Switch Mode

Chapter – 107 & 108

အပိုင်း (၁၀၇+၁၀၈) ကမ္ဘာမြေပြင်ပေါ်က နတ်ပြည်(၁၀/၁)

“အဆင့်(၁၀) အနီရောင်မှော် ရစ်မူးခြင်းဆေးပင်။ ထင်ယောင်ထင်မှားဖြစ်စေတယ်။ သွေးတိတ်မြန်စေပြီး အရသာက ခါးတယ်”

ခြံအထဲတွင် တံခါးမကြီးအနီးနား၌ ပေါက်နေသော အနီရောင်ရစ်မူးခြင်း မှော်ဆေးပင်ကြောင့် စုရှောင်ရှန် လက်ဖျားခါသွားသည်။

“ဒီမှာ အဆင့်(၁၀) စိတ်ဝိညာဉ်ဆေးပင်တွေအများကြီးရှိတာပဲ။ အတွင်းစည်းမှာ နေရတဲ့ အကျိုးကျေးဇူးက အံ့မခန်းပါလား… အနီရောင်ရစ်မူးခြင်း မှော်ဆေးပင်လိုဟာတောင် ပေါက်ရောက်နေတယ်တဲ့။ ဒါပေမယ့် တစ်ခြားဟာ ပေါက်ရောက်နေရင်ပိုကောင်းမှာ။ ဒါက ကြည့်‌ရင်းနဲ့တောင် ခေါင်းက မူးနောက်နောက်ဖြစ်လာပြီ”

စုရှောင်ရှန် နားထင်ကို ပွတ်လိုက်လေသည်။ ထို့နောက် အနီရောင်ရစ်မူးခြင်းမှော်ဆေးပင်များကို ဖြတ်၍ အဓိက အိမ်စီလို့သွားလိုက်၏။

ဒီခြံက သူ့အပြင်စည်းကခြံလို အဓိကအိမ်နှင့် ဧည့်ဆောင်ဟူ၍ နှစ်ခုရှိလေသည်။ သို့သော် ဒီနေရာက ဧည့်ဆောင်က အပြင်စည်းမှ သူ၏ ပျက်ဆီးသွားသော အဓိက အိမ်ထက် ပို၍ ကြီး၏။ ခြံအနှံ့လည်း အလှဆင်ထားသော ပစ္စည်းများစွာရှ်ိနေသည်။

အဓိက အိမ်ထဲ၌ အစီအရင် ပဲ့ကိုင်ရှိမည်ဖြစ်သည်။ ၎င်းအပေါ်၌ အတွင်းစည်းဂိုဏ်းသား တံဆိပ်ပြားကို တင်လိုက်သည်နှင့် ထိုခြံ၏ ပိုင်ရှင်ဖြစ်သွားပေမည်။ အကြီးအကဲစန်း သူ့ကို ပြောပြခြင်းကြောင့်သိရှိထားခြင်းဖြစ်ပါသည်။

အကြီးအကဲတံဆိပ်ပြားကိုကိုင်၍ အဓိက အိမ်ထဲ စုရှောင်ရှန် ၀င်လိုက်တော့သည်။ ချက်ခြင်းဘဲ အရောင်အသွေးစုံလင်သော အိမ်အလှဆင် ပရိဘောဂ များကြောင့် မျက်စိစူးသွား၏။ တစ်ခန်းလုံးက နွေးထွေးစေမည့် ကာလာစုံလင်သော လူနေမှုဘ၀ ပစ္စည်းကိရိများနှင့် သိမ်မွေ့နေသည်။

အတွင်း၌ အလွန်များပြားလှသော ပရိဘောဂမာဏကြောင့် စုရှောင်ရှန်ပင် အံ့အားသင့်ရသည်။ ဧရာမ အပန်းရောင်ကုတင်ကြီးနှင့် မှန်တင်ခုံ၊ သွေး‌နီရောင် အ၀တ်အစားဗီရို… အစရှိသဖြင့် စုံလင်လှ၏။

“နေပါဦး တစ်ခုခု မှားနေသလိုပဲ”

အခန်းတစ်ခုလုံးတွင် ပိုးချည်၊ ဇာထည် အစရှိသဖြင့် ချောမွေ့သော ပစ္စည်းများဖြင့် အသေအချာပန်းထိုးစီရင်ထားသော အ၀တ်အစားများပြန့်ကျဲနေလေသည်။ ထိုအရာများကိုကြည့်ရင်း စုရှောင်ရှန် ပို၍ ပဟေဠိဖြစ်သွား၏။

တစ်ဖက်တစ်ချက်စီ၌ ကြိုတွဲလောင်းပါရှိသော အနီရောင်အ၀တ်စတစ်ခုကို စုရှောင်ရှန် ကောက်ယူကြည့်လိုက်လေသည်။ ၎င်းမှ ဖျော့တော့တော့ ဆွဲမက်ဖွယ် ရနံ့မျိုး ရရှိ‌နေ၏။

စုရှောင်ရှန် နှာခေါင်းနားကပ်၍ အနံ့ခံကြည့်လိုက်တော့သည်။ မကြာပါ စုရှောင်ရှန် ကြက်သေသေသွား၏။ “ဒါ… ဒါ အတွင်း၀တ်ကြီးမဟုတ်လား”

သို့ဖြင့် ထိုထူးခြားဆန်းပြားသည့် ပုံစံဖြင့် ပြန့်ကျဲနေသော အ၀တ်များမှာ အတွင်း၀တ်များဖြစ်ကြေင်းကို သိလိုက်ရတော့သည်။ ဤအတွေ့အကြုံက အတွင်း၀တ်နှင့် ပတ်သက်၍ သူ၏ အမြင်ကို ချဲ့ပေးလိုက်တော့၏။

“ဒါဆို ဒီမှာ တစ်ယောက်ယောက် နေတာလား… ဒါပေမယ့် တစ်ယောက်ယောက်ရှိတယ်ဆိုရင် ဘာလို့ ငါ့ကို အကာအကွယ်အစီအရင်က မ၀င်ခင်က မတားရတာလဲ”

စုရှောင်ရှန် လုံး၀ကို မှင်တက်နေရတော့သည်။

“ဒီနေရာရဲ့ မူလပိုင်ရှင်က မိန်းမတစ်ဦးဖြစ်ပြီးတော့ မတော်ဆမှုတစ်ခုဖြစ်ပြီး အိမ်ရှင် အမှတ်အသားကို ထိခိုက်သွားစေတာကြောင့် အစီအရင်က အလုပ်မလုပ်တော့တာများလား… ဒါမှ မဟုတ်…”

သူ့လက်ထဲမှ အကြီးအကဲတံဆိပ်ပြားကိုကြည့်ပြီး စုရှောင်ရှန် အတွေးနက်သွားတော့သည်။

“ငါထင်နေတာ မဖြစ်နိုင်လောက်ပါဘူး။ ဟုတ်ရင်တော့ အကြံဆိုးနဲ့ အကြီးအကဲတွေရှိနေခဲ့ရင် စိတ်ဝိညာဉ်နန်းတော်ထဲက မိန်းကလေးတွေ အန္တရာယ်ရောက်တော့မှာပဲ…”

အတွေးများကို ခါထုတ်လိုက်ပြီး အခန်းအတွင်း၌ အစီအရင် ပဲ့ကိုင်ကို စုရှောင်ရှန် ရှာလိုက်လေသည်။ သို့သော် ရှာတာနှံ့နေသည့်တိုင်အောင် မတွေ့ရရာ ဤနေရာကို တစ်ယောက်ယောက် သူ့ထက် အရင် ဦးထားပြီဆိုတာ ‌သေချာသွားလေသည်။

မိန်းကလေးတစ်ဦး၏ အခန်းထဲသို့ မ‌တော်တဆ ဖောက်၀င်သွားမိသလိုပြီးကြမ်းခင်း‌ ပေါ်မှ ရှက်စရာအရာများကို မြင်လိုက်ရသည့်အတွက် စုရှောင်ရှန် နေမထိ ထိုင်မသာဖြစ်သွား၏။ အကယ်၍ အိမ်ရှင်သာ သိပါက စုရှောင်ရှန်ကို အလွတ်ပေးမည် မဟုတ်လောက်ချေ။

“လစ်မှပဲ”

စုရှောင်ရှန် ခပ်ကုပ်ကုပ်ကလေး လစ်ထွက်ရန်ပြင်လိုက်ချိန် လေတိုက်လိုက်သည့်အလား နောက်ဖေး တံခါးပေါက်ပွင့်သွားလေသည်။ စောနလေးမှ သူကြားလ်ိုက်ရသော ရေတံခွန်မှ ရေကျသံ သူ့နားထဲ ထပ်၀င်လာတော့သည်။

စုရှောင်ရှန် အေးခဲသွားသည်။

မိန်းမပျိုတစ်ဦး၏ အခန်း၊ ရေတံခွန်နှင့်ဆိုပါက… ရေချိုးနေသည်လော။

“မတိုက်ဆိုင် လွန်းဘူးလားလို့”

စုရှောင်ရှန် စပ်ဖြီးဖြီးဖြစ်သွားသည်။ သူ့ဦးနှောက်က အသာလေး လစ်ထွက်သွားရန် ပြောနေသော်လည်း သူ့ခန္ဓာကိုယ်ကတော့ စိတ်ကိုလွန်ဆန်၍မနိုင်ဘဲ နောက်‌ ဖေးသို့ ရွေ့သွား၏။

“တစ်ချက်ကလေးကြည့်တာ ဘာမှ မဖြစ်ပါဘူး… ဟုတ်တယ် ငါ သူများအခန်းကိုဖောက်၀င်မိသလိုဖြစ်သွားတာ။ အိမ်ရှင်ရှိတယ်ဆိုရင် နောင်ကြရင် ပြဿနာမတက်ရ‌လေအောင် မျက်နှာချင်းဆိုင်ဖြေရှင်းရမှာပေါ့။ မဟုတ်ဘူးလား”

စုရှောင်ရှန် ကြက်အစာကောက်သကဲ့သို့ ခေါင်းတဆတ်ဆတ်ညိတ်ကာ ကြမ်းခင်ပေါ်မှ အတွင်း၀တ်များကို ကန်ထုတ်လိုက်ရင်း လက်ချောင်းများဖြင့် မျက်စိကို ကာပြီး နောက်ဖေးသို့ ဖြေးဖြေးချင်း ဖွဖွ က‌လေးသွားလိုက်လေသည်။

ဝုန်းးး…။

ရေကျသံက မိုးချိမ်းသံအလား ဟိန်းနေလေသည်။ ထို့နောက် နတ်ပြည်အလား ရေပူခိုးငွေ့များဖြင့် ဖုံးလွှမ်းထားသော ရေပူစမ်းကလေးကို တွေ့လိုက်ရ၏။

ရေငွ့များမှ တစ်ပါး ဘာကိုမှ မမြင်ရပါပေ။

ဒီလိုအချိန်၌ ထိုမိန်းကလေးကို ကြည့်ရှူခြင်းက ကိုယ်ကျင့်တရားဖောက်ဖျက်ခြင်းပင်ဖြစ်သောကြောင့် စုရှောင်ရှန် မျက်လုံးကို တင်းတင်းမှိတ်ထားလိုက်၏။ မဟုတ်ပါက သူမနှင့် မျက်နှာချင်းဆိုင် ဖြေရှင်းရလျှင် အခြေအနေက ပို၍ ရှုပ်ထွေးသွားပေလိမ့်မည်။

တံခါး၀၌ ရပ်နေရင်းက အကြားအမြင်ကို အဆုံးထိ ဖွင့်လိုက်လေသည်။ ရေပူစမ်းကလေးမှ ရေပွက်ကလေးထနေသည့် နေရာကို စုရှောင်ရှန်၏ အာရုံရောက်သွားသည်။ လှိုင်းဂယက်လေးထသွားပြီး လှပကြော့ရှင်းသော ပုံရိပ်လေးတစ်ခု ပေါ်လာခဲ့၏။

သူမ၏ ကျောက်စိမ်းကဲ့သို့ ချော‌မွေ့သော လက်ကလေးများက နက်မှောင်သောဆံကေသာကို ပွတ်သပ်နေလေသည်။ ရေထဲ၌ ကစားနေသော သူမ၏ ပိန်ပိန်ပါးပါး ပုံရိပ်ကလေးက ကြာပွင့်လေးနဲ့တောင်အလားတူလေသည်။ ထိုမြင်ကွင်း‌က အလွန် ညှို့ဓာတ်ကောင်းကာ ဆွဲမက်ဖွယ်ရှိလှသောကြောင့် နတ်ဘုရားပင်လျှင် ကြွေဆင်းသွားလောက်သည်။

စုရှောင်ရှန် ထိုမြင်ကွင်းလေးထဲ၌ နစ်မျောလို့နေ၏။ သူ့ပါးစပ်ထောင့်၌ သွားရေများပင်ကျလာခဲ့သည်။ နှာခေါင်းမှလည်း သွေးများယိုစီးကျလာကာ သွေးဆုံးရှုံးမှုကို ပြန်ကုစားရန်အတွက် ထာ၀ရအသက်စွမ်းအင် မိုင်ကုန်နင်းလိုက်တော့‌သည်။

ချိုမြိန်သော အသံလေးတစ်ခု ပေါ်လာပြီး “ညီမလေးစုရှင်းရှင်းလား။ ရောက်လာပြီဆိုမှတော့ မမနဲ့အတူ ရေလာချိုးလိုက်ပါလား”

စုရှောင်ရှန် ရုတ်တရက် အသိပြန်၀င်လာခဲ့လေသည်။

“လစ်မှပံ။ မဟုတ်လို့ လူမိသွားရင် ငါ့ကို ရှင်းပြခွင့်ပေးပေး မပေးပေး ကွိုင်အကြီးကြီးတက်သွားဦးမယ်” သူတွေးလိုက်သည်။

သို့သော် သူလှည့်ပင်မလှည့်ရသေးချေ ရေပူစမ်းထဲမှ တုန်လှုပ်နေသော အသံတစ်သံ ထွက်လာခဲ့၏။ “ဘယ်သူလဲ”

စုရှောင်ရှန် အေးခဲသွားသည်။ သူ့မျက်လုံးကိုဖွင့်ကြည့်လိုက်ရာ ရေပူခိုးငွေ့များ ပျောက်သွား၍ နောက်လှည့်လာသော ဆွဲမက်ဖွယ် မိန်းမပျိုတစ်ဦး၏ ပုံရိပ်ကို တွေ့လိုက်ရလေသည်။

“ဒီကိစ္စက ထင်သလိုမဟုတ်ဘူး”

သူ့မျက်ဆံများကျုံ့သွားပြီး ရှေ့သို့ ခြေတစ်လှမ်း အလိုလို တက်လိုက်မိ၏။

[အိပ်မွေ့ချခံရပါသည်။ ပင်ကိုယ်မှတ် +၁]

အသိပေးချက်ဖန်သားပြင်မှ အျက်အလက်က စုရှောင်ရှန်ကို ရေအေးဖြင့် လောင်းချလိုက်တော့သည်။

“အိမ်မွေ့ချခံရတယ်ဆိုတော့… ပုံ‌ရိပ်ယောင်လား”

