Switch Mode

Chapter – 1

ရဲချန်ဖန်

အခန်း( ၁ )
ရဲချန်ဖန်

နေရောင်ခြည်ဟာ မနက်ခင်းမှာ ဖြာကျနေပြီး အဖြူရောင် အင်ပါယာ မြို့တော်ဟာ စတင်အသက်ဝင် လှုပ်ရှားနေသည်။

လှုပ်ရှားသံနဲအတူ ချင်ရင်က ပြုံးလိုက်ပြီး…
“ငါလည်း အဲလို မျှော်လင့်တယ်။ ဒါပေမဲ့ တစ်ခါတလေ ငါလည်း ငါ့ကို သူတို့ မေ့လိုက်ရင် ပိုကောင်းမယ် အနာဂတ်မှာ တစ်စုံတစ်ရာ ဖြစ်ခဲ့ရင်ပေါ့”
မနက်ခင်း စောစောစီးစီးမှာပဲ လက်တွင် အင်္ကျီထူထူ ပတ်ထားပြီး သူရဲ့ ခန္ဓာကိုယ် ပိန်ပိန် ဆယ်ကျော်သက် အရွယ် ကောင်လေးဟာ အဖြူရောင် အင်ပါယာသိုင်း ရဲတိုက်ရှိ ဆယ်မီတာ လောက်မြင့်သော အမည်းရောင် သစ်ပင်ကြီး အောက်တွင် သိုင်းလေ့ကျင့်နေသည်။
အချိန်တော်တော်ကြာ အကြိမ်ကြိမ် အပြင်းအထန် လေ့ကျင့် ထိုးနှက်ပြီး နောက်တွင် သစ်ပင်ကြီးဟာ ပြိုလဲကျသွားပြီး သွေးတွေ စွန်းထင်းနေတဲ့ သစ်ပင် အပိုင်းစများဟာ လဲ လေထဲမှာ လွှင့်နေသည်။
ရဲရဲနီနေတဲ့ သွေးတွေ သူရဲ့ ကျိုးကြေနေတဲ့ လက်မှ ထွက်နေပေမဲ့ သူကတော့ ဆက်လေ့ကျင့် နေဆဲပင်။
“ငါမှာ အခုထိ လုံလောက်တဲ့ သန်မာမှု မရှိသေးဘူး။ တစ်နှစ်ကျော်ထိ ဒီလောက် လေ့ကျင့်နေတာတောင် ဘာလို့ ခုထိ ငါ့အစွမ်းတွေက ပြောင်းလဲမှု မရှိသေးတာလဲ”
လူငယ်လေးရဲ့ မျက်လုံးဟာ မည်းနက် တောက်ပနေပြီး ဓါးတစ်လက်လိုပဲ စူးရှနေသည်။
“ငါမှာ ဝိညာဉ်သားရဲ မရှိလို့လား၊ ငါဒီလို အသုံးမကျတဲ့ကောင် ဖြစ်နေပြီလား”လူငယ်လေးက မကျေမနပ် ညည်းတွား လိုက်သည်။
“အဲလိုဖြစ်လို့ မရဘူး။ ငါ ဘယ်တော့ မှ လက်မလျော့ဘူး ။ ငါ့ ခန္ဓာကိုယ်ရဲ့ အစွမ်းတွေကိုသာ အကုန်ညှစ်ထုတ်နိုင်ခဲ့ရင် ခန္ဓာယ်ကိုယ်ရဲ့ စွမ်းအားက နောက်တစ်ဆင့် မရောက်ဘူး ဆိုတာ ငါမယုံဘူး”
သူအပေါ် မှာ တောင်လို မားမားမတ်မတ် ကာကွယ်တဲ့ မွေးစားအဖေ သေဆုံးတဲ့ အကြောင်း တွေးလိုက်သည်နှင့် သူရဲ့ဆုံးဖြတ်ချက်တွေ ပိုခိုင်မာလာသည်။ သူ့လက်သီးကို ကျစ်ကျစ် ပါအောင်ဆုပ်ပြီး ဆက်လေ့ကျင့်နေသည်။
သိုင်းလေ့ကျင့်နေသော လူငယ်လေးသည် ဇီကျင်နိုင်ငံ၏ အစွမ်းအကြီးမားဆုံး မိသားစု လေးခုအနက် တစ်ခုဖြစ်သော ရဲမိသားစု၏ ရဲချန်ဖန် ဖြစ်သည်။ ဒါပေမဲ့ ရဲချန်ဖန် သည် ရဲမိသားစု သွေးသား မဟုတ်ဘဲ မွေးစားထားခြင်း ဖြစ်သည်။ သူသည် အစွန့်ပစ်ခံ ဖြစ်ပေမဲ့ တစ်ချိန်က ရဲမိသားစု၏ ဂုဏ်ယူစရာ ဖြစ်ခဲ့သည်။ ရဲချန်ဖန် ခြောက်နှစ်သားအရွယ် ပါရမီ စစ်ဆေးစဉ်က အဆင့်ခြောက် အဆင့်ရှိ ပါရမီရှင်ဖြစ်ပြီး ခရမ်းရောင် ရွှေအင်ပါယာ တစ်ခုလုံးကို တုန်လှုပ် သွားစေခဲ့သည်။ ဇီကျင်နိုင်ငံတွင် လူအများစုက တန်ခိုးကျင့်ကြံရန် ပါရမီ မရှိကြချေ။ အဆင့်ခြောက် ပါရမီရှင် ပေါ်ထွက် မလာသည်မှာ နှစ်ရာပေါင်းများစွာ ရှိနေပြီဖြစ်သည်။
မမျှော်လင့်သည့် အဖြစ်အပျက်များ မဖြစ်လျှင် အဆင့်ခြောက် ပါရမီရှင်များသည် ဂိုဏ်းထဲ အတားအဆီးမရှိ ဝင်ရောက် နိုင်မည်ဖြစ်သည်။ ရဲချန်ဖန်၏ ပါရမီတို့ကြောင့် မိသားစုကြီး လေးခုထဲမှ ဂျီမိသားစုသည် အလောင်းအစား ဆန်သည့် လပ်ထပ်မှုကို လိုလား ခဲ့သည်။ ဂျီမိသားစု၏ မင်းသမီးလေး ဖြစ်သော အဆင့်ငါး ပါရမီရှင် ဖြစ်သည့် ဂျီချင်ရွှယ်နှင့် စေ့စပ်ကြောင်းလမ်းခဲ့သည်။ သို့သော် ကံကြမ္မာက ရဲချန်ဖန်ကို အရူးလုပ်ခဲ့သည်။ သူ ဆယ့်သုံးနှစ်သားတွင် ဝိညာဉ်သားရဲကို နိုးထပွဲတွင် သူဝိညာဉ်သည်သားရဲကို မနိုးထ နိုင်ကြောင်း မမျှော်လင့်ဘဲ တွေ့ရှိခဲ့သည်။ ထိုကဲ့သို့ သဘာဝလွန် ဖြစ်ရပ်ဆန်းသည် နှစ်ရာပေါင်း များစွာတွင် ဖြစ်ခဲလှသည်။
အဆင့်ခြောက် ပါရမီ ပိုင်ဆိုင်ထားခြင်းသည် ရဲချန်ဖန်အတွက် ကြီးကျယ် ခမ်းနားသော အနာဂတ် ပိုင်ဆိုင်ထားသည် ဆိုနိုင်သော်လည်း အမွှာဝိညာဉ် ကုန်းမြေတွင် တန်ခိုး ကျင့်ကြံရာ၌ ပါရမီရှိရုံနှင့် မလုံလောက်ချေ။ ပါရမီနှင့် ဝိညာဉ် ပေါင်းစပ်ပြီး ဝိညာဉ်သားရဲ ရှိမှသာ ကံကြမ္မာကို ဆန့်ကျင်ပြီး ဝိညာဉ်တန်ခိုး ကျင့်ကြံသူ ဖြစ်လာမည် ဖြစ်သည်။
ပါရမီသည် ဝိညာဉ်သားရဲ၏ ဝိညာဉ်စွမ်းအင် စုပ်ယူမှုကို မြန်ဆန်စေပြီး ဝိညာဉ်သားရဲ မရှိပါက အလကားပင် ဖြစ်သည်။ ရဲချန်ဖန် ဘဝသည် မြို့တော်၏ လှောင်ရယ်စရာ ဖြစ်လာပြီး သူ့မွေးစား ဖခင်သည်လည်း ဖျားနာမှုကြောင့် သေဆုံးခဲ့ရသည်။ ထိုအတောအတွင်း ရဲမိသားစုသည် သူကို အိမ်မှနှင်ထုတ်ခဲ့သည်။
အချိန် ဘယ်လောက် ကြာသွားသည်လဲမသိ ရဲချန်ဖန်သည် သူအစွမ်းရှိသလောက် လေ့ကျင့်နေသည်။ ချွေးသံတရဲရဲနှင့် မရပ်မနား လေ့ကျင့်လျက်ရှိသည်။
နောက်ထပ် အချိန်အနည်းငယ်အကြာတွင် သူအားအင် ကုန်ဆုံးကာ လဲကျချင်လာ၍ လေ့ကျင့်ခြင်း ရပ်နားပြီး အသက်ပြင်းထန်စွာ ရှုနေရသည်။
“ရဲချန်ဖန် နင် အရူးလိုပဲ လေ့ကျင့် နေတော့မှာလား။ နင်ကံကို လက်မခံသေး ဘူးလား။ နင့်သိက္ခာအတွက် အဲဒီလိုလုပ်နေတာလား။ ဝိညာဉ်သားရဲ မရှိရင် နင်ကံက သာမန် လူသားပဲ ဖြစ်နေမှာ”
အဲဒီအချိန်တွင် မိန်းကလေး တစ်ယောက်သည် သူနောက်တွင် ပေါ်လာကာ အေးစက်စွာ ပြောလိုက်သည်။ သူမသည် ကြင်လင် သန့်ရှင်းသည့် အသားအရည်၊ နက်မှောင် ရှည်လျားသော ဆံကေသာရှိပြီး အဖြူရောင် ဝတ်စုံကို ဝတ်ထားသည်။
“ငါက ရဲမိသားစုဝင် မဟုတ်တော့ဘူး။ ငါ့ဘဝကို ဂရုစိုက်စရာ မလိုဘူး”
ရဲချန်ဖန် ခေါင်းမော့ကြည့်ပြီး ပြန်ပြော လိုက်သည်။ ရဲချန်ဖန်ကို လာဆုံးမနေသည့် မိန်းကလေးသည် ရဲဇီလင်ဖြစ်ပြီး သူမသည် အဆင့်သုံး ပါရမီကို ပိုင်ဆိုင်ထားကာ အသက် ဆယ့်ခြောက်နှစ်တွင် မြွေပါဝိညာဉ် သားရဲကို ပိုင်ဆိုင်ခဲ့သည်။ သူမသည် အဆင့်လေး သားရဲအဆင့် ရောက်ရှိနေပြီ ဖြစ်သည်။ သူမသည် အဖြူရောင် အင်ပါယာ သိုင်းနန်းတော်၏ ဂျီးနီးယပ်၊ ရဲ မိသားစု၏နာမည်ကြီး သမီးပျိုလည်း ဖြစ်သည်။
သူမသည် အလွန်ချောမော လှပသည့်အပြင် အေးစက်စက် အမူအရာကြောင့် အလွန်ထူးခြားသည့် အော်ရာ (ကိုယ်ရောင်ကိုယ်ဝါ ) ဖြာထွက် နေသည်။
“နင်က ဒီလိုရှင်သန် နေရတာတောင် ငါ့ကို ဒီလိုပြန်ပြော ရဲတယ်ပေါ့”ရဲချန်ဖန် ၏ အေးစက်စွာ ပြန်ပြောမှုကြောင့် ရဲဇီလင် ဒေါသထွက်ကာ မျက်မှောင်ကြုတ်သွားသည်။
“ငါက ငါ့လိုအမှိုက်အတွက် နင်ရဲ့အချိန်တွေ မကုန်အောင်လို့ပါ”ရဲချန်ဖန် သူဟာသူ လှောင်ရယ် ရယ်လိုက်သည်။ ထို့နောက် နောက်ပင်ပြန်လှည့်မကြည့်ဘဲ လှည့်ထွက်သွားသည်။
“ငါ့မှာ ငွေဒင်္ဂါး ငါးဆယ် ရှိသေးတာပဲ။ ငါ့ဒဏ်ရာတွေ ကုဖို့ စျေးပေါတဲ့ ဆေးမြစ်တွေ ဝယ်လို့ရမှာပါ”
ရဲဇီလင် နဲ့တွေ့ပြီးနောက် အဖြူရောင် အင်ပါယာ မြို့တော် ဆေးဆိုင်ဆီ သို့ဦးတည်လိုက်သည်။ သူ့အရင် သွေးကြောထဲရှိ ဒဏ်ရာဟောင်းများ ထပ်မံမထိခိုက်ရန် ဆေးများ လိုအပ်နေသည်။ သူ ဆေးဆိုင်ထဲ ဝင်လိုက်ချိန်တွင် ခန္ဓာကိုယ် အလွန်လှပပြီး အနက်ရောင် ဝတ်ထားသော လှပတဲ့ ချောင်ဂျင်ယွမ် ဆေးဝယ်နေ တာကိုတွေ့လိုက်ရသည်။
ချောင်ဂျင်ယွမ်သည် အလွန်ကြွယ်ဝ ချမ်းသာလှသည့် ချောင်မိသားစု၏ သမီးပျို ဖြစ်သည်။ ရဲချန်ဖန် အစွမ်း မြင့်မားနေစဉ် သူနဲ့ ချောင်ဂျင်ယွမ်တို့ အလွန်ခင်မင် ခဲ့ကြသည်။ နောက်ပိုင်းတွင် ချန်ရဲဖန် ဝိညာဉ် သားရဲ မပိုင်ဆိုင်နိုင်ကြောင်း သိသည့် အချိန်မှစ၍ သူနဲ့ ခပ်ခွာခွာ နေလာခဲ့သည်။
“ဟင် သူက တစ်ခါတုန်းက ငါတို့မြို့တော်ရဲ့ ပါရမီရှင် မဟုတ်လား ။ မင်း ဘာဖြစ်လို့ ဒဏ်ရာတွေ အများကြီး ရလာတာလဲ”
ရဲချန်ဖန် ဆေးဝယ်ရန် လုပ်နေချိန်တွင် သူနောက်ကြောဘက်မှ စကားပြောသံ ထွက်ပေါ်လာသည်။ တန်ဖိုးကြီး ဝတ်စုံကို ဝတ်ဆင်ထားပြီး ယပ်တောင်ကို ကိုင်ကာ နောက်လိုက် နှစ်ဦးနှင့်အတူ သူ့ဆီ လှမ်းလျှောက်လာသော အရပ်မြင့်မြင့်နှင့် လူငယ်သည် ဒီဝမ်ရှီ ဖြစ်သည်။ သူသည် လှပသော ချောင်ဂျင်ယွမ်ကို မြင်သောအခါ သူမျက်လုံးထဲတွင် သူမကို ပိုင်ဆိုင်လိုစိတ်များ ပြည့်နှက်လာသည်။
“ညီမ အဲဒါကို ကြိုက်လား။ ကြိုက်ရင် လက်ဆောင်ပေးမယ်”ဒီဝမ်ရှီက ရဲချန်ဖန်ကို လှောင်ပြောင် သရော်လိုက်ပြီး ချောင်ဂျင်ယွမ်၏ အာရုံစိုက်မှုရရန် လုပ်လိုက်သည်။
ဒိဝမ်ရှီ၏ အသံကို ကြားပြီးနောက် စျေးကြီးသည့် ဆေးမြစ်များ ကြည့်ရှုနေသည့် ချောင်ဂျင်ယွမ်က လှည့်ကြည့် လိုက်သည်။ သူမနောက်တွင် ရပ်နေသော ရဲချန်ဖန်ကို အေးစက်စွာ ကြည့်လိုက်ပြီးနောက် သူမဆီ လျှောက်လာနေသော ယုံကြည်မှု အပြည့်ရှိသည့် ဒီဝမ်ရှီကို လှမ်းကြည့် လိုက်သည်။
သို့သော် သူတို့ နှစ်ယောက်လုံးသည် သူမရဲ့အာရုံစိုက်မှုကို ရမည် မဟုတ်ပေ။ ချက်ချင်းပင် သူမ ပြန်လှည့်သွားပြီး ဆေးမြစ်များ ရွေးနေသည်။ သူမ လှည့်သွားသည့် တစ်ချိန်တည်းမှာပင် ရဲချန်ဖန်သည် ဒီဝမ်ရှိ၏ ယပ်တောင် ကိုင်ထားသည့် လက်ကို ဆွဲကိုင်ကာ ချောင်ဂျင်ယွမ်၏တင်ပါးကို ခပ်ဆတ်ဆတ် ရိုက်လိုက်သည်။ ပြီးနောက် မျက်လုံး ပြူးကျယ်ကာ အံ့ဩနေသည့် ဒီဝမ်ရှီ မတုန့်ပြန်နိုင်ခင် ခပ်လှမ်းလှမ်း သို့ ဆုတ်ခွာလိုက်သည်။
ဆေးများ ရွေးနေသည့် ချောင်ဂျင်ယွမ်သည် သူမ တင်ပါးကို မာကြောသည့် အရာတစ်ခုလာထောက် သဖြင့် ဓာတ်လိုက်သလို ခံစား လိုက်ရသည်။ သူမ တုန်လှုပ်သွားပြီး မျက်နှာ နှင့် လည်ပင်းများက နီရဲတက်လာသည်။
သူမ နောက်လှည့် လိုက်သည်နှင့် လက်ထဲတွင် ယပ်တောင် ကိုင်ထားသော ဒီဝမ်ရှီကို တွေ့လိုက် ရသည်။ သူမ အလွန်ဒေါသ ထွက်သွားပြီး စဉ်စားခြင်းပင် မပြုတော့ဘဲ ဒီဝမ်ရှီပါးကို ရိုက်ချ လိုက်သည်။

“ဖြန်း”

သူမ အံများပင် ကြိတ်လိုက်ပြီး…
“နင် သေချင် နေတာလား။ နင့်လက်ကို ဖြတ်ပြီး ဒုက္ခိတ ဖြစ်အောင် မလုပ်ရဲဘူး လို့ နင်ထင် နေတာလား”ဟုပြောလိုက်သည်။
“မဟုတ်ဘူး။ မဟုတ်ဘူး။ ဂျင်ယွမ် ငါ့ကို အထင်မလွဲပါနဲ့။ ညီမကို ရိုက်တဲ့လူက ငါမဟုတ်ဘူး။ အဲဒါသူ။ ငါ့ကို သူလုပ်ကြံတာ”
ချောင်ဂျင်ယွမ် မျက်နှာ ပိုမိုခက်ထန် မာကြောသွားပြီး လက်သီးဆုပ်ကာ မျက်လုံးအကြည့်များကလဲ ပိုမိုအေးစက်လာလေသည်။ ချောင်ဂျင်ယွမ်၏ဒေါသမျက်လုံးကို မြင်ပြီး ဒီဝမ်ရှီ အရမ်းကြောက်သွားကာ နှလုံးပင် တုန်လာသည်။ သူခပ်မြန်မြန် ရှင်းပြလိုက်သည်။
“ဒီဝမ်ရှီ မင်းလုပ်ရဲရင် ခံရဲရမှာပေါ့။ ငါနဲ့ ချောင်ဂျင်ဝမ်က သူငယ်ချင်းတွေ မဟုတ်တော့ပေမဲ့ အဲလို အရှက်မရှိတော့ မလုပ်ဘူး”ရဲချန်ဖန် ခပ်လှမ်းလှမ်းကနေ အလွန်မှန်ကန်တဲ့ပုံဖြင့် ပြောလိုက်သည်။
“မင်း… မင်းကမှ လုပ်တဲ့သူ… ဂျင်ယွမ်ရဲ့ တင်ပါးကို မင်းမရိုက်ဘူးလို့ ကျိမ်ရဲလား”ရဲချန်ဖန်၏မှန်သလို လုပ်နေပုံ ကြည့်ပြီး ဒီ၀မ်ရှီ သွေးအန်မတတ်ဖြစ်ကာ ရိုက်နှက် ချင်လာသည်။
“ဒီဝမ်ရှီ ဘာပဲဖြစ်ဖြစ် မင်းရိုက်ရိုက် မရိုက်ရိုက် သူမ သိက္ခာကျအောင် အကျယ်ကြီး မအော်သင့်ဘူးလေ။ မဟုတ်ဘူးလား။ မင်းတကယ် အရှက်မရှိတဲ့ ကောင်ပဲ”
ဒီဝမ်ရှီ၏ အေးစက်စက် အကြည့်ကို မသိချင်ယောင် ဆောင်လိုက်ပြီး ရဲချန်ဖန် ရန်ထပ်စ လိုက်သည်။
“မင်း… မင်း…”
ဒီဝမ်ရှီ တိုက်ခိုက်ရန် လုပ်လိုက်စဉ် ချောင်ဂျင်ယွမ်၏ လှောင်ပြောင် သရော်သောပုံကို မြင်လိုက်သည်။ သူမ ခေါင်းပေါ်တွင် ဝိညာဉ် စွမ်းအင်များ ပေါက်ကွဲ ထွက်လာပြီး သူမ၏ အရောင် တောက်ပနေသည့် ရွှေရောင် အတောင်ပံနှင့် ငှက်ဝိညာဉ် သားရဲကို ဆင့်ခေါ် လိုက်သည်။ ရွှေရောင် အတောင်ပံနှင့် ငှက်ဝိညာဉ် သားရဲသည် ရွှေရောင် အလင်တန်းအဖြစ် ပြောင်းလဲသွားပြီး ဒီဝမ်ရှီ၏ ရင်ဘက်ကို ထိမှန်သွားကာ နရိုးကြိုးသံများထွက်ပေါ်လာလေသည်။
“အား…”
ဒီဝမ်ရှီ သွေးများ အန်ထွက်လာပြီး အဲနေရာတွင်ပင် မေ့လဲကျသွားသည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset