Switch Mode

Chapter – 10

အံ့သြဖွယ် ဆေးပညာ

အခန်း (၁၀)
အံ့ဩဖွယ် ဆေးပညာ
“ရွှပ် ရွှပ်…”
ငွေအပ်တစ်ရာ့ ရှစ်ချောင်းသည် အသက်ဝင် လာသည့်နှယ် လှည့်ပတ် လှုပ်ရှား နေသည်။ ထို့နောက် ထိုက်ကျိ သဏ္ဌာန်အတိုင်း လေထဲ လွှင့်မြောနေသည်။
“အံဖွယ် အစွမ်းပဲ…”
အဲဒီမြင်ကွင်းကို ကြည့်ပြီး သူတို့ သုံးယောက် တုန်လှုပ် သွားသည်။ အနည်းဆုံး ဆယ်နှစ်အထက် လေ့ကျင့်ထားမှသာ ထိုကဲ့သို့ အစွမ်းထက် ပေမည်။ နှစ်ပေါင်းများစွာ လေ့လာလာသော သူတို့ပင် ထို့ကဲ့သို့ ကျွမ်းကျွမ်း ကျင်ကျင် အသုံးမပြုနိုင်သေးပေ။ ထို့သို့ အသုံးပြုနိုင်ရန်က တကယ့်ဆေးပညာ ပါရမီရှင် ဖြစ်မှရပေမည်။
ရဲချန်ဖန် အစွမ်းပြပြီးနောက် သူတို့ အလင်းရသွားသည့်နှယ် သံသယ လုံးဝ မရှိတော့ပေ။
“ဒီပညာကို ကျွန်တော် ဆရာဆီက သင်ယူခဲ့တာပဲ။ တကယ်လို့ မြို့တော်ဝန် ယုံကြည်မယ် ဆိုရင် ကုသမယ်။ သံသယ ရှိနေသေးရင်တော့ ခုချက်ချင်း ပြန်မယ်”
ရဲချန်ဖန်က သမားတော် သုံးယောက်ကို ဝေ့ကြည့်ပြီးနောက် ရှင်းပြလိုက်သည်။
“ကျွန်တော် မသိတက်မှုအတွက် ခွင့်လွှတ်ပါ”
မြို့တော်ဝန်က သမားတော် သုံးယောက် အမူယာကြည့်ပြီးနောက် ဤလူငယ်လေးသည် တကယ့်ပညာရှင်မှန်း သိလိုက်သည်။ သူချက်ချင်းပင် တောင်းပန် စကား ဆိုကာ ဖိတ်​ခေါ်လိုက်သည်။
“ဆရာလေး ဒီဘက်ကြွပါ”
ရဲချန်ဖန် ခေါင်းညိတ်ကာ ပိုင်ရှီအာ သားအဖနောက် လိုက်သွားသည်။ ခန်းမဆောင်ကြီး၏ နောက်တွင် နှစ်ထပ် သစ်သားအိမ် တစ်လုံး ရှိနေသည်။ အိမ်ထဲရှိ ကျောက်စိမ်း ကုတင်ပေါ်တွင် အဘိုးအို တစ်ယောက် လဲလျောင်း နေသည်။ သူကား ပိုင်ကလန်၏ ခေါင်းဆောင်ဟောင်း မြို့တော်ဝန်၏အဖေ ပိုင်ရှီရှန် ဖြစ်လေသည်။
ပိုင်ရှီရှန်ကို ကြည့်ရသည်မှာ အချိန်မရွေး သေသွား နိုင်သည်။ ရဲချန်ဖန် က လက်ကောက်ဝတ်ကို စမ်းကြည့်ရာ ပိုင်ရှီရှန် သည် မီးဖိုတစ်လုံးကဲ့သို့ အလွန်ပူ နေသည်။ သူ၏ သွေးကြောများသည်လည်း ပျက်စီးလုနီးပါး ဖြစ်နေသည်။ အလွန်ချမ်းသာသော ပိုင်ကလန်သည် ပိုင်ရှီရှန်၏ ခန္ဓာကိုယ်ထဲတွင် လောင်ကျွမ်းနေသော အပူဒဏ်ကို ထိန်းနိုင်သည့် အေးစိမ့် ကုတင်သာ ရှာမတွေ့ခဲ့ပါက ပိုင်ရှီရှန် သေဆုံးနေပြီး ဖြစ်လိမ့်မည်။
“ဆရာ အဖေကို ကုလို့ ရဦးမလား”
ပိုင်ဂျန်းရှန် က စစ်ဆေးနေသည့် ရဲချန်ဖန်ကို စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“ကျွန်တော်ထင်တာ မမှားဘူးဆိုင်ရင် ခင်ဗျား အဖေက အဆိပ်မိနေတာပဲ”
“အဆိပ်မိ ထားတာ။ အဲလို မဖြစ်နိုင်ဘူး”
သူ့အဖေ ရောဂါသည် အပူဓါတ်လွန်ကဲနေသည့် ရောဂါဖြစ်သည်။ သူစပြီး ရဲချန်ဖန် ကို စိတ်မချ ဖြစ်လာသည်။
“မြို့တော်ဝန် ချီဓါတ် အလွှဲအပြောင်း ဖြစ်တဲ့ ဒဏ်ရာတောင် မကုနိုင်ဘူး ဆိုတာ မရှိဘူး။ ကျွန်တော် ကြားထားတာက မြို့တော်ဝန် ရဲ့ အဖေကို ကုသဖို့ တော်ဝင် သမားတော် ကိုတောင် ပင့်ဖိတ်ပြီး ကုသစေခဲ့ပေမဲ့ သူတောင် သက်သာအောင် မစွမ်းဆောင်နိုင်ခဲ့ဘူး”
“အဲဒါတော့ ဟုတ်တယ်။ တော်ဝင် သမားတော်က အဖေရဲ့ ရောဂါဇစ်မြစ်ကို မရှာနိုင်ခဲ့ဘူး”
“အဲဒါက မြို့တော်ဝန် ရဲ့ အဖေ ခန္ဓာကိုယ် ရောဂါပုံစံကို မမြင်ဖူးတာရယ်၊ ရိုးတွင်းချဉ်ဆီထိ လည်းမြင်​အောင် မကြည့်နိုင်လို့ပဲ။ ကျွန်တော် ထင်တာ မမှားဘူးဆိုရင် မြို့တော်ဝန်ရဲ့ အဖေ မဖျားနာခင်က အပူဓါတ်ပါတဲ့ သစ်သီးကို စားခဲ့မယ်နဲ့ တူတယ်”
“ဆရာချန် ပြောတာ မှန်ပါတယ်။ အဖေက ကြယ်မီး သစ်သီးကို သိပ်မကြာခင်တုန်းက စားခဲ့တယ်။ ဒါပေမဲ့ အဲသစ်သီးက တော်ဝင်မြို့တော် လေလံကနေ ဝယ်လာခဲ့တာ။ အဲဒီမှာ ပြဿနာ ရှိမယ် မထင်ဘူး”
ပိုင်ဂျန်းရှန် မဖုံးမကွယ်ဘဲ ပြောလိုက်သည်။ သူ သံသယတွေ လျော့ပါးလာပြီး လူငယ်လေး ကုသပေးနိုင်ဖို့ မျှော်လင့်လာသည်။
“မြို့တော်ဝန်ရဲ့ အဖေက ကြယ်မီးသစ်သီးကို တိုက်ရိုက် စားသုံး လိုက်တာမလား။ တခြား တစ်စုံတစ်ခုကိုလည်း စားလိုက်သေးတယ် မလား”
“ကြယ်မီးသစ်သီးက အရမ်းရှားတယ်။ အဖေက တဖြည်းဖြည်းချင်းစားရင် အထဲက ဓါတ်တွေ ပြယ်မှာ စိုးလို့ တစ်ခါတည်း တစ်လုံးလုံးကို စားလိုက်တယ်။ ပြီးတော့ သွေးကြောမတွေ ထိခိုက်မှာ စိုးတဲ့အတွက် သွေးကြော ကာကွယ်တဲ့ ဆေးရည်ပါ သောက်ခဲ့တယ် ဆရာ”ပိုင်ဂျန်းရှန်က ရဲချန်ဖန်ကို လုံးဝ ယုံကြည်သွားသည်။
“ဟုတ်တယ်။ ကြယ်မီး သစ်သီးချည်းဆိုရင် အဆိပ် မဟုတ်ဘူး။ သူရဲ့ အစေ့က မီးအဆိပ် ပါနေတယ်။ ဒါကြောင့် မြို့တော်ဝန် ရဲ့ အဖေ သွေးကြောကာ ဆေးရည် သောက်လိုက်တဲ့အတွက် အဆိပ်တွေက ချွေးပေါက်တွေကနေ မထွက် နိုင်တော့ဘူး။ ဒါကြောင့် အဆိပ်တွေက ရိုးတွင်းချဉ်ဆီအထိ တိုက်စားပြီး ခုအခြေအနေ ဖြစ်လာတာပဲ။
“ဆရာချန် အဖေကို ကုသလို့ ရနိုင်သေးလား”
“အတက်နိုင်ဆုံး ကြိုးစားပေးမယ်။ ဘေးကပ်ပြီး တိတ်တိတ် နေပေးပါ။ မဟုတ်ရင် အမှားအယွင်း ဖြစ်လိမ့်မယ်”
ရိုးတွင်းချဉ်ဆီအထိ မီးအဆိပ် ရောက်သွားပါက ကုသရန် ခက်ခဲရှုပ်ထွေးသည်။ သို့သော် ကောင်းကင် အပ်ပညာသည် မီးအဆိပ်ကို နိုင်သည့်အရာ ဖြစ်သည်။
“ကျေးဇူးပါ ဆရာချန် ။ ဒါဆိုအဖေ့ကို ဆရာလက်ထဲ အပ်လိုက်ပြီ။ ရောဂါ ပျောက်ကင်းရင် ပိုင်ကလန်က သေချာပေါက် ကျေးဇူးဆပ်မှာပါ”
ရဲချန်ဖန် သည် ပိုင်ရှီရှန် ဘေးကို သွားလိုက်ပြီး သူ့ဝိညာဉ် စွမ်းအားကို ထုတ်လွှတ် လိုက်သည်။ ဝိညာဉ် စွမ်းအားကြောင့် အင်္ကျီများ ပြဲထွက်ကာ အရိုးပြိုင်းပြိုင်းနှင့် ခန္ဓာကိုယ် ထွက်​ပေါ် လာသည်။
ပိုင်ရှီအာ သည် သူမ အဘိုးအတွက် အလွန်ခံစား နေရသည်။ မျက်လုံးများပင် နီကာ သူမ၏ လှပသော ကိုယ်လုံးလေးသည် တုန်ယင်နေသည်။
“ရွစ်…”
ရဲချန်ဖန် အသက်ပြင်းပြင်း ရှူကာ အပ်များ ထုတ်လိုက်သည်။ သူဝိညာဉ် စွမ်းအား ထုတ်ကာ ကောင်းကင်အပ်ပညာနှင့် အပ်များကို စိုက်လိုက်သည်။
သားအဖ နှစ်ယောက်သည် ရဲချန်ဖန်၏ ထူးခြားသော အစွမ်းကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်ပြီး မယုံနိုင် ဖြစ်နေသည်။
ပိုင်ရှီရှန်၏ ခန္ဓာကိုယ် သွေးကြောမ တစ်ရာ့ရှစ်နေရာကို ငွေအပ်များနှင့် ထိုးစိုက် လိုက်သည်။ ထို့နောက် ဝိညာဉ် စွမ်းအား ပါသော အပ်များနှင့် နှိုးဆွကာ ချဉ်ဆီထဲရှိ အဆိပ်များကို ဖယ်ရှားတော့သည်။
“အဖေ သက်သာ သွားပြီ။ သူ အန္တရာယ် ကင်းပြီ”
ရဲချန်ဖန် အပ်များ ထိုးစိုက်နေစဉ် ပိုင်ရှီရှန်၏ ခန္ဓာကိုယ် အခြေအနေကို ပိုင်ဂျန်းရှန် လေ့လာနေသည်။ ပိုင်ရှီရှန် ချွေးပေါက်များမှ အပူငွေ့များ ထွက်လာသောအခါ သူ အရမ်း စိတ်လှုပ်ရှား နေသည်။
အစတွင် ရဲချန်ဖန် အဆိပ်ဖယ်ရှားသည်မှာ ချောမွေ့ နေသော်လည်း သူ့တွင် ဝိညာဉ်စွမ်းအား မလုံလောက်သည့် လိုအပ်ချက် ရှိလာသည်။ ထို့ကြောင့် ကောင်းကင် အပ်များကို ထိမ်းချုပ်ရန် ခက်ခဲ လာသည်။ သို့သော် ပိုင်ကလန်ဆီမှ ငွေတစ်သိန်းရရန် ရဲချန်ဖန် အံများ ကြိတ်ကာ တောင့်ခံနေသည်။ အပ်များအတွင်းကို ဝိညာဉ်စွမ်းအားများ အဆက်မပြတ် ဖြည့်သွင်းနေပြီး သန့်စင် အေးခဲသော စွမ်းအင်အဖြစ် ပြောင်းကာ အဆိပ်များ ဖယ်ထုတ် နေသည်။
တစ်နာရီကျော် ကြာပြီးနောက် အဆိပ်များ တိုက်စား ခံထားရသော ပိုင်ရှီရှန် ခန္ဓာကိုယ်တွင်းရှိ အဆိပ် တော်တော်များများ ပြယ်သွားသည်။
အားအင် ကုန်ခမ်းသွားသော ရဲချန်ဖန်သည် ငွေအပ်တစ်ရာ့ရှစ်ချောင်းကို ပြန်နှုတ် လိုက်သည်။ သူ၏ နဖူးတွင် ချွေးများသီးနေပြီး မောပမ်းနေလေသည်။
“တော်တော် ကောင်းသွားပြီ။ အကြီးကဲ ပိုင်ရှီရှန် မှာ အဆိပ်အများစု ပြယ်သွားပြီ”
“တော်တော် မြန်တာပဲ”
တော်ဝင် သမားတော်ပင် မကုနိုင်သော မီးအဆိပ်ကို တစ်နာရီလောက်နှင့် ကုလိုက်သဖြင့် ပိုင်ဂျန်ရှန် အရမ်းအံ့ဩ နေသည်။
“သူမနက်ကျ နိုးလာ လိမ့်မယ်။ မြို့တော်ဝန် မယုံရင် ငွေဆံပင် သမားတော်တွေကို စမ်းသပ်ခိုင်း လို့ရတယ်”
“ကောင်းပါပြီ။ ကျေးဇူးပြုပြီး အနားယူပါဦး ။ ဆရာချန်အတွက် အနားယူဖို့ အခန်းပြင် ထားပါတယ်။ သမီး ရှီအာ ဆရာချန်ကို လိုက်ပို့လိုက်”
ပြောပြီး ပိုင်ဂျန်ရှန်က ငွေဆံပင် သမားတော်များကို ရှာရန် ထွက်သွားသည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset