Switch Mode

Chapter – 4

ဥထဲမှ ၀ိညာဥ်သားရဲ

အခန်း ( ၄ )
ဥထဲမှဝိညာဉ်သားရဲ

ရဲချန်ဖန် မြေပေါ်မှ ခက်ခက်ခဲခဲ ထရပ်လိုက်ပြီး ကွဲကြေနေသော ဝိညာဉ်ကျောက်တုံးကို ကောက်ယူ လိုက်သည်။ ထိုနောက် ပေါက်တူး ယူကာ သူ့အိမ်နောက်ဖေးတွင် ခပ်ကြီးကြီး ကျင်းတစ်ကျင်း မြန်မြန်တူးလိုက်ပြီး လူထူးဆန်းအား မြှုပ်နှံလိုက်သည်။
သူသတိထားသည့် အနေဖြင့် အိမ်တွင် ကြာကြာ မနေချေ။ သူ အခန်းကို မြန်မြန်ပြန်ကာ အဝတ်အစား ထုပ်ပိုး လိုက်သည်။ အန္တရာယ် ပြည့်နေသည့် အဖြူရောင် အင်ပါယာ မြို့ပြင်ရှိ အဖြူရောင် တိမ်တိုက် တောင်တန်းဆီ ထွက်လာခဲ့လိုက်သည်။
ရဲချန်ဖန် အဖြူရောင် အင်ပါယာ မြို့တော် ရောက်ရှိနေသည်မှာ သုံးနှစ်ကျော် ကြာမြင့်နေပြီ ဖြစ်သည်။ မြို့အနီး ပတ်ဝန်းကျင်ရှိ အဖြူရောင် တိမ်တိုက် တောင်တန်း တစ်ကြောရှိ မြေအနေအထားကို ကောင်းစွာ အကျွမ်းဝင် နေပြီဖြစ်သည်။
“အင်း… ဒီနေရာက စိတ်ချရ လောက်ပါတယ်”
အသက်ဝအောင် ရှူလိုက်ပြီး အတန်ကြာ နားလိုက်သည်။ ထို့နောက် သူစိတ်ထဲရှိ မှတ်ဉာဏ် ပုံရိပ်များကို ပြန်တွေးယူ နေသည်။
“သူနာမည်က ချီတောင်ထန်ပဲ။ ရှစ်ပြည်ထောင် နတ်နိုင်ငံတော်က ကောင်းကင် ဘုရင်ပဲ။ သူက အံမခန်း အစွမ်းထက်ပြီး သားရဲဘုရင် အဆင့် ရောက်ရှိနေပြီ။ သူက ရှစ်ပြည်ထောင် နတ်နိုင်ငံတော်မှာ အလွန်အရေးပါတဲ့ လူပဲ”
ရဲချန်ဖန် မှတ်ဉာဏ်တွေကို လေ့လာရင်းနှင့် ချီတောင်ထန် ဘယ်သူလဲ၊ ဘယ်ကလဲ ဆိုတာ သိလာသည်။
ဝိညာဉ်သားရဲ ဘုရင်အဆင့်။ ဘယ်လို အဆင့်မျိုး ရောက်နေပြီလဲ။ ဘယ်နားမှာလဲ။ ရှစ်ပြည်ထောင် နတ်နိုင်ငံတော် ဆိုတာက။
ရဲချန်ဖန်သည် ရဲမိသားစုက ဖြစ်သောကြောင့် အလွန်ဗဟုသုတ ကြွယ်ဝသော်လည်း သူတို့ သိရှိထားသည်မှာ အကန့်အသတ် ရှိသည်။ သူသိသည်မှာ သားရဲ၊ သားရဲသခင်၊ မြေကမ္ဘာ သားရဲနှင့် ကောင်းကင် သားရဲ အဆင့် ထိုလေးဆင့်သာ ဖြစ်သည်။ အဆင့်တိုင်းတွင် အဆင့်ငယ် ခြောက်ဆင့် ရှိသည်။ ဒါပေမဲ့ သားရဲဘုရင် အဆင့်နှင့် ရှစ်ပြည်ထောင် နတ်နိုင်ငံတော်ကို သူတစ်ခါမှ မကြားဘူးချေ။
ပါရမီရှင်ဖြစ်လည်း လုံလောက်သော အရင်းအမြစ် မရှိပါက မြင့်မားသော အဆင့်ကို တက်လှမ်းနိုင်မည် မဟုတ်ဘဲ အဆင့်တစ်ခုကို ရောက်ပါက ရပ်တန့်နေမည် ဖြစ်သည်။ ဤသည်မှာ နောက်ခံအင်အားက အရေးပါနေသည့် အချက်ဖြစ်သည်။
ရဲချန်ဖန်သည် ချီတောင်ထန်က ဘယ်လိုလူလဲ သိပြီးနောက် ချီတောင်ထန်၏ မှတ်ဉာဏ်တွေကို ရှာဖွေလိုက်သည်။ မကြာမီ ချီတောင်ထန် တတ်ကျွမ်းထားသည့် ရှစ်ပြည်ထောင် နတ်နိုင်ငံတော်၏ လေ့ကျင့်ရန် အခက်ခဲဆုံး ခန္ဓာကိုယ် ကျင့်စဉ်ကို တွေ့လိုက်ရသည်။ ထိုကျင့်စဉ်သည် အလွန်နက်နဲသည့် အဆင့်လွန်ပညာ ဖြစ်သည်။
ဒီထူးဆန်းသော ပုဂ္ဂိုလ် ချီတောင်ထန်တွင် ရှားပါးလှသော ခန္ဓာကိုယ် ကျင့်စဉ်ပင် ရှိနေသည်။
မွေးရာပါ ဝိညာဉ် ကျင့်စဉ်များသည် ဝိညာဉ် ပညာရပ်များထက် အများကြီး တန်ဖိုးကြီးသည်။ ဝိညာဉ် ကျင့်စဉ်သည် လေ့ကျင့်သူ၏ တိုးတက်နှုန်းသာမက ရောက်ရှိမည့် အဆင့်ကိုပါ ဆုံးဖြတ်ပေးသည်။
ဝိညာဉ်သိုင်းနှင့် နှိုင်းယှဉ်လျှင် ဝိညာဉ်ကျင့်စဉ်က ပို၍ရှားပါး တန်ဖိုးကြီး လာပါသည်။ သူ့ရဲမိသားစုတွင် လျှို့ဝှက် ကျင့်စဉ်များနှင့် ပတ်သက်၍ ရှေ့ဟောင်း စာပေများတွင် ဖတ်ဖူးသည်။ လျှို့ဝှက် ကျင့်စဉ်တိုင်းသည် မှန်းဆလို့ မရနိုင်အောင်ပင် ထူးခြားသော အစွမ်းရှိသည်။
ဒါ့အပြင် ဒီခန္ဓာကိုယ် သန်မာစေသော ဝိညာဉ် ကျင့်စဉ်သည် သူအတွက် ဖန်တီးပေးထား သလားပင် ထင်ရသည်။ သူ့တွင် ဝိညာဉ် သားရဲ မရှိသောကြောင့် နှစ်ပေါင်းများစွာ ခန္ဓာကိုယ် သန်မာအောင် ဦးစားပေး အပြင်းအထန် ကြိုးစားခဲ့ရသည်။
သူ့ခန္ဓာကိုယ် သန်မာမှုသည် အဆင့်တစ်ခု ရောက်နေပြီ ဖြစ်ပြီး ပို၍ပြင်းပြင်းထန်ထန် လေ့ကျင့် နေသော်လည်း အဆင့်မတက်နိုင်ဘဲ ရပ်တန့်နေခဲ့သည်။ သူ့တွင် အစွမ်းထက်သော ကျင့်စဉ်မရှိ၍သာ အဆင့်မတက်နိုင်ဘဲ ရပ်တန့်နေသော်လည်း အခြေခံကတော့ အလွန်ခိုင်မာ နေပြီဖြစ်သည်။
“ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ် … ရှစ်ပြည်ထောင် နတ်နိုင်ငံတော်၏ ထိပ်တန်း ခန္ဓာကိုယ် ကျင့်စဉ်။ အလွန်အစွမ်းထက်ပြီး အဆင့်ခြောက်ဆင့် ရှိလေသည်။ အရေပြား၊ သွေးသား၊ ကလီစာ၊ အရိုးနှင့်ခြင်ဆီ အဆင့်တို့ ဖြစ်သည်။ အရေပြားမှစပြီး ခြင်ဆီအထိ သန်မာအောင် ကျင့်ရသော ခန္ဓာကိုယ် ကျင့်စဉ် ဖြစ်သည်”
အထွတ်အထိပ်ထိ ရောက်အောင် ကျင့်နိုင်ပါက လူသစ်အဖြစ် ပြန်လည် မွေးဖွားလာသကဲ့သို့ မယုံနိုင်စရာ အဆင့်သို့ ရောက်ရှိ သွားမည် ဖြစ်သည်။ ခန္ဓာကိုယ် စွမ်းအားသည်လည်း ဂျင်(အလေးချိန် အတိုင်းအတာ) နှစ်သန်းအထိ ရောက်သွား နိုင်သည်။ လက်သီး တစ်ချက်ဖြင့် တောင်တွေဖြိုပြီး မြစ်တွေကို လှန်ပစ်နိုင်စွမ်းရှိသည်။
“ဂျင်နှစ်သန်း စွမ်းအားလား… ရှစ်ပြည်ထောင် နတ်နိုင်ငံတော်ရဲ့ ထိပ်တန်း ကျင့်စဉ် ဖြစ်ထိုက်ပါပေတယ်။ ငါသာ ခြောက်ဆင့်လုံးကိုသာ အောင်မြင်အောင် ကျင့်နိုင်ရင် ဝိညာဉ်သားရဲ မရှိဘဲနဲ့တောင် ကမ္ဘာကို ကိုင်လှုပ်နိုင်ပြီ”
သူ့ကျင့်စဉ်ကို ကြည့်ပြီး ပျော်ရွှင် ကျေနပ် နေသည်။ သူ အသက်ဝအောင် ရှူကာ စိတ်ထိန်းလိုက်ပြီး မှတ်ဉာဏ်ထဲတွင် ဘာများ ထပ်ပါသလဲဟု ကြည့်လိုက်သည်။
“ဟင်…”
မှတ်ဉာဏ်ထဲတွင် ထူးဆန်းသော သွေးဦးနှောက် အကြောင်း ပါလာသည်။ သူအရမ်း တုန်လှုပ် သွားသည်။
“ဇျစ်မြစ်မသိ၊ ဘယ်အဆင့်ထိ ရောက်မည် မသိနိုင်သော ဝိညာဉ်စုပ် သိုင်းပဲ”
ထိုသိုင်းကို စတင်ကျင့်ပါက ကျင့်ကြံသူ၏ စိတ်ထဲတွင် အလွန်စွမ်းအား ကြီးသည့် ဆွဲစုပ်အား ပေါ်လာမည်။ ထိုစွမ်းအားသည် တစ်ဖက် ရန်သူ၏ ဝိညာဉ်သားရဲကို စုပ်ယူလိုက်ပြီး စုပ်ယူသူ၏ဝိညာဉ်စွမ်းအင်ကို အားဖြည့် ပေးသည်။
တစ်နည်းအားဖြင့် ရဲချန်ဖန် အနာဂတ်တွင် ဆေးဝါးများ၊ အထောက်အကူ ပစ္စည်းများ အတွက် စိတ်ပူရန် မလိုတော့ချေ။ ဝိညာဉ်စုပ် သိုင်းကျင့်ပြီး ရန်သူများနှင့် အဆက်မပြတ် တိုက်ခိုက်ကာ ရန်သူ၏ဝိညာဉ်သားရဲကို စုပ်ယူ၍ အဆင့်မြှင့်တင် နိုင်မည်။
သူ့တွင် ဝိညာဉ်သားရဲ မရှိသောကြောင့် ဒီမယုံနိုင်စရာ ကောင်းသော ဝိညာဉ်စုပ် သိုင်းကို ကျင့်နိုင် မကျင့်နိုင်မှာ မသေချာပေ။
ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်နှင့် ဝိညာဉ်စုပ်သိုင်းအပြင် သူ့ကိုဆွဲဆောင်နိုင်သော သိုင်းကို တွေ့လိုက်သည်။ အရိပ်မဲ့ သဏ္ဌာန်ပြောင်းသိုင်း။ ကိုယ်ဖေါ့သိုင်းများသည် အလွန် အဖိုးတန်ပြီး အလွန်ရှားပါးသည်။
အရိပ်မဲ့သိုင်းသည် အဆင့်ကိုးဆင့်ရှိပြီး တစ်ဆင့် အောင်မြင်ပြီးတိုင်း မြန်နှုန်းတစ်ဆ လျင်မြန် လာမည်။ အထွတ်အထိပ် ရောက်ပါက ကိုယ်ပွါးအရိပ် ကိုးခုကို ခွဲထုတ်နိုင်ပြီး လျင်မြန်မှုမှာ ကိုးဆအထိ တက်လာမည်။ ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်နှင့် ပေါင်းဖက် လိုက်ပါက အလွန်အစွမ်းထက် လာမည်ဖြစ်သည်။
“ဟင်… ဒါ… ဒါက ဘာလဲ”
ရဲချန်ဖန် မှတ်ဉာဏ်တွေ စစ်ဆေးရာပြီး ဆုံးခါနီးတွင် ဆေးပညာဆိုင်ရာ အချက်အလက် အများအပြားကို တွေ့လိုက်ရသည်။
အစွမ်းထက် တန်ခိုးရှင်များအတွက် ဆေးပညာမှာ သိပ်အသုံးမဝင် သော်လည်း သူအတွက် တော်တော် အသုံးဝင် လာမည်။ သူ ဆေးပညာကို တတ်ကျွမ်းပြီး အကောင်းဆုံး အသုံးချနိုင်ပါက ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်အတွက် အထောက်အပံ့ ပေးနိုင်ပေလိမ့်မည်။
ဆေးပညာသာမက မှော်အစီအရင် မှတ်ဉာဏ်များကိုပါ တွေ့လိုက်ရသည်။ ဇီကျင်လို နိုင်ငံတွင်တော့ မှော်အစီအရင် ပညာသည် တန်ဖိုးအကြီးဆုံး၊ အရှားပါးဆုံး ပညာရပ် ဖြစ်သည်။ အဖျက်စွမ်းအား ကြီးသော ဝင်္ကပါကြီး (သို့) ဝိညာဉ် လက်နက်များ အားလုံးသည် မှော်အစီအရင်များ စုပေါင်းခြင်းမှ ဖြစ်ပေါ် လာသည်။ ဒဏ္ဍာရီများအရ ရွှေခရမ်းရောင် နိုင်ငံ တော်ဝင်ပညာရှိ စီသူချွမ်သည် မှော်အစီအရင် ပညာရှင်ဖြစ်ပြီး ဧကရာဇ်ကပင် အလေးထား ဆက်ဆံရပြီး မည်သူကမျှ ပြဿနာ မရှာရဲချေ။
“ငါ ဒီအစီအရင် တွေကိုသာ ရေးဆွဲနိုင်ရင် မှော်အစီအရင် ပညာရှင် ဖြစ်လာမလား”
မှော်အစီအရင် ပညာရှင် တစ်ယောက် ဖြစ်သူ၏ အခွင့်အရေးများ တွေးပြီး သူ မှော်အစီအရင် ပညာရှင် ဖြစ်ချင်လာသည်။
မှတ်ဉာဏ်များကို ကြည့်ရှုပြီးနောက် သူ့စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ ပြည့်နှက် လာလေသည်။ ဤထူးဆန်း သွေးဦးနှောက်ကြောင့် သူ့ဘဝ မယုံနိုင်စရာ ပြောင်းလဲသွားမည်ဟု တစ်ခါမှ မတွေးထား ခဲ့ချေ။
“ဝိညာဉ်စုပ်သိုင်းကို စလေ့ကျင့်ရမယ်”
ကောင်းကင် ကျင့်စဉ်၊ အရိပ်မဲ့ သဏ္ဌာန်ပြောင်းသိုင်းနှင့် မှော်အစီအရင် ပညာတို့နှင့် နှိုင်းယှဉ်လျှင် ဝိညာဉ်စုပ် သိုင်းသည် သူနှင့် ပိုသင့်လျော်ပြီး တန်ဖိုးချင်းလည်း နှိုင်းယှဉ်လို့ မရအောင် ကွာခြားသည်။ ထို့ထက်ပိုသည်မှာ ဝိညာဉ်စုပ်သိုင်းကို အသုံးပြုပြီး သူ့ဝိညာဉ်သားရဲကို နိုးထရန် ကြိုးစားကြည့်ချင်၍ ဖြစ်သည်။
“အမ်… ဒီဝိညာဉ်စုပ်သိုင်းက နားလည်ဖို့ အဲလောက်လွယ်လား”
ဝိညာဉ်စုပ်သိုင်းသည် သူ့အတွက် သီးသန့်ဖန်တီးထားခြင်း မဟုတ်ဘဲတောင် နားလည်ရန်လည်း သိပ်မခက်တာ သူသတိထားမိသည်။ နားလည်ရန် အလွန်လွယ်ကူနေပြီး အခက်အခဲလည်း မရှိချေ။
“ဒါ… ငါနဲ့ သွေးဦးနှောက် (သို့) ဝိညာဉ်စုပ် ဦးနှောက်နဲ့ ပေါင်းစည်း လိုက်တာကြောင့် ငါသင်ယူ နားလည်နိုင်စွမ်း မြင့်လာတာလား”
ရဲချန်ဖန်သည် တစ်ထောင်တွင် တစ်ယောက်သာ ရှိသော ပါရမီရှင် ဖြစ်သည်။ သူ့ဦးနှောက်သည် ဝိညာဉ်စုပ် ဦးနှောက်နှင့် ပေါင်းစည်းပြီးသောအခါ သင်ယူ နားလည် နိုင်စွမ်းသည် အလွန်ကြောက်မက်ဖွယ် ကောင်းသော အဆင့်ကို ရောက်ရှိသွားခဲ့သည်။
ဝိညာဉ်စုပ် ဦးနှောက်သည် အလွန်အံ့ဩဖွယ် ကောင်းသော နောက်ခံရှိပြီး စွမ်းအားကြီးသော စုပ်ယူနိုင်စွမ်းလည်း ရှိသည်။ သူ အဲဒီဝိညာဉ်စုပ် ဦးနှောက်ကို နတ်ဦးနှောက် ဟု နာမည်ပေး လိုက်သည်။
တစ်ရက်လောက် ကြာပြီးနောက် သူ့စိတ်ထဲတွင် ဝိညာဉ်ဝဲကတော့ပုံ ပေါ်ပေါက်လာပြီး ဝိညာဉ်ဝဲကတော့ အလယ်တွင် တဖြည်းဖြည်း ကြီးထွားလာသော သွေးရောင်ဥ တစ်လုံးပုံ (ပုံစံ) ပိုထင်ရှား ပုံပေါ်လာသည်။
သွေးဥပုံ (ပုံစံ) ဖြစ်ပေါ်လာပြီးနောက် ထိုဥမှ သန့်စင်သော ဝိညာဉ်စွမ်းအင်သည် သူ့ခန္ဓာကိုယ်ထဲ စီးဝင်လာလေသည်။ ဝိညာဉ် စွမ်းအားသည် သူတစ်ကိုယ်လုံး လွှမ်းခြုံထားပြီး တစ်ပြိုင်နက်တည်းမှာပင် သူအဆင့်တက် သွားသည်။
အဆင့်တက် သွားပြီလား။ သူ ဝိညာဉ်သားရဲ အဆင့်ရောက် သွားသည်။ ငါ့ဝိညာဉ်က သွေးဥဆိုတော့ အဲဒါ ဝိညာဉ်သားရဲလား။ ရဲချန်ဖန် မျက်နှာတွင် ပြုံးယောင်သန်းနေပြီး သူအပြင်းအထန် ကြိုးစားပြီး နောက်တွင် ဤကဲ့သို့ ထူးဆန်းသော ဝိညာဉ်သားရဲ(ဥ) ရှိလာမည်ဟု မတွေးထားပေ။
“ဒါက ဘယ်လိုဥမျိုးလဲ”သူစဉ်စားရင်း မျှော်လင့်ချက်များနှင့် ပြည့်နှက်နေသည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset