Switch Mode

Chapter – 18

ရှုံးနိပ့်ကြောင်း ၀န်ခံခြင်း

Chapter – 18 ရှုံးနိပ့်ကြောင်း ၀န်ခံခြင်း

ကျောက်ခေတ်ရွာက လူတိုင်းဟာ အမှန်တကယ်တမ်းပြောရရင် ပိုင်ဖေးကို နဂိုတည်းက မုန်းတီးနေကြတာပါ။ မောက်မာထောင်လွှားလွန်းနေတဲ့ ဒီဆယ်ကျော်သက်လူငယ်လေး ပိုင်ဖေးကို အံတင်းတင်းကြိတ်ပြီး မနိုင်လို့သည်းခံခြင်းမျိုးနဲ့ သည်းခံနေရတာပါ။ အခုတော့ လူတိုင်းက လက်စားချေနိုင်မဲ့ အပိုင်းအစတစ်ခုတစ်လေရလာပြီဆိုတော့ လက်နှေးခြေနှေးမနေဘဲ တက်ညီလက်ညီဗြောတီးပေးလိုက်ပါတယ်။ ထန်းလျက်ခဲကို ပုရွက်ဆိတ်အုံသလို သူတစ်လှည့် ငါတစ်လှည့် သမခံနေရတဲ့ ပိုင်ဖေးတစ်ယောက် ခံနိုင်ရည်စွမ်းအားတွေ ကုန်လို့ အသံပျောက်သွားမှပဲ လက်လွန်နေပြီမှန်း သတိရလိုက်ကြပါတယ်။

“ရပ်လိုက်ကြစမ်း!”

၀ံပုလွှေရွာသားတွေရဲ့ စိုးရိမ်စိတ်ဟာ ငဟ်ထိပ်ကိုတက်ဆောင့်လို့သွားပါပြီ။ သူတို့ဟာ သူတို့ရဲ့ လက်နက်တွေကိုင်ဆွဲပြီးဟန်ပြလို့ ဖိအားပေးဖို့ကြိုးစားလိုက်ကြပါတယ်။ ဒီအတိုင်းသာဆက်လွှတ်ထားရင် ပိုင်ဖေးလို ဝံပုလွှေရွာရဲ့ ပါရမီရှင်လေးဟာ ဒုက္ခိတဘ၀နဲ့ အရိုးထုတ်ရပါလိမ့်မယ်။

” မင်းတို့ရပ်ဆိုတိုင်း ရပ်ရမှာလားကွဟေ့ ငါတို့စကားပြောချင်စိတ်မရှိသေးဘူး။ ဒီသဘောက်မသားကို ကောင်းကောင်းဆုံးမပေးဦးမယ်။ဒါမှ ငါတို့ဒေါသတွေ ပြေမှာ..”

ရှီဖန်ကျင်းက သွားကြားထဲက ထွက်လာတဲ့အသံနဲ့ ပြောလိုက်ပါတယ်။

ပိုင်ဖေးကို လူတိုင်းက ကန်ကျောက်ရိုက်ပုတ်ခဲ့တာပါ။ ကျောက်ခေတ်ရွာသားတွေဟာ ပိုင်ဖေးကို အမှန်အကန် ဆွမ်းကြီးဝိုင်းလောင်းပြီး လူမှန်းသူမှန်းမသိနိုင်လောက်တဲ့ရုပ်ထွက်လာချိန်ထိ အမုန်းကျွေးနေကြတာလေ။ ပိုင်ဖေးဟာ နှာခေါင်းထဲကနေ သွေးတွေ တောက်လျှောက်ထွက်နေပြီး ၀က်မျက်နှာဖြစ်လာကာ အရိုးတွေလည်း ကျိုးကြေကုန်ကြပါပြီ။ သူ့ရဲ့ ကြွကြွဟန်ပန်တွေနဲ့ နှလုံးသားကင်းမဲ့တဲ့ အကြည့်တွေလည်း ပျောက်ကွယ်သွားကြပါတယ်။

