Chapter – 19 တောင်တန်းများထဲက ပုန်ကန်မှု
ဘယ်လိုလူက မွန်းစတားဆန်ပြီး မိုးကောင်းကင်ကိုတောင် ကိုင်လှုပ်နိုင်မဲ့ အစွမ်းရှိနေနိုင်မှာလဲ။ လူ့လောကရဲ့ အထွတ်အထိပ်က ပုဂ္ဂိုလ်ကြီးတွေတောင် သက်ရှိသက်မဲ့တွေကို အုပ်စိုးနိုင်တဲ့ရတနာရှိတယ်ဆိုတာသိရင် သူတို့တွေသေရမယ်ဆိုရင်မှ ရယူဖို့စဉ်းစားနိုင်ပါသေးတယ်။ ဒီလိုမျိုး အဖိုးအနဂ္ဂထိုက်တန်တဲ့ ရတနာတွေကို ရယူဖို့ဆိုတာ ဘယ်သူ့ကိုမဆို အနည်းနဲ့အများတော့ သွေးဆောင်နိုင်သေးတာပါပဲ။
” ဟွန့် .. ဒီလိုမျို းအမွှေအနှစ်ဆိုတာ တကယ်ပဲလူတိုင်းကို လောဘမီးတောက်စေတာပဲ။ ငါကတော့ ငွေဘယ်လောက်သုံးရသုံးရ .. အစစ်အမှန်စွမ်းအားတွေ ရစေတဲ့ ကမ္ဘာဦးရတနာတစ်ခုနှစ်ခုလောက်တော့ ၀ယ်လို့ရရင်ရ .. မရရင်တော့ လုချင်လာပြီ..”
ဆယ်ကျော်သက်ကောင်လေးတွေအုပ်စုထဲက ကောင်လေးတစ်ယောက်က ကြိတ်မနိုင် ခဲမရရေရွတ်လိုက်ပါတယ်။
” စွမ်းအင်ကျင့်တယ်ဆိုတာ ဖြည်းဖြည်းမှန်မှန်သွားရတာ။ အခု ရှီဟောင်ရဲ့စွမ်းအားတွေကတော့ ငါတို့ကိုင်တွယ်နိုင်စွမ်းရှိတဲ့အရာ မဟုတ်ဘူး။ အလျှင်စလိုဖြ၀်မနေကြနဲ့။ စိတ်ရှည်ရှည်ထားကြ။”
ရွာအကြီးအကဲရှီယွီဖန်းရဲ့ မျက်နှာကတည်ကြည်လေးနက်နေပြီး ကောင်လေးတွေကို သတိပေးလိုက်ပါတယ်။
“ဟား.. ဒီဥစ္စာက အမှန်တကယ်လည်း ကြီးကျယ်လွန်းသွားတဲ့ကိစ္စပဲလေ။ ဟောင်အယ်က ဒီအတောအတွင်းမှာ သူ့ကိုယ်သူ ပိုကောင်းအောင်လုပ်နိုင်တဲ့ပုံပဲ။ ဒါက ကျုပ်တို့ကို သွေးမြေကျ မဲ့ အဖြစ်ကနေ ကယ်တင်ပေးနိုင်ခဲ့တယ်။ သူ့ကို ကျေးဇူးတင်ရမယ်..”
လူအုပ်ကြီးထဲက ရွာသားတစ်ယောက်ကလည်း ချီးကျူ းလိုက်ပါတယ်။
ရှီဟောင်ရဲ့ မျက်နှာကတော့ ရှုပ်ထွေးနေပြီး ခေါင်းကုတ်လိုက်ပါတယ်။ ဇီယန်၊ အားဖုန်နဲ့ ရှောင်းရောင်တို့က ခပ်ဝေးဝေးကနေပေါ်ထွက်လာပါတယ်။ သူတို့က လျှင်မြန်စွာပြေးလွှားလာကြပါတယ်။
” ဂီး…”
အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက မိုးကောင်းကင်ကနေ တဟုန်ထိုးဆင်းချလာပါတယ်။ သူဟာ ဧရာမမီးကြံ့မှော်သားရဲကောင်ကြီးကို သုတ်ချီလို့ ကျောက်ခေတ်ရွာစပ်မှာ ဝဲပျံနေပါတယ်။ သူက ကျောက်ခေတ်ရွာကို မကြာခဏဆိူသလို မှော်သားရဲကောင်တွေကို ယူလာပေးနေကြလေ။
ရှောင်းရောင်တို့သုံးကောင်ကတော့ မွေးဖွားချိန်ကစပြီး အခုဆို နှစ်လပြည့်သွားပါပြီ။ သူတို့က မြန်မြန်ဆန်ဆန်ပဲ ကြီးပြင်းလာကြပြီးတော့ ၁မီတာခွဲ ၂မီတာလောက်ရှည်လျားနေပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်က အဆက်မပြတ်ဖွံ့ဖြိုးနေပြီး အတောင်ပံတွေဖြန့်လို့ အားပြည့်အင်ပြည့်ပျံသန်းနိုင်ကြပါတယ်။
” ဇီယန် မင်းတို့တွေ မြန်မြန်ကြီးလာကြတော့ဟ။ မင်းအရွယ်ရောက်လာတာနဲ့ တောင်တန်းဒေသထဲက အနက်ရှိုင်းဆုံးအပိုင်းမှာ ဘာတွေရှိနေလဲဆိုတာ ငါတို့အတူတူသွားကြည့်ကြမယ်။ ”
ရှီဟောင်ဟာ ဇီယန်ရဲ့ လည်ပင်းကို ဖက်လိုက်ပါတယ်။ သူ့ရဲ့မျက်လုံးတွေဟာ သူတို့တွေတစ်နေ့မှာ ဖြစ်လာမဲ့အရာတွေအတွက် မျှော်လင့်ပြီး တောက်ပနေပါတယ်။ ပြောရရင် ရှီဟောင်ဟာ ဇီယန်တို့အကြောင်းကို သေသေချာချာနားလည်လို့ထားပါတယ်။ အရိုးစာသားနဲ့ဆက်နွယ်ပြီး သူသိထားသလောက်ဆိုရင် ဇီယန်တို့သုံးကောင်စလုံးမှာ သူတို့ရဲ့ ဘိုးဘေးမှော်မိစ္စာငှက်ကြီးရဲ့ အမွှေအနှစ်တွေပါလာပါတယ်။
၀ုန်း..!
လေထုတစ်ခုလုံးတုန်လှုပ်သွားတဲ့အသံကြီးပေါ်ထွက်လာပါတယ်။ ရှီဟောင်ရဲ့ လက်ဖဝါးပေါ်မှာတော့ လမင်းသင်္ကေတဟာ ထင်ထင်ရှားရှားပေါ်လာပါတယ်။ ဒါက နူးညံ့သိမ်မွေ့ပြီး သန့်စင်တဲ့စွမ်းအားသတ္တိတွေပါ၀င်လို့နေပါတယ်။ လမင်းသင်္ကေတရဲ့စွမ်းအားတွေကြောင့်ပဲ ရှီဟောင်ဟာ ကလေးတစ်ယောက်နဲ့မတူတော့ဘဲ ဆန်းကြယ်တဲ့အသွင်ပြောင်းလဲသွားပါတယ်။
ပိုင်ဖေးနဲ့ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်းမှာကိုပဲ သူက လမင်းသင်္ကေတကို အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့သူဟာ လမင်းသင်္ကေတကို မသုံးခဲ့ပါဘူး။ ဒီလိုမှ မဟုတ်ရင် သူ့ ရဲ့စွမ်းအားတွေက ပိုလို့တောင် ကြောက်မက်ဖွယ်ရာကောင်းသွားတော့မှာပါ။
လမင်းသင်္ကေတတွေဟာ ရှီဟောင်ရဲ့ခန္ဓာကိုယ်တစ်လျှောက် ဖြတ်သန်းစီးဆင်းလို့ သွားပါတယ်။ သန့်ရှင်းစင်ကြယ်တဲ့အဖြူရောင်အလင်းတန်းတွေဟာ ရှီဟောင်ကို ပိုပြီးရှင်းသန့်သွားစေပါတယ်။
“ယိ ယ .. ကျွန်တော်အခုပိုသိလာပြီ။ လမင်းသင်္ကေတနန်းတော်မှာနေထိုင်တဲ့ ငှက်ကြီးတစ်ကောင်ရှိနေတယ်။ သူက ဇီယန်၊ အားဖုန်၊ ရှောင်းရောင်တို့ရဲ့ ဘိုးဘေးမိစ္စာငှက်ကြီးထင်တယ်..”
ရှီဟောင်က သူတွေ့လိုက်ရတဲ့အရာတွေကို ပြန်ပြောပြလိုက်ပါတယ်။ ဒါက သူ့ရဲ့ ဒန်တျန်ထဲက လမင်းသင်္ကေတထဲမှာ ရှိနေတဲ့ လျိ ု့ဝှက်ဆန်းကြယ်တဲ့ အသက်စွမ်းအားသစ်ပင်တစ်ပင်ကြောင့်ပါ။ လောလောဆယ်တော့ ရှီဟောင်ဟာ အရိုးကျမ်းရဲ့ လျှိ ု့ဝှက်ချက်တွေကို လေ့လာနေရတုန်းပါပဲ။ ဒါပေမဲ့ သူဟာ အရိုးစာသားရဲ့တကယ့်အစစ်အမှန်စွမ်းအားတွေကိုတော့ တဖြည်းဖြည်းချင်းပဲ နားလည်သဘောပေါက်အောင် ကြိုးစားသွားရမှာပါ။
ရှီဟောင်ရဲ့ စိတ်ဝိညာဉ်က လမင်းသင်္ကေတထဲကို ၀င်ရောက်သွားချိန်မှာတော့ တောက်ပတဲ့အလင်းတန်းတစ်ခုက တိုးထွက်လာပါတယ်။ အသက်စွမ်းအားသစ်ပင်နန်းတော်ကြီးဟာလည်း ခရုသင်းမှုတ်လိုက်သလိုအသံကြီးတွေကို ထွက်ပေါ်လို့လာပါတယ်။ ဒါက စင်္ကြာဝဠာထဲမှာရှိနေတဲ့ မူလအစစ်အမှန်လတစ်စင်းလိုပါပဲ။
ဒေါင်..
မြေကမ္ဘာက ချီစွမ်းအားတွေဟာ လမင်းသင်္ကေတရဲ့ ပြင်းထန်တဲ့စုပ်ယူမှုကို ခံရပြီး တဗြစ်ဗြစ်အသံတွေ အဆက်မပြတ်ပေါ်ထွက်လာပါတယ်။ သန့်စင်တဲ့အလင်းတန်းတွေဟာလည်း သွေးကြောတွေတဝ်လျောက် ပြန့်နှံ့သွားပါတယ်။ လမင်းသင်္ကေတရဲ့ ငါးမီတာ ခြောက်မီတာလောက်ကျယ်ပြန့်တဲ့ကျောက်သားဟာ အရှိန်အဟုန်ပြင်းပြင်းလှည့်ပတ်နေပါတယ်။
ဒန် ဒန် အသံတွေထွက်ပေါ်လာပြီး သန့်စင်ခြင်းခံထားရတဲ့ ကျောက်သားတွေအဖြစ် ထက်ခြမ်းကွဲသွားပါတယ်။ အသံတွေ ပျောက်ကွယ်သွားပြီး လမင်းသင်္ကေတကျောက်သားတွေကတော့ ဆက်ပြီး သန့်စင်ခံနေရပါတယ်။
” ယ .. နောက်ဆုံးအခေါက်တုန်းက ကျောက်သားတစ်ခုတည်းဖန်တီးလိုက်နိုင်တယ်။ အခုတော့ နှစ်ခု သုံးခုဖြစ်လာပြီ။ ဘယ်လောက်တောင် အစွမ်းထက်လိုက်သလဲ။”
ကြည့်ရတာ လမင်းသင်္ကေတတွေဟာ အရင်ကထက် ပိုပိုပြီး စုစည်းမိလာကြပုံရပါတယ်။ ဒီသင်္ကေတတွေဟာ အသက်စွမ်းအားသစ်ပင်နန်းတော်ကြီးကို ကောင်းကောင်းအထောက်အကူဖြစ်စေပါတယ်။ သူတို့တွေကို တိုက်ပွဲတွေမှာသာ အသုံးချရင် အရမ်းကိုအစွမ်းထက်စေမှာဖြစ်ပါတယ်။
” ဟောင်အယ်ကတော့ တကယ်ပါပဲ .. အရိုးစာသားတွေကို ဆက်သွယ်လိုက်တာနဲ့ အံ့မခန်းတဲ့အော်ရာတွေကို ထုတ်နိင်တယ်။ သူက တောင်တန်းဒေသထဲက မှော်သားရဲကောင်တွေကို တိုက်ခိုက်ဖို့ လုံလောက်တဲ့အင်အားရှိနေပြီလို့တောင် ငါခံစားနေရတယ်..”
ကောင်လေးတွေအုပ်စုကလည်း ရှီဟောင်ရဲ့ တိုးတက်နေပုံရတဲ့ ပြောင်းလဲမှုတွေကြောင့် မနာလိုစိတ်တွေဖြစ်ပေါ်လာကြပါတယ်။
” ဟူး.. ဟိုးအရင်တုန်းက နတ်မိစ္စာငှက်ဆိုတာ ဘယ်လောက်တောင်အစွမ်းထက်သလဲဆိုတာ စိတ်ကူးကြည့်လို့တောင် မရဘူး။ သူ့တို့ရဲ့ကျင့်ကြံမှုကအတိုင်းအတာတစ်ခုထိရောက်လာရင် သေချာပေါက်နတ်ဘုရားစွမ်းအင်တွေရလာမှာပဲ။ ဒါပေမဲ့အာ့ဒါက တွေးကြည့်ဖို့တောင် လက်လှမ်မမှီနိုင်တဲ့အဆင့်ပါကွာ..”
ရှီယွီဖန်းက ပြောလိုက်ပါတယ်။
အစွမ်းထက်တဲ့တိုက်ခိုက်ရေးနည်းပညာရပ်တွေထဲက အဖိုးထိုက်တန်လွန်းတဲ့တိုက်ခိုက်ရေးနည်းစနစ်မျိုးတွေကိုတော့ လျှိ ု့ဝှက်ချက်တွေအဖြစ် သိမ်းဆည်းထားကြပါတယ်။
” အချိန်တွေအရမ်းကို ကြာမြင့်ခဲ့ပြီးနောက်မှာ ငါတို့ရဲ့ ဘိုးဘေးတစ်ယောက်က အဖိုးတန်တဲ့ ပညာရပ်တွေကို ရဖို့ အားထုတ်ကြံစည်ခဲ့တယ်..”
သက်ကြီးဝါကြီးလူကြီးတစ်ယောက်က ခံဝားချက်အနည်းငယ်ပါ၀င်နေတဲ့ အသံနဲ့ စကားစလိုက်ပါတယ်။
အဖိုးတန်တဲ့ ပညာရပ်တွေဆိုတာ သာမန်အားဖြင့်တော့ အစွမ်းထက်တဲ့ မျိုးနွယ်စုတွေရဲ့ လက်ထဲမှာပဲ ရှိကြပါတယ်။ လူတိုင်းက ရှီဟောင်လိုလည်း အကြေးခွံစိမ်းလင်းယုန်တွေနဲ့ ပေါင်းစည်းပြီး အရိုးစာသားတွေရဲ့ လျို့ဝှက်စွမ်းအားတွေကို ထုတ်ဖော်နိုင်ကြမှာမှ မဟူတ်ဘဲကို။
” ကျုပ်တို့အနေနဲ့ မှော်သားရဲကြီးတွေက ဘယ်လိုအနေအထားရှိလဲဆိုတာ သေချာမသိသေးဘူး။ တကယ့်ကို ရှေးကျတဲ့မှော်သားရဲတွေဆိုရင် သူတို့ဆီမှာ အစစ်အမှန်စွမ်းအားတွေကို ရနိုင်လိမ့်မယ်..”
