Switch Mode

Chapter – 8

လူလိမ်

အခန်း (၈)
လူလိမ်

အနက်ရောင် အင်္ကျီဝတ်ထားပြီး ငွေရောင်ဆံပင်နှင့် ရွှေရောင်မျက်မှန် တပ်ထားသော အဘိုးအို တစ်ယောက် ဝင်လာသည်။ သူ၏ ရင်ဘက်တွင် အလွန်ထူးခြားသော ရင်ထိုးကို တပ်ဆင်ထားပြီး ဟန်ပန်အမူအရာ ကင်းမဲ့နေသည့် ရဲချန်ဖန်ကို စိုက်ကြည့် လိုက်သည်။
“အဆောင် ရောင်းချင်တဲ့ သူက မင်းလား”
ရဲချန်ဖန် ခေါင်းညိတ်ပြီး အဆောင်ကို ထုတ်ယူ လိုက်သည်။
“ကျွန်တော် တန်ဖိုးကို အရင်ဖြတ်ပြီးမှ ရောင်းချင်တယ်”
ရဲချန်ဖန် အဆောင်ကို အဘိုးအိုဆီ ပေးလိုက်သည်။
အဘိုးအို အဆောင်ကို ကြည့်ပြီး မျက်ခုံးများ ပင့်သွားသည်။ အဆောင် စီရင်ထားသည့် စက္ကူကြောင့် ဖြစ်သည်။ စက္ကူသားမှာ ငွေတစ်ရာလောက်သာ တန်ဖိုးရှိသည့် အပေါစား ဖြစ်နေသော ကြောင့်ဖြစ်သည်။
စက္ကူသားကြောင့် အဆောင်၏ စွမ်းရည် မထိခိုက်သော်လည်း မြင့်မြတ်သော အစီအရင် ပညာရှင်များသည် ကိုယ်အဆင့်ကို ချ၍ အပေါစား စက္ကူကို သုံးမည် မဟုတ်ပေ။ နောက်တစ်ချက်မှာ အဆောင်တွင် နာမည်ကြီး ပညာရှင်၏ အမှတ်အသား တံဆိပ် မပါရှိခြင်းပင်။ အဆောင်မှ အစွမ်းကြီးသည့် အရောင်အဝါသာ ထွက်မနေလျှင် သူ စိတ်ရှည်ရှည်နှင့် စစ်ဆေးနေမည် မဟုတ်ပေ။
ငါးမိနစ်ခန့် ကြာပြီးနောက် အနက်ရောင် အဘိုးအို အဆောင်ကို စစ်ဆေးပြီး သွားသည်။
“အစီအရင်ကတော့ အပြည့်အစုံပဲ။ ဒါကို ဘယ်လို ရလာလဲဆိုတာ သိချင်တယ်”
ရဲချန်ဖန်ကို ကြည့်ပြီး နှေးကွေးစွာ ပြောလိုက်သည်။
“ဝမ်းနည်းပါတယ်။ အဲဒါက လျှို့ဝှက်ချက်မို့ပါ”
သူ တောင်းပန်သံနဲ့ ပြောလိုက်သည်။ မဖြစ်နိုင်သည့် အခြေအနေမှလွဲ၍ သူ့ လျှို့ဝှက်ချက်ကို အသိခံမည် မဟုတ်ပါ။ သူပြောလိုက်ပါက ကပ်ဆိုး ကျလာပေမည်။
“အစီအရင်က အရမ်း ထူးဆန်းတယ်။ ငါတောင်မှ တစ်ခု နှစ်ခုလောက်ပဲ နားလည်တယ်။ ဒါကြောင့် တန်ဖိုးမှန်ကို ဖြတ်လို့ မရဘူး။ တကယ်လို့ အဆောင်ရဲ့ ဇစ်မြစ် မသိရဘူးဆိုရင် အဖြူရောင် တိမ်တိုက်ဆိုင်က အောက်စျေးပဲ ပေးနိုင်မယ်”
အဘိုးအိုက အဆောင်တွင် နက်နဲ့သည့် အစီအရင် ပါဝင်မှန်း ခံစားရသော်လည်း မစွန့်စားရဲချေ။
“အနိမ့်ဆုံး ဘယ်လောက် ရမလဲ”
“သုံးထောင်…”အဘိုးအိုက လက်သုံးချောင်း ထောင်ပြီး ပြောလိုက်သည်။
“သုံးထောင်ထဲ… ”
အဘိုးအို ပေးသည့်စျေးကို သူဆွံအ သွားသည်။ အဘိုးအို ပေးသည့် စျေးသည် အဆောင် လုပ်သည့် တန်ဖိုးနဲ့ တူညီနေသည်။ ရေးဆွဲသည့် တန်ဖိုးပင် မပါဝင်ပေ။
“အဆောင်တန်ဖိုးကို စစ်ဆေးဖို့ တခြားနည်း မရှိဘူးလား”
“ရှိတယ်။ မင်းကိုယ်တိုင် အသုံးချ ကြည့်မှ သိမယ်”
“နားလည်ပါပြီ။ အနှောက်အယှက် ပေးမိတာ ဝမ်းနည်းပါတယ်”
ရောင်းရန် မျှော်လင့်ချက် မရှိတော့၍ သူတွယ်ကပ် မနေတော့ပေ။ သူထထွက်လာ ခဲ့တယ်။
အဖြူရောင် တိမ်တိုက်ဆိုင်မှ သူထွက်လာပြီးနောက် သူလက်မလျှော့ဘဲ ရလိုရငြား တခြားဆိုင်များသို့ သွားကြည့်သည်။
ထိုဆိုင်များတွင် စျေးဖြတ် စစ်ဆေးသူပင် မရှိဘဲ အဆောင်ကို အတုဟု သံသယ ဝင်ကြသည်။ တချို့ဆိုင်ဆိုလျှင် မောင်းထုတ် ကြသည်။
“အင်း ကြည့်ရတာ တစ်မြို့လုံး ပစ္စည်းကောင်းကို မသိကြဘူးပဲ”
“တန်ဖိုးသိတဲ့လူကို ဘယ်နား သွားရှာရမလဲ”
များပြားလှတဲ့ လူအုပ်ကြီးကို ကြည့်ပြီး သူစိတ်ဓါတ်ကျ နေသည်။
သူ ဝယ်မည့်သူ မရှာနိုင်ပါက သူကြိုးစားသမျှ သဲထဲရေသွန် ဖြစ်ပေမည်။ သူ ထရိန်နင်အတွက် လိုအပ်သည့် ပစ္စည်းများ ဝယ်ရန် ပိုက်ဆံလိုသည်။
သူ့ထရိန်နင်အတွက် လိုအပ်သည့် ပစ္စည်းများ မရှိပါက နတ်ဦးနှောက်နှင့် ဝိညာဉ်စုပ် သိုင်းရှိလည်း သူကျင့်ကြံခြင်းကို နှေးကွေး သွားစေနိုင်သည်။
“ဟာ ဟုတ်ပြီ။ ဆုငွေပေးမယ့် ကြော်ငြာစာပဲ”
ရဲချန်ဖန် ရည်ရွယ်ချက်မရှိဘဲ လျောက်ပတ်ရင်း မြို့လယ် ရောက်သွားသည်။ လူပေါင်းများစွာ စုဝေးနေပြီး အနီရောင် နံရံရှိ ကြော်ငြာစာအကြောင်း ပြောဆို နေကြသည်။ သူအနားသို့ ကပ်ပြီး စာကို ဖတ်လိုက်သည်။
“မြို့တော်ဝန်မှ အလွန်အမင်း ဖျားနေသည့် သူ့ အဖေကို ကုသပေးနိုင်သည့် မည်သည့် သမားတော်မဆို ဆုငွေတစ်သိန်း ပေးမည်”
ရဲချန်ဖန် ကြော်ငြာကို မြင်ပြီးနောက် မျက်လုံးမှ အရောင်ထွက် သွားသည်။ သူ ပိုက်ဆံအကြောင်း စဉ်စားပြီး စိတ်ပူနေသော်လည်း သူထံ အခွင့်အရေး ရောက်လာသည်။
“ငါသာ ငွေတစ်သိန်း ရမယ်ဆို ခုအခြေအနေကို ပြောင်းလဲလို့ ရပြီ။ အဲအချိန်ကျရင် အဆောင်ကို ရောင်းမရလည်း ကိစ္စမရှိဘူး”
သူ မြို့တော်ဝန် ရဲတိုက်ဆီ သွားပြီး ကောင်းကင်အပ်ပညာသည် သွေးကြောကို သန့်စင်ပြီး အနာရောဂါမျိုးစုံ ကုသနိုင်လား သွားစမ်းသပ်ရမည်။ သူ မနက်ဖြန် မြို့တော်ဝန် ရဲတိုက်ဆီ သွားပြီး ဆေးကုရမည်။
ညအချိန်တွင် ကောင်းကင်တွင် ကြယ်များ မှိတ်တုတ်မှိတ်တုတ် တောက်ပနေပြီး ကမ္ဘာမြေ တစ်ခွင်မှာ အေးချမ်း သာယာ နေသည်။
“ကောင်းကင်အပ် ”
သူ နွားအမွေးကဲ့သို့ ပါးလွှာသည့် ငွေရောင်အပ် ဆယ့်နှစ်ချောင်းကို ထုတ်ယူလိုက်ပြီး ဝိညာဉ် စွမ်းအားများကို ထည့်သွင်း လိုက်သည်။ သူ အထူးနည်းလမ်း သုံးကာ သူလက်ရှိ သွေးကြောမကြီး ဆယ့်နှစ်ခုထံ ထိုးသွင်း လိုက်သည်။ ရုတ်တရက် သူ့လက် အငွေ့ပျံသလို ဖြစ်ပြီး အပူ၊ အအေး နှစ်ခုလုံး သူလက်တစ်လျောက် ပျံ့နှံ့ကာ သက်တောင့် သက်သာ ခံစားလိုက် ရသည်။ သူ နောက်ထပ် အပ်ဆယ်ချောင်း ထုတ်ယူကာ လက်ရှိ သွေးကြောမများထံ ထိုးသွင်း လိုက်ပြန်သည်။
တစ်ချိန်တည်းမှာပင် မှားထိုးမိသည့် အပ်နှစ်ချောင်း နေရာမှ နာကျင်လာပြီး သွေးများ ထွက်လာသည်။
ကြည့်ရသည်မှာ သူ့ပညာရပ် တစ်ခုလုံး မကျွမ်းဝင် သေးချေ။ လက်မောင်းမှ အပ်များကို ဖယ်ရှားလိုက်ပြီး သူမျက်လုံး ပိတ်ကာ အမှားလိုက်ရှာသည်။ ထို့နောက် သူနောက်ထပ် တစ်ဖန် လေ့ကျင့်တော့သည်။
တစ်ညလုံး လေ့ကျင့်ပြီး နောက်တွင် မယုံနိုင်စရာ ပါရမီရှင်ဖြစ်မည့် ရဲချန်ဖန်သည် ထူးဆန်းနက်နဲသော ကောင်းကင်အပ် ပညာ၏ ကိုးဆယ် ရာခိုင်နှုန်းကို ဆုပ်ကိုင်မိ သွားသည်။ သူ လိုအပ်သည်မှာ အတွေ့အကြုံပင်။
မနက် မိုးသောက်သည်နှင့် သူ မျက်နှာဖုံး စွပ်ကာ မနေ့က ဝယ်ခဲ့သည့် ဆေးလွယ်အိတ် အသေးလေးကို လွယ်၍ မြို့တော်ဝန် ရဲတိုက်ဆီ ထွက်လာခဲ့သည်။
“သမားတော်တွေ အများကြီးပါလား”
မြို့တော်ဝန် ရဲတိုက် ရောက်ချိန်တွင် ပုံမှန်အားဖြင့် အမြဲပိတ်ထားသည့် တံခါးကို အကျယ်ကြီး ဖွင့်ထားလေသည်။ မြို့တော်ဝန် ရဲတိုက်ရှေ့တွင် ခေါင်းမွှေးဖြူနေသည့် သမားတော် တစ်ဒါဇင်ကျော် စုဝေးပြီး အကြောင်းအရာ တစ်ခုကို ဆွေးနွေး နေကြသည်။
မျက်မှောင်များကြုတ်ကာ စဉ်းစားနေသည်ကို ကြည့်ခြင်းဖြင့် သူတို့ အကြီးအကဲ ပိုင်ရှီရှန် ရောဂါ မကုသ နိုင်ကြောင်း ထင်ရှားနေသည်။
သူတို့ မျက်လုံးများကို ကြည့်ရင်း သူယုံကြည်ချက် နည်းနည်းလျော့ သွားသည်။
သူ မြို့တော်ဝန် ရဲတိုက်ထဲသို့ လှမ်းဝင် လိုက်သည်။ ဤနေရာကား မြို့တော်ဝန် ရဲတိုက် ဖြစ်သောကြောင့် သာမန်လူ ဝင်လို့မရချေ။ သူ ဝင်လိုက်သည်နှင့် အဘိုးအို တစ်ယောက်ကို တွေ့လိုက်သည်။ ငွေရောင် ဆံပင်နှင့် နက်ပြာရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး မျက်လုံးတစ်ဝိုက် အရေးကြောင်းများနှင့် ပြည့်နေသည်။ အဘိုးအိုသည် ရဲတိုက်ထဲမှ ထွက်လာပြီး မောက်မာစွာ သတိပေး လိုက်သည်။
“ကျွန်တော် ကြော်ငြာတွေ့လို့ အကြီးအကဲကို ကုသဖို့ လာခဲ့တာ”သူ အသံဖျက်ပြီး ပြောလိုက်သည်။
“မင်းက သမားတော်လား”
သူလာသည့် ရည်ရွယ်ချက်ကို ကြားပြီးနောက် အိမ်တော်ထိန်း အံ့ဩ သွားသည်။ ရဲချန်ဖန်ကို သံသယ မျက်လုံးများနှင့် ကြည့်လိုက်သည်။
ရဲချန်ဖန် မျက်နှာဖုံးကြောင့် အသက်ကြီးရင့်သည့်ပုံ ပေါ်သော်လည်း သူ၏ ငယ်ရွယ်နုပျိုသည့် အော်ရာမှာ ဖုံးကွယ်၍ မရချေ။ ဝတ်ထားသည်မှာလည်း စျေးပေါပြီး သမားတော် အတုဟု သံသယ ရှိလာလေသည်။
“ဘယ်တောသားက ဝင်လာတာလဲ။ မြန်မြန် ထွက်သွား။ မဟုတ်ရင် မင်း ခြေထောက်ကို ရိုက်ချိုး လိုက်မယ်”
အိမ်တော်ထိန်း ရဲချန်ဖန် နှင့် အငြင်းပွါးနေစဉ် ဝတ်ကောင်း စားကောင်းများ ဝတ်ထားသည့် ယောက်ျား ပီသသည့် လူတစ်ယောက် ထွက်လာသည်။ စျေးပေါသည့် အဝတ်အစား၊ ဆေးသေတ္တာငယ် ကိုင်ထားသည့် ရဲချန်ဖန်ကို ခပ်ရိုင်းရိုင်း ဆဲလိုက်သည်။
“စစ်သားတွေ မင်းတို့ ဘာလုပ်နေတာလဲ။ သူ့ကို ဘာလို့ လွှတ်ထားတာလဲ”
ထိုလူကို တစ်ချက် ကြည့်လိုက်သည်နှင့် ဘယ်သူမှန်း သိလိုက်သည်။ ထိုသူသည် သူ၏ အဖြူရောင် နန်းတော် အကယ်ဒမီမှ သူ့အတန်းဖော် ဖြစ်သည်။ အဖြူရောင် အင်ပါယာမှ ချမ်းသာသော လန်ကလန် လျန်းလျန် စစ်တပ်မှ ဒုတိယ သခင်လေးဖြစ်သည်။
“ငါသွားမယ်။ ဒါပေမဲ့ မင်း နောင်တ မရစေနဲ့။ ဘာလို့လဲဆိုတော့ အကြီးအကဲကို ကုနိုင်တာ ငါပဲရှိတယ်”
ရဲချန်ဖန် လျန်းလျန် စစ်တပ်ကို ကြည့်ပြီး အလေးအနက် ပြောလိုက်သည်။
“ဆရာ ခဏနေပါအုန်း”
ရဲချန်ဖန် လှည့်ပြန်မည့် အချိန်တွင် အရပ်ရှည်ပြီး ကျက်သရေရှိသည့် မိန်းမပျိုလေး ရောက်လာကာ သူကို ရပ်ဖို့ ပြောလိုက်သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset