Switch Mode

Chapter – 115

အပိုင်း (၁၁၅) ကျည်ဆံဟ

စုရှောင်ရှန် သူ့ပြိုင်ဘက်နှင့် တွေ့လိုက်ရသည်ဟု ခံစားလိုက်ရသည်။ တစ်ဘက်သူကို စကားဖြင့် မည်မျှ စိတ်အနှောက်အယှက်ဖြစ်အောင်ပြောနေပါစေ တစ်ဘက်သူက မတုန့်ပြန်လျှင် အကျိုးမရှိပါပေ။

သူ့အကြားအမြင်က သူတို့ကိုပိတ်လှောင်ထားသည့် ရေခဲလှောင်အိမ်အပြင်ဘက်သို့ ထိုးဖောက်ရန်ခက်ခဲနေသည်။ သို့မှ ထိုနံရံက အတွင်းမှ အသံပါကာတယ်ဆိုတာကို သိလိုက်ရတော့လေသည်။

“မင်းကသတိကြီးသားပဲ။ အတွင်းစည်းထဲမှာ လှုပ်ရှားရဲတာမဆန်းတော့ပါဘူး”

စုရှောင်ရှန် ပြန်လည်တိုက်လိုက်ရန်ပြင်လိုက်သည်။ ဖုန်းကုန်းနှင့် ရှောင်းယီတို့၏ လုပ်ကြံခြင်းကို ကျော်ဖြတ်ပြီးသည့်နောက် အတွင်းစည်းမှ အမည်မသိ ပြိုင်ဘက်များက သူထင်ထားသလောက် မသန်မာသည်ကိုသိရာ သူတို့နှင့် ရင်ဆိုင်ရမည်ကို မကြောက်ရွံ့ပါတော့ပေ။

သို့သော် သူတို့က သာမန်ထက်တော့ ထူးခြားနေသေး၏။ အထင်သေး၍ မရပါပေ။ ကျောက်ရှုသူ့လက်ကိုမလိုက်ပြီး လက်နှစ်ချောင်းကို တစ်ခုအ‌‌ပေါ်တစ်ခုထပ် လိုက်သည်။ သို့သော် သူမတိုက်ခိုက်လိုက်ပါ။

စုရှောင်ရှန် ကျောက်ရှုနှင့် ရေရှည်တိုက်ပွဲလုပ်သွားရန် ကြံလိုက်သည်။ တိုက်ပွဲကအချိန်ကြာလေ သူနိုင်ဖို့အခွင့်အရေးပိုများလေဖြစ်သည်။ သို့သော် ကျောက်ချင်းထျန်၏ ရေခဲနည်းစနစ်ကို သူပြန်သတိရသွား၏။

‘ဒီကောင်လည်း သူ့အကာနံရံနဲ့ အတွင်းထဲက အပူချိန်ကို လျော့ချနေတာလား… ဟ သူနဲ့လိုက်တဲ့ ရေမြေအ‌ခြေအနေကို ပြင်နေတာဟ’

တစ်ခြားသူဘာလုပ်နေသည်ကိုသိသော် စုရှောင်ရှန် ဆတ်ကတည်း တုန်ခါသွားတော့သည်။

အခြားသူက လှုပ်ရှားလိုက်ပြီဆိုတာနဲ့ အခြေအနေကို ထိန်းချုပ်လိုက်‌၏။ ထိုတိုက်ကွက်ကျရှုံးသွားပြီးနောက် ယခုလည်း အသာအယာပဲ နောက်ထပ်တိုက်ကွက်အတွက် အသင့်ပြင်နေလေတော့သည်။ သူ၏ တိုက်ပွဲဝင်စွမ်းရည်တစ်ခုတည်းက လူတိုင်းနီးပါးထက် အပုံကြီး သန်မာနေပေပြီ။

“အချိန်ဆွဲလို့မဖြစ်တော့ဘူး”

