Switch Mode

Chapter – 11

လျို့၀ှက် လူသတ်သမား

အခန်း (၁၁)
လျှို့ဝှက် လူသတ်သမား

“ဆရာချန် အဆင်ပြေရဲ့လား”
ရဲချန်ဖန် လမ်းလျှောက်ဖို့ အားပင် မကျန်ရာ ပိုင်ရှီအာ တွဲလိုက်သည်။ အသားချင်း ထိမိပြီး နှစ်ယောက်လုံး ရင်ခုန်နေကြကာ ပိုင်ရှီအာ အရှက်သည်း သွားသည်။
ပုံမှန်အားဖြင့် ပိုင်ရှီအာ သည် မာနကြီးပြီး သူများ အသားခြင်း ထိတွေ့ခြင်းကို ရွံ့သူဖြစ်သည်။ သို့သော် ရဲချန်ဖန်၏ပညာကို တွေ့ပြီး မလေးစားဘဲ မနေနိုင်ပေ။
“ဘာမှ မဖြစ်ဘူး။ ကိုယ်ဘာသာကိုယ် လျှောက်နိုင်ပါတယ်”
ရဲချန်ဖန် အားတင်း ပြုံးလိုက်ပြီး ပိုင်ရှီအာ လက်ကို ဖယ်ကာ ဆက်လျှောက် သွားသည်။ အခန်းထဲဝင်ကာ ဝိညာဉ်စွမ်းအင်များ ပြန်ဖြည့်တင်း နေသည်။ တစ်ချိန်တည်းမှာပင် သမားတော် သုံးဦးသည် အကြီးကဲ ပိုင်ရှီရှန် ၏ အခြေအနေကို စစ်ဆေး နေသည်။
အကြီးကဲ ပိုင်ရှီရှန် ကို အသေးစိတ် စစ်ဆေးပြီးနောက် မည်သည့် ပြဿနာ ကြီးကြီးမားမား မရှိတော့သည်ကို တုန်လှုပ်ဖွယ် တွေ့လိုက်ရသည်။ အတွင်းဒဏ်ရာများသည် အံ့ဩစရာနှုန်းဖြင့် ပြန်လည် ကောင်းမွန် လာနေသည်။
“တကယ့်ကို အမြဲတမ်းပဲ တောင်တလုံးထက် ပိုမြင့်တဲ့ တောင်ရှိနေတယ် ဆိုတာပဲ။ ငါတို့ရဲ့ ပညာက ဆရာချန် နဲ့ ယှဉ်လိုက်ရင် ကောင်းကင်နဲ့ မြေကြီးလိုပါပဲလား။ ဘယ်လောက် ရယ်စရာ ကောင်းလိုက်လဲ ဆရာချန်ကို အစက သွားပြီး ရန်စမိတာ”
အဖြူရောင်နဲ့ သမားတော်က တုန်လှုပ်စွာနဲ့ ပြောလိုက်သည်။
“အဖေ တကယ် သက်သာ လာပြီပေါ့”
မြို့တော်ဝန် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
အကြီးကဲ ပိုင်ရှီရှန် သည် ပိုင်ကလန်၏ ဒေါက်တိုင်ကြီးဖြစ်ပြီး အဖြူရောင် အင်ပါယာမြို့၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်လည်း ဖြစ်သည်။ သူသာ တစ်စုံတစ်ရာ ဖြစ်သွားပါက ပိုင်ကလန်ကို အကြီးအကျယ် ထိခိုက်သွားမည် ဖြစ်သည်။ ရဲချန်ဖန်သည် အကြီးကဲ ပိုင်ရှီရှန် သာမက ပိုင်ကလန်ကိုပါ ကယ်တင်လိုက်သည်ဟု ပြောနိုင်သည်။
“ဟုတ်တယ်… အကြီးကဲပိုင် က အခုတော့ သက်သာ သွားပြီ။ မနက်ဖြန်လောက် နိုးလာ လိမ့်မယ်”
“ကောင်းလိုက်တာ …ကောင်းလိုက်တာ။ နောက်ဆုံးတော့ အဘိုးပြန် ကောင်းလာပြီ”
ဘေးတွင် ရှိနေသော ပိုင်ရှီအာ စိတ်လှုပ်ရှား ဝမ်းသာပြီး မျက်ရည်များပင် စို့လာသည်။ မျက်ရည် စီးကြောင်းသည်ပင် သူမ၏ အလွန်လှပမှုကို မှေးမှိန် သွားအောင် မပြုနိုင်ပေ။
“မြို့တော်ဝန်… ဆရာချန် ခုဘယ်မှာရှိလဲ။ သူကို အကြောင်းကြား ပေးလို့ရမလား။ ကျွန်တော်တို့ တွေ့ပြီး တောင်းပန်ချင်လို့ပါ”
“ကောင်းပြီလေ။ ဆရာချန်ကို အကြောင်းကြား ပေးပါ့မယ် “
နေရောင် သည် ကြက်သွေးရောင် ပမာ လင်းလက်ပြီး အနောက်ဘက် သောင်ယံသို့ မေးတင် နေလေပြီ။
ရဲချန်ဖန် ဝိညာဉ် စွမ်းအင် အများအပြား အသုံးပြုလိုက်ရ၍ အချိန်တော်တော်ကြာ အိပ်စက် အနားယူ လိုက်သည့်တိုင် စွမ်းအင် နည်းနည်းသာ ပြန်ပြည့်လာသည်။
“ဆုလာဘ် ယူပြီး ပြန်မှပဲ”
ကောင်းကင်အပ် ပညာကို လူတွေ သိကုန်ပြီ ဖြစ်သည့်အတွက် မြို့တော်ဝန် ရဲတိုက်တွင် သူကြာကြာ မနေရဲပေ။
“ဆရာချန် နိုးလာပြီလား”
သူတံခါး ဖွင့်လိုက်သည်နှင့် အပြင်တွင် စောင့်နေသည့် ပိုင်ရှီအာ ထရပ်ပြီး အပြုံးနှင့် ပြောလိုက်သည်။
“အကြီးကဲပိုင် အခြေအနေကို မင်းတို့ စစ်ဆေး အတည်ပြု ပြီးပြီထင်တယ်”
သူ ပြုံးပျော်နေသည့် ပိုင်ရှီအာကို ညင်သာစွာ မေးလိုက်သည်။
“ဆရာချန် အဘိုးကို ကုသပေးခဲ့တာ ပိုင်ကလန် ဘယ်တော့မှ ကျေးဇူး မမေ့ပါဘူး။ အမြဲတမ်း ကျေးဇူးတင် နေမှာပါ”
“ငါလည်း ဆုငွေရလို့ ကုတာပဲ။ ခုကုပြီးပြီဆိုတော့ ဆုငွေထုတ်လို့ ရပြီမလား”
“ဟုတ်ကဲ့ အကုန်လုံး ပြင်ထား ပြီးပါပြီ။ဆရာချန် ဒီဘက်ကြွပါ”
လှပ ချောမောလွန်းသည့် မိန်းမပျိုလေး ပိုင်ရှီအာ က သူ့ကို ရတနာတိုက်ဆီ ခေါ်ဆောင် သွားသည်။
“ဆရာချန် ပိုင်ကလန်က ကျေးဇူး တုန့်ပြန်တဲ့ အနေနဲ့ နဂိုဆုငွေ တစ်သိန်းအပြင် ထပ်ဆောင်း တစ်သိန်းပေးဖို့ ဆုံးဖြတ် ထားတယ်။ ဒီမှာ စုစုပေါင်း ဆုငွေနှစ်သိန်း ကျေးဇူးပြုပြီး စစ်ကြည့်ပါလား” ပိုင်ရှီအာ ငွေထုတ်ကြီးကို လွှဲပေးလိုက်သည်။
“ကျေးဇူးပဲ…”
ရဲချန်ဖန် အားနာ တုံ့ဆိုင်းမနေဘဲ ငွေနှစ်သိန်းကို ယူလိုက်သည်။
“ဆရာချန် ဒီနေ့ ပင်ပန်း သွားပြီ။ ဗိုက်ဆာ နေမှာပဲ။ ကျွန်မတို့ ညစာစားပွဲ ပြင်ထား ပါတယ်။ ကျေးဇူးပြုပြီး ညစာစားပွဲမှာ သုံးဆောင်ပါဦး”
သူမ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ် လိုက်သည်။
