Switch Mode

Chapter – 2

ထူးဆန်းသော သွေးဦးနှောက်

အခန်း (၂)
ထူးဆန်းသော သွေးဦးနှောက်

“ဟွန့်…”
ချောင်ဂျင်ဝမ် မြေပေါ်တွင် မလှုပ်မယှက် လဲနေသည့် ဒီဝမ်ရှမ် ကို စိုက်ကြည့် လိုက်ပြီး တစ်ချက်ပင် ပြန်မကြည့်ဘဲ လှည့်ထွက် သွားသည်။ သူမ၏တင်ပါး ထုံနေသည်ကို ခံစားနေရသည်။ သူ့ကို တစ်စက်ပင် မကြည့်ဘဲ ထွက်သွားသည့် ချောင်ဂျင်ယွမ်ကို ကြည့်ပြီး ရဲချန်ဖန် ကိုယ်ဟာကို ရယ်မော လိုက်သည်။ ဟိုအရင်ကဆိုလျှင် ချောင်ဂျင်ယွမ် သူ့ကို လျစ်လျှူရှု ရန်မဆိုနှင့် သူ့အလိုက်ဆောင်ရန် အကောင်းဆုံး ကြိုးစား နေခဲ့သည်။ ဒါပေမဲ့ သူဝိညာဉ်သားရဲ မနိုးထနိုင်ဘဲ ရဲမိသားစုမှ နှင်ထုတ်ခံရသည့် အချိန်ကစ၍ အရာအားလုံး ပြောင်းလဲ သွားသည်။
ဒီအဖြစ်အပျက်တွေဟာ သူ့ကို အမှန်တရားဟာ ဘယ်လောက် ခါးသီးရက်စက်လဲ ဆိုတာ နားလည် သွားစေသည်။
စစ်သည်များ သီဆိုနေသည့် သီချင်းသံကို ဧည့်ခန်းကို ဖြတ်သန်းပြီး ကြားနေရသည်”ငါ သန်မာရမည်။သန်မာ လာရမည်”
ရဲချန်ဖန် လက်သီးဆုပ်ပြီး သံဓိဋ္ဌာန် ချလိုက်သည်။ ဝိညာဉ် သားရဲ မရှိဘဲ သန်မာလာရန် အရမ်းခက်ခဲပေမဲ့ သူရှေ့တွင် ဆူးခင်းလမ်း ရှိနေလည်း သူအရှုံးပေးမှာ မဟုတ်ပေ။
သူ စျေးသက်သာသော ဆေးမြစ် နှစ်ခုဝယ်ပြီး ဆေးဆိုင်မှ ထွက်လာ ခဲ့သည်။ အဖြူရောင် အင်ပါယာ သိုင်းနန်းတော်တွင် လူနေမှု အဆင့်အတန်း ကောင်းမွန်သော်လည်း ရဲမိသားစုမှ နှင်ထုတ်ခံရပြီးနောက် သူ့တွင် ငွေကြေး အရင်းအမြစ် အားလုံး ဆုံးရှုံးသွားသည်။ ချွေတာ သုံးစွဲရန်အတွက် မြို့အစွန်ရှိ စျေးသက်သာသော ခြံဝင်းငယ် တစ်ခုကို ငှားနေခဲ့ရသည်။
ရဲချန်ဖန် အိမ်ထဲ သို့ ၀င်၀င်ချင်း တစ်ကိုယ်လုံးတောင့်တင်းသွားလေသည်။
“ဟင်…သွေးနံတွေပဲ။ဘာလို့ ဝင်းထဲက သွေးနံ့ ရနေတာလဲ”
ရဲချန်ဖန် အိမ်အနောက်ကို တဖြည်းဖြည်း သတိနဲ့ သွားလိုက်သည်။ ခြံဝင်း တစ်ဝင်းလုံး သွေးညီနံ့များ ရနေသည်။
သူအိမ်တံခါးအား ဖွင့်လိုက် သောအခါ အိမ်ထဲတွင် သွေးအိုင်ထဲမှာ လှုပ်ရှားခြင်း အလျင်းမရှိဘဲ လဲနေသော လူတစ်ယောက် ရှိနေသည်။ ထိုသူ၏ ရင်ဘက်တွင် ချွန်ထက်သော လက်နက်ဖြင့် ထိုးသွင်းခံရသော ဒဏ်ရာတစ်ခုလဲ ရှိနေလေသည်။
ရဲချန်ဖန် ထိုလဲနေသော လူကို အဝေးမှ အချိန်တော်တော်ကြာ စောင့်ကြည့်ပြီးနောက် အခြေအနေကို အကဲခတ်ရန် တစ်လှမ်းချင်း ချဉ်းကပ်သွားသည်။
“ဘယ်လောက်တောင် ကောင်းလိုက်တဲ့ အဝတ်အစားတွေလဲ။ ဒီလူက အသက်ရှင် နေတုန်းက တကယ့် ဒိတ်ဒိတ်ကြဲလူ ဖြစ်ရမယ်”
အဝတ်စားတွေက ဆိုးဆိုးဝါးဝါး ထိခိုက်နေပေမဲ့လည်း အသားတွေက အလွန်ချောမွေ့ နေသည်။ ဒါ့အပြင် ဖုန်မှုန့် တစ်စုံတစ်ရာပင် ကပ်ညှိခြင်းမရှိဘဲ အလွန်သန့်ရှင်းပြီး အသက်၀င်နေသော၀တ်ရုံတစ်ခု အလားပင်။သူ ရဲမိသားစုတွင် ကြီးပြင်းခဲ့ပြီး ကိစ္စတော်တော်များကို သိရှိခဲ့ဖူးသည်။ ဒါပေမဲ့ ဒီလိုမျိုး အသက်ဝင် နေဟန်ရှိသည့် အင်္ကျီမျိုး မမြင်ဘူးချေ။ ထိုလူ၏အဝတ်အစားကို ကြည့်ခြင်းဖြင့် ထိုလူသည် သာမန်လူ မဟုတ်ကြောင်း သိသာနေသည်။
“မဖြစ်ဘူး။ ဒီလူကို မြန်မြန် မြေမြှုပ်ပစ်မှ ရမယ်။ ဒီလူ့ ရန်သူတွေ ငါ့ကို ရှာတွေ့ရင် ငါပါ သတ်ခံရ နိုင်တယ်”
ရဲချန်ဖန် ခပ်မြန်မြန် စဉ်စားလိုက်ပြီး ထိုအလောင်းကို ခြံနောက်ဘေးသယ် ကျင်းတူးပြီး မြေမြှုပ်ရန် ပြင်လိုက်သည်။
ရဲချန်ဖန် အလောင်းကို ဆွဲမလိုက်စဉ် ရွှေရောင်ကဲ့သို့ လင်းလက်ပြီး အက်ရာ ပြည့်နှက်နေသော လက်စွပ်တစ်ကွင်း မည့်သည့်နေရာက မှန်းမသိဘဲ ထွက်ကျလာလေသည်။
“ဒေါက်.. ဒေါက်.. ဒေါက် ”
“ဒါ… ဒါက စကြဝဠာ လက်စွပ်တော့ မဟုတ်နိုင်ဘူး… ဟုတ်တယ်မလား”
ရဲမိသားစုတွင် ထိုကဲ့သို့ ပုံစံတူ လက်စွပ်မျိုး ရှိသည်ကို သူမြင်ဖူးသည်။ သာမန် လူများသည် ထိုကဲ့သို့ လက်စွပ်မျိုး မြင်ဘူးရန် ခဲယဉ်းပြီး တန်ဖိုးမှာလည်း မြို့ကြီး တစ်မြို့၏ တန်ကြေးထက်ပင် ကြီးသေးသည်။ သူသည် အဆင့်ခြောက် ပါရမီရှင်ဖြစ်ပြီး ထိုကဲ့သို့ အရာများ ထိတွေ့ဖူးခဲ့သည်။ စကြဝဠာ လက်စွပ် ကိုတောင် ကိုင်ဆောင်နိုင်သူ ဖြစ်သောကြောင့် ထိုလူသည် သာမန်လူ မဖြစ်နိုင်ချေ။ ရဲချန်ဖန် မျက်လုံးသည် တဖြည်းဖြည်း ပိုမိုတောက်ပလာသည်။
“ဒီလက်စွပ်က ခင်ဗျားကို သဂြိုလ်ပေးခအဖြစ် ထားလိုက်တော့”
ရဲချန်ဖန် ထိုအလောင်းကို ကြည့်ပြီး လက်စွပ်ကို ကောက်ယူကာ ပြောလိုက်သည်။
“ခွမ်း…”
ရဲချန်ဖန် ကျိုးပဲ့နေတဲ့ လက်စွပ်ကို ပွတ်သပ်နေစဉ် လက်စွပ်ပေါ်ရှိ အစွမ်းထက်သော အတားအဆီး အစီအရင်က ပြင်းပြင်းထန်ထန် ပေါက်ကွဲ ထွက်လာသည်။ သူ့လက်များပင် ထုံကျင်သွားပြီး သွေးပင် အန်ထွက်ကာ မြေပေါ် လဲကျသွားသည်။
“အန်…ဘာ…ဘာဖြစ် သွားတာလဲ”
အတားအဆီး အစီအရင် ပျောက်ကွယ် သွားပြီးနောက် သူဒဏ်ရာ တော်တော်ရ သွားသည်။ လက်စွပ်ထဲတွင် အနက်ရောင် လေးထောင့် သေတ္တာ တစ်လုံး၊ ကျိုးပဲ့နေသော ဝိညာဉ် ကျောက်တုံးများနှင့် အသုံးပြု၍ မရတော့သော အရာဝတ္တု အကျိုးအပဲ့များကို တွေ့လိုက်ရသည်။ သူတော်တော် ရင်နာသွားသည်။
“ဒီသေတ္တာထဲက ဟာက ဘာပါလိမ့်”
ရဲချန်ဖန် သိချင်သွားသည်။ သေတ္တာကို ဖွင့်လိုက်ရာ သေတ္တာထဲတွင် လှုပ်ရှားနေသော ဆဲလ်များနှင့် ထူးဆန်းသော ဦးနှောက်တစ်ခုကို တွေ့လိုက်ရသည်။
“ဦးနှောက်လား… ဒီဘူးနက်ထဲမှာ ရှင်နေတဲ့ ဦးနှောက်ရှိနေတာပဲ”
ဘူးနက်ထဲရှိ သွေးရောင် ဦးနှောက်ကို ကြည့်ပြီး စိတ်ရှုပ်သွားသည်။
“ဒါ ဘယ်လိုလူမျိုးရဲ့ ဦးနှောက်လဲ။ ခုထိကို ရှင်သန် နေတုန်းပဲ “
ပုံမှန်အားဖြင့် ဦးနှောက်သည် အပြင်ရောက်သည်နှင့် သေဆုံးရမည် ဖြစ်သော်လည်း ဤဦးနှောက်မှာ မသေဆုံးဘဲ အလွန်ပြင်းထန်သော အသက်စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။
“ရှန်…”
သူသိချင်စိတ်ဖြင့် သွေးဦးနှောက်ကို လက်ညိုးဖြင့် ထိလိုက်သည်။ ထိလိုက်သည်နှင့် တစ်ပြိုင်နက် သူလက်သည် လှုပ်ရှား မရတော့ဘဲ အသဲခိုက်မတက် နာကျင်လာသည်။
သူ့လက် ပြန်ရုပ်မလို့ လုပ်လိုက်ချိန်တွင် သူ့သွေးများကို သွေးဦးနှောက်မှ အပြင်းအထန် စတင် စုပ်ယူတော့သည်။
“ဘာ..ဘာဖြစ်သွားတာလဲ…”
သူ့သွေးအများအပြား သွေးဦးနှောက်ထဲ စီးဝင်သွားပြီးနောက် ဦးနှောက်သည် သက်ဝင် လှုပ်ရှားလာသည်။ အနီရောင် အလင်းတန်း တစ်ခုသည် သွေးထွက်နေသော လက်မှတစ်ဆင့် ရဲချန်ဖန် ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်။
“ရှန်…”
သူ့ဦးနှောက်ကို တူဖြင့်ထုသလို ခံစားလိုက်ရကာ သူ့စိတ်ဝိညာဉ်ပါ တုပ်လှုပ်သွားပြီး မြေပေါ် လဲကျသွားသည်။ တစ်ပြိုင်နက်တည်းမှာပင် နှလုံးကွဲကြေမတတ် နာကျင်မှုမျိုး ခံစားရတော့သည်။ ရာထောင်ချီသော အပ်များနှင့် ထိုးသကဲ့သို့ တစစ်စစ် ခေါင်းကိုက် လာသည်။ ခေါင်းကို လက်နှစ်ဖက်ဖြင့် ဖိကိုင်ထားရပြီး ပဲစေ့ခန့် ချွေးသီးများ ထွက်လာသည်။ နာကျင်မှုကြောင့် အော်ဟစ် လူးလိမ့်နေရသည်။
“ဘာဖြစ် သွားတာလဲ ။ ငါဦးနှောက်ကို စုပ်ယူဖို့ လုပ်နေတာလား”
ရဲချန်ဖန် နာကျင်မှုကြောင့် အသက်ရှူမဝ ဖြစ်လာပြီး ပြိုလဲကျမတတ် ဖြစ်နေသည်။
နာကျင်မှုအပြင် သူကြောက်ရွံ့ လာသည်။ သူဦးနှောက် စုပ်ယူခံရပြီး သက်မဲ့ဖုတ်ကောင် ဖြစ်လာမှာ သူ ကြောက်ရွံ့ သွားသည်။
“မရဘူး။ငါ ငါအစွမ်းအထက်ဆုံး တန်ခိုးရှင် ဖြစ်ချင်သေးတယ်။ ငါဒီလို အလဟဿ မသေချင်သေးဘူး…”
နာကျင်မှုကြောင့် ရဲချန်ဖန် အော်ဟစ် နေရပြီး သူ့လက်သည်းများဖြင့် သူ့ကိုယ်သူ ကုတ်ခြစ်နေရာ သွေးများပင် ထွက်လာသည်။ သူ့စိတ်ကို သူထိန်းပြီး အသိစိတ် မပျောက်အောင် ကြိုးစား နေရသည်။ တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့် နှစ်မိနှစ်လောက် ကြာသွားသည်။ အချိန်ခဏလေးပင် ဖြစ်သော်လည်း နှစ်ရာပေါင်း များစွာ ကြာသည်ဟု သူခံစား လိုက်ရသည်။ နာကျင်မှုကြောင့် သူမူးလဲတော့မည့် အချိန်တွင် ထူးခြားသော ရွှေရောင် အလင်းတန်းနှင့် သွေးများက သူ့နှလုံးထဲမှ ပေါ်ထွက်လာပြီး သွေးဦးနှောက်နှင့် ပေါင်းစည်း သွားသည်။
တစ်ချိန်တည်းမှာပင် ထူးဆန်းသော သွေးဦးနှောက်သည် သွေးစုပ်ယူမှု ရပ်တန့် သွားပြီး ပုံရိပ်အများအပြားက သူ့သွေးဦးနှောက်ထဲ ဒီရေအလား စီးဝင်လာသည်။
ရဲချန်ဖန်၏ ဦးနှောက်သည် မှတ်ဉာဏ် (သတင်း အချက်အလက်) အများအပြားကို ပေါင်းစည်း လိုက်သည်။ ထိုအချိန်တွင် ဒဏ်ရာနှင့် သေဆုံးနေသော လူသည် ရုတ်တရက် မျက်လုံး ပွင့်လာသည်။ ထိုလူ၏ မျက်လုံးများသည် အလွန်နီရဲ နေသည်။ ထိုလူသည် ဘူးနက်ထဲတွင် သွေးဦးနှောက် ပျောက်ဆုံးပြီး ရဲချန်ဖန် ခေါင်းတစ်ဝိုက်တွင် သွေးမြူမှုန်များ တွေ့လိုက်ရသောအခါ သူ၏ သွေးရောင် မျက်လုံးထဲတွင် အံ့ဩသော အမူအရာ ပေါ်လာသည်။ ခဏအတွင်းမှာပင် ထိုအံ့ဩမိနေရာမှ လူသတ်လိုသောစိတ် ဖြစ်လာသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset