Switch Mode

Chapter – 109

အပိုင်း (၁၀၉) ကလူကျီဆယ်ခြင်း

ထန်းးး…။

စိတ်ဝိညာဉ်ဓားက ဧရာမ အပန်းရောင် ကုတင်ကြီးဘေး ကြမ်းခင်းသို့ သွားစိုက်ကျလေသည်။

သူတိူ့နှစ်ဦးတစ်ဦိးကိုတစ်ဦး အံ့အားသင့်စွာ ကြည့်၍ ပြောစရာစကားများပျောက်ရှသွားသည့်အလား အားစေးမိနေကြသည်။

ရေစက်ကလေးတစ်စက်က ထိုမိန်းမပျိုလေး၏ ပါးပြင်ထက်မှ ပုခုံးရိုးပေါ်သို့ စီးကျသွားပြီး ထိုမှတဖန် ရင်အုံ၌ စည်းထားသော တံပါတ်ကို ထိမှ ‌ရပ်သွားတော့သည်။

စုရှောင်ရှန် တံတွေးများကို ခက်ခက်ခဲခဲ မျိုချလိုက်၏။ ကမ္ဘာကြီးက သေးလွန်းပေစွ။

ဒီမိန်းမပျို‌လေးက စုရှင်းရှင်းနှင့် သူ့ပြိုင်ပွဲကိုလာကြည့်ပြီး ‌ပြန်မသွားခင် သူ့ကို ဖျားယောင်းသွားသည့် မိန်းမပျိုလေး မဟုတ်ဘူးပင်လော။ အခြားသူများဆိုပါက သူမေ့ကောင်းမေ့နိုင်သော်လည်း သူ့တစ်ဘ၀လုံး၌ တွေ့ဖူးသည့် မိန်းမပျိုများအကြား၌ အလှဆုံးဖြစ်နေရာ သူမကို မနေ့တစ်နေ့ကလို မှတ်မိလေသည်။

“မောင်လေးရှောင်ရှန်…”

“ထွီးး ထွီးး… စုရှောင်ရှန် နင်ဘာလုပ်နေတာလဲ” ယောင်ယင်ယင် နီမြန်းနေသော မျက်နှာထားဖြင့် တံတွေးထွေးထုတ်လိုက်လေသည်။

‘ဒီကောင်က စုရှင်းရှင်းပြောနေကြ သူ့ရဲ့ အကိုရှောင်ရှန်ဆိုတာမလား… သူက အပြင်စည်းဂိုဏ်းသားမဟုတ်ဘူးလား… အတွင်းစည်းကို ခိုး၀င်လာတာလား’

ချက်ခြင်း အတွင်းစည်းထိပ်သီး (၃၃)ဦးက အပြင်စည်းဂိုဏ်းသားများကိုတွေ့ပါက ကြီးကြပ်သူ နေရာ တာ၀န်ယူလို့ရတယ်ဆိုတဲ့ အတွေးစိတ်ထဲ၀င်လာပြီး လှုပ်ရှားမိတော့မလို ဖြစ်သွား၏။

‘နေပါဦး… အတွင်းစည်းကိုသူလာတယ်ဆိုရင်တောင် ဘာလို့ စည်းတစ်ခုလုံးကိုဖြတ်ပြီး ဒီကိုရောက်လာတာ။ ပြီးတော့ ‌ဒီလောက်နက်နက်ရှိုင်းရှိုင်းလာခဲ့တာ ငါရေချိုးတာကို တမင်ချောင်းချင်လို့တော့ မပြောနဲ့နော်… ခက်တာပဲ ဒီကောင်လေးကိုလဲ ငါသတ်ပစ်လိုက်လို့မရဘူး’

ယောင်ယင်ယင် အတော်လေး ဒေါကန်သွားသည်။ အိပ်ယာ၏ တစ်ဘက်ခြမ်းကိုသွားပြီး သူမ၏ ဓားကို ဆတ်ကတည်း ဆွဲထုတ်လိုက်၏။

ချလန်း…။

အသိပေးချက်ဖန်သားပြင်၌ ‘သံသယ၀င်ခံရပါသည်’ ဟူသော အသိပေးချက်များ အဆက်မပြတ်ကျလာနေရာ ဓားဆွဲထုတ်လိုက်သည့် မြင်ကွင်းကိုကြည့်ပြီး စုရှောင်ရှန် ကြောက်ဒူးတုန်သွား၏။

‘သူရေချိုးတာလေးကို မြင်သွားတာနဲ့ ငါ့ကို သတ်ပစ်တော့မှာလားဟ’ သူတွေးလိုက်ပါသည်။

“တစ်ခြားမတွေးနဲ့ နင်၀င်လာကတည်းက ငါသိ နေပြီးသား။ ဒါနဲ့ ထင်ယောင်ထင်မှားဖြစ်သွားအောင်လုပ်လိုက်လို့ ပုံရိပ်ယောင်အောက်ကျနေတာ။ မဆိုးဘူး အလျင်အမြန်ပြန်ရုန်းထွက်လာနိုင်တာ နင့်စိတ်စွမ်းအားတော့ တော်တော်ကောင်းတာပဲ”

စုရှောင်ရှန် မှင်တက်သွားသည်။ ဘာဖြစ်နေတာလဲ။ သူ့ကို မှတ်မိတာတောင် “ညီမလေးစု” ဟု ခေါ်တယ်ပေါ့။

‘နေပါဦး… ငါ့အကြားအမြင်ကြောင့် သူ့ပုံရိပ်ယောင်အလုပ်မဖြစ်တာကိုမသိလောက်ဘူး။ ဒါကြောင့် မျက်နှာမပျက်အောင်လုပ်နေတာနေမှာ… ဟက် ငါ့ကို လာလှည့်စားချင်နေသေးတယ်။ ရမလားလို့’ သူတွေးလိုက်၏။

စုရှောင်ရှန်၏ မျက်နှာထက်၌ ထူးဆန်းသောအမူအရာကြီးရှိနသည်။ သို့သော် ယောင်ယင်ယင် ပြန်လှည့်လာသည်နှင့် ချက်ခြင်းအော်လိုက်၏။ “ငါ ဘာမှ မတွေ့ဘူးနော်”

ဒါပေမယ့် အဲ့တာက သူတစ်ခုခုကို တွေ့လိုက်တယ်လို့ ၀န်ခံခြင်းနှင့် မတူပေဘူးလော။

“ထွီးထွီး… ငါတွေ့လိုက်တာက … ဘယ်လိုပြောရမလဲ… ဒါ…”

ယောင်ယင်ယင် မှန်တင်ခုံနားသွားပြီး စက္ကူတစ်စကို ယူကာ သူ့ကိုကမ်းပေးရင်းဆိုသည်။ “နင့်နှာခေါင်းသွေးတွေ အရင်သုတ်လိုက်ဦး”

“…”

ကသိကအောက်ဖြစ်ခြင်း။

‘ချီး ဒီထက်ရှက်ဖို့ကောင်းတာ ရှိဦးမလား’

စက္ကူစကိုယူပြီး အရှုံးပေးလိုက်တော့သည်။

ယောင်ယင်ယင် သူမ၏ အိပ်ယာပေါ်တွင် ‌ခြေချိတ်ရင်း ထိုင်လိုက်လေသည်။ ထို့နောက် သူ့ကို ချင့်ချိန်နေသည့်အလား အသာအယာ မျက်စိ မှေးပြီးကြည့်လိုက်၏။

“ဒီကို စုရှင်းရှင်းကိုလာရှာတာလား။ ငါရေချိုးတာကိုလာချောင်းတာလား။ အဲ့တာတွေထားဦး။ ငါ့အိမ်ထဲကို အစကတည်းက ဘယ်လို၀င်လာနိုင်‌တာတုန်း”

အ‌ခြေအ‌နေ ဒီထက်ရှက်ရွံ့ဖွယ်ရာ မရှိတော့တာကြောင့် စုရှောင်ရှန် အလိမ်အညာတွေပြောမနေတော့ချေ။ ထို့နောက် အ၀တ်အစားများတင်ထားသော ခုံတစ်လုံးကို ဆွဲယူကာ ထိုင်ခုံပေါ်ရှိအဝတ်အစားများကိုဖယ်ထုတ်ပြီးတော့ သူ့အိမ်အလားထိုင်လိုက်၏။

“ငါဒီကို နေစရာ နေရာရှာဖို့လာခဲ့တာ နင်ပြောသလိုတစ်ခုမှမလုပ်ရပါဘူး… အိမ်ထဲကိုဘယ်လိုဝင်လာနိုင်လဲဆိုတော့ငါလည်းမသိဘူး။ တံခါးကိုဖွင့်ပြီးတော့ဒီတိုင်းဝင်လာတာပဲ”

တခဏရပ်တန့်သွားပြီးနောက်ဆုံးတုန့်ဆိုင်းနေသည့်ဟန်ဖြင့် “ဘာလို့တံခါးကိုသော့မခတ်ထားတာလဲ”

ယောင်ယင်ယင် ပြောစရာစကားများပျောက်ရှာသွားသည်။

‘ငါ့အဝတ်အစားတွေနဲ့တခန်းလုံးရှုပ်ပွနေတာ မရှင်းနိုင်တာ‌တောင် နင်ကတံခါးသော့မခတ်ထားဘူးလို့မေးနေသေးတယ်ပေါ့’ သူမတွေးလိုက်သည်။

ယောာက်ျားလေးတစ်ယောက် သူမ၏ အိမ်ထဲသို့၀င်လာမည်ဟု မထင်ထားလေရာ အ၀တ်များအားထားချင်ရာထားခဲ့လေသည်။ ယခု စုရှောင်ရှန် မြင်သွားခဲ့ရာ ရှက်သွေးဖြန်းသွား၏။ ယခုမှတော့ အခန်းရှင်းဖို့ အချိန်လည်း မရှိ‌ပါတော့ပေ။

ထို့နောက်သူ့လက်ထဲမှာတံဆိပ်ပြားကိုကြည့်လိုက်ပြီး “ငါ့ကိုအဲဒါပေးကြည့်”

“ဒါလား” စုရှောင်ရှန် တံဆိပ်ပြားကိုကိုင်ပြလိုက်သောအခါ ယောင်ယင်ယင် ခေါင်းညိတ်ပြလိုက်သည်။ သို့ဖြင့် တံဆိပ်ပြားကိုပေးလိုက်၏။

ဤမိန်းမပျိုလေး မည်မျှ သဘောထားကြီးပါစေ တစ်နည်းနည်းနဲ့တော့ သူအပြစ်ပေးခံရမည်ဆိုတာကိုသိလေသည်။

‘ကံကောင်းတာက အစကတည်းက ငါမချမ်းသာတာပဲ… တကယ် ငွေညှစ်လို့ ပေးစရာမရှိဘူးဆိုရင်တော့ ငါ့ခန္ဓာကိုယ်နဲ့ ဆပ်ရတော့မှာပဲ’

“အကြီးအကဲတံဆိပ်ပြား… နေပါဦး ဒါလက်ထောင်မှူး၊ အကြီးအကဲစန်းရဲ့တံဆိပ်ပြားမလား”

ယောင်ယင်ယင် အနီနက်ရောင်တံဆိပ်ပြားကို အံ့အားသင့်များအထင်သားပေါ်နေသောမျက်နှာဖြင့်ကြည့်လိုက်သည်။ “ဘာလို့အကြီးအကဲစန်းရဲ့တံဆိပ်ပြားက နင့်ဆီရောက်နေတာလဲ”

စုရှောင်ရှန် အကြပ်ရိုက်သွားသည်။ ၎င်းက သာမန်အကြီးအကဲ တစ်ဦး၏ တံဆိပ်ပြားပင်မဟုတ်လော။

စိတ်ဝိဉာဉ်စာကြည့်တိုက်သို့ နည်းစနစ်သွားယူချိန်ကလည်း ရှောင်ချိစွေ၌ ဤသို့ တစ်ပုံစံထဲသော တံဆိပ်ပြားရှိသည်ကိုမြင်ခဲ့ရလေသည်။ ဒီတံဆိပ်ပြားက အကြီးအကဲစန်းဟာဆိုတာကို မည်သို့ ခွာခြား သိနိုင်သနည်း။

၎င်းက အရှိန်အဝါကြောင့်ပင်လော သာမန်မျက်စိဖြင့် မမြင်နိုင်သော ကွဲပြားမှုကြောင့် ပင်လော။

“အင်း… ဟုတ်တယ် အဲ့တာ အကြီးအကဲတံဆိပ်ပြား… ဒီလိုဟာနဲ့ဆို တစ်ယောက်ယောက်ရဲ့ အိမ်ထဲကို အတားအဆီးမရှိ၀င်နိုင်တယ်ပေါ့” စုရှောင်ရှန် ‌အံ့အားသင့်နေသော လေသံဖြင့် ပြန်မေးလိုက်သည်။

အဖိုးကြီး၏ စည်းမျဉ်းများအရ သူတို့အကြားမှ ဆရာတပြည့် ဆက်ဆံရေးကို မည်သူ့ကိုမှ ပြောလို့မရပါပေ။

“သာမန် အကြီးအကဲတွေရဲ့ တံဆိပ်ပြားကတော့ ဘယ်ရမလဲ။ ထျန်းစန်းနန်းတော်တစ်ခုလုံးမှာ အဲ့လိုလုပ်နိုင်တဲ့ တံဆိပ်ပြားဆိုလို့… ‌ရဲ့ရှောင်ထျန်းနဲ့ အကြီးအကဲစန်းတို့စီမှာပဲရှိတယ်”

ယောင်ယင်ယင် ရပ်လိုက်သည်။ ထို့နောက် စုရှောင်ရှန်ကို ညုတုတုကလေးကြည့်လိုက်ပြီး ဆက်လိုက်၏။ “ဒီတံဆိပ်ပြား နင့်စီ ဘယ်လိုရောက်လာတာ”

“ငါကောက်တွေ့တာ”

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

“မလိမ်နဲ့” ယောင်ယင်ယင် သူ့ကို ကျီဆယ်သဖွယ် မျက်စောင်းကလေးထိုးလိုက်ပြီး “ငါတို့ ကိစ္စကမပြီးသေးဘူး။ နင်ဒီကနေ အသက်ရှင်လျက်ထွက်သွားနိုင်ဖို့က သူပြောတဲ့အပေါ်မှာ မူတည်နေဆယ်ဆိုတာ မမေ့နဲ့”

“ကောင်းပြီလေ” စုရှောင်ရှန် လက်နှစ်ဖန်ကို ဆန့်၍ ဖြန့်လိုက်ပြီး “အကြီးအကဲစန်းက ငါ့ဆရာပဲ”

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]

ယောင်ယင်ယင် ချက်ခြင်းထရပ်လိုက်ပြီး ခြိမ်းလားခြောက်လားပြုသော လေသံမျိုးဖြင့် “မ လိမ် နဲ့”

‘ငါပြောတော့လဲ နားမထောင်ဘူး။ လိမ်တယ်ဆိုပြီး သံသယလာ၀င်နေတယ်။ အမှန်တရားပြောတာကြတော့လဲ မယုံပြန်ဘူး။ အဲ့တော့ငါကဘာပြောရတော့မှာ’

ထို့နောက် သူ့မျက်လုံးများကို တင်းတင်းမှိတ်လိုက်ရင်း လက်မှိုင်ချ ပြောလိုက် တော့သည်။ “မမေးပါနဲ့တော့။ ငါပြောလို့ရတဲ့ အရာမဟုတ်ဘူး တောင်းပန်ပါတယ်”

ယောင်ယင်ယင် စွံ့အသွား၏။

၎င်းကို ကြားပြီးနောက် ဆံဆိပ်ပြားကို ကိုင်ကာ အတွေးနက်သွားတော့သည်။ ‌တစ်အောင့်ကြာသော် သူမ၏ အကြည့်များ ပြောင်းလဲသွားပြီး ချိုမြိန်စွာ ပြုံးလိုက်၏။ သဘက်စကို အနည်းငယ်ပင့်ပြီး သူမ၏ ဆင်းလျသော ခြေတံရှည်ကြီးများဖြင့် သူ့စီ ဆွဲမက်ဖွယ် ကောင်းစွာ လျှောက်သွားလိုက်၏။

“နင်ငါ့ကိုဘာမှမပြောလဲ ကိစ္စမရှိပါဘူး။ နင့်မှာ ဒီပစ္စည်းရှိနေတယ်ဆိုတာကိုကအကြီးအကဲစန်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိလို့ဆိုတာ ငါသိပါတယ်”

စုရှောင်ရှန် ဘယ်ကို ကြည့်လို့ ကြည့်ရမှန်း မသိဖြစ်သွား၏။

‘ဒီ‌လောက်ကြီး လာကပ်တာဘာလုပ်ချင်နေတာလဲဟ။ ဒီတိုင်းဆို ငါဆက်ထိန်းထားနိုင်တော့မှာမဟုတ်ဘူးနော်’ သူစိတ်ထဲမှ ဆိုလိုက်၏။

“မိန်းကလေး မသင့်လျော်ပါဘူး”

“ဘာကြီး” ယောင်ယင်ယင် မျက်မှောင်ကုပ်လိုက်သည်။ ထို့နောက် သူပြောတာ နားလည်သွားသဖြင့် ပါးစပ်ကိုကာ၍ ရယ်လိုက်ရင်း “နင်က ငါ့အခန်းထဲရောက်နေတာလေ ငါ့ကို အဲ့လိုပြောတာ မရှက်ဘူးလား”

ထို့နောက် သူ့လည်ပင်းကိုသိုင်းဖက်ပြီး နား‌ထဲကို လေမှုတ်ထည့်လိုက်ကာ ညုတုတု ပြောလိုက်သည်။ “ငါ့ကိုကတိ‌တစ်ခုပေးရင် ဒီနေ့ကိစ္စကိုလျော်ပေးလိုက်မယ့်အပြင် ဆုပါချဦးမယ်”

[ဖျားယောင်းခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

သူမ၏ ကိုယ်သင်းရနံ့ သူ့နှာခေါင်းထဲ၀င်လာတော့သည်။ အတိတ်ဘ၀ရော ယခုဘ၀ပါ ဤသို့ မှင်တက်ရလောက်အောင် ချောမောသည့် မိန်းမပျိုတစ်ယောက်နှင့် နီးနီးကပ်ကပ်မနေဖူးပါချေ။ ထို့ပြင် သူမက သဘက်စကိုပဲစည်းထားရာ စိတ်ရိုင်း၀င်ချင်စိတ်များကို အတင်းချုပ်တည်းထားရတော့၏။

“ဖယ်”

စုရှောင်ရှန် ရုန်းလိုက်ရာ သူ့မေးစေ့က သူမ၏ လက်ဖျံကိုသွားထိလေသည်။ ချက်ခြင်း အကြောအခြင်များ ထောင်ထသွား၏။

“ဖယ်လို့ ‌နားထဲကို လေတွေ မမှုတ်ထည့်ပါနဲ့ဟ”

ယောင်ယင်ယင် တစ်ခစ်ခစ် ရယ်လိုက်သည်။ စုရှောင်ရှန်ကို ထိုထက် သတ္တိရှိမယ် ထင်ထားလေသည်။

‘ဒီလောက်လေးတောင် မခံနိုင်တော့ဘူးလား’ သူမ တွေးလိုက်၏။

သူမ၏ နှုတ်ခမ်းသားများမှ နွေးထွေးသော အာငွေ့များ သူ့ကို ရိုက်ခတ်သွားပြီး မေးလိုက်သည်။ “တကယ် လွှတ်ပေးရမှာလား”

[‌ဖျားယောင်းခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

စုရှောင်ရှန် သူ့သွေးများစူပွက်လာပြီး အသိစိတ်လွတ်တော့လို ဖြစ်သွားတော့သည်။ ထို့နောက် သူ့ကိုသိုင်းဖက်ထားသော လက်များအတွင်းမှ ခုန်ထွက်ပြီး နောက်သို့ ဆုတ်သွား၏။

“နင်ဘာလုပ်ချင်နေတာလဲ”

စုရှောင်ရှန် နောက်ကြာကြာမဆုတ်လိုက်ရဘဲ အိပ်ယာထက်ကိုကျသွားတော့သည်။ အ‌ခြေအနေက ပြောင်းပြန်ဖြစ်သွား၏။ “လက်ပါစရာမလိုပါဘူး။ စကားနဲ့ ဖြေရှင်းလို့ရပါတယ်”

‘ဖက်‌တာ‌လေးကို ဘာဖြစ်’

ပုခုံးရှေ့မှာကျနေသော ဆံနွယ်များကို နောက်သို့ ပြန်ပို့ရင်း လူယုတ်မာ အပြုံးတစ်ခုဖြင့် အိပ်ယာထံ ယောင်ယင်ယင် လျှောက်သွားလိုက်သည်။ ထို့နောက် သူမ၏ ဖြူဖွေးနေသော ခြေတစ်ဘက်ကို ဆန့်ထုတ်ကာ စုရှောင်ရှန်ကို အိပ်ယာထက်၌ ချောင်ကပ်လိုက်၏။

“ရတယ်လေ ဒါဆို ခြေထောက်နဲ့ ပြောရတော့မှာပေါ့”

စုရှောင်ရှန် အိပ်ယာပေါ်မှ တဖြေးဖြေး နောက်ဆုတ်ရင်း ခေါင်းစည်းကိုကပ်သွားလေသည်။ သူ့မျက်လုံးများ မျက်ရည်များဖြင့် စိုရွှဲသွား၏။

ဒီကောင်မလေး သူဒီလောက်ထိန်းချုပ် နေရတာကို မသိဘူးလား။

Comment

Leave a Reply

Options

not work with dark mode
Reset