Switch Mode

Chapter – 290

ကောင်းကင်စီရင်ချက်၏ ကောင်းချီး

အပိုင်း ၂၉၀
ကောင်းကင်စီရင်ချက်၏ ကောင်းချီး

အနက်ရောင်အရိပ်သည် ငွေရောင်မြေခွေးတောင်ကြားထဲသို့ လျင်မြန်စွာ ရောက်လာလေ၏။ သူ၏ အရှိန်က အလွန်မြန်ဆန်ပြီး အရှိန်အဝါကို အလွန်ကောင်းမွန်စွာ ဖုံးကွယ်ထားလေ၏။ သူ့ကို မည်သူမှ သတိမပြုမိပေ။
ထိုအတိုင်းပင် သူက ငွေရောင်မြေခွေးတောင်ကြား၏ အတွင်းပိုင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားလေ၏။
တောင်ကြားထဲတွင် ကင်းလှည့်နေသော စစ်သားများကို ကြည့်ပြီး သူ၏ မျက်ဝန်းထဲ၌ လှောင်ပြောင်သည့် အရိပ်အယောင် ပေါ်လာတော့သည်။
အမှိုက်တစ်စုပဲ။ သူတို့တွေ တစ်ယောက်မှ ငါ့ကို သတိမပြုမိဘူး။ ငွေရောင်မြေခွေးမျိုးနွယ်က အရမ်း သန်မာတယ်လို့ လူတိုင်းက ပြောနေကြတာ။ ဒါပေမဲ့ အခုတော့ ဒီအတိုင်းပါပဲ။
ဒါပေမဲ့ ငါ့ရဲ့ ကောင်းကင်အဖွဲ့မှူးကြယ်ရဲ့ နည်းစနစ်ကို လူတိုင်း အလွယ်တကူ မြင်နိုင်တာ မဟုတ်ဘူး။
ရှန်းထျန်းသတ္တမအဆင့် အံ့ဖွယ်ချီရှန်းအဆင့်နှင့် ငါ့ရဲ့ သာလွန်တဲ့ ကိုယ်ပျောက်စွမ်းရည်တွေနဲ့ဆို ငွေရောင်မြေခွေးမျိုးနွယ်က ငါ့ကို ရှာတွေ့ရင် တကယ်အံ့သြဖို့ ကောင်းနေမှာပဲ။
ဒီလိုသာဆိုရင် ငွေရောင်မြေခွေးမျိုးနွယ်က သူတို့တွေ အခုအင်အားထက် ပိုပြီး အစွမ်းထက်နေလောက်တယ်။
သူ့ကို အချိန်အတော်ကြာ လှောင်ပြောင်ပြီးနောက် သူ၏ အကြည့်က ငွေရောင်မြေခွေးမျိုးနွယ်၏ အဆောက်အဉီးဆီ ရောက်သွားတော့၏။
သူက သတင်းလိုချင်ပါက ငွေရောင်မြေခွေးမျိုးနွယ်ဝင်၏ အဖွဲ့ဝင်များကို မေးရပေလိမ့်မည်။ သူသည် ငွေရောင်မြေခွေးမျိုးနွယ်သားတစ်ယောက်ကို ဖမ်းဆီးရလိမ့်မည်။
အလယ်ရှိ ငွေရောင်မြေခွေးခန်းမက
အစောင့်အကြပ် ထူထဲ၏။ လူအရေအတွက် များပြားလွန်းသည်။ ထို့ကြောင့် သူက သူ့ကို သူ သေတွင်းထဲ မပို့နိုင်တာ သေချာ၏။
နှစ်ဖက်လုံးက နေထိုင်ရာ ဧရိယာများက နီးကပ်စွာ ဆက်ထားလေ၏။ သူက မြေခွေးများထဲမှ တစ်ယောက်ကို ခေါ်ပြီး အသံတစ်သံ ထွက်မိစေခဲ့လျှင် ကျန်သည့် သူများက သူ့ကို ရှာတွေ့သွားလိမ့်မည်။
ထိုအချိန်ကျ သူ ထွက်သွားချင်ရင်တောင် ထွက်သွားနိုင်တော့မှာ မဟုတ်ပေ။
သူ စဉ်းစားနေစဉ် သူ၏ အကြည့်က အဝေးရှိ အိမ်တစ်လုံးဆီ ရောက်သွားလေ၏။
ငွေရောင်မြေခွေးမျိုးနွယ်သားနှစ်ယောက် စောင့်ကြပ်နေတာကို တွေ့လိုက်သောအခါ သူ၏ မျက်လုံးက လက်သွားတော့၏။
ငါ သူတို့ကို ရှာတွေ့ပြီ။
သူတို့နှစ်ယောက်က ဝေးလံသည့် နေရာ၌ ရှိနေသည်။ ဝေးလွန်းသောကြောင့် သူတို့ကို မြင်တွေ့ရန် ခက်ခဲလှ၏။
သူသည် နှစ်ယောက်လုံးကို ဖြေရှင်းရန် လုံလောက်အောင် မြန်ဆန်သရွေ့ သူ့ကို မည်သူမှ ရှာတွေ့မှာ မဟုတ်ပေ။
အချိန်ရောက်လာပါက သူသည် သူတို့ မှတ်ဉာဏ်ထဲကို သူ၏ ဝိညာဉ်ရှာဖွေမှုကို အသုံးပြုနိုင်၏။ သူသည် လူသားဧကရာဇ်အဆင့် အမွေအနှစ်၏ အချက်အလက်များကို အလွယ်တကူ ရနိုင်ပေသည်။
ပြီးနောက် သူသည် အချက်အလက်များကို အခြေခံပြီး ထိုအရေးကိစ္စကို အတည်ပြုနိုင်လိမ့်မည်။
ထိုကိစ္စကို သူ အတည်ပြုပြီးသွားသည်နှင့် သူက ချက်ချင်းပင် အောက်သို့ ဆင်းကာ သူ့နောက်ရှိ သိုင်းပညာရှင်များဖြစ်သည့် အံ့ဖွယ်ဂိုဏ်း၏ နဝမအဆင့် အထွတ်အထိပ်တွင်ရှိသော ပိုးကျောက်စိမ်းယုန်နှင့် ဘုရင်နယ်ပယ်အဆင့်အောက်တွင် ရှိသော အရှင်ကို သတင်းပို့လိုက်မည်။ သူက သူတို့ကို လာခိုင်းပြီး သူတို့က ငွေရောင်မြေခွေးမျိုးနွယ်၏ လူသားဧကရာဇ်အဆင့် အမွေအနှစ်အတွက် တိုက်ခိုက်နိုင်လိမ့်မည်။
ပြီးပြည့်စုံတယ်။
ထိုအတွေးတစ်ချက်ဖြင့် သူသည် အဆောက်အဉီးများ အာရုံမစိုက်သည်ကို အခွင့်ကောင်းယူပြီးနောက် ထိုအရပ်မျက်နှာဆီသို့ တိတ်တဆိတ် သွားလိုက်၏။
တစ်ဖက်တွင်မူ အခန်းသို့ ပြန်လာပြီး တရားထိုင်ရန် ကျင့်ကြံနေသော ယဲ့ရှောင်က အလွန်ကူကယ်ရာမဲ့နေသည်။
သူက အလွယ်တကူ တရားမထိုင်နိုင် ဖြစ်နေသည်။
ယခင်က သူသည် လူသားမျိုးနွယ်၏ ကမ္ဘာတွင် ရှိနေချိန်က သူသည် နေ့စဉ်နေ့တိုင်း ကြယ်တာရာသားရဲများစွာ၏ အသားကို စားရသည်။ ယင်းက အလေ့အထတစ်ခု ဖြစ်နေ၏။
ယင်းက ပြောရန် မလို။ တစ်ရက်မစားပါက သူ သေလုနီးပါး ခံစားရ၏။ သူက ကမ္ဘာမြေပေါ်တွင် ရှိနေချိန်တွင် ရှင်းကျန်းကျား ရောက်လာသောကြောင့် ကြယ်တာရာသားရဲများ ထွက်ပြေးမှာ မဟုတ်ပေ။ ထို့ကြောင့် ယဲ့ရှောင်သည် တစ်ပတ်အတွင်း သူက သူတို့ကို အသားနှင့် သွေးများ မပေးပဲ နေခွင့်ပေးမည်ဟု ကတိပေးခဲ့သည်။
ထို့ကြောင့် ယဲ့ရှောင်သည် သွေးအဆီအနစ်
နှင့် ဝိညာဉ်စွမ်းအင်ပြည့်ဝသည့် အရာများ မစားရတာ တစ်ပတ်နီးပါး ကြာနေပြီ ဖြစ်သည်။
ယနေ့ နဉ်ယွိဟန်၏ ဧည့်ခံမှုက သူ၏ သွေးအဆီအနစ်နှင့် ဝိညာဉ်စွမ်းအင်ကို သူ၏ ဝိညာဉ်စွမ်းအင်အတွက် သူ၏ ဆာလောင်မှုကို အရူးအမူး ဖြစ်သွားစေ၏။ သူ၏ သွေးများက ယားနေပြီ ဖြစ်သည်။
နဉ်ယွိဟန် ဧည့်ခံသည့် ဟင်းလျာသည် အကောင်းဆုံးဖြစ်ပြီး ဆဌမအဆင့် မဟာအဆင့် ကြယ်တာရာသားရဲပဲ ဖြစ်သည်။ သူ စားနေကြ အနိမ့်ဆုံး ဟင်းလျာသည် သတ္တမအဆင့် ရှန်းထျန်း ကြယ်တာရာသားရဲတစ်ကောင် ဖြစ်၏။ နှစ်ခုကြားရှိ ကွာဟချက်က ကြီးမားလွန်းသည်။
ထို့ကြောင့် ယင်းက သူ့ကို အတော်လေး မသက်မသာ အဆင်မပြေ ဖြစ်စေ၏။ သူသည် တရားမထိုင်နိုင် ဖြစ်နေသည်။
ယင်းက သူ့စိတ်ဆန္ဒသည် လုံလောက်အောင် ခိုင်မြဲမနေကြောင်း မဆိုလိုပေ။ စစ်ပွဲတစ်ပွဲတွင်သာဆိုလျှင် ထိုကဲ့သို့ ခံစားချက်မျိုး ရနေမှာ မဟုတ်ပေ။
ယခုအချိန်၌ သူက လုံးဝ ပျင်းရိနေပြီ ဖြစ်သည်။ သူ ပျင်းရိနေ၍ မရ။ သူ ပျင်းရိငြီးငွေ့သွားသည်နှင့် သူ၏ သွားများက။
သာမန်လူများ ပြောသည့်အတိုင်းပင် ဘဝက  လှုပ်ရှားမှုပေါ် မူတည်နေ၏။
မေ့လိုက်တော့။ သည်းခံရုံပေါ့။ ယဲ့ရှောင်သည် ကူကယ်ရာမဲ့စွာ သူ့ကိုသူ အကြံပေးနေရ၏။ မည်သည့်နည်းနှင့်မဆို ရက်အနည်းငယ်အတွင်း၌ သူသည် ဧကရာဇ်နယ်ပယ်အမွေအနှစ်ကို နားလည်သဘောပေါက်ပြီး ကျန်းဟိုင်မြို့သို့ တန်းပြန်နိုင်လိမ့်မည်။ ထိုအချိန်ကြ သူသည် ယခုအတွက် ဖြည့်ဆည်းရန် တစ်နပ်ကောင်းကောင်း စားရလိမ့်မည်။
သို့သော် ထိုစဉ် သူ၏ သိမြင်နားလည်မှုက ရုတ်တရက် မူမမှန်သည့် ရောင်ဝါတစ်ခုကို အာရုံခံမိသွား၏။
ခဏနေဉီး။ ဒါက။
ယဲ့ရှောင်၏ မျက်လုံးက ချက်ချင်း လက်သွားတော့၏။
ဘုရားရေ။ သူ ချို့တဲ့နေတဲ့ အရာက ရောက်လာတာလား။
သူ့ရဲ့ ကံကောင်းလွန်းလို့ သူတောင် သံသယဝင်သွားပြီ။
ထိုစဉ် ကောင်းကင်အဖွဲ့မှူးကြယ်က ငွေရောင်မြေခွေးနှစ်ကောင်နားသို့ ရောက်လာနေပြီ ဖြစ်သည်။ သူတို့နှစ်ယောက်၏ လေးနက်တည်ကြည်သည့် အမူအယာဖြင့် စောင့်ကြပ်နေတာကို ကြည့်ပြီး သူက နှုတ်ခမ်းသပ်လိုက်လေ၏။
ငွေရောင်မြေခွေးမျိုးနွယ်က ထင်တဲ့အတိုင်းပဲ။ ကြုံရာစစ်သားတစ်ယောက်ကတောင် ဒီလို သင်္ကေတရှိတယ်။ မြေခွေးတစ်ကောင်ဆိုရင် ဒါက ကောင်းကင်ဘုံ မဟုတ်ဘူးလား။
ငါ အရသာကောင်းကောင်း ခံရမှာပဲ။ ဒါမှ ငါ့ဘဝက အချည်းနှီး မဖြစ်မှာ။
သူက အရင်ဆုံး ကိစ္စဖြေရှင်းရန် အောက်ဆင်းလိုက်၏။ ပြီးနောက် သူ၏ ခြေဖဝါးကို ဆောင့်နင်းလိုက်ရာ သူ၏ ခန္ဓာကိုယ်သည် လျှပ်စီးပမာ ချက်ချင်း အသွင်ပြောင်းလျက် အဝေးရှိ ငွေရောင်မြေခွေးများဆီသို့ တစ်ဟုန်ထိုး ဝင်သွားတော့သည်။
သူ၏ အရှိန်က အလွန်မြန်ဆန်ပြီး လျှပ်ပြက်သည့်ပမာ မြန်ဆန်လှသည်။ မျက်တောင်တစ်ခတ်အတွင်း သူသည် ငွေရောင်မြေခွေးနှစ်ကောင်ဘေးသို့ ရောက်လာနေပြီ ဖြစ်သည်။
သူ၏ ချွန်ထက်သော အစွယ်များက စတင်
ဟလာနေပြီ ဖြစ်၏။
သူ့၌ မည်သည့် သံသယမှ ရှိရန် မလိုပေ။ ဤအကွက်ဖြင့် သူသည် ငွေရောင်မြေခွေးနှစ်ကောင်ကို ချက်ချင်း ဖြေရှင်းနိုင်၏။ သူ့၌ ထိုကဲ့သို့ ယုံကြည်ချက်ရှိသည်။ အကြောင်းမှာ သူသည် ရှန်းထျန်းသတ္တမအဆင့် အံ့ဖွယ်ချီ
ရှန်းတစ်ဉီးဖြစ်သောကြောင့်ပင်တည်း။
သူ၏ သိုင်းပညာခွန်အားက သာမန် ကြယ်တာရာသားရဲအများစုထက် သာနေပြီးသား ဖြစ်သည်။
သို့သော်ငြား သူတို့နှစ်ယောက်ကို ဖမ်းတော့
မည့်အချိန်တွင် မတော်တဆတစ်ခု  ရုတ်တရက် ဖြစ်ပွားလာလေ၏။
သူ၏ အမြင်အာရုံ မှောင်မည်းသွားကာ ဘာကိုမှ မမြင်ရတော့ပေ။
ဘာတြွေဖစ်ကုန်တာလဲ။ ဘာဖြစ်သွားတာလဲ။ သူ အခု ဘယ်မှာလဲ။ သူ့ရဲ့ ပတ်ဝန်းကျင်က ဘာကြောင့် နက်မှောင်သွားတာလဲ။
” ဟယ်လို တစ်ယောက်ယောက်ရှိလား ”
” တစ်ယောက်ယောက်ရှိလား။ ဒီမှာ တစ်ယောက်ယောက်ရှိရင် ငါ့ကိုဖြေ ”
” ပုန်းမနေနဲ့။ မြန်မြန်ထွင်လာခဲ့။ မင်း ထွက်လာတာနဲ့ ငါ မင်းကို မသတ်ဘူးလို့ ကတိပေးတယ် ”
သို့သော် သူ မည်မျှ အော်စေကာမူ သူ့နားတစ်ဝိုက် မည်သည့်အရာမှ ရှိမနေပေ။ ပိန်းပိတ်အောင် နက်မှောင်မှုသာ ရှိနေလေ၏။ ကောင်းကင်အဖွဲ့မှူးကြယ်က စတင် ကြောက်လန့်လာ၏။ ဤနေရာက မူမမှန် ဖြစ်နေသောကြောင့် သူက ဖောက်ထွက်ရန် ကြိုးစားချင်နေသည်။
သို့သော်ငြား ဤနေရာရှိ လေဟာနယ်ကို ဖြေရှင်းရန် နည်းလမ်းမရှိပေ။ သူ ယခု မည်
သည့်နေရာတွင် ရှိနေမှန်းတောင် မသိပေ။
အပြင်ဘက်၌ ယဲ့ရှောင်သည် အပြုံးများဖြင့် ပြည့်နေသော မျက်နှာရှိပြီး တစ်စုံတစ်ခုကို စတင်ကြွားလုံး ထုတ်နေ၏။
ဒီလူက တကယ် ခြောက်ခြားတတ်တဲ့ ကြယ်တာရာသားရဲတစ်ကောင်ပဲ။
ယဲ့ရှောင်သည် သူက အချိန်အတော်ကြာ စားချင်နေသော်ငြား သူ စားချင်သည့်အရာက အမှန်တကယ် ရောက်လာလိမ့်မည်ဟု မထင်ထားပေ။ သူက ၎င်းကို ရရန် အခွင့်အရေးတစ်ခါမှ မရခဲ့ပေ။ သူ မထင်ထားသည်က ငွေရောင်မြေခွေးမျိုးနွယ်၏ ပထမဆုံးနေ့၌ ၎င်းကို ကြုံတွေ့ရလိမ့်မည်ဆိုတာပဲ ဖြစ်သည်။
ပြီးပြည့်စုံလိုက်တာ။ ခေါင်းကို ဖယ်။ ကလီစာတွေကိုရှင်းပြီး ဟင်းခတ်အမွှေးအကြိုင်၊ ငရုတ်မှုန့်၊ ဆား၊ ဆီလေးနဲ့ သိပ့်လိုက်မယ်ဆိုရင်။
နှစ်ခွန်းတည်းနဲ့ပြောရရင် သိပ်မိုက်တယ်။
ငါ့ရဲ့ကံက တကယ်ကောင်းနေတဲ့ပုံပဲ။ မနက်ဖြန်ကြ ပိုကောင်းတဲ့ သားကောင်ကိုရဖို့  လုံလောက်အောင် ကံကောင်းမလား သိချင်မိတယ်။
ကြယ်ဆုံသော ကောင်းကင်ကို လာရ မလွယ်ပေ။ ထို့ကြောင့် သူသည် အချိန်အနည်းငယ် အမဲလိုက်ပြီး အရသာရှိသည့် စားစရာများ ပိုစားချင်သည်။ မဟုတ်လျှင် ယင်းက ဆုံးရှုံးမှုဖြစ်မည် မဟုတ်ပါလော။
ကြယ်ဆုံသော ကောင်းကင်အောက်၌ ငွေရောင်မြေခွေးအစောင့်နှစ်ဉီးသည် ဇဝေဇဝါဖြစ်ကာ မေးလိုက်၏။
” ရှောင်ဟုန်။ တစ်နေရာကနေ အရမ်းမွှေးတဲ့အနံ့ မရဘူးလား ”
” အတော်မွှေးတဲ့ အနံ့နဲ့ တူတယ်။ ငါးကင်နံ့လိုမျိုးပဲနော် ”
” ငါ ငယ်ငယ်တုန်းကလေ။ ဘေးအိမ်က ဉီးလေးဝမ် ငါ့အတွက် ကင်ပေးတဲ့ ငါးကင်ကို သတိရသွားတယ်။ ငါ အဲ့ဒါကို အကြိုက်ဆုံးပဲ။ ငါ သူကို မေးလိုက်တိုင်း သူ ငါ့အတွက် ကင်ပေးတာ ”
” ဝိုး။ ငါ မင်းကို တကယ်အားကျမိတာပဲ။ ငါ့မှာ မင်းလို ဘဝမျိုး မရှိဘူး။ ငါ့မှာ ဉီးလေးတချို့ရှိတယ်။ ဒုတိယဉီးလေး၊ တတိယဉီးလေး၊ စတုတ္ထဉီးလေး၊ ပဉ္စမဉီးလေး၊ ဆဌမဉီးလေး၊ သတ္တမဉီးလေး၊ အဌမဉီးလေး၊ နဝမဉီးလေး၊ ဒဿ     မ  ဉီးလေး၊ ဧကဒဿ     မ ဉီးလေး။ ဒါပေမဲ့ အကြိမ်တိုင်းမှာ သူတို့က ငါ့ကို အလုပ်ပဲ လုပ်ခိုင်းနေတာ ”
” ဒီလောက် သွေးရင်းဉီးလေးတွေ အများကြီး ရှိနေတာ။ သူတို့က မင်းရဲ  အိမ်နီးချင်း ဉီးလေးတစ်ယောက်နဲ့တောင် မယှဉ်နိုင်ဘူး ”
အချိန်က အလွန်လျင်မြန်စွာ ကုန်ဆုံးသွား၏။ မျက်တောင်တစ်ခတ်အတွင်း၌ ဒုတိယမြောက်နေသို့ ရောက်နေပြီ ဖြစ်သည်။
ဧကရာဇ်နယ်ပယ် အမွေအနှစ်က အသက်မဝင်သေးသည့် အချက်ကြောင့် ယဲ့ရှောင်သည် သူသည် ဤနေရာ၌ နှစ်ရက်လောက် နေရဉီးမည်ဟု မှန်းဆခဲ့မိသည်။
သို့သော် နဉ်ယွိဟန်သည် ဧကရာဇ်နယ်ပယ် အမွေအနှစ်က ဤရက်အနည်းငယ်အတွင်း အသက်ဝင်လာမည်ဟု ပြောခဲ့သောကြောင့် သူ စိုးရိမ်ပူပန်နေရန် မလိုအပ်ပေ။ ဤနေရာကို အားလပ်ရက် ခရီးအနေဖြင့် သဘောထားနိုင်၏။
နံနက်စောစောတွင် နဉ်ယွိဟန်က ငွေရောင်မြေခွေးမျိုးနွယ် အစေခံနှစ်ဉီးကို သူ့အား ကောင်းကင်နဲ့ မြေကြီး ရတနာတစ်စု ပို့ခိုင်းလိုက်သည်။
သူက နဉ်ယွိဟန်သည် သူ့ကို မိတ်ဆွေကောင်းတစ်ယောက်ပမာ သဘောထားပြီး သူ၏ အစ်ကိုကြီးပမာ သဘောထားနေတာပဲ ဖြစ်သည်။
သူ၏ အပြုအမူက ယခုအချိန်တွင် မည်
သည့်နယ်ပယ်မှန်း မသိပုံ ရသည်။ ထို့ကြောင့် သူ့လက်ထဲ ပစ္စည်းကောင်းများအားလုံး ထိုးကြိတ်ထည့်ပေးနေ၏။
ယဲ့ရှောင်သည် သူ၏ ကျင့်ကြံဆင့် ဘာဆိုတာ အထူးတလည် ပြောရန် မလိုအပ်ချေ။ ယင်းက ကြွားလုံးထုတ်သွားခြင်းနှင့် တူသွားလိမ့်မည်။
အချိန်ကျလာချိန်၌ သူ သိလိမ့်မည်။
အစက နောက်ထပ် အေးချမ်းသည့် နေ့ရက်များ ရှိလိမ့်မည်ဟု ထင်ခဲ့သည်။ အဆုံးတွင်မူ နေထွက်လာပြီး မကြာမီ၌ ငွေရောင်မြေခွေးတောင်ကြားသည် မူမမှန် ဧည့်သည်တချို့ကို ကြိုဆိုရတော့၏။
သဘာဝအားဖြင့် သူတို့အားလုံးက ကြယ်တာရာသားရဲများ ဖြစ်ကြသည်။ သူတို့ထဲ၌ အစွမ်းအထက်ဆုံးက ရှန်းထျန်းနဝမအဆင့် ကြယ်တာရာသားရဲ ဖြစ်၏။ သူတို့ထဲ၌ ရှန်းထျန်းနဝမ အထွတ်အထိပ်အဆင့် ခွန်အားနှင့် အထွတ်အထိပ်အဆင့် ခွန်အားရှိသည့် သူတစ်ယောက်နှင့် ဘုရင်နယ်ပယ်အဆင့်အောက်သို့ ကပ်နေပြီဖြစ်သည့်သူ ရှိသည်။
သူတို့၏ အဆင့်အတန်းက နိမ့်ပုံမရပေ။ ငွေရောင်မြေခွေးတောင်ကြားက သူတို့အတွက် စားတော်ပွဲတစ်ခု စီစဉ်ပေး၏။
နဉ်ယွိဟန်က သူ့ကို အတူသွားရန်တောင် အထူးတလည် ဖိတ်ကြားခဲ့သည်။
ကြယ်တာရာသားရဲများနှင့် လူသားများက ရန်သူများဖြစ်သော်ငြား အရေအတွက် လှိုင်းနှစ်သုတ်အောက်ရှိ အခြေအနေသာ ဖြစ်သည်။
ပုံမှန်ဆို ကြယ်တာရာသားရဲများကြား၌ လူသားတစ်ယောက် သို့မဟုတ် လူသားများကြား၌ ကြယ်တာရာသားရဲတစ်ကောင် ရိြှခင်းက ရေးကြီးခွင်ကျယ် မဟုတ်ပေ။
စားသောက်ပွဲသို့ ရောက်သည့်အချိန်၌
ယဲ့ရှောင်သည် ပိုသန်မာသည့် ကြယ်တာရာသားရဲများကို နောက်ဆုံးတော့ တွေ့ ရပြီ ဖြစ်သည်။ သူက ကျန်သည့် အကြော်လေးများကို စိတ်မဝင်စားပေ။
ကြယ်တာရာသားရဲများသည် ဘုရင်နယ်ပယ်အဆင့်အောက် အမျိုးသမီးအချို့ ကြိုးကြာမလေး၊ ရှန်းထျန်းနဝမအဆင့် ကျားသစ်တစ်ကောင်၊ ရှန်းထျန်းနဝမအဆင့် ဝံပုလွေတစ်ကောင်၊ ဘုရင်နယ်ပယ်အဆင့်အောက် လိပ်တို့ဖြစ်သည်။
သို့သော် ယဲ့ရှောင်၏ အမြင်အာရုံကို ဖမ်းစားသွားသည်က ဘုရင်နယ်ပယ်အဆင့်သို့ မတက်လှမ်းနိုင်သေးသော ရှန်းထျန်း နဝမ အထွတ်အထိပ်အဆင့် ယုန်ပဲ ဖြစ်သည်။
သူက သူမကို မြင်လိုက်ချိန်၌ ယဲ့ရှောင်သည် သူ၏ တောင်းတချက်တို့ ပေါ်လာပြီး တံတွေးမြိုချမိ၏။
သူ မှတ်မိတာ မှန်မည်ဆိုလျှင် ထိုအရာကို ယခင်က ကြယ်တာရာသားရဲ စုံစွယ်ကျမ်းထဲ၌ တွေ့ခဲ့ဖူးသည်။ ၎င်းက ပိုးကျောက်စိမ်းယုန်ပဲ ဖြစ်သည်။
ကြယ်တာရာသားရဲ စွယ်စုံကျမ်းအဆိုအရ ထိုကဲ့သို့ ယုန်၏ အသားသည် အင်မတန် နူးညံ့၏။ နူးညံ့မှုက မှန်းဆ၍ မရနိုင်ပေ။
ကြယ်တာရာသားရဲ စွယ်စုံကျမ်းထဲ၌ ကြယ်တာရာသားရဲအသား၏ အရသာ
အဆင့် သတ်မှတ်ချက်တောင် ရှိသည်။
ပိုးယုန်ကျောက်စိမ်းသည် အဆင့်သတ်မှတ်ချက်၏ ထိပ်တွင် ရှိ၏။
ယဲ့ရှောင်သည် ပိုးယုန်ကျောက်စိမ်းကို စားသောက်ရန် အမြဲတမ်း ဖမ်းချင်နေခဲ့တာ ဖြစ်သည်။ သို့သော်ငြား သူက အခွင့်အရေး မရခဲ့သောကြောင့် အောင့်အင်းခဲ့ရသည်။
လူသားလောက၌ ကြယ်တာရာသားရဲများစွာ မရှိသောကြောင့် ဖြစ်သည်။ အံ့မခန်းမျိုးစိတ်အချို့သာလျှင် ရှိ၏။
ကြယ်ဆုံသော ကောင်းကင်ထဲ၌သာလျှင် ကြယ်တာရာသားရဲများ၏ ပထမတန်းစား အရသာဖြင့် အထူအကဲ မျိုးစိတ်များစွာကို ရှာနိုင်မည်။
မထင်ထားပဲ ယနေ့တွင်မူ သူက တစ်နေ့က ကြယ်တာရာသားရဲအချို့ကို ထပ်ဖမ်းချင်နေခဲ့သော်ငြား ယနေ့တွင်မူ ထိုကဲ့သို့ ထုတ်ကုန်ကောင်းနှင့် ကြုံတွေ့ရ၏။
ဆန္ဒတစ်ခုက အမှန်တကယ် ဖြစ်လာချေပြီ။

***

Comment

Leave a Reply

Options

not work with dark mode
Reset