“မစားတော့ဘူး။ ငါ့မှာ လုပ်စရာ ကိစ္စလေးတွေ ရှိသေးတယ်။ ခုသွားမှ ဖြစ်မယ်။ နှုတ်ဆက်ပါတယ်”ရဲချန်ဖန်က ပိုင်ရှီအာ ဘယ်လိုပင် ဖိတ်ခေါ် ဖိတ်ခေါ် ပိုက်ဆံရပြီးနောက် သူ ပိုင်ရဲတိုက်မှ ထွက်လာခဲ့သည်။
သူ ပိုင်ရဲတိုက်မှ ထွက်ခွါလာပြီးနောက် လုံခြုံသည့် နေရာအရောက်တွင် မူလအသွင် ပြန်ပြောင်း လိုက်သည်။ သူ၏ အစွမ်းထက်လှသော ဝိညာဉ်စိတ်အာရုံသည် နောက်ရောင်ခံ လိုက်လာသူများကို တွေ့လိုက်သည်။
“အမြတ်ကြမ်းတဲ့ အလုပ်က အန္တရာယ် အရမ်းများတာပဲ။ အဆင့်နှစ် ဝိညာဉ် သားရဲအဆင့်နဲ့ ငါ့နောက် လိုက်ခိုင်းတာတော့ ငါ့ကို အထင်သေး လွန်းတာပဲ”
ရဲချန်ဖန်မှာ ကျင့်စဉ်အဆင့် သိပ်မမြင့်သေး သော်လည်း ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ် ပထမအဆင့်ကို အောင်မြင်ပြီး ဖြစ်တယ်။ သူ့တွင် ဂျင်တစ်ထောင် စွမ်းအား ရှိနေပြီ ဖြစ်ပြီး အဆင့်နှစ် ဝိညာဉ်သားရဲအဆင့်ကို အလွယ်တကူ သတ်ပြစ်နိုင်သည်။
အဆင့်နှစ် ဝိညာဉ်သားရဲနှင့်လူ တဖြည်းဖြည်းနှင့် နီးကပ် လာသောအခါ သူခြေလှမ်း အရှိန်တင်လိုက်ပြီး ဝိညာဉ်စုပ်သိုင်းကို အသုံးချ၍ အော်ရာကို ထိန်းချုပ်လိုက်ကာ ချောင်ကျသော နေရာတွင် ပုန်းနေလိုက်သည်။
“သူ ဘယ်ရောက် သွားတာလဲ။ ဘာလို့ ရုတ်တရက် ပျောက်သွားတာလဲ”
အဆင့်နှစ် ဝိညာဉ်သားရဲ နှင့်လူ ရဲချန်ဖန် ပုန်းနေသည့် နေရာ ရောက်သောအခါ ရဲချန်ဖန် အော်ရာ ပျောက်သွားသည်ကို သိလိုက်သည်။ သူတုန်လှုပ်သွားကာ အရှိန်မြင့်ပြီး ရဲချန်ဖန်ကို ရှာတော့သည်။
ရဲချန်ဖန်နား ရောက်ခါနီးတွင် ရဲချန်ဖန် ပုံးအောင်းနေရာမှ အလွန် လျင်မြန်သော အရှိန်ဖြင့် သရဲတစ္ဆေအလား ပြေးထွက် လာသည်။
ခန္ဓာကိုယ် တစ်ခုလုံးမှ အားအင်များကို စုစည်းပြီး ဂျင်တစ်ထောင် စွမ်းအားရှိ လက်သီးဖြင့် အဆင့်နှစ် ဝိညာဉ်သားရဲ နှင့်လူအား ရဲချန်ဖန် ထိုးချ လိုက်သည်။
ရုတ်တရက် ချုံခိုတိုက်ခိုက် ခံလိုက်ရသဖြင့် အဆင့်နှစ် ဝိညာဉ်သားရဲ အဆင့်လူသည် အလိုအလျောက်ပင် လျင်မြန်စွာ သားရဲနှင့် ပေါင်းစည်းကာ ခုခံလိုက်သည်။
“ဘန်း…”
အလွန်ကျယ်လောင်သော အသံထွက်လာပြီး အဆင့်နှစ် ဝိညာဉ်သားရဲအဆင့်လူ ရင်ဘတ် ချိုင့်ဝင်သွားကာ ပေပေါင်းများစွာသို့ လွင့်ထွက်သွားသည်။ သွေးများ ပါးစပ်မှ အန်ထွက်လာကာ မေ့မြောလုနီးပါး ဖြစ်သွားသည်။
“ပြောစမ်း… ဘယ်သူက ငါ့နောက် လိုက်ခိုင်းလိုက်တာလဲ”
ရဲချန်ဖန် အမှောင်ထဲမှ ထွက်လာကာ ထိုသေခါနီး လူအား မေးလိုက်သည်။
“ငါ့ကို သတ်ချင် သတ်လိုက်။ ငါ့သခင်ကို ဘယ်တော့မှ သစ္စာမဖောက်ဘူး”
“တကယ်တော့ မင်းမပြောရင်တောင်မှ ဘယ်သူ လွှတ်လိုက်လဲ ခန့်မှန်းလို့ ရတယ်။ ဒါပေမဲ့ ငါ မင်းကို သတ်လိုက်ရင် လျန်ဆန်အွန်က ဂရုစိုက်ပါ့မလား”
ရဲချန်ဖန် ပြောတာ ကြားပြီး ထိုလူခန္ဓာကိုယ် တောင့်တင်းကာ မျက်နှာတစ်မျိုး ဖြစ်သွားသည်။ သို့သော် ထိုအပြောင်းအလဲလေးကို ရဲချန်ဖန် သတိထားမိ လိုက်သည်။
“မင်းကို ခိုင်းတဲ့လူ ဘယ်သူလဲ ဆိုတာ ငါသိလို့ မင်းအံ့ဩသွားမယ် ထင်တယ်။ တကယ်တော့ ခန့်မှန်းရတာ မခက်ပါဘူး။ ပိုင်ကလန်ထဲမှာ ငါ့ကို သူတို့တိုက်ခိုက်လို့ မရတော့ ငါထွက်လာတာကို မင်းတို့ စောင့်နေတာလေ”
“ငါက လျန်ဆန်အွန်ကို မောင်းထုတ် ခံရအောင် လုပ်လိုက်တာရယ်။ အဓိက ကတော့ ပိုင်ရှီအာ ဆီမှာ သူအရှက်ကွဲ သွားလို့ပဲ။ သူစရိုက်နဲ့ဆို ငါ့ကို ဘယ်လိုမှ လက်ခံမှာ မဟုတ်သလို ငါထွက်လာတာနဲ့ ငါ့ကို ထိခိုက်အောင် သူကြိုးစားမှာပဲ”
ရဲချန်ဖန် အခြေအနေကို အေးဆေးစွာ သုံးသပ်ပြလိုက်ရာ ထိုလူမျက်နှာ အမူအရာ လုံးဝပျက် သွားတော့သည်။
“ငါအမှန်ကို ပြောပြရင် ငါ့ကို လွှတ်ပေးမှာလား”
“မရဘူး။ စိတ်မကောင်းပါဘူး”
ရဲချန်ဖန် ခံစားချက်မဲ့စွာ ပြောပြီး လက်ဝါးကို ထိုလူခေါင်းဆီ ရိုက်ထုတ် လိုက်သည်။
ထိုလူ ၏ ခေါင်း ဖရဲသီးတစ်လုံးလို ကွဲထွက်သွား လေသည်။
တစ်ပြိုင်တည်းမှာပင် ရဲချန်ဖန် ဝိညာဉ်စုပ်သိုင်းကို အသုံးပြုလိုက်ပြီး အစွမ်းထက်သော စုပ်အားက သူလက်မှ ပေါ်ထွက် လာသည်။ ထို့နောက် အားနည်းနေသော ရန်သူ၏ ဝိညာဉ်သားရဲကို အကုန် စုပ်ယူလိုက်သည်။
“ဘယ်လောက်တောင် သန့်စင်လိုက်တဲ့ ဝိညာဉ်စွမ်းအားတွေလဲ…”
အဆင့်နှစ် ဝိညာဉ်သားရဲကို စုပ်ယူပြီးနောက် သူ့ဝိညာဉ် စွမ်းအင်များ ပြန်ပြည့်လာသည် သာမက သူ့ဝိညာဉ်စွမ်းအင် ပိုမိုများပြား လာသည်။
“လျန်ဆန်အွန်… မင်း ငါ့ကိုနောင်တရတဲ့အထိ ရန်မစဖို့ မျှော်လင့်တယ်”
ရဲချန်ဖန် ထိုလူ ၏ အလောင်းအား ကန်ထုတ်လိုက်ပြီး ပြီး အမှောင်ထဲသို့ ဝင်ရောက် ပျောက်ကွယ် သွားသည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset