အခန်း (၁၂)
ဝိုးတဝါး အရိပ်
အမှောင်ကို ခွင်းပြီး အလင်းရောင် ထွက်ပေါ် လာပြီဖြစ်သည်။ မနက်ခင်း မိုးသောက်လာပြီး နေခြည် နုထွေးထွေးသည် လူသားတို့ကို နွေးထွေးမှု ပေးနေသည်။
အလင်းရောင်သည် အခန်းတွင်း ဖြာကျနေပြီး သတိမေ့မြောနေသော အကြီးအကဲပိုင် မျက်လုံးများ လှုပ်ရှား လာသည်။ ပြီးနောက် သူမျက်လုံးများ ပွင့်လာခဲ့သည်။
“အဘိုး… အဘိုး နိုးလာပြီ”
သူ၏ဘေးတွင် ထိုင်နေသော ပိုင်ရှီအာ သည် စိတ်လှုပ်ရှားစွာ အော်ဟစ်နေပြီး မျက်ရည်များပင် မထိန်းနိုင်ဘဲ ဒလဟော ကျဆင်းနေသည်။
“မြေး… အဘိုးကို ဘယ်သူ ကုပေးခဲ့တာလဲ”
ငိုနေသော ပိုင်ရှီအာကို ကြည့်ကာ တိုးညှင်းစွာ မေးလိုက်သည်။
“အဘိုး… အဘိုးကို ဆရာချန်က ကုသပေးတာ”
“ဆရာချန် ဟုတ်လား။ တော်ဝင် သမားတော်ထဲမှာ အဲလိုနာမည်မျိုး မရှိပါဘူး”
သူစိတ်ထဲတွင် သူကို ကုသပေးသူသည် မြို့တော်မှ နာမည်ကြီး သမားတော် ဖြစ်မည်ဟု ထင်ထားသည်။
“အဖေ… ဆရာချန်က မြို့တော်က မဟုတ်ဘူး။ အံ့ဩစရာ ကောင်းလောက်အောင် ဆန်းကြယ်တဲ့ လူငယ်လေးပဲ”ပိုင်ဂျန်ရှန်က ပြောလိုက်သည်။
“ဘာ လူငယ်လေး … ဟုတ်လား”အကြီးအကဲပိုင် အလွန်အံ့ဩ သွားသည်။
“ဟုတ်တယ် အဖေ။ ဆရာချန်က အသက်နှစ်ဆယ် လောက်ပဲ ရှိဦးမယ် ထင်တယ်။ ဒါပေမဲ့ သူ့ဆေးပညာ ကတော့ မြင်ဖူးသမျှထဲမှာ အစွမ်း အထက်ဆုံးပဲ။ အဖေ့ရောဂါ ဒီလောက် ပြင်းထန်တာတောင် ကုသတာ တစ်နာရီလောက်ပဲ ကြာတယ်။ ဒါပေမဲ့ သူက မျက်နှာဖုံးတပ် ထားတဲ့အတွက် သူ့အသက်ကို ခန့်မှန်းလို့ပဲ ရတယ်”
“အသက် နှစ်ဆယ်လောက်နဲ့ ဒီလောက် အစွမ်းထက်တာ သူက မစ်ရှင်ရှိလို့ အပြင်ရောက်နေတဲ့ ဂိုဏ်းကြီး တစ်ခုက ပါရမီရှင် ဖြစ်မယ်”
မဟာဂိုဏ်းကြီးတွေသည် မယုံနိုင်စရာ အစွမ်း ကြီးမားသည်။ သူတို့၏ ဩဇာသည် သာမန်လူတွေ ခန့်မှန်းမရအောင် ကြီးမားသည်။ သူတို့၏ စကားလေး တစ်ခွန်းသည် အင်ပါယာတွေ ကျဆုံးခြင်း မြင့်တက်လာခြင်းကို ဆုံးဖြတ်နိုင်သည်။
“မဟာဂိုဏ်းကြီးတွေ။ ဟုတ်တယ်။ အဲလိုဂိုဏ်းကြီးတွေက ပုဂ္ဂိုလ်များသာ ထိုကဲ့သို့ ဆေးပညာရပ် ရှိပေမည်”
ပိုင်ဂျန်ရှန် မျက်လုံးများက တောက်ပနေသည်။
“သား အဲပါရမီရှင် သမားတော် ရဲတိုက်ထဲမှာ ရှိနေသေးလား”အကြီးအကဲပိုင်က ပိုင်ရှီအာ အကူအညီနဲ့ ထထိုင် လိုက်သည်။
“မနေ့က သူ ဆုငွေရပြီးတာနဲ့ ထွက်သွားတယ်။ သူ့ကို ဆက်နေအောင် ဖိတ်ခေါ်တာပဲ။ ကံကောင်းတာပဲ သား ဆုငွေအပြင် နောက်တစ်သိန်း ပေးလိုက်တယ်။ နောက်ခါ ဆက်ဆံရေးကောင်း ရှိအောင်လို့”
တကယ်လို့သာ ရဲချန်ဖန်က ဂိုဏ်းကြီး တစ်ခု၏ ဂိုဏ်းဝင်ဖြစ်ပါက ပိုင်ကလန်က သူနဲ့ မိတ်ဆွေ ဖြစ်လာစေရန် မည်သည့် တန်ဖိုးမဆို တန်နေပေသည်။
“အဲလို ဆက်ဆံရေးကောင်း ရှိအောင် လုပ်ထားတာ ကောင်းတယ်။ သား ဘာမှ အရေးကြီး ကိစ္စမရှိဘူးဆိုရင် သားတို့ သူ့ကို မြို့ထဲ ပတ်ရှာ ကြည့်သင့်တယ်။ အဲဒီပါရမီရှင် သမားတော်နဲ့ တွေ့ခဲ့ရင် သေချာပေါက် သူ့ကို ဖိတ်ခေါ်ခဲ့”
“ဟုတ်ကဲ့… အဖေရော သမီးပါ ပြိုင်တူ ခေါင်းညိတ်လိုက်သည်”
ပိုင်မိသားစု သားအဖ တစ်သိုက်သည် ကျေးဇူးဆပ်ရန် ရဲချန်ဖန် ကို ရှာဖွေနေသော်လည်း တစ်ဖက်တွင် လျန်ကလန်က လက်စားချေရန် လိုက်ရှာနေသည်။
နောက်တစ်ရက်တွင် ငွေတစ်သိန်း ရှစ်သောင်းခန့် သုံးပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေ ရဲချန်ဖန် ဝယ်လိုက်သည်။ ထို့နောက် အဖြူရောင် တိမ်တိုက် တောင်တန်းတွေဆီ ဝင်ခဲ့ပြီး လေ့ကျင့်နေလိုက်သည်။ တောနက်ကြီး အတွင်းရှိ အလွန်နက်သော ရေကန်ကြီး ဘေးတွင် အဖြူရောင် အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးကို လက်ထဲကိုင်ထားပြီး ဝိညာဉ်စုပ်သိုင်းကို ရဲချန်ဖန် လေ့ကျင့်နေသည်။
အချိန် ဘယ်လောက် ကြာသွားသည် မသိဘဲ ရုတ်တရက် အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးသည် အရောင် ၊ အရည်အသွေးမဲ့ကာ အမှုန့် ဖြစ်သွားသည်။
“ဝိညာဉ်သားရဲ ထိပ်ဆုံးအဆင့် ကို ရောက်ပြီ။ ခန္ဓာကိုယ် သန်မာမှုကလည်း တစ်ဆယ် ရာခိုင်နှုန်းထိ တက်လာပြီ”
ခန္ဓာကိုယ် အတွင်းမှ ပြောင်းလဲမှုများကို ကြည့်ပြီး ရဲချန်ဖန် ပျော်ရွှင် နေသည်။ ထို့နောက် အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး နှစ်တုံး ထပ်မံ ထုတ်ယူပြီး ဝိညာဉ်စုပ် သိုင်းသုံးကာ ဆက်၍ လေ့ကျင့် နေလိုက်သည်။
သန့်စင်သော ဝိညာဉ်စွမ်းအင် စီးကြောင်းကြီးတစ်ကြောင်းက ရေစီးကြောင်းအလား ရဲချန်ဖန် ခန္ဓာကိုယ်ထဲ စီးဝင်လာသည်။ သူ့ဝိညာဉ်ထဲရှိ သွေးဥသည် ဝင်လာသမျှ စွမ်းအင်အားလုံးကို စုပ်ယူနေသည်။
သွေးဥမှ စွမ်းအင်များ ပိုပိုစုပ်ယူလာပြီးနောက် ဥပေါ်တွင် အက်ရာတစ်ခု ပေါ်လာသည်။ အက်ရာ ပိုပို၍ ထင်ရှားလာသည်နှင့် စွမ်းအားကြီးသော ဝိညာဉ်စွမ်းအားသည် ဥမှပေါ်ထွက်လာပြီး သူအဆင့်တစ်တွင် တစ်နေရာမှ အဆင့်နှစ်သို့ တက်ရောက် သွားသည်။
အဆင့်နှစ် သားရဲရှင် အဆင့် ရောက်သွားပြီးနောက် သူ့ဝိညာဉ် စွမ်းအင်သည် နှစ်ဆမျှ တိုးပွါးလာသည်။ သူ့ခန္ဓာကိုယ် စွမ်းအားသည်လည်း ဂျင်တစ်ထောင့်ငါးရာထိ ရောက်သွားသည်။
သူ အဆင့်နှစ်သို့ အခက်အခဲမရှိဘဲ တက်ရောက် သွားသည်မှာ ဝိညာဉ်စုပ် သိုင်းကြောင့် ဖြစ်သည်။ ဝိညာဉ်စုပ်သိုင်း၏ အစွမ်းကြီးသော စုပ်အားမှာ တကယ်ကို မယုံကြည်နိုင် စရာပင်။
“ငါ့မှာသာ အကန့်အသက်မရှိတဲ့ ဝိညာဉ်ကျောက်တုံး ထောက်ပံမှုသာ ရှိလို့ကတော့ကွာ…”
သူအဆင့် တက်လာသည်နှင့်အမျှ စွမ်းအင်ကျောက်တုံး အသုံးပြုမှု ပို၍ လိုအပ်လာသည်။ အချိန်တိုအတွင်း စွမ်းအား တိုးတက်လိုပါက အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးများ ရှာဖွေရင် ရှာဖွေ မဟုတ်ပါက ရန်သူ၏ ဝိညာဉ်သားရဲကို တိုက်ရိုက် စုပ်ယူရပေမည်။
သူ့အဆင့်ကို ခိုင်မာရန် လေ့ကျင့်ရန် ပြင်လိုက်ချိန်တွင် အမျိုးသမီး တစ်ယောက်၏ နာကျင်စွာ အော်ဟစ်လိုက်သံသည် ငြိမ်သက်နေသော တောနက်ထဲ ပြန့်လွှင့်လာပြီး သူ့ကိုကြောင် သွားစေသည်။
“ဒီအသံက ရင်းနှီး နေသလိုဘဲ။ ဘယ်သူပါလိမ့်”
ရဲချန်ချန် တော၏ မြောက်ဘက်ကို ကြည့်လိုက်ပြီး ခနတွေဝေပြီးနောက်တွင် ပြေးသွား လိုက်သည်။
“မိန်းမလှလေး ခက်ခက်ခဲခဲ ရုန်းကန် မနေပါနဲ့ကွာ။ ဒီလိုတောနက်ထဲမှာ မင်းလည်ပင်း ကွဲအောင်အော်လည်း မင်းလေးကို ဘယ်သူမှ လာမကယ်နိုင်ဘူး။ လက်လျှော့ လိုက်စမ်းပါကွာ”
လူလတ်ပိုင်းအရွယ် ခန္ဓာကိုယ် ခပ်ကြီးကြီးနဲ့ လူတစ်ယောက် ထိုလူ၏ မျက်လုံးပေါ်တွင် ထင်ရှားသော အမာရွတ်ကြီး ရှိနေပြီး အနက်ရောင် ဝတ်စုံ ဝတ်ဆင် ထားသည်။ ထိုလူပါးစပ်(လျာ)ကို ယက်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ထို့လူ၏ရှေ့တွင် အနက်ရောင် ထရိန်နင် ဝတ်စုံ ဝတ်ထားသော မိန်းမပျိုလေး တစ်ယောက် ရှိနေသည်။
ဤနေရာတွင် ရဲချန်ဖန် ရှိနေပါက အဲမိန်းမပျိုလေး ဘယ်သူဆိုတာ ချက်ချင်း ပြောနိုင်မှာ ဖြစ်သည်။ သူမမှာ တခြားလူ မဟုတ်ဘဲ အရင်က သူနဲ့ ခင်မင်ခဲ့သော ချောင်ကလန်၏ အကြီးဆုံးသမီး ချောင်ဂျင်ယွမ် ဖြစ်သည်။
“ရှင်… ရှင်မလာနဲ့နော်။ ငါ့ကိုထိရင် ချောင်ကလန်က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး”
ဒဏ်ရာ အပြင်းအထန် ရနေသော ချောင်ဂျင်ယွမ်က ကြောက်လန့်တကြား ပြောနေသည်။
အဲဒီအချိန်တွင် သူမ အရမ်းနောင်တ ရနေမိသည်။ သူမ တစ်ယောက်တည်း လေ့ကျင့်ရန် တောနက်ထဲ မလာခဲ့သင့်ပေ။ သူမ၏ တစွတ်ထိုး လုပ်ရပ်ကြောင့် မဟုတ်လျှင် ဤကဲ့သို့ မုဒိန်းသမားနဲ့ ကြုံမည် မဟုတ်ပေ။ သူမလည်း အန္တရာယ် ကျမည် မဟုတ်။
“အလှလေး မကြောက်ပါနဲ့။ ငါမင်းကို ကြင်နာမှာပါ”
ချောင်ဂျင်ယွမ် ၏ စွဲဆောင်မှုရှိသော ခန္ဓာကိုယ်၊ ပေါင်တံရှည်များကို ကြည့်ပြီး အနက်ရောင် ဝတ်စုံနဲ့ လူသည်ပို၍ စိတ်လှုပ်ရှား လာသည်။
“ရွှေရောင် အတောင်ပံနှင့် ငှက်ဝိညာဉ်သားရဲ …”
သေရေးရှင်ရေး အချိန်တွင် သူမသည် သေမည်ကို ထိုင်စောင့်မနေဘဲ အံတင်းတင်း ကြိတ်ကာ သူမ၏သားရဲကို ထုတ်ပြီး တိုက်ခိုက်လိုက်သည်။
သူမသည် အခုမှ အဆင့်နှစ် သားရဲအဆင့်သာရှိပြီး အနက်ရောင် ဝတ်စုံနှင့် လူသည် အဆင့်လေး သားရဲအဆင့် ရှိသူဖြစ်သည်။ သူမ၏ သားရဲသည် အနက်ရောင် ဝတ်စုံနှင့်လူကို အန္တရာယ် လုံးဝ မပေးနိုင်ချေ။
အနက်ရောင် ဝတ်စုံနှင့် လူသည် သူ၏ သားရဲဝက်ဝံကြီးနှင့် ပေါင်းစပ် လိုက်ပြီးနောက် သူ့လက်ထဲတွင် ရှိနေသော တုတ်တံသည် အစွမ်းနှစ်ဆ ထက်သွားသည်။
“ဘန်း…”အသံအကျယ်ကြီး ထွက်ပေါ် လာသည်။
ထိုလူ၏ အနက်ရောင် တုတ်သည် ရပ်တန့် မရနိုင်သော အရှိန်ဖြင့် ချောင်ဂျင်ယွမ်၏ သားရဲကို တိုက်ခိုက်လိုက်သည်။ ချောင်ဂျင်ယွမ်၏ ဝိညာဉ်ကို ထိခိုက်သွားပြီး သူမ၏ ဝိညာဉ်တွင် အလွန်နာကျင်သော တုန့်ပြန်မှု ဖြစ်ပေါ်လာသည်။
ချောင်ဂျင်ယွမ် ၏ ဝိညာဉ် ဒဏ်ရာ ရသွားသဖြင့် သူမ အလွန်အားနည်း သွားသည်။ သူမ၏ လှပသော ခြေတံများသည် ပျော့ခွေသွားပြီး မြေပေါ် သို့လဲကျသွားသည်။
ထိုအချိန်တွင် သူမ အလွန် ကြောက်လန့်သွားပြီး သူမ၏ ကံကြမ္မာကို မတွေးရဲတော့ပေ။ မျက်ရည်များ ထိန်းချုပ် မရအောင် ကျဆင်းလာပြီး သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာသည် မျက်ရည်များနှင့် စိုရွဲနေသည်။
“မရုန်းတော့ဘူးလား”
အနက်ရောင် ဝတ်စုံနှင့် လူသည် စိတ်ဓါတ်ကျနေသော ချောင်ဂျင်ယွမ်ကို ကြည့်ပြီး သူ့နှုတ်ခမ်းမှာ အပြုံးများ သီနေတော့သည်။ သူမ အရှေ့လျှောက်လာပြီး အဝါရောင် အိတ်ကလေးကို ထုတ်လိုက်သည်။
“အလှလေး ဒါကို စားလိုက်။ မင်း ကောင်းကောင်း ခံစားစေရမယ်”
အနက်ရောင် ဝတ်စုံနှင့် လူသည် သူမ ရုန်းကန်နေသည်ကို ဂရုမစိုက်ဘဲ အဖြူရောင် အမှုန့်များကို သူမပါးစပ်ထဲ ဖြူးထည့် နေသည်။
“နင်…နင်… တိရစ္ဆာန်ကောင်။ နင် ကောင်းကောင်း သေရမှာ မဟုတ်ဘူး”
ဘာဆေးဝါးများ သူမ ပါးစပ်ထဲ ထည့်လိုက်သည်ကို သူမ ခန့်မှန်းမိသည်။ သူမ ပြင်းပြင်းထန်ထန်ကို ဆဲပြီး ကျိန်စာ တိုက်နေသည်။
“ဟားဟား…. အလှလေး ခနလေးပဲစောင့်”
ထိုလူသည် မကြောက်ရုံမက စိတ်လှုပ်ရှား နေသည်။
ချောင်ဂျင်ယွမ် ၏ လှပသော မျက်နှာသည် ရှက်သွေးရောင်ဖြာနေပြီး အသက်ရှူသံ ပြင်းလာမှုကို ကြည့်ပြီး ဆေးစွမ်း စပြနေသည်ကို သိလိုက်သည်။
“အချစ်လေး အင်္ကျီချွတ်လိုက်တော့ မဟုတ်ရင် ကိုကို ကူညီပေးရမလား”
ပြောပြီး သူမနား ချဉ်းကပ် လာသည်။ သူမ၏ အတွင်း အဝတ်အစားများ ပေါ်လာပြီး ကျောက်စိမ်းကဲ့သို့ စိမ်းစိုနေသည့် အသားအရေ ပေါ်လာသည်။
သူမ၏ဆွဲဆောင်မှု ရှိသော ခန္ဓာကိုယ်ကို ကြည့်ပြီး အနက်ရောင် ဝတ်စုံနှင့် လူသည် ထိန်းချုပ် မရအောင် ဖြစ်လာသည်။
“ငါဘယ်လောက် ကံကောင်း လိုက်သလဲ။ အရင်က ငါဒီလောက်လှတဲ့ မိန်းကလေးမျိုးနဲ့ မကစားဖူးဘူး”
အနက်ရောင် ဝတ်စုံနှင့် လူသည် သွားရည်များ ကျကာ စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး မြေပေါ် လဲကျနေသည့် ချောင်ဂျင်ယွမ်နား ချဉ်းကပ် သွားသည်။ ထိုလူ၏ အကြည့်နဲ့ပင် ချောင်ဂျင်ယွမ် ပြာကျ သွားနိုင်သည်။
သူမလျာ သူမကိုက်ပြီး သူမ သတ်သေရန် ပြင်လိုက်စဉ် ဝိုးတဝါး အရိပ်တစ်ခုကို အနက်ရောင် ဝတ်စုံနှင့် လူ၏ နောက်တွင် ရပ်နေသည်ကို ထူးဆန်းစွာ တွေ့လိုက် ရသည်။ လေထုများ ကွဲထွက်လောက်အောင် ပြင်းထန်သော လက်သီးချက်က ကျရောက်လာသည်။
***