Switch Mode

Chapter – 291

အဲ့ဒီလူသားက ငါတို့ အဆင့်ချိုးဖျက်တက်ဖို့ နေရာပဲ

အပိုင်း ၂၉၁
အဲ့ဒီလူသားက ငါတို့ အဆင့်ချိုးဖျက်တက်ဖို့ နေရာပဲ

အဲ့ဒီလက်မောင်းကို ကြည့်ကြည့်။ ဖြူဖွေးပြီး   နူးညံ့နေတာ။ ဆီသုတ်ပြီး မီးပေါ်မှာ နာရီပိုင်းလောက် ကင်လိုက်ရင် ဇီရာနဲ့ ငရုတ်မှုန့် ဖြူးလိုက်ခဲ့မယ်ဆိုရင် အရသာက သေချာပေါက် ပထမတန်းစားပဲ။
အဲ့ဒီခြေတံရှည်တွေကို ကြည့်ကြည့်။ နေ့စ် အလေ့အထအနေနဲ့ မကြာခဏ ပြေးနေတာပဲ ဖြစ်ရမယ်။
ယဲ့ရှောင်သည် ထိုအရေပြားအောက်ရှိ ကြွက်သားများက မည်မျှ အိစက်ကြောင်း ခံစားမိ၏။ ဝါးလို့ကောင်းလိုက်မဲ့ဖြစ်ခြင်း။
တစ်ဖက်ကို နပ်ပြီး ကျန်တစ်ဖက်ကိုမူ ငရုတ်ဆီဖြင့် ကြော်နိုင်ပေ၏။ မလုံလောက်ပါက သူသည် ကုသခြင်းကျင့်စဉ်ကို သုံးကာ သူမကို အသက်ပြန်သွင်းပေးပြီးနောက် ယုန်ခြေထောက်နှစ်စုံ လုပ်နိုင်သည်။
လူသားကမ္ဘာ၌ တစ်ရာရာခိုင်နှုန်း အရသာရှိပေ၏။
ထို့အပြင် ခေါင်းလေးလည်း ရှိသေးသည်။ အလွန်ထူးကဲပုံပေါ်ပြီး ယုန်ခေါင်းနပ်ကလည်း နာမည်ကြီးသည့် ဟင်းလျာတစ်မျိုးဖြစ်၏။
ပါဝင်ပစ္စည်းမျိုးစုံကို ရောထွေးပြီး ချက်ပြုတ်နိုင်သည်။ ၎င်းက ချိုမြိန်မှုတစ်စွန်းတစ်စဖြင့်  အစပ်အရသာဖြစ်သည်။ ဘေးအိမ်ရှိ မိန်းမပျိုလေးသည် မွှေးရနံ့ကြောင့် ဗိုက်ဆာလာလိမ့်မည်ဖြစ်ကာ မျက်ရည်တောင် ကျလောက်ပေ၏။
သို့သော် သူ့အတွက် ဤနေရာတွင် လှုပ်ရှားဖို့က သေချာပေါက် မဖြစ်နိုင်ပေ။ ဆိုရလျှင် တစ်ဖက်သူက ငွေရောင်မြေခွေးတောင်ကြားက ဧည့်သည်တစ်ဉီးဖြစ်သည်။ သူသာ သူတို့ကို သတ်ဖြတ်ခဲ့လျှင် သူတို့နောက်ရှိ အင်အားစုက ပြဿနာလာရှာမှာ သေချာ၏။ ထိုအချိန်ရောက်လျှင် သူတို့ အတော်လေး ဒုက္ခ ရောက်လိမ့်မည်။
သူက ကောင်းကောင်း မဆောင်ရွက်ခဲ့လျှင်
နဉ်ယွိဟန်ကိုတောင် ပတ်သက်စေလိမ့်မည်။ ၎င်းက ထိုသို့ ပြုလုပ်ရန် မတန်ပေ။ ထို့
ကြောင့် တစ်ဖက်သူ ပြန်ရောက်ချိန်၌ သူက ရှာဖွေပြီးမှ အပြန်လမ်းတွင် သတ်မှာ ဖြစ်သည်။
မည်သည့်နည်းနှင့်မဆို တစ်ဖက်အဖွဲ့က ကြယ်တာရာသားရဲတစ်ကောင်ဖြစ်ပြီး သူတို့က မိတ်ဆွေများ မဟုတ်ပေ။ သူတို့ကို မစားခြင်းက ဖြုန်းတီးရာရောက်သည်။ သူက သူတို့ကို စားသောက်လိုက်လျှင်တောင် အပြစ်ရှိသလို ခံစားရန် မလိုအပ်ချေ။
သူတို့က ငွေရောင်မြေခွေးမျိုးနွယ်ကဲ့သို့ မဟုတ်ပေ။ နောင်ကြ သားရဲကပ်ဘေး စတင်လာသည်နှင့် သူတို့သည် လူသားကမ္ဘာသို့ သေချာပေါက် ဝင်ရောက်ပြီး လူသားမျိုးနွယ်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှာပဲ ဖြစ်သည်။
သူသာ သူတို့ကို သတ်ဖြတ်ခဲ့လျှင် လူသားများအတွက် အန္တရာယ်ကို ကြိုတင် ဖယ်ရှားခြင်းဟူ၍ သတ်မှတ်နိုင်၏။ သူတို့ ပြန်ရောက်ချိန်၌ သူက သူတို့ကို သတ်ဖြတ်ဖို့ ဆုံးဖြတ်ထားသည်။ ထိုအကြောင်းကို တွေးမိပြီး ယဲ့ရှောင်က ခေါင်းငုံ့ပြီးနောက် စားလိုက်တော့၏။
ကြယ်တာရာသားရဲများသည် သူ့ကို သတိပြုမိတာ ဖြစ်သည်။ မည်သည့်နည်းနှင့်မဆို သူက လူသားတစ်ယောက် ဖြစ်နေသေး၏။
ကြယ်တာရာသားရဲများစွာအနက် သူသည် သူတို့ကို လူအုပ်ထဲကနေ ခွဲထွက်နေပုံ ပေါ်သည်။ သို့သော်ငြား ထိုကြယ်တာရာသားရဲများအဖို့ သူတို့က ဂရုမစိုက်ပုံရ၏။
သူက ငွေရောင်မြေခွေးမျိုးနွယ်၌ ရာထူးကြီးပုဂ္ဂိုလ်တစ်ဉီး ဖြစ်သောကြောင့် ဖြစ်နိုင်သည်။ သူက အသစ်တစ်ခုခုကို စမ်းသပ်ချင်ပြီး လူသားတစ်ယောက်ကို အိမ်မွေးတိရစ္ဆာန်အနေဖြင့် ပျိုးထောင်ချင်နေတာပဲ ဖြစ်ရမည်။
” မြေခွေးဘုရင်မကြီး။ ကျွန်တော်တို့တွေ ဘုရင်မကြီးကို မတွေ့ရတာကြာပြီ။ သတိရလွန်းတာကြောင့် ဒီနေ့ အထူးတလည် လာလည်တာပါ။ မြေခွေးဘုရင်မကြီး။ ကျွန်တော်တို့ကို စားတော်ပွဲတည်ခင်းနေတာ။ ကျွန်တော်တို့ကို ဟန်ဆောင်ပန်ဆောင် စိတ်ထဲမထားပါနဲ့။ ကျုပ်တို့ တကယ်အရှက်ရမိပါရဲ့ ”
မြေခွေးဘုရင်မက ပြုံးလိုက်လေ၏။
” ဘာအကြောင်း ပြောနေတာလဲ။ ရှင်တို့ ကျွန်မကို လာတွေ့တာကို ကျွန်မက ပျော်တာပေါ့။ ဒါ့အပြင် ဒီလောက်အကြာကြီးနေမှ တစ်ခါလာတာပဲလေ။ သေချာပေါက် ကောင်းကောင်းမွန်မွန် ကျွေးမွေးဧည့်ခံရမှာပေါ့ ”
” မဟုတ်ရင် တခြားသူတွေက ကျွန်မ မိတ်ဆွေတွေကို ဘယ်လို ဧည့်ခံရမလဲ မသိဘူးဆိုပြီး ပြက်ရယ်ပြုုကြမှာ မဟုတ်ဘူးလား ”
” မြေခွေးဘုရင်မက တကယ်ကောင်းတာပဲ။ အော် ဟုတ်သား။ မြေခွေးဘုရင်မ လတ်တလော ခင်ဗျားတို့ ငွေရောင်မြေခွေးတောင်ကြားမှာ ရောင်စုံအလင်းတွေ ဖြတ်ခနဲ ပေါ်နေတယ်။ သတိပြုမိလား ”
” ငွေရောင်မြေခွေးတောင်ကြားထဲမှာ ရတနာတချို့ ပေါ်လာတာလား ”
မြေခွေးဘုရင်မ၏ မျက်လုံးထဲ၌ အဓိပ္ပာယ်ပါသည့် အလင်းတန်းတစ်ချက် ပေါ်လာသည်။ ထိုလူများက ရည်ရွယ်ချက်ကောင်း မရှိမှန်း သူမ သိပြီးသားဖြစ်သည်။
ထင်သည့်အတိုင်း မြေခွေးအမြီးက ပေါ်လာသည်။ ဧကရာဇ်နယ်ပယ် အမွေအနှစ်သည် သာမန် အမွေအနှစ် မဟုတ်ပေ။ ကောင်းကင်နှင့်မြေကြီး ဖြစ်စဉ်အချို့ကို သေချာပေါက် ဖြစ်စေ၏။ ထို့ကြောင့် ထိုကောက်ကျစ်သည့် ကြယ်တာရာသားရဲများ ပစ်မှတ်ထားတာ ခံရတာပဲ ဖြစ်သည်။
သို့သော် သူမက လွယ်ကူသည့်သူ မဟုတ်။ သူမက ၎င်းကို ချက်ချင်း ငြင်းပယ်နိုင်၏။
” ဒါဘာမှမဟုတ်ဘူး။ လတ်တလောကမှ ဆေးလုံးသန့်စင်ဖို့အကြောင်းကို တွေးမိခဲ့တာလေ။ ဒါကြောင့် သင့်တင့်တဲ့ ဆေးလုံးကို သန့်စင်ခဲ့တာ။ ဆေးလုံးတွေက ရောင်စုံအလင်းတချို့ ဖြာထွက်လာတာပဲ ”
” တကယ်လား။ ခင်ဗျားက တကယ်အံ့သြဖို့ ကောင်းတာပဲ။ အခု ဆေးလုံးသန့်စင်တဲ့ အတတ်ကို ပြီးပြည့်စုံတဲ့ အခြေအနေထိရောက်အောင်တော့ သင်ယူပြီးပြီပဲ။ နောင်ကြ ဆေးလုံးသန့်စင်တဲ့ ကျင့်စဉ်ကို ခင်ဗျားဆီကနေ သင်ယူချင်တယ်ဆိုရင် ကျွန်တော့်ကို မသင်ပေးပဲ မနေနိုင်ဘူးမလား ”
” ဒါပေါ့ ဒါပေါ့။ အားလုံးက ညီအစ်မတွေပဲ။ ပြဿနာမရှိဘူး။ သင်ယူချင်တယ် ဆိုသရွေ့ အချိန်မရွေး သင်ယူလို့ရတယ် ”
” ရက်ရွေးလိုက်တာ ပိုကောင်းမယ်။ ဒီနေ့ တချို့ သင်ပေးပါလား ”
” ဟုတ်တယ် ဟုတ်တယ်။ မြေခွေးဘုရင်မရဲ့ အဂ္ဂရိတ်စွမ်းရည်က အံ့သြဖို့ကောင်းတာ။ အားလုံးသင်ယူချင်ပါတယ် ”
” ပြဿနာ မရှိဘူး။ နေ့လည်ကြ အားလုံးကို သင်ပေးမယ် ”
ယဲ့ရှောင်က မျက်ခုံး အနည်းငယ် ပင့်လိုက်၏။ ထိုအမျိုးသမီးများကြား စကားကို သူ စိတ်ဝင်စားနေတာ မဟုတ်။ သူက အရူးတစ်ယောက် မဟုတ်ပေ။ ထိုစကားနှစ်ခွန်း နောက်ကွယ်ရှိ အဓိပ္ပာယ်ကို သူ ဝေဝါးဝါး နားလည်နိုင်သည်။ တစ်ဖက်သူသည် ဧကရာဇ်နယ်ပယ် အမွေအနှစ်အတွက် လာတာပဲ ဖြစ်ရမည်။
သူ့အနားတွင် ရှိနေသောကြောင့် သူတို့အဖို့ ဧကရာဇ်နယ်ပယ် အမွေအနှစ်ကို မယူနိုင်မှာ သေချာသောကြောင့် ကိစ္စမရှိပေ။ သို့သော် ပြဿနာက သူတို့ ဤနေရာတွင် နေလျှင် သူ မည်ကဲ့သို့ အမဲလိုက်ရမည်နည်း။ ထိုကဲ့သို့ ကောင်းမွန်သည့် သားကောင်ကို ပက်ပင်းတွေ့ရသည့်အခါ ယဲ့ရှောင်သည် ခဏလေးတောင် စောင့်ဆိုင်းမနေချင်ပေ။ ခေါင်းကိုက်လာတော့၏။
ယဲ့ရှောင်သည် ပိုးကျောက်စိမ်းယုန်ကို အချိန်အနည်းငယ်သာ ထပ်စိုက်ကြည့်ရုံ တတ်နိုင်၏။ တစ်ချိန်တွင် သူက ကိစ္စရပ်များစွာကို တွေးနေ၏။ ဘယ်နည်းလမ်းက ပိုသင့်တော်မလဲ။
သုံးလှည့်သောက်ပြီးနောက် စားသောက်ပွဲက ရပ်နားလိုက်သည်။ ကြယ်တာရာသားရဲများသည် အဂ္ဂရိတ်ပညာရပ်ကို သင်ယူရန် မြေခွေးဘုရင်မနောက် လိုက်သွားစဉ် ယဲ့ရှောင်က တရားဆက်ထိုင်ရန်အတွက် သူ့အခန်းသို့ သွားလိုက်၏။
ထိုကြယ်တာရာသားရဲများသည် ညအချိန်ထိ အချိန်ဆွဲနေ၏။ ထို့ကြောင့် မြေခွေးဘုရင်မသည် ရွေးချယ်စရာမရှိတော့ပဲ သူတို့ကို တစ်ညတာ ငွေရောင်မြေခွေးတောင်ကြား၌
နေခွင့် ပေးလိုက်သည်။
ဤနည်းဖြင့် သူတို့ကို အချိန်နှင့် အခွင့်အရေးလည်း ပိုပေးနိုင်သည်။
ညအချိန် ကျရောက်လာ၏။ ကြယ်ဆုံသော ကောင်းကင်အောက်တွင် ကြယ်တာရာသားရဲအချို့က အခန်းထဲတွင် စုဝေးလိုက်၏။ သူတို့ မျက်လုံးများက အဆက်မပြတ် လှုပ်ခတ်နေသည်။
” ဒီမြေခွေးအိုကြီး မြေခွေးဘုရင်မက တကယ်ကျွမ်းကျင်တာပဲ။ ပါးစပ်က အပ်နဲ့ ချုပ်ထားသလိုမျိုး တင်းနေတာပဲ။ ပြီးတော့ သူ တစ်ခွန်းမှ ထွက်မလာဘူး ”
” ဟန့် .. သူက သတင်းမထုတ်လေလေ ညှီနံ့တစ်ခုခု ရှိနေတယ်ဆိုတာ ပိုသေချာလေပဲ။ တစ်ခုခုကို ဖုံးကွယ်ထားတာပဲ ဖြစ်ရမယ် ”
” ငွေရောင်မြေခွေးတောင်ကြားထဲမှာ အရမ်း တန်ဖိုးရှိတဲ့ အမွေအနှစ်တစ်ခု ပေါ်လာတာလို့ လောင်းရဲသေးတယ်။ မဟုတ်ရင် ငွေရောင်မြေခွေးတောင်ကြားရဲ့ ခွန်အားက လတ်တလောမှာ ဒီလောက် တိုးလာမှာ မဟုတ်ဘူး ”
” အဟုတ်ပဲ။ ငွေရောင်မြေခွေးတောင်ကြားရဲ့ ခွန်အားက ဒီနယ်ပယ်ကို ရောက်ဖို့ ဝေးသေးတယ်။ ဒါပေမဲ့ ဒီနှစ်ပိုင်းထဲမှာ သူတို့ အလုံးစုံခွန်အားက နှစ်ပေါင်းရာချီ ကျင့်ကြံတဲ့ အချိန်ကထက် ပိုတောင် မြန်ဆန်လာပြီး တစ္ဆမေရှိဘူးလို့ ပြောကြတယ်မလား။ သေအောင် ရိုက်မယ်ဆိုရင်တောင် မယုံဘူး ”
” ဒါပေမဲ့ နင်တို့ဆိုရင်တောင် ဘာသဲလွန်စမှ မရှိရင် ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး ”
” ငါတို့တွေ ဖောက်ဝင်ဖို့ နည်းလမ်းတစ်ခု
စဉ်းစားရမယ်။ သဲလွန်စတစ်ခု ရှာနိုင်သရွေ့ ငွေရောင်မြေခွေးတောင်ကြားကို မဖြေရှင်းနိုင်ရင်တောင် နောက်ပြန်သွားပြီး ငွေရောင်မြေခွေးတောင်ကြားကို အမွေအနှစ်ကို လက်လှမ်းပေးဖို့ ဖိအားပေးနိုင်အောင် ကြယ်တာရာသားရဲအချို့ သွားပြန်ရှာနိုင်သေးတယ် ”
ထိုစဉ် တစ်ချိန်လုံး တိတ်ဆိတ်နေသော ပိုးကျောက်စိမ်းယုန်က ရုတ်တရက် ပြောလိုက်၏။
” နည်းလမ်းတစ်ခု ရှာချင်ရင် ကျွန်မမှာ ရှိ
တယ် ”
ကျန်သည့် ကြယ်တာရာသားရဲများ၏
အကြည့်က သူမဆီ ချက်ချင်း ရောက်လာ၏။
” ပိုးကျောက်စိမ်းယုန် ဘာကိုဆိုလိုတာလဲ ”
ပိုးကျောက်စိမ်းယုန်က အေးတိအေးစက် ပြောလိုက်၏။
” ရှင်တို့တွေ ဒီနေ့ သတိမပြုမိဘူးလား။ မြေခွေးမျိုးနွယ်က ပျိုးထောင်ထားတဲ့ အဲ့ဒီလူသားက ဒီနေ့ ကျွန်မကို စိုက်ကြည့်နေတာလေ ”
” အော် ”
ကြယ်တာရာသားရဲများက ချက်ချင်း သဘောပေါက်သွားကာ ကောက်ကျစ်စွာ ရယ်မောတော့၏။
” အဲ့ဒီလူသားက နှာဘူးတစ်ယောက်ပဲ ဖြစ်ရမယ် ”
” အဟုတ်ပဲ။ ငါလည်း သတိပြုမိတယ်။ သူက အစ်မပိုးကျောက်စိမ်းယုန်ကို ကြည့်နေတဲ့ပုံက အရှင်လတ်လတ် စားချင်နေတဲ့ပုံပဲ။ သူ အမျိုးသမီးတစ်ယောက် မတွေ့ရတာ ဘယ်လောက်ကြာပြီလဲ မသိတော့ဘူး ”
” အရှက်မရှိတဲ့ ကောင်ပဲ။ ဒါပေမဲ့ မထူးဆန်းပါဘူး။ ငါတို့ အစ်မပိုးကျောက်စိမ်းယုန်ကို ဘယ်သူက ဒီလောက် ကြည့်ကောင်းပြီး လှလှပပ မွေးဖွားခိုင်းလို့လဲ။ ဒီလို မိန်းကလေးကို မကြိုက်တဲ့သူ ဘယ်သူရှိလို့လဲ။ ငါသာ ယောင်္ကျားလေးတစ်ယောက်ဆိုရင်လည်း ငါတို့ တင်းခံနိုင်မှာ မဟုတ်ဘူး ”
ကြယ်တာရာသားရဲများသည် ထပ်မံ ရယ်မောလိုက်၏။ ပိုးကျောက်စိမ်းယုန်က လက်ဝှေ့ရမ်းလိုက်၏။
” ဟုတ်ပြီ။ စနှောက်နေတာ ရပ်လိုက်တော့။ အခု ညအချိန်ရောက်နေပြီ။ သူ့ကို ချက်ချင်း သွားဖြေရှင်းလိုက်မယ်။ ပြီးရင် သူဆီက တစ်ခုခု ရမလား ကြည့်လိုက်ဉီးမယ်။ သဲလွန်စရလာမယ်ဆိုရင် ငါတို့အတွက် ပိုလွယ်ကူသွားလိမ့်မယ် ”
” ဟုတ်ပြီ .. ဟုတ်ပြီ .. ဟုတ်ပြီ။ အစ်မပိုးကျောက်စိမ်းယုန် အောင်ပွဲရပါစေလို့ ဆုတောင်းပေးပါတယ်။ အားလုံးပဲ အစ်မကို အားထားရတော့မှာပဲ ”
” အစ်မအတွက် ညီမတို့ ကာပေးမယ်။ အထူးသဖြင့် အဲ့ဒီအပျက်မ မြေခွေးဘုရင်မနဲ့ စကားသွားပြောဉီးမယ်။ သူ့ကို အာရုံလွှဲထားမယ်။ ဒါမှ သူ ဘာမှရှာမတွေ့မှာ ”
ပိုးကျောက်စိမ်းယုန်က ပြုံးလိုက်၏။
” စိတ်မပူနဲ့။ သူလို နှာဘူးတစ်ယောက်ကို ဖြေရှင်းရတာက အေးအေးဆေးဆေးပဲ မဟုတ်ဘူးလား။ ငါ့ဆီ အပ်ထားလိုက် ”
သူမက ရင်ဘက်ကို ပုတ်လိုက်ရာ အပြာရောင်လှိုင်းများ ထသွားလေ၏။ ကြယ်တာရာသားရဲများ၏ နှုတ်ခမ်းထောင့်က သူတို့သည် အောင်ပွဲကို မြင်တွေ့နေရပြီးသည့်ပမာ အနည်းငယ် ကွေးတက်သွားတော့သည်။
ယဲ့ရှောင်ဘက်တွင်မူ သူက ပါးစပ်ထဲ၌ အင်မော်တယ် မြက်တစ်မျှင်ကို ကိုက်ထားလျက်  အိပ်ယာပေါ်တွင် လှဲနေ၏။ သူက ထိုကြယ်တာရာသားရဲများကို မည်သို့ စားရမည်ဆိုတာ စဉ်းစားနေတာ ဖြစ်သည်။ သူတို့အနက် ပိုးကျောက်စိမ်း ယုန် သာမက ကောင်းကင်ကြိုးကြာလည်း ရှိနေလေ၏။ ကျန်သည့် ကြယ်တာရာသားရဲများလည်း  ရှိ၏။ သူတို့ကို ချက်ပြုတ်လိုက်မည်ဆိုလျှင် ကမ္ဘာလောကကြီးထဲရှိ စားကောင်းသောက်ဖွယ်များ ဖြစ်လာလိမ့်မည်။ သူက သူတို့ကို မည်သို့ စားသင့်သနည်း။
ယုန်များကို စားရန် နည်းလမ်းများစွာကို သုတေသန ပြုခဲ့ဖူး၏။ ကြိုးကြာဆိုလျှင် ကြက်မကြီးကို နပ်စားသလို စားနိုင်မည်လော။ ဟင်းချိုကောင်းတစ်ခု ပြုလုပ်နိုင်မည်လော။
ဒီမှာရှိတဲ့ ကောင်တွေ သူ့ရဲ့ မွေးမြူရေးခြံထဲမှာ ရှိတဲ့ ကောင်တွေထက် ပိုသန်မာတယ်။ အသားက သေချာပေါက် ပိုအရသာရှိပြီး အရသာက သေချာပေါက် ကောင်းမှာပဲ။ နပ်ရမလား။ စွပ်ပြုတ်ချက်ရမလား။ ကြိုးကြာနဲ့ အရှင်သခင် ကြက်တစ်ပန်းကန် လုပ်သင့်လား။ အလိုလေး ဟင်းချိုလည်း သောက်ချင်တယ်။
အလုပ်မဖြစ်ဘူးဆိုရင် အရင်နည်းလမ်းဟောင်းကို သုံးရမလား။ သူတို့ရဲ့ အစိတ်အပိုင်းတစ်ခုကို အရင်ဖြတ်။ ပြီးမှ အသက်ပြန်သွင်းပေး။ ဒီလိုသာဆိုရင် သူတို့ကို တိုက်ရိုက် ဖမ်းပြီး သူ့ မွေးမြူရေးခြံကို ခေါ်သွားပြီး သူ့ရဲ့ ခြံအရွယ်အစားကို တိုးအောင် လုပ်လိုက်မယ်။
အချိန်ကျလာသည့် အချိန်၌ သူက အံ့ဖွယ်အဆင့်နှင့် အံ့ဖွယ်သားရဲအဆင့် ကြယ်တာရာသားရဲများစွာကို ပျိုးထောင်နိုင်လိမ့်မည်။ သူက နေ့စဉ်နေ့တိုင်း ကြယ်တာရာသားရဲတစ်ကောင်စီ၏ အသားတစ်စကို ရမည်ဆိုလျှင် သူ ယခု ကမ်းလှမ်းတာထက် ပိုပေးနိုင်လိမ့်မည်။
ထိုမျှ များပြားသည့် သွေးအဆီအနစ်နှင့်
ဝိညာဉ်စွမ်းအင်တို့ဖြင့် သူအဆင့်တက်ရန် အဆင့်မည်မျှဆို လုံလောက်မည်နည်း။ ထိုအရေးကြီးဆုံးက သူက သူတို့ကို ပျိုးထောင်စဉ် သူတို့၏ ကျင့်ကြံဆင့်များကလည်း ရှေ့ဆက်တက်လာမှာပဲ ဖြစ်သည်။
ဤအတိုင်းသာဆိုလျှင် သူတို့က သူ့ကို နောင်ကြ သွေးအဆီအနစ် ဆက်လက် ထောက်ပံ့ပေးနိုင်၏။ သူတို့၏ အသားများနှင့် သွေးများက သူ့ကျင့်ကြံဆင့်တိုးလာပြီးနောက် သူတို့ အာနိသင် ဆုံးရှုံးသွားမှာ မဟုတ်ပေ။
ပြီးပြည့်စုံတယ်။ ပျော်ပျော်ရွှင်ရွှင် ဆုံးဖြတ်ချက် ချလိုက်ပြီ။
ဒီည မစားနိုင်တာတော့ နှမြောစရာပဲ။
သူတို့အားလုံးသည် ယခင်က သူ မစားဖူး
သည့် ကြယ်တာရာသားရဲများဖြစ်ကြောင်း တွေးလိုက်မိချိန်၌ ယဲ့ရှောင်က သွားလာပြီး ဖြစ်သည်။
ပိုးကျောက်စိမ်းယုန်သည် ကြယ်တာရာသားရဲ အရသာအဆင့် သတ်မှတ်ချက်၌ ထိပ်တန်းအဆင့်တွင် ရှိသည့်သူ ဖြစ်သည်။ သူက ယခုအချိန်တွင် တစ်ကိုက်စားနိုင်လျှင် နေ့ည သေချာပေါက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်လိမ့်မည်။
ထိုသို့ တွေးမိစဉ် ယဲ့ရှောင်၏ သိမြင်နားလည်မှုက သူ့အခန်းထဲသို့ ခိုးဝင်လာသော ကြယ်တာရာသားရဲတစ်ကောင်ကို အာရုံခံမိလိုက်၏။ မကြာမီ၌ သင်းပျံ့သော မွှေးရနံ့က ယဲ့ရှောင်၏ နှာခေါင်းဝသို့ ရောက်လာသည်။ နောက်ကနေ ကပ်လိုက်လာသည်က နူးညံ့ဖြူသွယ်သော လက်မောင်းတစ်စုံက ယဲ့ရှောင်၏ ခန္ဓာကိုယ်ပေါ် ရောက်လာတာပဲ ဖြစ်သည်။ ပြီးနောက် နူးညံ့သော ပုံရိပ်က သူ့အိပ်ယာပေါ် တွယ်တက်လာ၏။
” ကောင်လေး။ နင့်ရဲ့ မျက်လုံးတွေက သိပ်ကို မရိုးမဖြောင့်ဖြစ်လွန်းတယ်။ ငါ့ကို တစ်ချိန်လုံး ကြည့်နေတာ။ ငါ့ကို ဒီလောက် သဘောကျနေတယ်။ အတော်ရွှင်ပျတတ်တဲ့ လူပဲ။ များလွန်းတော့ ရှင်နဲ့တောင် မခွဲနိုင်တော့ဘူး။ အထူးတလည် လာရှာနေတာကို ပျော်နေလား ”
”   ”
သူသည် မဟာနဂါးကို တိတ်တဆိတ် ထုတ်လိုက်၏။ ပိုးကျောက်စိမ်းယုန်သည် လက်ကိုင်ရိုးကို ထိလိုက်မိပြီး ချက်ချင်း တခစ်ခစ် ရယ်မောလျက် ဆည်းလည်းသံကဲ့သို့ ရယ်မောသံက ပေါ်ထွက်လာ၏။
” ကောင်ဆိုးလေး ရှင်က တကယ်ဆိုးတာပဲ။ ဟီး ဟီး ဟီး ဟီး ”

***

Comment

Leave a Reply

Options

not work with dark mode
Reset