Switch Mode

Chapter – 7

ရွှေ ရှာပြီ

အခန်း (၇)
ရွှေရှာပြီ

ရဲချန်ဖန်၏ လက်များသည် အစီအရင် လမ်းညွှန်ချက်များအတိုင်း ရွှေ့လျား နေသည်။ ရွှေအပ်စီရင်ရန် ဝိညာဉ်စွမ်းအား လိုအပ်သည်။
ရွှေအပ် အဆောင်သည် တိုက်ခိုက်ရေး အဆောင်များထဲတွင် အနိမ့်ဆုံးအဆင့် ဖြစ်ကာ နှစ်ဆင့် တိုက်ခိုက်သည့် အဆောင် ဖြစ်သည်။
ရဲချန်ဖန်၏ အဆင့်သည် အလွန်နိမ့်သည့်အပြင် ဝိညာဉ်စွမ်းအားလည်း အလွန် နည်းပါးသည့်အတွက် အဆောင်ကို ခက်ခက်ခဲခဲ ရေးဆွဲရခြင်း ဖြစ်သည်။ သူအဆင့်ထက် ကျော်လွန် ရေးဆွဲခြင်းဖြစ်၍ သူ့တွင် အလွန်အစွမ်းထက်သော ဝိညာဉ်စုပ်သိုင်း သာမရှိပါက မဖြစ်နိုင်​ပေ။ နာရီဝက်လောက် ကြာပြီးနောက် အဝါရောင် ကျောက်စိမ်း စက္ကူ​ပေါ်တွင် မျဉ်းနှစ်ကြောင်း ပေါ်လာပြီး အလင်းရောင် တောက်ပ လာသည်။ အစီအရင် ပုံပေါ်လာပြီးနောက် တိုက်ခိုက်မှု အစွမ်းထက်လာရန် သားရဲတိရစ္ဆာန်ရဲ့ သွေး၊ ကြယ်သဲမှုန်၊ အရည်အသွေးမြင့် မီးအမှုန့်တို့နှင့် ပေါင်းစပ်ရမည်။ အားလုံး ပေါင်းစပ်လိုက်ပါက အလွန် အစွမ်းထက်သော အစွမ်း ရှိလာမည်။
ရဲချန်ဖန် မျက်လုံးပိတ်ပြီး သူစွမ်းအင်တွေ ပြန်ဖြည့်တင်း နေသည်။ ထို့နောက် ဝိညာဉ် စွမ်းအင် ထုတ်ပြီး သားရဲတိရစ္ဆာန်ရဲ့ သွေးကို အဆောင်နဲ့ ပေါင်းစပ် လိုက်သည်။
သူ့လက် လှုပ်ရှားမှု မြန်သထက် မြန်လာပြီး သားရဲတိရစ္ဆာန်ရဲ့ သွေးမှာ အသက်ဝင် လာသည့်နှယ် အဆောင်နဲ့ ပေါင်းစည်း နေသည်။
ရွှေအပ် အဆောင်သည် သေးငယ်သော်လည်း အစွမ်း အလွန်ထက်သည်။ အဆောင်နှင့် တိုက်ခိုက်ခံရပါက ဝိညာဉ်သခင်အဆင့် အနေဖြင့် သေဆုံးသွားမည်မှာ သံသယ ရှိစရာ မလိုပေ။
ဆယ်မိနှစ်ခန့် ကြာပြီးနောက် အစီအရင်သည် တည်ငြိမ်လာပြီး အရေးကြီးသည့် အချိန် ရောက်လာသည်။ အတိမ်းအစောင်း တစ်ချက်လေးဖြင့် အားလုံး ကျရှုံးသွားနိုင်သည်။
အစတွင် သူ အရာအားလုံးကို ဂရုတစိုက် ထိန်းချုပ်ထားပြီး အဆောင်နှင့် ပေါင်းစပ် နေသည်။ တဖြည်းဖြည်းနှင့် စွမ်းအင် ကုန်ဆုံးမှု မြင့်လာပြီး ဝိညာဉ်ပေါင်းစပ်မှု ယိမ်းယိုင် လာသည်။
ဝိညာဉ် ပေါင်းစပ်မှု ယိမ်းယိုင်လာမှုနှင့်အတူ ပေါင်းစည်းမှု ချို့ယွင်းသွားပြီး အဆောင် လောင်ကျွမ်း ပြာကျသွားသည်။
ပြာများကို ကြည့်ပြီး သက်ပြင်းချ လိုက်သည်။ ဒင်္ဂါးသုံးထောင် ပလုံသွားသည်။ ပုံမှန်အတိုင်း ဆိုပါက သူ အသုံးစရိတ်သည် တစ်နှစ်လုံးနေမှ ဒင်္ဂါးသုံးထောင် မကုန်ချေ။
“အစီအရင် ရေးဆွဲတာ အရမ်း ပိုက်ဆံကုန်တာပဲ။ သာမန်လူတော့ တက်နိုင်မှာ မဟုတ်ဘူး”
သူ အသဲပါအောင့် သွားသည်။
သူဘာကြောင့် မအောင်မြင်လဲဆိုတာ စဉ်စားလိုက်သည်။ ထိုနောက် စီရင်နေစဉ် လိုအပ်ချက် ပြဿနာများကို တွေ့လိုက်သည်။
သူ့ဝိညာဉ် စွမ်းအားသည် အချိန်တိုအတွင်း တိုးတက်ဖို့ မဖြစ်နိုင်ရာ သူအောင်မြင်လိုပါက မလိုအပ်သော စွမ်းအင် ကုန်ဆုံးမှု မဖြစ်စေရန် အမှားနည်း နိုင်သမျှ နည်းမှရမည်။ သို့မှသာ အောင်မြင်ရန် အခွင့်အရေး ရှိနိုင်မည်။
တစ်နာရီခန့် ကြာပြီးနောက် သူစွမ်းအင် နဂိုအခြေအနေ ပြန်ရောက်ပြီး သူ့ခန္ဓာကိုယ် အကောင်းဆုံး အခြေအနေ ပြန်ရောက် လာသည်။ ထို့နောက် အဆောင်ကို ဒုတိယအကြိမ် စတင် စီရင်တော့သည်။
ရဲချန်ဖန် အရင် အတွေ့အကြုံ ရှိနေသော်လည်း နောက်ဆုံး အခိုက်အတန့်တွင် စွမ်းအင် မလုံလောက်ဘဲ ယိမ်းယိုင်ကာ ပေါင်းစပ်မှု ချို့ယွင်း၍ မအောင်မြင် ပြန်ပေ။
“ငါ မအောင်မြင် ဘူးပဲ။ နောက်ထပ် သုံးထောင်တော့ သွားပါပြီ”
“ဘန်း…”“မအောင်မြင်ဘူး”
“နောက်တခေါက်…”
“နောက်တခေါက်…”
သူ့တွင် အတွေ့အကြုံ ရှိလာသော်လည်း ကံဆိုးလွန်း နေသည်။ သူရှစ်ကြိမ် ဆက်တိုက် ကျရှုံးပြီးနောက် အဆောင်ရေးသည့် ပစ္စည်းများ ကုန်သွားသည်။
သူ ကျရှုံး​သော်လည်း သူရေးဆွဲရာတွင် ပိုမိုကျွမ်းကျင် လျင်မြန်လာသည်။
မိနှစ်နှစ်ဆယ်ခန့် ကြာပြီးနောက် သူထပ်မဲ၍ စတင် စီရင်တော့သည်။ သားရဲ တိရစ္ဆာန်ရဲ့သွေး၊ ကြယ်သဲမှုန်၊ အရည်အသွေးမြင့် မီးအမှုန့်များ စတင် ပေါင်းစပ် နေသည်။ ပေါင်းစပ်နေသည့် အချိန်တွင် ရဲချန်ဖန် ဝိညာဉ် စွမ်းအင် အများအပြား သုံးစွဲလိုက်သဖြင့် မူးနောက် လာသည်။
အသဲအသန် ကြိုးစားပြီး အစီအရင်မှ စွမ်းအင်များ တည်ငြိမ်စေရန် သူလျာ သူကိုက်ကာ အသိစိတ် မပျောက်အောင် ထိန်းလိုက်သည်။
“ဖြူး…တော်သေးတယ်။ သီသီလေးပဲ လိုတယ်။ နောက်တစ်ခေါက် ရှုံးတော့မလို့”သူ ဒီတစ်ခေါက် မအောင်မြင်ပါက ပြန်လာရန် ခက်ခဲသွားမည်။
ငါးမိနစ်ခန့် ကြာပြီးနောက် သူ့ဝိညာဉ် စွမ်းအင် ကုန်ဆုံးမလို ဖြစ်လာသည်။ အစီအရင် စာရွက်ပေါ်၌ ရွှေရောင် အလင်းတန်း ထွက်ပေါ်လာသည်။ ရွှေအပ် အစီအရင် အောင်မြင် သွားသည်။
သူအရှေ့တွင် လွှင့်မြောနေသည့် ရွှေအပ် အဆောင်ကို ကြည့်ပြီး သူ့စိတ်ပေါ့ပါးပြီး အလွန်ပျော် သွားသည်။
ဤရွှေအပ် အဆောင်ကြောင့် သူကြိုးစားသမျှ ပြန်ရတော့မည်။ ဒါအပြင် ရွှေအပ် အဆောင် စီရင်နိုင်မှုကြောင့် သူ့ဝိညာဉ်ကို ပိုမိုထိန်းချုပ် လာနိုင်ပြီး သူဝိညာဉ်သည်လည်း ပိုမိုသိပ်သည်း လာသည်။
“ဒီရွှေအပ် အဆောင်ကို ရောင်းရင် ဘယ်လောက်လောက် ရနိုင်မလဲ။ ငါးသောင်းလောက် ရမယ်ထင်တယ် ။ ဟားဟား… ”
သူ ရဲမိသားစုတွင် ကြီးပြင်းလာသူဖြစ်ရာ အလယ်အလတ် အဆင့်အဆောင်သည် အနည်းဆုံး သိန်းဂဏန်းဖြင့် ရောင်းချလေ့ ရှိတာ သိထားသည်။ နာမည်ရှိသော အစီရင် ပညာရှင်ဆို စျေးပိုရလေ့ ရှိသည်။
သူ၏ပညာသည် ဇီကျင်နိုင်ငံရှိ ပညာများထက် များစွာသာလွန် နေသည်။ သူ၏ အဆောင်ပုံစံ၊ အရည်အသွေးအရဆိုလျှင် စျေးကွက်ထဲရှိ အဆောင်များ မနှိုင်းယှဉ်နိုင်ပေ။
သို့သော် သူသည် နာမည်မရှိ ခုမှစ စီရင်သူ ဖြစ်သောကြောင့် စျေးကို အများကြီး ချထားသည်။ သူနာမည်ရပြီး အရင်းကြေရန်သာ မှန်းထားသည်။
“ဒီမြို့မှာ ပစ္စည်းကောင်း သိတဲ့လူရှိရင် ကောင်းမယ်။ မဟုတ်ရင် ငါတော့ ရောင်းရ ခက်ပြီ”
နောက်မနက်တွင် နေမင်းသူရိန်သည် အရှေ့အရပ်မှ ထွက်လာသည်။ ရဲချန်ဖန် မျက်နှာဖုံးစွပ်ပြီး မနက်ခင်း အလင်းရောင် အောက်တွင် လမ်းလျောက် နေသည်။ သူ အထပ်သုံးထပ် ရှိသော ကျောင်းဆောင်ကြီးဆီ လျှောက်သွားသည်။ ကျောင်းဆောင်ကြီး၏ အဝင်ဝတွင် အလွန်ကြီးမား၍ ခန့်ငြားလှသော ခြင်္သေ့ ရုပ်ထုကြီး နှစ်ခုရှိနေသည်။
“သခင်လေး ဘာများ ဝယ်ချင်ပါလဲ”
သူ စျေးပေါသော အင်္ကျီဝတ်ထားပြီး အရွယ်ရောက်သူများထက် ခေါင်းတစ်လုံး ပုနေသော်လည်း အဖြူရောင် တိမ်တိုက်ဆိုင်ကြီးသည် အလေးထား၍ ဆက်ဆံသည်။ အဖြူရောင် အင်္ကျီရှည် ဝတ်ဆင်ထားသည့် ဆွဲဆောင်မှု အလွန်ကောင်းသည့် မိန်းမပျို တစ်ယောက် ထွက်လာပြီး သာယာသော အသံဖြင့် မေးလိုက်သည်။
“အဆောင်တစ်ခု ရောင်းချင်လို့။ အဲဒါအဖြူရောင် တိမ်တိုက်ဆိုင်ကြီးက ဝယ်ယူမလား သိချင်ပါတယ်”
“အဆောင်လား… ”
မိန်းမပျိုလေး မျက်ခုံးများ ပင့်သွားပြီး စျေးပေါသော အင်္ကျီ ရင်းနှီးမှု မရှိသည့် သူပုံစံကို ကြည့်ပြီး လူလိမ်ဟု ထင်သွားသည်။
“သခင်လေး ဘယ်က ရလာတာလဲ။ ဘယ်ဆရာရဲ့ အဆောင်လဲ သိခွင့်ရှိမလား”
“အဆောင် ဘယ်ကလာတာလဲ ပြောမပြ နိုင်တာ ခွင့်လွှတ်ပေးပါ။ အဆောင်ကို လက်ခံမလား”
“အမ်… ကျေးဇူးပြုပြီး အနောက်က ခန်းမကို လိုက်ခဲ့ပေးပါ။ စစ်ဆေးရေးမှူးကို သွားဖိတ် လိုက်ပါ့မယ်။ သူလက်ခံ မခံကတော့ ကျွန်မလည်း မသိနိုင်ဘူး”
မိန်းမပျိုလေးက အနည်းငယ် တုန့်ဆိုင်းပြီးနောက် သူ့ကို အနောက်ဘက် ခန်းမဆီ ခေါ်ဆောင်သွားသည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset