အပိုင်း ၂၈၉
အထွတ်အထိပ် အံ့ဖွယ်သားရဲ( ၁၂ )ကောင်။ လူသားမျိုးနွယ်စု၏ သေခြင်းတရား
” ဒါဆို အခု ငါတို့တွေ ပျက်စီးနယ်မြေကို သွားလို့ရမလား ”
” နှစ်ရက်ကျော်လောက် အချိန်ယူရလိမ့်မယ်။ အပျက်အစီးနယ်မြေက ချဲ့ထွင်ပြီးပြီဆိုပေမဲ့ အပျက်အစီးပေါ်က ကန့်သတ်ချက်တွေက အပြည့်အဝ မပေါ်သေးဘူး ”
” ရက်အနည်းငယ်ကြာပြီးရင် အဲ့ဒါ ပေါ်လာပြီဆိုတာနဲ့ ကျွန်တော်တို့နှစ်ယောက် ချက်ချင်း သွားပြီး တားမြစ်ချက်တွေကို ချိပ်ဖွင့်ပြီး အထဲက အမွေအနှစ်ကို ယူလိုက်
မယ် ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
ခန်းမက တိတ်ဆိတ်သွားတော့သည်။
ယဲ့ရှောင်သည် စကားများများစားစား ပြောလေ့မရှိပေ။ သူတို့က အချိန်အတော်ကြာ တွေ့ဆုံပြီးသည့်တိုင် သူတို့ လိုရင်းမရောက်ပါက သိပ်ပြောစရာ မရှိတော့ပေ။
သို့သော် နဉ်ယွိဟန်က သူ့ကို တစ်စုံတစ်ခု ပြောချင်နေသေးတာ သိသာ၏။ သို့သော် လျှာထိပ်ဖျား၌ အချိန်အနည်းငယ် ရောက်လာသည့်တိုင် မပြောခဲ့ပေ။
သူ တစ်ခုခု ပြောချင်သော်ငြား တွေဝေနေတာကို မြင်ပြီး ယဲ့ရှောင်က ပါးစပ်ဟကာ ပြောလိုက်တော့သည်။
” ပြောချင်တာတစ်ခုခု ရှိလို့လား။ လွတ်လွတ်လပ်လပ်ပြော ”
နဉ်ယွိဟန်က အသက်ပြင်းပြင်းရှူပြီး တည်ကြည်သော အမူအယာဖြင့် ပြောလိုက်၏။
” ကြီးကြပ်သူက ကျွန်တော့်ကို ပြောစေချင်တယ်ဆိုတော့ ကျွန်တော် ပြောရမှာပဲ။ ကြီးကြပ်သူ ဒေါသမထွက်ဖို့ မျှော်လင့်ပါတယ် ”
ခဏတာရပ်တန့်ပြီးနောက် သူက လေးနက်တည်ကြည်သော အမူအယာဖြင့် ပြောလိုက်သည်။
” တကယ်တော့ ကြီးကြပ်သူကို ဒီတစ်ခေါက် ဒီနေရာ လာခိုင်းရတဲ့ အကြောင်းအရင်းက ဒီနေရာမှာ လူသားဧကရာဇ်အဆင့် အမွေအနှစ်တစ်ခု ရှိတာကြောင့်တင် မကဘူး။ ကြီးကြပ်သူကို လာပြီး ကံစမ်းကြည့်စေချင်တာ။ တစ်ချိန်တည်းမှာပဲ နောက်ထပ် အကြောင်းအရင်းတစ်ခု ရှိသေးတယ်။ ဒါက နောင်ကြ ငွေရောင်မြေခွေးတောင်ကြားမှာ ကြီးကြပ်သူ နေဖို့ ဖိတ်ခေါ်ချင်လို့ပါ ”
ယဲ့ရှောင်က မျက်ခုံး အနည်းငယ် ပင့်လိုက်၏။ နဉ်ယွိဟန်က ဆက်ပြောသည်။
” ဒေါသမထွက်နဲ့။ ကြီးကြပ်သူ … ကျွန်တော်ပြောတာ နားထောင် ”
” လူသားမျိုးနွယ်ရဲ့ လက်ရှိအခြေအနေကို သိသင့်ပါတယ်။ မရေမတွက်နိုင်တဲ့ ကြယ်တာရာသားရဲတွေ အဝိုင်းခံထားရတာက စဉ်းတီးတုံးပေါ်က အသားတုံးဖြစ်နေပြီးပြီ ”
” လူသားမျိုးနွယ်မှာ မျှော်လင့်ချက် ရှိနေသေးတယ်လို့ ခင်ဗျား ထင်ကောင်းထင်မှာပေါ့။ ဒါပေမဲ့ လက်တွေ့မှာတော့ လူသားမျိုးနွယ်က လမ်းဆုံးရောက်နေပြီးပြီ ”
” လွန်ခဲ့တဲ့နှစ်ပေါင်းရာချီတုန်းက ကြယ်တာရာသားရဲတွေက အစီအစဉ်တွေ တည်ဆောက်ရေးဆွဲထားပြီးသား။ ဒီကမ္ဘာကြီးထဲက လူသားအားလုံးကို တစ်ခါတည်း ဖမ်းဆီးဖို့ ကြိုးပမ်းနေတာ။ ဒီအစီအစဉ်က ပိုက်ကွန်ချတဲ့အချိန်ကို ရောက်တော့မယ်။ လက်ရှိ လူသားမျိုးနွယ်စုမှာ ဧကရာဇ်အဆင့် သိုင်းပညာရှင် ( ၆ )ယောက်ပဲ ရှိတယ်။ ဒါပေမဲ့ ကြယ်တာရာသားရဲတွေက အထွတ်အထိပ် အံ့ဖွယ်သားရဲ( ၁၂ )ကောင်နဲ့ အံ့ဖွယ်သားရဲနှစ်ရာနီးပါး စုဆောင်းထားပြီးပြီ ”
” ဒီလိုအစွမ်းထက်တဲ့ အင်အားစုက လူသားမျိုးနွယ်က ပိုင်ဆိုင်တဲ့ ခွန်အားကို ကျော်နေပြီးပြီ။ သူတို့ရဲ့ ပန်းတိုင်က လူသားမျိုးနွယ်ကို ဝါးမြိုဖို့ပဲ ”
” နောက်ထပ် သားရဲကပ်ဘေးက သုံးနှစ်အတွင်း မဟုတ်တော့ဘူး။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အလွန်ဆုံးမှ နှစ်ဝက်တောင် မကြာလောက်ဘူး။ သားရဲကပ်ဘေးစပြီဆိုတာနဲ့ ကြယ်တာရာသားရဲတွေအားလုံးက တိုက်ခိုက်ကြလိမ့်မယ် ”
” မဟုတ်ဘူး။ ဒီတစ်ခေါက် သားရဲကပ်ဘေးလို့ ပြောဖို့ မသင့်တော်တော့ဘူး။ ဒီတစ်ခေါက် လူသားမျိုးနွယ်ကို အမြစ်ပြတ် သုတ်သင်မဲ့ ကပ်ဘေးတစ်ခုပဲ ”
ယဲ့ရှောင်၏ အကြည့်က အတော်လေး လေးနက်သွားလေ၏။ သူသည် ကျန်သည့် ကြယ်တာရာသားရဲများ၏ ပါးစပ်ကနေ သားရဲကပ်ဘေးက မမှန်းဆနိုင်လောက်အောင် ယှဉ်ပြိုင်ဘက် မရှိလောက်အောင် ပြင်းထန်မည်မှန်း သိနေပြီးသား ဖြစ်သည်။ သို့သော် ထိုမျှ လေးနက်လိမ့်မည်ဟုတော့ မထင်ထားပေ။
ကြယ်တာရာသားရဲများသည် စုစုပေါင်း အထွတ်အထိပ် အံ့ဖွယ်သားရဲ( ၁၂ )ကောင်ကို စုဝေးခဲ့၏။
ယင်းက မည်ကဲ့သို့သော သဘောတရားနည်း။
ဆိုလိုသည်မှာ ကြယ်တာရာသားရဲများသည် လူသားဧကရာဇ်နယ်ပယ် သိုင်းပညာရှင်များနှင့် ယှဉ်နိုင်စွမ်း ရှိသည့် သူ( ၁၂ )ယောက် မွေးထုတ်နိုင်တာပဲ ဖြစ်သည်။
ယင်းက လူသားမျိုးနွယ်များ၏ နှစ်ဆဖြစ်သည်။ ပွင့်ပွင့်လင်းလင်းဆိုရလျှင် တစ်ယောက်ချင်း ရင်ဆိုင်တိုက်ခိုက်ပင်လျှင် လူသားမျိုးနွယ်က ခံနိုင်ရည်ရှိမှာ မဟုတ်ပေ။
” ကြယ်တာရာသားရဲတွေက ဒါကို ဘာ
ကြောင့် လုပ်လဲဆိုတာ သိလား။ လူသားမျိုးနွယ်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဒီနေ့ အံ့ဖွယ်သွေးတွေကို သန့်စင်ရုံပဲတဲ့လား ”
နဉ်ယွိဟန်က ခေါင်းခါလိုက်၏။
” ဟုတ်တယ်။ ဒါပေမဲ့ ဒါအကုန် မဟုတ်ဘူး။ တိတိကျကျပြောရရင် ကြယ်တာရာသားရဲတွေက လူသားမျိုးနွယ်ရဲ့ ခန္ဓာကိုယ်ထဲမှာ နတ်ဘုရားသွေးကို သန့်စင်ရမယ် ”
” ဒီကြယ်ဆုံသော ကောင်းကင်က တကယ်ကြီးမားလွန်းတယ်။ ကြီးမားလွန်းလို့ ကြီးကြပ်သူ မှန်းဆနိုင်တာထက် ကျော်လွန်တယ်။ ကြယ်ဆုံသော ကောင်းကင်မှာ အင်အားစုနဲ့ သိုင်းပညာရှင်တွေ အများကြီး ရှိတယ်။ ဒီကြယ်တာရာသားရဲတွေက ဒီကမ္ဘာရဲ့ လူသားတွေကို ဆန့်ကျင်တိုက်ခိုက်ရုံတင်မကဘူး။ သူတို့ ရန်သူတွေက ကြယ်ဆုံသော ကောင်းကင်နေရာအနှံ့မှာ ရှိနေတာ ”
” တခြားကြယ်တာရာသားရဲအုပ်စု ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါမှမဟုတ် တခြားကမ္ဘာရဲ့ လူသားတွေ ဖြစ်နိုင်တယ်။ ဒဏ္ဍာရီလာ နတ်ဘုရားမျိုးနွယ်တောင် ဖြစ်နိုင်တယ်။ ပြီးတော့ သူတို့တွေက လူသားမျိုးနွယ်ကို အမြစ်ပြတ် သုတ်သင်ဖို့ ဒီလောက် စိတ်အားထက်သန်နေရတဲ့ အကြောင်းအရင်းတွေက သူတို့မှာ ပိုတောင် သန်မာတဲ့ ထိန်းချုပ်မှုတစ်ခု ရပြီးထားတာကြောင့်ပဲ။ အခု သူတို့ ရွေးချယ်စရာမရှိပဲ သူတို့ရဲ့ ခွန်အားကို မြန်မြန်မြှင့်တင်ရမှာ ”
ယခုအခေါက်တွင် ယဲ့ရှောင်၏ အကြည့်တို့က ပိုတောင် လေးနက်သွားလေ၏။
စကြာဝဠာကြီးက အမှန်တကယ် ကြီးမားလွန်းသည်။ မရေမတွက်နိုင်သည့် သိုင်းပညာရှင်များနှင့် အစွမ်းထက်မျိုးနွယ်စုများ အထက်တွင် ရှိနေလေ၏။
လူသားများ လက်ရှိ ခေါင်းခဲနေရသော ကြယ်တာရာသားရဲများသည် လူသားမျိုးနွယ်၏ နောက်ဆုံးရန်သူများ မဟုတ်ပေ။ ကြယ်တာရာသားရဲများအထက်၌ ပိုတောင် အစွမ်းထက်သည့် တည်ရှိမှုများ ဖြစ်လောက်သည်။
သူတို့တွေက ပိုသန်မာတဲ့ ကြယ်တာရာသားရဲတွေ ဖြစ်လာမှာလား။ သူတို့တွေက ပိုသန်မာတဲ့ လူသားတွေလား။ သူတို့တွေက နတ်ဘုရားတွေ ဖြစ်နိုင်တာလား။
ကြည့်ရတာ သူ ဆက်လက် ကျင့်ကြံဖို့ ခရီးရှည်ကြီး ရှိသေးတဲ့ပုံပဲ။
သို့သော်ငြား သူ ထိုမျှ ဝေးဝေး စဉ်းစားရန် မလိုပေ။ သူ့ကျင့်ကြံခြင်း၌ တစ်ကြိမ်လျှင် တစ်လှမ်းသာ လှမ်းရန် လိုအပ်၏။ သူက စိတ်မရှည်လွန်း၍ မရပေ။
သူ၏ ကျင့်ကြံမှုကို ဧကရာဇ်နယ်ပယ်အဆင့်သို့ မြှင့်တင်ရမည်။
” ဒီတော့ ငွေရောင်မြေခွေးမျိုးနွယ်စုထဲမှာ နေစေချင်တာလား ”
” ဟုတ်တယ် ”
နဉ်ယွိဟန်က စစ်မှန်စွာ ပြော၏။
” ကြီးကြပ်သူ။ ငွေရောင်မြေခွေးမျိုးနွယ်ရဲ့ အကြီးအကဲကြောင့် ဉာဏ်အလင်း ပွင့်ခဲ့တာပါ။ ကျွန်တော့်ရဲ့ လက်ရှိခွန်အားက ရှန်းထျန်းနယ်ပယ် အဌမအဆင့် ရောက်နေပြီးပြီ။ ရှန်းထျန်းနယ်ပယ် နဝမအဆင့်ကို အဆင့်တက်ဖို့ တစ်လှမ်းပဲ လိုတော့တာ။ ဒီခွန်အားက စကြာဝဠာတစ်ခုလုံးနဲ့ ယှဉ်ရင် ဘာမှမဟုတ်ပေမဲ့ ငွေရောင်မြေခွေးမျိုးနွယ်စုမှာဆို ကြီးကြပ်သူကို ကာကွယ်ပေးနိုင်ဖို့ လုံလောက်တာထက် ပိုတယ်။ အထူးသဖြင့် ကျွန်တော့်အဖွားပဲ။ သူက အဆင့်နိမ့် ဘုရင်နယ်ပယ်လေ ”
ဘုရင်နယ်ပယ်အဆင့်အောက်လေ။
ယဲ့ရှောင်သည် နဉ်ယွိဟန်က သူ့ကောင်းကျိုးအတွက် ပြုလုပ်ပေးမှန်း သိသည်။ သူ၏ လက်ရှိခွန်အားကို မသိပဲ ယဲ့ရှောင်ကို သူက အလွန်ဆုံးမှ အံ့ဖွယ်ချီရှန်းဖြစ်လိမ့်မည်ဟု တွေးနေခဲ့တာ ဖြစ်သည်။ ထိုခွန်အားဖြင့် လူသားမျိုးနွယ်၌ နေပါက သူ သေချာပေါက် သေလိမ့်မည်။
ထို့အပြင် လူသားမျိုးနွယ်စုတစ်စုလုံးသည် ဖျက်ဆီးခံရပေလိမ့်မည်။ သူ မည်မျှ သန်မာစေကာမူ သူ့အဖို့ ငွေရောင်မြေခွေးမျိုးနွယ်၌ နေတာက ပိုကောင်းလိမ့်မည်။
ငွေရောင်မြေခွေးမျိုးနွယ်စု၏ ခွန်အားက မဆိုးရွားပေ။ သူတို့က ကြယ်တာရာသားရဲများ ဖြစ်၏။ အခြေခံအားဖြင့် သူတို့သည် ကျန်
သည့် ကြယ်တာရာသားရဲများနှင့် အငြင်းပွားစရာရှိမှာ မဟုတ်ပေ။
ဒါက သိပ်ကို ဘေးကင်းတယ်။ ကူးပြောင်းလာခါစ သူသာဆိုရင် ယဲ့ရှောင်က သဘောတူလောက်တယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီတုန်းက သူမှာ မိတ်ဆွေလည်း မရှိဘူး။ သူ့ကို ကူညီပေးမဲ့သူ ဘယ်သူ့မှလည်း မရှိဘူး။
အခုအချိန်မှာ ကျန်းဟိုင်မြို့ထဲ မှာ သူ့ရဲ့ မိတ်ဆွေတွေအများကြီး ရှိနေပြီ။ အများစုက အလွန်အားနည်းပေမဲ့ သူ့အမြင်မှာတော့ သူတို့က သာမန်လူတွေပဲလေ။ ဒါပေမဲ့ သူ ကြီးပြင်းတဲ့လမ်းကြောင်းမှာ သူတို့ကလည်း ဂရုစိုက်ပေးပြီး သူ့ကို မရေမတွက်နိုင်အောင် ကူညီပေးခဲ့တာ။
ဒါ့အပြင် ပေ့ထျန်းစီ၊ ကြီးမြတ်သူ လိပ်နတ်
နှင့် စီနီယာနဂါးသွေးကြောလည်း ရှိသေး
တယ်။ ဒီစီနီယာတွေက သူ့ကို အတော်ကူညီပေးခဲ့တယ်။
သူတို့ကြောင့်သာ မဟုတ်ရင် ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဉ်ရဲ့ အကူအညီနဲ့ သူက အေးအေးဆေးဆေး တိုးတက်နိုင်လိမ့်မယ်။ ဒါပေမဲ့ သူ့အဖို့ အံ့ဖွယ်ဂိုဏ်းကနေ အချိန်တိုအတွင်း ဧကရာဇ်နယ်ပယ်အောက် အဆင့်တက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။
သူသာ ဒီလောက်မြန်မြန် မတိုးတက်နိုင်ဘူးဆိုရင် ကြယ်တာရာသားရဲတွေရဲ့ ဆင်းသက်လာမှုကို ဘယ်လိုရင်ဆိုင်ရမှာလဲ။
သူက ဘယ်လောက်ပဲ ခွန်အားရှိရှိ ကြယ်တာရာသားရဲတွေရဲ့ အစာအဖြစ် အဆုံးသတ်သွားဉီးမှာပဲ မဟုတ်ဘူးလား။
လူတချို့က ကြယ်တာရာသားရဲတွေရဲ့ လူသားတွေကြားထဲမှာ အကြီးမားဆုံးကွာဟချက်က လူသားတွေမှာ အသိစိတ်တစ်ခု ရှိတာလို့ပြောတယ်။ လူတစ်ယောက်မှာ အသိစိတ်မရှိရင် အဲ့ဒီလူက လူသားတစ်ယောက်လို့ မခေါ်နိုင်တော့ဘူး။ ဒါပေါ့။
ယဲ့ရှောင်က ကျေးဇူးရှင် ဒါမှမဟုတ် ကယ်တင်ရှင်ဖြစ်မယ်လို့တော့ မဆိုလိုဘူး။ သူက သူ့ကို အရင်က ကူညီပေးခဲ့တဲ့သူတွေကိုပဲ ပေးဆပ်နိုင်ဖို့ လုပ်နေတာ။
ဒါကြောင့် သူက လိပ်လိုမျိုး ခေါင်းကျုံ့ပြီး ကြယ်တာရာသားရဲတွေ လူသားမျိုးနွယ်ကို သတ်ဖြတ်နေတာကို ကြည့်မနေမှာ သေချာတယ်။
ထို့ကြောင့် ယဲ့ရှောင်က ခေါင်းခါလိုက်၏။
” ငါ သေချာပေါက် ဒီမှာ မနေဘူး။ ငါက လူသားတစ်ယောက်။ စီရင်စု၉ခုကို စွန့်ပစ်ပြီး ငါ့ဘဝကိုပဲ ဂရုစိုက်နိုင်မှာ မဟုတ်ဘူး ”
နဉ်ယွိဟန်က အနည်းငယ် စိတ်ပူပန်သွား၏။
” ဒါပေမဲ့ ကြီးကြပ်သူ ခင်ဗျား သေလိမ့်မယ်။ မကြောက်ဘူးလား ”
ယဲ့ရှောင်က အနည်းငယ် ပြုံးလိုက်၏။
” အဲ့ဒီတုန်းက ငါ ကြောက်နေခဲ့ပြီး မင်းကို မကယ်ခဲ့ရင် မင်း အခု ဘယ်လိုဖြစ်လာမှာလဲ ”
နဉ်ယွိဟန်က စိတ်တုန်လှုပ်သွားပြီးနောက် ရုတ်တရက် ကြက်သေ သေသွား၏။
မှန်ပေသည်။ ကြီးကြပ်သူပြောတာ မှန်ပေ၏။ ကြီးကြပ်သူ၏ ထိုကဲ့သို့ တစ်ကိုယ်ကောင်းဆန်သည့် သူသာဆိုလျှင် ထိုစဉ်က သူ့ကို ကူညီပေးခဲ့မှာ မဟုတ်ပေ။
ကြီးကြပ်သူက သူ့ကို မကူညီပေးခဲ့လျှင် သူသည် ငွေရောင်မြေခွေးမျိုးနွယ်သို့ ပြန်လာနိုင်မှာ မဟုတ်ပေ။ အဆုံးကြ ယင်းက ကြီးကြပ်သူ၏ ကိုယ်ရည်ကိုယ်သွေး ဖြစ်နေ၏။ သူက အလွန်သိမ်မွေ့သည့် လူတစ်ယောက် ဖြစ်သည်။
သူက လူသားကမ္ဘာကို ပြန်မှာကို လက်လျှော့ပြီး ဤနေရာ၌ ခိုလှုံခွင့် တောင်းခဲ့မည်ဆိုလျှင် သူ မဟုတ်တော့ပေ။
အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက်
နဉ်ယွိဟန်က သက်ပြင်းချကာ ပြောလိုက်တော့၏။
” ကျွန်တော် ကြီးကြပ်သူကို လျှော့တွက်ခဲ့မိတယ်။ တောင်းပန်ပါတယ် ”
ယဲ့ရှောင်က ခေါင်းခါလိုက်လေ၏။
” မင်းက ငါကောင်းဖို့အတွက် တွေးပေးတာပဲ။ တောင်းပန်ဖို့ မလိုဘူး ”
နဉ်ယွိဟန်က သူ့ခေါင်းကို ပုတ်လိုက်၏။
” ကြည့်ပါဉီး။ ကြီးကြပ်သူက ဒီနေ့မှ ရောက်တယ်။ ကျွန်တော်က ဒီလို လေးလံတဲ့ အကြောင်းအရာကြီးကို ပြောနေပြီးပြီ။ တကယ်ပျင်းဖို့ ကောင်းလွန်းတယ်။ ကြီးကြပ်သူကို ငွေရောင်မြေခွေးတောင်ကြားရဲ့ ရှုခင်းတွေ ကောင်းကောင်းကြည့်ရအောင် ခေါ်သွားဖို့ အချိန်မရှိခဲ့ဘူး။ ဒါ့အပြင် အဖွားက စားတော်ပွဲ ပြင်ဆင်ပြီးပြီ။ အရင်ဆုံး ညစာစားကြရအောင် ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
ပြီးနောက် နဉ်ယွိဟန်သည် ယဲ့ရှောင်နောက် လိုက်ကာ စားတော်ပွဲကို စားသောက်တော့၏။
ကြယ်တာရာသားရဲများ၏ စားသောက်ပုံသည် ကြယ်တာရာသားရဲ အသားကနေ ပြုလုပ်ထားတာ ဖြစ်သည်။ ကျန်သည့် ကြယ်တာရာသားရဲများ၏ အသားပဲ ဖြစ်၏။
သို့သော်ငြား သူတို့အသုံးပြုသည့် ကြယ်တာရာသားရဲများသည် အဆင့်မြင့် မဟုတ်ပေ။
အဆင့်အမြင့်ဆုံး ဟင်းလျာသည် မဟာချီရှန်းအဆင့်တွင်သာ ရှိသည်။
ယင်းက အလွန်ပုံမှန်ပဲ ဖြစ်၏။ သူတို့က သူ့လောက် ခွန်အားမရှိပေ။
ထို့အပြင် မြေခွေးဧကရီသည် သူကိုယ်တိုင် အမဲလိုက် မထွက်နိုင်ပေ။ အလွန်အန္တရာယ်များရုံသာမက သိက္ခာကျစေသည့်အရာလည်း ဖြစ်သည်။
သူမက မြေခွေးဧကရီဖြစ်ပြီး အမဲလိုက်ရန် လိုအပ်သည့် သူကဲ့သို့ ထင်ပေါ်အောင် ဝါကြွားနေဖို့ လိုအပ်သည့် သူကဲ့သို့ စာကြည့်တိုက်မှူးလေးတစ်ယောက် မဟုတ်ပေ။
စားသောက်ပြီးနောက် နဉ်ယွိဟန်သည်
ယဲ့ရှောင်ကို ငွေရောင်မြေခွေးတောင်ကြားနားတစ်ဝိုက် ခေါ်သွားပြီး ငွေရောင်မြေခွေးတောင်ကြား၏ ရှုခင်းကို ခံစားကြည့်၏။
ပြောရန် မလို။ ကြယ်ဆုံသော ကောင်းကင်ထဲရှိ နေရာထဲတွင် ရှုမျှော်ခင်းက တကယ့်ကို နတ်သမီးပုံပြင်နှင့် တူလှပေ၏။
ဤနေရာ၌ နေထိုင်သူများစွာ မရှိသော
ကြောင့် ဖြစ်ဟန်တူသည်။ ပတ်ဝန်းကျင်က အတော်လေး လတ်ဆတ်၏။
လူသားကမ္ဘာနှင့်မတူ လူသားများ နေထိုင်တာ များလွန်းသောကြောင့် လူထုမျိုးစုံရှိနေပြီး ပတ်ဝန်းကျင်က အတော်ချို့တဲ့နေလေ၏။
ရိုးရိုးရှင်းရှင်း လှည့်ပတ်သွားပြီးနောက်
ယဲ့ရှောင်သည် ငွေရောင်မြေခွေးမျိုးနွယ်က သူ့အတွက် စီစဉ်ပေးထားသော အခန်းသို့ ပြန်လိုက်၏။ သူတို့က သူ ရေချိုးပြီး သူ့ကို အဝတ်အစားလဲပေးရန် မြေခွေးဖြူမလေး
နှစ်ဉီးကိုတောင် စီစဉ်ပေးထား၏။
ယဲ့ရှောင်သည် ထိုကိစ္စကို ငြင်းဆိုလိုက်၏။ သူသည် လောကကြီးပေါ် ကောင်းမွန်သည့် ရှုမြင်သုံးသပ်ချက်ရှိပြီး လူမှုဆက်ဆံရေးကို အတွေ့အကြုံရှိသည့် လူတစ်ယောက် ဖြစ်၏။ ထိုကဲ့သို့ ယုတ်ညံ့သည့် အရာကို မည်သို့ပြုလုပ်နိုင်မည်နည်း။ ထို့အပြင် သူတို့က မြေခွေးကြီးများ ဖြစ်ပေလျှင် ယဲ့ရှောင်က သူတို့ကို လက်ခံမှာ မဟုတ်ပေ။
သူက ဆန့်ကျင်ဘက်လိင်နှင့် ဆက်ဆံရေးတစ်ခု ရှိခဲ့မည်ဆိုလျှင် သူတို့နှင့် ဆော့ကစားပြီးနောက် သူက သူတို့ကို သေချာပေါက် အဝေးသို့ ပစ်ထုတ်နိုင်မှာ မဟုတ်ပေ။ အမျိုးသားတစ်ယောက် အရေးကြီးဆုံးအရာက တာဝန်ယူမှုကို သင်ယူရန်ပဲ ဖြစ်သည်။
ထို့ကြောင့် သူသည် ထိုမြင်ကွင်းများကို သေချာပေါက် အလွယ်တကူ ထိမှာ မဟုတ်ပေ။
သူသည် နောင်ကြ သူ သဘောကျသည့် မိန်းကလေးကိုသာ တွေ့လောက်၏။ ဒီတော့မှ တစ်ခုခု ဖြစ်ပျက်သင့်သည်။
ပြီးနောက် ဆိုရလျှင် မြေခွေးဧကရီကိုယ်တိုင် လာလျှင်တောင် သူ စိတ်ကြည်လင်ဖို့က မဖြစ်နိုင်ပေ။ မြေခွေးမျိုးနွယ်မှ မိန်းမပျိုလေးနှစ်ဉီးကို ဖြေရှင်းပြီးနောက် ယဲ့ရှောင်က သူ၏ အိပ်ခန်းထဲသို့ သွားကာ တရားကျင့်လျက် သိုင်းသဘောတရား၏ နောက်ဆုံးအမြင်ကို နားလည်ရန် ကြိုးစားနေသည်။
ကြယ်ဆုံသော ကောင်းကင်အောက်၌ ပုံရိပ်တစ်ခုက ငွေရောင်မြေခွေးတောင်ကြားသို့ ခိုးဝင်လာသည်။
” ငွေရောင်မြေခွေးတောင်ကြားက လူသားဧကရာဇ်အဆင့် ပါရမီရှင်ရဲ့ အကြွင်းအကျန်ကို ရှာတွေ့တယ်လို့ ကြားထားတယ်။ ဟား ဟား ဟား။ ငါ ကောင်းကင်အဖွဲ့မှူးကြယ်က ဒီနေ့ စစ်ဆေးမယ်။ ဒီနေရာမှာ တကယ် ရတနာရှိရိုးမှန်ရင် ငွေရောင်မြေခွေးမျိုးနွယ်ကို ယူခွင့်ပေးမှာ မဟုတ်ဘူး။ ဒီလိုကောင်းတဲ့ အရာမျိုးက ဆွဲထုတ်ပြီး လူတိုင်းနှင့် မျှဝေခံရမယ် ”
***