Switch Mode

Chapter – 3

ဝိညာဉ် သတင်းအချက်အလက်များ

အခန်း ( ၃ )
ဝိညာဉ်သတင်းအချက်အလက်များ

ရဲချန်ဖန် မေ့မြောရာမှ နိုးလာပြီး လေးကန် ထိုင်းမှိုင်းစွာဖြင့် မျက်လုံး ဖွင့်လိုက်ချိန်တွင် အသံတစ်သံ ကြားလိုက်ရသည်။
“မင်း… မင်းဘယ်လိုလုပ် အသက်ရှင် နေသေးတာလဲ”
ရဲချန်ဖန်၏ကြောက်မက်ဖွယ် မျက်နှာကို ကြည့်ရင်း ဒဏ်ရာဗလပွနှင့် လူထူးဆန်းက မေးလိုက်သည်။
ထိုလူကြီး ၏ အမေးစကား အားကြားသော အခါ ရဲချန်ဖန် အံ့ဩသွားလေသည်။
ရဲချန်ဖန် သိသလောက် ထိုမျှကြီးမားသော ရင်ဘတ်ဒဏ်ရာ သည် သွေးထွက်လွန်မှုကြောင့် အသက်ရှင်ရန် လမ်းမရှိချေ။ သို့သော် လူထူးဆန်းမှာ မသေသေးချေ။ ဤသည်ကို သူ နားမလည်နိုင်ပေ။
“ဘာလဲ… မင်းက ငါ့ကိုသေစေချင်တာလား”ထိုလူထူးဆန်းဆီမှ အန္တရာယ် အငွေ့အသက် ထွက်လာပြီး လေသံ အေးစက်စက်ဖြင့် မေးလိုက်သည်။
“မဟုတ်ပါဘူး။ ဆရာကြီးရဲ့ ဒဏ်ရာက အရမ်းပြင်းထန်ပေမဲ့ အသက်ရှင်နေလို့ အံ့ဩလို့ပါ”
လူထူးဆန်းဆီမှ မမြင်ရသော အန္တရာယ် အငွေ့အသက် ရနေ၍ ရဲချန်ဖန် ကြောက်လန့်၍ တည်ငြိမ်အောင် ကြိုးစား၍ ရှင်းပြလိုက်သည်။
“တကယ်လား။ မင်းတကယ် သိချင် သင်ချင်တာလား”
လူထူးဆန်းက ထူးဆန်းသော အပြုံးဖြင့် မေးလိုက်သည်။
“ဒါက…”ရဲချန်ဖန် မျက်ခုံးများပင် ပင့်သွားပြီး…
“ဆရာကြီးက ကျွန်တော်ကို တပည့်အဖြစ် လက်ခံချင်လို့လား”ဟုမေးလိုက်သည်။
သူစိတ်ထဲတွင် အလွန် ကြောက်စရာ ကောင်းသော အတွေးဝင်လာပြီး ဆံပင်တွေ ထောင်ကာ ခြေလှမ်းပင် နောက်သို့ ဆုတ်လိုက်မိသည်။
“ဆရာကြီး ခင်ဗျား… ဆရာတင်တဲ့ ကိစ္စက ကျွန်တော့်အတွက် အရမ်းအရေးကြီးတဲ့ ကိစ္စဖြစ်လို့ မိသားစုကို အရင်အသိပေး တိုင်ပင်ပါရစေခင်ဗျာ”
ရဲချန်ဖန် အသက်ဝအောင် ရှုကာ တည်ငြိမ်သည့်ပုံဖြင့် ဟန်ဆောင် ပြောလိုက်သည်။
“မင်းက ငါဘယ်သူလဲ ဆိုတာသိလို့လား။ ဒီအမြွှာညီနောင် တိုက်ကြီးမှာ လူဘယ်လောက်တောင် ငါ့ကို ဆရာအဖြစ် တင်ချင်နေလဲ ဆိုတာ မင်းသိလား”လူထူးဆန်းက ပျော့ပျောင်းသော လေသံဖြင့် မေးလိုက်သည်။
“ဆရာကြီးရဲ့ မျက်နှာသာ ပေးခံရတာ ဂုဏ်ယူစရာပဲ။ ဆရာကြီး နာရီအနည်းငယ် အချိန်ပေးလို့ ရမလား.။ အိမ်က မိဘတွေ ပြောပြပြီး ဆရာကြီးနဲအတူလိုက် သင်ကြားပါ့မယ်”
ရဲချန်ဖန် ရိုသေလေးစားစွာ ပြောလိုက်သည်။
“မင်းက ကောင်းမွန် မှန်ကန်တဲ့ စိတ်ရှိတာပဲ။ ဒါပေမဲ့ မင်းမှာ ရွေးချယ်ခွင့် မရှိဘူး။ ငါ့ကို ဆရာ မတင်ရင် မင်းသေရမယ်”
လူထူးဆန်းက ပြောပြီး သူ့ဝိညာဉ် စွမ်းအင်ကို ထုတ်လိုက်သည်။ ချက်ချင်းပင် လူထူးဆန်းကြီးကို ရစ်ပတ်ထားသော အနီရောင်ခြည်များ ထုတ်လွှင့်နေသည့် ဧရာမ မြွေကြီး ထွက်ပေါ် လာသည်။ အလွန်ကြီးမားသည့် ဖိအား ရဲချန်ဖန်ပေါ် ကျရောက်လာပြီး အသက်ရှူရန်ပင် ခက်ခဲလာသည်။ သူ့ခြေထောက်သည် ခဲဆွဲထားသည့်အတိုင်း လေးလံလာပြီး လှုပ်ရှား မရတော့ချေ။
“ဆရာကြီး စိတ်မဆိုးပါနဲ့ ခင်ဗျာ ။ကျွန်တော် ဆရာကြီးကို ဆရာတင်ချင် ပါတယ်”
“ငါ့တပည့်အဖြစ် မင်းကို တကယ် လက်ခံချင်တယ် မင်းထင်နေလား။ မင်းရဲ့ ခန္ဓာကိုယ်ကိုပဲ လိုချင်တာ။ ခုမင်း ငါရဲ့ရည်ရွယ်ချက်ကို သိသွားပြီ ဆိုတော့ မင်းသေလို့ရပြီ”
လူထူးဆန်းက သူ့ခေါင်းသုံးလုံး မြွေကို ထိန်းချုပ်ကာ ရဲချန်ဖန် ခန္ဓာကိုယ်ကို အားနဲ့ရစ်ပတ်ပြီး သူရှေ့သို့ ဆွဲယူလိုက်သည်။ ရဲချန်ဖန် အမြင်အာရုံ မှောင်မည်းသွားပြီး မြေပေါ်သို့ မူးလဲကျသွားသည်။ လူထူးဆန်း၏ ဝိညာဉ်သည် ရဲချန်ဖန် ဦးနှောက်ထဲသို့ ဝင်ရောက်လာပြီး သူ့အသိအာရုံများကို ဖယ်ရှားကာ ဝိညာဉ်ကို စုပ်ယူလိုက်သည်။ တစ်ချိန်တည်းမှာပင် ထူးခြားမှု တစ်ခုကလည်း ဖြစ်ပေါ်လာသည်။
လူထူးဆန်းသည် ထိုထူးခြားသည့် သွေးဦးနှောက်ကို စုပ်ယူလိုက်သည်နှင့် အန္တရာယ်ကို ခံစားလိုက် ရလေသည်။ လူထူးဆန်းက သူ့ဝိညာဉ် စွမ်းအင်ကို ချက်ချင်းပင် စုစည်းလိုက်ပြီး ရဲချန်ဖန် ဦးနှောက်ဆီမှ ပြန်ဆုတ်ခွာကာ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။
ကံမကောင်းစွာပင် သွေးဦးနှောက်မှာ အလွန်ထူးခြားလွန်းနေပြီး ဝဲကတော့ ပုံသဏ္ဌာန်တစ်ခုဖြစ်ပေါ်လာကာ လူထူးဆန်း ၏ ဝိညာဉ်ကို ထွက်ပြေးလို့ မရအောင်ဖိနှိပ် ထားလိုက်လေသည်။ ထို့နှောက် လျှင်မြန်စွာဖြင့် လူထူးဆန်း ၏ ဝိညာဉ်ကို ဖြိုခွဲပြီး စုပ်ယူလိုက်သည်။
လူထူးဆန်း ခြောက်ခြားစွာ အော်ဟစ် နေချိန်တွင် သွေးဦးနှောက်သည် လူထူးဆန်း၏ ဝိညာဉ်ကို အကုန်လုံး စုပ်ယူလိုက်ရာ သူ၏ ခေါင်းသုံးလုံးနှင့် မြွေကြီးပါ အနီရောင် အလင်းတန်း အဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် ပျောက်ကွယ် သွားသည်။
တစ်ဆက်တည်းမှာပင် ပုံရိပ် အများအပြား ရဲချန်ဖန် စိတ်ထဲတွင် ပေါ်လာခဲ့သည်။ ဒါပေမဲ့ ထိုပုံရိပ်များသည် ဝိညာဉ်စား ပိုးကောင်များလိုပင် သူ့ကို တိုက်စား နေလေသည်။ သူအလွန် နာကျင်နေပြီး သူ့ဝိညာဉ် ကွဲထွက်မတတ်ပင် ခံစားနေရသည်။
အချိန်မည်မျှ ကြာသွားသလဲ မသိဘဲ ရဲချန်ဖန်သည် နာကျင်မှုကြောင့် သေဆုံး သွားတော့မည် ထင်နေရာမှ ထူးဆန်းသော အလင်းရောင်​ ပေါ်ထွက်လာပြီး စိတ်ဝိညာဉ်နဲ့ ပေါင်းစည်း သွားလေသည်။ နာကျင်မှုလည်း တဖြည်းဖြည်း လျော့ပါးလာသည်။
အချိန်တော်တော် ကြာပြီးနောက် ရဲချန်ဖန် တစ်ကိုယ်လုံး ချွေးများနှင့် ရွှဲနစ်နေသည်။ မျက်နှာတွင် သွေးရောင်ပင် မရှိတော့ချေ။ တစ်ကိုယ်လုံးတွင် ကုတ်ခြစ်ထားသော ဒဏ်ရာများ ကလည်း ပြည့်နှက်နေသည်။ သူမေ့မြောရာမှ နိုးလာသည်။
လူထူးဆန်း၏ ခန္ဓာကိုယ် (အလောင်း)ကို မြင်သောအခါ သူမှင်တက် သွားသည်။ သူစိတ်ထဲသို့ သတင်းအချက်အလက် အများအပြား စီးဝင်လာသည်။
“ဟင်… ငါ့စိတ်ထဲ မှတ်ဉာဏ်တွေ အများကြီး ရှိနေပါလား။ ဘယ်က မှတ်ဉာဏ်တွေ ရောက်လာတာလဲ”
“ဒါ… အဲဒီ ထူးဆန်းတဲ့ အလင်းရောင်က လူထူးဆန်းရဲ့ ဝိညာဉ် အပိုင်းအစ တွေလား”
တွေးပြီး ရဲချန်ဖန် အလွန် စိတ်လှုပ်ရှား သွားသည်။ သူ မယုံနိုင်စရာ ကောင်းအောင် အလွန်ကံကောင်း သွားပြီဟု သိလိုက်သည်။ သူ့အတွက် သီးသန့် ဖန်တီးပေးထား သလိုပင်။ ဤကံကောင်းခြင်းကြောင့် သူ့အနာဂတ်သည် ပြောင်းလဲသွားပြီ ဖြစ်ပြီး အမြင့်ဆုံးကို သူပျံသန်း တော့မည် ဖြစ်သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset