Switch Mode

Chapter – 294

ထိတ်လန့်နေသော ငွေရောင်မြေခွေးမျိုးနွယ်။ ကြီးကြပ်သူက တကယ်ကို ပါရမီရှင်သိုင်းပညာရှင်တစ်ယောက်ပဲ။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၉၄ ထိတ်လန့်နေသော ငွေရောင်မြေခွေးမျိုးနွယ်။ ကြီးကြပ်သူက တကယ်ကို ပါရမီရှင်သိုင်းပညာရှင်တစ်ယောက်ပဲ။

နဥ်ယွိဟန်နှင့် ယဲ့ရှောင်သည် မြေခွေးဘုရင်မနှင့် တွေ့ဆုံရန် ငွေရောင်မြေခွေး ခန်းမဆောင်သို့ လျင်မြန်စွာ ရောက်သွားလေ၏။
” အဖွား ..။ ကျွန်တော်တို့ကို ဘာကြောင့် ဒီနေရာဆီ ရုတ်တရက် ခေါ်ရတာလဲ ”
မြေခွေးဘုရင်မက လေးနက်တည်ကြည်သော အမူအယာဖြင့် ပြော၏။
” တစ်စုံတစ်ခု ဖြစ်သွားတယ်။ ဧကရာဇ်နယ်ပယ် အမွေအနှစ်ရဲ့ လျှို့ဝှက်ချက်ကို တခြားသူတွေ သိပြီးသား ဖြစ်လောက်တယ် ”
သူမ ထိုသို့ ပြောလိုက်စဥ် နဥ်ယွိဟန်နှင့် ယဲ့ရှောင်၏ အမူအယာက တစ်ချိန်တည်းတွင် တောင့်တင်းသွားလေ၏။
” ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘယ်သူက သတင်းပေါက်ကြားစေတာလဲ ”
မြေခွေးဘုရင်မက သက်ပြင်းချလိုက်၏။
” သူတို့ပဲ။ ဘယ်နည်းလမ်းကို သုံးပြီး သူတို့ ရှာမှန်း မသိပေမဲ့ ဒီကိစ္စက အဆုံးကြ ပေါ်သွားသေးတယ်။ ဒီမနက် သူတို့ကို သွားရှာတဲ့အချိန် သူတို့က တစ်ခွန်းမှ မပြောပဲ ထွက်ပြေးသွားတာ။ သူတို့ကို ကြားဖြတ်ဖို့ ပြင်ဆင်ချိန်တောင် မရလိုက်ဘူး ”
” ငါ ခန့်မှန်းတာ မှန်မယ်ဆိုရင် မကြာခင်မှာ သူတို့တွေက တခြားသိုင်းပညာရှင်တွေကို ခေါ်လာလိမ့်မယ် ”
” ဘာ။ ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ ”
နဥ်ယွိဟန်က အနည်းငယ် စိုးရိမ်ပူပန်သွားစဥ် ယဲ့ရှောင်ကလည်း အနည်းငယ် ကြက်သေ သေသွား၏။ တစ်ဖက်က ကြယ်တာရာသားရဲများ ထွက်ပြေးရသည့် အကြောင်းအရင်းကို သူ နားလည်သွားပုံပေါ်သည်။
ပိုး ကျောက်စိမ်း ယုန်နှင့် ဆန်းကြယ်ကြိုးကြာတို့သည် သူသတ်တာ ခံရသောကြောင့် သူတို့ ကြောက်လန့်သွားတာ ဖြစ်နိုင်သည်။ ထိုအကြောင်းအရင်းကြောင့် သူတို့ ထွက်ပြေးသွားကြ၏။ ယင်းက နားလည်မှု လွှဲခြင်းတစ်ရပ် ဖြစ်သည်။
သို့သော် ယဲ့ရှောင်က သူတို့နှစ်ယောက်ကို စိုးရိမ်မပူပန်ရန် ဖြောင်းဖြတော့မည့်အချိန် နောက်တစ်စက္ကန့်၌ မြေခွေးဘုရင်မက သုန်မှုန်သော အမူအယာဖြင့် ပြော၏။
” အခု ဖြေရှင်းနည်းက ငါတို့ ငွေရောင်မြေခွေးမျိုးနွယ်ရဲ့ လျှို့ဝှက်ကျင့်စဥ်ကို သုံးပြီး ဧကရာဇ်နယ်ပယ် အပျက်အစီးနယ်မြေကို အသက်သွင်းဖို့ပဲ ရှိတော့တယ်။ ဒါမှ မင်းတို့နှစ်ယောက်က အချိန်စောဝင်ပြီး အထဲက အမွေအနှစ်ကို ယူနိုင်မှာ။ ဒီနည်းနဲ့ဆို ပြဿနာတချို့ ရှိလာရင်တောင် အမွေအနှစ် မဆုံးရှုံးသွားရင် စိုးရိမ်ပူပန်စရာ မလိုတော့ဘူး ”
ထိုစကားကို ကြားပြီး မူလက သူတို့ကို ဖြောင်းဖြချင်နေသော ယဲ့ရှောင်သည် ပြောထွက်တော့မည့် စကားများကို ပြန်မြိုချလိုက်၏။
တစ်ဖက်တွင်မူ နဥ်ယွိဟန်က အံ့သြသွားတော့သည်။
” အဖွား၊ ဧကရာဇ်နယ်ပယ် အပျက်အစီးကို ဖွင့်နိုင်တဲ့ နည်းလမ်းရှိတယ်ဆိုမှတော့ ဘာကြောင့် အစောတုန်းက မလုပ်တာလဲ ”
မြေခွေးဘုရင်မက ရယ်ရမလား ငိုရမလား မသိတော့ပေ။
” ဒါက ဧကရာဇ်နယ်ပယ် ရှေးအပျက်အစီးတစ်ခုလေ။ ဘယ်လိုလုပ် အလွယ်တကူ ဖွင့်နိုင်မှာလဲ။ မင်းရဲ့ ဖွားဖွားကို ဧကရာဇ်အဆင့် ပါရမီရှင်တစ်ယောက်လို ထင်နေလား။ အရင်ကဆိုရင် အပြည့်အဝ ဖွင့်ဖို့က ခက်ခဲဦးမှာ။ ဒါ့အပြင် အစတုန်းက အဲ့ဒါကို ဖွင့်ဖို့ နည်းလမ်းတစ်ခု ရှိတယ်ဆိုတာ မသိခဲ့ဘူးလေ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ငါတို့ ငွေရောင်မြေခွေးမျိုးနွယ်မှာ ဒီဧကရာဇ်နယ်ပယ် အမွေအနှစ်ကို ဖွင့်ဖို့အတွက် အသုံးပြုနိုင်တဲ့ တော်ဝင်အစီအရင်တစ်ခုကို ဘိုးဘေးတွေ ချန်ထားပေးခဲ့တယ်ဆိုတာကို သိလိုက်ရတာ ”
” သိပြီ ”
မြေခွေးဘုရင်မက ပြုံးနေတာ ရပ်တန့်လျက် လေးနက်စွာ ပြောလိုက်သည်။
” နောက်ကျနေပြီ။ အခု ငွေရောင်မြေခွေးမျိုးနွယ်ရဲ့ အံ့ဖွယ်ဂိုဏ်းကို ဆင့်ခေါ်ပြီး ဧကရာဇ်အဆင့် အမွေအနှစ်ရဲ့ ချဲ့ထွင်မှုကို အရှိန်တင်ဖို့ အစီအရင်တစ်ခု တည်ဆောက်ဖို့ အတူ ပူးပေါင်းလိုက်မယ် ”
” အပျက်အစီး ပေါ်လာပြီဆိုတာနဲ့ နှစ်ယောက်လုံးက ဧကရာဇ်အဆင့် အပျက်အစီး နယ်မြေကို ဖွင့်ဖို့ အခွင့်အရေး ချက်ချင်း ယူပြီး အထဲဝင်လိုက် ”
” ဟုတ်ပြီ ”
လူတိုင်းက ဧကရာဇ်နယ်ပယ် အပျက်အစီး နယ်မြေရှေ့သို့ လျင်မြန်စွာ ရောက်သွားလေ၏။
ယဲ့ရှောင်၏ ဝိညာဥ်စိတ်အာရုံသည် ယခင်က ထိုနေရာကို မစစ်ဆေးခဲ့ပေ။ ဤနေရာက စစ်မှန်သော ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ ကြွင်းကျန်နယ်မြေ ဖြစ်သောကြောင့် ဖြစ်ဟန်တူသည်။ ယခုအချိန်၌ ဧကရာဇ်နယ်ပယ် အပျက်အစီး နယ်မြေကို မြင်တွေ့ရတာ ပထမဆုံးအကြိမ်ဟု သတ်မှတ်၍ရသည်။
တစ်ခုလုံးကို ချုံကြည့်လိုက်ရာ ကိုယ်ထည်တစ်ခုလုံးက ကြေးနီဖြင့် ပြုလုပ်ထား၏။ ၄င်း၏ သွင်ပြင်က ရှေးဟောင်းပုံစံနှင့် တူသည်။ အစီအရင်များဖြင့် ပြည့်နေပြီး တော်ဝင်အစီအရင်များသာ ဖြစ်သည်။ ထို့အပြင် ၄င်းကို ကာကွယ်ရန် ဧကရာဇ်တစ်ပါး၏ စွမ်းဆောင်ရည်က ရှိနေလေကာ ယဲ့ရှောင်၏ ယင် ယန် လွတ်မြောက်ခြင်းသိုင်း သုံးခဲ့လျှင်တောင် သူသည် အချိန်တိုအတွင်း အထဲသို့ ဝင်ရောက်နိုင်မှာ မဟုတ်ပေ။
ယင် ယန် လွတ်မြောက်ခြင်းသိုင်းသည် နတ်ဘုရားအဆင့် ကိုယ်ဖော့သိုင်းဖြစ်သော်ငြား တစ်ထပ်တည်း ပြောရဦးပေမည်။ ၄င်းကို သုံးသည့် လူတစ်ယောက်၏ အဆင့်ပေါ် မူတည်နေတာပဲ ဖြစ်၏။
အသုံးပြုသူ၏ အဆင့်က လုံလောက်အောင် သန်မာခဲ့လျှင် သာမန်သိုင်းပညာတစ်ရပ်သည် ထိတ်လန့်ဖွယ် ကောင်းလောက်အောင် စွမ်းအားကို ထုတ်ဖော်ပြသနိုင်လိမ့်မည်။
အသုံးပြုသူ၏ အဆင့်က လုံလောက်အောင် မသန်မာလျှင် ကျင့်စဥ် မည်မျှ ကောင်းမွန်စေကာမူ ၄င်း၏ အကန့်အသတ်သို့ ရောက်နိုင်မှာ မဟုတ်ပေ။
ယဲ့ရှောင်သည် ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်တစ်ယောက် မဟုတ်သေးပေ။ ဘုရင်ကျိုးကမူ ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်ဟောင်း ဖြစ်ခဲ့ဖူး၏။
ယဲ့ရှောင်၌ ယင် ယန် လွတ်မြောက်ခြင်းသိုင်း ရှိပေလျှင် သူက ခွန်အား၏ အဆင့်တစ်ခုကိုသာ ဖိနှိပ့်နိုင်မှာ ဖြစ်သည်။ သူ့အဖို့ ကောင်းကင်ကို ဖီဆန်ဖို့က မဖြစ်နိုင်ပေ။
မြေခွေးဘုရင်မသည် လူတိုင်းကို စကားအချို့ ညွှန်ကြားပေးပြီးနောက် သူမက ချက်ချင်းပင် ငွေရောင်မြေခွေးမျိုးနွယ်၏ အံ့ဖွယ်ဂိုဏ်းကို ခေါ်ဆောင်လာလျက် အစီအရင်ကို စတင် တည်ဆောက်သည်။
သူတို့အားလုံးက သွင်ပြင်အစစ်အမှန် ပြောင်းလဲသွား၏။ သူတို့၏ ကြီးမားလှသော ကြယ်တာရာသားရဲ ခန္ဓာကိုယ်ကြီးက တောင်ပူဆာလေး အရွယ်အစားခန့် ရှိသည်။ အတွင်း၌ ပါဝင်သော စွမ်းအင်များက ကြီးမားလွန်းလေရာ လူအများကို တုန်ယင်စေနိုင်သည်။
အဆင့်တူ လူသားများကတောင် အဆင့်တူ ကြယ်တာရာသားရဲများကို မြင်တွေ့ချိန်၌ ထိတ်လန့်အံ့အားသင့်ရမှာပဲ ဖြစ်သည်။
​မြေခွေးမျိုးနွယ်ထဲမှ သက်ကြီးဝါကြီးများသည် နဂါးကိုးကောင် စုစည်းခြင်း သွင်ပြင်ကို နေရာယူပြီးနောက် သူတို့၏ ကိုယ်ပိုင် စွမ်းအားများကို တစ်ပြိုင်နက်တည်း ထုတ်ဖော်ကာ အစီအရင်ကို အသက်သွင်းလိုက်၏။
အစီအရင် အသက်ဝင်လာသည်နှင့် ပတ်ဝန်းကျင် ဝိညာဥ်တန်းစွမ်းအားများက ထိုအရပ်မျက်နှာ၌ စတင်စုဝေးလာလေ၏။
အစီအရင်၏ ပံ့ပိုးပေးမှာဖြင့် မထုတ်ဖော်ရသေးသည့် ဧကရာဇ်နယ်ပယ် အပျက်အစီး၏ တစ်စိတ်တစ်ပိုင်းကလည်း ပိုမြန်ဆန်သော အရှိန်ဖြင့် ပေါ်ပေါက်လာနေ၏။
လေပြင်းများက ဝှေ့တိုက်လာပြီး ခရမ်းရောင် နဂါးသည် ကြီးမားသည့် တောင်ထိပ်၌ ကူးခတ်နေတာကို မြင်နိုင်သည်။
သံမဏိချိန်းကြိုးများသည် သူတို့၏ ခန္ဓာကိုယ်ကို ချည်နှောင်ထားသည်မှာ မြင်းလှည်းကို မြင်းတစ်ကောင်က ဆွဲလျက် ကျန်သည့် ဒိုင်မေးရှင်းထဲက နည်းကို ဆွဲနေသည့်ပမာ ထင်မှတ်ရသည်။
ဧကရာဇ်နယ်ပယ်ဟု ခေါ်သည့်အရာသည် လက်ရှိ ကမ္ဘာနှင့် ကွဲပြားသည့် ဒိုင်ဗေးရှင်းတစ်ခုတွင် ၄င်းတို့၏ အမွေကို ထားရှိနိုင်သော အနေအထား ရောက်နေပြီ ဖြစ်သည်။
ထိုကဲ့သို့ အင်မတန် ကြောက်မက်ဖွယ်ကောင်းသော နည်းစနစ်မျိုးသည် ဧကရာဇ်နယ်ပယ်၏ ဝိသေသလက္ခဏာများထဲမှ တစ်ရပ်လည်း ဖြစ်သည်။
ဧကရာဇ်နယ်ပယ်သည် လူသားမျိုးနွယ်၏ စွမ်းရည်အားလုံး၏ ထိပ်သီးအဖြစ် ဆင့်ကဲပြောင်းလဲနိုင်သော တည်ရှိမှုပဲ ဖြစ်သည်။
ဘန်း …။
ဂျိမ်း။
ထိုစဥ် ကောင်းကင်ထဲ၌ မိုးကြိုးတိမ်တိုက်တစ်ခု ရုတ်တရက် ဖွဲ့တည်လာ၏။ ကောင်းကင်ဘုံသည် ထိုအပျက်အစီး ပေါ်ပေါက်လာမှာကို စိုးရိမ်နေသည့်ပမာ ဖြစ်နေသည်။
ထိုစဥ် ငွေရောင်မြေခွေးမျိုးနွယ်သားဝင်အားလုံးက အင်မတန် စိုးရိမ်ပူပန်နေကာ သူတို့ စိတ်နှလုံးများက ခုန်တက်လာ၏။
ဆိုးရိုးစကားရှိသည့်အတိုင်း ကောင်းကင်ဘုံ၏ စွမ်းဆောင်ရည်ကို ဖီဆန်ရန်က ခက်ခဲလှသည်။ ကောင်းကင်ဘုံ၏ လုပ်နိုင်စွမ်းကို ရင်ဆိုင်ရာ၌ သတ္တဝါတိုင်းက လေးစားသည့် သဘောထားမှုကို ဆုပ်ကိုင်ထားရမည်။ သူတို့က ဒေါသ မထွက်ရဲချေ။
ထိုစဥ် အစီအရင်က တစ်ဝက်ရောက်နေပြီ ဖြစ်၏။ အပြည့်အဝ ထုတ်ဖော်နိုင်ရန် ရှေးဟောင်းနယ်မြေထဲ၌ အရာတစ်ခုသာ ကျန်တော့သည်။
သို့သော် ထိုစဥ် ကောင်းကင်ထက်မှ မိုးကြိုးသည် နောက်ဆုံးတော့ ကျလာပြီ ဖြစ်၏။
ဖုန်း။
ဘန်း၊ ဘန်း ဟူသော မြည်သံကျယ်ကြီး ပေါ်ထွက်လာပြီးနောက် ရေပုံးတမျှ ထူထဲလှသော မိုးကြိုးက ငွေရောင်မြေခွေး အကြီးအကဲများကို ပစ်ခတ်တော့သည်။
တစ်ချိန်တည်းတွင် ရှေးအပျက်အစီး နယ်မြေသည် အရှိန်က ရုတ်တရက် ရပ်တန့်သွား၏။ မိုးကြိုးက ငွေရောင်မြေခွေး အကြီးအကဲများကို ထိခိုက်စေတာ သိသာသည်။ ရလဒ်အနေဖြင့် သူတို့ အစီအရင်သည် ချောချောမွေ့မွေ့ မဖော်ဆောင်နိုင်တော့ပေ။
ထို့အပြင် ၄င်းက အဆုံးသတ် မဟုတ်။ ဆန့်ကျင်ဘက်အနေဖြင့် အစမျှသာ ရှိသေးသည်။
ပြီးနောက် မိုးကြိုးတစ်ချက်ပြီး တစ်ချက် ပစ်တော့၏။
ငွေရောင်မြေခွေး အကြီးအကဲများ၏ အစီအရင်က အပြည့်အဝ ဖိနှိပ့်ခံထားရကာ ဆက်လက် မဖော်ဆောင်နိုင်တော့ပေ။
” အဖွား ”
နဥ်ယွိဟန်က ရင်ထဲ တင်းကျပ်သွားကာ လက်သီးကျစ်ကျစ် ဆုပ်လျက် သူ၏ မျက်လုံးထဲ၌ အင်မတန် စိုးရိမ်ပူပန်မှုတို့ ပြည့်နေလေ၏။
” သူတို့တွေကို မိုးကြိုးတွေ ဆက်တိုက်ခိုက်နေတာကို ခွင့်ပြုထားလို့ မရဘူး။ မဟုတ်ရင် အစီအရင် ခင်းကျင်းတာ မပြီးသေးခင် သူတို့ဒဏ်ရာပြင်းပြင်းထန်ထန် ရလိမ့်မယ် ”
သို့သော် နဥ်ယွိဟန်က ရှေ့တက်သွားတော့မည့်အချိန်၌ သူ၏ ပခုံးကို လက်ကြီးတစ်ဖက်က ရုတ်တရက် ဖိချလာ၏။
” ကြီးကြပ်သူ ”
နဥ်ယွိဟန်က လှည့်လိုက်ပြီး ယဲ့ရှောင်ကို ဇဝေဇဝါ အမူအယာဖြင့် ကြည့်လိုက်၏။
” အဲ့ဒီမိုးကြိုးက မင်း ခံနိုင်တဲ့အရာ မဟုတ်ဘူး ”
” ဒါပေမဲ့ ကျွန်တော့်ကြောင့် အဖွား ဒဏ်ရာပြင်းပြင်းထန်ထန် ရတာကို ကြည့်မနေနိုင်ဘူး။ ဒါ့အပြင် ရှေ့သွားပြီး အတူ ဒဏ်ခံပေးမဲ့သူတွေ ရှိနေသေးတာပဲ ”
” ငါ ဖြေရှင်းလိုက်မယ် ”
” မဟုတ်ဘူး။ ကြီးကြပ်သူ။ ခင်ဗျားရဲ့ ကျင့်ကြံဆင့်က အံ့ဖွယ်ချီရှန်းအဆင့်မှာပဲ ရှိလောက်သေးတာ။ ဒါကို ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။ ကျွနမာ်တော်ကလည်း အံ့ဖွယ်ချီရှန်းအဆင့်မှာဆိုပေမဲ့ ကျွန်တော့်ရဲ့ ကြယ်တာရာသားရဲ ခန္ဓာကိုယ်က အပြည့်အဝ သန့်စင်ထားပြီးသား။ ကျွန်တော်တစ်ယောက် ခံနိုင်ရည် ”
ပြောနေစဥ် နဥ်ယွိဟန်၏ စကားများက ရုပ်ချည်းရပ်တန့်သွားလေ၏။
ပြီးနောက် သူသည် သရဲ၊ တစ္ဆေတစ်ကောင်ကို မြင်တွေ့နေရသည့်ပမာ သူ့ရှေ့ရှိ ယဲ့ရှောင်ကို မယုံနိုင်မှု အပြည့်တို့ဖြင့် ကြည့်လိုက်၏။
အကြောင်းမှာ ထိုအခိုက်အတန့်တွင် ယဲ့ရှောင်၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါတို့ လျင်မြန်စွာ မြင့်တက်လာတာကို ရှင်းရှင်းလင်းလင်း ခံစားမိသောကြောင့် ဖြစ်သည်။ ထို့အပြင် မြင့်တက်လာသော အရှိန်က မြန်ဆန်လွန်းသဖြင့် ခေါင်းမွေးများ ထောင်ထသွားစေ၏။
မျက်တောင်တစ်ခတ်အတွင်းတွင် သူက အံ့ဖွယ်ချီရှန်းအဆင့်ကို ကျော်တက်သွားပြီဖြစ်မကာ ဆက်လက် မြင့်တက်နေသေးသည်။
ရှန်းထျန်းသတ္တမအဆင့်၊ ရှန်းထျန်းအဌမအဆင့်၊ ရှန်းထျန်းနဝမအဆင့်၊ ဘုရင်နယ်ပယ်။
နောက်ဆုံးတွင် ယဲ့ရှောင်၏ ခန္ဓာကိုယ် အရှိန်အဝါက သန်မာလွန်းပြီး အဆုံးတွင်မူ မည်မျှ သန်မာကြောင်း မမြင်နိုင်တော့ပေ။
” ဆရာ ဆရာ ဆရာ ဆရာ။ မင်း မင်း ”
နဥ်ယွိဟန်က သူ မြင်တာကို မယုံနိုင် ဖြစ်နေ၏။ ကြီးကြပ်သူက အလွန်သန်မာတဲ့ ဘုရင်တစ်ပါးပဲ။
ထိုမတိုင်ခင်က သူ့ကို အံ့ဖွယ်ချီရှန်းအဆင့်၌ သူ ရှိသည်ဟု အမြဲတွေးနေခဲ့တာ ဖြစ်သည်။
ရယ်စရာကောင်းသည့်အရာက သူသည် အံ့ဖွယ်ချီရှန်းအဆင့်သို့ ရောက်ပြီဖြစ်သောကြောင့် ကြီးကြပ်သူကို ကာကွယ်နိုင်ပြီ ခံစားခဲ့မိတာပဲ ဖြစ်သည်။ ယခု ကြည့်လိုက်ရာ သူသည် ကြီးကြပ်သူ၏ ဖိနပ်သယ်ပေးဖို့တောင် တန်ပုံမရပေ။
ထင်တဲ့အတိုင်း ကြီးကြပ်သူကတော့ ကြီးကြပ်သူ ဖြစ်ဖို့ ထိုက်တန်ပါပေတယ်။ သူက ကြီးကြပ်သူနောက် လိုက်ရတဲ့ လက်အောက်ငယ်သား ဖြစ်နေသေးတုန်းပဲ။
ယဲ့ရှောင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
” ဘာလဲ။ မင်း ငါ့ကို မမှတ်မိလို့လား ”
” မဟုတ်ပါဘူး။ မယုံနိုင်စရာ ကောင်းလွန်းတယ်လို့ ကျွန်တော် ခံစားမိရုံပဲ။ ကြီးကြပ်သူက တကယ်အစွမ်းထက်တဲ့ ပါရမီရှင် သိုင်းပညာရှင်တစ်ယောက်ပဲ။ အခုချိန်မှာ ကျွန်တော့် ရင်ထဲက ခံစားချက်ကို မဖော်ပြနိုင်ဘူး။ ခင်ဗျားက တကယ်ကြီး ကျွန်တော်သိတဲ့ ကြီးကြပ်သူလား ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” ငါ အမြဲတမ်းပါပဲ ”
ပြောပြီးသည်နှင့် အတွေးတစ်ချက်ဖြင့် သူ၏ ခန္ဓာကိုယ်သည် ငွေရောင်မြေခွေးမျိုးနွယ်၏ အကြီးအကဲများအထက်၌ ပေါ်လာ၏။ ငွေရောင်မြေခွေးမျိုးနွယ်၏ အကြီးအကဲများ ခံစားနေရသော ဖိအားက ရုတ်တရက် ပျောက်ကွယ်သွားသည်။ အစီအရင်က ဆက်လက် လည်ပတ်နေပြီး ဧကရာဇ်နယ်ပယ် အပျက်အစီး၏ နောက်ဆုံးအပိုင်းကလည်း အပြည့်အဝ ပေါ်လာတော့သည်။
ယဲ့ရှောင်အတွက်မူ သူက လက်တစ်ဖက်မြှောက်ပြီး လက်သီးဖြင့် ထိုးလိုက်၏။
ကောင်းကင်ခွင်းလက်သီး ပေါ်လာပြီး ကြီးမားသည့် လက်ဝါးရာကြီးက ကောင်းကင်ထဲ ရုတ်တရက် မြင့်တက်သွား၏။ ထို့အပြင် ၄င်းက မြင့်တက်သွားစဥ် သူကိုယ်တိုင် ဆက်လက် ချဲ့ထွင်နေ၏။ ကောင်းကင်ဆီ ရောက်သည့်အချိန်၌ မိုးကြိုးတိမ်တိုက်များအားလုံးကို ကာလိုက်တော့သည်။
ဖုန်း။
နောက်ဆုံးတွင် လက်သီးအလင်းနှင့် မိုးကြိုးတိမ်တိုက် တိုက်မိသွား၏။ ချက်ချင်းပင် မိုးကြိုးတိမ်တိုက်များ တစ်စစီ ဖြစ်သွားသည်။
လက်သီးတစ်ချက်။ လက်သီးတစ်ချက်မျှဖြင့် ၄င်းသည် ငွေရောင်မြေခွေးမျိုးနွယ်၏ သိုင်းပညာရှင်များကို ခေါင်းကိုက်စေခဲ့သော မိုးကြိုးတိမ်တိုက်ကို ချက်ချင်း ဖြိုခွင်းခဲ့၏။
ထိုနည်းစနစ် မည်မျှ သန်မာသနည်း။
ကောင်းကင်ထဲရှိ နေအလင်းရောင်က ထပ်မံ ဖြန့်ကြန့်လာပြီး ယဲ့ရှောင်၏ ကိုယ်ပေါ် ရောက်လာစဥ် နတ်ဘုရားတစ်ပါး ဆင်းသက်လာသည်ဟု ထင်မှတ်ရတော့၏။
ထိုအခိုက်အတန့်တွင် ငွေရောင်မြေခွေးမျိုးနွယ်၏ အဖွဲ့ဝင်များအားလုံးက နတ်ဘုရားတစ်ပါးကို မြင်တွေ့ရသည့်ပမာ ခံစားလိုက်ရသည်။
မြေခွေးဘုရင်မနှင့် ကျန်သည့်သူများက အင်မတန် ထိတ်လန့်သွား၏။ ဧကရာဇ်နယ်ပယ် အပျက်အစီးနယ်မြေက အပြည့်အဝ ချဲ့ထွင်လိုက်သည့်အချိန်တွင် သူတို့က အစီအရင်ကို ထိန်းသိမ်းထားဆဲဖြစ်ကာ မရပ်တန့်သွားပေ။
ဒီလူက ယဲ့ရှောင်လား။ သူတို့က ယဲ့ရှောင်ကို အံ့ဖွယ်ချီရှန်း ယဲ့ရှောင်လို့ပဲ အမြဲတမ်း သဘောထားခဲ့တာလေ။ သူက ဘုရင်နယ်ပယ်အထက်က အလွန်အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။
ဒီကျင့်စဥ်နဲ့ဆို သူက ဧကရာဇ်နယ်ပယ် မဟုတ်ရင်တောင် ဘုရင်နယ်ပယ် အထွတ်အထိပ်မှာရှိပြီး ဧကရာဇ်နယ်ပယ်အဆင့်အောက် ကျွမ်းကျင်သူတစ်ယောက်ပဲ။
အန္တရာယ်ပေးနိုင်ပုံ မပေါ်။ အတော်လေး ချောမောခန့်ညားပြီး နူးညံ့သိမ်မွေ့တဲ့ လူသားကောင်လေးက သူတို့ ဒီငွေရောင်မြေခွေးမျိုးနွယ်တစ်ခုလုံးကို မော်ကြည့်နိုင်တဲ့ ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ယောက်တဲ့လား။
” ကြီးကြပ်သူ ”
နဥ်ယွိဟန်က လက်သီးကျစ်ကျစ် ဆုပ်လိုက်ပြီး သူ၏ မျက်လုံးများက နီရဲသွားလေ၏။ ယခုအချိန်တွင် သူက ယဲ့ရှောင်၏ ခွန်အားကြောင့် ထိတ်လန့်သွားရုံသာမက
ယဲ့ရှောင်၏ ခွန်အားကိုလည်း ဂုဏ်ယူဝင့်ကြွားမိကာ စိတ်ထဲ ခံစားမိသွားသည်။
အကြောင်းမှာ ကြီးကြပ်သူက သူက အမြဲတမ်း သူ၏ ကြီးကြပ်သူ ဖြစ်နေမည်ဟု ပြောခဲ့သောကြောင့် ဖြစ်သည်။ ယင်းက သူ့တစ်ဘဝလုံး၏ ဂုဏ်တက်စရာပဲ ဖြစ်သည်။

အပိုင်း ၂၉၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset