Switch Mode

Chapter – 295

ဧကရာဇ်နယ်ပယ် အမွေအနှစ်။ ရှေးဟောင်း ဆန်းကြယ်မှု။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၉၅ ဧကရာဇ်နယ်ပယ် အမွေအနှစ်။ ရှေးဟောင်းဆန်းကြယ်မှု။

ယဲ့ရှောင်သည် ဖြည်းဖြည်းချင်း ဆင်းသက်လာသည့်အထိ လူတိုင်းက အပြည့်အဝ မတုံ့ပြန်နိုင်သေးပေ။
မြေခွေးဘုရင်မက အနည်းငယ် အံ့သြသွားလျက် ပြောလိုက်သည်။
” မစ္စတာ မစ္စတာယဲ့။ ရှင်က ရှင်က ဘယ်သူ ဘယ်သူလဲ ”
ယဲ့ရှောင်က ဆွံ့အသွားလေ၏။
” ဒီလောက် ထိတ်လန့်ဖို့ မလိုပါဘူး။ ကျွန်တော်က နဥ်ယွိဟန်ရဲ့ မိတ်ဆွေ ဖြစ်နေသေးတုန်းပါပဲ။ ဒါကို မှတ်ထားဖို့ပဲ လိုတယ် ”
ထိုစကားများကို ကြားပြီးနောက် မြေခွေးဘုရင်မက သက်ပြင်းချလိုက်၏။ သူမ ရင်ထဲရှိ ထိတ်လန့်မှုသည် ပျော်ရွှင်မှုအဖြစ် ပြောင်းလဲသွားလေ၏။
ယဲ့ရှောင် ပြောတာ မှန်သည်။ သူ့၌ မည်သို့ ခွန်အားရှိစေကာမူ သူက နဥ်ယွိဟန်၏ မိတ်ဆွေဖြစ်နေသရွေ့ အဆင်ပြေသည်။ ထို့အပြင် နဥ်ယွိဟန်သည် ထိုကဲ့သို့ အစွမ်းထက်သည့် မိတ်ဆွေတစ်ယောက်ရှိတာ တကယ် ကံကောင်းလှပေ၏။
” မစ္စတာယဲ့ပြောတာ မှန်တယ်။ မစ္စတာယဲ့ အခုဆို ဧကရာဇ်နယ်ပယ် အပျက်အစီးနယ်မြေက အပြည့်အဝ ပေါ်လာပြီဆိုတော့ ရှင်နဲ့ ယွိဟန်က ဒီအခွင့်အရေးကို သုံးပြီး ဖွင့်လိုက်တော့ ”
ယဲ့ရှောင်က ခေါင်းညိတ်ပြီးနောက် နဥ်ယွိဟန်ကို တစ်ချက်ကြည့်လိုက်၏။ နဥ်ယွိဟန်က ချက်ချင်း သွက်သွက်လေး ပြေးလာသည်။
” ကြီးကြပ်သူ ”
” ငါ မင်းရဲ့ သွေးတစ်စက် ယူမယ် ”
” ဟုတ် ”
အတွေးတစ်ချက်ဖြင့် ယဲ့ရှောင်က နဥ်ယွိဟန်၏ လက်ချောင်းကြားမှ လတ်လတ်ဆတ်ဆတ် သွေးတစ်စက်ကို ယူထုတ်လိုက်၏။ တစ်ချိန်တည်းတွင် သူကလည်း သူ၏ ကိုယ်ပိုင် လတ်လတ်ဆတ်ဆတ် သွေးတစ်စက်ကို ထုတ်လိုက်သည်။
သွေးနှစ်စက်ကို ဧကရာဇ်နယ်ပယ် အပျက်အစီး နယ်မြေ၏ တံခါးနှစ်ချပ်အကြား ချလိုက်၏။
ထိုသွေးစက်နှစ်စက်ကို လက်ခံရရှိပြီးနောက် ဧကရာဇ်နယ်ပယ် အပျက်အစီး နယ်မြေ၏ တံခါးပေါ်ရှိ အစီအရင်က ရွှေရောင်အလင်းများ စတင်ဖြာထွက်လာ၏။ နောက်တစ်စက္ကန့်တွင် တံခါးက ခွင့်ပြုချက်ကို ရသွားသည့်ပမာ သူ့ဘာ့သာသူ ဖြည်းဖြည်းချင်း ပွင့်သွားတော့သည်။
တံခါးအတွင်းထဲကနေ ရှေးဆန်ပြီး ရိုးရှင်းသော အရှိန်အဝါ ပေါ်ထွက်လာလျက် ပေါကြွယ်၀လှသော ဝိညာဥ်စွမ်းအင်များဖြင့်လည်း ပြည့်နေလေသည်။
လူတိုင်းသည် ကြွယ်ဝသည့် ဝိညာဥ်စွမ်းအင်ကို ခံစားမိပြီးနောက် သူတို့ ခန္ဓာကိုယ်ပေါ်ရှိ မွေးညှင်းပေါက်များအားလုံး ပြေလျော့သွားကာ သူတို့ ခန္ဓာကိုယ်ထဲရှိ ကျင်းကြပ်မှု နည်းစနစ်များကလည်း အလိုအလျောက် လည်ပတ်သွားလျက် အထဲရှိ စွမ်းအင်ကို လျင်မြန်စွာ စုပ်ယူနေသည်။
” ကြီးကြပ်သူ သွားရအောင် ”
နဥ်ယွိဟန်က ပြောလိုက်ကာ ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။ ထို့နောက် နဥ်ယွိဟန်က ဦးဆောင်လျက် အတွင်းသို့ လျှောက်သွားလိုက်သည်။
သို့သော် သူသည် ခြေလှမ်း အနည်းငယ်သာ လျှောက်ရသေးပြီး ရွေးချယ်စရာမရှိပဲ ရပ်တန့်လိုက်ရ၏။
အကြောင်းမှာ အထဲထဲကနေ ပေါ်ထွက်လာသည့် ဝိညာဥ်စွမ်းအင် များပြားလွန်းသောကြောင့် ဖြစ်သည်။ ဒီရေလှိုင်းပမာ ကောင်းကင်နှင့် မြေကြီးကို လွှမ်းမိုးထားလေ၏။
သူ၏ ရှန်းထျန်းအဌမအဆင့် အံ့ဖွယ်ချီရှန်း ကျင့်ကြံဆင့်ဖြင့် သူသည် ဝိညာဥ်စွမ်းအင်ကို ဖြိုခွဲပြီး အထဲမဝင်နိုင်ပေ။
စိုးရိမ်ပူပန်နေမှုအပြင် ငွေရောင်မြေခွေးမျိုးနွယ်စုသားများကလည်း ထိတ်လန့်သွား၏။
” သန်မာလိုက်တဲ့ ဝိညာဥ်စွမ်းအင်ပဲ ”
” ကြောက်ဖို့ကောင်းလွန်းတယ်။ ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်က သေသွားတာ နှစ်ပေါင်း ၃၀၀၀လောက် ရှိနေပြီ။ သူက ဒီလို သိပ်သည်းတဲ့ ဝိညာဥ်စွမ်းအင်ကို ထုတ်နိုင်သေးတယ်။ တကယ့်ကို ကောင်းကင်ကို ဖီဆန်တာပဲ ”
” ဒါက ဒဏ္ဍာရီလာ ဧကရာဇ် နယ်ပယ် သိုင်းပညာရှင်လား။ သူသေပြီဆိုပေမဲ့ အစွမ်းထက်နေသေးတုန်းပဲ။ သူက သက်ရှိထင်ရှား ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်တစ်ယောက်ဆိုရင် ဘယ်လောက်တောင် အစွမ်းထက်မလဲ။ သူက တကယ် ကောင်းကင်ကို ဖီဆန်နိုင်တာပဲ ”
” မဟုတ်ရင် သူ့ကိုသူ ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်လို့ ဘာကြောင့် ခေါ်မှာလဲ။ ကြယ်ဆုံသော ကောင်းကင်တစ်ခုလုံးမှာ သက်ရှိသတ္တဝါတွေ အများကြီးပဲ။ ဘယ်လောက်များများကများ ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်အဆင့်ကို ရောက်နိုင်လို့လဲ ”
သေလွန်ပြီးသော ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်၏ ဝိညာဥ်စွမ်းအင်သည် ရှန်းထျန်းအဌမအဆင့် အံ့ဖွယ်ချီရှန်းတစ်ဦးကို သူ့အပျက်အစီးထဲ ရှေ့ဆက် မလှမ်းနိုင်အောင်တောင် ပြုလုပ်နိုင်၏။ ယင်းက လူတိုင်း၏ လောကအမြင်ကို အပြည့်အဝ ပြောင်းပြန်လှန်လိုက်တာပဲ ဖြစ်သည်။
လူတစ်ယောက်၏ ခွန်အားက မလုံလောက်လျှင် လူတစ်ယောက်က မဟာအခွင့်အရေးတစ်ခုနှင့် ရင်ဆိုင်တွေ့ပြီး ဒဏ္ဍာရီလာ ဧကရာဇ်နယ်ပယ် အမွေအနှစ်နှင့် ပတ်ပြေးတိုးလျှင်တောင် သူတို့က ကြည့်သာ ကြည့်နေရပြီး ၄င်းကို ရနိုင်မှာ မဟုတ်ပေ။
နဥ်ယွိဟန်က အကြပ်တွေ့နေစဥ် ယဲ့ရှောင်က ရှေ့တိုးလိုက်၏။
ဖုန်း။
ချက်ချင်းပင် ယဲ့ရှောင်၏ ခန္ဓာကိုယ်ကို တိုက်မိသော ဝိညာဥ်စွမ်းအင်တို့က နှစ်ခြမ်းကွဲသွားပြီး ဘေးဘက်သို့ ထွက်သွား၏။ သူက နဥ်ယွိဟန်ရှေ့ လျှောက်သွားပြီးနောက် ဝိညာဥ်စွမ်းအင်များကို ပိတ်ဆို့နိုင်ရန် နဥ်ယွိဟန်ကို ကူပေးလိုက်သည်။
” ငါ့နောက်က လျှောက်ခဲ့ ”
ရိုးရှင်းသည့် စကားတစ်ခွန်းနှင့် ထိုအရပ်ရှေ့ရှိ ပုံရိပ်က နဥ်ယွိဟန်ကို ကြမ်းတမ်းသော လေပြေထဲ ငြိမ်သက်သွားစေတော့သည်။
သူ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားလျက် ခေါင်းညိတ်ကာ ယဲ့ရှောင်နောက်မှ လိုက်သွားသည်။
သူတို့နှစ်ယောက်သည် ပင်မတံခါးက ဖြတ်ကျော်သွားချိန်၌ ကျယ်လောင်သည့် အသံတစ်ခုသည် အကျယ်ကြီး ကြားလိုက်ရသည်။ လူနှစ်ယောက်သာလျှင် ဧကရာဇ်နယ်ပယ် အမွေအနှစ်ထဲ ဝင်နိုင်တာ သိသာနေ၏။
သူတို့က ဧကရာဇ်နယ်ပယ် အမွေအနှစ်ထဲ ဝင်ရောက်လာပြီးနောက် တောက်တောက်ပြောင်ပြောင် အရာဝတ္ထုများ ရှိမနေပေ။
ထိုဒဏ္ဍာရီဝတ္ထုများထဲရှိ လက်နက်များနှင့် ရတနာများ နေရာအနှံ့ ရှိနေသည့်ပုံအတိုင်း မဟုတ်ပေ။
၄င်းကို ဂရုတစိုက် စဥ်းစားကြည့်ပြီးနောက် အဓိပ္ပာယ်ရှိကြောင်း သိလိုက်ရ၏။ စစ်မှန်သော သိုင်းပညာရှင်များသည် သူတို့နဲ့ အရေးပါသည့် အရာများကို မယူပဲ နေမည်လော။ သူတို့သည် အသုံးဝင်သည့် ကောင်းကင်အဆင့် ရတနာများနှင့် မြေကမ္ဘာရတနာများကို ချက်ချင်း သုံးစွဲလိုက်မှာပဲ ဖြစ်သည်။ လက်နက်က အကောင်းတကာ့ အကောင်းဆုံး ဟုတ်သရွေ့ သူတို့က တစ်ပါတည်း ယူသွားမှာ မဟုတ်ပေ။
ထို့အပြင် အခြေခံအားဖြင့် သိုငိးပညာရှင်တစ်ဦးသည် အလွန်ဆုံးမှ သိုင်းပညာ တစ်မျိုးနှစ်မျိုးကိုသာ ကျင့်ကြံနိုင်လေရာ လက်နက်များစွာ ယူမှာ မဟုတ်ပေ။
ထိုသို့တိုင် ဤနေရာသည် ကြွယ်ဝသည့် ဝိညာဥ်စွမ်းအင် နှစ်ပေါင်း ၃၀၀၀စာ အားဖြည့်ပေးခြင်း ခံထားရသောကြောင့် ပစ္စည်းကောင်းများစွာ ပေါ်ပေါက်လာ၏။
နဥ်ယွိဟန်က ထုတ်ဖော်ပြောမိသွားသည်။
” ကြီးကြပ်သူ ကြည့်ပါဦး။ ဒီသွေးလင်ဇီးက အကြီးကြီးပဲ။ စတုရန်းပေ ၂၀၀၊ ၃၀၀ နီးပါးလောက် ရှိတယ် ”
” အဲ့ဒီဝိညာဥ်မြက်ပင်က ပေ ၃၀၀ကျော်လောက် ရှိတာ။ ဘုရားရေ။ ဒီဟာတွေအားလုံး အပြင်မှာသာ ထားလိုက်ရင် တခြားသူတွေက လုယက်ကုန်မှာ မဟုတ်ဘူးလား ”
ယဲ့ရှောင်က တည်ငြိမ်စွာ ပြောလိုက်၏။
” ဒါအသေးအမွှားလေးတွေပဲ။ အမွေအနှစ်ထဲမှာက အသုံးဝင်တဲ့ ပစ္စည်းတွေပဲ ရှိတာ။ မင်းနဲ့ငါ နားလည်သဘောပေါက်ဖို့လိုအပ်တဲ့ အမွေအနှစ်က မတူဘူး။ ငါ အဲ့ဒါကို အာရုံခံနိုင်တယ်။ လူသားဧကရာဇ်အဆင့် သိုင်းပညာရှင်ရဲ့ အမွေအနှစ်က ဘယ်ဘက်မှာ။ ငွေရောင်မြေခွေးမျိုးနွယ် ဘိုးဘေးရဲ့ အမွေအနှစ်က ညာဘက်မှာ။ မင်း ညာဘက်ကို သွားလို့ရတယ် ”
” ဟုတ် ”
နှစ်ယောက်သားသည် ကောင်းကင်ရတနာများကို စိတ်ထဲ ထားမနေတော့ပေ။ ထိုအစား အမွေအနှစ်များကို အရင်သွားရှာလိုက်၏။
နဥ်ယွိဟန်က ညာဘက်သို့ သွက်သွက်လေး လျှောက်သွားစဥ် ယဲ့ရှောင်ကမူ ချက်ချင်းပင် ဘယ်ဘက်ခြမ်းသို့ နေရာရွှေ့ပြောင်းသွားလိုက်၏။
ထိုနေရာသို့ ရောက်ရှိပြီးနောက် သူ၏ ဝိညာဥ်စွမ်းအင်ကို ထုတ်ဖော်လိုက်သည်။ နောက်တစ်စက္ကန့်၌ တစ်ကမ္ဘာလုံးက ၄င်း၏ မြင်ကွင်း ပြောင်းလဲသွားတော့၏။ ကမ္ဘာကြီးက ငြိမ်းချမ်းလှသည်။ ရွှေရောင်ပန်းပွင့်များက နေရာအနှံ့ ဖူးပွင့်နေ၏။ ကောင်းကင်ထဲ၌ နတ်မိမယ်များပမာ ပန်းပွင့်များ လွင့်စင်ကျနေသည်။ မရေမတွက်နိုင်သော ဝိညာဥ်များသည် ဝိညာဥ်စွမ်းအင်ကြောင့် သိပ်သည်းနေလေ၏။ အချို့က လိုက်ပြီး အချို့က ပြေးလွှားဆော့ကစားနေကာ ဗုံတီးသံများ၊ ဂီတာတီးခတ်သံများ၊ တေးသီချင်းသီဆိုသံတို့ ပြည့်နေ၏။ တစ်ကမ္ဘာလုံးက ငြိမ်းချမ်းသည့်မြင်ကွင်း ဖြစ်နေသည်။
ယဲ့ရှောင်၏ ဝိညာဥ်က ထိုနေရာတွင် ပေါင်းစည်းသွားချိန်၌ သူသည် အသစ်စက်စက် လောကတစ်ခုထဲ ဝင်ရောက်လိုက်သည့်ပမာ ခံစားလိုက်ရ၏။
ဘုရင်ကျိုးသည် အမှန်တကယ် အစွမ်းထက်ပြီး ကောင်းကင်ကို ဖီဆန်နိုင်၏။
သူ သေလွန်သွားပြီးနောက် သူသည် ဝိညာဥ်စွမ်းအင်ကို အသုံးပြုကာ ထူးကဲသော ကမ္ဘာတစ်ခုကို ဖန်တီးရန် ဝိညာဥ်စွမ်းအင်ကို သုံးခဲ့သည်။ ဒီကမ္ဘာတွင် အရာအားလုံးက သူ၏ စိတ်ဆန္ဒအတိုင်း ဖွဲ့တည်ထားတာ ဖြစ်သည်။
ထိုနေရာကို သူ ဖြစ်စေချင်သည့် ပုံစံအတိုင်း ထိုနေရာက ဖြစ်လာ၏။ သူက ထိုကမ္ဘာ၏ အုပ်စိုးသူပမာ ဖြစ်နေသည်။
သေရည်၊ အသားနှင့် တောအုပ်တို့၏ မြင်ကွင်းသည် သမိုင်းစာအုပ်များထဲတွင် မှတ်တမ်းတင်ထားသည်နှင့် အတော်လေး ဆင်တူ၏။ သို့သော် ၄င်းနှင့် နှိုင်းယှဥ်ကြည့်လျှင် ဤအရပ် ဤအရာက ပိုပြီး ကျော့ရှင်းပေ၏။ ချုံပြောရလျှင် ၄င်းက ခမ်းနားကြီးကျယ်ပြီး နှစ်သက်ဖွယ် ပတ်ဝန်းကျင်အနေအထား ရှိနေသေး၏။
ယဲ့ရှောင်၏ အကြည့်သည် မလှမ်းမကမ်းရှိ မျှော်စင်တစ်ခုဆီသို့ ကျရောက်သွား၏။ အမျိုးသားအချို့က သေရည်သောက်စားနေပြီး သူရဲကောင်ဆန်သည့် အငွေ့အသက်တို့က ပေါ်နေလေ၏။
” သောက်။ ဒီနေ့ သေရည် ဆယ်ကရား သောက်လို့မပြီးတဲ့သူတွေ ထွက်သွားခွင့် မရှိဘူး ”
” အရင်သောက်ပြီးတဲ့သူက အရင်ထွက်သွားရမယ်။ ပိုက်ဆံက ငါရှင်းမယ် ”
အနည်းငယ် လုပ်ပေးပြီးနောက် မြေပြင်ပေါ်၌ အရက်အနည်းငယ်သာ ကျန်၏။ သူတို့ထဲမှ တစ်ယောက်က အရက်သမားအချို့သာ ကျန်သည်။ တစ်ယောက်က ထွက်သွားပြီဖြစ်၏။ သူက နှုတ်ခမ်းသပ်လျက် အတော် စိတ်ပျက်သွားတော့သည်။
” ဟူး … ပျင်းစရာကြီး။ သူက ဒီလောက် မြန်မြန် လဲကျသွားတာပဲ။ ပြောရရင် သူက စိတ်စွမ်းအားနဲ့ ဖမ်းဆီးထားတာလေ။ သူက ဝိညာဥ်သေရည်လေ။ နည်းနည်း သောက်ပြီးတာတောင် မထိန်းထားနိုင်ဘူး ”
ထိုစဥ် ယဲ့ရှောင်က မျှော်တန်းရှည်သို့ ရောက်လာပြီ ဖြစ်သည်။ သူက ခြေထောက်နှစ်ချောင်းပေါ် လက်တင်ထားလျက် သူ့အကြည့်က တစ်ဖက်သူဆီ ရောက်နေသည်။
” သမိုင်းစာအုပ်တွေထဲက မှတ်တမ်းတွေအတိုင်း ဘုရင်ကျိုးက ကြီးကျယ်ခမ်းနားမှုကို စွဲလမ်းနေပြီး နှောင်းပိုင်း အခြေအနေမှာ ကြီးကျယ်ခမ်းနားမှုကို စွဲလမ်းနှစ်ခြိုက်နေခဲ့တယ်ဆိုတာ အမှန်ပဲ ”
ထိုလူက ယဲ့ရှောင်ကို တစ်ချက်ကြည့်ပြီးနောက် ရှုတ်ချလိုက်၏။
” ထပ်ပြီး သင်ခန်းစာ သင်နေပြန်ပြီ။ ဒီဘုရင်ရဲ့ ဘဝမှာ သူ့ဘဝရဲ့ ပထမဆုံးတစ်ဝက်မှာ လူသားမျိုးနွယ်ရဲ့ နယ်မြေကို ချဲ့ထွင်ခဲ့တယ်။ ကြယ်တာရာသားရဲတွေကို အကြိမ်ပေါင်းများစွာ အနိုင်ယူပြီး သူတို့ဆီ ကျူးကျော်ခဲ့တယ်။ သူ့တစ်ဘဝလုံး တိုက်ခိုက်ခဲ့တာ။ သူ မပျော်ရွှင်နိုင်ဘူးလား ”
” မဟုတ်ပါဘူး။ ဒီဂျူနီယာက စိတ်ခံစားချက်အရ သက်ပြင်းချမိရုံပါပဲ။ တခြားရည်ရွယ်ချက် မရှိပါဘူး ”
” ဒါ့အပြင် ”
ဘုရင်ကျိုးက လက်ကို ဝှေ့ရမ်းလျက် နောက်ထပ် သေရည်တစ်ကရား လောင်းထည့်လိုက်၏။
” အနှစ် ၃၀၀၀လုံးလုံး ဒီဘုရင်က ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်တစ်ယောက် ဒီကို ရောက်လာလိမ့်မယ်လို့ ထင်နေခဲ့တာ။ အဆုံးကြ ဧကရာဇ်နယ်ပယ် အဆင့်အောက် သိုင်းပညာရှင်တစ်ယောက်လောက် ဖြစ်နေတာကို။ ဘုရင်နယ်ပယ် အထွတ်အထိပ်ကိုတောင် သတ်မှတ်လို့ မရဘူး။ လူသားမျိုးနွယ်က ဒီအခြေအနေထိ ကျဆင်းသွားပြီလား ”
ယဲ့ရှောင်က ပြန်မပြောပေ။ အခြားတစ်ယောက်ကသာ ထိုစကားကို ပြောတာဆိုလျှင် အနည်းငယ် ရန်စရာ ရောက်မည်ဖြစ်သည်။ သို့သော်ငြား ဘုရင်ကျိုးကဲ့သို့ ယခင် ဧကရာဇ်အဆင့် သိုင်းပညာရှင်တစ်ယောက်အနေဖြင့် သူက ထိုစကားများ ပြောရန် အရည်အချင်း ပြည့်မှီ၏။
ခဏတာ ရပ်တန့်ပြီးနောက် ဘုရင်ကျိုးက ထပ်ပြောလိုက်သည်။
” အခု လူသားမျိုးနွယ်က ဘယ်မျိုးဆက် ရောက်ပြီလဲ။ အဲ့ဒီမှာ ဧကရာဇ်နယ်ပယ် သိုင်းပညာရှင် ဘယ်နယောက် ရှိလဲ ” ။
ယဲ့ရှောင်က ဖြေလိုက်သည်။
” လူသားမျိုးနွယ်က သူတို့စီးပွားရေး စတင်ပြီးတဲ့နောက်မှာ ရှန်း၊ မင်၊ ထန်၊ ကျိုး စတဲ့ မင်းဆက်ပေါင်းများစွာကို တွေ့ကြုံခဲ့ရတယ်။ အခုအချိန် မင်းဆက်တွေကြား ကွာဟချက် မရှိတော့ဘူး။ သူတို့နေရာ အစားထိုးသွားတာက စီရင်စု၉ခု မဟာမိတ်ပဲ။ ဧကရာဇ်နယ်ပယ် သိုင်းပညာရှင် အရေအတွက်ကတော့ လွန်ခဲ့တဲ့ နှစ်ရာချီတုန်းက ဧကရာဇ်ဖြစ်လာသူ နှစ်ယောက်အပြင် ကျန်တဲ့ ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်တွေက အာကာသစစ်မြေပြင်ထဲမှာ သေဆုံးပြီး လူသားမျိုးနွယ်အတွက် သူတို့ကို သူတို့ စတေးခံခဲ့ကြတယ် ”
ဘုရင်ကျိုးက မျက်ခုံးပင့်လိုက်၏။
” ဘာကြောင့် ဒီလောက် ဆိုးရွားရတာလဲ။ ခွန်အားက ငါ့ရဲ့ အရင်တပ်ဖွဲ့လောက်တောင် မကောင်းဘူး ”
ယဲ့ရှောင်က ပြော၏။
” ဒီအကြောင်းအရင်းကြောင့် ကျွန်တော် ဒီရောက်လာတာပါ။ အရင်ဦးဆုံး ဧကရာဇ်နယ်ပယ်ရဲ့ ဉာဏ်အလင်းပွင့်မှု ရချင်ပြီး ဧကရာဇ်နယ်ပယ် ကျင့်ကြံမှုကို အပြည့်အဝ တက်လှမ်းချင်တယ်။ ဒုတိယအချက်ကတော့ လူသားမျိုးနွယ်နဲ့ နတ်ဘုရားမျိုးနွယ်ကြားက ဇစ်မြစ်ကို နားလည်သဘောပေါက်ချင်တယ်။ တတိယအချက်ကတော့ စီရင်စု၉ခုက ဘာကြောင့် ဒီလောက် ကျဆင်းသွားရတာလဲဆိုတာကို ကျွန်တော်လည်း မေးချင်နေတယ် ”
ဘုရင်ကျိုးက ခေါင်းပွတ်လိုက်၏။
” ဟူး။ ငါ့အတွက် နှစ်ပေါင်း ၃၀၀၀ လောက် အေးအေးလူလူ နေဖို့ဆိုတာ မလွယ်ခဲ့ဘူး။ မင်း ဝင်လာခါစမှာပင် ဒီလို ဒုက္ခများတဲ့ ကိစ္စတွေအကြောင်း ဒီဘုရင် တွေ့ရအောင် လုပ်လိမ့်မယ်လို့ မထင်ခဲ့မိဘူး ”
” အင်း။ မင်း ဒီရောက်လာပြီဆိုတော့ လူသားမျိုးနွယ်က အမြစ်ပြတ် သုတ်သင်ခံရမတတ်ဖြစ်နေပြီး ဒီဘုရင်အတွက် အရင်မကူညီတာက မဟုတ်သေးဘူး ”
သူက ထိုင်ခုံတွင် ထိုင်လျက် ဘေးရှိ ထိုင်ခုံကို ပုတ်ပြီး ယဲ့ရှောင်ကို ထိုင်ခိုင်းလိုက်၏။
ယဲ့ရှောင်က ဘေးဘက်တွင် ထိုင်လိုက်ပြီး ဘုရင်ကျိုးက သူ့အတွက် သေရည်တစ်ခွက် ထည့်ပေးလိုက်၏။ ယဲ့ရှောင်က အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ခွက်ကို ကောက်ကိုင်ကာ တစ်ငုံသောက်လိုက်သည်။ ထိုသေရည်သည် ဘုရင်ကျိုးက သူ၏ ကိုယ်ပိုင် ဝိညာဥ်စွမ်းအားကို အသုံးပြုပြီး ချက်ထားတာဖြစ်သောကြောင့် စွမ်းအင်ပမာဏများစွာ ပါဝင်၏။ ၄င်းကို သောက်သုံးပြီးနောက် သူ၏ ခွန်အားက တိုးလာတော့သည်။
ဘုရင်နယ်ပယ်အထက်၌ ရုပ်ခန္ဓာနှင့် ဝိညာဥ်က အပြည့်အဝ ပေါင်းစည်းပြီး ဖြစ်သည်။
ဝိညာဥ်စွမ်းအင်ကိုဖြစ်စေ၊ သွေးအဆီအနစ် တိုးလာသည်ဖြစ်စေ ပင်မခန္ဓာထဲ၌ တစ်စုံတစ်ခု တိုးလာတာပဲ ဖြစ်၏။
ယဲ့ရှောင် ၄င်းကို သောက်လိုက်တာကို မြင်ပြီး ဘုရင်ကျိုး ပြုံးလိုက်တော့သည်။
” ဘယ်လိုလဲ။ ဒီဘုရင်ချက်တဲ့ သေရည်က မဆိုးဘူးမလား ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။ ဘုရင်ကျိုးက သူ့နောက်ရှိ တန်းကို မှီထားပြီး သူ့မျက်နှာထက်၌ ဂုဏ်ယူဝင့်ကြွားသောအပြုံး ပေါ်လာသည်။
” ကလေး။ မင်းက မဆိုးဘူးပဲ။ ဘယ်လို အသိအမှတ် ပြုရမလဲဆိုတာ သိတယ်။ ဒီဘုရင်က မင်းကို အသိအမှတ်ပြုတယ်။ မင်းရဲ့ မေးခွန်း၃ခုကို ဘယ်လိုဖြေရမလဲဆိုတာ ဒီဘုရင်ကို စဥ်းစားခွင့်ပေးဦး။ အွန်း။ တတိယတစ်ခုနဲ့ အရင်စလိုက်ရအောင် ”
” စီရင်စု၉ခုရဲ့ လူသားမျိုးနွယ် ဒီအခြေအနေထိ ကျဆင်းလာရတဲ့ အကြောင်းအရင်းက ကျိုးမင်းဆက်ကြောင့်ပဲ။ အဲ့ဒီတုန်းက ဒီဘုရင်က တစ်ဦးတည်းသော ဧကရာဇ်နယ်ပယ် သိုင်းပညာရှင် မဟုတ်ဘူး။ ဒါပေမဲ့ လူသားမျိုးနွယ်ထဲက သွေးမျိုးဆက် လျော့ကျလာပြီး နတ်ဘုရားနယ်ပယ် သိုင်းပညာရှင်တစ်ယောက် ရှိလာတဲ့အချိန်ကစပြီး ဖြစ်လာတာပဲ။ အဲ့ဒီတုန်းက နတ်ဘုရားအဆင့်ရောက်အောင် ကျင့်ကြံဖို့ လူသားမျိုးနွယ်က ရွေးချယ်စရာမရှိပဲ ကျင့်ကြံမှုစနစ်အသစ်ကို ထုတ်ပြန်လိုက်တယ် ”

အပိုင်း ၂၉၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset