့် အကြောင်းကို သူ စဉ်းစား၍ မရချေ။
“ဘာလဲ။ အထဲ​တောင် မခေါ်တော့ ဘူးလား”
သူမ တည်ငြိမ်စွာပင် ရဲချန်ဖန်ကို ကြည့်နေသည်။ သူမ ရဲချန်ချန် အလွန်ပြောင်းလဲ သွားသည်ကို တွေ့လိုက်သည်။ အရင်တုန်းကဆိုလျှင် ရဲချန်ဖန် ကိုယ့်ဟာကိုယ် ထိန်းနေသော်လည်း သူမကို မြင်တိုင်း ရဲချန်ဖန် စိတ်လှုပ်ရှားသည်ကို သူမ ခံစားရသည်။ ယခုတော့ သူမကို ကြည့်သည့်ပုံမှာ အံ့ဩစရာ ကောင်းအောင် တည်ငြိမ်နေသည်။
“ညစ်ပတ်တာ မကြောက်ရင် ဝင်လာခဲ့ပါ”
သူအခန်းဖွင့်ပြီး ရှုပ်ပွနေသည့် အိမ်ထဲ လှမ်းဝင် လိုက်သည်။
သူမ ရဲချန်ဖန်နေသည့် နေရာကို ကြည့်ပြီး တွန့်သွားသည်။ သူမလို ဂျီကလန်၏ မင်းသမီးလေး အနေဖြင့် ဒီလောက် စုတ်ပြတ်နေသည့် နေရာ မရောက်ဖူးပေ။ သူမ ဒီလောက် ညစ်ပတ် စုတ်ပြတ်နေသည့် နေရာတွင် ရဲချန်ဖန်နှင့်အတူ ခနနေထိုင်မည့် အကြောင်း တွေးလိုက်သောအခါ သူမအတွေးများ မပြတ်မသား ဖြစ်လာသည်။
သူမ ရက်စက်သော ဂျန်ကလန် ၊ ဂျန်ရှန်ရှိ နှင့် လက်ထပ်ရပြီး မည့်သို့ အဆုံးသတ်မည်ကို တွေးမိသောအခါ သူမ ဆုံးဖြတ်မှု ခိုင်မာလာသည်။
“ရေသောက် ဦးမလား”
သူအင်္ကျီဝတ်ပြီး ပြန်ထွက်လာချိန်တွင် ဧည့်ခန်းထဲ နတ်သမီးလေးအလား ဝင်ထိုင်နေသည့် ဂျီချင်ရွှယ်ကို မေးလိုက်သည်။
“မသောက်တော့ဘူး”
“ပြော ဘာလို့ ငါ့ကို လာရှာတာလဲ။ ငါ့ကို တွေ့ချင်လို့တော့ မဟုတ်နိုင်ဘူး ။ ဟုတ်တယ် မလား”
“သူအရင်နဲ့ မတူတော့ဘူးပဲ”
ရဲချန်ဖန် ပြောင်းလဲသွားသော်လည်း သူ့ဝိညာဉ်သားရဲ နိုးထမလာသည်ကတော့ ပြောင်းလဲ သွားခြင်းမရှိပေ။ သူမ မဖြစ်နိုင်သည့် အတွေးများကို မတွေးတော့ပေ။
“ငါ… ငါနင့်ကို လက်ထပ်ချင်လို့ “သူမ အနည်းငယ် တွေဝေပြီးနောက် သူမ၏ နှင်းဆီရောင် နှုတ်ခမ်းလေးကို ကိုက်ပြီး ပြောလိုက်သည်။
“လက်ထပ်မလို့…လျှောက်လုပ်မနေနဲ့။ မင်းပါရမီ အဆင့်အတန်းနဲ့ဆို ငါ့လို ရဲမိသားစုက နှင်ချခံထားရတဲ့ အလကားကောင်ကို ဘယ်တော့မှ လက်ထပ်ချင်မှာ မဟုတ်ဘူး။ မင်း ပြဿနာတက်ပြီး ငါ့ကို အကာအကွယ်ယူ ချင်တာမလား”
သူမ၏လှပလွန်းသော မျက်နှာကို ကြည့်ပြီး ပြောလိုက်သည်။
“ငါ…”
သူမ ရဲချန်ဖန် အဲလောက် ထက်မြက်မည်ဟု မထင်ထားချေ။ သူမစကား တစ်ခွန်းတည်းဖြင့် သူမ အတွေးအကြံအစည် အားလုံးကို သိသွားရာ သူမ ဘာလုပ်ရမှန်း မသိ ဖြစ်သွားသည်။
“အဓိက အကြောင်းအရင်းကိုပြော… မဟုတ်ရင် ပြန်တော့”
သူ၏ခံစားချက် မရှိသည့် ပြတ်သားသော အသံသည် သူမ အပြစ်လုပ်လိုက်သည်ဟု ခံစားလိုက်ရသည်။
“ငါ ဒုက္ခ ရောက်နေလို့ “သူမ ဖြစ်နေသည့် အကြောင်းများကို ရှင်းပြလိုက်သည်။
“ဂျန်ရှန်ရှိက နင့်ကို လက်ထပ် ချင်နေတယ်။ ဘာလို့နင် ငါ့ကို အသုံးချလို့ရမယ် ထင်တာလဲ။ ဂျန်ကလန်က ငါ့လိုကောင်ကို နင်က တကယ် လက်ထပ်ချင်တယ် ဆိုတာ ယုံမယ်လို့ နင်တွေးနေတာလား”သူ့ကိုသူ လှောင်ရယ်ရယ်ပြီး ပြောလိုက်သည်။
