Chapter – 20 ဆိုးရွားတဲ့လှည့်ပတ်မှုတစ်ခုရဲ့ အဖြစ်အပျက်များ
” ဒါက ရှေ့မီနောက်မီလူကြီးတစ်ယောက်ရဲ့ အကြံကောင်းပဲ။ ထင်တာမမှားဘူးဆိုရင် တစ်ရက် နှစ်ရက်အတွင်းကို တစ်ခုခုဖြစ်လိမ့်မယ်။”
ကျောက်ခေတ်ရွာဟာ လှုပ်လှုပ်ရွရွဖြစ်လာပါတယ်။ သူတို့က ရှန်းနီမှော်သားရဲကောင်ကိုသာ သတ်ဖြတ်နိုင်မယ်ဆိုရင် သူတို့အနေနဲ့ကြီးမားတဲ့ရတနာသိုက်တစ်ခုရလိုက်သလိုဖြစ်မှာပါ။ ရှန်းနီမှော်သားရဲကောင်ရဲ့ သွေးတွေဟာ သန့်စင်လွန်းတာကြောင့် အရည်အသွေးကတော့ အံ့သြစရာကောင်းပါတယ်။ ဒါ့ကြောင့်လည်း အမှန်တကယ်ကို အရည်အသွေးကောင်းတဲ့ဆေးဝါးတွေဖော်စပ်လို့ ရနိုင်ပါတယ်။
( ရှန်းနီ . Suan Ni က တရုတ်ဒဏ္ဍာရီလာ ရှေးဟောင်းသားရဲကြီးပါ။ သူက ခြင်္သေ့နဲ့အနီးစပ်ဆုံးဆင်တူပြီး ရှေးဟောင်းအီဂျစ်မှတ်တမ်းတွေထဲက ခြင်္သေ့နဲ့ပိုဆင်ပါတယ်။ ရှောင်လင်တည်ထောင်သူတာမိုဆရာတော်ကြောင့် ဗုဒ္ဓဘာသာကလည်း တရုတ်ပြည်ကို ရောက်သွားခဲ့ပါတယ်။ ရှန်းနီသားရဲကိုတော့ ဟန်မင်းဆက်လက်ထက်က ဘုရားကျောင်းကန်တွေမှာ ကျယ်ကျယ်ပြန့်ပြန့်တွေ့ရမှာပါ။ မဟာယနဗုဒ္ဓအရှင်တွေရဲ့ စီးတော်သတ္တဝါအဖြစ်လည်း ပုံဖော်တတ်ကြပါသေးတယ်။ အခုနောက်ပိုင်းခေတ်တွေမှာတော့ ဘုရားကျောင်းကန်တွေရဲ့ အလှဆင်သားရဲတစ်ကောင်ဖြစ်နေပါပြီ။ ကျနော်တို့ ထေရဝါဒတွေရဲ့ စေတီမုဒ်ဦးတွေက ခြင်္သေ့တွေနဲ့ သဘောတရားခြင်းအတူတူပါပဲ။ ရှန်းနီရဲ့ မူရင်းဒေသကတော့ အာဖရိကတိုက်ဘက်ကဖြစ်မယ်လို့ သမိုင်းသုတေသီတွေက ယူဆကြပါတယ်။ ဒါပေမယ့် အရှေ့အနောက်သမိုင်းပညာရှင်တွေဟာ ရှန်းနီက ဒဏ္ဍာရီလာသားရဲဖြစ်တာကြောင့်လည်း သူ့ရဲ့ပုံသဏ္ဍာန်ကိုအတိအကျတော့ ဖော်ပြပေးနိုင်စွမ်းမရှိကြပါဘူး။ ရှန်းနီသားရဲကောင်ရဲ့ အကြောင်းကို ပိုပြီးသိချင်ရင်တော့ အောက်ကlinksကနေ သွားဖတ်လို့ရပါတယ်။
https://m.baidu.com/from=1012852y/bd_page_type=1/ssid=0/uid=0/pu=usm%405%2Csz%40320_1004%2Cta%40iphone_2_9.0_11_10.4/baiduid=66F46852CEBA65B2562BC0EC8871820C/w=0_10_/t=iphone/l=1/tc?ref=www_iphone&lid=14699009718251380792&order=1&fm=alop&isAtom=1&is_baidu=0&tj=sg_kg_entity_1_0_10_l3&wd=&eqid=cbfd5f75c6636000100000065d15e9e8&w_qd=IlPT2AEptyoA_yiGCU_jW5s6&bdver=1&tcplug=1&sec=39610&di=266d2f266231cc50&bdenc=1&nsrc=IlPT2AEptyoA_yixCFOxXnANedT62v3IJBOMLikK1De8mVjte4viZQRAWyPqLTrIBYDQcyPWowpzkmHO_HEeagVDn0dmpWoa7Xjkd4vhg_4MXw1OytgzJ2XHViUq53CsiPVJsNd5Q2A5Ampgy0S5 )
” ဟူး.. တကယ်ပဲ ရှေးဟောင်းမှော်သားရဲတွေကဆင်းသက်လာတာပဲ။ သူ့ရဲ့ သွေးကိုသာ သန့်စင်နိုင်ရင် ဟောင်အယ်ငါးနှစ်အရွယ်မှာလုပ်ပေးမဲ့ သွေးသန့်စင်ခြင်းမှာ သုံးလို့ရမှာပဲ..”
ရှီယွီဖန်းက အေးဆေးတည်ငြိမ်မနေနိုင်တော့ပါဘူး။ သူက စိတ်လှုပ်ရှားနေပြီး ချက်ချင်းတောင် ရှန်းနီမှော်သားရဲကြီးကို သွားသတ်ချင်နေပါပြီ။
” တောင်တန်းထဲကို အခြေအနေစုံစမ်းဖို့ လူနည်းနည်းလွှတ်ထားကြ။ ငါတို့ အဆင်သင့်ပြင်ထားရမယ်။ တစ်ခုခုဖြစ်တာနဲ့ ချက်ချင်းရောက်သွားဖို့ လိုတယ်။ ”
ကျောက်ခေတ်ရွာသားတွေဟာ တောင်တန်းထဲက အခြေအနေတွေကြောင့် အခါမလပ်စုစည်းနေကြတာပါ။ သူတို့တွေဟာ စိတ်လှုပ်ရှားနေသလို တစ်ချိန်တည်းမှာပဲ စိုးရိမ်ပူပန်လို့ နေကြပါတယ်။ သူတို့တွေဟာ ဒီလိုအခြေအနေမှာတော့ စိတ်တည်ငြိမ်အောင်ထားဖို့ဆိုတာကလည်း မလွယ်လှပါဘူး။
ရှီလင်းဟူ နဲ့ ရှီဖန်ကျင်းတို့အပြင် တခြားသန်မာတဲ့ရွာသားတွေတောင် စိုးရိမ်ပူပန်လို့နေကြပါသေးတယ်။ သူတို့ရဲ့ မျက်လုံးတွေဟာ နီရဲလို့တောင် လာပြီလေ။
***
” ငါထင်တာတော့ ရှန်းနီမှော်သားရဲက တားမြစ်နယ်နမိတ်ကို ကျော်လာမှာပဲ။ သူက တခြားမှော်သားရဲကောင်တွေနဲ့မှ မတူတာ။ မှော်သားရဲငှက်တွေတောင် ထွက်ပြေးသွားလို့ သဲလွန်စရှာမရတော့ဘူး..”
နောက်တစ်ရက်မှာတော့ ရွာသားတစ်ယောက်ဟာ ရွာထဲကို ပြန်ပြေး၀င်လာပြီး တောတန်းဒေသထဲမှာ သူမြင်လာခဲ့ရသမျှကြောက်စရာမြင်ကွင်းကို ပြန်ပြောပြနေပါတယ်။
ရွာအကြီးအကဲရှီယွီဖန်းဟာ ချက်ချင်းပဲ ကိုယ်ကိုလှည့်လိုက်ပြီး
” ငါတို့သွားသင့်ပြီ။ သွားကြစို့။ ငါတို့တွေချည်းပဲတော့ မဟုတ်လောက်ဘူး။ အာ့ဒါကြောင့်ပိုပြီး ဂရုစိုက်ကြ။ ရှန်းနီ ကိုလိုချင်တဲ့ တခြားရွာသားတွေပါ ရှိနေလောက်တယ်။”
” အဘိုးအကြီးအကဲ။ ကျွန်တော်လည်း လိုက်မယ်..”
ရှီဟောင်က ၀င်ရောက်တောင်းဆိုလိုက်ပါတယ်။ သူ့ရဲ့ လက်ရှိတိုက်ခိုက်ရေးစွမ်းအားဟာ အတော်လေးကို ဝိတ်လှုပ်ရှားစရာကောင်းနေတာကြာင့် ရွာသားတွေကတော့ ၀င်ရောက်ဟန့်တားတာမျိုးမလုပ်ကြပါဘူး။ သူက တော်တော်လေးကို ငယ်သေးပေမယ့်လည်း နည်းစနစ်ကြွယ်၀တဲ့ ပညာရပ်တွေကို တတ်မြောက်နေပါတယ်။ ဒါက သေရေးရှင်ရေးဖြစ်လာမယ်ဆိုရင်တောင် ကောင်းကောင်းအစွမ်းပြနိုင်ဦးမှာလေ။
ဂီး…
ရှောင်းရောင်၊ အားဖုန် နဲ့ ဇီယန်တို့ဟာ ရှီဟောင်ဆီကို ပြေးလာကြပြီး သူ့ရဲ့လက်မောင်းကို ခေါင်းနဲ့ပွတ်သီးပွတ်သပ်လုပ်လိုက်ကြပါတယ်။ သူတို့ကြားက ရင်းနှီးတဲ့ဆက်သွယ်ရေးကောင်းကို ဖန်တီးထားနိုင်ကြပုံပါပဲ။
” ဟေ့ကောင်လေးတွေရ.. တောင်တန်းဒေသအတွင်းပိုင်းက အရမ်းကို အန္တရာယ်များတယ်ဟ.. မင်းတို့အရွယ်မရောက်သေးဘဲ အန္တရာယ်များတဲ့နေရာကို ခေါ်မသွားနိုင်ဘူး။ ငါပြန်လာရင် ငါးသွားဖမ်းပေးမယ်။ ဒီကနေပဲ စောင့်နေကြနော်..”
ရှီဟောင်က ငှက်ပေါက်သုံးကောင်ငြိမ်သက်သွားအောင်မနည်းကြိုးစားနေရပြီး အန္တရာယ်များတဲ့အကြောင်းရှင်းပြနေပါတယ်။ အချိန်မတိုင်သေးဘဲ သူ့ကိုမကူညီဖို့ လင်းယုန်ငှက်ပေါက်တွေ သေချာစည်းရုံးထားဖို့လိုပါတယ်။ ဒီတစ်ခေါက်တောင်တန်းဒေသထဲ၀င်တာက ရှန်းနီမှော်သားရဲကြီးကို အမဲလိုက်ပြီး အဖိုးတန်အစိတ်အပိုင်းတွေကို ရှာတာက အလွန်အမင်းကို အန္တရာယ်များလှပါတယ်။ အရွယ်ရောက်ပြီးသား အကြေးခွံစိမ်းလင်းယုန်မှော်သားရဲရဲ့ အကူအညီကို ရတယ်ဆိုရင်တော့ အရာအားလုံးက အဆင်ပြေချောမွေ့သွားပါလိမ့်မယ်။
” တောင်တန်းထဲ ၀င်ကြစို့..”
ကင်းထောက်ရွာသားတွေဦးဆောင်ပြီး ရှန်းနီရဲ့ စားကျက်ရှိရာကို လမ်းပြခေါ်ဆောင်သွားပါတယ်။
” ဝေါ … ဝုန်း…”
ကမ္ဘာမြေပြင်တစ်ခုလုံး တုန်ခါထွက်လာပါတယ်။ အရမ်းကို ပြင်းထန်တဲ့မြေငလျှင်လိုတော်လဲသံကြီးဟာ သမုဒ္ဒရာကြမ်းပြင်အောက်က ပြတ်ရွေ့ကြောတွေကြောင့်ဖြစ်ပေါ်လာတဲ့ ဆူနာမီငလျှင်တစ်ခုအလား…။ ကျောက်ဆောင်ကျောက်ခဲတွေဟာ မိုးပျံနေကြပြီး တောင်တန်းဒေသတစ်ခုလုံး တုန်လှုပ်နေသလိုပါပဲ။ အခုဖြစ်ပျက်နေတဲ့ အခြေအနေဟာ အရမ်းကို ကြောက်မက်ဖွယ်ရာကောင်းနေပါတယ်။
” ရွာအကြီးအကဲ ကြည့်ရတာ ရှန်းနီမှော်သားရဲရဲ့ သက်တမ်းကုန်တော့မှာထင်တယ်။ သူမသေခင် ဂူထဲ၀င်ပြီး အသေသတ်မှ ဖြစ်မယ်။ ”
ရွာသားတစ်ယောက်က ရှေ့ဆုံးကနေပြေးသွားပြီး အခြေအနေကို အော်ဟစ်လို့ပြောလိုက်ပါတယ်။
” ငါတို့ မြန်မြန်သွားဖို့ လိုနေပြီ။ သွား …. မြန်မြန် သွားကြ..”
ရွာအကြီးအကဲရှီယွီဖန်းကလည်း အော်ဟစ်လို့ အလျှင်အမြန်ပဲ အမိန့်ပေးလိုက်ပါတယ်။
ကျောက်ခေတ်ရွာသားတွေဟာ တောင်တန်းဒေသအတွင်းပိုင်းထဲကို တဟုန်ထိုးပြေး၀င်သွားကြပါပြီ။ ရှန်းနီမှော်သားရဲရဲ့ သက်တမ်းဟာ ကုန်ဆုံးသွားတော့မှာပါ။ သူသေသွားပြီဆိုတာနဲ့ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက အဖိုးဖြတ်လို့မရနိုင်တဲ့ ရတနာသိုက်ကြီးတစ်ခုလိုပါပဲ။
” မြန်မြန်လေး ။ ဘယ်လိုတွေတောင် နှေးနှးကွေးကွေးသွားကြတာလဲ။”
ရှီလင်းဟူနဲ့ တခြားသူတွေဟာ အတော်လေစိုးရိမ်နေကြပါပြီ။ အာ့ဒီကို ပထမဆုံးရောက်သွားတဲ့သူတွေပဲ အရာအားလုံးကို ပိုင်ဆိုင်နိုင်မှာပါ။ ဘာလို့လဲဆိုတော့ နောက်ကျပြီးမှ ရောက်သွားရင် ဘာမှမရတော့မှာကို ကြောင်ရွံ့နေကြတာပါ။
မြေကမ္ဘာမိခင်ကြီးက သူ့ရဲ့သားသမီးတွေကိုထွေးပွေ့ထားဟန် လှပလွန်းတဲ့တောင်ကြီးတဝ်လုံးကို အခြားတောင်ထွတ်များစွာက အစီအရီခြံရံလို့နေပါတယ်။ အဆိုပါတောင်တန်းများစွာက အဆုံးအစမဲ့တည်ရှိနေသလို ရှေးကိတဲ့သစ်တောကြီးများကလည်း လူတိုင်းကို အလွန်အမင်းအံ့သြသွားစေပါတယ်။ သစ်ပင်ကြီးတွေရဲ့ ထိပ်ဖျားဟာ မီတာထောင်ချီမြင့်မားနေပြီး မိုးကောင်းကင်ကိုတောင် ထိုးဖောက်တော့မယောင်ထင်မှတ်ရစေပါတယ်။ သူတို့က ကောင်းကင်နဲ့မြေကြီးကို ဆက်သွယ်ပေးထားတဲ့ ပေါင်းကူးတံတားအလား တည်ငြိမ်လို့နေပါတယ်။ ဘယ်ရွေ့ဘယ်မျှ သက်တမ်းကာလရှိနေမှန်းမသိနိုင်တဲ့ စပျစ်နွယ်ပင်များကလည်း အပြိုင်းအရိုင်းတောထနေလို့ပါ။ သူတို့ဟာ သန်မာထွားကြိုင်းတဲ့လူငယ်တွေ တောင်ပေါ်ကိုတက်ရောက်သလို အားမာန်နဲ့ ကြီးမားများပြားစွာ ပွားစီးလို့နေပါတယ်။
ကျောက်ခေတ်ရွာသားတွေဟာ နေရာတစ်ခုကို ဦးတည်လို့ပြေးလွှားနေကြပါတယ်။ သူတို့ဟာ ရှန်းနီမှော်သားရဲကြီး သက်တမ်းကုန်ဆုံးတဲ့နေရာကိုရောက်ရှိလာချိန်မှာတော့ မွန်းကြပ်တဲ့ အငွေ့အသက်တွေကို ခံစားလိုက်ရပါတယ်။ ဒီလို လူတိုင်းကို မွန်းကြပ်စေတဲ့မောက်မာလှတဲ့အော်ရာတွေဟာ သားရဲတစ်သောင်းတို့ရဲ့ ရှင်ဘုရင် ရှန်းနီဆီကနေ ကြွင်းကျန်ရစ်ခဲ့တဲ့ အငွေ့အသက်တွေပါပဲ။
” တိတ်ဆိတ်လှချည်လား..”
လူတိုင်းဟာ တစ်ခုခုပုံမှန်မဟုတ်တာကို ခံစားလိုက်ရပါတယ်။ ဒီနေရာတဝ်၀ိုက်က အရမ်းကို တိတ်ဆိတ်လို့နေပါတယ်။ ဘာပဲဖြစ်ဖြစ် သားရဲတစ်သောင်းတို့ရဲ့ ရှင်ဘုရင် ရှန်းနီမှော်သားရဲကြီး သေဆုံးသွားအရပ်က အသံဗလံတစ်ခုတစ်လေလေးလောက်တော့ ကြားရသင့်ပါတယ်။
ကြောက်မက်ဖွယ်ရာ မှော်သားရဲတွေမပြောနဲ့ သာမန်သားရဲတွေရဲ့ အရိပ်အယောင်လေးတောင် မမြင်ရပါဘူး။ တေလေကြမ်းပိုးသားရဲကောင်တွေနဲ့ ပုရွတ်ဆိတ်တွေတောင် တွင်းအောင်းပြီး ပုန်းအောင်းနေကြတဲ့ပုံပါပဲ။ တောင်တန်းဒေသကြီးတစ်ခုလုံးက ပကတိတိတ်ဆိတ်ငြိမ်သက်လို့နေပါတယ်။
” ရှန်းနီသေခါနီး ရူးသွားပြီး မှော်သားရဲတွေကို လိုက်သတ်ပစ်လိုက်တာနေမယ်။ သားရဲငှက်တွေနဲ့ အပြေးမြန်တဲ့ အကောင်တွေပဲ လွတ်သွားတာနေမယ်..”
ရှီလင်းဟူက ပြောလိုက်ပါတယ်။
” တစ်ခုခုမှားနေပြီ..”
ရွာအကြီးအကဲရှီယွီဖန်းက ရုတ်တရက်ထပြောလိုက်ပါတယ်။ ဒီ့နောက်မှာ သူဟာ ရှီလင်းဟူကို ကြည့်လိုက်ပြီး အရေးကြီးတဲ့အသံနဲ့ ပြောဆိုလိုက်ပါတယ်။
” လင်းဟူ.. လောမကြီးနဲ့။ ရှန်းနီမှော်သားရဲအသေကောင်တောင် အရမ်းရှားပါးပြီးအဖိုးတန်တယ်။ ငါတို့ ငြိမ်ငြိမ်သက်သက်စောင့်ကြည့်ကြမယ်။ ပုံမှန်မဟုတ်တဲ့မှော်သားရဲတွေ ချုံခိုတိုက်ခိုက်လာရင် ငါတို့ ပရမ်းပတာဖြစ်ကုန်လိမ့်မယ်..”
ရှန်းနီမှော်သားရဲသေသွားတဲ့နေရာကို အစွမ်းထက်တဲ့ မှော်သားရဲကြီးတွေတဖြည်းဖြည်းချဉ်းကပ်လာပါတယ်။ သူတို့ရဲ့ ကိုယ်ပေါ်ကနေထွက်ပေါ်လာတဲ့ ကြောက်မက်ဖွယ်ရာအော်ရာတွေက လှိုင်းတံပိုးတွေလို အရပ်ဆယ်မျက်နှာကို ပြန့်နှံ့သွားပါတယ်။ ရှီဟောင်ရဲ့ မျက်လုံးတွေဟာ ရေခဲတွေလိုအေးစက်သွားပြီး ကျောရိုးတဝ်လျှောက်စိမ့်တက်လို့သွားပါတယ်။ သူဟာ ချက်ချင်းပဲ ရွာသားတွေကို ဆုတ်ခွာဖို့ သတိပေးလိုက်ပါတယ်။
ရှီဟောင်ရဲ့ စကားကြောင့် လူတိုင်းက သံသယစိုးစိမှ မရှိဘဲ မြန်မြန်ပဲဆုတ်ခွာသွားငြပါတယ်။ သူတို့က ရှန်းနီမှော်သားရဲကြီးရဲ့ သချိ င်္ု င်းဂူအနားတောင် မသီလိုက်ရပါဘူး။
” ကျုပ်တို့ တကယ်ပဲ လက်လျော့လိုက်ရတော့မှာလား။ အာ့ဒါက ထမ်းသွားဖို့တောင် တော်တော်ခက်မှာ..”
ရှီဖန်းကျင်းဟာ မယုံနိုင်စရာကောင်းလောက်မွန်းကြပ်စေတဲ့ ခံစားချက်ကြောင့် သူ့ရင်ဘတ်ကို သူပြန်ဖိထားရပါတယ်။
” ငါတို့ အခွင့်အရေးရလာတဲ့အထိ စောင့်ရမှာပဲ။ ပထမဆုံးက အလျှင်စလိုမလုပ်မိဖို့လိုတယ်။ လူတစ်ယောက်အတွက် အရေးကြီးဆုံးက အသက်ပဲ။ ရှန်းနီမှော်သားရဲက မယုံနိုငိလောက်အောင် စိတ်လှုပ်ရှားဖို့ကောင်းပြီး မိုးကောင်းကင်ကိုတောင် အန်တုနိုင်တဲ့ အစွမ်းတွေကို ပေးတယ်ဆိုရင်တောင် ငါတို့ ရချင်ရင် ကိုယ့်အသက်ကိုတော့ ကိုယ်စောင့်ရှောက်ရဦးမှာပဲ..”
ရှီယွီဖန်းက အလေးအနက်ထားပြောဆိုလိုက်ပါတယ်။ သူတို့က အရင်ဆုံးရောက်လာတာပါ။ ဒါပေမယ့် မြန်မြန်ဆန်ဆန်ပဲ ပြန်ဆုတ်ခွာလာရပါတယ်။ သူတို့တွေဟာ တောင်မြင့်မြင့်တစ်လုံးပေါ်တက်လိုက်ပြီး အခြေအနေတွေကို တိတ်တဆိတ်စောင့်ကြည့်နေလိုက်ကြပါတယ်။ ရုတ်တရက်ပဲ ဆယ်ချီတဲ့ လူတွေရဲ့ တောတိုးလာသံက ဆူညံစွာပေါ်ထွက်လာပါတယ်။ သူတို့က ရွာသုံးရွာကလာတဲ့ အသန်မာဆုံးသော လူတွေပါပဲ။ ဒါပေမယ့် သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကတော့ အတူတူပါပဲ။ သူတို့က ရှန်းနီရဲ့ အသားကို ရယူဖို့ တောင်ပေါ်ဂူဆီကို တဟုန်ထိုးပြေးတက်သွားကြပါတယ်။
” မျှော်လင့်ထားတဲ့အတိုင်းပဲ။ ရှန်းနီရဲ့ အဖိုးတန်တဲ့အစိတ်အပိုင်းတွေကို အငမ်းမရလိုချင်တဲ့သူတွေက မနည်းမနှောပါလား။ ဒီတောင်တန်းဒေသထဲမှာ နေတဲ့လူတိုင်းကို သတိထားမှ ဖြစ်တော့မယ်။”
ရွာသုံးရွာက လူတွေဟာ တစ်ယောက်ရဲ့အကြံကို တ်ယောက်က သိလိုက်ပြီး ချက်ချင်းပဲ တိုက်ပွဲစတင်ကြပါတော့တယ်။ အော်ဟစ်မာန်သွင်းသံ၊ တံပိုးခရာမှုတ်သံတွေနဲ့ တိုက်ပွဲစတင်ရာ တောတန်းတဝ်လျှောက်လဆူညံပွက်လောရိုက်လို့သွားပါတယ်။
” ဝူး … ။ ”
ရုတ်တရက်ပဲ မှော်သားရဲပေါင်းများစွာက အသေအကြေတိုက်ခိုက်နေကြသူကို ရဲတောက်နေတဲ့ မျက်လုံးတွေနဲ့ကြည့်ပြီး ပေါ်ထွက်လာပါတယ်။ သူတို့တွေဟာ ရှန်းနီမှော်သားရဲကြီးကောင်အတွက် တိုက်ပွဲ၀င်နေကြတဲ့လူသားတွေကို ချက်ချင်း၀င်မတိုက်သေးဘဲ နှုတ်ခမ်းသပ်လိုက်ကြပါတယ်။
တစ်ချိန်တည်းမှာပဲ, စူးရှကျယ်လောင်တဲ့ အော်မြည်သံကြီးတွေဟာ မိုးကောင်းကင်ကနေ ပေါ်ထွက်လာပါတယ်။ လေမုန်တိုင်းကျဆင်းလာတဲ့အလား တောင်ပံခတ်သံတွေ ထွက်ပေါ်လာပြီး မှော်သားရဲငှက်မိစ္စာပေါင်းများဟာ တဟုန်ထိုးရောက်ရှိလာကြပါတယ်။ သူတို့တွေဟာ အနှစ်နှစ်အလလက မစားမသောက်ရသေးတဲ့အလား တိုက်ပွဲ၀င်နေတဲ့ လူသားတွေကို လျှပ်တပြက် အလစ်သုတ်ကာ တိုက်ခိုက်စားသောက်ကြပါတော့တယ်။ မှော်သားရဲငှက်မိစ္စာတွေရောက်ရှိလာချိန်မှာတော့ မြေပြင်တစ်ခုလုံး သွေးညှီနှံ့တွေ ဖုံးလွှမ်းသွားပါတယ်။
ဒါဟာ လူသားတွေအတွက် သွေးချောင်းစီးစေသွားတဲ့ မြင်ကွင်းဖြစ်လို့သွားပါတယ်။ ရှန်းနီမှော်သားရဲအတွက် ရန်စောင်တိုက်နေကြသူတွေတဲ့ဆိုတဲ့ အသိကိုတောင် ပျောက်ဆုံးသွားစေတဲ့အထိ အခြေအနေကို စောင်ကြည့်နေကြတဲ့ ကျောက်ခေတ်ရွာသားတွေ ရင်နာသွားကြပါတယ်။ သူတို့လို လူသားမျိုးနွယ်တူတွေကို မှော်သားရဲငှက်မိစ္စာတွေက တိုက်ခိုက်စားသောက်ပစ်လိုက်တာလေ။ သိပ့်မကြာခင်မှာပဲ မှော်သားရဲငှက်မိစ္စာတွေနဲ့ ကြမ်းကြုတ်တဲ့ မှော်သားရဲတွေအားလုံး ယာယီဆုတ်ခွာသွားကြပါတယ်။ ဒါဟာ အရမ်းကို ဘေးအန္တရာယ်များတဲ့ သေခြင်းရှင်ခြင်းအခြေအနေပါပဲ။
****