Switch Mode

Chapter – 293

ငွေရောင်မြေခွေးတောင်ကြား၏ ဆန်းကြယ်သော ဒဏ္ဍာရီ။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၉၃ ငွေရောင်မြေခွေးတောင်ကြား၏ ဆန်းကြယ်သော ဒဏ္ဍာရီ။

ဆန်းကြယ်ကြိုးကြာ ရှေ့တက်လာတာကို မြင်တွေ့သည့်အချိန်၌ ကြယ်တာရာသားရဲများ၏ မျက်လုံးတို့က လက်သွားလေ၏။
” အဟုတ်ပဲ။ ဆန်းကြယ်ကြိုးကြာက အံ့ဖွယ်အဆင့်အောက် သားရဲတစ်ကောင်ပဲ။ သူရှေ့ထွက်တာက ပိုသင့်တော်တယ် ”
” ငွေရောင်မြေခွေးတောင်ကြားရဲ့ မြေခွေးကလည်း အံ့ဖွယ်အဆင့်အောက် သားရဲတစ်ကောင်ပဲ။ ငွေရောင်မြေခွေးတောင်ကြားက ရှန်းထျန်း နဝမအဆင့် ချီရှန်းတစ်ယောက်ဖြစ်တဲ့ အစ်မ ပိုးကျောက်စိမ်းယုန်ကို ရင်ဆိုင်တဲ့အချိန် သူတို့ဆီမှာ ဝှက်ဖဲတချို့ ရှိကောင်းရှိလောက်တယ်။ ဒါပေမဲ့ သူတို့တွေ ဆန်းကြယ်ကြိုးကြာကို ရင်ဆိုင်တဲ့အချိန် အနိုင်ရနိုင်ချေ မရှိဘူး ”
” ဆန်းကြယ်ကြိုးကြာ ဒီတစ်ခေါက် နင့်ပေါ် မူတည်သွားပြီ ”
ဆန်းကြယ်ကြိုးကြာက တည်ကြည်စွာ ခေါင်းညိတ်လိုက်၏။ သူမ၏ အေးစက်စက် လှပသော မျက်နှာ၌ ယုံကြည်ချက်များ ပြည့်နေတော့သည်။
” ငွေရောင်မြေခွေးတောင်ကြား။ နင်တို့တွေ ရတနာကို လက်ဝါးကြီးအုပ်ချင်ရင် ဒါ လုံးဝမဖြစ်နိုင်ဘူး ”
ညအချိန်သို့ လျင်မြန်စွာ ရောက်ရှိလာ၏။
ယဲ့ရှောင်က အိပ်ယာပေါ်တွင် လှဲလျက် မျက်နှာကျက်ကို မင်သက်စွာ စိုက်ကြည့်နေသည်။
ယုန်သားက စားကုန်သွားပြီ ဖြစ်သည်။ အရိုးများ၊ ကြယ်အမြုတေနှင့် ဝိညာဥ်သာလျှင် ကျန်ရစ်တော့သည်။ ၄င်းတို့ကို သူ၏ သိုလှောင်လက်စွပ်ထဲ၌ သိမ်းထား၏။ ဤနည်းဖြင့် မြေပြင်ပေါ်သို့ ပြန်ရောက်ချိန်၌ သူသည် သူမကို အသက်ပြန်သွင်းပေးကာ သူမ၏ ရင်းမြစ်များကို ဆက်လက် စုဆောင်းရန် မွေးမြူရေးကွင်းသို့ ခေါ်သွားနိုင်သည်။
လူသားများသည် ထိန်းထားနိုင်သော ဖွံ့ဖြိုးတိုးတက်မှု လမ်းစဥ်ကို လျှောက်လှမ်းရမည်။ ထိန်းထားသည့် ဖွံ့ဖြိုးတိုးတက်မှုကသာလျှင် အောင်မြင်ဖို့ သေချာလိမ့်မည်။
ကံဆိုးသည်မှာ ပိုးကျောက်စိမ်းယုန်၏ ကြယ်အမြုတေ၌ သင့်တော်သည့် ကျင့်စဥ် မရှိပေ။ ကိုယ်ဖော့သိုင်းတစ်မျိုးသာရှိပြီး ယဲ့ရှောင်က ကိုယ်ဖော့သိုင်း မလိုအပ်ချေ။ ထို့ကြောင့် ၄င်းက အသုံးမဝင်ချေ။
သူသည် ဘုရင် ကျူး ၏ ဧကရာဇ်နယ်ပယ် အမွေအနှစ် မည်သည့်အချိန်တွင် ပွင့်မည်ဆိုတာ မသိပေ။ ရက်အနည်းငယ်သာ ရှိသေးသော်ငြား ဤနေရာတွင် နည်းနည်း ပျင်းရိစရာ ကောင်းလွန်းနေ၏။
သူက ပျင်းရိနေစဥ် ရုတ်တရက် မျက်ဝန်းများ အနည်းငယ် မှေးကျဥ်းသွားသည်။
တစ်စုံတစ်ယောက် ရောက်လာ၏။
ပြတင်းပေါက်က အနည်းငယ် အက်ကွဲသွားပြီး လရောင်က အထဲသို့ ဝင်ရောက်လာသည်။ လရောင်နှင့်အတူ ခြေတံရှည်တစ်ခုလည်း ရောက်လာ၏။ အလွန်ရှည်ကာ အနည်းဆုံး ၄ပေခန့် ရှိသည်။ အလွန်လည်း ဖြူစွတ်နေ၏။ ရင်ဘက်ရှိ လရောင်အောက်တွင် ရောင်ပြန်ဟပ်နေပြီး လင်းလက်သော အရောင်ဖျော့ဖျော့ ဖြာထွက်နေ၏။
ယဲ့ရှောင်၏ အကြည့်တို့က အနည်းငယ် လှုပ်ရှားသွား၏။
အရှည်ကြီးပဲ။
လေပြေတစ်ချက်အဝေ့တွင် သင်းပျံ့သော ရနံ့တို့ ရောက်လာလျက် ယဲ့ရှောင်၏ နှာခေါင်းဝထဲ ဝင်ရောက်လာသည်။
မွှေးလိုက်တာ။
ထိုအနံ့သည် နှမ်းဆီ သို့မဟုတ် အကူပစ္စည်းများတောင် မလိုအပ်ချေ။ အပူရှိန်ပြင်းပြင်းဖြင့် နပ်ပြီး အသားနူးသွားသည်အထိ ချက်ထားဖို့သာ လိုအပ်သည်။ ပြီးနောက် ငရုတ်ကောင်းမှုန့်အနည်းငယ်ဖြူးပြီးနောက် သံပရာရည် အနည်းငယ်ညှစ်ကာ လတ်ဆတ်သည့် အရသာကို တိုးစေလိမ့်မည်။ ဆီလျှော့ချခြင်းက ကောင်းမွန်သည့် ဟင်းတစ်အိုးဖြစ်မှာ သေချာ၏။
ပြတင်းပေါက်က အပြည့်အဝ တွန်းဖွင့်ခံလိုက်ရပြီးနောက် ဆန်းကြယ်ကြိုးကြာ၏ လှပသော ခန္ဓာကိုယ်က ပေါ်လာပြီး သူမ၏ အေးစက်စက် ကျက်သရေရှိသော မျက်နှာတို့က ယဲ့ရှောင်၏ မျက်လုံးထဲ ရောင်ပြန်ဟပ်နေ၏။
သူမသည် ယဲ့ရှောင်၏ မျက်လုံးထဲရှိ အပူကို တစ်ချက်ကြည့်ပြီးနောက် သူမ၏ မျက်လုံးထဲ၌ လှောင်ပြောင်မှု အထင်သေးမှု အရိပ်အယောင်တို့ ရှိနေသည်။
ထင်တဲ့အတိုင်းပဲ။ ဘယ်ယောင်္ကျားမှ မကောင်းဘူး။
သူမကို ကြည့်နေတဲ့ ပုံက ကြွက်တစ်ကောင်ကို မြင်တဲ့ ကြောင်တစ်ကောင်လိုပဲ။
ပုံမှန်ဆို သူမရဲ့ စိတ်နေစိတ်ထားနဲ့ ယဲ့ရှောင်လို လူကို တစ်ချက်တောင် ကြည့်မှာ မဟုတ်ဘူး။
သို့သော် ယခုအချိန်တွင် သူမ၌ ရွေးချယ်စရာ မရှိပေ။ အဖြေရှာရန်အတွက် သူမ၏ ဂုဏ်သိက္ခာကို စတေးဖို့သာ ရွေးချယ်နိုင်၏။
ထိုအကြောင်းကို တွေးမိပြီး သူမ ဖြစ်ညှစ်ပြုံးလိုက်တော့သည်။ ကျန်သည့် ခြေတစ်ဖက်ကလည်း အလွယ်တကူ ဝင်လာကာ ယဲ့ရှောင်ဆီ ဖြည်းဖြည်းချင်း လျှောက်သွားတော့သည်။
” လူသားမျိုးနွယ်ရဲ့ လူငယ်လေး ဒီမှာ တစ်ယောက်တည်း အထီးကျန်နေမှာပဲ ဟုတ်တယ်မလား။ တို့ ဒီကို လာပြီး ရှင်နဲ့ ဆော့ပေးတာလေ ”
သူမ ပြောပြီးချိန်၌ သူမ၏ မျက်ဝန်းများက အလင်းရောင်ခြည်တို့ဖြင့် ရုတ်တရက် လွှမ်းခြုံသွားလေ၏။
ထိုတလက်လက် တောက်ပနေသော အလင်းရောင်သည် သူမကို မျက်ဝန်းများ မှေးကျဥ်းသွားစေ၏။ ပြီးနောက် သူမ၏ လည်ပင်း၌ စူးရှသည့် နာကျင်မှုကို ခံစားလိုက်ရကာ မြေကြီးပေါ် ပြင်းထန်စွာ ပြုတ်ကျသွားလေ၏။
” ဘာ ”
သူမ ရင်ထဲ၌ ဇဝေဇဝါ ဖြစ်သွားလေ၏။ သူမသည် ခေါင်းမရှိသည့် ကြိုးကြာနှင့် သူမ၏ ခေါင်းက မြေကြီးပေါ် တွင် ပြုတ်ကျနေတာကိုသာ တွေ့လိုက်ရပြီး သူမ အသတ်ခံလိုက်ရမှန်း နားလည်သွား၏။
သူမ အသတ်ခံလိုက်ရတယ်လား။ ချက်ချင်းလေ။ ဒီလို ရယ်စရာတဲ့လား။
သူမက ယင်ကောင်လေး မဟုတ်ဘူးလေ။ အံ့ဖွယ်အဆင့်အောက်သားရဲတစ်ကောင်။ ဘုရင်နယ်ပယ်အဆင့်အောက် လူသားတစ်ယောက်နဲ့ ယှဥ်နိုင်တဲ့ သိုင်းပညာရှင်တစ်ယောက်လေ။ သူမက ဒီလောက် အလွယ်တကူ အသတ်ခံရတယ်လား။ ဒါ့အပြင် ပြိုင်ဘက်ရဲ့ တိုက်ကွက်ကိုတောင် ရှင်းရှင်းလင်းလင်း မတွေ့ရဘူးလေ။ ရန်သူရဲ့ အရှိန်က ဒီလောက် မြန်နေတာလား။
မဟုတ်ဘူး။ နေပါဦး။ သူမ တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားပုံပဲ။
ဘာကြောင့်လဲ။ ငွေရောင်မြေခွေးတောင်ကြားထဲမှာ လူသားတစ်ယောက် ပေါ်လာတာလား။ ငွေရောင်မြေခွေးမျိုးနွယ်က လူသားတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိရင်တောင် ဒီအတိုင်း မဖြစ်လောက်ဘူးလေ။ ကြုံရာလူတစ်ယောက် ပေါ်လာတာ။ ဒါ့အပြင် နောက်ထပ်အရေးကြီးတဲ့ တစ်ချက်ရှိသေးတယ်။ ကြည့်ရတာ မြေခွေးတွေက ဒီလူကို သိပ်ကို လေးစားတဲ့ပုံပဲ။ သူမလို သူစိမ်းတစ်ယောက်ဆိုရင် သူတို့ ဒီလောက် လေးစားမှာ မဟုတ်ဘူး။ ဆိုလိုတာက ဒီလူသားက အလွန်သန်မာတာပဲ ဖြစ်ရမယ်။ ဒါကြောင့် သူမ သူ့ကို မလေးမစား မပြုနိုင်လောက်အောင် သန်မာတာ။
သူမတောင် သူ့ကို လေးစားရရင် သူ့ရဲ့ ကျင့်ကြံဆင့်က ဘယ်လောက် အစွမ်းထက်မလဲ။
ဘုရင်နယ်ပယ်လား။
ဒါမှမဟုတ် ဘုရင်နယ်ပယ်အထက်လား။
ယခုအချိန်တွင် ဆန်းကြယ်ကြိုးကြာသည် သူမ အလွန်တုံးအသည်ဟု ခံစားလိုက်မိသည်။ တုံးအလွန်းသောကြောင့် သူမ ခံနိုင်ရည် မရှိတော့ပေ။ မဟုတ်။ သူတို့အားလုံး တုံးအ၏။
သူမ ခန့်မှန်းတာ မှန်မည်ဆိုလျှင် ပိုးကျောက်စိမ်းယုန်သည် အသတ်ခံလိုက်ရတာ သေချာ၏။
ထိုလူက တကယ် နှာဘူးစစ်စစ်ပဲ ဖြစ်သည်။ ပိုဆိုးသည်က သူသည် အမျိုးသမီးများကို မကြိုက်။ သူက သူတို့ကို သားကောင်အနေဖြင့် သဘောထားတာပဲ ဖြစ်သည်။
သူမက ဒီလို လူရဲ့ အဆင့်ကို ဘာကြောင့် ရန်စခဲ့မိတာလဲ။ သူမသာ ဒီလူရဲ့ အဆင့်ကို ရန်မစခဲ့မိရင် အနည်းဆုံးတော့ အသက်ကောင်းကောင်းရှင်နိုင်ဦးမယ်။
ကံဆိုးတာက ဒီကမ္ဘာပေါ်မှာ အကယ်၍ဆိုတာ မရှိဘူးလေ။ သူမ ဆက်ပြီး မစဥ်းစားနိုင်တော့ပေ။ သူမ၏ အသိစိတ်တို့က ဖြည်းဖြည်းချင်း နစ်မြုပ်သွားပြီးနောက် ခြေရာလက်ရာ မကျန်ပဲ အမှောင်ထုထဲ အလွန်လျင်မြန်စွာ ပျောက်ကွယ်သွားလေ၏။
သူမ၏ ထိတ်လန့်မှု အံ့အားသင့်မှုတို့နှင့် မတူပဲ ယဲ့ရှောင်က အလွန်စိတ်လှုပ်ရှားနေသည်။
ထူးဆန်းလိုက်တာ။ လတ်တလော ငါ့ကံက အတော်ကောင်းနေတဲ့ပုံပဲ။ ဘာကြောင့်များ ငါလိုချင်တဲ့ အရာကို ရနေတာပါလိမ့်။ ဒါက ငါ့ရဲ့ စိတ်ကူးယဥ်မှုများလား။
ထားလိုက်တော့။ ဘယ်သူက ဂရုစိုက်မှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ အိမ်တံခါးအဝ အရောက်လာပို့တာ ကြယ်ရာသားရဲတွေပဲလေ။ သူနဲ့ ဘာမှမဆိုင်ဘူး။
သူမသည် သူ့ကို အရင်ချက်ပြုတ်ရန် စဥ်းစားလိုက်၏။ ကြိုးကြာသားက ရင့်ပြီး အသားနပ်ရန် မလွယ်ကူချေ။ မီးပြင်းပြင်းဖြင့် အချိန်အတော်ကြာ နပ်ပြီးမှ မွှေးရနံ့ လုံလောက်အောင် ရနိုင်လိမ့်မည်။
ထိုအရာအပြင် ယဲ့ရှောင်ကို ပျော်ရွှင်စေသည့် နောက်ထပ် အကြောင်းအရင်းတစ်ခု ရှိသေးသည်။ သူသည် ဆန်းကြယ်ကြိုးကြာ၏ ကြယ်အမြုတေကနေ ကျင့်စဥ်အသစ် ရလိုက်၏။
တော်ဝင်အဆင့် ခြေသိုင်း၊ ကောင်းကင်ခွင်း ရိုက်ချက်ပဲ ဖြစ်သည်။
ယင်းက အလွန်အစွမ်းထက်သော ခြေသိုင်းဖြစ်ပြီးအစွမ်းထက်သော ကန်ချက်နှင့် ယှဥ်နိုင်၏။
သို့သော်ငြား ဖိအားပြင်း ကန်ချက်က စွမ်းအင်ကို သိုလှောင်သည့် တိုက်ကွက်ဖြစ်ပြီး စွမ်းအင် ပိုသိုလှောင်လေ ပိုပြီး အစွမ်းထက်လေ ဖြစ်၏။
ကောင်းကင်ခွင်း ရိုက်ချက်ကမူ တစ်ချိန်တည်း တိုက်ခိုက်တာဖြစ်ပြီး ပစ်မှတ်ကို ချက်ချင်း ထိခိုက်စေ၏။
ထိုစွမ်းအားသည် ဖိအားပြင်း ကန်ချက်ထက် အားနည်းသည်ဟု မဆိုနိုင်ပေ။ အဓိကအကြောင်းအရင်းက ယင်းက ရုပ်ချည်းတိုက်ခိုက်မှုဖြစ်ပြီး ခန္ဓာကိုယ်၏ ခွန်အားပေါ် လိုအပ်ချက် မြင့်မားသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ယဲ့ရှောင်က ခန္ဓာသန့်စင်ခြင်းကျင့်စဥ်၊ ဖျက်ဆီး၍ မရသော စိတ်နတ်ဘုရားသိုင်း ရှိ၏။ သူ၏ ခန္ဓာသန့်စင်ခြင်းကျင့်စဥ်နှင့် ပေါင်းခဲ့လျှင် ထိုခြေသိုင်းက သေချာပေါက် ထိတ်လန့်စေရန် လုံလောက်နေပြီးသား ဖြစ်သည်။
အချိန်တို့က ကြယ်ဆုံသော ကောင်းကင်ထဲ၌ အလွန်လျင်မြန်စွာ ကုန်ဆုံးနေပုံရသည်။
ယဲ့ရှောင်သည် ကိစ္စရပ်များစွာကို တွေ့ကြုံခဲ့ပြီး မရပ်တန့်သောကြောင့် ဖြစ်ဟန်တူသည်။ ထို့ကြောင့် အချိန်လျင်မြန်စွာ ကုန်ဆုံးနေတာဟု ခံစားမိ၏။ မရည်ရွယ်ပဲ နောက်တစ်နေ့သို့ ရောက်လာသည်။
ယခုအခေါက်တွင် မထင်မှတ်ထားပဲ ထိုကြယ်တာရာသားရဲများသည် သူ့ကို လာပြီး နားပူနားဆာ မတိုက်တော့ပေ။ ပိုးကျောက်စိမ်းယုန် ပျောက်ကွယ်သွားစဥ်က မနေ့တုန်းက အခြေအနေနှင့် လုံးဝမတူတော့ပေ။
ယဲ့ရှောင်သည် သူတို့ သူ့ကို မသေချာမရေရာပဲ ထိန်းသိမ်းထားရန် ကြိုးစားနေသလားဆိုတာ ယဲ့ရှောင် မသိသော်ငြား သူက စိတ်အနှောက်အယှက်ဖြစ် မခံပေ။ သူတို့ သူ့ကို ရန်လာမစသရွေ့ ကိစ္စကောင်းပဲ ဖြစ်နေလိမ့်မည်။ ထိုအရာနှင့် ယှဥ်ကြည့်လျှင် ယဲ့ရှောင်ကတော့ သူတို့ သူ့ကို ရန်လာစစေချင်၏။ ဤနည်းဖြင့် သူက ဟင်းလျာများ ပိုစုဆောင်းနိုင်လိမ့်မည်။
ဘေးအခန်းရှိ အထူးဧည့်သည်တော် အဆောက်အဦး၌ ကြယ်တာရာသားရဲအချို့သည် လေးနက်တည်ကြည်သော အမူအယာဖြင့် စုစည်းနေလေ၏။ အခြေအနေက အင်မတန် ပြင်းထန်နေ၏။
” ဆန်းကြယ်ကြိုးကြာလည်း ပြန်မလာဘူး ”
ပြန်မလာသည့်သူက ရှန်းထျန်း နဝမအဆင့် ပိုးကျောက်စိမ်းယုန်သာဆိုလျှင် သူတို့ နားလည်နိုင်သေးသည်။
ဆိုရလျှင် ပိုးကျောက်စိမ်းယုန်က ရှန်းထျန်း နဝမ အဆင့်၏ ခွန်အားသာရှိ၏။ သို့သော် ဆန်းကြယ်ကြိုးကြာကမူ အံ့ဖွယ်အဆင့်အောက်သားရဲတစ်ကောင် ဖြစ်သည်။
” အခု ဒီနေရာအကြောင်း ထူးဆန်းတာတစ်ခုခု ရှိနေတာ သေချာတယ် ”
” မင်း ဒဏ္ဍာရီတစ်ခု ကြားဖူးလား။ ဟိုးအရင့်အရင်တုန်းကလေ။ ငွေရောင်မြေခွေးမျိုးနွယ်ရဲ့ ဘိုးဘေးတစ်ယောက်က ကြယ်တာရာသားရဲတွေနဲ့ တခြားမျိုးနွယ်ရဲ့ လူသားတွေကို ဒီနေရာကို လာအောင် မြှားဖို့ ထင်ယောင်ထင်မှားတွေ ဖန်တီးဖို့ သူ့ရဲ့ စွမ်းရည်တွေ သုံးခဲ့တယ်တဲ့။ ပြီးတော့ သူက သူတို့ အရိုးတောင် မကျန်တဲ့အထိ သူတို့ကို အရှင်လတ်လတ် စားပစ်လိုက်တာ ”
ကျန်သည့် ကြယ်တာရာသားရဲများက တုန်ယင်သွားများသည်။
” ဖ။ အဲ့ဒီအကြောင်း မနှောက်နဲ့။ အရမ်းကြောက်ဖို့ ကောင်းတာပဲ ဟုတ်ပြီလား ”
” နှောက်နေတာ မဟုတ်ဘူး။ အရင်တုန်းက ငါ အဲ့ဒီ ဒဏ္ဍာရီကို ကြားဖူးတယ်။ အခုချိန်မှာ အကြီးမားဆုံး ပြဿနာက သူတို့တစ်ယောက်တည်း သွားပြီဆိုတာနဲ့ ပိုးကျောက်စိမ်းယုန်နဲ့ ဆန်းကြယ်ကြိုးကြာတို့က ခြေရာလက်ရာ မကျန်ပဲ ပျောက်သွားတာပဲလေ။ ငွေရောင်မြေခွေးတောင်ကြားထဲမှာ သရဲ၊ တစ္ဆေမရှိရင် ငါ ဒါကို သေချာပေါက် ယုံမှာ မဟုတ်ဘူး ”
” အဲ့ဒီ သေသင့်တဲ့ မြေခွေးမတစ်စု။ သူတို့တွေက ကြည့်တော့သာ ဘယ်လိုသေရမလဲဆိုတာ မသိတဲ့ပုံနဲ့ သူတို့ ဒီလောက် အကြင်နာတရား ကင်းမဲ့လိမ့်မယ်လို့ ငါ မထင်ထားဘူး ”
” သူတို့တွေက အစောတည်းက ငါတို့ကို မျက်စိကျနေပြီးသား ဖြစ်မယ် ”
” မြန်မြန် ထွက်သွားကြရအောင်။ ငါတို့ ဒီမှာ ကြာကြာနေရင် တစ်ကိုယ်လုံး ကြက်သီးထလာတာကို ခံစားမိတယ် ”
ထိုစဥ် တံခါးအပြင်ဘက်ကနေ မြေခွေးဘုရင်မ၏ အသံက ပေါ်ထွက်လာ၏။
” ညီအစ်မတို့ နိုးကြပြီလား ”
လူတိုင်းက စိတ်လေးသွားတော့သည်။
” သေစမ်း။ သူ ရောက်လာပြီ ”
” အခုအချိန် ငါတို့မှာ အံ့ဖွယ်အဆင့်အောက် သားရဲတစ်ကောင်နဲ့ ရှန်းထျန်း နဝမ အဆင့် နှစ်ကောင်ရှိသေးတယ်။ သူတစ်ခုခုလုပ်ချင်ရင် ငါတို့ သူ့ကို ခုခံနိုင်စရာ အကြောင်းမရှိဘူး ”
” သူက ဆန်းကြယ်ကြိုးကြာကို သတ်ပြီးတာကြောင့် ငါတို့ကို ဖြေရှင်းဖို့ ဒီရောက်လာတာ ဖြစ်နိုင်တယ်။ ငါတို့ ခွန်အားက ငွေရောင်မြေခွေးတောင်ကြားကို ခုခံဖို့ မလုံလောက်တာကို သိနေတာ ”
” ငါတို့ ဒီမှာ ကြာကြာ မနေသင့်လောက်ဘူး .. ပြေး ”
ကြယ်တာရာသားရဲများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်၏။ သူတို့ အတွေးများကို အတည်ပြုပြီးနောက် ချက်ချင်းပင် ငွေရောင်အလင်းတန်းအဖြစ် အသွင်ပြောင်းကာ ပျောက်ကွယ်သွား၏။ သူတို့ အရှိန်က မြန်ဆန်လွန်းသောကြောင့် အထူးဧည့်သည်တော် အဆောက်အဦးကိုတောင် တိုက်မိသွားသည်။ သူတို့က မြေခွေးဘုရင်မကို စကားပြောရန် အခွင့်အရေးတောင် မပေးခဲ့ချေ။
” ”
သူမက ချက်ချင်း အံ့သြဆွံ့အသွား၏။
ဘာတွေဖြစ်နေတာလဲ။ သူမ အသံကြားတာနဲ့ သူတို့ ဘာကြောင့် ပြေးသွားတာလဲ။ ဘာကြောင့် ဒီလောက် မြန်မြန် ပြေးရတာလဲ။
သူမက မိစ္ဆာနတ်ဆိုးမှ မဟုတ်တာ။ သူမ ဒီလောက် ကြောက်ဖို့ကောင်းလို့လား။
နေပါဦး။ ခဏလေး။ သူတို့တွေက ငွေရောင်မြေခွေးတောင်ကြားရဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့သွားတာလား။ မဟုတ်ရင် သူတို့ ဘာကြောင့် ဒီလောက် လိပ်ပြာမသန့် ဖြစ်နေမှာလဲ။ သူတို့ သူမကို မြင်တာနဲ့ ထွက်ပြေးတယ်တဲ့လား။ သူတို့ ငွေရောင်မြေခွေးတောင်ကြားထဲမှာ မနေ့ညတုန်းက တစ်ခုခုကို အာရုံခံမိလိုက်တာမလား။
သေစမ်း။ အဆုံးကြ ငါ အမှားလုပ်မိလိမ့်မယ်လို့ မထင်ထားဘူး။ ဘယ်နေရာမှာ မှားသွားတာလဲ။ အားလုံးကို သင့်တော်အောင် စီစဥ်ထားတာလေ။
ထားလိုက်တော့။ အခု အဲ့ဒီအကြောင်း စဥ်းစားရမဲ့အချိန် မဟုတ်ဘူး။
သူတို့ မသိရင်တောင် သူတို့ တစ်စုံတစ်ခုအကြောင်း သိပြီးနေတာ ဖြစ်ရမယ်။ အချိန်ကိုက်ပြီး ဒါကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခု စဥ်းစားရမယ်။
ထိုမေးခွန်းကို တွေးနေစဥ် မြေခွေးဘုရင်မ၏ အမူအယာက ရုပ်ချည်းပြောင်းလဲသွားပြီး အလွန်လေးနက်တည်ကြည်သွား၏။
” သေစမ်း။ သူတော်စင်သားတော်ကို မြန်မြန် အကြောင်းကြား။ ပြီးတော့ မစ္စတာယဲ့ကို အရေးကြီးကိစ္စ ဆွေးနွေးစရာရှိတယ်ဆိုတဲ့ အကြောင်းကိုလည်း အကြောင်းကြားလိုက်ဦး ”

အပိုင်း ၂၉၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset