Switch Mode

Chapter – 121

အပိုင်း (၁၂၁) ဆေး‌လုံးချက်ပြုတ်ခြင်း

အကြီးစန်း ယနေ့ နံနက်က ဆရာတပြည့် လက်ခံပွဲအစဉ်အလာ ပြီးဆုံးပြီးနောက်မှာ သူမကို တိုးတိုးလေးပြောလေသည်။ “စကားမစပ် နင့်မှာ ဆရာတူအကိုကြီးတစ်ယောက်ရှိတယ် ဒါပေမယ့် သူ့ကိုဘယ်သူမှ မသိဘူး”

လျှို့ဝှက်ဆရာတူအကိုကြီးဟုတ်လား။ သူမ၏ ဆရာတွင် တကယ် တပြည့်တစ်ယောက်ရှိတယ်ပေါ့။

‘ဆရာက ဒီလောက် သန်မာနေမှတော့ ဆရာတူအကိုကြီးလည်း တော်တော်သန်မာမှာပဲ’ သူမတွေးလိုက်သည်။

‘ဆရာတူအကိုကြီးက အရိပ်ထဲ‌မှာ လှုပ်ရှားတတ်တဲ့သူ တစ်ယောက်ဖြစ်မယ် သူက လျှို့ဝှက်ဆန်းကြယ်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ တော်ကီလဲ ဖောက်ပြီး ငါတစ်ခုခု အမှားလုပ်မိရင်လည်း ‘ဘာမှမဖြစ်ဘူး အကိုကြီး ဒီမှာရှိတယ်’ ဆိုပြီး ငါ့ခေါင်းကိုလာပုတ်ပေးမယ့် သူပဲဖြစ်ရမယ်… ဝိုးးးး မိုက်တယ်ဟ’

သူမ၏ လျှို့ဝှက်ဆရာတူအကိုကြီးအပေါ် မျှော်လင့်ချက်ကြီးကြီး ထားရှိပြီး စိတ်ကူးယဉ်ထားသော်လည်း ၎င်းတို့က စုရှောင်ရှန်ကို မြင်ပြီးနောက် ပျက်ဆီးပြိုလဲသွား၏။

“စုရှောင်ရှန် ဘယ်လိုလုပ်နင်ဖြစ်နေတာတုန်း”

သူမ မှန်းထားသော စိတ်ကူးယဉ် ဆရာတူအကိုကြီးနှင့် ဒီလူနှင့် ‘ထူးဆန်းသည်’ ဟူသော အကြောင်းအရာတစ်ခုသာ ကိုက်ညီလေသည်။ အခြားသောအရာများက သူ့အလိုလိုပျောက်ကွယ်ကုန်၏။

“သူ့ကို စုရှောင်ရှန်လို့မခေါ်နဲ့ ဆရာတူအကိုကြီးလို့ခေါ်” အကြီးအကဲစန်း သူမအရှေ့၌ ရုတ်တရက်ပေါ်လာပြီး ခေါင်းကိုထုလိုက်လေသည်။ မုကျစ်ရှီဘာမှ မတတ်နိုင်ဘဲ ခေါင်းကိုသာ လက်ဖြင့် ပိုက်လိုက်ရ၏။

“မင်္ဂလာပါ ဂိုဏ်းတူအကိုကြီး”

[ကျိန်ဆဲခံရပါသည်။ ပင်ကိုယ်မှတ် +၁]

စုရှောင်ရှန် စပ်ဖြီးဖြီးဖြစ်သွားပြီး နား နားလက်ကပ်၍ ပင့်ကာ “ဘာပြောတယ်”

မုကျစ်ရှီ အမျက်ဒေါသ လောင်မြိုက်နေသည့် မျက်၀န်းများဖြင့် စူးစူးရှရှ စိုက်ကြည့်ကာ ‌”စုရှောင်ရှန် မလွန်လာနဲ့”

ဘုတ်…။

အကြီးအကဲစန်း ခေါင်းထပ်ထုလိုက်ကာမှ မုကျစ်ရှီ မျက်ရည်များရွှန်းလဲ့နေသော မျက်၀န်းများဖြင့် ဆို၏။ “မင်္ဂလာပါ ဆရာတူအကိုကြီး”

“တော်တယ်”

စုရှောင်ရှန် ဝါးလုံးကွဲ အသံပြဲပြဲကြီးဖြင့် ထရယ်တော့သည်။ မုကျစ်ရှီက သူ့ဆရာတူ ညီမလေးဖြစ်လာမှာကို မမျှော်လင့်ထားပါပေ။

ဒီကောင်မလေးကို မိုးတိမ်လေပြိုင်ပွဲမှ စ၍ သိခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ဒီ ခပ်ကြမ်းကြမ်း ကောင်မလေး မုကျစ်ရှီ သူ့ကိုတောင် အဆင့်ပြုတ်သွားအောင်လုပ်နိုင်တော့မလိုဖြစ်သွားခဲ့၏။ တိုက်ခိုက် ထိန်းချုပ်တာလည်း စည်းချက်ကျနေကာ သူမ၏ အကျင့်ဆိုးကြောင့်သာ အဆင့်မပြုတ်သွားရခြင်းဖြစ်လေသည်။

သို့သော် သူမတွင် စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ် မရှိပါ။ အဘယ်ကြောင့် အကြီးအကဲစန်း မုကျစ်ရှီကို တပြည့်အဖြစ်လက်ခံရလဲ ပဟေဠိဖြစ်သွား၏။

အကြီးအကဲစန်း ဒါတွေကို ဂရုမစိုက်ဘဲ လက်ဝှေ့ရမ်းကာ ပြောလိုက်သည်။ “ထိုင်ကြ”

ထို့နောက် မုကျစ်ရှီ၏ အံ့အားသင့်နေသော မျက်၀န်းများ‌အောက်၌ ရေချိုးသည့်အိုးနှင့်တူသည့် ဧရာမ အိုးကြီးတစ်လုံးကိုထုတ်လိုက်လေသည်။

စုရှောင်ရှန် စပ်ဖြီးဖြီး မျက်နှာထားနဲ့ ထိုဧရာမအိုးကြီးအနားကပ်သွားပြီး မုကျစ်ရှီကိုမေးလိုက်သည်။ “ဒါဘာလုပ်တော့မှာနဲ့တူလဲ”

အကြီးအကဲစန်း လက်‌လုပ်စများ တစ်ချက် ရပ်သွားပေမယ့် တကူးတက လှည့်ပြီးကြည့်မနေတော့ပါ။ သူ့အလုပ်ကိုသာ အာရုံစိုက်နေလိုက်တော့သည်။ ယခင်တစ်ခေါက်က စုရှောင်ရှန်၏ ရေချိုးသည့် အိုးကြီးနှင့်တူသည်ဟူသော မှတ်ချက်အပေါ် အငြိုးထားထားသေးကြေင်းသိသာ၏။

“ဒါကြီးလား” မုကျစ်ရှီ တုန့်ဆိုင်းရပ်တန့်သွား ပြီးနောက် “ဆေးဖော်စပ် တော့မှာနဲ့တူတယ်”

အကြီးအကဲစန်းကျေနပ်သွားပြီး စုရှောင်ရှန်ကို စူးစူးရှရှကြည့်လိုက်သည်။ သို့သော် သူဘာမှ မပြောနိုင်ခင်ပင် ကလေး‌မလေးက မသေချာမရေရာသည့် ဟန်ပန်ဖြင့်မေးလိုက်လေသည်။ “ဆေးဖော်စပ်မယ်ဆိုရင်လည်း ဘာလို့ ရေချိုးတဲ့အိုးကြီးထုတ်လာတာလဲ”

ဖူးးး

စုရှောင်ရှန် ဗိုက်ကိုကိုင်ထားရင် ဝါးလုံးကွဲရယ်လိုက်ကာ “အဖိုးကြီး ကျုပ်ပြောပါတယ် ရေချိုးတဲ့အိုးကြီးနဲ့တူပါတယ်လို့ ခင်ဗျားမှ ကျုပ်ကိုမယုံတာ”

“ထောက်(၃) ချောင်းသာ မပါလိုက်ရင်တော့…” အဖိုးကြီးရဲ့ သတ်ဖြတ်ချင်သည့် စူးစူးရှရှ အကြည့်ကြောင့် စုရှောင်ရှန်ပါးစပ်ပိတ်လိုက်တော့သည်။

စုရှောင်ရှန် လက်ဖမိုးကိုပွတ်ကာ မုကျစ်ရှီဘက် အလျင်စလို လှည့်ရင်း “ဒါ ဆေးမီုးဖိုအိုးကြီးဟ… နင့်မှာ အသိဉာဏ်မရှိဘူးလား” ဟု ဆုံးမလိုက်တော့သည်။

မုကျစ်ရှီ မျက်စောင်းထိုးရင်း “ငါ့ကို ငတုံးလို့မှတ်နေလား ဘယ်က ဆေးမီးဖိုအိုးကြီးဖြစ်ရမှာ”

အကြီးအကဲစန်း၏ မျက်ခုံးများလှုပ်သွားရင်းမှ သက်ပြင်းချကာပြောလိုက်တော့သည်။ “ဒါတကယ် ဆေးဖော်စပ်တဲ့ မီးဖိုအိုးကြီးပဲ”

“အဲ…”

မုကျစ်ရှီ၏ မျက်နှာထက်၌ နားမလည်နိုင်သော ဟန်ပန်များပေါ်လာပြီး စုရှောင်ရှန်ကို ဝါးစားချင်သည့် မျက်လုံးများဖြင့် ကြည့်လိုက်၏။

[ကျိန်ဆဲခံရပါသည်။ ပင်ကိုယ်မှတ် +၂]

“တော်ကြတော့” အကြီးအကဲစန်း အင်္ကျီလက်စကို ခေါက်တင်လိုက်ပြီး “ငါဆေးတစ်သုတ်ဖော်စပ်ပြမယ်။ သေချာလေ့လာကြ”

‌ဧရာမ ဆေးမီးဖိုအိုးကြီးက အနီရောင်ပုလဲလုံးအောက် တည့်တည့်၌ဖြစ်သည်။ အကြီးအကဲစန်း လက်ဆန့်ထုတ်ရာ မကြာခင် ၎င်း၏ နို့ရည်ကဲ့သို့သော အဖြူရောင် မျက်နှာပြင်ကြီး အငွေ့များထွက်လာပြီး နီရဲသွားတော့လေသည်။

“အနီရောင်ပြောင်းနေတယ်ကော” မုကျစ်ရှီ စူးစမ်းလိုစိတ်ဖြင့် ကိုင်ကြည့်ရန်လက်ဆန့်ထုတ် လိုက်သည်။

ဆေးဖော်စပ်နေသည့် အဖိုးကြီးကိုကြည့်လိုက်ရာ ရှင်းပြမည့် ဟန်မရသည်ကို စုရှောင်ရှန် တွေ့လိုက်ရလေသည်။ သို့ဖြင့်သူကပဲ ဆရာတူအကိုကြီးတာ၀န်ကိုယူပြီး ရှင်းပြလိုက်၏။

ဆေးမီုးဖိုအိုးကြီးကို လက်ညှိုးထိုးပြကာ “မြင်ရလား”

“ဘာကိုလဲ” မုကျစ်ရှီ သူမ၏ မျက်လုံးများကိုပွတ်ပြီးကြည့်သည့်တိုင်အောင် ဘာမှမမြင်ရပေ။

“လေလား”

စုရှောင်ရှန် “…”

“ငရဲမီးတောက်ကောင်းကင်ဟ။ အဖိုးကြီး နင့်ကို မပြောထားဘူးလား”

သို့သော် စုရှောင်ရှန် တစ်စုံတစ်ခုကို သိလိုက်ရသည်။ သူ့တွင် ပင်ကိုယ်စွမ်းရည်အဖြစ် အကြားအမြင်ရှိသောကြောင့်သာ ထိုမီးများကိုမြင်ရခြင်းဖြစ်ကာ မုကျစ်ရှီကတော့ မမြင်နိုင်လေပေ။

“စိတ်ဝိညာဉ်အသိနဲ့ အာရုံခံကြည့်လိုက်”

တစ်စုံတစ်ယောက်၏ ကျင့်ကြံမှု စစ်မှန်ခြင်းနယ်ပယ် (၃) ခုအနက်က မူလနန်းတော်ကို ချိုးဖျက်တက်သွားမယ်ဆိုရင် သူတို့၏ ဦးနှောက်ထဲ၌ မူလနန်းတော် ပေါက်ဖွားလာမည်ဖြစ်ပြီး စိတ်ဝိညာဉ်အသိကို ပေးတော့လေသည်။

၎င်း၏ တာ၀န်က အကြားအမြင်နှင့်ဆင်တူပြီး လူကိုယ်တိုင်က လုပ်ဆောင်၍ အသုံးပြုရခြင်းသာ ကွာလေသည်။ သို့ဖြင့် ပင်ကိုယ်စွမ်းရည်ကတော့ တစ်ချိန်လုံး အန္တရာယ်ကိုထောက်လှမ်းနိုင်သည့် အရာဖြစ်လာတော့၏။

မုကျစ်ရှီ စိတ်ဝိညာဉ်အသိဖြင့် ဆေးမီးဖိုအိုးကြီး၏ အောက်ကိုကြည့်လိုက်သောအခါ မမြင်နိုင်သည့် ငရဲမီးတောက်ကောင်းကင်များကိုတွေ့လိုက်ရပြီး မှင်တက်သွားလေသည်။

ရှဲ ရှဲ

ရုတ်တရက် သူမအနီးနားမှ ပူသလိုလိုခံစားလိုက်ရတာကြောင့် အထိတ်တလန့် ငုံ့ကြည့်လိုက်ရာ သူမ၏ မေးနားတွင် မြှောက်ထားသော စုရှောင်ရှန်၏ လက်ထဲတွင်လည်း ထိုသို့ မမြင်နိုင်သည့် မီးလျှံတို့ကို တွေ့လိုက်ရတော့၏။

သူလည်း လုပ်နိုင်တယ်လား။

သူမတို့ကြားမှ တင်းမာမှုကို ဖြေလျော့ရန် မုကျစ်ရှီ စုရှောင်ရှန်ကို မြှောက်ပင့်တော့မည့်စဲစဲ တကောင့်သား၏ ကဲ့ရဲ့သံကိုကြားလိုက်ရ၏။

“ဟားဟား နင်မလုပ်နိုင်ဘူးမလား”

စုရှောင်ရှန် ပျော်ပျော်ရွှင်ရွှင် လက်ကို ပြုတ်ရုတ်သိမ်းလိုက်ပြီး “မစိုးရိမ်ပါနဲ့ နင့်ဆရာတူအကိုကြီး နောက်ကြရင် ဘယ်လိုလုပ်ရလဲ သင်ပေးမှာပေါ့”

မုကျစ်ရှီ ဒေါသထွက်လွန်းသဖြင့် အံကိုတင်းတင်းကြိတ်ရင်း စိတ်ထဲမှ စုရှောင်ရှန်ကို ကျိန်ဆဲလိုက်တော့သည်။

[ကျိန်ဆဲခံရပါသည်။ ပင်ကိုယ်မှတ် +၁]

စုရှောင်ရှန် ကျေနပ်သွားသည်။ ယခင်က အကြီးအကဲစန်းနှင့် သူနှင့်သာရှိရာ မျက်နှာမပြောင်ရဲပါချေ။ သို့ဖြင့် ပင်ကိုယ်မှတ်များ မတိုးလာပါတော့ပေ။ ယခုတော့ ဆရာတူညီမလေးတစ်ယောက်ရလိုက်သည်ဖြစ်ရာ စိတ်လွတ်ကိုယ်လွတ် ပြုမူနိုင်ပေပြီ။

ခြင်သားပဲဖြစ်ဖြစ် အသားက အသားဖြစ်သလို ပင်ကိုယ်မှတ်တိုင်းကလည်း ပင်ကိုယ်မှတ်များဖြစ်လေသည်။ တစ်မှတ် တစ်မှတ်ချင်းက ဘာမှ မဟုတ်သော်လည်း ပိုးပါများရင် ရည်းစားတောင်ရနိုင်သည်မဟုတ်ပါလား။

သူ့ကြည့်ရတာ ဆေးမီးဖိုအိုးကိုသာ အပူချိန်မြှင့်နေဟန်ပေါက်သော်လည်း အကြီးအကဲစန်းကတော့ ဆေးဖော်စပ်ခြင်းတွင် အရုံအပြည့်အ၀စိုက်ထားခြင်းဖြစ်လေသည်။

အကြီးအကဲစန်း ဆေးဖော်စပ်တာ တစ်ကြိမ်မြင်ဖူးလေရာ စုရှောင်ရှန် ၎င်းကို အသိဆုံးဖြစ်သည်။