“အကြောင်းက နင်နဲ့ငါ ငယ်ငယ်လေးကတည်းက စေ့စပ်ထားတာ လူတွေ အကုန်လုံးက သိနေလို့ပဲ “
“ဘာပဲဖြစ်ဖြစ် သူတို့ယုံကြည်သည်ဖြစ်စေ မယုံသည်ဖြစ်စေ ငါတို့ လက်ထပ်တာ တကယ့်အစစ်နဲ့တူရင် ဂျန်ရှန်ရှိလို လူက ဘယ်တော့မှ ငါ့ကို လက်ထပ်မှာ မဟုတ်ဘူး။ ငါအဘိုးလည်း အဲအကြံကို လက်လျှော့သွားမယ်”
“အရေးကြီးဆုံးက ငါ အဆင့်ခြောက် သားရဲအဆင့် ရောက်နေပြီ။ ငါသာ အသက် ဆယ့်ခြောက်နှစ် မတိုင်ခင် သားရဲသခင်အဆင့် ရောက်မယ်ဆိုရင် ငါ့အဘိုးက ငါ့ကို လက်ထပ်ခိုင်းမယ် မထင်ဘူး”
သူမအကြံကို အစကတည်းက ရဲချန်ဖန် သိသွားသဖြင့် သူမ နည်းလမ်း ပြောင်းပြီး သနားစရာ ဟန်လုပ်ကာ တောင်းဆို လိုက်သည်။
“နင် ဒီလိုလုပ်ရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို နင်သိလား”
ရဲချန်ဖန် အလွန်ကြီးမားသော ပညာရပ်တွေ ရထား၍ သူ့ကံကြမ္မာ ပြောင်းလဲသွားပြီ ဖြစ်သော်လည်း ယခုအချိန်တွင် သူ အလွန်အင်အား နည်းနေသေးသည်။ အလွန် အစွမ်းထက်သော ဂျန်ကလန်နှင့် တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။
“ငါမတရားဘူးဆိုတာ သိပါတယ်။ ဂျန်ကလန် နင့်ကို ဒုက္ခပေးနိုင်တာ သိပေမယ့် အဲလူယုတ်မာ လက်ထဲ ငါ့ဘဝ အဆုံးရှုံး မခံနိုင်ဘူး”
အဲအချိန်တွင် ရဲချန်ဖန် ငြင်းလိုက်ချင်သော်လည်း သူမဘဝပျက်မှာ ကြည့်မနေချင်ပေ။ သူမ၏ စိတ်ပျက် အားငယ်နေပုံ ကြည့်ပြီး သူ သနားသွားသည်။
“ရဲချန်ဖန် ဒီကိစ္စပြီးသွားရင် ငါနင့်ကို ပိုက်ဆံ အများကြီး ပေးမယ်။ ငါ ကတိပေး တယ်ဟာ။ ပြီးတော့ ဒီက နင်ထွက်သွား လိုက်ဟာ။ အဲလိုဆို ဂျန်ကလန်က လက်စားချေမယ် ဆိုတောင် အဲဒါက မဖြစ်နိုင်တော့ဘူး”
“ငါ့ကို ပိုက်ဆံ ကြိုပေးထားလို့ ရမလား”
သူ ယခုချိန် ပိုက်ဆံ အလွန်လိုအပ် နေသည်။ ပိုက်ဆံရှိမှသာ သူကျင့်စဉ်များအတွက် လိုအပ်သည်များ ဝယ်ယူနိုင်မည် ဖြစ်သည်။ သူ့အစွမ်းများလည်း တိုးတက် လာပေမည်။ အဲအချိန်ကျပါက ဂျန်ကလန်၏ တုန့်ပြန်မှုကို ကြောက်နေရန် မလိုတော့ပေ။
“ရတယ်။ ဘယ်လောက် လိုချင်လဲ”
သူမက တွေဝေနေသည့် ရဲချန်ဖန် ပိုက်ဆံကြောင့် စိတ်ပြောင်းသွားသည်ကို မသိပေ။
“ငွေ တစ်သန်း… ”
“ငါ့မှာ အခုသုံးသိန်းပဲ ရှိတယ်။ နောက်ကျရင် ကျန်တာကို ပေးမယ်။ ဘယ်လိုလဲ”
“ရတယ်”
သူ ဂျီချင်ရွှယ် လက်ထဲမှ ငွေယူကာ ပြောလိုက်သည်။ ဘာကြောင့်မှန်း မသိဘဲ ရဲချန်ဖန်က သူမဆီက ငွေယူလိုက်ချိန်တွင် သူမရင်ထဲ ထူးဆန်းသော ခံစားချက် ဖြစ်လာသည်။ အဲဒီ အပေးအယူကြောင့် သူမ အလွန်တန်ဖိုးရှိသည့်အရာ ဆုံးရှုံးသွားသလို ခံစားလိုက် ရသည်။

အခန်း (၁၅) ပြီး၏။
***

Comment

Leave a Reply

Options

not work with dark mode
Reset