Chapter – 17 အဖိုးတန်သော နည်းလမ်း
ပိုင်ဖေးဟာ ချက်ချင်းကိုပဲ မီတာများစွာရွေ့လျားသွားပြီး လေထုထဲကိုခုန်ပျံတက်ရောက်သွားပါတယ်။ ပြီးတော့ သူ့ရဲ့ညာခြေထောက်ဟာ ခြေပျံကန်ချက်အဖြစ်ပြောင်းလဲလို့သွားပါတယ်။ ဒါဟာ အရမ်းကိုအစွမ်းထက်လို့နေပါတယ်။ ခြေပျံကန်ချက်ကြောင့် ဖြစ်ပေါ်လာတဲ့ လေထုရဲ့ခါးသက်မှုကလည်း စောင့်ကြည့်နေကြတဲ့လူတွေရဲ့ မျက်နှာကို စပ်ဖျင်ဖျင်းဖြစ်သွားစေပါတယ်။
ရှီဟောင်နဲ့နောက်မှာ သစ်ပင်အိုကြီးတွေ အများအပြားရှိလို့နေတာပါ။ ဒါ့ကြောင့် ပိုင်ဖေးရဲ့ ပြင်းထန်ရက်စက်တဲ့တိုက်ခိုက်မှုကို နောက်ဆုတ်ပြီးရှောင်တိမ်းဖို့ဆိုတာ အရမ်းကို ခက်ခဲလို့သွားပါပြီ။ ရှီဟောင်ဟာ မျက်လုံးအစုံက အေးစက်လို့သွားပါတယ်။
” ဗုန်း ..”
မှော်သားရဲကြီးနှစ်ကောင်ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မိလိုက်ကြသလို သဲမှုန်တွေနဲ့ ကျောက်တုံးကျောက်ခဲတွေဟာ မိုးပျံလို့သွားကြပါတယ်။ ကျေးရွာနှစ်ရွာစလုံးကလူတွေဟာလည်း အကြီးအကျယ်တုန်လှုပ်သွားခဲ့ပါတယ်။ ပိုင်ဖေးရဲ့ ခြေပျံကန်ချက်ဟာ ရှီဟောင်ရဲ့ လှပစွာယိမ်းနွဲ့ရှောင်တိမ်းမှုကြောင့် သစ်ပင်အိုကြီးကိုသာ ပိုင်းဖြတ်လို့သွားပါတယ်။
အုန်းခနဲမြည်ဟိန်းသံကြီးနဲ့အတူ သစ်ပင်အိုကြီးရဲ့ အပိုင်းအစတွေဟာ မိုးပျံသွားကြသွားပြီး မြေပြင်ပေါ်ပြန်ကျလာချိန်မှာတော့ တောင်တန်းဒေသတစ်ခုလုံး ဆူညံလို့သွားသယောင်ပါ။
ဤအချိန်မှာတော့ ဝံပုလွှေရွာကလူတွေဟာ ရှီဟောင်ရဲ့ လက်ဝါးပေါ်က အရောင်တလက်လက်တောက်ပနေတဲ့ ချီစွမ်းအင်သင်္ကေတတွေကို ရှင်းရှင်းလင်းလင်းမြင်လိုက်ကြရပါပြီ။ ဒါက အလေးချိန်ဂျင်ထောင်ပေါင်းများစွာကို ချိုးဖြတ်ဖျက်ဆီးနိုင်တဲ့ ပါရမီရှင်ပိုင်ဖေးရဲ့ စွမ်းအားကြီးတဲ့တိုက်ခိုက်မှုတွေကို ရပ်တန့်ပစ်နိုင်ခဲ့တဲ့ ရန်သူရဲ့စွမ်းအားတွေဖြစ်လို့နေတာပါ။
“အဖိုးတန်ရှေးဟောင်းစွမ်းအား , ဒီကလေးကရှားပါးအဖိုးတန်ရှေးဟောင်းစွမ်းအားရရှိထားတဲ့သူ!”
သူတို့အားလုံးဟာ အံ့အားတသင့်ကြွေးကြော်လိုက်ကြပါတယ်။ သူတို့ဟာ ရှီဟောင်လိုမျိုး ကလေးလေးတစ်ယောက်က အင်အားကြီးမားတဲ့အရိုးစာသားကို နက်နဲတဲ့အဆင့်အထိ နားလည်နိုင်တာကို ယုံကြည်ဖို့ ခက်ခဲနေကြပါတယ်။ သူတို့အားလုံးဟာ ရှီဟောင်ရဲ့ လက်ဝါးပေါ်က ထွန်းလင်းနေတဲ့စွမ်းအားတွေဟာ သူ့ရဲ့ လက်မှာပတ်ထားတဲ့ မှော်အစီအရင်တွေနဲ့လုပ်ထားတဲ့ သားရဲအံသွားလက်ပတ်ကြောင့်လို့ပဲ ထင်ထားပါတယ်။
ဝံပုလွှေကျေးရွာက လူတွေရဲ့ မျက်လုံးတွေဟာ လောဘကြောင့် နီရဲလို့လာခဲ့ပါတယ်။ ဒါက တစ်ချို့မျိုးနွယ်စုတွေရဲ့ ဘိုးဘေးအမွှေအနှစ်တွေလိုမဟုတ်တဲ့ အတော်လေးကို ကောင်းမွန်တဲ့ ရှေးဟောင်းပစ္စည်းတစ်ခုပါပဲ။ ဒါပေမဲ့ ကလေးတစ်ယောက်ရဲ့ စွမ်းအားကိုတောင် အံ့မခန်းဖြစ်အောင်တိုးတက်စေတာကြောင့် ကြည့်ရတာ ဒီပစ္စည်းက သေချာပေါက်လုံး၀ကို သာမန်မဟုတ်တော့ပါဘူး။
ခြေပျံကန်ချက်တစ်ချက်တည်းနဲ့ သစ်ပင်အိုကြီးကို လှဲပြိုစေပြီးတဲ့နောက်မှာ ပိုင်ဖေးဟာ သူ့ရဲ့တိုက်ခိုက်မှုကို လုံး၀ရပ်မပစ်ခဲ့ပါဘူး။ အာ့ဒီအစားပိုပိုပြီးတောင် ရက်စက်ကြမ်းကြုတ်လို့လာပါတယ်။ ပိုင်ဖေးတို့ရဲ့ခြေပျံကန်ချက်တွေဟာ သံတုံးသံခဲတွေအလား သစ်ပင်အိုကြီးတွေကို တစ်ပင်ပြီး တစ်ပင်ချိုးဖဲ့လို့သွားပါတယ်။ သစ်ကိုင်းတွေ သစ်ရွက်သစ်ခက်တွေကလည်း နေရာအနှံ့ပျံ့ကြဲလို့ သွားကြပါတယ်။
ရှီဟောင်ဟာ အဆက်မပြတ်ရှောင်တိမ်းနေရင်း အသက်၀၀ရှူသွင်းလိုက်ပါတယ်။ သူ့ရဲ့ တန်ပြန်တိုက်စစ်ကို စတင်ပြီး ရှောင်တိမ်းနေခဲ့ရသမျှကို လက်စားချေရတော့မဲ့ အချိန်ရောက်လာပြီလေ။ သူ့ရဲ့ ခန္ဓာကိုယ်ဟာ သေးငယ်သေးပေမယ့်လည်း လေထဲကို ခုန်တက်တိုင်း မီတာပေါင်းများစွာမြင့်အောင် သူစွမ်းနိုင်ပါတယ်။ ပြောရရင် သူလေပေါ်ခုန်တက်လိုက်ချိန်ဟာ ဒဏ္ဍာရီလာ ဖီးနစ်ငှက်တစ်ကောင် တောင်ပံဖြန့်ပြီး ဝဲပျံနေတဲ့အလား..”
” ဟိုင်းယား ..”
ပိုင်ဖေးဟာ လေထဲကို ခုန်ပျံတက်ရောက်လာတဲ့ ရှီဟောင်ကို အလေးချိန်ဂျင်ထောင်ချီတဲ့ ကျောက်တုံးကျောက်ဆောင်တွေကို ကွဲအက်ပေါက်ကွဲသွားစေနိုင်တဲ့ လက်သီးတစ်ချက်နဲ့ ထိုးချလိုက်ပါတယ်။ ဒီအဖြစ်အပျက်ရိုးရှင်းလှပေမယ့်လည်း မြင်နေရတဲ့ လူတိုင်းကတော့ ကြောက်မက်ဖွယ်ရာကောင်းလှတဲ့ ပိုင်ဖေးရဲ့ အစွမ်းသတ္တိကို အံ့သြပြီးရင်း အံ့သြနေကြပါတယ်။
ရှီဟောင်က အတော်လေးငယ်သေးတာကြောင့် ဘာပဲပြောပြော ခွန်အားအရာမှာတော့ ပိုင်ဖေထက် နည်းနေပါသေးတယ်။ သူ့နဲ့ ရွယ်တူကလေးတွေနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင်တော့ သူက နှိုင်းဆမရအောင် အံ့သြစရာကောင်းသူတစ်ယောက်ပါပဲ။ သူနဲ့ ပတ်သက်ပြီး တုန်လှုပ်ခြောက်ခြားအကောင်းဆုံးအရာက အရိုးစာသားရဲ့ စွမ်းအားတွေကို နက်နက်နဲနဲနားလည်နေတာကြောင့်ပဲ။
သူတို့နှစ်ယောက်ဟာ တစ်ယောက်က လင်းယုန်တစ်ကောင်လို တိုက်ခိုက်ရင် တစ်ယောက်က သိမ်းငှက်တစ်ကောင်လို လှပညက်ညောစွာ ရှောင်တိမ်းနေပါတယ်။ တစ်ယောက်ချင်းအနေနဲ့ပြောရရင် အရမ်းကို ကြောက်စရာကောင်းလို့နေပါတယ်။
ပိုင်ဖေးရဲ့ ဒေါသတွေကတော့ အတိုင်းအဆမရှိ ထွက်ပေါ်လို့နေပါတယ်။ သူဟာ ကောင်းကင်ဘုံကကောင်းချီးပေးခံထားရတဲ့ ဝံပူလွှေရွာရဲ့ တူနှိုင်းမရတဲ့ ပါရမီရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့လို လူတစ်ယောက်ကို အမေ့နို့နံ့တောင် မစင်သေးတဲ့ သောက်ကလေးလေးတစ်ယောက်က ဆန့်ကျင်တိုက်ခိုက်လာမယ်လို့ ဘယ်တုန်းကမှ တွေးမထားခဲ့မိပါဘူး။ ဒီလို အခြေအနေကို ဘယ်လိုသူပဲဖြစ်ဖြစ် သည်းခံနိုင်စွမ်းရှိမှာတော့ မဟုတ်ပါဘူး။
” ဝှိီး..”
သည်တစ်ကြိမ်တော့ ပိုင်ဖေးဟာ သူ့ရဲ့ စွမ်းအားတွေကို အပြည့်အ၀ထုတ်လို့တိုက်ခိုက်လိုက်ပါပြီ။ သူက ရုတ်တရက်ပဲ မြှာတစ်စင်းလို ရှီဟောင်ဆီကို အံ့မခန်းတဲ့ အမြန်နှုန်းနဲ့ ၀င်ရောက်သွားပါတယ်။ သူက ရှီဟောင်ရဲ့ ချစ်စဖွယ်ကောင်းလှတဲ့ မျက်နှာလေးကို အဓိကပစ်မှတ်ထားတိုက်ခိုက်လိုက်တာပါ။ ရှီဟောင်ရဲ့ နုနယ်ချောမွေ့တဲ့မျက်နှာလေကို တစ်ချိန်လုံးကိာ သူ့ကို စိတ်အနောက်အယှက်ပေးနေတာကြောင့်ပါပဲ။
ကျောက်ခေတ်ရွာက လူတွေဟာ အလန့်တကြားအော်ဟစ်သတိပေးလိုက်ကြပါတယ်။ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ အခြေအနေက သူတို့အားလုံးကို ဒေါသအမုန်းမီးတွေ ပြန်ပြီးလောင်မြိုက်လာစေပြန်ပါတယ်။ ပိုင်ဖေးဟာ တကယ်ပဲ ရက်စက်ကြမ်းကြုတ်လွန်ပါတယ်။ သူက ကလေးနဲ့တိုက်ခိုက်နေတာတောင် သူ့ရဲ့ ကိုယ်ကျင့်သိက္ခာနဲ့ အခြေခံကျင့်၀တ်တွေကို စောင့်ထိန်းရကောင်းမှန်း မသိပါဘူး။
ရှီဟောင်လည်း ရင်ထိတ်သွားပါတယ်။ ဒါပေမဲ့သူက ကြောက်ရွံ့မှုကိုတော့ မခံစားရပါဘူး။ သူ့ရဲ့ လက်လေးနှစ်ဖက်ကို လွှဲလိုက်ပြီး လျှိ ု့ဝှက်ဆန်းကြယ်တဲ့ ချီပတ်လမ်းတစ်ခုကို တည်ဆောက်လိုက်ပါတယ်။ သူ့ရဲ့ လက်ဝါးပေါ်က လခြမ်းပုံစံချီစွမ်းအားတွေက အစက်အပြောက်တွေအဖြစ် စိမ့်ထွက်လာပါတယ်။ ကျောက်ခေတ်ရွာသားတွေလည်း ရှီဟောင်ရဲ့ သက်သောက်သက်သာရှိဟန်ကို မြင်လိုက်ရမှပဲ အသက်ပြန်ရှူ နိုင်ကြပါတော့တယ်။ လက်ရှိအခြေအနေက သူတို့ကို ချွေးတပြိုက်ပြိုက်ကျသွားစေပါတယ်။
” ဝံပုလွှေကောင်က ဆိုးရွားလွန်းတယ်။ သူကြီးလာရင် အနာဂတ်မှာ သေချာပေါက် ငါတို့ကို အန္တရာယ်ဖြစ်စေနိုင်တယ်။”
ပိုင်ဖေးဟာ ရှီဟောင်ရဲ့ အစွမ်းထက်မှုကြောင့် စိတ်ထဲကနေ အဆက်မပြတ်ကျိန်ဆဲလို့နေပါတယ်။ သူ့ရဲ့ ပြင်းထန်နေတဲ့ ဒေါသတွေနဲ့အတူ ၆မီတာ ၇မီတာအထိခုန်ပျံပြီး ရှီဟောင်ဆီ ပြေး၀င်သွားပါတယ်။
ဟူး…
ရှီဟောင်ရဲ့ အမြင်ဟာ တဖြည်းဖြည်းရှင်းလင်းလာပါတယ်။ သူက ပိုင်ဖေးရဲ့ တိုက်ခိုက်မှုကို ဆီးကြိုဖို့ ခြေလှမ်းတစ်လှမ်းလောက် အားယူလိုက်ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ ပြင်းထန်စွာရင်ဆိုင်မိသွားကြပြီး စွမ်းအင်လှိုင်းတွေဟာ ကောင်းကင်အနှံ့ဖြာထွက်သွားပါတယ်။
ဟိုင်းယား !
ရှီဟောင်ရဲ့ လက်ဝါးပေါ်ကလခြမ်းသဏ္ဍာန်တက်တူးတွေဟာ အတိုင်းအဆမရှိလင်းလက်နေပါပြီ။ ဒါဟာ အလင်းတန်းတစ်ခုအဖြစ် ပိုင်ဖေးဆီကို ၀င်ရောက်သွားကြပါတယ်။ ရှီဟောင်ပစ်လွှတ်လိုက်တဲ့ အလင်းတန်းဟာ ပိုင်ဖေးကို တိုက်ရိုက်ထိမှန်သွားပြီး ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်သွားပါတယ်။
” ဗုန်း..”
” ဝေါ့ ..”
ဤအချိန်မှာတော့ ပိုင်ဖေးဟာ သွေးတလုပ်အန်ထုတ်လိုက်ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ဟာ လေထဲကနေ မြေပြင်ပေါ်ကို ပြန်မကျနိုင်တော့ဘဲ သစ်ပင်အိုကြီးတစ်ပင်ဆီကို လွှင့်စင်လို့သွားပါတယ်။ ရှီဟောင်လည်း လေထဲကနေ လွှင့်စင်သွားတဲ့ ပိုင်ဖေးနောက်ကို ချက်ချင်းပဲ ထပ်ကြပ်မကွာလိုက်ပါသွားပါတယ်။
ရှီဟောင်ဟာ ဒဏ်ရာအပြင်းအထန်ရရှိသွားတဲ့ ပိုင်ဖေးကို ဖမ်းဆီးနိုင်ဖို့ ဒဏ္ဍာရီလာဖီးနစ်ငှက်တစ်ကောင်လို့ ခုန်ပျံလို့လိုက်ပါသွားပါတယ်။ ဒီနောက်မှာတော့ သူဟာ လဲကျသွားတဲ့ ပိုင်ဖေးရဲ့ ဗိုက်ပေါ်ခြေဆောင့်ချလိုက်ပါပြီ။ သူ့ရဲ့တောက်ပတဲ့မျက်လုံးလေးတွေကတော့ ရန်သူကို ရှိတယ်လို့ကို သဘောမထားတော့တဲ့ မြင့်မြတ်တဲ့ပုဂ္ဂိုလ်ကြီးတစ်ပါးရဲ့ဟန်ပန်တွေနဲ့ပါ။
” ဗုန်း ” ခနဲအသံနဲ့အတူ တောင်တန်းဒေသတစ်ခုလုံး တုန်လှုပ်သွားသလိုကြောက်မက်ဖွယ်ရာ စွမ်းရည်ရှိတဲ့ ပိုင်ဖေးဟာ အကန်ခံနေရပါတယ်။
၀ံပုလွှေရွာသားတွေအားလုံးဟာ အံ့အားသင့်တဲ့အနေအထားကို ပြောင်းလဲလို့မရခဲ့ပါဘူး။ ပိုင်ဖေးဆိုတာ အရမ်းကိုပါရမီရှိတဲ့လူငယ်လေးတစ်ယောက်ဖြစ်ပြီး ဝံပုလွှေရွာတစ်ရွာလုံးရဲ့ အနာဂတ်လင်းရောင်ခြည်တစ်ခုပါ။ ဘာပဲဖြစ်ဖြစ် သူတို့ဟာ ဒီလိုမျိုး ကလေးပစိကွေးလေးတစ်ယောက်ဆီမှာ ရှုံးနိပ့်သွားရတာကို ဘယ်လိုမှ လက်ခံပေးနိုင်စွမ်းမရှိဘူးဖြစ်နေပါတယ်။
၀ံပုလွှေရွာက လူတော်တေ်ာများများဟာ ရှီဟောင်ကို သတ်ဖို့ ရည်ရွယ်ချက်နဲ့ သူတို့ရဲ့ လေးတွေကို ဆွဲတင်လိုက်ကြပါတယ်။ သူတို့ဟာ ပိုင်ဖေးကို ပြန်လည်ကယ်တင်ရပါတော့မယ်။
ရှီဖန်ကျင်းနဲ့ တခြားသူတွေလည်း ဝံပုလွှေရွာသားတွေရဲ့အပြုအမူကြောင့် ဒေါသထွက်လာပြီး သူတို့ရဲ့ လေးတွေကို ပြန်တင်လိုက်ကြပါပြီ။ ဒါက ပြင်းထန်ကြမ်းတမ်းတဲ့တိုက်ပွဲတစ်ခုရဲ့အစကို ပြန်လည်ဦးတည်သွားတာကြောင့် လေထုတစ်ခုလုံးတောင် အေးစိမ့်စိမ့်အငွေ့အသက်တွေ ဖုံးလွှမ်းသွားပါတယ်။
တစ်ချိန်တည်းမှာပဲ ရှီဟောင်ဟာ ပိုင်ဖေးကို ကုတ်ကနေဆွဲမပြီး သူ့ရဲ့ရှေ့မှာ အကာအကွယ်ဒိုင်းတစ်ခုလို ဖန်တီးလိုက်ပါတယ်။ သူဟာ ဝံပုလွှေရွာသားတွေရဲ့ မြှားချက်တွေကနေ သူ့ကိုယ်သူ ကာကွယ်နိုင်ဖို့ ပိုင်ဖေးကို တန်ဆာခံအနေနဲ့ အသုံးပြုလိုက်တာပါ။
ပိုင်ဖေးဟာ မယုံကြည်နိုင်လောက်အောင်ဒေါသတွေ ထွက်လို့နေပါတယ်။ သူရဲ့ပင်ကိုယ်ဟန်ဖြစ်တဲ့ သွေးအေးပြီး ဣနြေ္ဒရတဲ့အမူအယာတွေကိုလည်း သူထိန်းသိမ်းနိုင်စွမ်းမရှိတော့ပါဘူး။ ဒီနေ့မှာတော့ သူဟာ ထူးထူးခြားခြားပုံစံနဲ့ ရက်ရက်စက်စက်ကို အရှက်ခွဲခံနေရပါတယ်။ လက်ရှိအဖြစ်အပျက်လိုမျိုး မွေးကင်းစသာသာ သဘောက်မသားလေးရဲ့ အဖမ်းကိုခံထားရတာ သေတာထက်ဆိုးတဲ့ ခံစားချက်ကို ရရှိစေပါတယ်။ ဒါကြောင့်လည်း သူဟာ ရှိသမျှ ခွန်အားအကြွင်းအကျန်လေးတွေကို စုစည်းလိုက်ပြီး ရှီဟောင်ကို လက်သီးနဲ့ ထိုးချလိုက်ပါတယ်။
ရှီဟောင်က လုံလောက်တဲ့အတွေ့အကြုံတွေမရှိသေးဘူးဆိုပေမယ့်လည်း သူ့ရဲ့ မျက်လုံးတွေက အမြင်သန်သလို လက်ကလည်း လျှပ်ပြက်သလိုကို မြန်ဆန်ပါတယ်။ ပိုင်ဖေးရဲ့ လက်သီးချက်ကို ရိပ်ခနဲမြင်လိုက်ရတာနဲ့ သူ့ရဲ့လက်တစ်ဖက်ကလည်း ဖြောင်းခနဲမြည်အောင် ပိုင်ဖေးပါးကို ရိုက်ချလိုက်ပါတယ်။ သူ့ရဲ့ သရဲသဘက်ဆန်တဲ့ တုန့်ပြန်မှုကြမ်းကြမ်းတွေကြောင့် ပိုင်ဖေးရဲ့ နှာခေါင်းနဲ့ ပါးစပ်ထောင့်ကနေ သွေးတွေစီးကျလာပါတယ်။
ရှီဟောင်ဟာ ဒီလောက်နဲ့ ရပ်တန့်မနေခဲ့ပါဘူး။ သူဟာ အရိပ်တစ်ခုလိုပဲ ရှီလင်းဟူနဲ့ အခြားသူတွေဆီကို ပြန်ပြေးသွားခဲ့ပြီး သူ့ထက်ထွားကြိုင်းနေတဲ့ ပိုင်ဖေးကိုပါ ဖမ်းသွားခဲ့ပါတယ်။ ပိုင်ဖေးရဲ့ ခန္ဓာကိုယ်က သွယ်သွယ်လျလျလေးပါပဲ။ သို့ပေသိ သူဟာ ဆယ့်လေး ဆယ့်ငါးနှစ်အရွယ်ဖြစ်တာကြောင့် ရှီဟောင်ထက် နှစ်ဆမက ထွားကြိုင်းပါတယ်။ ဒါ့ကြောင့် ရှီဟောင်က သူ့ကို ကြာကြာမြှောက်ကိုင်မထားနိုင်တာကြာင့် တရွတ်တိုက်ဆွဲခေါ်သွားပါတယ်။ ပိုင်ဖေးဟာ ကျောက်တုံးကျောက်ခဲများနဲ့ ဆူးပင်ချုံပင်တွေကြားကနေ တရွတ်တိုက်ဆွဲခေါ်ခံလိုက်ရတာကြောင့် ခနလေးအတွင်းမှာပဲ ရုပ်ကလာဘ်က စုတ်ပြတ်လို့လာပါတယ်။ သူ့ရဲ့ဆံပင်တွေဟာ ဖွာလံကျဲပြီး သွေးအလိမ်းလိမ်းဖြစ်နေတာကြောင့် ဝံပုလွှေရွာရဲ့ ပါရမီရှင်ချောမောလှတဲ့ပိုင်ဖေးလို့ပြောရင် ကောင်းကင်နဲ့ မြေကြီးကို ခိုင်းနှိုင်းသလိုဖ်ြနေပါလိမ့်မယ်။ သူဟာ အမှန်တကယ်ကို စိတ်ဓာတ်ကျလို့ သွားခဲ့ပါတယ်။
၀ံပုလွှေရွာရဲ့ အမဲလိုက်အဖွဲ့ခေါင်းဆောင်ဟာ ညှိနှိုင်းဖို့ အသံကျယ်ကျယ်နဲ့ ကမ်းလှမ်းလာပါတယ်။ သူဟာ အရပ် ၆ပေကျော်ရှည်ပြီး ကြည့်ရတာတော့ ရက်စက်တတ်ပေမယ့် ခန့်ညားလှတဲ့အရှိန်အဝါတွေနဲ့ပါ။ ဒါပေမဲ့သူဟာ သူ့ကိုသူ ယုံကြည်မှုလွန်ကဲနေတဲ့ မောက်မောက်မာမာလူတစ်ယောက်ဆိုတာ သိသာထင်ရှားလို့နေပါတယ်။
” ငါတို့နဲ့ ဆွေးနွေးညှိနှိုင်းချင်တယ်ပေါ့။ ငါတို့ ဘာအကြောင်းမှ မပြောသေးခင် ဒီခွေးသူတောင်စားကို နည်းနည်းလောက်ပညာပေးရမယ်..”
အန်းမန်ရဲ့အဖေက ဒေါသတကြီးပြောလိုက်ပါတယ်။ ဒီရက်တွေအတွင်းမှာ ကျောက်ခေတ်ရွာသားတွေဟာ သူတို့ရဲ့ဒေါသတွေကို မြိုချရတာများလို့ ဗိုက်ထဲမှာ ဒေါသတွေချည်းပြည့်လို့နေပါတယ်။ ကြုံတောင့် ကြုံခဲရလာတဲ့ အခွင့်အရေးကို ဘယ်သူကရော လက်လွှတ်ခံချင်ပါ့မလဲ။
ဖြန်း!
ရွာသားတစ်ယောက်ရဲ့ လက်ဝါးဟာ လေထဲကနေ ပြန်ကျလာပြီး ပိုင်ဖေးရဲ့ မျက်နှာကို ရိုက်ချလိုက်ပါတယ်။ ဒါက အခုအခံအကာအကွယ်မဲ့ ရိုက်ချခံလိုက်ရတာကြောင့် ပိုင်ဖေးဟာ မျက်နှာကို ဆင်နှင်းခံရသလို ခံစားလိုက်ရပါတယ်။
” မင်းကြောင့် ငါတို့ရဲ့ ညီနောင်လေးငါးယောက် သေခဲ့ရတယ်။ မင်းရဲ့ မြှားတွေက သူတို့ကို ရက်ရက်စက်စက်ဝိညာဉ်ခြွေသွားကြတာ။ အခု မင်းမောက်မာနိုင်သေးတာလား။ သဘောက်မသား .. ပြလေ မင်းရဲ့ စွမ်းအားတွေကို အခုပြလေ ..”
ပိုင်ဖေးဟာ ရှီလင်းဟူတို့ရဲ့ ခြေကန်ချက်တွေအောက်မှာ လူးလိမ့်အောင် ခံစားနေရပါတယ်။ သူတို့ရဲ့ အားပါပြင်းထန်တဲ့ ကန်ချက်တွေတွေဟာ အဆင့်နိမ့်သားရဲတစ်ကောင်သာဆို ချက်ချင်းကို သေဆုံးလို့သွားမှာပါ။ ပိုင်ဖေးဟာ ကြံ့ခိုင်သန်မာလှတယ်ဆိုပေမယ့်လည်း တဖြည်းဖြည်း သူ့ရဲ့ခံနိုင်ရည်စွမ်းအားတွေကျဆင်းလို့ လာပါတယ်။ သူ့ရဲ့ပါးစပ်ကနေလည်း သရေတွေနဲ့ သွေးတွေအဆက်မပြတ်စီးကျနေပါပြီ။
သိပ့်မကြာခင်အချိန်တုန်းက သူဟာ နှလုံးသားကင်းမဲ့တဲ့ သြဇာအာဏာပြည့်၀တဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သူဟာ အကျဉ်းသားတစ်ယောက်ဖြစ်လို့နေပါပြီ။ သူဟာ ဆံပင်တွေဖွာလံကျဲစုတ်ပြတ်နေသလို ဒဏ်ရာတွေလည်း အထပ်ထပ်နဲ့ သွေးအလူးလူးဖြစ်နေခဲ့ပါတယ်။ သူဟာ စကားတစ်ခွန်းမှ မပြောတော့ပါဘူး။ သူ့ရဲ့ လက်ရှိအခြေအနေဟာ အတိတ်ကာလနဲ့ တော်တော်လေးကို ခြားနားလို့သွားပါတယ်။
***