အပိုင်း ၂၉၂
ကံကောင်းမှုကြီး ယနေ့ည ညစာ
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားပြီးနောက် ဒုတိယမြောက်နေ့ ရောက်လာ၏။ သို့သော် ယနေ့ ငွေရောင်မြေခွေးတောင်ကြားသည် မနေ့ကလောက် ငြိမ်းချမ်းမနေပ။ ဆူညံသံအချို့တောင် ရှိနေ၏။
နံနက်စောစော၌ ယဲ့ရှောင်သည် အထူးဧည့်သည်တော် အဆောက်အဉီးကနေ ရှိုက်သံအချို့ကို ကြားနေရ၏။
” အစ်မပိုးကျောက်စိမ်းယုန်က မနေ့က အဆင်ပြေနေသေးတာ။ ဒီနေ့ ဘာကြောင့် ရုတ်တရက် ပျောက်သွားရတာလဲ ”
” ဟုတ်သား။ ပိုးယုန်ကျောက်စိမ်းက
ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ချီရှန်းတစ်ယောက်လေ။ သူ ဘယ်လိုလုပ် ရုတ်တရက်ကြီး ပျောက်သွားနိုင်ရတာလဲ ”
” ညီအစ်မတို့ စိတ်မပူကြနဲ့။ ဒီကိစ္စကို အစ်မတို့ ငွေရောင်မြေခွေးမျိုးနွယ်က အမှန်တရားကို သေချာရှာဖွေဖော်ထုတ်ပေးပြီး လူတိုင်းကို ဖြေရှင်းချက်တစ်ခု ပေးမယ် ”
ယင်းက မြေခွေးဘုရင်မက သူတို့ကို နှစ်သိမ့်ပေးနသည့် စကားပဲ ဖြစ်သည်။
ယဲ့ရှောင်သည် ပြဿနာတစ်ရပ်ကို တွေးတောနေစဉ် သူ့လက်ထဲ၌ ယုန်ခြေထောက်တစ်ဖက်ကို ဝါးနေလေ၏။ ကြယ်ဆုံသော ကောင်းကင်အတွင်းရှိ ကြယ်တာရာသားရဲအရေအတွက်သည် လူသားကမ္ဘာရှိ လူသား၏ အရေအတွက်ထက် များ၏။ ဤနှုန်းအရ ယခုအချိန်တွင် ကြယ်တာရာသားရဲများက ခွန်အားအရာ အကြွင်းမဲ့ တစ်ပမ်းသာနေပေသည်။ ထို့ကြောင့် လူသားမျိုးနွယ်ပေါ် ကြီးမားသည့် သက်ရောက်မှုကြီးတစ်ခု ဖြစ်စေကာ လူသားမျိုးနွယ်အဖို့ ကြယ်တာရာသားရဲများကို ကြောက်နေရပြီး ကြယ်တာရာသားရဲများ၏ သားကောင်ဖြစ်လာလိမ့်မည်။ သို့သော်ငြား အခြေအနေ ပြောင်းပြန်လှန်သွားလျှင် မည်သို့ဖြစ်မည်နည်း။
လူသားမျိုးနွယ်၏ ခွန်အားသည် ကြယ်တာရာသားရဲများကိုကျော်တက်သွားခဲ့လျှင် လူသားမျိုးနွယ်နှင့် ကြယ်တာရာသားရဲကြားရှိ လက်ရှိ ဆက်ဆံရေးကို ပြောင်းလဲနိုင်မည်လော။
လူသားမျိုးနွယ်ကို မုဆိုးများ ဖြစ်ခွင့်ပေးလိုက်ပြီး ကြယ်တာရာသားရဲများကို သားကောင်များ ဖြစ်ခွင့်ပေးလိုက်လျှင် မည်သို့ဖြစ်မည်နည်း။ ဤနည်းဖြင့် လူသားမျိုးနွယ်၏ ခွန်အားသည် မြှင့်တက်လာမည် ဖြစ်သည်။ အားလုံးအတွက် နတ်ဘုရားသွေးကို ဆင့်ကဲပြောင်းလဲရန် လုံလောက်သည့် အခွင့်အရေး ရလာမည်လော။
ထိုအတိုင်းသာဆိုလျှင် သူတို့က အားနည်း
သည့်သူတစ်စုကို သိုင်းပညာရှင်တစ်စုအနေဖြင့် ပြောင်းလဲနိုင်လိမ့်မည်။ သူတို့သည် မကောင်းသည့် ကတ်များကနေ ဝှက်ဖဲများအဖြစ် ပြောင်းလဲသွားနိုင်လိမ့်မည်။
ထိုအချိန်ကြ လူသားမျိုးနွယ်သည် သူပေါ်လာရန် မလိုအပ်ပဲ ကြယ်ဆုံသော ကောင်းကင်ထဲ၌ ဝင့်ကြွားစွာ ရပ်တည်နိုင်လိမ့်မည်။ ပြီးနောက် သူက အေးအေးလူလူ သက်သောင့်သက်သာ ပျော်ရွှင်သော ဘဝတွင် နေထိုင်နိုင်လိမ့်မည်။
သူ့ကို မည်သူ့မှ နှောက်ယှက်တော့မှာ မဟုတ်ပေ။ နေ့စဉ်နေ့တိုင်း စာဖတ်၊ အပင်စိုက်ပြီး တိရစ္ဆာန်လေးများကို ဂရုစိုက်နိုင်လိမ့်မည်။
ထိုနည်းလမ်းကို တွေးမိပြီး ယင်းက လူသားမျိုးနွယ်တစ်ခုလုံး အန္တရာယ်ကို တွေ့ကြုံရသည့်အချိန်၌ သူပေါ်လာတာထက် ဤနည်းက ပိုထိရောက်ပြီး ပိုလုံခြုံသည်ဟု ခံစားမိလာ၏။
ထို့အပြင် ယဲ့ရှောင်ကိုယ်တိုင်က ပြဿနာရှာရတာကို ကြိုက်သည့်သူ မဟုတ်ပေ။ လူသားမျိုးနွယ်က ကြီးပြင်းလာခဲ့လျှင် သူ၏ ဒုက္ခများကလည်း လျော့ပါးသွားလိမ့်မည်။
ပိုအရေးကြီးဆုံးက ကြယ်ဆုံသော ကောင်းကင်ထဲ၌ မရေမတွက်နိုင်သော သိုင်းပညာရှင်များ ရှိသည်။ ကြယ်တာရာသားရဲများပြီးလျှင် ပိုတောင် အစွမ်းထက်သည့် ရန်သူများ သေချာပေါက် ရှိလိမ့်မည်။
သူတို့၌ အစီအစဉ်တစ်ခု ကြိုမချထားလျှင် ထိုအချိန်ကြ တွေ့ဆုံပါက လူသားမျိုးနွယ်သည် လှိုင်းဒဏ်ကို ခံနိုင်မှာ မဟုတ်ပေ။
” ကြီးကြပ်သူ နိုးနေပြီလား ”
ထိုစဉ် လှေကားကနေ နဉ်ယွိဟန်၏ အသံက ပေါ်ထွက်လာ၏။ ယဲ့ရှောင်သည် သူ မကိုက်ရသေးသော ယုန်ခြေထောက်ကို သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်ပြီးနောက် ပြောလိုက်၏။
” ငါ နိုးလာပြီ။ တက်ခဲ့လေ ”
” ဟုတ်ကဲ့ ”
နဉ်ယွိဟန်က ပြန်ပြောလိုက်၏။ သူက သစ်သားသေတ္တာကို သယ်လျက် အပြုံးတစ်ပွင့်ဖြင့် လျှောက်လာတော့သည်။
” ကြီးကြပ်သူ။ လူသားကမ္ဘာမှာ နေ့စဉ်နေ့တိုင်း မနက်စာစားတာပဲ။ ဒီကို ရုတ်တရက်ကြီး ရောက်လာရတော့ မနက်စာမစားတာ အသားကျပါ့မလား မသိဘူး။ ထူးကဲတဲ့ မနက်စာတချို့ လုပ်ပေးဖို့ စားဖိုဆောင်ကို ပြောထားတယ် ”
” ကျေးဇူးပါ ”
” ဘာကြောင့် ကျွန်တော့်ကို ဒီလောက် အားနာနေရတာလဲ ကြီးကြပ်သူ။ ဒါနဲ့ ဒီမှာ အသားကင်နံ့လိုမျိုး အမွှေးနံ့ ဘာကြောင့် ရနေတယ်လို့ ခံစားမိနေတာပါလိမ့် ”
” မင်း အနံ့ခံ မှားတာလား။ ငါက ဒီမှာ အသားကင် ဘယ်လိုလုပ် ရနိုင်မှာလဲ ”
” ဟုတ်သားပဲ။ ကြီးကြပ်သူ လာစားလိုက်လေ။ မြေပြင်ပေါ်က မနက်စာကို တုပပြီး လုပ်ခိုင်းထားတယ်။ ကြီးကြပ်သူရဲ့ အကြိုက် တွေ့ပါ့မလားတော့ မသိဘူး ”
နဉ်ယွိဟန်က မနက်စာကို ထုတ်လိုက်၏။ ယင်းက သဘာဝရတနာများဖြင့် ပြုလုပ်ထားသည့် မနက်စာဖြစ်ပြီး သာမန်အစားအစာ မဟုတ်ပေ။
အရသာက ပိုကောင်းရုံသာမက ဝိညာဉ်စွမ်းအင်လည်း ပါဝင်၏။ သိုင်းပညာရှင်တစ်ယောက်အဖို့ ယင်းက အလွန်ကောင်းမွန်သည့် အဟာရဖြည့်စာ ဖြစ်သည်။
ယဲ့ရှောင်က တစ်လုတ်စားလိုက်၏။
” အတော်ကောင်းသားပဲ ”
နဉ်ယွိဟန်က ပြုံးမိသွားတော့သည်။ သူက စိတ်အခြေအနေ ကောင်းသွားလေ၏။
” ကြီးကြပ်သူ ကြိုက်တာ တော်ပါသေးရဲ့ ”
ခဏတာရပ်တန့်ပြီးနောက် သူက ထပ်ပြောလိုက်သည်။
” အော် ဟုတ်သား။ ဒီနေ့ လှေကားမှာ အတော်ဆူနေတာ။ ကြီးကြပ်သူ အနားယူတာကို နှောက်ယှက်ရာ မရောက်ဘူးမလား ”
ယဲ့ရှောင်က ခေါင်းခါလိုက်၏။
” ဟုတ်သား။ ဒါပေမဲ့ အဲ့မှာ ဘာဖြစ်နေတာလဲ။ မနက်စောစော ဘာကြောင့် ဆူညံနေတာလဲ ”
နဉ်ယွိဟန်၏ မျက်လုံး၌ စိတ်မရှည်သည့် အရိပ်ယောင် ပေါ်လာသည်။
” မနေ့က မိန်းမတစ်သိုက် မဟုတ်ဘူးလား။ သူတို့ထဲကတစ်ယောက်က ရှန်းထျန်း နဝမအဆင့် ပိုးကျောက်စိမ်းယုန်လေ။ ဒီမနက်ပဲ ဆန်းကြယ်စွာ ပျောက်သွားတယ်။ ငွေရောင်မြေခွေးတောင်ကြားတစ်ခုလုံး ရှာခဲ့ပေမဲ့ ဘယ်လိုရှာရှာ မတွေ့ဘူး။ သူတို့တွေက အခု ပြဿနာ ရှာနေကြတာ ”
ခဏတာရပ်တန့်ပြီးနောက် သူက ထပ်ပြောလိုက်၏။
” ဒါပေမဲ့ ထပ်ပြောရရင် ကျွန်တော် သူတို့ကို သဘောမတွေ့တာကြာပြီ။ သူတို့တွေက လူသားဧကရာဇ်နယ်ပယ် အမွေအနှစ်အတွက် ဒီကို ရောက်လာပြီး တစ်ခုခု ရနိုင်မလားဆိုပြီး မြင်ချင်နေတာ။ အခု သူတို့ထဲကတစ်ယောက် ပျောက်သွားတော့ သူ ဘယ်လိုလှည့်ကွက်မျိုး လုပ်နေလဲဆိုတာ ကျွန်တော်တို့ မသိဘူး။ သူက ပုန်းနေပြီးတော့ ပြဿနာရှာဖို့ အခွင့်အရေးလိုချင်နေတာ ဖြစ်နိုင်တယ်။ ဒါမှ တခြားသူတွေက ငွေရောင်မြေခွေးတောင်ကြားရဲ့ လူသားဧကရာဇ်နယ်ပယ် အမွေအနှစ်ကို ရှာနိုင်မှာလေ ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” မင်းပြောတာ မှန်တယ်။ မင်း ဒါကို တွေးနိုင်တယ်ဆိုမှတော့ မင်းအတော် တိုးတက်လာပြီလို့ ဆိုရမှာလဲ ”
နဉ်ယွိဟန်သည် ယဲ့ရှောင်၏ ချီးကျူ းစကားကို ကြားလိုက်သောအခါ အလွန်ပျော်ရွှင်သွား၏။
” ဒါသဘာဝပါပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က အရင်တုန်းက ကြီးကြပ်သူနဲ့ ရှိခဲ့တာပဲလေ။ ကြီးကြပ်သူကို အရှက်ကွဲစေလို့ မဖြစ်ဘူးမလား ”
ယဲ့ရှောင်က သိမ်မွေ့စွာ အသိအမှတ် ပြုလိုက်၏။ ပြီးနောက် သူက မမေးပဲ မနေနိုင်တော့ချေ။
” ပြောနေရင်းနဲ့ ဒါက မင်းတို့ ငွေရောင်မြေခွေးမျိုးနွယ်ရဲ့ နယ်မြေလေ။ သူတို့တွေကို စိတ်လိုက်မာန်ပါ လုပ်ခွင့်မပေးထားသင့်ဘူးမလား ”
နဉ်ယွိဟန်က မချိပြုံး ပြုံးလိုက်၏။
” ကိစ္စက ဒီလိုတော့ မဟုတ်သေးဘူး။ ပြောရရင် ကျွန်တော်တို့ အားလုံးက ကြယ်တာရာသားရဲတွေလေ။ ကြယ်တာရာသားရဲမျိုးစိတ်တစ်ခုလုံးရဲ့ အစိတ်အပိုင်းတွေပဲလေ။ ကျွန်တော်တို့မှာ စည်းမျဉ်းတချို့ကို လိုက်နာရဉီးမယ်။ မဟုတ်ရင် တစ်ဖက်သူက ဒီအပိုင်းကို တာဝန်ယူထားတဲ့ သားရဲနတ်ဘုရားဆီ သတင်းပို့ခဲ့မယ်ဆိုရင် အံ့ဖွယ်သားရဲတွေဆီ ရောက်သွားရင် ဒါက ဒုက္ခများမှာ ”
ယဲ့ရှောင်က သူ့ရင်ထဲ အနည်းငယ် နားလည်သွား၏။
ကိစ္စအသေးအမွှားများကို သူတို့ဘာ့သာ ဖြေရှင်းနိုင်သော်ငြား ကိစ္စကြီးများကို သတိထား ဆောင်ရွက်ရပေမည်။ နိုင်ငံတစ်နိုင်ငံကြားရှိ သံတမန်ရေးရာကဲ့သို့ပင် ဖြစ်သည်။ ကောင်းကောင်းမဆောင်ရွက်ပါက သူတို့ကို ဖိနှိပ့်ရန် အုပ်စိုးနေသော ကြယ်တာရာသားရဲများကို အလွယ်တကူ ရန်စမိသွားလိမ့်မည်။ ယင်းက ပြဿနာကြီးတစ်ရပ် ဖြစ်လာနိုင်၏။
ခဏတာရပ်တန့်ပြီးနောက် နဉ်ယွိဟန် ထပ်ပြောလိုက်၏။
” ဒါနဲ့ ကြီးကြပ်သူ မိုးနဲ့မြေရတနာ လိုအပ်တာရှိရင် ကျွန်တော့်ကို လွတ်လွတ်လပ်လပ် ပြောလို့ရပါတယ်။ လက်ရှိ ငွေရောင်မြေခွေးတောင်ကြားထဲ ရောက်နေပြီး အဆင့်တက်အောင် လုပ်နိုင်တယ်ဆိုတော့ လုပ်လိုက်တာ အကောင်းဆုံးပဲ။ ခင်ဗျားကို ကူညီဖို့ သေချာပေါက် အကောင်းဆုံး ကြိုးစားမှာပါ။ ကြီးကြပ်သူရဲ့ ခွန်အား တိုးလာရင် သားရဲကပ်ဘေးကို ဖြေရှင်းတဲ့အချိန် နည်းနည်း ပိုလုံခြုံနိုင်မှာပေါ့ ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
သို့သော် ထိုစဉ် လှေကားကနေ ရုတ်ရုတ်သဲသဲ အသံကြားလိုက်ရ၏။
သူတို့နှစ်ယောက်လုံးက မျက်မှောင်ကျုံ့မိသွားသည်။ နဉ်ယွိဟန်၏ အမူအယာက အေးစက်သွားလေ၏။
” ကြီးကြပ်သူ။ ကျွန်တော် အောက်ဆင်းပြီး တစ်ချက် သွားကြည့်လိုက်ဉီးမယ်။ အဲ့ဒီခွေးမတွေ ဘာလုပ်ချင်နေတာလဲ မသိဘူး ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” ငါလည်း မင်းနဲ့အတူ လိုက်ခဲ့မယ် ”
” ဟုတ်ကဲ့ ”
နှစ်ယောက်သားက အောက်ဆင်းလိုက်ရာ တံခါးဝ၌ မြေခွေးဘုရင်မက ရပ်နေလျက် ကြယ်တာရာသားရဲအချို့ကို ပိတ်ဆို့ထားတာ တွေ့လိုက်ရသည်။ ကြယ်တာရာသားရဲများက ထွက်သွားရန် ဆန္ဒမရှိ။ လက်လျှော့ဖို့ ငြင်းဆန်နေကြသည်။
” အဖွား ဘာဖြစ်လို့လဲ ”
နဉ်ယွိဟန်က မမေးပဲ မနေနိုင်တော့ချေ။
မြေခွေးဘုရင်မ စကားပြောမှာကို စောင့်မနေတော့ပဲ ဝံပုလွေနတ်ဆိုး အရင်ပြောလာသည်။
” မနေ့တုန်းက ငါတို့ရဲ့ ရဲဘော်ရဲဘက် ပိုးကျောက်စိမ်းယုန်က နင်တို့ ငွေရောင်မြေခွေးတောင်ကြားရဲ့ နယ်မြေထဲမှာ ပျောက်သွားတယ်။ သူတော်စင်သားတော် နဉ် အဲ့ဒီအကြောင်းကို သိလား ”
နဉ်ယွိဟန်က ခေါင်းညိတ်လိုက်၏။
ဝံပုလွေနတ်ဆိုးက ထပ်ပြောလိုက်၏။
” အစ်မမြေခွေးဧကရီက ငွေရောင်မြေခွေးတောင်ကြားကို စုံစမ်းစစ်ဆေးဖို့ သဘောတူထားပြီးသား။ ငွေရောင်မြေခွေးတောင်ကြားရဲ့ တားမြစ်ဧရိယာတွေအပြင် နေရာအားလုံးကို စစ်ဆေးနိုင်တယ်။ အခု ကျန်တဲ့နေရာတွေအားလုံးကို စစ်ဆေးပြီးပြီ။ ဒီနေရာပဲ ကျန်နေတာ။ သူတော်စင်သားတော် နဉ်က ကျွန်မတို့အတွက် ကိစ္စတွေကို အဆင်ပြေအောင် လုပ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ် ”
” လုံးဝ မရဘူး ”
နဉ်ယွိဟန်က ချက်ချင်း ငြင်းပယ်လိုက်သည်။
ဒါ ဘယ်လိုဟာသမျိုးလဲ။ ယဲ့ရှောင်က သူ့ရင်ထဲမှာ အလေးစားရဆုံး လူပဲလေ။ ဒီကြယ်တာရာသားရဲတစ်စုကို ယဲ့ရှောင်ရဲ့ အခန်းထဲ ရှာခွင့်ပေးလိုက်တာက ယဲ့ရှောင်ရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲ မဟုတ်ဘူးလား။
” ကြီးကြပ်သူ ယဲ့က ကျုပ်ရဲ့ ဂုဏ်သရေရှိ
ဧည့်သည်ပဲ။ သူ့အခန်းထဲ ဘယ်သူ့ကိုမှ
ရှာခွင့် မပေးနိုင်ဘူး ”
” သူတော်စင်သားတော် နဉ်။ ဒါ ဘာကိုဆိုလိုတာလဲ။ ရှင်က သူ့ကို ကာကွယ်ဖို့ ကြိုးစားနေတာလား ”
နဉ်ယွိဟန်က နှာခေါင်းရှုတ်ကာ ပြောလိုက်တော့၏။
” ကျုပ်ကို တံဆိပ်တပ်ဖို့ မကြိုးစားနဲ့။ ပိုးကျောက်စိမ်းယုန်ရဲ့ ခွန်အားက ကျုပ် ကြီးကြပ်သူထက် သာလွန်ပြီးသား။ သူ ဒီမှာ တကယ်ရှိတယ်ဆိုရင် အစောတည်းက ထွက်လာလောက်ရောပေါ့။ ခင်ဗျားတို့ ရှာဖို့ လိုနေသေးလို့လား ”
ယဲ့ရှောင်ကလည်း သူ့ရင်ထဲတွင် နားလည်နေလေ၏။ တစ်ဖက်သူက သူ့အခန်းထဲ လာရှာချင်ရသည့် အကြောင်းအရင်းမှာ ပိုးကျောက်စိမ်းယုန်သည် မနေ့ညက သူ့ဆီ အထူးတလည် လာကြောင်း သူတို့ သိနေသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ဤအရေးကိစ္စကလည်း
နဉ်ယွိဟန်၏ ခန့်မှန်းချက်ကို အတည်ပြုနိုင်ခဲ့သည်။ သူတို့က လူသားမျိုးနွယ်၏
ဧကရာဇ်နယ်ပယ် အမွေအနှစ်အတွက် ဤနေရာသို့ ရောက်လာတာ ဖြစ်သည်။
ပုံမှန်အခြေအနေအောက်တွင်ဆိုလျှင် သူက ချက်ချင်းပင် ထိုလူများကို ဓါးတစ်ချက်ဖြင့် ငရဲသို့ ပို့ပေးလိုက်မှာပဲ ဖြစ်သည်။
ဤနေရာက ငွေရောင်မြေခွေး၏ နယ်မြေ ဖြစ်နေ၏။ သူက ဧည့်သည်တစ်ယောက်သာ ဖြစ်သည်။ ထို့ကြောင့် အိမ်ရှင်ကို ကျော်ရန် မလိုအပ်ပေ။ သူက နဉ်ယွိဟန်နှင့် ကျန်သည့်များကို အပ်လိုက်ရုံသာ ရှိ၏။
တစ်ဖက်သူ၏ ကြယ်တာရာသားရဲအချို့က လက်မခံတာ အလွန်သိသာနေ၏။ သို့သော် သူတို့ မည်သို့ ပြောရမည်မှန်း မသိ။
ထို့
ကြောင့် မြေခွေးဘုရင်မကိုသာ ကြည့်လိုက်၏။ မြေခွေးဘုရင်မက ခပ်ရေးရေးပြုံးလျက် ပြောလိုက်သည်။
” ယွိဟန်ပြောတာ မှန်တယ်။ အစ်မ ပိုးကျောက်စိမ်းယုန်က တကယ် ဒီမှာ ရှိနေခဲ့ရင် အစောတည်းက ထွက်လာခဲ့ရောပေါ့။ တခြားနေရာကို တစ်ချက်သွားကြည့်ကြရအောင် ”
ငွေရောင်မြေခွေးတောင်ကြား၏ တာဝန်ရှိ
သည့်သူက ပြောလာပြီဖြစ်သောကြောင့် ဤအရေးကိစ္စကို ငြင်းစရာအကြောင်း မရှိတော့ပေ။
ကြယ်တာရာသားရဲများက လက်လျှော့ရုံသာတတ်နိုင်၏။
” ဒီနေ့ ငွေရောင်မြေခွေးတောင်ကြားကို ရှာပြီးပြီ။ ဒါပေမဲ့ ရလဒ်ထွက်မလာဘူး။ အစ်မမြေခွေးဘုရင်မက တတ်နိုင်သမျှ မြန်မြန် အမှန်တရားကို ရှာဖွေပေးဖို့ မျှော်လင့်ပါတယ်။ ဒါမှ ကျွန်မတို့ စိတ်အေးနိုင်မှာ ”
မြေခွေးဘုရင်မက ပြုံးလိုက်လေ၏။
” စိတ်မပူပါနဲ့။ ညီမ ပိုးကျောက်စိမ်းယုန်နဲ့ တို့က ညီအစ်မကောင်းတွေပဲ။ ဒီကိစ္စကို သေချာပေါက် အလေးထားမှာပါ။ ညီအစ်မတို့ ကျေးဇူးပြုပြီး ထွက်သွားကြပေးပါ ”
ကြယ်တာရာသားရဲများ အမုန်းတရားတို့ဖြင့် ထွက်ခွာသွားလေ၏။
နဉ်ယွိဟန်က နှာခေါင်းရှုတ်လိုက်သည်။
” အရူးတစ်သိုက်ပဲ။ မင်းတို့နောက်မှာ အံ့ဖွယ်သားရဲရှိနေတာကြောင့် ငွေရောင်မြေခွေးတောင်ကြားထဲ မောက်မာထောင်လွှားလို့ ရမယ် ထင်နေတယ်ပေါ့။ မင်းတို့တွေက ကို့ကိုယ်ကို အထင်ကြီးလွန်းနေတယ် ”
မြေခွေးဘုရင်မက ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်၏။
” ကျယ်ကျယ်မပြောနဲ့။ အနည်းဆုံးတော့ အဖွားတို့ ငွေရောင်မြေခွေးတောင်ကြားက အံ့ဖွယ်သားရဲတစ်ကောင်ကို တောင့်ခံနိုင်တဲ့ တည်ရှိမှုတွေ မဟုတ်ဘူးလေ ”
” သိပ်မကြာခင်မှာ ငွေရောင်မြေခွေးတောင်ကြားထဲ အံ့ဖွယ်သားရဲတစ်ကောင် ပေါ်လာလိမ့်မယ်။ အဲ့ဒီအံ့ဖွယ်သားရဲက ကျွန်တော်ပဲ။ ဧကရာဇ်နယ်ပယ် အမွေအနှစ်ကို ရရင် သေချာပေါက် နတ်ဘုရား ဖြစ်လာလိမ့်မယ် ”
” ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပြီ။ ဒါဆိုရင် အံ့ဖွယ်သားရဲအဖြစ် မြန်မြန် အဆင့်တက်ရအောင် ကျင့်ကြံလိုက်ပါလား ”
နဉ်ယွိဟန်က ခေါင်းညိတ်ပြီးနောက် ယဲ့ရှောင်ကို နှုတ်ဆက်စကား ပြောကာ ထွက်သွားတော့၏။
ကြယ်တာရာသားရဲများသည် သူတို့ အခန်းထဲသို့ ပြန်ရောက်ချိန်၌ သူတို့ မျက်နှာ၌ ဒေါသများ ပြည့်နေ၏။
” အစ်မပိုးကျောက်စိမ်းယုန် ပျောက်ကွယ်သွားတာ အဲ့ဒီကောင်နဲ့ တစ်ခုခု သက်ဆိုင်ရမယ်ဆိုတာ လောင်းကြေးထပ်ရဲတယ် ”
” အခုအချိန်မှာ ဘာဆက်ဆံရေးမှန်း မသိသေးတာပဲ ရှိတာ။ ယုတ္တိရှိရှိ ပြောရရင် သူ့ရဲ့ ကျင့်ကြံဆင့်က မြင့်ပုံမပေါ်ဘူး။ သူ့အဖို့ အစ်မပိုးကျောက်စိမ်းယုန်ကို တစ်ခုခု လုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တာက အချက်အလက် ရပြီးတဲ့နောက် ဒီပိုးကျောက်စိမ်းယုန်က ငါတို့နဲ့ မမျှဝေချင်တာကြောင့် ပုန်းနေတာများလား။ ဒါမှမဟုတ် သူနဲ့ ငွေရောင်မြေခွေးမျိုးနွယ်က သဘောတူညီချက်တစ်ခု ယူထားတာလား။ ဒါကြောင့် သူက တမင်တကာ ပုန်းနေပြီး ငါတို့ကို မသိစေချင်တာလား။ ငါတို့ ထွက်သွားပြီးရင် သူတို့ အဲ့ဒီရတနာကို သွားရှာကြမှာလား ”
” မရဘူး။ သူတို့ကို အကျိုးအမြတ်အားလုံး ယူခွင့်မပေးနိုင်ဘူး။ ဒီနေ့ည အဲ့ဒီလူသားကို ရှာပြီး ထပ်မေးရမယ် ”
” ဒါပေမဲ့ အခြေအနေက ဘယ်လိုမှန်း မသိသေးဘူးလေ။ ပိုးကျောက်စိမ်းယုန်က ပျောက်သွားတာ။ နောက်ထပ် ကြယ်တာရာသားရဲ ထပ်ပျောက်မယ်ဆိုရင် ဘာလုပ်သင့်လဲ ”
ကြိုးကြာက ရှေ့တိုးလိုက်၏။
” ဒီလိုဆိုမှတော့ အစွမ်းထက်တဲ့ ကြယ်တာရာသားရဲတစ်ကောင်ကို ပို့ပေးရတာပေါ့။ ဒီနေ့ည ငါ သူနဲ့ သွားတွေ့မယ် ”
***