ရှီဟောင်ဟာ လဲကျနေတဲ့ ပိုင်ဖေးကို ကောက်ကိုင်လိုက်ပြီး ရှစ်မီတာ ကိုးမီတာလောက် ကိုင်ပေါက်ပစ်လိုက်ပါတယ်။ ပိုင်ဖေးဟာ ရှီလင်းဟူတို့ရှေ့ကို ပြန်ကျသွားခဲ့ပါတယ်။ ရှီဟောင်ရဲ့ ဒေါသမျက်လုံးတွေကတော့ အရောင်တောက်လို့နေဆဲပါပဲ။

” ကလေးလေး မင်းက ကြမ်းလှချည်လားဟ ..”

ရှီဖန်းကျင်းဟာ ရှီဟောင်ကို ပြောနေရာကနေ

” အခု ငါတို့ရပ်လိုက်ကြတာပေါ့..”

သူ့ရဲ့ ခြေထောက်ဟာ ပိုင်ဖေးရဲ့ ခန္ဓာကိုယ်ပေါ်ကျသွားပြီး အက်ကွဲသံကြီးထွက်ပေါ်လာပါတယ်။ ပိုင်ဖေးရဲ့ ရင်ညွန့်ရိုးဟာ ထပ်ကျိုးသွားခဲ့ပါတယ်။

ရှီဖန်ကျင်းနဲ့ ပိုင်းဖေးဟာ စွမ်းအားတူအဆင့်တူတွေဖြစ်ပါတယ်။ ဒါပေမဲ့ ပိုင်ဖေးဟာ ခုခံနိုင်တဲ့ စွမ်းအားမရှိသလို အကျဉ်းသားတစ်ယောက်လည်း ဖြစ်နေတာကြောင့်ပါ။ အသည်းနှလုံးတွေ ပြုတ်ကျမတတ်နာကျင်မှုတွေကြောင့် ချွေးတဒီးဒီးကျသွားပါတယ်။

” ကလေးလေး မင်းက တကယ်ကြင်နာတတ်တာပဲ။ ရန်သူကို သတ်ဖြတ်နိုင်ဖို့ အခွင့်အရေးတွေရတာကြောင့် ဂရုမစိုက်ခဲ့ဘူး။ သူ့ကို ဖမ်းပြီးတောင် တစ်ခြားတွေလက်ကို အပ်လိုက်သေးတယ်။ တကယ်ကို နည်းလမ်းကောင်းပဲ။ ဒီလိုလုပ်တာက အန္တရာယ်ကြီးတာတော့ အမှန်ပဲ..”

ရှီလင်းဟူက ရှီဟောင်ကို တိုးတိုးကျိတ်ကျိတ်သွန်သင်ပြလိုက်ပါတယ်။

” ယိယ ဟုတ်ကဲ့..”

ရှီဟောင်ရဲ့ပုံစံနည်းနည်းရှက်လို့နေတဲ့ မျက်နှာထားနဲ့ပါ။ အခုအခြေအနေမတိုင်ခင်က ကျားတစ်ကောင်လို ဒေါသတကြီးဖြစ်နေခဲ့တာ သူမဟုတ်ခဲ့တဲ့ အလား..။ ဒါက သူစွမ်းအားရှိသမျှ အကုန်ထုတ်ပြီး တိုက်တဲ့ ပထမဆုံးသော သေခြင်းရှင်ခြင်းကြားက တိုက်ပွဲပါ။ ရှီဟောင် အခုလိုလုပ်တာရဲ့ တစ်ခုတည်းသော အကြောင်းပြချက်ကတော့ ရှီချောင်ချန်သေလုမျောပါးဖြစ်အောင် ဒဏ်ရာရသွားတာကို မြင်ထားရတာကြောင့်ပါပဲ။ ရန်သူက အရမ်းကိုမောက်မာရိုင်းစိုင်းတော့လည်း သူလည်း ဦးနည်းနည်းတော့ ချိုးပေးလိုက်ပါတယ်။

” ငြိမ်းချမ်းရေးကမ်းလှပါတယ်။ ကျောက်ခေတ်ရွာက ရောင်းရင်းတွေကလည်း မေတ္တာပြန်ထားမယ်လို့ ယုံကြည်ပါတယ်။ စိတ်ထဲကမကျေမနပ်မှုတွေကို ခနထားပြီး ကျုပ်တို့စကားပြောလို့ရမလား..”

၀ံပုလွှေရွာသားတွေဟာ စိုးရိမ်ပူပန်နေကြပါပြီ။
ပိုင်ဖေးလို အလားအလာရှိတဲ့ လူငယ်လေးဆိုတာ အရမ်းကို ရှားပါးပါတယ်။ သူသာ ကျောက်ခေတ်ရွာသားတွေရဲ့ ဒေါသအောက်မှာ အသက်ခံရမယ်ဆိုရင် သူတို့ဝံပုလွှေရွာအတွက် အရမ်းကိုကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်သွားပါလိမ့်မယ်။

” အခုတော့ မင်းတို့စကားပြောချင်ပြီပေါ့။ မင်းတို့က ငါတို့ရဲ့ ရိက္ခာတွေကို ခိုးယူသလို ငါတို့ရွာသားတွေကိုတောင် သတ်ပစ်ဖို့ကြိုးစားကြတယ် ဒါက ဘယ်လောက်တောင်အကြင်နာတရားခေါင်းပါးရတာလဲ။ မင်းတို့ ပြန်ရလာမဲ့ အကျို းဆက်ကိုရော မစဉ်းထားကြဘူးလား..”
ရှီလင်းဟူက ဒေါသတကြီးပြောဆိုလိုက်ပါတယ်။

တစ်ဖက်မှာတော့ ရှီဖန်ကျင်းက ပိုင်ဖေးရဲ့ ရင်၀ကို နင်းထားတုန်းပါပဲ။ ပိုင်ဖေးဟာ တကိုယ်လုံးစုတ်ပြတ်သတ်အောင် ရိုက်နှက်ခံထားရတာကြောင့် သူ့ရဲ့မျက်နှာဟာ ရှုံ့မဲ့လို့နေပါတယ်။ သိုပေမဲ့ သူက အသံတစ်ချက်လေးမှထွက်ပြီး မငြီးငြူ ခဲ့ပါဘူး။

” ရပ် ရပ်လိုက်ကြ။ ဒါတွေအားလုံးကခ ငါတို့အမှားပါ။ ငါတို့အပြစ်အတွက်တော့ ငါတို့မတောင်းပန်နိုင်ဘူး။”

၀ံပုရွှာရဲ့ အမဲလိုက်ခေါင်းဆောင်တဝ်ယောက်က စိုးရိမ်တကြီးအော်ဟစ်လိုက်ပါတယ်။ ဒီအချိန်မှာ ကောင်လေးတွေအုပ်စုကြားကနေ ဖီးဟိုပြေးထွက်လာပါတယ်။

” ခင်ဗျားတို့သာတုန်းကတော့ ကျုပ်အဖေကို မြှားနဲ့ပစ်သတ်တာလေ။ သူ သေလုမျောပါးတောင်ဖြစ်သွားတယ်။ ဘယ်သူက ခင်ဗျားတို့ မာနထောင်လွှားနေတာကို ဂရုစိုက်နေမှာလဲ။ ကလေးလေးက ခွေးသူတောင်းစားကောင်ကို ဖမ်းမိခဲ့တာလေ..”

ဖီးဟိုက ဆက်ပြောလိုက်ပါတယ်။

” ခင်ဗျားတို့ရဲ့ လူက အသက်တစ်ဆယ်ကျော်နေချိန်မှာ ကျုပ်တို့ရဲ့ ကလေးလေးကတော့ သုံးနှစ်ခွဲပဲရှိသေးတယ်။ ဒါတောင် သူ့ကိုမနိုင်ဘူး။ ခင်ဗျားတို့ကိုယ် ခင်ဗျားတို့ သူများတွေကို အထက်စီးကနေ ဆက်ဆံချင်တိုင်း ဆက်ဆံလို့ရမယ်များ ထင်နေတာလား။”

ဖီဟိုစကားပြောနေချိန်မှာပဲ တခြားကောင်လေးတွေဟာ ပိုင်ဖေးကို ဝိုင်းပြီးကန်ကျောက်လိုက်ကြပြန်ပါတယ်။

ရှီဟောင်ကတော့ တခြားသူတွေ ဝိုင်း၀န်းပြီးမနာလိုခံရလောက်အောင်ကို ကျောက်ခေတ်ရွာအမဲလိုက်အဖွဲ့ရဲ့ ကာကွယ်မှုအောက်ကို ပြန်ရောက်သွားပါပြီ။ ကျောက်ခေတ်ရွာရဲ့ အစွမ်းထက်ဆုံးသူဖြစ်တဲ့ ရှီလင်းဟူကလွဲပြီး ဘယ်သူကများ ပိုင်ဖေးလို ကြောက်မက်ဖွယ်ရာကောင်းတဲ့ ပါရမီရှင်ကို ဖမ်းဆီးနိုင်မှာတဲ့လဲ။ ဒါပေမယ့် ရှီဟောင်က အလုပ်နဲ့သက်သေပြခဲ့ပါတယ်။

” ကျောက်ခေတ်ရွာက မိတ်ဆွေကြီးတို့အနေနဲ့ ခင်ဗျားတို့ရဲ့ ဒေါသတွေကို သိမ်းပြီး အခွင့်အရေးတွေ မတောင်းဆိုချင်ဘူးလား..”

၀ံပုလွှေရွာသားတွေရဲ့ စိုးရိမ်ချိန်ရေမှတ်တွေဟာ အတိုင်းအဆမရှိကျော်လွန်လို့ လာပါတယ်။ ဒီအတိုင်းသာ ဆက်ပြီးအချိန်ဆွဲနေရင် သူတို့ရဲ့ ပါရမီရှင်ဟာ သေချာပေါက် ဒုက္ခိတဘဝရောက်တော့မှာလေ။ အာ့ဒီလိုသာ ဖြစ်ပျက်ခဲ့ရင် ပိုင်ဖေးဟာ တခြားသူတွေကြားမှာ ခွေးသေကောင်ပုတ်နဲ့မခြား ရှိနေတော့မှာဖြစ်ပါတယ်။

” ဒါဆို လျှော်ကြေးကိစ္စပြောကြတာပေါ့..”

ရှီလင်းဟူက ပိုင်ဖေးကိုယ်ပေါ်တက်ထိုင်လိုက်ပါတယ်။ ဒါက ဝံပုလွှေရွာက ကောင်တွေ သူတို့ရဲ့ နှလုံးသားတွေအပြင်ထွက်ကျလာမတတ်ဖြစ်အောင် လုပ်လိုက်တာပါ။ ရှီလင်းဟူရဲ့ ၆ပေကျော်မြင့်မားတဲ့အရပ်အမောင်းကြောင့် သူ့ရဲ့စွမ်းအားတွေကို မထုတ်ဖော်ထားဘူးဆိုရင်တောင် နွားတစ်ကောင်အနင်းခံထားသလို ခံစားသွားမှာပါပဲ။

ဒါပေမဲ့ ဝံပုလွှေရွာသားတွေကတော့ ကျောက်ခေတ်ရွာသားတွေရဲ့ စိတ်ကြည်မှုကိုသာ လိုချင်ပါတယ်။ ဒါကြောင့် သူတို့ဟာ သူတို့ဘက်ပါအောင် လိုက်လိုက်လျောလျောနဲ့ ဆွဲဆောင်စည်းရုံးဖို့ ချိုချို သာသာပြောဆိုလို့နေပါတယ်။ သူတို့က သူတို့ရဲ့ ရင်ထဲက မီးတောင်တစ်ခုလို ပေါက်ကွဲနေတဲ့ဒေါသတွေကို နည်းနည်းလေးမှ ထုတ်မပြရဲပါဘူး။

” ကျုပ်တို့က ဒီတောင်တန်းဒေသထဲမှာပဲ အသက်ရှင်နေထိုင်ကြတဲ့ မိတ်ဆွေတွေလေ။ ကျုပ်တို့ တစ်ခါတစ်လေ သဘောထားနည်းနည်းလောက်လေး ကွဲလွဲတာမိကြတာပါ။ ကျုပ်တို့ရဲ့ ရူးမိုက်မှုကို ဒီတစ်ခါတော့ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။”

၀ံပုလွှေရွာရဲ့ အမဲလိုက်အဖွဲ့သားမဟုတ်ဘဲ ဆွဲဆောင်အားကောင်းဟန်ရှိတဲ့ လာတစ်ယောက်က ပြောဆိူလိုကိပါတယ်။

” ငါတို့က မကြာခဏတွေ့နေကြတာပဲဆိုတာ ဘာကို ပြောချင်တာလဲ။ အာ့လိုပြောတာနဲ့ပဲ အားလုံးက လွယ်သွားရောလား။ မင်းတို့က ဘယ်လိုတောင်မျက်နှာပြောင်တာလဲဟ.။ ဒါဆို ဘာလို့ငါတို့ရဲ့ညီနောင်ကို သတ်ချင်ရတာလဲ.”

ရှီဖန်ကျင်းက ဝေဖန်လိုက်ပါတယ်။

” အဓိပ္ပါယ်မရှိတာတွေပြောမနေကြနဲ့တော့။ ငါတို့နားမထောင်ချင်တော့ဘူး။ မင်းတို့တွေ ဘယ်လိုလျှော်ကြေးပေးမလဲဆိုတာပဲ ငါတို့ကို ပြော..”

ရှီလင်းကလည်း လက်ဝေ့ယမ်းပြီးပြောလိုက်ပါတယ်။

“ဒါက … ”

ံဝံပုလွှေရွာသားတွေဟာ မကျေနပ်ကြတော့ပါဘူး။ သူတို့ရဲ့ အမဲလိုက်အဖွဲ့ခေါင်းဆောင်က ပြောလိုက်ပါပြီ။
” ငါတို့တောင်းပန်ပါတယ်။ မင်းတို့ကို မှော်သားရဲကောင်တွေအကုန်ပြန်ပေးမယ်လေ။ ဘယ်လိုလဲ။”

အန်းမန်ရဲ့မျက်လုံးတွေပြူ းသွားပြီး

” မှော်သားရဲကောင်တွေက နဂိုတည်းကငါတို့ဥစ္စာတွေပဲ။ မင်းတို့ကြောင့် ဒဏ်ရာတွေလည်း အများကြီးရကြရတယ်။ ဒါတောင် ငါတို့ဥစ္စာကို လက်ဆောင်ပေးတယ်ပြောရဲတယ်။ သောက်ရှက်ကို မရှိဘူး..”

” ဒါကို လျှော်ကြေးလို့ပဲသတ်မှတ်မယ်။ အခုကစပြီး မှော်သားရဲတွေကို ဒီအတိုင်းထားခဲ့ကြမယ်။ နောက်ဆို မင်းတို့ပိုင်နက်ထဲကို မကျူ းကျော်မိစေရဘူး..”

၀ံပုလွှေရွာသားတစ်ယောက်ကလည်း ၀င်ရောက်ပြောဆိုလိုက်ပါတယ်။

” အဓိပ္ပါယ်မရှိတာတွေပြောနေတယ်။ ဒီဆွေးနွေးပွဲမှာ မင်းတို့က နည်းနည်းလေးမှ ရိုးသားမှုမရှိကြဘူး..”
ကျောက်ခေတ်ရွာသားကလည်း ပြန်လည်အော်ဟစ်လိုက်ပါတယ်။

ရှီလင်းဟူက လက်ကာပြလိုက်ပြီး

” မင်းတို့နဲ့ ပြောစရာမရှိတော့ဘူး။ ငါတို့အနေနဲ့ ဒီကောင်လေးကို လွတ်ပေးလိူ့ရတယ်။ ဒါပေမဲ့ မင်းတို့ကိုယ်ပေါ်က လက်နက်တွေအကုန်ထားခဲ့ရမယ်။ ပြီးရင်တော့ မင်းတို့ သူ့ကို ပြန်သယ်သွားလို့ရပြီ။ ဒါအပြင် နောက်ဆို ငါတို့ရှေ့ကို ဘယ်တော့မှ ထပ်ပေါ်မလာစေနဲ့..”

” ဘာ ! မဖြစ်နိုင်တာတွေ..”
၀ံပုလွှေရွာသားတွေဟာ အကြောက်အကန်ငြင်းဆန်လိုက်ကြပါတယ်။ လက်နက်တွေဆိုတာ သူတို့ဒေသမှာတော့ သူတို့ရဲ့ ဒုတိယအသက်ပဲလေ။ တောင်တန်းဒေသထဲမှာ နေထိုင်ရတာ လက်နက်မရှိဘဲ ဘယ်လိုမှ မရှင်သန်နိုင်ပါဘူး။

တောင်တန်းဒေသထဲမှာ သတ္တုတွင်းဆိုတာအရမ်းကို ရှားပါးသလို ထုတ်ယူဖို့ကလည်း ခက်ခဲလွန်းပါတယ်။ လူတစ်ယောက်အတွက် လက်နက်တစ်ခုရဖို့ကိုတောင် တော်တော်လေးခက်ခဲပါတယ်။ လက်နက်လုပ်တယ်ဆိုတာ တောင်တန်းဒေသမှာတော့ အချိန်အကြာကြီးယူရတာမျိူ းပါ။

” ဒီလိုဆိုမှတော့ ဆက်ပြောစရာမရှိတော့ဘူး။ တဝ်ယောက်ယောင်လာစမ်း.. ဒီခွေးခေါင်းကို ဖြတ်ပြီး ငါ့အစားဝံပုလွှေရွာကို ပို့လိုက်..”

ရှီလင်းဟူက အော်ပြောလိုက်ပါတယ်။
” ကောင်းပါပြီ..”
ရွာသားတစ်ယောက်ရဲ့ အမိန့်နာခံသံနဲ့အတူ ရှေးဟောင်းဓားတစ်လက်ကို ကိုင်ဆွဲပြီး ပိုင်ဖေးရဲ့ ခေါင်းကို ဖြတ်ဖို့ပြင်လိုက်ပါတယ်။

“မလုပ်နဲ့.. ငါတို့ သဘောတူတယ်..”

၀ံပုလွှေရွာရဲ့ အတော်လေးကို အရေးပါပုံရတဲ့ လူတစ်ယောက်က ကမန်းကတန်းတားဆီးလိုက်ပါတယ်။

၀ံပုလွှေရွာသားတွေရဲ့ မျက်နှာဟာ ကြည့်ရဆိုးလောက်အောင် ရှုံ့မဲ့လို့နေပါပြီ။

” ငါတို့ လက်နက်တွေကို တကယ်ပဲပေးလိုက်ကြတော့မာလား..”

” ငါတို့လက်နက်တွေမရှိတော့ရင်တောင် ငါတို့က ပိုသန်မာလာကြမှာပါ.. အချိန်တွေကြာသွားရင်တော့ ငါတို့မှာ မျော်လင့်ချက်တွေ ရှိလာမှာပါ။ ဒါပေမဲ့ သေသွားတဲ့ညီအစ်ကိုတွေတော့ ပြန်မရှင်စေနိုင်တော့ဘူးပေါ့။ ပိုင်ဖေးရဲ့ အလားအလာက အရမ်းကို မြင့်မားတယ်။ တောင်တန်းဒေသထဲမှာတော့ သူ့လိုလူက ခပ်ရှားရှားပဲ။ အနာဂတ်မှာ သူက ငါ့တို့ဝံပုလွှေရွာကို သေချာပေါက် ကာကွယ်ပေးနိုင်တယ်။”

၀ံပုလွှေရွာသားတွေလည်း ရေခဲအေးမြှားတွေ၊ နဂါးဦချို လေးတွေ နဲ့ ဓားတွေကို တဝ်ယောက်ပြီးတစိယောက်စုပုံပေးလိုက်ပါတယ်။ ဒါက သူတို့နှလုံးသားထဲက သွေးတွေတဝ်စက်ချင်း စိမ့်ထွက်လာသလိုကို ခံစားလိုက်ရပါတယ်။

အရင်က တိုက်ပွဲတွေမှာ အနည်းနဲ့အများတော့ သွေးထွက်သံယို ဖြစ်ခဲ့ရပါတယ်။ သို့ပေမဲ့ ပိုင်ဖေးဟာ ကြောက်မက်ဖွယ်ရာကောင်းလွန်းတဲ့ ကလေးနဲ့ နှစ်ယောက်တည်းထိပ်တိုက်ရင်ဆိုင်ကြတဲ့အခါမှာတော့ သေကျေပျက်စီးမှုတွေကို တော်တော်လေး နည်းပါးသွားစေပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ လူတွေဘယ်လောက်တောင် သေဆုံးကြမလဲဆိုတာ ဘယ်သူမှ သိနိူင်မှာမဟူတ်ပါဘူး။

ကျောက်ခေတ်ရွာသားတွေဟာ အောင်ပွဲနဲ့အတူ ရွာကို ပြန်လာနိုင်ခဲ့ပါတယ်။

ရက်ပေါင်းအတော်လေးကြာသွားတဲ့အထိ ကျောက်ခေတ်ရွာဟာ ငြိမ်းချမ်းလို့နေပါတယ်။ ဒါပေမဲ့ တောင်တန်းဒေသထဲမှာတော့ တယ်ပြီး အေးဆေးလှတယ်လို့ မရှိလှပါဘူး။ မကြာခဏဆိုသလို မှော်သားရဲကြီးတွေရဲ့ မိုးကောင်းကင်ကိုတောင် တူန်လှုပ်ခြောက်ခြားစေတဲ့ အသံတွေနဲ့ တောင်ပေါ်က နှင်းထုတွေ တဝုန်းဝုန်း ပြိုကျသံတွေကိုလည်း ကြားနေရပါတယ်။

” ရွာအကြီးအကဲ.. ကြည့်ရတာတော့ တောင်တန်းဒေသထဲမှာ မြန်မြန်ဆန်ဆန် ဒါမှမဟုတ် သိပ့်မကြာခင်မှာ ကြောက်စရာကောင်းတဲ့ မှော်သားရဲတွေ ထပ်သေကြဦးမဲ့ပုံပဲ။ ခုရက်ပိုင်း အဆင်မပြတ်ကို ဟိန်းဟောက်သံတွေကြားနေရတယ်။”

ရွာသားတစ်ယောက် ရှီယွီဖန်းကို အကြောင်းကြားလိုက်ပါတယိ။

” ကမ္ဘာဦးခေတ်ကတည်းက ဆင်းသက်လာတဲ့ အစစ်အမှန်မှော်သားရဲတွေထင်တယ်။ သူတို့က တောင်တန်းဒေသရဲ့ အနက်ရှိုင်းဆုံးအပိုင်းမှာဆို စဉ်းစားနိူင်တာထက်ကို ပိုအစွမ်းထက်နေသေးတယ်။ ငါတို့အနေနဲ့ အစစ်အမှန် မှော်သားရဲတစ်ကောင်လောက်များ ရလိုက်ရင်တောင် မိုးကောင်းကင်ကို ဒူးနဲ့တိုက်ပစ်နိုင်မဲ့ အစွမ်းတွေ ရလာနိုင်တယ်။ ”

******

Comment

Leave a Reply

Options

not work with dark mode
Reset