စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၉၈ နဥ်ယွိဟန် ဘုရင်ဖြစ်လာခြင်း။ အံ့ဖွယ်သားရဲနယ်ပယ်ထဲ ဝင်ရောက်ခြင်း။
သို့သော် မြေခွေးဘုရင်မကကလည်း ယခုအချိန်တွင် သူမ ဘာမှ မလုပ်နိုင်မှန်း သိနေ၏။ သူပြုလုပ်နိုင်သည့် တစ်ခုတည်းသောအရာက အစီအရင်၏ ခုခံမှုကို မဖွင့်တာပဲ ဖြစ်သည်။
သူမသာ အစီအရင်ကို ဖွင့်ခဲ့လျှင် ဝံပုလွေနတ်ဘုရား၏ ခွန်အားဖြင့် သူသည် ငွေရောင်မြေခွေးတောင်ကြားတစ်ခုလုံးကို မိနစ်ပိုင်းအတွင်း ချေမှုန်းနိုင်လိမ့်မည်။
” ဝံပုလွေ နတ်ဘုရားက နားမလည်တာပဲ ဖြစ်ရမယ်။ ဒါက ရိုးရိုးရှင်းရှင်း ကောင်းကင်ရတနာတစ်ခုပါပဲ။ ဝံပုလွေနတ်ဘုရားရဲ့ အမြင်အာရုံထဲကို မဝင်နိုင်ပါဘူး ”
ဝံပုလွေနတ်ဘုရားသည် မြေခွေးဘုရင်မ၏ မျက်လုံးကို စိုက်ကြည့်လိုက်၏။ သူ၏ အကြည့်၌ အေးစက်မှုများ ပြည့်နေသည်။
” မင်းက အလွန်ပါးနပ်တယ်။ ခက်တာက ငါ့အတွက် လုံလောက်အောင် မပါးနပ်ရုံပဲ။ မင်းကို အခု ရွေးချယ်စရာနှစ်ခု ပေးမယ်။ မင်း ကိုယ်တိုင် လုပ်မလား။ ဒါမှမဟုတ် ငါကိုယ်တိုင် လာရမလား ”
မြေခွေးဘုရင်မက အံကြိတ်လိုက်သည်။ သူမသည် ဝံပုလွေနတ်ဘုရား၏ စွမ်းဆောင်ရည်နှင့် ရင်ဆိုင်ရချိန်တွင် အနည်းငယ် ထိတ်လန့်မိသည်။ သို့သော်ငြား ယခုအချိန်၌ သူမ အရှုံးမပေးနိုင်မှန်း သိသည်။ မဟုတ်လျှင် သူမ ခြေလှမ်း မှားသွားလိမ့်မည်။
သူမသည် နဥ်ယွိဟန်၏ အမွေအနှစ်ကို ဖျက်ဆီးခဲ့လျှင် ငွေရောင်မြေခွေးမျိုးနွယ် သတ်ဖြတ်ခံရခြင်းထက်တောင် ပိုပြင်းထန်သွားလိမ့်မည်။ အကြောင်းမှာ ဧကရာဇ်နယ်ပယ် အမွေအနှစ်သသည် အထွတ်အထိပ် အံ့ဖွယ်သားရဲ သိုင်းပညာရှင်တစ်ဦးကို ဖန်တီးနိုင်ရန် အလွန်မြင့်မားသည့် ဖြစ်နိုင်ချေရှိနေသောကြောင့် ဖြစ်သည်။
ယဲ့ရှောင်လည်း ရှိသည်။ သူသာ အမွေအနှစ်ကို နားဘည်သဘောပေါက်အောင် ဆင်ခြင်နေသော ဖြစ်စဥ်ကာလအတွင်း နှောက်ယှက်ခံလိုက်ရလျှင် သူ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားလောက်သည်။
အထွတ်အထိပ် ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ဦးနှင့် ဧကရာဇ်နယ်ပယ်အဆင့်အောက် သိုင်းပညာရှင်တစ်ဦး ဒဏ်ရာပြင်းပြင်းထန်ထန် ရခြင်းက အသေးအမွှား မဟုတ်ပေ။
ကိစ္စများက အဆင်မပြေခဲ့လျှင် ဧကရာဇ်တစ်ပါးဖြစ်ရန် သူ၏ လမ်းကြောင်းက အဆုံးသတ်သွားလိမ့်မည်။
ထိုအတိုင်း အမှန်တကယ် ဖြစ်လာခဲ့လျှင် ငွေရောင်မြေခွေးမျိုးနွယ်သည် အင်မတန် အစွမ်းထက်သော မိတ်ဆွေတစ်ယောက်ကို ဆုံးရှုံးရလိမ့်မည်။
” ဝံပုလွေ နတ်ဘုရားက ဒီကို ဒီနေ့ အာကာသယာဥ်တွေ အများကြီး သယ်လာခဲ့တာ … အခု ကျွန်မတို့ ငွေရောင်မြေခွေးမျိုးနွယ်က အားနည်းတဲ့ တပ်သားတွေပါပဲ။ အရံအတား မဖွင့်ပေးရဲပါဘူး။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ဝံပုလွေ နတ်ဘုရား .. ”
ဝံပုလွေနတ်ဘုရား၏ အကြည့်က ရေခဲတမျှ အေးစက်နေ၏။
” မင်း မဖွင့်ရဲတာလား။ မဖွင့်ချင်တာလား ”
မြေခွေးဘုရင်မက မချိပြုံးဖြင့် ပြောလိုက်၏။
” ဝံပုလွေ နတ်ဘုရား နှောက်နေတာပဲ ဖြစ်ရမယ် ”
ဝံပုလွေနတ်ဘုရားက အသက်ရှူထုတ်လိုက်၏။
” ထားလိုက်တော့။ ဒီလိုဆိုမှတော့ ငါ လေကုန်ခံဖို့ မလိုတော့ဘူး။ အစီအရင်ကို ဖွင့်ကြ ”
” ဟုတ်ကဲ့ ”
ဝံပုလွေနတ်ဘုရား၏ အမိန့်ဖြင့် အာကာသယာဥ်များသည် တစ်ချိန်တည်းတွင် အစီအရင်ဆီကို တိုးကြတော့သည်။ သူတို့သည် ဝိညာဥ်စွမ်းအင် ပမာဏများစွာဖြင့် ပေါင်းစည်းထားသော တိုက်ခိုက်ရေးအစီအရင်တစ်ခုကနေ ဝိညာဥ်အမြှောက်ဆံကို ပစ်ထုတ်လိုက်၏။ အာကာသစစ်မြေပြင်တွင် ၄င်း၏ စွမ်းအားက အကန့်အသတ်မဲ့ပြီး အနိုင်၍ မရပေ။
အာကာသယာဥ်များမှ မြှောက်တက်လာသည့် အလင်းတန်းများသည် ချွန်ထက်သော ဓါးများပမာ ငွေရောင်မြေခွေးတောင်ကြားအထက် အစီအရင်ကို မညှာမတာ ဝင်ရိုက်မိတော့၏။
ဖုန်း ဖုန်း ဖုန်း။
ကြမ်းတမ်းသည့် ပေါက်ကွဲသံများ ဆက်တိုက် ပေါ်ထွက်လာပြီး အလင်းများက အရပ်မျက်နှာအနှံ့ လွင့်စင်သွားသည်။ တိုက်ခိုက်မှုကို အစီအရင်က ပိတ်ဆို့ထားသည့်တိုင် ငွေရောင်မြေခွေးတောင်ကြားတစ်ခုလုံးပေါ် သက်ရောက်မှုက မပျောက်ကွယ်သွားပေ။
ငွေရောင်မြေခွေးတောင်ကြားတစ်ခုလုံးက ကြမ်းကြမ်းတမ်းတမ်း စတင်တုန်လှုပ်လာ၏။
မြေခွေးဘုရင်မ၏ အမူအယာက ရုပ်ချည်းပြောင်းလဲသွားတော့သည်။ ဝံပုလွေ နတ်ဘုရားသည် သူမ တုံ့ပြန်ရန် အချိန်မပေးတော့ပဲ မြန်မြန်ဆန်ဆန် တိုက်ခိုက်လိမ့်မည်ဟု သူမ မထင်ထားပေ။
ငွေရောင်မြေခွေးမျိုးနွယ်သားများ၏ နှလုံးခုန်နှုန်းက စတင်မြန်လာတော့၏။ အစီအရင်ထဲ၌ သူတို့သည် အစီအရင်၏ သက်ရောက်မှုအားကို ရှင်းရှင်းလင်းလင်း ခံစားမိနိုင်၏။
ယင်းက ကြောက်ဖို့ကောင်းလွန်းသည်။ အစီအရင်ကနေတောင် သူတို့သည် ပြင်းထန်လွန်းသည့် ဖိအားကို ခံစားမိသည်။
သူတို့၌ အစီအရင် မရှိခဲ့လျှင် သူတို့သည် တိုက်ခိုက်ခံရမှုကြောင့် အစိတ်စိတ်ပမွှာမွှာ ကြေသွားမည် မဟုတ်ပါလော။
” မြေခွေးဘုရင်မ ဘာလုပ်သင့်လဲ။ ဒီတိုက်ခိုက်မှုက ပြင်းထန်လွန်းလို့ အစီအရင်က ခဏပဲ တောင့်ခံနိုင်မှာ။ ဒါပေမဲ့ တိုက်ခိုက်တာ ကြာလွန်းရင် ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်ဘူး ”
မြေခွေးဘုရင်မက တည်တင်းသော အမူအဖြင့် ပြောလိုက်၏။
” ငါတို့မျိုးနွယ်စုဝင်အားလုံးကို တောင်ကြားထဲ ဆုတ်ခိုင်းလိုက်။ အစီအရင် ကျိုးပျက်သွားတာနဲ့ တောင်ကြားထဲမှာ စတိုက်ခိုက်ကြမယ်။ ငါတို့ တတ်နိုင်သလောက် အချိန်ဆွဲထားရမယ်။ မျိုးနွယ်သားတစ်ယောက်ကို အသက်ရှင်လျက် ထားနိုင်မယ်ဆို ငါတို့တွေ မျိုးနွယ်သားတစ်ယောက်ကို အသက်ရှင်လျက် ထားဖို့ အကောင်းဆုံး ကြိုးစားရမယ်။ ယွိဟန် မသေပဲ ငါတို့မှာ နံနက်ခင်းကြယ်ကျင့်စဥ်ရှိနေသရွေ့ အားလုံးကို အသက်ပြန်သွင်းပေးနိုင်တယ် ”
” ဟုတ်ပါပြီ ”
ငွေရောင်မြေခွေးမျိုးနွယ်သည် ချက်ချင်းပင် အမိန့်ကို လိုက်နာပြီး အောက်ခြေသို့ ဆုတ်သွားလေ၏။
သူတို့ခေါင်းအထက် အစီအရင်ပေါ် တိုက်ခိုက်မှုက ပိုပိုပြီး ပြင်းထန်လာ၏။
လူတိုင်း၏ ဖိအားကလည်း ပိုပြင်းထန်လေ၏။
နောက်ဆုံးတွင် ဖန်ကွဲသံများ ကြားလိုက်ရပြီးနောက် အစီအရင်က ပြိုကွဲသွားတော့သည်။
ငွေရောင်မြေခွေးတောင်ကြား၏ အစီအရင်တစ်ခုထဲကပင် အားနည်းလွန်းနေတာ ဖြစ်သည်။ အံ့ဖွယ်သားရဲ ဖိအား၏ တိုက်ခိုက်မှုကို တောင့်မခံနိုင်ပေ။
အစီအရင် ပြိုကွဲသွားသည်နှင့် အမြှောက်ဆံအချို့က ဝင်လာပြီး ငွေရောင်မြေခွေးတောင်ကြားကို တိုက်ရိုက် ထိမှန်ကာ နေရာတွင်ပင် ငွေရောင်မြေခွေးမျိုးနွယ်ဝင်ရာချီကို သတ်ဖြတ်လိုက်တော့၏။
” မြေခွေးဘုရင်မ .. ကျွန်မတို့ ဘာလုပ်ကြမလဲ ”
” တန်ပြန်တိုက်ခိုက်ဖို့ ဝိညာဥ်စွမ်းအင်အမြှောက်ကို သုံး ”
နောက်တစ်စက္ကန့်၌ ဝံပုလွေနတ်ဘုရားတပ်ဖွဲ့၏ အမြှောက်ဆံက ရုတ်တရက် ရပ်တန့်သွားသည်။ ကြယ်တာရာသားရဲများအားလုံးက ကောင်းကင်ထဲ လွင့်ထွက်သွားပြီးနောက် ဟိန်းဟောက်လျက် ရှေ့သို့ တိုးလာသည်။ စစ်မြေပြင်၌ အချိန်အတော်ကြာ ရှိခဲ့ဖူးသော အံ့ဖွယ်သားရဲတစ်ကောင်အနေဖြင့် ဝံပုလွေနတ်ဘုရားသည် ငွေရောင်မြေခွေးမျိုးနွယ်ထက် တိုက်ပွဲဗျူဟာများကို ပိုသိသည်။
ယခုအချိန်၌ ငွေရောင်မြေခွေးမျိုးနွယ်သည် ဝိညာဥ်စွမ်းအင်အမြှောက်ဆံများကို အသုံးပြုမှာ သေချာ၏။ အာကာသယာဥ်ကို ဖျက်ဆီးခြင်းသည် ဆုံးရှုံးမှုကြီး ဖြစ်စေလိမ့်မည်။
ဆန့်ကျင်ဘက်အနေဖြင့် ထိုကြယ်တာရာသားရဲများ၏ အသက်က သိပ်မတန်ပေ။ ကြယ်တာရာသားရဲများစွာက အင်မတန် မြန်မြန်ဆန်ဆန် ရောက်လာပြီး ကြယ်တာရာသားရဲမျိုးစုံ ရှိ၏။ တိုက်ရိုက် တိုက်ခိုက်နိုင်ပြီး အနီးကပ်တိုက်ခိုက်ခြင်းဖြင့် ငွေရောင်မြေခွေးဝိညာဥ်ကို ဝိညာဥ်စွမ်းအင် အမြောက်အမြား အသုံးမပြုနိုင်အောင် ဟန့်တားနိုင်၏။
ငွေရောင်မြေခွေးမျိုးနွယ်သည် တစ်ဖက်အဖွဲ့လောက် တိုက်ပွဲဝင်အတွေ့အကြုံ များများစားစား မရှိတာ သိသာ၏။ အငိုက်မိသွားပြီး သူတို့က အစီအရင်ကို အသက်သွင်းကာ တစ်ဖက်အဖွဲ့က သူတို့နား နီးကပ်လာပြီး
သည့်အချိန်တွင် ဝိညာဥ်စွမ်းအင်အမြှောက်ကို အသုံးပြုရန် အချိန်တောင် မရှိခဲ့ပေ။ နှစ်ဖက်ကြားရှိ တိုက်ပွဲက အပြင်းထန်ဆုံး အခြေအနေကို ရောက်နေလေ၏။ ယင်းက အပြင်းထန်ဆုံး အခြေအနေတွင် ရှိနေသည်။
အံ့ဖွယ်ချီရှန်းများ အတူတကွ တက်လာပြီး တစ်ယောက်နှင့်တစ်ယောက် ရင်ဆိုင် တိုက်ခိုက်၏။ မြေခွေးဘုရင်မကမူ သူမက အဝိုင်းခံထားရပြီး အံ့ဖွယ်ချီရှန်းလေးဦးနှင့် အံ့ဖွယ်သားရဲအောက် လေးဦး ဝိုင်းရံတိုက်ခိုက်တာ ခံနေရ၏။
ချေမှုန်းတိုက်ခိုက်သော တိုက်ပွဲတစ်ဝက် ဖြစ်သည်။ အစတည်းက ၄င်းကို အဆုံးသတ်ရန် ကံပါပြီးသား ဖြစ်၏။
ငွေရောင်မြေခွေးမျိုးနွယ်ဝင်များက အညှာအတာ ကင်းမဲ့စွာ သတ်ဖြတ်ခံနေရ၏။ မြေခွေးဘုရင်မကလည်း ထိန်းထားရန် ရုန်းကန်နေရသည်။
သူမဘေး၌ သူမ မျိုးနွယ်ဝင်များ တစ်ယောက်ပြီးတစ်ယောက် လဲကျနေတာကို ကြည့်ပြီး သူမ ရင်နာလာလေ၏။ ယင်းက မတတ်နိုင်သည့် ကိစ္စရပ် ဖြစ်သည်။
ဧကရာဇ်နယ်ပယ် အမွေအနှစ် ပေါ်လာသည့်အချိန်၌ ငွေရောင်မြေခွေးတောင်ကြားသည် ပစ်မှတ်ထား ခံရပြီးသား ဖြစ်၏။ ယခင်က ယဲ့ရှောင်သည် ပိုးကျောက်စိမ်းယုန်နှင့် ဆန်းကြယ်ကြိုးကြာကို သတ်ဖြတ်ခဲ့၏။ ထို့ကြောင့် တစ်ဖက်သူ၏ အာရုံစိုက်မှုကို လွှဲထားသည်ဟု သတ်မှတ်၍ ရသည်။ မဟုတ်လျှင် ဧကရာဇ်နယ်ပယ် အမွေအနှစ်၏ သတင်းပြန့်သွားချိန်၌ အံ့ဖွယ်သားရဲတစ်ကောင်သာ မဟုတ်။ တစ်ဖွဲ့လုံး ရောက်လာလောက်သည်။
ထိုသို့တိုင် သူတို့က အံ့ဖွယ်သားရဲကို ခုခံချင်လျှင် သူတို့က ကြီးမားသည့် တန်ကြေး ပေးဆပ်ရလိမ့်မည်။
ဝံပုလွေနတ်ဘုရားက သူသည် မြေပြင်ပေါ် ဆင်းသက်လာပြီးနောက် ပတ်ဝန်းကျင်ကို စစ်ဆေးရန် ကောင်းကင်စိတ်အာရုံကို အသုံးပြုလိုက်သည်။ မကြာမီ၌ မျက်ခုံးပင့်ကာ သူ၏ ထောင်လိုက်သူငယ်အိမ်တို့က ပိုတောင် စူးရှလာ၏။
” ဒီခံစားချက်။ ငါ့ရဲ့ အသိစိတ်ကို အပြည့်အဝ ပိတ်ဆို့ထားနိုင်တယ်။ စိတ်ဝင်စားစရာပဲ ”
သူ ပြောပြီးသည်နှင့် ဧကရာဇ်နယ်ပယ်အမွေအနှစ်ရှိရာဆီသို့ ဆက်လျှောက်သွားလိုက်၏။
သူသည် အံ့ဖွယ်သားရဲ သိုင်းပညာရှင်တစ်ဦး ဖြစ်နေပြီး ဖြစ်လေရာ တစ်ဖက်သူသည် သူ၏ အသိစိတ်ကို ပိတ်ဆို့နိုင်သည့်အချက်မှာ ၄င်းသည် ရိုးရှင်းတာ မဟုတ်တာ သေချာကြောင်း သက်သေပြနိုင်ရန် လုံလောက်ပြီးသား ဖြစ်သည်။
” မကောင်းတော့ဘူး ”
မြေခွေးဘုရင်မက စိတ်လေးသွားတော့သည်။ သူမ၏ ဒဏ်ရာကို လျစ်လျူရှုထားလျက် ကျင့်စဥ်ကို အရှိန်ပြင်းပြင်းဖြင့် လှည့်ပတ်ကာ အံ့ဖွယ်အဆင့်အောက် သားရဲလေးကောင်ကို ယာယီ တွန်းထုတ်လိုက်၏။ ပြီးနောက် သူမသည် ဝံပုလွေနတ်ဘုရားဆီသို့ အမြန် သွားလိုက်သည်။
” မင်း ပြေးချင်တာလား။ မရစေရဘူး ”
အံ့ဖွယ်အဆင့်အောက် သားရဲလေးကောင်သည် သူမကို ထွက်ပြေးရန် အခွင့်အရေး မပေးချေ။ သူတို့က သူမကို ချက်ချင်း လိုက်မှီကြပြီး ထွက်ပြေး ခွင့်မပေး။ ဝံပုလွေနတ်ဘုရားကမူ သူမကို ကြည့်တောင် မကြည့်ချေ။
သူ၏ လက်အောက်ငယ်သားများ၏ ဤနေရာတွင် ရှိနေသောကြောင့် တိုက်ပွဲအကြောင်း တွေးနေရန် မလိုအပ်ပေ။ သူက ဤနေရာ၌ အပြင်လူ ဖြစ်၏။ မည်သူမှ မထိန်းချုပ်နိုင်သော အပြင်လူတစ်ဦး ဖြစ်သည်။
သူသည် စစ်မြေပြင်ထဲ၌ လွတ်လွတ်လပ်လပ် လှည့်လည် သွားလာနိုင်ပြီး အေးအေးလူလူ လျှောက်လှမ်းနိုင်သည်။
နောက်ဆုံးတွင် သူက ဧကရာဇ်နယ်ပယ် အပျက်အစီးရှေ့သို့ လျင်မြန်စွာ ရောက်လာ၏။
ကြီးမားသည့် သူငယ်အိမ်က ရုတ်တရက် ထိုအခိုက်အတန့်တွင် စိတ်လှုပ်ရှားသွားတော့သည်။
” ဟား ဟား ဟား ဟား။ ငါပြောတဲ့အတိုင်းပဲ။ ငွေရောင်မြေခွေးမျိုးနွယ်က တစ်ခုခု ဝှက်ထားတယ်။ ဒါဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး။ လူသားဧကရာဇ်နယ်ပယ် အမွေအနှစ်။ ငါက ရောင်ဝါတစ်စွန်းတစ်စပဲ အာရုံခံမိတယ်ဆိုပေမဲ့ ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်မှာသာရှိတဲ့ အစွမ်းထက်တဲ့ အရှိန်အဝါတစ်ခုဆိုတာ သေချာတယ် ”
မြေခွေးဘုရင်မက အညံ့ခံလိုက်ရပြီ ဖြစ်သည်။ အံ့ဖွယ်အဆင့်အောက် သားရဲလေးကောင်သည် သူမ၏ ခြေလက်များကိုချိုးလျက် သူမကို ဝိညာဥ်စွမ်းအင်ဖြင့် ဖိနှိပ့်ထားသည်။ သူတို့က ဝံပုလွေနတ်ဘုရား၏ ဆုံးဖြတ်ချက်ကို သူ စောင့်နေ၏။
” ရပ်ကြ။ ဒါက ငါ့မြေခွေးဘိုးဘေးရဲ့ နယ်မြေပဲ။ နင်တို့တွေ ကျူးကျော်ခွင့် မရှိဘူး ”
သူမ ပြောပြီးသည်နှင့် အံ့ဖွယ်အဆင့်အောက် သားရဲတစ်ကောင်သည် သူမ၏ မျက်နှာကို တက်နင်းလိုက်ရာ မြေပြင်နှင့်ခေါင်း ရိုက်မိသွားသည်။
” ပါးစပ်ပိတ်ထား ခွေးမ။ မင်းကိုမင်း ဘယ်သူ ထင်နေလဲ။ အရှင်ဝံပုလွေနတ်ဘုရားကို တားနိုင်တယ်လို့ ထင်နေလား ”
ဝံပုလွေနတ်ဘုရားသည် တစ်ချိန်လုံး ခေါင်းလှည့်ကြည့်မလာပေ။ သူက တံခါးဆီ လက်လှမ်းကာ ဖွင့်ရန် ကြိုးစားလိုက်၏။
သို့သော် ထိုစဥ် တံခါးက အက်ကွဲကြောင်းဖြင့် သူ့ဘာ့သာသူ ရုတ်တရက် ပွင့်သွားသည်။
ဝံပုလွေနတ်ဘုရား၏ ဘေးကနေ ငွေရောင်အလင်း ပေါ်ထွက်သွားပြီး သူ့ကို ဖြတ်တိုက်သွား၏။ ပြီးနောက် သူ့ဘာ့သာသူ ပိတ်သွားတော့သည်။
ဝံပုလွေနတ်ဘုရားက မျက်ခုံးပင့်လျက် ခေါင်းအနည်းငယ် လှည့်ကြည့်လိုက် သူ့နောက်ကို လှည့်ကြည့်ချိန်၌ ထောင်လိုက်သူငယ်အိမ်ဆို့ ကျုံ့သွား၏။
တစ်ချိန်တည်းတွင် အံ့ဖွဟ်အဆင့်အောက် သားရဲလေးကောင်၏ ခေါင်းက လွင့်ထွက်သွားတော့သည်။ လတ်လတ်ဆတ်ဆတ် သွေးများက လေထဲ ပေါ်ထွက်လာ၏။
မြေခွေးဘုရင်မက လူတစ်ယောက်၏ လက်ထဲ ရောက်နေပြီ ဖြစ်သည်။ ကျန်သည့် တစ်ဖက်သူက ငွေရောင်မြေခွေးမျိုးနွယ်၏ လျှို့ဝှက်ကုသခြင်း နည်းစနစ်၊ နံနက်ခင်းကြယ်ကျင့်စဥ်ကို သုံးကာ မြေခွေး၏ ခန္ဓာကိုယ်ပေါ် ရှိ ဒဏ်ရာများကို လျင်မြန်စွာ ကုသပေးလိုက်၏။
” ယွိဟန်။ သား အောင်မြင်သွားပြီပဲ ”
မြေခွေးဘုရင်မက အင်မတန် စိတ်လှုပ်ရှားနေ၏။ နဥ်ယွိဟန်ကာ ခေါင်းညိတ်ကာ အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်သည်။
” ကျွန်တော် အဖွားရဲ့ မျှော်လင့်ချက်အတိုင်းပါပဲ။ ငွေရောင်မြေခွေးမျိုးနွယ် ဘိုးဘေးရဲ့ အမွေအနှစ်ကို ရအောင် ယူနိုင်ခဲ့ပြီ ”
” အခု မင်းရဲ့ ကျင့်ကြံဆင့် ဘယ်လောက်လဲ ”
” အံ့ဖွယ်သားရဲ နယ်ပယ် ”
ထိုစကားကို ကြားသောအခါ မြေခွေးဘုရင်မက စိတ်လှုပ်ရှားလွန်းသောကြောင့် မျက်လုံးများ နီလာ၏။
” ကောင်းတယ် ကောင်းတယ် ကောင်းတယ် ”
သူမက ကောင်းပြီဟူသောစကားကို သုံးကြိမ်ဆက်တိုက် ပြောလိုက်၏။ စိတ်လှုပ်ရှားလွန်းသောကြောင့် ပြောစရာမဲ့သွားသည်။
နဥ်ယွိဟန်သည် ငယ်ငယ်ရွယ်ရွယ်ဖြင့် အံ့ဖွယ်သားရဲနယ်ပယ်သို့ အဆင့်တက်လှမ်းခဲ့၏။ ယင်းက သူ့အတွက် နောင်ကြ အထွတ်အထိပ် အံ့ဖွယ်နယ်ပယ်သို့ တက်လှမ်းနိုင်ရန် မျှော်လင့်ချက်များစွာ ရှိသည်။
ယခုအချိန်တွင် နဥ်ယွိဟန်က သူမကို ကုသပေးပြီး သူမကို အောက်ချပေးလိုက်သည်။
” အဖွား။ သူတို့တွေကို အရင်သွားရှင်းလိုက်ဦး။ ဒီခွေးကို ကျွန်တော့ဆီ အပ်ထားလိုက် ”
မြေခွေးဘုရင်မက ခေါင်းညိတ်လိုက်၏။
နဥ်ယွိဟန်သည် ဘုရင်နယ်ပယ်ထဲ ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ သူက ဝံပုလွေ နတ်ဘုရားကို ရင်ဆိုင်နိုင်တာ သေချာ၏။
ယခုအချိန်တွင် တစ်ဖက်ရှိ အံ့ဖွယ်အဆင့်အောက် သားရဲအားလုံးသည် နဥ်ယွိဟန်သတ်တာ ခံလိုက်ရ၏။ ကျန်ရှိသည်က အံ့ဖွယ်ဂိုဏ်းမှ ကြယ်တာရာသားရဲသိုင်းပညာရှင်များ ဖြစ်သည်။ သူမ ကြောက်စရာ မရှိပေ။
ဝံပုလွေနတ်ဘုရားက စိတ်မလှုပ်ရှားသွားပေ။ သူက စိတ်လှုပ်ရှားမှု တစ်စွန်းတစ်စဖြင့် ပြုံးသာပြုံးနေ၏။
နဥ်ယွိဟန် ငယ်ရွယ်မှန်း သူ မြင်နိုင်၏။ သူသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် အံ့ဖွယ်သားရဲတစ်ယောက်ဖြစ်ပြီးသားပင်။ ထိုဧကရာဇ်နယ်ပယ် အမွေအနှစ်ထဲ၌ ပစ္စည်းကောင်း မည်မျှများစွာ ရှိမည်ဆိုတာ မည်သူက သိမည်နည်း။
” ဟေ့ကောင်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အံ့ဖွယ်သားရဲနယ်ပယ်ကို အဆင့်တက်တာက မကောင်းဘူး ”
” ကောင်းမကောင်းက ခင်ဗျားနဲ့ မဆိုင်ဘူး ”
နဥ်ယွိဟန်က မိုးပေါ် ခုန်တက်ကာ တစ်ဖက်သူဆီသို့ ဦးတည်လိုက်သည်။
ဝံပုလွေနတ်ဘုရားသည် လူတစ်စုကို ဦးဆောင်လျက် ငွေရောင်မြေခွေးတောင်ကြားထဲ၌ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့၏။ ထိုသွေးကြွေး။ တစ်ဖက်သူ၏ ခေါင်းကို သူကိုယ်တိုင် ခုတ်ထစ်ပြီးမှ သွေးကြွေးကို ဖြေဖျောက်နိုင်မည်။
သို့သော် ဝံပုလွေနတ်ဘုရားကလည်း ခေသူမဟုတ်ပေ။ နဥ်ယွိဟန်က လှုပ်ရှားလိုက်သည်နှင့် ချက်ချင်းဆိုသလို သူ အကွက်လေး ထုတ်လာတော့သည်။
နှစ်ဖက်က တိုက်ရိုက် ရင်ဆိုင်တိုက်ခိုက်ကြတော့၏။
ဖုန်း။
ကြမ်းတမ်းသော ပေါက်ကွဲသံနှင့်အတူ နှစ်ဖက်ကြားရှိ စွမ်းအင်ထိခိုက်မှုက နေရာရှိ ဗရမ်းဗတာ တိုက်ပွဲအတွင်း မရေမတွက်နိုင်သော ကြယ်တာရာသားရဲများကို လွင့်သွားစေ၏။
ပေ ၅၀၀၀၀ထက်ကျယ်သည့် အချင်းအတွင်း ပြားကပ်ကုန်၏။
ယင်းက တစ်ကွက်သာ ရှိသေးသည်။
ပြီးနောက် သူတို့နှစ်ယောက်က လျှပ်စီးနှစ်ခုအသွင် ပြောင်းလဲသွား၏။ နောက်တစ်ခု အစိမ်းရင့်ရောင်ဖြစ်ပြီး နောက်တစ်ယောက်က ငွေမှင်ရောင် ဖြစ်သည်။ ဓါးအလင်းတန်းများက ကောင်းကင်ထဲ၌ ဆက်တိုက် ပေါက်ကွဲနေ၏။
ဖုန်း ဖုန်း ဖုန်း။
အလင်းလုံးကြီးများက ကောင်းကင်ထဲတွင် ပြေးနေ၏။ သူတို့တစ်ယောက်ချင်းဆီက သူတို့နှစ်ယောက်ကြားရှိ တိုက်ပွဲကို ကိုယ်စားပြုပြီး ကြီးမားသည့် စွမ်းအင်၏ သက်ရောက်မှုကို ကိုယ်စားပြု၏။
ကောင်းကင်ထဲရှိ ကြယ်များကလည်း ယခုအချိန်တွင် ရွှေ့ပြောင်းနိုင်ပုံရသည်။
အပိုင်း ၂၉၈ ပြီး၏။