Switch Mode

Chapter – 112

အပိုင်း (၁၁၂) : ကျေနပ်လား မကျေနပ်လဲ လဲသေလိုက်

အတွင်းစည်း ညီလာခံ ခန်းမကြီး…။

ငွေရောင်လအလင်းအောက်၌ ပျံဝဲနေသော ရဲ့ရှောင်ထျန်း စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်လေသည်။

ငယ်ရွယ်သော ဂိုဏ်းသား (၁၂) ယောက်ကျော်သူ့ရှေ့၌ ရပ်နေကြသည်။ သူတို့ကို အဖွဲ့နှစ်ခုခွဲထားပြီး တစ်ဖွဲ့က လူများပြီး ကျန်တစ်ဖွဲ့က လူ(၄) ယောက်တည်းသာရှိ၏။

“ဒီနှစ်ထျန်းရွှမ်တံခါး ၀င်ခွင့်ကိုကြေငြာမယ်။ ထိပ်ဆုံး (၄) ယောက်က အားလုံးမျှော်လင့်ထားတဲ့အတိုင်း အတွင်းစည်းကို လောလောလတ်လတ် ၀င်လာခဲ့တဲ့ မိုမို၊ မုကျစ်ရှီ၊ ကျောက်ချင်းထန်နဲ့ ကျိုးထျန်းရှန်တို့ပဲ” ရဲ့ရှောင်ထျန်းသူ့ရှေ့မှ လူငယ်လေးဦးကို ဝေ့ကြည့်လိုက်သည်။

သူတို့ လေးဦး အလွန်စိတ်လှုပ်ရှားနေဟန်ဖြင့် ခေါင်းပြန်ညိတ်ပြလိုက်၏။

လျှို့ဝှက်နယ်ပယ် ဖြစ်တဲ့ ထျန်းရွှမ်တံခါးက အတွင်းစည်းဂိုဏ်းသားသစ်များကိုပေးနေကြ ပထမ ခံစားခွင့်လည်းဖြစ်လေသည်။ ထျန်းရွှမ်တံခါးက တစ်နှစ်မှာ တစ်ကြိမ်သာ ပွင့်ပြီး ၀င်ခွင့်ကလည်း (၁၀) နေရာသာရှိ၏။

တံခါးအတွင်း စိတ်ဝိညာဉ်သိပ်သည်းမှုက အပြင်စည်းထက် အဆ (၁၀၀) လောက်ပိုလေသည်။ အသက်တစ်ချက်ရှိုက်လိုက်ရုံဖြင့် တစ်စုံတစ်ယောက်ကို နတ်ပြည်သို့ ပို့နိုင်၏။

ထို့ပြင် ၎င်းက အဖိုးတန် အထွေအထွေ ကျင့်ကြံခြင်း ‌နေရာများရှိသည့် နယ်ပယ်လည်းဖြစ်သည်။ လူတိုင်း သူတို့ လျှောက်နေသည့် လမ်းနှင့် ကိုက်ညီသည့် လေ့ကျင့်ရန် နေရာကို တွေ့နိုင်ပေသည်။

ရဲ့ရှောင်ထျန်း လူပိုများသော အဖွဲ့ကိုကြည့်လိုက်သည်။ သူတို့အားလုံးက အတွင်းစည်း ထိပ်သီး (၃၃) ဦးထဲကို အသစ်၀င်ရောက်လာကြသော သူများဖြစ်၏။

“စတုတ္ထ လေလင်း”

“…”

“န၀မ ယွမ်တု”

ယွမ်တုက အလွန်တုတ်ခိုင်၍ လေးထောင့်မျက်နှာဖြင့် ထူထပ်သော မျက်ခုံးများရှိသည့် သူဖြစ်သည်။ သူ၏ ရွှမ်းမင် စစ်ဘုရင် လှံတံဖြင့် အလွန် ကြောက်မက်ဖွယ်ရာ အရှိန်အဝါကိုပေးနေ၏။

သူ့နာမည်က စာရင်းထဲ၌ ပါမည်ဖြစ်သည်ကိုသိသော်လည်း ယခုလို ကျယ်ကျယ်လောင်လောင် ကြေငြာခံရသည့်အခါ ပျော်ရွှင်သွားသေးသည်။

‘မဆိုးဘူးဘဲ ခေါင်းဆောင် လေပေါတာကို ဒီထိလာနားထောင်ရတာ တန်ပါတယ်… အခု အဓိက ကိစ္စကိုလည်း ဖြေရှင်းပြီးပြီဆိုတော့ ကိစ္စသေးသေးလေးကို ရှင်းရတော့မယ့် အချိန်ပဲ… စုရှောင်ရှန်ရဲ့ ဦးခေါင်း’

ရဲ့ရှောင်ထျန်း စာရွက်ကို ခေါက်ပြီး ‌ဆိုလိုက်သည်။ “နံပါတ်(၁၀) နေရာလည်း ဦးထားပြီးသူရှိတယ်။ ဒါပေမယ့် ဒီနေရာမှာ သူ့နာမည်ကို မပြောတော့ဘူး”

“နေပါဦး ဘာကြီး”

လူတိုင်းကြက်သေသေသွားကြသည်။ ယခင်နှစ်များကဆိုလျှင် နေရာ(၁၀) ခုလုံးကို ကျယ်ကျယ်လောင်လောင် ကြေငြာလေသည်။ ယခု နေရာ(၁၀)ခုထဲမှ (၄) နေရာကိုလည်း အတွင်းစည်း ဂိုဏ်းသားသစ်များ ဦးထားသည်က စည်းမျဉ်းစည်းကမ်း ဖြစ်‌နေလေရာသူတို့ သည်းခံနိုင်သေးသည်။

သို့သော် အဘယ်ကြောင့် နောက်ဆုံး (၁) နေရာကို မကြေငြာဘဲ ထားရပါသနည်း။

“အဲ့တာ ဘယ်သူလဲ” လူတော်တော်များများ မေးလိုက်ကြသည်။ သို့သော် ရဲ့ရှောင်ထျန်းသူတို့အားလုံးကို လစ်လျူရှူပြီး ကျောက်ရှုကိုသာ ကြည့်လိုက်သည်။

ကျောက်ရှုက မှုန်သုန်သုန် မျက်နှာရှိသည့် လူမျိုးဖြစ်သည်။ သူ၏ ပါးသိုင်းမွှေးများ၌ ‌နှင်းခဲအနည်းငယ်ရှိနေပြီး ခါး၌လည်း အဖြူရောင် ကျောက်စိမ်းတစ်ပြားကို ဆွဲထားသည်။

သူ့အဆင့်က ယွမ်တုနောက်၌သာ ရှိလေသည်။ သို့ဖြစ်ရာ သာမန် အခြေအနေ၌ဆိုပါက ဒဿမ မြောက်နေရာက သူ့အတွက် ဖြစ်သင့်ပေသည်။

ရဲ့ရှောင်ထျန်း တစ်ခုခု ပြောရန်ပြင်လိုက်စဉ် အဖိုးကြီးတစ်ယောက်၏ အသံကို ရုတ်တရက် ကြားလိုက်ရ၏။ “အတွင်းစည်းအတွက် (၉) နေရာပဲရှိတာ တစ်နေရာက အပြင်စည်းကို ပေးလိုက်လို့ပဲ”

လူတိုင်း ခန်းမ၏ ၀င်ပေါက်အနီးရှိ အပင်ကြီးတစ်ပင်ရှေ့၌ ရပ်နေသော ကန်တော့ချွန် ကောက်ရိုးခ‌မောက်စောင်း အဖိုးကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။

“လက်ထောက်မှူး မလား အဲ့တာ”

“အကြီးအကဲစန်း လေ”

အဖိုးကြီး၏ သရုပ်မှန်က လူတိုင်း၏ ‌လောင်မြိုက်နေသော ဒေါသများကို မငြိမ်းသွားပါစေ။ တစ်ချို့ဆို စိတ်ဆိုးမာန်ဆိုး အော်လိုက်ကြသည်။ “အတွင်းစည်းအတွက်ဘာလို့ နေရာမပေးတာလဲ။ ထျန်းရွှမ်တံခါး၀င်ခွင့်တစ်နေရာကို အပြင်စည်းကိုပေးတာ အလကားပဲ။ ပြီးတော့ စည်းမျဉ်းတွေနဲ့ မကိုက်ညီဘူးမလား”

အကြီးအကဲစန်း တည်တည်ငြိမ်ငြိမ် ပြန်ချေပလိုက်သည်။ “ထျန်းရွှမ်တံခါး၀င်ခွင့်က သန်မာတဲ့သူတွေအတွက်ပဲ အမှိုက်တွေအတွက် မဟုတ်ဘူး”

“ဘာလဲဟ…”

ယခုလို တည့်တိုးကြီး စော်ကားမှုကြီးက ဤနေရာရှိ ဂိုဏ်းသားတိုင်း၏ ဒေါသမီးများကို မီးစာထည့်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ အရွေးခံရသည့် ကိုးဦးမှတစ်ပါး ဤနေရာရှိ လူတိုင်း အပြင်စည်းဂိုဏ်းသားလောက်တောင် ထျန်းရွှမ်တံခါး ဝင်ခွင့်အတွက် မထိုက်တန်ဘူးပေလော။

ကျောက်ရှူ ရှေ့တစ်လှမ်းတက်လိုက်ပြီး ဒေါသကို မနည်းချုပ်တည်းထားရသော လေသံဖြင့် မေးလိုက်၏။ “ကျုပ်ရဲ့ နေရာကို ဘယ်သူ ယူသွားလဲ သိခွင့်ရမလား”

“စုရှောင်ရှန်” အကြီးအကဲစန်း ဘာမှ မဖြစ်သည့်အလား ဆိုလိုက်သည်။

ရဲ့ရှောင်ထျန်း စွံ့အသွား၏။

‘လခွေး ဘာလို့ တည့်တိုးကြီးပြောလိုက်တာလဲဟ ဒါဆို ငါလျှို့ဝှက်ချက်အဖြစ် ထားထားတာ ဘာအဓိပ္ပါယ်ရှိတော့မလဲ… မင်းရဲ့တပည့် စုရှောင်ရှန်အတွက် ဒီမှာ ရန်သူတွေလာရှာပေးနေတာလားဟ… မင်းဘာဖြစ်နေတာလဲ’ စိတ်ထဲမှ ကျိန်ဆဲလိုက်တော့သည်။

လူအုပ်၏ တစ်ဘက်မှ သူ့ကို အချက်ပေးနေသော ရဲ့ရှောင်ထျန်းကို အကြီးအကဲစန်း လစ်လျူရှုလိုက်လေသည်။

စုရှောင်ရှန်က သူ၏တပည့်ဖြစ်သည်။ သူ့တပည့်ကို သူသင်ချင်သလို သင်ကြားပေးပေမည်။ မည်သူမှ လာနှောက်ယှက်ခွင့် မရှိပါလေ။

“ဒါပဲလား။ ခင်ဗျားမှာ တခြားပြောစရာမရှိတော့ဘူးလား… အကြောင်းပြချက်တစ်ခုခုကော မရှိဘူးလား” အကြီးအကဲစန်း၏ စကားကြောင့် ကျောက်ရှု မှင်တက်သွားလေသည်။

“မရှိဘူး”

အကြီးအကဲစန်း၏ မတူသလို မတန်သလို လေသံက သူ၏ ဒေါသကို မီးစားပိုထည့်ပေးလိုက်၏။ “ကျုပ်သဘောမတူဘူး”

“ဟုတ်လား။ လဲသေလိုက်လေ”

အကြီးအကဲစန်း၏ လေသံက ခံစားချက်များမပါဝင်ပေ။ “ထျန်းစန်းနန်းတော်ရဲ့ စည်းမျဥ်းစည်းကမ်းတွေကို မင်းစိန်ခေါ်နိုင်လောက်အောင် မသန်မာသရွေ့ကတော့ ကြိတ်ပြီးခံဖို့ကလွဲ ဘာမှမရှိဘူး”

မည်သူက ၎င်းကိုသည်းခံနိုင်ပါမည်နည်း။

၎င်းက လက်ထောက်မှူး ကိစ္စတစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ခြင်းကို မြင်တွေ့ဖူးသည့် ပထမဆုံးအကြိမ်ဖြစ်လေသည်။ ပထမဆုံးအကြိမ်ဖြစ်လည်း ဤအဘိုးကြီး မည်မျှ တမူထူးခြားကြောင်းကို သိသွားကြခြင်းလည်းဖြစ်၏။

သူနှင့်ယှဉ်လျှင်တော့ ရဲ့ရှောင်ထျန်းက သဘောကောင်းကာ သာမန် ဖြစ်ဟန်ရလေသည်။

ကျောက်ရှုသည်းမခံတော့ဘဲ ခြေလှမ်းလေးကြီးများဖြင့် လူအုပ်ထဲမှ ထွက်လိုက်လေသည်။ အခန်းတွင်း အပူချိန်က ရုတ်ချည်း ထိုးကျသွား၏။

ဘုန်း…။

ကျောက်ရှုရှေ့ဆက်မလှမ်းနိုင်ခင်မှာ ရဲ့ရှောင်ထျန်း သူ့အနား၌ ရုပ်ချည်း ပေါ်လာပြီး လက်ဝါးတစ်ချက်ဖြင့် ကြမ်းပြင်၌ သူ့ကို အမှောက်သိပ်လိုက်၏။

“ရပ်လိုက်စမ်း”

လူတိုင်း အံ့ဩဘနန်းဖြစ်သွားကြသည်။

ကျောက်ရှု ဘာမှတောင်မလုပ်‌ရသေးဘဲ ရဲ့ရှောင်ထျန်းက အဘယ်ကြောင့် သူ့ကို ထိန်းချုပ်လိုက်ရပါသနည်း။ စကားမစပ် ဘာတွေဖြစ်ကုန်တာလဲ။

လက်ထောက်မှူး အကြီးအကဲစန်း လည်းပြောင်းလဲသွားပြီး ယခု သူ၏ အာဏာကို အလွဲသုံးစားလုပ်နေသည်။ မနက်ဖြန်မနက် သတင်းခေါင်းစီးအတွက်တော့ သတင်းထူးကြီးရပေပြီ။

ကြမ်းပြင်ပေါ်မှ ဖုန်းကွယ်မထားသော လောင်မြိုက်နေသော ဒေါသများဖြင့် ကျောက်ရှုထလာသည်ကို ရဲ့ရှောင်ထျန်းကြည့်လိုက်လေသည်။ ထို့နောက် သက်ပြင်းမောကြီးချလိုက်၏။

‘ငါမင်းကို ကယ်ဖို့ကြိုးစားနေတာ ကောင်လေးရ… မင်းတို့အတွင်းစည်းကို လွန်ခဲ့တဲ့ သုံး၊ လေးနှစ်လောက်က ၀င်လာတဲ့ ကောင်‌တွေ အကြီးအကဲစန်း ရဲ့ရှေ့မှာ အရင်တစ်ခေါက်က ဒီလိုလုပ်ရဲတဲ့သူ ဒုက္ခိတထက်တောင် ပိုပြီး ဒုက္ခိတ ဖြစ်သွားတာကို မသိ ကြဘူး… ငါဘာလို့ လက်ထောက်မှူးမဟုတ်ဘဲ ခေါင်းဆောင်ဖြစ်နေတာ ဘာလို့လဲ မသိကြဘူး။ သူဘာလို့ လက်ထောက်မှူးရာထူးကို ကျေကျေနပ်နပ်ကြီး ယူသွားလဲမသိကြဘူး… သေချင်နေပါတယ်ဆိုတဲ့ သူတောင် ဒီလိုမလုပ်ရဲတာ မသိကြဘူး။ အကြီးအကဲခုံက လူတွေအားလုံး ဒီမှာ လာစုနေရင်တောင် ဒီအဖိုးကြီးကို မင်းပြောသလို မပြောရဲတာ မသိကြဘူး…’

အကြီးအကဲစန်း တစ်စုံတစ်ခုပြောရန် ပြင်လိုက်စဉ် ရဲ့ရှောင်ထျန်း အလျှင်အမြန် ကြားဖြတ်ပြောလိုက်လေသည်။ “ကောင်းပြီ။ မင်းတို့အားလုံး သွားနိုင်ပြီ။ မြန်မြန် ထွက်သွားကြ”

အခြေအနေ ဒီထက် ပေါက်ကွဲထွက်လာရင် အကြီးအကဲစန်းကြောင့် သွေးဆူသည့် လူငယ်သုံး‌၊ လေးယောက်လောက် ကြမ်းပြင်၌ မှောက်လဲသွားမှာကို စိုးရွံ့မိ၏။

ထို့နောက် ဤနေရာ၌ လုပ်စရာများပြီးစီးသော် ကန်တော့ချွန် ကောက်ရိုး‌ခမောက်စောင်းထားသော အဖိုးကြီးကို သစ်တောလေးစီ ခေါ်သွားလိုက်၏။

“အကြီးအကဲခုံကလူတွေ မင်း လက်ထောက်မှူးကို ကမ္ဘာကြီးကို‌ လျှောက်သွားဖို့ သဘောတူပြီးကြပြီလေ။ မင်းဒီမှာ ဘာမှ လုပ်စရာမရှ်ိတော့ဘူး။ ဘာလို့ ပေခံနေသေးတာ… ဘာလို့ ပြဿနာရှာချင်နေတာ”

ထိုအသံများက တစ်စထက် တစ်စ ပိုပို တိုးသွားခဲ့ပြီး နောက်ဆုံး လုံး၀ မကြားရတော့သည်အထိ ဖြစ်သွားခဲ့၏။

ကျောက်ရှု ဒေါကန်နေပါသည်။ နောက်ကွယ်က ကြိုးကိုင်သူက မည်သူဖြစ်နေပါစေ ဒီကိစ္စကို သူဒီတိုင်းကြည့်နေမည်မဟုတ်ပါ။

“စုရှောင်ရှန်…”

“ဒါ ငါသတ်ရမယ့် လူမလား” ယွမ်တု သူ့လှံတံကို သိမ်းပြီး လန်ရှင်းရှီပေးထားသော တာ၀န်ကို သတိရသွားသည်။ ထို့နောက် မီးသီးတစ်လုံး လင်းလာကာ ကျောက်ရှုထံသွားလိုက်လေသည်။

“ရှု… ငါ…”

“ငါ့နာမည်ကို အဖျားစွပ်ခေါ်ဖို့ မင်းကို ဘယ်သူပြောလဲ… ငါမင်းနဲ့ အဲ့လောက်မရင်းနှီးဘူး” ကျောက်ရှု ယွမ်တုကို မာန်မဲလိုက်သည်။

ယွမ်တု ရှက်ကိုးရှက်ကန်း ပြုံးလိုက်၏။ “မင်းရဲ့နောက်ဆုံး ‌တိုက်ကွက်ကို မသုံးနိုင်‌လိုက်လို့ ငါမင်းကို အဖျားစွပ်ပြီးနိုင်သွားတာသိပါတယ် ဒါပေမယ့်…”

“ပါးစပ်ပိတ်ထား”

“…”

“ကောင်းပါပြီ ကောင်းပါပြီ ငါမပြောတော့ပါဘူး” ယွမ်တု ပုခုံးတွန့်လိုက်ပြီး “ကြည့်ရတာ စုရှောင်ရှန်ရဲ့ အချက်အလက်တွေကို ငါ့ဘာသာ ငါပဲ သိမ်းထားရတော့မယ်ထင်ပါတယ်”

ကျောက်ရှုက အလွန်အမင်း ဒေါသထွက်နေသော်လည်း ပုံချစရာ နေရာမရှိဖြစ်နေလေသည်။ “ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့ ပြောစမ်း”

“စုရှောင်ရှန်” ဟူသည့် နာမည်ကို ကြားလိုက်သည့်အခါ ကျိုးထျန်းရှန် စိတ်လှုပ်ရှားသွားတော့သည်။

ထို့ထက်ပိုပျော်စရာကောင်းသောအရာကို သူမသိပါပေ။ စုရှောင်ရှန်ဆိုသည့်လူက အပြင်စည်း၌ရှိနေရင်းတောင် ထျန်းရွှမ်တံခါးထဲ၀င်နိုင်နေ၏။ အလွန်အထင်ကြီးစရာကောင်းပေသည်။

သို့သော် သူ့အနီးနားရှိလူများ၏ အမူအရာက ထူးဆန်းနေသည်ကို သတိထားမိလိုက်၏။ အကြီးအကဲစန်း၏ စကားကြောင့် ဤခန်းမအတွင်းရှိ လူတိုင်းနီးပါး စုရှောင်ရှန်နှင့် ရန်သူဖြစ်လာခဲ့လေသည်။ ထို့ပြင် အခြေအနေက ထိုထက် ပိုဆိုးရန်သာရှိတော့၏။

ထို့နောက် ကျောက်ရှုကိုသူကြည့်လိုက်သည်။ သူ့နေရာ အလုခံလိုက်ရသည့်အတွက် ဒီကိစ္စကို ဒီတိုင်းထားမည့်ဟန်မရပေ။ သူက ဉာဏ်မပြေးသော်လည်း ကျောက်ရှုတစ်ယောက် စုရှောင်ရှန်ကို တစ်ခုခု လုပ်မည်ဆိုတာကိုတော့သိလေသည်။

‘မဖြစ်ဘူး… စုရှောင်ရှန်ကို သတိပေးမှပဲ’ သူတွေးလိုက်သည်။

ထို့နောက် ယွမ်တုနှင့် ကျောက်ရှုတို့ အနားမှ သာမန်ကာရှန်ဖြတ်သွားလိုက်ရာ သူတို့ပြောနေသည်များကို ကြားလိုက်ရ၏။

“တကယ်လို့ ထျန်းရွှမ်တံခါးမဖွင့်ခင် (၃) ရက်လောက်အလိုမှာ စုရှောင်ရှန် သေသွားရင် သူ့၀င်ခွင့်က လစ်လပ်သွားပြီး မင်းစီပြန်ရောက်လာမယ်မလား”

ကျိုးထျမ်းရှန် ထပြေးတော့သည်။

“စု‌ရှောင်ရှန် မင်းကို သတ်ဖို့လာနေကြပြီ” စိတ်ထဲမှ အော်လိုက်လေသည်။

“ဒီနှစ်ယောက်ကို ငါမနိုင်ပေမယ့် မင်း စုရှောင်ရှန်ကတော့မတူဘူး။ ငါကျိုးထျန်းရှန် မင်းပြင်ဆင်ခွင့်ရအောင် လုပ်ပေးမယ်”

သူပြေးနိုင်သလောက် အလျှင်အမြန် ပြေးလိုက်တော့၏။

အပြင်စည်း… အထိပေါ့…

Comment

Leave a Reply

Options

not work with dark mode
Reset