သူသိသလောက်မှတ်သလောက် ဆရာတူအကိုကြီးဆိုတဲ့ တာ၀န်ကိုယူကာ ဆေးမီးဖိုအိုးကြီးကို လက်ညှိုးထိုးပြီး ရှင်းပြလိုက်၏။ “ဒါကို အပူပေးတယ်လို့ ခေါ်တယ်… ဆေးဖော်စပ်တယ်ဆိုတာ လောလို့မရဘူး။ သူ့နိယာမက ချက်ပြုတ်တာနဲ့ဆင်တူတယ်။ ဆီမထည့်ခင် ဒယ်ပြားကို အရင် အပူပေးရသလိုပေါ့”

အကြီးအကဲစန်း၏ နှုတ်ခမ်းများ တွန့်သွားသည်။ ထိုရှင်းပြချက်က မှန်သော်လည်း သူဆေးဖော်နေခြင်းဖြစ်ကာ ချက်ပြုတ်နေခြင်းမဟုတ်ပါလေ။

မုကျစ်ရှီ စုရှောင်ရှန်ကို သိပ်မယုံရဲပါပေ။ သို့သော် အကြီးအကဲစန်း မငြင်းပယ်ဘဲ တိတ်ဆိတ်နေခြင်းကိုမြင်ပြီးနောက် သဘောပေါက်သလိုလို ရှိသွားတော့သည်။

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

[လေးစားခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]

[ကျိန်ဆဲခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]

‘ဟမ် အဖိုးကြီးငါ့ကို ကျိန်ဆဲနေတာပဲဖြစ်ရမယ်’

စုရှောင်ရှန် ကျေကျေနပ်နပ်ကြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် သိုလှောင်လက်စွပ်ထဲမှ ဆေးပင်တစ်သုတ်ပြီး တစ်သုတ်ထုတ်ယူကာ ဆေးမီးဖိုအိုးကြီးထဲ ပစ်ထည့်တာကို တွေ့လိုက်ရတော့သည်။

မုကျစ်ရှီ အံ့အားသင့်သွားသည်။ ထိုမျှ ဆေးပင်ပမာဏကြီးနှင့် သူမ၏ ဆရာ မည်သို့ ဆေးဖော်ပါမည်နည်း။

သူမတွေးနေသည်ကို စုရှောင်ရှန် သိလေသည်။ သူလည်း ပထမအကြိမ်မြင်ခဲ့ရတုန်းက အံ့အားသင့်ရသည်မဟုတ်ပါလား။

“သံသယမဖြစ်နဲ့။ ဒါဆေးဖော်စပ်နေတာ… ဒါပေါ့ လူသစ်တွေကတော့ ဘယ်လုပ်နိုင်မလဲ။ အဖိုးကြီးကတော့ ဝါရင့်နေပြီဆိုတော့ တစ်ပြိုင်တည်းလုပ်နိုင်တယ်လေ … ဒါတွေထားပါ”

စုရှောင်ရှန် သူ့စိတ်ထဲ၌ အကြီးအကဲစန်းပစ်ထည့်လိုက်သော ဆေးပင်များ၏ အမျိုးအမည်နှင့်ပတ်သတ်များကို ရှာလိုက်ပြီး “ကြည့်လိုက် အဲ့တာ ငွေရောင်နှင်းပန်းပွင့်လို့ခေါ်တယ်။ အေးပြီး ခါးမယ်လို့ထင်ရပေမယ့် စားကြည့်ရင်တော့ ချိုတယ်။ အဲ့တာက အစိမ်းပန်းပင်သီးလို့ခေါ်တယ်။ စားကြည့်ရင် အနံ့အရသာက လျှာလည်သွားလိမ့်မယ်”

“အဲ့တာက ဆန်းကြယ်ပန်သီးစေ့လို့ခေါ်တယ် ရှေးခေတုန်းကဆို ကာမ…”

“အဟွတ်”

‘ချီးးး… ပါးစပ်ဖွာမိတော့မလို့ တော်သေးတယ်’

“ဒါတွေထားပါ…” ဆက်လိုက်သည်။ “ဒီဆေးပင်တွေအားလုံးကို ကြည့်ပြီးတော့ ဖော်စပ်နေတဲ့ ဆေးလုံးက ခန့်မှန်းဖို့ မခက်ခဲပါဘူး” စုရှောင်ရှန်၏ မျက်နှာထက်တွင် ဘာဖြစ်တော့မည်ကို သိနေသော မျက်နှာအမူအရာမျိုးရှိနေလေသည်။

“မူလနန်းတော် ဆေးလုံးလား” အကြီးအကဲဆန်းကို ကြည့်လိုက်ရာ အဖိုးကြီးက ခေါင်းညိတ်ပြလေသည်။

စုရှောင်ရှန်က သူ့လုပ်ရပ်ကြောင့် သူကိုယ်တိုင်လည်း မှင်တက်နေရာ မုကျစ်ရှီထံမှ အသိပေးချက်က “သံသယဖြစ်မှု” မှ “လေးစားခြင်း” သို့ပြောင်းသွားတာကို သတိမထားမိလိုက်ပါပေ။

‘စာဖိုမှုးက ကြမ်းတယ်ဟ… ဆေးပင်နဲ့ သူတို့ပါ၀င်မှု အချိုးစားကိုကြည့်ပြီး ဘာဆေးလုံးဖြစ်မယ်ဆိုတာ ခန့်မှန်းလို့ရနေတယ်… ဒါပေမယ့် ငါ့စာဖိုမှုးက စတင်ခြင်းအဆင့်(၆)မှာပဲရှိသေးတာ ဘယ်လိုလုပ် အဆင့်(၇) မှော်ဆေးလုံးဖြစ်တဲ့ စစ်မှန်ခြင်းနယ်ပယ်ဆေးလုံးကို ဖော်စပ်နိုင်မှာ သိနေတာလဲ… မဟုတ်မှလွဲရော’ တွေးလိုက်သည်။

“မဟုတ်မှလွဲရော စစ်မှန်ခြင်းနယ်ပယ်ဆေးလုံးတွေက စစ်မှန်ခြင်းနယ်ပယ် စိတ်ဝိညာဉ်ဆေးပင်တွေချည်းမလိုဘဲ စတင်ခြင်းနယ်ပယ်နဲ့ရောပြီးတော့လဲ ကိုက်ညီတယ့် တစ်ချို့ နည်းစနစ်တွေသုံးပြီး ဖော်စပ်လို့ရနေတာလား” စုရှောင်ရှန် ရေရွတ်လိုက်သည်။

စုရှောင်ရှန် အချိန်တိုအတွင်း ၎င်းကို ဖော်ထုတ်နိုင်မယ်မထင်၍ အကြီးအကဲစန်း တအံ့‌တအောကြီး လှည့်ကြည့်လိုက်သည်။ ၎င်းက ပထမဦးဆုံး ဆေးဖော်စပ်တာမြင်ဖူးစဉ်က ချခဲ့သည့် “ဆေးဖော်စပ်နေတာလား”၊ “ဒါကြီးက ဆေးဖော်စပ်တဲ့အိုးကြီးလား” ဆိုတဲ့ မှတ်ချက်တို့ထက် အများကြီး တိုးတက်လာပြီဟုပြောလို့ရသည်။

အသိအမှတ်ပြုတာမြင်လိုက်ရသောအခါ စုရှောင်ရှန် လက်သီးကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ ထို့နောက် သူ၏ ဆရာတူညီမလေးဘက်လှည့်ကာ “ငါပြောပါတယ်… ဆေးဖော်စပ်တယ်ဆိုတာ ချက်ပြုတ်သလိုပါပဲလို့။ အရသာရှိတဲ့ ဟင်းလျာတစ်ပွဲကို ချက်ပြုတ်ဖို့ မှန်ကန်တဲ့ နည်းစနစ်နဲ့ လိုက်ဖက်တဲ့ ပါ၀င်ပစ္စည်းတွေကို သုံး‌နိုင်နေရင် အရည်အသွေးမြင့်တဲ့ ဟာတွေသုံးနေစရာကိုမလိုတာ။ ဒီနှစ်ခုသာရှိရင် လိုချင်တဲ့ ပန်းတိုင်ကို ရောက်ပြီပဲ”

ထို့နောက် ဧရာမ ဆေးမီးဖိုအိုးကြီးကို လက်ညိုးထိုးပြကာ “ကြည့်လေ… မသိရင် ရောသမမွှေထားတဲ့ စွပ်ပြုတ်ကို ချက်နေသလိုပဲ”

အကြီးကဲစန်း၏ လက်များ တုန်ခါသွားပြီး ဆေးမီးဖိုအိုးတောင် ပေါက်ကွဲတော့မလိုလိုဖြစ်သွားလေသည်။

“စုရှောင်ရှန် သောက်ပါးစပ်ပိတ်ထားစမ်း”

[တောင်းဆိုခြင်းခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

Comment

Leave a Reply

Options

not work with dark mode
Reset