” ရှေးဟောင်းမှော်သားရဲတွေဆိုတာ အရမ်းကို အစွမ်းထက်တာလေ။ သူတို့ရဲ့ အရိုးစာသားတွေက ပြောရရင် သူတို့ရဲ့ အစစ်အမှန်စွမ်းအားတွေကို ကာကွယ်ပေးထားကြတာ။ ဒါ့ကြောင့် သူတို့သေတော့မယ်ဆိုတာနဲ့ စွမ်းအားအမြူ တေတွေကို ဖျက်ဆီးပစ်တတ်ကြတယ်။”
ရှီယွီဖန်းက သက်ပြင်းချလို့ပြောပြလိုက်ပါတယ်။
အမှန်ပါပဲ။ ဒါ့ကြောင့်ပဲ အဖိုးတန်တဲ့အမြူတေတွေ ရှားပါးရတဲ့ အဓိကအချက်ပဲလေ။ သူတို့တွေထဲက နည်းနည်းလေးလောက်ကိုပဲ လူသားတွေရနိုင်ပါတယ်။ သူတို့ရဲ့အမြူ တေစွမ်းနဲ့ပေါင်းစပ်ပြီးစွမ်းအားကျင့်ကြံနိုင်ရင် အရမ်းကိုအစွမ်းထက်လို့လာမှာပါ။
” မှော်သားရဲတွေက အစစ်အမှန်သားရဲတွေဆီကနေ ဆင်းသက်လာကြတာပဲ။ မှော်သားရဲတွေကတော့ သူတို့ရဲ့အမြူ တေကို ပြန်မဖျက်စီးပစ်လောက်ပါဘူး။ အာ့ဒါကိုသာ ရထားမယ်ဆိုရင် အံ့မခန်းအစွမ်းထက်တဲ့သူဖြစ်လာဖို့ မျှော်လင့်ရတာပဲ..”
ရှီလင်းဟူက ပြောပါတယ်။ ရွာအကြီးအကဲရှီယွီဖန်းက ခေါင်းခါလိုက်ရင်း
” လောဘကြီးမနေနဲ့..အမြူ တေစွမ်းအားကို ရဖိူ့ဆိုတာ တော်ရုံတန်ရုံကံကောင်းနေရုံနဲ့မရဘူး..”
လေးရက်အကြာ***
မြေကမ္ဘာကို တုန်လှုပ်စေတဲ့ ဟိန်းဟောက်အသံကြီးဟာ တောင်တန်းဒေသထဲကနေ လှိုက်ပြီးထွက်ပေါ်လာပါတယ်။ အာ့ဒီအသံကြီးကြောင့် တောရိုင်းသတ္တဝါတွေအားလုံးတူန်လှုပ်သွားပြီး မြေပေါ်ကို ဒူးညွတ်ကျသွားပါတယ်။ မှော်သားရဲငှက်တွေကတော့ ကောင်းကင်ကို တက်ပြေးကြပါတယ်။ တောင်ကြီးတောင်ငယ်တွေအားလုံးတူန်ခါနေပြီး သစ်တောတွေထဲက သစ်ပင်တွေအားလုံး ယိမ်းထိုးလို့နေပါတယ်။
မှော်သားရဲကြီးဟာ တောင်ရဲ့အနက်ရှိုင်းဆုံးနေရာကနေ ပေါ်ထွက်လာပါပြီ။ သူက တောင်တန်းဒေသရဲ့ အပေါ်စည်းကို ရောက်ရှိလာခဲ့ပါတယ်။ ဒါက သေမင်းရဲ့ ငရဲသို့အ၀င်လမ်းတံခါးတွေ တစ်ချပ်ပြီး တစ်ချပ်ဖွင့်လှစ်လိုက်သလိုပါပဲ။ မှော်သားရဲကြီးရဲ့အစွမ်းကတော့ လုံး၀ကို ကြောက်မက်ဖွယ်ကောင်းလွန်းနေပါလိမ့်မယ်။
*****