စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၉၆ ကျိုးဝေကိုတောင် ထိတ်လန့်သွားစေသော ပြိုင်ဘက်ကင်း ပါရမီရှင်။
” ရှန်မင်းဆက်အတွင်းမှာ လူသားမျိုးနွယ်ရဲ့ ကျင့်စဥ်တွေက လူသားအားလုံး ကျင့်ကြံဖို့အတွက်ပဲ။ နှောင်းပိုင်းကျင့်စဥ်တွေနဲ့ မတူဘူး။ ငါတို့ခေတ်မှာ ကျင့်စဥ်အများစုနဲ့ အရင်းအမြစ်တွေကို မျှဝေကြတဲ့ သိုင်းပညာရှင်အများစုက တူညီတဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို ရနိုင်တယ်။ ဒါပေမဲ့ ဒီကမ္ဘာကြီးမှာ အရင်းအမြစ်တွေက အကန့်အသတ်ရှိတယ်။ လူတိုင်းအတွက် ဧကရာဇ်နယ်ပယ်ရောက်အောင် ကျင့်ကြံဖို့က မလုံလောက်ဘူး။ နောက်ပိုင်းမှာ နတ်ဘုရားနယ်ပယ်ဆို ဝေလာဝေးပေါ့ ”
” အဲ့ဒီတုန်းက လူသားမျိုးနွယ်စုက နွားသိုးတစ်ကောင်ရဲ့ အမွှေးလောက် များပြားတဲ့ ကြယ်တာရာသားရဲတွေကို ရင်ဆိုင်နေရတာလေ။ အထွတ်အထိပ် အံ့ဖွယ်သားရဲနယ်ပယ်ရောက်မဲ့ ပါရမီရှင် သိုင်းပညာရှင်တွေအဖြစ် ဆင့်ကဲပြောင်းလဲနိုင်ချေရှိတဲ့ အံ့ဖွယ်သားရဲအချို့တောင် ရှိသေးတယ်။ သူတို့တွေက လူသားမျိုးနွယ်ရဲ့ နတ်ဘုရားနယ်ပယ်နဲ့ တူတာပေါ့ ”
” တစ်ဖက်သူမှာ အထွတ်အထိပ် အံ့ဖွယ်သားရဲရှိခဲ့မယ်ဆိုရင် လူသားမျိုးနွယ်အတွက် ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မယ် ”
” လူသားမျိုးနွယ်က ကူကယ်ရာမဲ့ပြီး သူတို့ရဲ့ ကျင့်ကြံမှုစနစ်ကို ပြောင်းလဲရုံပဲ ရှိတယ်လေ။ လူအားလုံးနဲ့ အရင်းအမြစ် မျှဝေမဲ့အစား သန်မာသူတွေကပဲ အရင်းအမြစ်တွေကို မျှဝေကြတယ်။ တစ်နည်းပြောရရင် ပါရမီ ပိုကောင်းလေ ကျင့်ကြံတာ ပိုမြန်ဆန်လေ။ သူတို့ လက်ခံရရှိတဲ့ အရင်းအမြစ်က ပိုများလေပဲ။ လူတစ်ယောက်က ပါရမီနည်းလေ သူတို့ရတဲ့ အရင်းအမြစ်က နည်းလေပဲ။ နောင်ကြ သူတို့မှာ အရင်းအမြစ် မရှိတော့ဘူးလို့တောင် ပြောနိုင်တယ် ”
” ဒါကြောင့် လူသားမျိုးနွယ်ရဲ့ အားနည်းတဲ့သူတွေက အားနည်းသထက် အားနည်းလာတယ်။ သူတို့တွေက ပါရမီရှင်တချို့နဲ့ သိုင်းပညာရှင်တွေကိုပဲ ချီးကျူးကြတာ။ ဒါပေမဲ့ လူသားမျိုးနွယ်အများစုရဲ့ မျိုးရိုးဗီဇက ဒီအကြောင်းအရင်းကြောင့် အားနည်းတာလည်း ဟုတ်တယ်လေ။ သူတို့တွေက အဲ့ဒီ ပါရမီရှင်တွေကို ပေါင်းလိုက်ရင် လူသားအရေအတွက်က တိုးလာပြီး သူတို့ ခန္ဓာကိုယ်ထဲက အစွမ်းထက်တဲ့ အံ့ဖွယ်သွေးက ပိုတောင် ပြန့်ကားလာလိမ့်မယ် ”
” ဒီဘုရင် အဲ့ဒီတုန်းက ဒါကို မြင်တွေ့ပြီး သဘောမတူခဲ့ဘူး။ ဒါကြောင့် ကျန်တဲ့ ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်တွေရဲ့ ခွင့်ပြုချက်နဲ့ ကျိုးဝမ်က ဒီဘုရင်ကို အစားထိုးပြီး ပြန်လည်ဖွဲ့စည်းပုံကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့တာ ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။ ကျိုးဝမ်ပြောသည့်အတိုင်းသာဆိုလျှင် လူသားမျိုးနွယ်က ပိုမို အားနည်းလာနိုင်တာ လက်ခံနိုင်သွားသည်။
” ဒုတိယအချက်ကရော။ လူသားမျိုးနွယ်နဲ့ နတ်ဘုရားမျိုးနွယ်ကြား ဆက်ဆံရေးက ဘာလဲ။ လူသားမျိုးနွယ်က ကြယ်တာရာသားရဲတွေကို ရင်ဆိုင်တိုက်ခိုက်ဖို့ နတ်ဘုရားမျိုးနွယ် ဖြစ်အောင် ကျင့်ကြံရမှာလား ”
” ဒါက တစ်ချက်ပဲ ရှိသေးတာ ” ။
ဘုရင်ကျိုး၏ ယဲ့ရှောင်၏ စကားကို ဖြတ်ပြောလိုက်၏။
” ကြယ်တာရာသားရဲတွေမှာ အထွတ်အထိပ် အံ့ဖွယ်သားရဲတွေ မရှိလာအောင် ကာကွယ်မယ်ဆိုရင် လူသားမျိုးနွယ်တွေ ကြောက်ရတဲ့ အချက်တစ်ချက်ဆိုပေမဲ့ နောက်ထပ် အချက်တစ်ချက်က လူသားမျိုးနွယ်အတွက် နတ်ဘုရားနယ်ပယ် သိုင်းပညာရှင်တစ်ယောက် ဖန်တီးချင်တာကြောင့်ပဲ။ ကြယ်ဆုံသော ကောင်းကင်က အရမ်းကြီးမားတယ်။ ကြီးမားလွန်းလို့ မှန်းတောင် မမှန်းဆနိုင်ဘူးဆိုတာ သိထားသင့်တယ်။ ကြယ်ဆုံသော ကောင်းကင်မှာ မရေမတွက်နိုင်တဲ့ မျိုးနွယ်တွေရှိနေတာ။ အစွမ်းအထက်ဆုံးက နတ်ဘုရားမျိုးနွယ်ပဲ။ ဒါပေမဲ့ နတ်ဘုရားတွေကြားမှာလည်း မရေမတွက်နိုင်တဲ့ အခွဲတွေ ရှိသေးတယ်။ လူသားမျိုးနွယ်က နတ်ဘုရားမျိုးနွယ်ရဲ့ ရှန်းယွမ်မျိုးနွယ်ကနေ ဆင်းသက်လာတာ ”
” လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီတုန်းက လူသားမျိုးနွယ်ရဲ့ ဘိုးဘေးတွေက လူသားကမ္ဘာနဲ့ ဆန်းကြယ်မှုတစ်ရပ်ကို ရှာတွေ့ခဲ့တယ်။ သူတို့တွေက ဒီဆန်းကြယ်မှုကို သူတို့လက်ထဲ ရောက်အောင် ယူနိုင်ခဲ့ရင် သူတို့ခွန်အားကို ချိုးဖျက်တက်ပြီး အထွတ်အထိပ်နယ်ပယ်ကို ရောက်နိုင်မယ်။ လျှို့ဝှက်ချက်ကို ရဖို့အတွက် သူတို့က မြေပြန့်ကမ္ဘာမှာ နေထိုင်ပြီး လူသားမျိုးနွယ်တွေကို မွေးထုတ်နေတာ။ ဒါပေမဲ့ လူသားမျိုးနွယ်ကနေ ဒီလျှို့ဝှက်ချက်ကို အပြည့်အဝ မဖြေရှင်းရသေးဘူး။ ဒီလျှို့ဝှက်ချက်ကို လူသားမျိုးနွယ်ရဲ့ သူတို့မျိုးဆက်တွေဆီ ထားခဲ့တာ ”
” သူတို့သာ ဒီလျှို့ဝှက်ချက်ကို ရနိုင်မယ်ဆိုရင် နတ်ဘုရားတွေတောင် ကြောက်ရတဲ့ စွမ်းအားကို ရနိုင်လိမ့်မယ်။ ပြီးတော့ ဒီဆန်းကြယ်မှုကို ရှာဖွေဖို့အတွက် လိုအပ်တဲ့ ခွန်အားက အနည်းဆုံးတော့ နတ်ဘုရားနယ်ပယ် သိုင်းပညာရှင်ပဲ ပြုလုပ်နိုင်တာ။ မဟုတ်ရင် တခြားနည်းအရ နတ်ဘုရားနယ်ပယ် သိုင်းပညာရှင်ပဲ အထဲကို ဝင်ဖို့အရည်အချင်းရှိတယ် ”
ထိုစကားများကို ကြားသောအခါ ယဲ့ရှောင်၏ သူငယ်အိမ်က ချက်ချင်း ကျုံ့သွားလေ၏။
နတ်ဘုရားတွေကိုတောင် ကြောက်စေနိုင်တဲ့ စွမ်းအားတစ်ခု။ အံ့သြစရာ မရှိဘူးပဲ။ လူသားမျိုးနွယ်ရဲ့ ဘိုးဘေးတွေက နတ်ဘုရားမျိုးနွယ်လို တည်ရှိမှု ဖြစ်နေခဲ့တာ။ အံ့သြစရာ မရှိဘူး။ ဒါတောင် သူတို့တွေက ဒီမြေပေါ်မှာ မျိုးပွားချင်ပြီး မျိုးဆက်တွေ ချန်ထားချင်သေးတာ။
ထိုကဲ့သို့ လျှို့ဝှက်ချက်ကြီးက လူသားကမ္ဘာ၌ ဝှက်ထားလိမ့်မည်ဟု သူ မထင်ထားပေ။ နတ်ဘုရားများကိုတောင် ကြောက်ရွံ့စေသော လျှို့ဝှက်ချက်။ ၄င်းက မည်မျှ အစွမ်းထက်မည်ဆိုတာ မည်သူက သိမည်နည်း။
သူသာ ၄င်းကို ရနိုင်မည်ဆိုလျှင် မည်မျှ အစွမ်းထက်မည်ဆိုတာ မည်သူက သိမည်နည်း။ ဒါက သူ တွေးထားတဲ့ ပြိုင်ဘက်ကင်း အခြေအနေကို ရောက်စေနိုင်မလား။
ယဲ့ရှောင်က လက်သီးကျစ်ကျစ် ဆုပ်လိုက်၏။ သူ၏ မျက်လုံးထဲတွင် အယူသန်မှု တစ်စွန်းတစ်စ ပေါ်လာလေ၏။ သူသည်
ကျင့်ကြံမှု၌ သူ၏ အာရုံအလုံးစုံကို နစ်မြုပ်ထားသည်။ သူ ပြုလုပ်ချင်သည့် တစ်ခုတည်းသော အရာက ပြိုင်ဘက်ကင်းချင်တာပဲ ဖြစ်သည်။ ယခုအချိန်၌ ထိုကိစ္စသည် သူ ဖြစ်ချင်သည့် ကိစ္စရပ် ဖြစ်နေပုံပေါ်၏။
ဘုရင်ကျိုးက ယဲ့ရှောင်၏ အတွေးများကို မြင်ပုံပေါ်ကာ ပြုံးလိုက်၏။
” အတွေးမလွန်နဲ့။ အဲ့ဒီကိစ္စက လူသားမျိုးနွယ်ရဲ့ ဘိုးဘေးတွေကတောင် မချိုးဖျက်နိုင်ခဲ့တာ။ ဒီတော့ မင်း အလွန်အကျွံ တွေးစရာ မလိုဘူး။ ဒီဘုရင်က မင်းကို အားလျော့အောင် လုပ်ချင်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ မင်းဆက်တွေ တစ်လျှောက် လူ ဘယ်လောက်များများက နတ်ဘုရားနယ်ပယ်ကို အဆင့်ချိုးဖျက်တက်ချင်ခဲ့လဲ။ ဒါပေမဲ့ နတ်ဘုရားနယ်ပယ်ကို ရောက်ဖို့ဆိုတာ အဲ့ဒီဆန်းကြယ်မှုဆီ ရောက်ဖို့ ဝင်ခွင့်လက်မှတ်ရဖို့ အခွင့်အရေးတစ်ခု ဖြစ်ရုံပဲ။ ဆန်းကြယ်မှုကို ဖြိုခွဲနိုင်ဖို့အတွက်ကတော့ စဥ်းစားဖို့တောင် မလိုဘူး ”
” ဒါပေမဲ့ နတ်ဘုရားနယ်ပယ်ကို ရောက်နိုင်တယ်ဆိုရင် ရှန်းယွမ်မျိုးနွယ်ရဲ့ နတ်တမန်တော်တွေကို ဆင့်ခေါ်နိုင်ဖို့ လူသားဘိုးဘေးတွေ ချန်ထားခဲ့တဲ့ ဆင့်ခေါ်ခြင်း ကျောက်တုံးကို အသက်သွင်းနိုင်လိမ့်မယ်။ ရှန်းယွမ်မျိုးနွယ်ရဲ့ နတ်တံမန်တော်တွေက နတ်ဘုရားမျိုးနွယ်တွေ နေထိုင်တဲ့ ကမ္ဘာကြီးဆီ ရှန်းယွမ်မျိုးနွယ်ရဲ့ သွေးမျိုးဆက် အပြည့်အဝ အသက်သွင်းထားတဲ့ ကျွမ်းကျင်သူတစ်ယောက်ကို ခေါ်ဆောင်သွားလိမ့်မယ် ”
” ဒီလိုသာဆိုရင် မင်းက ပိုတောင် မြင့်တဲ့ အောင်မြင်မှု ရနိုင်ပြီး အဲ့ဒီဆန်းကြယ်မှုကို လေ့လာဖို့ အခွင့်အရေးတွေ ပိုရလိမ့်မယ် ”
ယဲ့ရှောင်က ခေါင်းခါလိုက်၏။
” အခု အဲ့ဒီအကြောင်း မပြောရအောင်။ အခု ကျွန်တော်က ဧကရာဇ်နယ်ပယ် အဆင့်အောက်မှာပဲ ရှိသေးတာ။ အဲ့ဒီနယ်ပယ်နဲ့ ဝေးနေသေးတယ် ”
” မေးခွန်းတစ်ခုအတွက် အဖြေကို ကျွန်တော် သိပြီးသွားပြီ။ အခု မေးခွန်းတစ်ခုပဲ ကျန်တော့တယ်။ ဧကရာဇ်နယ်ပယ်ကို အဆင့်တက်နိုင်အောင် ဘယ်လိုလုပ်သင့်လဲ ”
” ပြောရတာ လွယ်ပါတယ်။ ဧကရာဇ်နယ်ပယ်က သဘောတရားတစ်ခုအပေါ်ပဲ အားထားရတာ။ အခု ဘုရင်နယ်ပယ်အထွတ်အထိပ်မှာ မင်း ရောက်နေပြီပဲ။ မင်းက နားလည်မှု တန်ဆာချို့ယွင်းနေရုံပဲ။ ဒီဘုရင်က မင်းကို ငါ့ရဲ့ ကိုယ်ပိုင် သိမြင်နားလည်မှုပေးမယ်။ ဒီဘုရင်ရဲ့ သိမြင်နားလည်မှုကို သုံးပြီး မင်းရဲ့ နောက်ဆုံး ငွေရောင်နားလည်သဘောပေါက်မှုကို ဆင်ခြင်ကြည့် ”
သူ ပြောပြီးသည်နှင့် ဘုရင်ကျိုးက လက်ဖြောင့်တီးလိုက်ပြီး ယဲ့ရှောင်၏ မျက်ခုံးနှစ်ဖက်ကြား နေရာဆီသို့ သူ၏ ကိုယ်ပိုင် သိမြင်နားလည်မှုကို သွင်းပေးလိုက်၏။ ယင်းက ဘုရင်တစ်ပါးဖြစ်လာရန် သတ္တိနားလည်မှုပဲ ဖြစ်သည်။
သိုင်းပညာရှင်တိုင်းက ဘုရင်နယ်ပယ်သို့ ဝင်ရောက်စဥ် သူတို့၏ နားလည်သဘောပေါက်မှုက မတူညီပေ။ သို့သော် ပြောင်းလဲမှု မြောက်မြားစွာသည် မူလဇစ်မြစ်ကနေ မသွေဖွဲ့ထားပေ။ ဧကရာဇ်နယ်ပယ် သိမြင်နားလည်သဘောပေါက်မှုတစ်ခု နှစ်ခုကို မြင်တွေ့နိုင်သရွေ့ သူတို့က အဆင့်တက်ရန် ဧကရာဇ်နယ်ပယ် ဝိညာဥ်ကို နားလည်သဘောပေါက်ထားရပေမည်။
ဧကရာဇ်။
စကားတစ်ခွန်းဖြင့် တောင်တန်းများနှင့် မြစ်များကို ဖြိုခွင်းနိုင်ပြီး နောက်တစ်ခွန်းဖြင့် နေနှင့်လတို့ကို မြုပ်နှံနိုင်၏။
ဧကရာဇ်။
ထာဝရကို ဖြတ်ကျော်ရန် သူ့ကို မည်သူကများ အံတုနိုင်မည်နည်း။
ဧကရာဇ်။
တစ်လောကလုံးကို ပိုင်းခြားပြီး မိုးမြေက တုန်လှုပ်မည်။ ယဲ့ရှောင် ရရှိသည့် နားလည်သဘောပေါက်မှုသည် စကားလုံးများဖြင့် မဖော်ပြနိုင်ပေ။ သူ၏ ကိုယ်ပိုင် ဝိညာဥ်ကို ဖွဲ့တည်ရန် ထူးခြားသည့် သဘောတရားများ ပိုပါ၏။ ဥပမာအနေဖြင့် သင်က မြေပြင်ပေါ်တွင် ရှိနေလျှင် သင်၏ အမြင်အာရုံက သေချာပေါက် တိကျနေလိမ့်မည်။ သို့သော် ကောင်းကင်ထဲတွင် ရှိနေလျှင် မည်သို့ ဖြစ်မည်နည်း။ သင်၏ မျက်လုံးထဲတွင် တောင်တန်းများနှင့် မြစ်မည်မျှများစွာကို မြင်နိုင်မည်နည်း။
တစ်ခါတရံတွင် လူတစ်ယောက်သည် အမှန်တရားကို နားလည်သော်၌ ၄င်းကို အမှန်တကယ် နားလည်သဘောပေါက်ဖို့က ထိုအဆင့်ကို ရောက်ရန် လိုအပ်သည်။ ဒီတော့မှ လူတစ်ယောက်သည် စိတ်ထဲ၌ တိကျသည့် အမြင်ကို ဖွဲ့တည်နိုင်ပြီး လက်တွေ့ကျသည့် သဘောတရားကို ဖွဲ့တည်နိုင်လိမ့်မည်။
ယင်းက အလွန်ဆန်းကြယ်သော ဖြစ်စဥ်ဖြစ်၏။
ဘုရင်ကျိုး၏ နားလည်သဘောပေါက်မှုကို ရရှိသွားသည်နှင့် ယဲ့ရှောင်၏ ခန္ဓာကိုယ်က သန့်စင်သော ရွှေရောင်အလင်းများ လျင်မြန်စွာ ဖြာထွက်လာ၏။ နီးကပ်စွာ လိုက်ပါလိုက်ပြီး ပတ်ဝန်းကျင် ဝိညာဥ်စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်ထဲ အကန့်အသတ်မရှိ စတင်စီးဆင်းလာ၏။
ဘုရင်ကျိုးက မင်သက်သွားသည်။
ဒီကလေးက ချက်ချင်း နားလည်သဘောပေါက်သွားတယ်လား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
လူတစ်ယောက်သည် မည်မျှ ပါရမီထူးစေကာမူ ဧကရာဇ်နယ်ပယ်၏ နားလည်သဘောပေါက်မှုကို ရရှိပြီးနောက် ခဏအတွင်း ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်တစ်ယောက်ဖြစ်လာဖို့ မလွယ်ကူချေ။
ဆက်တိုက် ကျင့်ကြံပြီး ဆက်တိုက် တွေးဆရန် လိုအပ်သည်။ အနည်းဆုံးတော့ တစ်နှစ်ခွဲခန့် အချိန်ယူရလိမ့်မည်။ အနည်းဆုံးတော့ ယဲ့ရှောင်၏ ပါရမီသည် ကောင်းကင်ကို အနည်းငယ် ဖီဆန်နိုင်ခဲ့လျှင် လအနည်းငယ်သာ အချိန်ယူရမည်။
သူသည် သူ၏ ဖခင်ဆီမှ ဧကရာဇ်နယ်ပယ် နားလည်သဘောပေါက်မှုကို ရရှိစဥ်၌ ဧကရာဇ်နယ်ပယ်သို့ အောင်မြင်စွာ အဆင့်တက်နိုင်ရန်အတွက် အချိန်၃လ ယူခဲ့ရကြောင်း သိထားရပေမည်။
သို့သော် ယဲ့ရှောင်သည် ချက်ချင်း အမှန်တကယ် နားလည်သဘောပေါက်သွား၏။ အရှိန်က မြန်လွန်းသောကြောင့်သူ ၄င်းကို မယုံနိုင်ပေ။ ချက်ချင်းပင် သူ၏ လောကအမြင်က လန်းဆန်းသွားတော့သည်။
သူသည် ယဲ့ရှောင်၏ ပုံရိပ်ကို ဂရုတစိုက် စစ်ဆေးရန် ကောင်းကင်စိတ်အာရုံကို ချက်ချင်း အသုံးပြုလိုက်သည်။
ဂျွတ်။
ဒါ ဒါ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါမြင်နေရတာ အဲ့ဒါတွေလား။
သူသည် ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲရှိ လတ်ဆတ်သော သွေးများသည် အံ့ဖွယ်သွေးအဖြစ် အပြည့်အဝ ပြောင်းလဲသွားတာကို မြင်ချိန်၌ အံ့သြဆွံ့အသွား၏။ သူ၏ လက်ထဲရှိ ဝိုင်ခွက်ကလည်း မြေကြီးပေါ် ပြုတ်ကျသွားတော့သည်။
ကံကောင်းသည်မှာ ဝိုင်ခွက်သည် ကြေးနီဖြင့် ပြုလုပ်ထားတာ ဖြစ်သည်။ မဟုတ်လျှင် တစ်ချက်တည်းဖြင့် ကွဲသွားလောက်သည်။
လူသားမျိုးနွယ်သည် သူတို့၏ တစ်ကိုယ်လုံးရှိ အံ့ဖွယ်သွေးကို အပြည့်အဝ နိုးထစေချင်သည်ဆိုလျှင် တစ်နည်းသာရှိကြောင်း သိထားရပေမည်။ သူတို့သည် ၄င်းကို အပြည့်အဝ မပြီးမြောက်နိုင်ခင် နတ်ဘုရားနယ်ပယ်ရောက်အောင် ကျင့်ကြံရပေမည်။
ဒါပေမဲ့ ယဲ့ရှောင်က အခု ဘယ်နယ်ပယ်မှာ ရှိနေတာလဲ။ သူက ဧကရာဇ်နယ်ပယ်အဆင့်အောက်မှာပဲ ရှိပြီး ဘုရင်နယ်ပယ်မှာပဲ ရှိတာလေ။ ဘုရင်နယ်ပယ်က အံ့ဖွယ်သွေးကို ဘယ်တုန်းကများ အပြည့်အဝ အသက်သွင်းနိုင်သွားတာလဲ။
သို့သော် သူ၏ မျက်လုံးကို ပြင်းပြင်းထန်ထန် ပွတ်ပြီး ၄င်းကို အကြိမ်ကြိမ် အတည်ပြုပြီးနောက် သူမြင်သမျှ အရာအားလုံးကို အပြည့်အဝ ယုံကြည်သွားတော့၏။
ယဲ့ရှောင်သည် ဘုရင်နယ်ပယ်၏ ခွန်အားဖြင့် အံ့ဖွယ်သွေးကို အပြည့်အဝ အသက်သွင်းထားပြီးသား ဖြစ်သည်။ ယခုအချိန်တွင် မူလက အတော်လေး ထိန်းချုပ်မရနိုင်ခဲ့သော ကျိုးသည် ရုတ်တရက် စိတ်လှုပ်ရှားသွားတော့သည်။ သူ၏ အသက်ရှူနှုန်းကတောင် အနည်းငယ် မြန်လာ၏။
သူသည် ပွဲကြည့်စင်ထဲ၌ ရှေ့နောက်လျှောက်နေ၏။ သူ၏ မျက်လုံးသည် ယဲ့ရှောင်ကို ရံဖန်ရံခါတွင် စိတ်လှုပ်ရှားလျက် အခြားသော အချိန်များ၌ သူ ရူးသွပ်သွားသည့်ပမာ တောက်ပလာသည်။
ရှန်းယွမ်မျိုးနွယ်ရဲ့ နတ်ဘုရားမျိုးနွယ် ဒုတိယမျိုးဆက်က လူသားမျိုးနွယ်ရဲ့ ဘိုးဘေး လူသားတစ်ယောက်ဖြစ်ချိန်ကစပြီး နတ်ဘုရားမျိုးနွယ်ရှိ နတ်ဘုရားနယ်ပယ်မတိုင်မီ သူတို့ရဲ့ အံ့ဖွယ်သွေးအားလုံးကို ဘယ်သူ့မှ အသက်မသွင်းနိုင်ခဲ့ဘူး။ အထူးသဖြင့် သူတို့ရဲ့ ခန္ဓာကိုယ်ကို ပုံသွင်းဖို့ အံ့ဖွယ်သွေး ၉၉ရာခိုင်နှုန်းနဲ့ မရေမတွက်နိုင်တဲ့ နဂါးစွမ်းအင်တွေရှိတဲ့ ဒုတိယမျိုးဆက်တွေအတွက်လေ။ ဒါပေမဲ့ ဒီကလေးက ဘုရင်နယ်ပယ်မှာ သူ့ရဲ့ အံ့ဖွယ်သွေးအားလုံးကို အပြည့်အဝ အသက်သွင်းလိုက်တယ်။ ဒီကလေးက ဒဏ္ဍာရီထဲက ရွေးချယ်ထားတဲ့ သူများလား။
လူသားဘိုးဘေး ရှန်းယွမ်မျိုးနွယ်က နောက်ဆုံး သတင်းစကား ချန်ခဲ့တယ်။ သူတို့က လူသားမျိုးနွယ်ထဲကို အဲ့ဒီဆန်းကြယ်မှု ချိုးဖျက်နိုင်ဖို့ မျှော်လင့်ချက်ထားထားတာ။ နောင်မျိုးဆက်မှာ သွေးမျိုးဆက် အကန့်အသတ်ကို ဖြတ်ကျော်နိုင်တဲ့ လူသားမျိုးဆက်တစ်ယောက် သေချာပေါက် ရှိလာမယ်။ ပြီးရင် အဲ့ဒီတုန်းက သူအောင်မြင်ခဲ့တာကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့မယ်။
” ပြီးတော့ ဒီကလေးက ရွေးချယ်ခံရတဲ့သူ။ ဒီရွေးချယ်ခံရတဲ့သူက ငါ့ရှေ့က ကလေးဖြစ်နိုင်မလား ”
ကျိုးဝေသည် နယ်မြေသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားသည့်ပမာ ရှေ့လျှောက်နောက်လျှောက် ဖြစ်နေ၏။ သူက စိတ်လှုပ်ရှားလွန်းသောကြောင့် သူ့ကိုသူ မထိန်းချုပ်နိုင်ပေ။
ယဲ့ရှောင် ရောက်လာခါစ၌ မည်သည့် မျှော်လင့်ချက်မှ မထားပေ။ သူသည် သူ့ကို အမြတ်ထုတ်ချင်နေသော လူသားမျိုးနွယ်၏ ဂျူနီယာတစ်ယောက်ပမာ သဘောထားခဲ့သည်။
ထိုစဥ်က ယဲ့ရှောင်ကို သူသည် အလွန်သာမန်ဆန်သည့် လူသားဂျူနီယာတစ်ယောက်အနေဖြင့်သာ ဆက်ဆံခဲ့၏။ သူက ယဲ့ရှောင်ကို အကျိုးခံစားခွင့် အနည်းငယ် ပေးပြီး သူ့ကို နှင်လွှတ်လိုက်လျှင် သူ့ကို မမျှမတ ဆက်ဆံသည်ဟု တွေးမိမှာ မဟုတ်ပေ။
ကျိုးဝေက သူ့အတွက် မျှော်လင့်ချက် မထားခဲ့ပေ။ လူသားမျိုးနွယ်အတွက်တောင် မျှော်လင့်ချက် မထားပေ။ ယခုက မျှော်လင့်ချက်အားလုံးပဲ ဖြစ်သည်။
လက်ရှိတွင်မူ ကျိုး၏ အတွေးများ အပြည့်အဝ ပြောင်းလဲသွားပြီ ဖြစ်သည်။
ယဲ့ရှောင်သည် လူသားမျိုးနွယ်၏ ဘိုးဘေး ရှန်းယွမ်နတ်ဘုရားမျိုးနွယ်က ဒဏ္ဍာရီထဲက ရွေးချယ်သည့်သူ ဖြစ်လောက်သည်။
ထို့ကြောင့် သူ မည်သို့ပင် တွေးစေကာမူ ယဲ့ရှောင်ကို ကူညီရန် နည်းလမ်းတစ်ခု စဥ်းစားရမည်။ သူက ယဲ့ရှောင်ကို ခပ်ဝေးဝေး သွားခိုင်းပြီး နတ်ဘုရားနယ်ပယ်သို့ အဆင့်တက်ခွင့် ပေးရမည်။ ပြီးနောက် လူသားကမ္ဘာရှိ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်ကို နားလည်သဘောပေါက်အောင် လုပ်ခိုင်းမည်။ ထိုအချက်ကို တွေးမိပြီး ကျိုးက အဓိက ဆုံးဖြတ်ချက်တစ်ရပ် ချလိုက်၏။
သူ နှစ်ပေါင်း ၃၀၀၀လုံးလုံး ထိန်းသိမ်းထားသော အံ့ဖွယ်သွေးကို ယဲ့ရှောင်အား ရွှေ့ပြောင်းပေးချင်၏။ ထိုကလေးက ဒဏ္ဍာရီထဲရှိ ကောင်းကင်ဘုံ၏ ကံကြမ္မာသားတော် ဖြစ်မလားဆိုတာ မြင်ချင်သည်။
သူ ဆန်းကြယ်မှုတစ်ရပ်ကို ဖန်တီးနိုင်မလား မဖန်တီးနိုင်ဘူးလား။
လူသားမျိုးနွယ် ဘိုးဘေး၏ မပြီးမြောက်သေးသော ပန်းတိုင်ကို ပြီးမြောက်ပြီး မြေကမ္ဘာခွင်း လျှို့ဝှက်ဆန်းကြယ်မှုကို ဖော်ထုတ်နိုင်လိမ့်မည်။
အပိုင်း ၂၉၆ ပြီး၏။