စုရှောင်ရှန်၏ ခြေလှမ်းလေထဲ၌ ရပ်တန့်သွား၏။ သူ့ရှေ့၌ နောက်လှည့်လာနေသော မိန်းမပျိုတစ်ဦးရှိသော်လည်း အကြားအမြင်က သူ့လည်ပင်းရှေ့၌ စိတ်ဝိညာဉ်ဓားတစ်ချောင်း ရှိနေသည်ကို ပုံဖော်ပေးလိုက်လေသည်။

သူရှေ့ဆက်တိုးလိုက်လျှင် သေသွားနိုင်ပေသည်။

‘ဘာလဲဟ။ ဘာလို့ မတူညီတဲ့ ပုံရိပ်နှစ်ခုကို ငါတွေ့နေရတာလဲ တစ်ခုခုတော့ မှားနေပြီ’ စိတ်ထဲမှ ဆိုသည်။

သူ့ရှေ့မှာ ‌ရှိနေတာက ပုံရိပ်ယောင်ဖြစ်ပြီး အကြားအမြင် ဖော်ပြတာက အစစ်အမှန်ဖြစ်လေသည်။

‘ဟုတ်သား အကြားအမြင်က ပင်ကိုယ်စွမ်းရည်ဆိုတာ မေ့နေတယ်’

ထိုမိန်းမပျိုက မိုမို့ကဲ့သို့ ချိတ်ပိတ်ခြင်းစွမ်းအင်မျိုးမရှိရာ သူမ၏ ပုံရိပ်ယောင်က သူ၏ ပင်ကိုယ်စွမ်းရည်များအပေါ် မသက်ရောက်နိုင်ပါပေ။

ထို့နောက် သူ့ရှေ့မှ မိန်းမပျို နောက်သို့ လှည့်လိုက်ရာ ပေါ်လာသည်က အလွန်အကျဉ်းတန် အရုပ်ဆိုးသော မျက်နှာကြီးဖြစ်လေသည်။ စုရှောင်ရှန် စိတ်ထဲမှ ပြင်ဆင်ထားသော်လည်း မှင်တက်သွားသေး၏။

“ငါမကြည့်ဘူး။ ငါမကြည့်ဘူး” စုရှောင်ရှန် ရေရွတ်ရင်းက အလိုလိုနေရင်း နောက်လှည့်ကျောပေးလိုက်၏။ “ငါ အိမ်ရှင်ကိုလာရှာတာ ဘာမှ မဟုတ်တာလုပ်ဖို့ ကြံရွယ်ပြီးလာတာမဟုတ်ဘူး…”

သူ့စိတ်ဖြင့် ထိုစိတ်ဝိညာဉ်ဓားက ရုတ်တရက် တုန်ခါပြီး ပျောက်ကွယ်သွားတာကို တွေ့လိုက်ရ လေသည်။ ထို့နောက် သဘက်စည်းထားသည့် မိန်းမပျို တစ်ဦး သူ့ရှေ့၌ ပေါ်လာ၏။

အကယ်၍ သူရှေ့သို့ဆက်လှမ်းလိုက်ပါက ထိုမိန်းမပျိုကို တိုက်မိသွားပေမည်။ မဟုတ်ဘဲ ရပ်နေပါကလည်း သူချောင်းကြည့်နေတာ‌ ပေါ်သွားလိမ့်မည်ဖြစ်၏။

[အိမ်မွေ့ချခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

စုရှောင်ရှန်၏ ခြေလှမ်းများ ခိုင်ခိုင်မာမာဖြင့် ရှေ့ဆက်လျှောက်၍ ထိုမိန်းမပျိုကို ဖြတ်သန်းသွားလိုက်ရာ သဘက်စည်းမိန်းမပျိုက ပုံရိပ်ယောင်အလား ပျက်ဆီးပျောက်ကွယ်သွားတော့သည်။

‘ဒီလောက်ကတော့ အေးဆေးပဲ။ ငါ့ပင်ကိုယ်စွမ်းရည်တွေကို ချိတ်မပိတ်နိုင်ရင် ဒါမှမဟုတ် အသိပေးချက်ဖန်သားပြင်ကို မပိတ်နိုင်ဘူးဆိုရင် ဒီပုံရိပ်ယောင်လောက်က စကားထဲတောင် ထည့်မပြောဘူး’

အခြားတစ်ဘက်၌ ရပ်နေသော သဘက်စည်းထားသော မိန်းမပျိုတစ်ဦးမှာ ဒေါသထွက်နေသော အမူအရာမှ အံ့အားသင့်မှုအဖြစ်သို့ သူ့ကို ကြည့်နေရင်း ပြောင်းသွား၏။

‘ငါ့ပုံရိပ်ယောင်ထဲ ဒီလူ ဘာလို့မကျသေးတာလဲ။ မျက်စိမှိတ်ထားလို့များလား… မဖြစ်နိုင်တာ ငါ့ပုံရိပ်ယောင်က မျက်စိမှိတ်ထားတဲ့သူကိုလည်း ဖျားယောင်းနိုင်တာပဲ’

ပုံရိပ်ယောင်က သူ့အပေါ်အလုပ်မဖြစ်ကြောင်းထင်ရှားလေသည်။ သို့သော် ဖြစ်ပျက်သွားသည်များကို ပြန်မြင်ယောင်မိသော် မိန်းမပျိုလေး၏ မျက်၀န်းများက ဒေါသတို့ဖြင့် လောင်မြိုက်သွား၏။

စိတ်ဝိညာဉ်ဓားက တုန်ခါသွားပြီး စုရှောင်ရှန်ထံ ပျံ၀င်သွားတော့သည်။ စုရှောင်ရှန် နောက်သို့လှည့်လိုက်သော်လည်း ခုခံမှုပြုလိုက်ခြင်း မရှိပါပေ။

‘ဟက် ငါ့စိတ်ကိုလာစွပေးနေတာပဲ’ သူတွေးလိုက်သည်။

မိန်းမပျိုလေးက အလျော့မပေးဘဲ သူ့နှလုံးတည့်တည့်ကို ထိုးလိုက်၏။ သို့သော် သူ၏ မျက်နှာကိုမြင်လျှင် သူမ၏ မှင်တက်သွားတော့သည်။

“နင်ပဲ”

သူမ၏ ဓားချက်ကို ပြန်ရုတ်သိမ်းလိုက်ချင်ပါသော်လည်း အခါနှောင်းသွားပေပြီ။ ဓားကို ထိန်းချုပ်မှုကင်းမဲ့သွားကာ သူ၏ အ၀တ်အစားများကို ထွင်းဖောက်သွားတော့၏။

ထန်းးး…။

စုရှောင်ရှန်၏ ရင်ဘက်ကို ထိတောင်မထိရ‌သေး ချွန်ထက်ခြင်းအလင်းနှင့် ကြော့ကွင်းတို့ ပေါင်းပြီး စိတ်ဝိညာဉ်ဓားကို ပြန်ကန်ထုတ်လိုက်လေသည်။

စုရှောင်ကြမ်းပြင်၌ လှဲချကာ လူးလိမ့်၍ သနားသွားအောင် ‌ဇာတ်ကရန်ကြံလိုက်သည်။ ထို့နောက် သူမကို အနူးအညွတ်တောင်းပန်ကာ ထွက်သွားလိုက်မည်ပေါ့။

သို့သော် ထိုမိန်းမပျိုလေး၏ မျက်နှာကိုမြင်သောအခါ စုရှောင်ရှန် လုပ်နေလက်စရပ်သွားတော့၏။

“နင်ကိုး”

Comment

Leave a Reply

Options

not work with dark mode
Reset