စုရှောင်ရှန်မျက်လုံးများကိုမှေးပြီး ရှေ့သို့ တစ်ဟုန်ထိုး ပြေး၀င်လိုက်သည်။ သူ့ပင်ကိုယ်စွမ်းရည်များအား အသုံးချ၍ ထိုလူ့ထံ လက်သီးချက်များ တစ်ချက်ပြီး တစ်ချက်ပစ်လွှတ်လိုက်တော့သည်။

ကျောက်ကျစ်တုံ့ သူ၏ လက်သီးချက်များကိုမရှောင်ဘဲ ထိပ်တိုက်ရင်ဆ်ိုင်ဖို့အစီအစဉ်ရှိဟန်ရသည်။

“ငါလည်း ငြင်းမနေပါဘူး ငိငိ”

ဘုန်း…။

စုရှောင်ရှန်၏ လက်သီးချက် ကျောက်ရှု၏ ရင်ဘက်ပေါ်သို့ကျသွားပြီး ရေခဲစများကို ပေါက်ကွဲသွားစေလိုက်၏။

သာမန်ဆို ကျောက်ရှုလွင့်ထွက်သွားသင့်ပေသည်။ သို့သော် သူ့ခြေတစ်ဖက်သာ နောက်သို့ အနည်းငယ် ဆုတ်သွားပြီး တဖန် မူလနေရာကိုပြန်ရောက်သွား၏။

စုရှောင်ရှန်၏ လက်ကို ထို့နောက် ရေခဲများ ရစ်ပတ်လာပြီး ပိတ်ထားလိုက်တော့သည်။ သူ့လက်သီးက အခြားသူ၏ ရင်ဘက်၌ ခဲနေခြင်းဖြစ်၏။

“လခွမ်း။ ဘာဖြစ်နေတာလဲဟ”

ထို့နောက် ဘယ်လက်ဖြင့် လက်ဖဝါးပေါ်၌ ချွန်ထက်ခြင်းအလင်းကိုစုစည်းပြီးထိုးလိုက်တော့သည်။

ချလန်းးးး

ရေခဲစများ နေရာအနှံ့ထပ်၍ လွင့်ပျံသွားလေသည်။ ကျောက်ကျစ်တုံ့ အပေါ်ပိုင်းခန္ဓာကိုယ် နောက်သို့ ယိုင်သွားပြီးမှ မူလနေရာသို့ ပြန်တည့်သွား၏။

သွေးတစ်စက်ကလေးတောင် ကျလာတာကို မတွေ့ရပါလေ။

စုရှောင်ရှန် မှင်တက်သွားတော့သည်။

“မင်းခန္ဓာကိုယ်ကို ရာဘာစေးတွေနဲ့ လုပ်ထားတာလား… ဘာလို့ ဒီလောက် ကပ်သေး ကပ်စေးဖြစ်နေရတာလဲ” စုရှောင်ရှန် မနေနိုင်ဘဲ ကဲ့ရဲ့လိုက်လေသည်။

ကျောက်ရှု သူ့ကို ပြုံးပြလိုက်ပြီး “ငါ့ကိုမင်း တိုက်ခိုက်ခိုက် မခိုက်ခိုက် အရေးမကြီးဘူး။ ဘယ်သူမှ ငါ့ထိန်းချုပ်မှုအောက်မှာ မလှုပ်နိုင်ဘူး”

စုရှောင်ရှန် တိတ်ဆိတ်သွားပြီးခဏ ပြန်ချေပလိုက်၏။ “ရှင်းပြမနေတော့ဘဲ မင်းက ရွံ့စရာကောင်းတယ်ဆိုတာ လက်ခံလိုက်စမ်းပါ”

ကျောက်ရှုစွံ့အသွားသည်။

[ကျိန်‌ဆဲခံရပါသည်။ ပင်ကိုယ်မှတ် +၁]

ဘုန်းးးး

စုရှောင်ရှန် ကျောက်ရှုကို ဒူးဖြင့် အငိုက်တိုက်လိုက်သည်။ ထင်ထားသည့်အတိုင်း သူ့ဒူးပါခဲသွားလေသည်။

ထို ခဲ၍ကပ်နေသော (၃) နေရာမှ အရိုးခဲမတတ် အအေးဓာတ်စွမ်းအင်များ သူ့တစ်ကိုယ်လုံးကို ထပ်၍ ပြန့်နှံ့လာလေသည်။ သူ့ငရဲမီးတောက်စိတ်ဝိညာဉ်အနှစ်ကို လည်ပတ်စေလိုက်သည့်တိုင်အောင် ထိုအအေးစွမ်းအင်များကို ထုတ်ဖယ်၍ မရပါချေ။

“ရွံ့ဖို့ကောင်းလိုက်တာကွာ” စုရှောင်ရှန်၏ သည်းခံနိုင်သည့်အတိုင်းအတာ ကုန်သွားတော့သည်။ ၎င်းက သူချခဲ့ဖူးသမျှအတွင်း ရွံ့စရာအကောင်းဆုံးလည်းဖြစ်လေသည်။

သူက အခြားသူ၏ ထိန်းချုပ်မှုအောက်၌ လုံး၀ကျနေပြီး ဘာမှ ပြန်လုပ်လို့မရပါချေ။

အခြားကျန်ခြေတစ်ဘက်ဖြင့် ထိုလူကို တိုက်လိုက်လိုက်ချင်ပါသည်။ သို့သော် ထိုသို့လုပ်ပါက သူ့ခြေထောက်နောက်တစ်ဖက်သာ ကပ်ကျန်နေမည်ဖြစ်ပြီး စဉ်းနှီတုန်းပေါ် လည်ဆင်းခံသလိုဖြစ်နေလိမ့်မည်။

‘ငါဒါကို ပေါက်ကွဲစေလိုက်မယ်ဆိုရင်ရော…’ စုရှောင်ရှန် အကြံပေါက်သွားပြီး သူ၏ မျက်၀န်းများ၀င်းပသွားတော့၏။

ကျောက်ရှု၏ နှုတ်ခမ်းထောင့်များလှုပ်သွားသည်။ ၎င်းက သူ၏ ရန်သူ စိတ်အားပျက်ခြင်း၊ မှင်တက်နေခြင်းကဲ့သို့ အမူအရာဖြစ်သွားသည်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းမဟုတ်ပါပေ။

ထိုသို့ မြင်ကွင်းမျိုးပေါ်လာတိုင်း အောင်မြင်မှုတစ်ခုရလိုက်သည်ဟူသော ထူးဆန်းသည့် ခံစားချက်ကြီးရနေလေတော့သည်။

“မင်းဘာမှမလုပ်နိုင်တော့ဘူးမလား… ငါပြောသလိုပဲ ငါ့ထိန်းချုပ်မှုအောက်မှာဆို…”

ရွှစ်

ကျောက်ရှုပြော၍ မ‌ဆုံးသေးခင်မှာဘဲ စုရှောင်ရှန်၏ ရင်ဘက်ထဲမှ အနက်ရောင်ဓားတစ်ချောင်းထွက်လာပြီး ဓားလိုက်ကိုင်သာ ကျန်သည်အထိ သူ့ကို ထုတ်ချင်းဖောက်သွားတော့သည်။

ကျောက်ရှု၏ ‌စကားပြောနေရင်းမှ ရပ်တန့်သွားလေသည်။ သူ့မျက်လုံးများပြူးကျယ်သွားပြီး ရင်ဘက်အတွင်းမှ သွေးများ စိမ့်ထွက်လာတော့၏။

‘ဘာလဲဟ… သူ့ရင်ဘက်ထဲကနေ ဓားဘယ်လိုထွက်လာတာတုန်း’ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

အသေအချာ ဂရုတစိုက်ကြည့်လိုက်ရာ စုရှောင်ရှန်၏ရင်ဘက်တွင်ဆွဲထားသော သိုလှောင်လက်စွပ်ကိုတွေ့လိုက်ရလေတော့သည်။

[ကျိန်‌ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

စုရှောင်ရှန် စပ်ဖြီးဖြီးရယ်လိုက်သည်။ “‌ကြည့်ပါဦး… ဆောင်ရွက်ရတဲ့စွမ်းရည်ကလည်းမဆိုးဘူးပဲ။ ဒီလောက်နီးကပ်နေတော့ ရှောင်ဖို့အချိန်တောင်မရလိုက်ရှာဘူး”

ဂျစ် ဂျစ်

သူ့ရင်ဘက်မှ ဓားနက်ကို ရေခဲများစတင်၍ ခဲလိုက်ကြရာ ၎င်းနှင့် စုရှောင်ရှန် အဆက်ပြတ်သွားတော့သည်။

ကျောက်ရှူ အေးခဲနေသော သွေးခဲအချို့ကို ထွေးထုတ်လိုက်၏။ ထို့နောက် ဓားကိုရင်ဘက်ထဲမှထုတ်ယူပြီး မြေပြင်ပေါ်သို့ ပစ်ချလိုက်လေသည်။ သူ၏ ရင်ဘက်မှ ဒဏ်ရာကို အေးခဲသွားအောင်လုပ်နေရင်းမှ စုရှောင်ရှန်ကို သတ်ဖြတ်ချင်သော အကြည့်များဖြင့် ကြည့်လိုက်တော့လေသည်။

“မင်းမှာ လှည့်ကွက်လေးတစ်ချို့ရှိတာတော့ ငါ၀န်ခံရလိမ့်မယ်။ ဒါပေမယ့် သူတို့က ဘာကောင်းလို့လဲ… မင်းမှာလှည့်ကွက်တွေ ဘယ်လောက်ရှိရှိ ငါတစ်ခါ အလစ်အငိုက်မိပြီးတာနဲ့ နောက်တစ်ခါ ထပ်မိမယ်ထင်လို့လား”

စုရှောင်ရှန် ပြုံးသာပြုံးလိုက်ပြီး ဘာမှ ဆက်မပြောလိုက်ပါချေ။ သူ့ပါးစပ်ကိုဖွင့်လိုက်ရာ ပါးစပ်ထဲ၌ အလွန်အမင်းသိပ်သည်းထားသော မီးတောက်အစေ့တစ်ခုစေ့ကို တွေ့လိုက်ရလေသည်။ ၎င်းက အပြင်းအထန် တောက်လောင်နေပြီး ကြောက်မက်ဖွယ်ရာအတိ အပူစွမ်းအင်တို့ကို ထုတ်လွှတ်နေတော့၏။

သူတို့နှစ်ဦးအကြားရှိ အကွာအဝေးမှာ တစ်ပေခန့်အကွာလောက်သာရှိလေသည်။ ကျောက်ရှု လန့်ဖျပ်သွား၏။

‘ဒီကောင်က ဘာကောင်လဲဟ… သူ့ပါးစပ်နဲ့တောင် တိုက်ခိုက်လို့ရတယ်လား’ စိတ်ထဲမှ တကယ် ကျိန်ဆဲလိုက်ပါသည်။

[ကျိန်ဆဲခံရပါသည်။ ပင်ကိုယ်မှတ် +၁]

ထိုအစေ့အတွင်း၌ သိပ်သည်းထားသော စွမ်းအင်ပမာဏက အလွန်ကြောက်မက်ဖွယ်ရာကောင်းလေသည်။ ၎င်းကို ထိပ်တိုက်ရင်ဆိုင်ရန် ကျောက်ရှုထံတွင် ယုံကြည်ချက် မြင့်မြင့်မားမားမရှိပါချေ။ သို့ဖြင့် စုရှောင်ရှန်၏ ခဲကပ်နေသည့် အစိတ်အပိုင်းများကို အလျှင်အမြန် အချိန်အဆက်ဖြတ်လိုက်ပြီး နောက်သို့ ဆုတ်သွားလိုက်သည်။

ထှီးးး…။

စုရှောင်ရှန် မီးတောက်အစေ့ကို တုန့်ဆိုင်းခြင်းအလျင်းမရှိ ထွေးထုတ်လိုက်သည်။

ထိုအစေ့လေးက အလွန်လျင်မြန်သောနှုန်းဖြင့် ပျံသန်းသွားလေရာ လေထဲ၌ပင် အနက်ရောင် အလင်းအကြောင်းကြီးကျန်နေခဲ့၏။ ကျောက်ရှုထိုတိုက်ကွက်ကို နောက်ကျွမ်းထိုးပြီးရှောင်လိုက်သည်။

သို့သော်လည်း သူ့မျက်နှာ အပူငွေ့များဟပ်သွားရာ သူ၏ ဘာမျှ မရှိလောက်သော မျက်ခုံးမွှေး၊ မျက်တောင်မွှေးနှင့် နှာခေါင်းအတွင်းရှိ အမွှေးအမျှင်များပါ လောင်ကျွမ်းသွားတော့သည်။

အားးးး…။

အလွန်အမင်းနာကျင်သွားသဖြင့် သူ့မျက်နှာထက်၌ ရေခဲအလွှာအထူကြီးကို ဖန်တီးလိုက်လေသည်။ သို့ဖြင့် နာကျင်မှုကို ထုံကျဉ်သွားစေလိုက်၏။

ကျင့်ကြံသူများတိုက်ခိုက်ရာတွင် တစ်စုံတစ်ယောက်၏ မျက်နှာကိုတိုက်ခိုက်လေ့မရှိပါ။ ထို့ပြင် တိုက်ခိုက်နေရင်းလည်း အပြစ်မဲ့သူများကို မပါ၀င်မိစေအောင် သတိထားလေ့ရှိကြသည်။

သို့ဖြင့် သူ့မျက်နှာကိုလာထိသော ဤကဲ့သို့ တိုက်ခိုက်မှုမျိုးကြောင့် ဒေါသူပုန်ထသွားတော့လေသည်။ ရေခဲများပျောက်သွားသောအခါ ကျောက်ရှု၏ မျက်နှာထား အလွန်အမင်းအကျဉ်းတန်နေ၏။

“စု…ရှောင်…ရှန်”

[နာမည်ခေါ်ခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

စုရှောင်ရှန် နောက်သို့ ခုန်ဆုတ်သွားတာ ကြာလှပြီဖြစ်သည်။ သူ၏ နောက်ကျောက ရေခဲနံရံနှင့်ပင်ကပ်နေ၏။ ထို့နောက် ကျောက်ရှုကို နောက်သို့ကြည့်ရန်မေးငေါ့ပြလိုက်သည်။

“ဘာလဲ”

ကျောက်ရှု အာရုံခံကြည့်လိုက်ရာ သူ့မျက်ဆံများကျုံ့သွားတော့၏။

ရေခဲနံရံကို ဖောက်ထွက်သွားရမည့်အစား ရေခဲနံရံနှင့်တွေ့သည့်အခါ သိပ်သည်းထားသော မီးတောက်အစေ့ရိုင်းက ပေါက်ကွဲသွားလေတော့သည်။

ဘုန်းး

၀န်းကျင်တစ်ဝိုက်လုံးကို အပူစွမ်းအင်လှိုင်းများရိုက်ခတ်သွားတော့သည်။ ရေခဲနံရံက (၃) လွှာထူ လောက်ထပ်သော်လည်း ချက်ခြင်း အရည်ပျော်သွားခဲ့၏။

အပူစွမ်းအင်များက ကျောက်ရှုကိုဖြတ်သန်းပြီး စုရှောင်ရှန်လားရာဘက်သို့ သွားလိုက်ကြသည်။

‌သို့်ဖြင့် ကျောက်ရှုအေးခဲအောင်လုပ်‌ထားသည့် လေထုတွင် ချက်ခြင်း ခြောက်ခြားဖွယ်ရာ အပူစွမ်းအင်တို့ အစားထိုး၀င်ရောက်လာတော့၏။

စုရှောင်ရှန်က ထို ပေါက်ကွဲမှုမှလှိုင်း‌ကြောင့် အရည်ပျော်နေသည့် ရေခဲနံရံထဲ လွင့်ပျံ၀င်သွားတော့၏။ သူတို့နှစ်ဦးစလုံးလှုပ်လို့မရဖြစ်သွားတော့သည်။

“လခွမ်း…”

ထိုမှသာ သူ၏ မီးတောက်အစေ့က အဘယ်ကြောင့် စည်းကမ်းကြီးကြပ်သူများကို စာကြည့်တိုက်မှာတုန်းက သတိပေးခေါင်းလောင်းများမြည်သွားစေသလဲကိုသိလိုက်ရတော့သည်။ ထိုပေါက်ကွဲမှုက အင်မတန် ကြောက်မက်ဖွယ်ရာ ကောင်းနေလေသည်။

လေထဲ၌ ရှိနေသော ကျောက်ရှုကိုလည်း အပူစွမ်းအင်များက ရိုက်ခတ်သွားသည်။ သူ့လက်ကိုဆန့်နိုင်သလောက်ဆန့်ထုတ်ပြီး ပေါက်ကွဲမှုမှ သက်ရောက်မှုကို တားဆီးဖို့ အပြင်းအထန်ကြိုးပမ်းလိုက်၏။ စည်းကမ်းကြီးကြပ်သူများ ဤနေရာသို့ရောက်လာပါက ဆက်လက်၍ လုပ်ကြံသတ်ဖြတ်လို့ရတော့မည်မဟုတ်ပါပေ။

သို့ဖြင့် ရေခဲနံရံက အားသုံးကာ တည်ငြိမ်ခြင်းခံလိုက်ရလေတော့သည်။ ပေါက်ကွဲမှုမှ မပြိုလဲပါတော့ချေ။

ကျောက်ရှု စိတ်သက်သာရာရစွာသက်ပြင်းချလိုက်ပြီး ရေခဲနံရံထဲမှ စုရှောင်ရှန် ပြန်ထွက်လာကာ ဒူးတုတ်ထိုင်နေသည်ကိုတွေ့လိုက်ရသည်။

စုရှောင်ရှန်သူ့ကို သေနတ်ဖြင့်ချိန်ထားသလို လက်ဖြင့် ချိန်လိုက်တော့၏။

သူ့လက်ချောင်းထိပ်နှစ်ခု၌ မီးတောက်အစေ့တစ်စေ့ သိပ်သည်းလာတော့သည်။

ကျောက်ရှု စွံ့အသွားတော့သည်။

‘ဘာလဲဟ… ဘယ်လိုလုပ်ဒီလို တိုက်ကွက်မျိုးကို ခပ်မြန်မြန် ထပ်သုံးနိုင်နေရတာလဲဟ မတရားဘူး’ ကျိန်ဆဲလိုက်၏။

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

စုရှောင်ရှန် စပ်ဖြီးဖြီးဖြစ်သွားသည်။ ဒီကောင်က ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးထင်နေလေသည်။

‘အဖိုးကြီးတောင် ငါ့ အဆင့်နိမ့်မီးဘောလုံးကြောင့် ဒဏ်ရာရသွားတာကို မင်းကိုယ်မင်း ဘာမှတ်နေတာ… ရေခဲနံရံကိုတောင် တည်ငြိမ်သွားအောင် လုပ်ရဲသေးတယ်နော်… ကိုယ့်သေတွင်းကိုယ်တူးလိုက်တာပဲ ငါ့ကောင်’

ဖြူးးး…။

‌ကျည်ဆန်တွေ ရွာချရအောင် …။

Comment

Leave a Reply

Options

not work with dark mode
Reset