အခန်း (၁၃)
ရမ္မက်အဆိပ်မီး
“အခြေအနေ မကောင်းဘူး”
အနက်ရောင် ဝတ်စုံနှင့် လူသည် သူနောက်ဘက်မှ အန္တရာယ်ရှိသည်ဟု သိလိုက်သည်နှင့် အလွန် တုန်လှုပ်သွားကာ ရဲချန်ဖန် ၏ လက်သီးကို အလျင်အမြန် ရှောင်လိုက်သည်။
သူ့လက်သီးကို ရှောင်လိုက် နိုင်သော်လည်း လက်သီး၏ စွမ်းအားက သူ့ကို တုန်လှုပ် သွားစေသည်။ သူစိတ်မသက်မသာ ဖြစ်သွားသည်။
“မင်း… မင်းဘယ်သူလဲ”
အနက်ရောင် ဝတ်စုံနှင့် လူသည် တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး ရုပ်ပြောင်း ထားသည့် ရဲချန်ဖန်ကို သေချာ အကဲခတ် လိုက်သည်။
အလွန်စိတ်တုန်လှုပ် ခြောက်ခြားနေသော ချောင်ဂျင်ယွမ်အတွက် ဒီအချိန်သည် သူမ လိုအင်ဆန္ဒ ဖြည့်ဆည်းပေးမည့် နတ်သားလေး ဆင်းသက် လာသလို ခံစားနေရသည်။ သူမ မျက်လုံးများတွင် မျှော်လင့်ချက် ရောင်ခြည်များဖြင့် ပြည့်နှက်နေလေသည်။
သူမ ရဲချန်ဖန်ကို ကြည့်လိုက်ချိန်တွင် သူမ၏ နှလုံးသားက ရင်းနှီး ကျွမ်းဝင် နေသည်ဟု ခံစားနေရသည်။ သူမတို့သည် အရင်က သိခဲ့ဘူးသည်ဟု ထင်နေသည်။
“မင်းကို သတ်မယ့် လူပဲ”
ရဲချန်ဖန် အနေဖြင့် ထောင်လွှား မောက်မာသော ချောင်ဂျင်ယွမ်ကို အထင်မကြီး သော်လည်း သူမ ဒုက္ခရောက်ပြီး အနိုင်ကျင့်ခံ နေရသည်ကို ရပ်ကြည့် မနေနိုင်ချေ။
“မင်းကလား”စိတ်တည်ငြိမ် လာပြီးနောက် အနက်ရောင် ဝတ်စုံနှင့် လူသည် ရဲချန်ဖန် ၏ ဝိညာဉ်စွမ်းအင်သည် သူလောက် သိပ်သည်းမှု မရှိကြောင်း သိလိုက်၍ စိတ်အေး သွားသည်။ အနက်ရောင် ဝက်ဝံသားရဲနှင့် ပေါင်းစည်းပြီးနောက် သူတုတ်တံဖြင့် ရဲချန်ဖန် ခေါင်းကို တိုက်ခိုက် လိုက်သည်။
အနက်ရောင် ဝတ်စုံနှင့် လူသည် တုတ်နှင့် ဝှေ့ယမ်း တိုက်ခိုက်ရာ ရဲချန်ဖန် မရှောင်ဘဲ တုတ်ကို လက်သီးနဲ့ တိုက်ရိုက် ထိုးချလိုက်သည်။
အဲဒါကို မြင်ပြီး အနက်ရောင် ဝတ်စုံနှင့်လူသည် ကောက်ကျစ်စွာ ပြုံးလိုက်ပြီး…
“ငါ့မြွေတုတ်ကို လက်သီးနဲ့ ခုခံမယ်ပေါ့။ မင်းလက်ကို မချိုးနိုင်ရင် ငါမင်းကို ဆရာတင် လိုက်မယ်”
ချောင်ဂျင်ယွမ် ခုမှ ဖြစ်တည်လာသော မျှော်လင့်ချက်လေးသည် ချက်ချင်း ပျောက်ကွယ် သွားသည်။ သူမအမြင်တွင် တုတ်ကို လက်သီးနှင့် ခုခံသည်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေနှင့် မခြားပေ။
“ဘန်း…”
ဂျင်တစ်ထောင့်ငါးရာ စွမ်းအားနဲ့ လက်သီးသည် အရှိန်နဲ့ ကျလာသော တုတ်နဲ့ ရိုက်ခက် သွားသည်။ ချက်ချင်း ဆိုသလိုပင် ကျိုးပဲ့သွားသံကို သေချာ ကြားလိုက်ရသည်။
ကျိုးပဲ့သွားသည်မှာ ရဲချန်ဖန် လက်သီး မဟုတ်သော်လည်း အနက်ရောင် ဝတ်စုံနှင့် လူသည်လည်း တုတ်ကို လက်ထဲတွင် ကိုင်ထားဆဲ ဖြစ်သည်။
အနက်ရောင် ဝတ်စုံနှင့်လူ အပြုံးသည် ပျောက်ကွယ် သွားပြီး တုတ်မှတစ်ဆင့် သူ့လက်ကို အားပြင်းသော ရိုက်ခက်မှု ဖြစ်လာသည်။ ပြင်းထန်စွာ တုန်ခါမှုသည် သူ့လက် ကွဲကြေ သွားစေပြီး တုတ်လက်ကိုင်ပါ မရှိသလောက် ကျိုးကြေသွားစေသည်။
တစ်ဆက်တည်းမှာပင် ရဲချန်ဖန် ညာခြေက ရှေ့တစ်လှမ်း တိုးပြီးနောက် သူ့တစ်ကိုယ်လုံးသည် လေးမှလွှတ်သည့် မြှားတစ်စင်းအလား အနက်ရောင် ဝတ်စုံနှင့် လူဆီ ပြေးဝင်သွားသည်။ အနက်ရောင် ဝတ်စုံနှင့်လူကို တုန့်ပြန်ချိန်ပင် မပေးဘဲ ဂျင်တစ်ထောင် စွမ်းအားနှင့် ပြည့်နေသော ရဲချန်ဖန် ပခုံးက သားရဲ၏ ခုခံကာကွယ်မှုကို ဖျက်ဆီးပြီး အနက်ရောင် ဝတ်စုံနှင့်လူ ရင်ဘက်ကို ပြင်းထန်စွာ ရိုက်ခတ်သွားသည်။
“ဘုန်း…အား…”
အနက်ရောင် ဝတ်စုံနှင့်လူ ရင်ဘတ် ချိုင့်ဝင်သွားပြီး ပါးစပ်မှ သွေးများ ထိန်းမရအောင် ထွက်လာသည်။ ရဲချန်ဖန် တိုက်ခိုက်မှုကြောင့် သူလေထဲ လွင့်သွားပြီး မြေကြီးနှင့် ပြင်းထန်စွာ ဆောင့်မိသည်။
အနက်ရောင် ဝတ်စုံနှင့် လူသည် ခန္ဓာကိုယ် ပြင်းထန်စွာ ဒဏ်ရာရသွားပြီး သူကြောက်လန့် သွားသည်။ သူသားရဲ စွမ်းအား သုံးကာ ဒဏ်ရာကို ထိန်းလိုက်ပြီး အနောက်ရှိ ချုံပုတ်ထဲ ခုန်ချလိုက်သည်။
အနက်ရောင် ဝတ်စုံနှင့်လူ ထွက်ပြေးသည်နှင့် ရဲချန်ဖန် ချက်ချင်း လိုက်တော့သည်။ သူချုံပုတ်ထဲ ခုန်ချလိုက်သည်နှင့် ချုံနောက်တွင် ပုန်းနေသည့် အနက်ရောင် ဝက်ဝံကထွက်ပေါ်လာသည်။
ရဲချန်ဖန် ချုံခို တိုက်ခိုက် ခံရသော်လည်း မပြာသွားချေ။ ဂျင်တစ်ထောင့်ငါးရာ လက်သီးနှင့် ဝက်ဝံကို မြေပေါ် လှဲသိပ်ချ လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ ဝိညာဉ်စုပ်သိုင်းကို အသုံးပြုလိုက်ရာ သူလက်မှ အနီရောင် ဝဲကတော့ ထွက်ပေါ်လာပြီး သူ့လက်ကို ဒဏ်ရာ ပြင်းထန်စွာ ရနေသည့် ဝက်ဝံကြီးပေါ် ဖိလိုက်သည်။ ထို့နောက် အစွမ်းထက်လွန်းသော ဝိညာဉ်စုပ်အားသည် ဝက်ဝံကြီး၏ ဝိညာဉ်စွမ်းအားကို အရူးအမူး စုပ်ယူတော့သည်။
ခနလေး အတွင်းမှာပင် ဝက်ဝံကြီး၏ဝိညာဉ်စွမ်းအားကို အကုန်စုပ်ယူ လိုက်သည်။
“အား…”
ဝက်ဝံကြီး၏ ဝိညာဉ်စွမ်းအား စုပ်ယူခံရပြီးနောက် အနက်ရောင် ဝတ်စုံနှင့် လူသည် သွေးများ အန်ကာ မေ့လဲကျသွားသည်။
“ဒီလောက်တောင် သန့်စင်သလား ဝိညာဉ်စွမ်းအင်က… ဝိညာဉ်သားရဲကို တိုက်ရိုက် စုပ်ယူတာက ဝိညာဉ်ကျောက်တုံးတွေထက် အများကြီး ထိရောက်တာပဲ”
ဝိညာဉ်သားရဲကို စုပ်ယူပြီးနောက် ဝိညာဉ် စွမ်းအင်များသည် သွေးကြောများမှ တစ်ဆင့် သွေးဥထဲ စီးဝင်သွားသည်။
အသက်ငါးကြိမ်ရှူစာ အတွင်းမှာပင် သူ့အဆင့်သည် အဆင့်နှစ် အထွတ်အထိပ် ရောက်သွားသည်။ သူအဆင့်သုံး ရောက်ရန် လက်တစ်ကမ်းသာ လိုတော့သည်။
သူ အဆင့်တက်ပြီးနောက် အနက်ရောင် ဝတ်စုံနှင့် လူရှေ့ ရောက်သွားပြီး ထိုလူကို သတ်ပြစ် လိုက်သည်။
ထိုလူကို သတ်ပြစ်ပြီးနောက် ထိုလူ၏ ပိုင်ဆိုင်မူများကို စစ်ဆေးလိုက်ရာ ငွေခြောက်သောင်း ရှစ်ထောင်၊ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးတုံးနှင့် အနီရောင် ဆေးတစ်လုံးကို ရလိုက်သည်။
“မီးတောက် ဆေးလုံး…။ ဒီလူမှာ မီးတောက် ဆေးလုံး တကယ်ရှိနေတာပဲ “
မီးတောက် ဆေးလုံးကို ရဲချန်ဖန် ဝယ်ချင်ခဲ့သော်လည်း အလွန်စျေးကြီးသဖြင့် လက်လျှော့ခဲ့ ရသည်။ အခုတော့ မီးတောက် ဆေးလုံး သူရှေ့တွင် ရှိနေရာ အလွန် ပျော်ရွှင်နေသည်။
မီးတောက် ဆေးလုံးနှင့် ဝိညာဉ်ကျောက်တုံး ငါးတုံးဖြင့် ကောင်းကင် ခန္ဓာကိုယ်ကျင့်စဉ် ဒုတိယအဆင့် ရောက်မည်ဟု သူယုံကြည်သည်။
အနက်ရောင် ဝတ်စုံနှင့်လူ ပိုင်ဆိုင်မှုများ ယူပြီးနောက် ချောင်ဂျင်ယွမ် ရှိရာသို့ ချက်ချင်း ပြန်လာ လိုက်သည်။ သို့သော် ချောင်ဂျင်ယွမ် ကို မြင်လိုက်သည်နှင့် သူအံ့ဩသွားသည်။
ဆေးအစွမ်း စပြနေပြီဖြစ်ရာ သူမသည် မြေပြင်တွင် လဲလျောင်းကာ ခြေလက်များလည်း ဆန့်ကား နေသည်။ သူမ၏ လက်များကလဲ တစ်ကိုယ်လုံးကို ပွတ်သပ် နေလေသည်။ သူမ၏ လှုပ်ရှားမှုများသည် ပိုမြန်လာပြီး အဝတ်အစားများလည်း စုတ်ပြတ်ကာ ပြဲထွက် သွားသည်။ ဖြူဖွေးသော ယုန်နှစ်ကောင်သည် ခုန်ထွက်လာပြီး တောက်ပကာ လုံးဝန်းတင်းပြောင် နေသဖြင့် တဆတ်ဆတ် တုန်ခါနေလေသည်။
ရဲချန်ဖန်သည် ဆယ်ငါးနှစ်သာ ရှိသေးသည်။ အတွေ့အကြုံ တစ်ခါမှ မရှိ၍ အလွန်အံ့ဩ နေသည်။
ချောင်ဂျင်ယွမ်၏ နီရဲသော မျက်လုံး၊ လှပသော ခန္ဓာကိုယ် အနေအထားကို ကြည့်ပြီး သူနှလုံးခုန် မြန်လာပြီး နှုတ်ခမ်းများ ခြောက်သွေ့ လာသည်။ ထူးဆန်းသော ခံစားမှု တစ်မျိုး သူရင်ဘတ်ထဲတွင် ခံစားလာရသည်။
အဲဒီအချိန်တွင် ဆေးကြောင့် ရမ္မက်ပြင်းထန်နေသည့် ချောင်ဂျင်ယွမ်သည် ရဲချန်ဖန်ကို ကြည့်ပြီး သူဆီ တွားသွား တိုးလာသည်။ ထို့နောက် သူမ ရဲချန်ဖန်ကို တင်းကျပ်စွာ ပွေ့ဖက်ကာ သူ့အင်္ကျီများ ဖြဲပြီးနမ်းလိုက်သည်။
ချောင်ဂျင်ယွမ်၏ ဆက်ဆီခန္ဓာကိုယ်နှင့် သူရမ္မက်ပြင်းထန်သော အကြည့်များကို ရဲချန်ဖန် မျက်နှာလွှဲလိုက်ပြီး သူလျာကို ကိုက်လိုက်သည်။ သူနာကျင်မှုကြောင့် သူဆန္ဒကို ထိန်းလိုက်နိုင်ပြီး ချောင်ဂျင်ယွမ် ဂုတ်ကို ရိုက်ပြီး မေ့အောင် လုပ်လိုက်သည်။ (တော်သေးတယ် ကောင်မလေးရာ ငါလို သူတော်ကောင်းနဲ့ တွေ့လို့။)
“မင်း ငါနဲ့တွေ့လို့ ကံကောင်း သွားတယ်။ ငါ့နေရာမှာ တခြားတစ်ယောက်ဆို ပန်းလေး နွမ်းကြေသွားပြီ”
ရဲချန်ဖန် အသက်ပြင်းပြင်းရှူကာ ကောင်းကင်အပ်များ ထုတ်လိုက်သည်။ ကောင်းကင်အပ် ပညာသုံးကာ သူမခန္ဓာကိုယ်ရှိ အဆိပ်များ ထုတ်လိုက်သည်။
ဆယ်မိနှစ်ခန့် ကြာပြီးနောက် ချောင်ဂျင်ယွမ် ခန္ဓာကိုယ်မှ အဆိပ်များ ပြယ်သွားသည်။ သူမ အသက်ရှူ မှန်လာကာ ငြိမ်းချမ်းစွာ အိပ်ပျော် သွားသည်။
သူ့ လက်ထဲတွင် အိပ်နေသော ချောင်ဂျင်ယွမ်ကို ကြည့်ပြီး သူ့အဝတ်များ ချွတ်ကာ သူမ၏လှပသော ခန္ဓာကိုယ်ကို ဖုံးလိုက်ပြီး လုံခြုံစိတ်ချရသည့် ဂူထဲ သယ်သွားလိုက်သည်။
အခန်း (၁၃) ပြီး၏။