အပိုင်း ၂၈၈
ကျိုး
ယဲ့ရှောင်သည် ရို့ဝေ၏ လမ်းညွှန်မှုနောက် လိုက်ကာ ရှေ့ဆက်သွားလိုက်၏။ ငွေရောင်မြေခွေးတောင်ကြားအထက် ကောင်းကင်ကနေ ကြည့်လျှင် သူတို့နှစ်ယောက်က ဖားလောင်းလေးနှစ်ကောင်နှင့် တူ၏။ အတွင်းသို့ ဖြည်းဖြည်းချင်း ကူးခတ်နေပြီး နောက်ဆုံးတွင် ငွေရောင်မြေခွေးတောင်ကြား၏ အနက်ဆုံးအပိုင်းသို့ ရောက်သွား၏။
ယဲ့ရှောင်ကို အံ့သြသွားစေသည်က ဤနေရာရှိ အဆောက်အဉီးများသည် လူသားမျိုးနွယ်၏ ရှေးအဆောက်အဉီးများနှင့် အမှန်တကယ် ဆင်တူနေတာပဲ ဖြစ်သည်။
ကြေးနီဖြင့် တည်ဆောက်ထားသော ပင်မအဆောက်အဉီးသည် ကြေးနီနန်းတော်နှင့် တူနေ၏။ ယဲ့ရှောင်၏ သံသယကို မြင်တွေ့သည့်ပမာ ရို့ဝေက ရှင်းပြလိုက်သည်။
” ငွေရောင်မြေခွေးမျိုးနွယ်စုရဲ့ အဆောက်အဉီးတွေက အဓိကအားဖြင့် စီရင်စု၉ခုရဲ့ ရှေးခေတ်ကာလကနေ ဇစ်မြစ်ခံထားတာ။ ငွေရောင်မြေခွေးမျိုးနွယ်စုရဲ့ ဘိုးဘေးတစ်ယောက်က စီရင်စု၉ခုထဲက ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်တစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်လို့ ဆိုကြတယ်။ ဒါကြောင့် ကျွန်မတို့ ငွေရောင်မြေခွေးမျိုးနွယ်စုက လူသားမျိုးနွယ်ရဲ့ ဧကရာဇ်နယ်ပယ် အမွေအနှစ်ကို ရှာတွေ့သွားတာ ဖြစ်နိုင်
တယ် ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
မကြာမီ၌ ပုံရိပ်များစွာသည် နန်းတော်ထဲကနေ ထွက်လာ၏။ သူတို့က ငွေရောင်မြေခွေးမျိုးနွယ်၏ ဧကရီပဲ ဖြစ်သည်။
သူမသည် ကျော့ရှင်းသည့် သားမွေးဝတ်ရုံကို ဝတ်ဆင်ထားလျက် မြေခွေးပုံသဏ္ဍန် ယောင်ဆောင် သရဖူကို ဆင်မြန်းထား၏။ သူမ၏ သွင်ပြင်က ဆွဲဆောင်မှုရှိသော်ငြား မိစ္ဆာမဆန်ပေ။ ညှို့ငင်ခြင်းတစ်စွန်းတစ်စနှင့် ခမ်းနားခြင်း တစ်စွန်းတစ်စလည်း ရှိနေ၏။ သူမ လူအများကို ပေးစွမ်းနေသည့် အကွာအဝေးက ယဲ့ရှောင်ကို စကားလုံးတစ်ခွန်း စဉ်းစားမိစေ၏။
သန့်စင်ပြီး ရန်မပြေခြင်း။
ငွေရောင်မြေခွေးမျိုးနွယ်စုဝင် အများစုက အလှလေးများ ဖြစ်ကြသည်။ သူတို့သည် လူသားဧကရာဇ်နယ်ပယ် သိုင်းပညာရှင်များကို ညှို့ငင်နိုင်တာ အံ့သြစရာ မရှိပေ။ သို့သော် ယဲ့ရှောင်က အလွန်ကြည်လင်သည့် စိတ်အခြေအနေ ရှိနေသည်။
ထိုအလှလေးသည် အရိုးဆူးချွန် သံမဏိ ဓါးကဲ့သို့မှန်း သိနေလေ၏။
” မစ္စတာယဲ့။ မတွေ့တာကြာပြီ။ ရှင်က အရင်ကထက်တောင် ပိုပြီး ခန့်ညားလာတာပဲ ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
မြေခွေးမတစ်ယောက်က ထင်တဲ့အတိုင်းပဲ။ အနိမ့်ပိုင်းနှစ်ယောက်က ပျားရည်နဲ့ စွန်းထေးပြီး အထက်ပိုင်းနှစ်ယောက်ကလည်း ပျားရည်နဲ့ စွန်းထေးတယ်။
” ယွိဟန်က လက်ရှိ ကျင့်ကြံနေသေးတုန်းပဲ။ မကြာခင်မှာ သိလောက်မှာပါ။ မြေခွေးမျိုးနွယ်ရဲ့ ပင်မခန်းမဆာင်ကို ကျေးဇူးပြုပြီး ဝင်ပြီး ခဏလောက် နားပါဉီး ”
” ကောင်းပါပြီ ”
ယဲ့ရှောင်သည် ငွေရောင်မြေခွေးမျိုးနွယ်၏ ပင်မခန်းမဆာင်ထဲ ဝင်ပြီးနောက် မျိုးနွယ်၏ ရန်ခြွေတော်များက ချက်ချင်းပင် လတ်ဆတ်သော ဝိညာဉ်သစ်သီးများ၊ ဝိညာဉ်အဖန်ရည်များ တည်ခင်းတော့၏။
အဖန်ရည်က အရည်အသွေး မြင့်မားသည့် တစ်ဖက်က အလွန်အလေးထားပုံပေါ်၏။
” မစ္စတာယဲ့။ ဒါက ကျွန်မတို့ ငွေရောင်မြေခွေးတောင်ကြားရဲ့ ဝိညာဉ်သစ်သီးလေ။ ဝိညာဉ်အဖန်ရည်က ကျွန်မတို့ ငွေရောင်မြေခွေးတောင်ကြားရဲ့လက်ဖက်ခြောက်ကနေ ချက်ထားတာ။ ကျေးဇူးပြုပြီး မြည်းကြည့်ပါဉီး ”
ယဲ့ရှောင်က သူမကို ကျေးဇူးတင်စကား ပြောပြီးနောက် အဖန်ရည်တစ်ငုံ သောက်လိုက်လေ၏။ တစ်ချိန်တည်းတွင် သူက ငွေရောင်မြေခွေးတောင်ကြားကိုလည်း လေ့လာလိုက်သည်။
ငွေရောင်မြေခွေးတောင်ကြား၏ အလုံးစုံ စံသတ်မှတ်ချက်က မဆိုးပေ။ မြေခွေးဘုရင်မသည် ဘုရင်နယ်ပယ်အဆင့်အောက် ကျင့်ကြံဆင့် ရှိ၏။ သူမအပြင် နဝမအဆင့် အံ့ဖွယ်ချီရှန်း စုစုပေါင်း ( ၁၂ )ယောက်ရှိပြီး ချီရှန်းသတ္တမအဆင့်တို့ ရှိနေလေ၏။ သူတို့က ပိုတောင် များသည်။
ငွေရောင်မြေခွေးတောင်ကြားတစ်ခုလုံးရှိ စုစုပေါင်း မြေခွေးအရေအတွက် အလွန်ဆုံး တစ်သိန်းမှ နှစ်သိန်းရှိမည်။
ငွေရောင်မြေခွေးများအနက် အဆင့်အနိမ့်ဆုံးက မြေခွေးပေါက်လေးဖြစ်ပြီး ကျင့်ကြံဆင့်က ဟို့ထျန်းပဉ္စမအဆင့်အထက် ဖြစ်သည်။
ငွေရောင်မြေခွေးမျိုးနွယ်သည် ဤကဲ့သို့ အန္တရာယ်များသည် ကြယ်ဆုံသော စက်ကွင်းထဲ၌ ရှင်သန်နိုင်တာ အံ့သြစရာ မရှိပေ။
ထိုအင်အားစုကို လျှော့တွက်၍ မရပေ။
ကြယ်တာရာသားရဲများစွာ ရှိသော်ငြား ကြယ်တာရာသားရဲများကြား သိုင်းပညာရှင်များ ပေါ်ပေါက်လာနိုင်ချေက အလွန်ဆိုးရွားကြောင်း သိထားရပေမည်။
တူညီသည့် အရေအတွက်ဖြင့် လူသားမျိုးနွယ်၏ ကျင့်ကြံခြင်းသည် ကြယ်တာရာသားရဲများထက် သေချာပေါက် သာပြီး လူသားမျိုးနွယ်၏ သိုင်းပညာရှင်များ မွေးထုတ်မှုသည်လည်း ကြယ်တာရာသားရဲများထက် သေချာပေါက် သာလိမ့်မည်။
ငွေရောင်မြေခွေးမျိုးနွယ်၌ လူများများစားစား မရှိ။ သို့သော် သူတို့သည် သူတို့ ခြေထောက်အောက်၌ အမှိုက်များ ရှိမနေပေ။ သူတို့၌ တိုတောင်းပြီး အောင်မြင်သည့် လမ်းကြောင်း ရှိ၏။
ထို့အပြင် ငွေရောင်မြေခွေးမျိုးနွယ်သည် အလွန်ဝေးလံပြီး သီးခြားဆန်သည့် နေရာတစ်ခုကို ရွေးချယ်ထား၏။ ပတ်ဝန်းကျင်၌ အစွမ်းထက်သည့် ကြယ်တာရာသားရဲမျိုးနွယ် ရှိမနေ။ ထို့ကြောင့် သူတို့က ငြိမ်းငြိမ်းချမ်းချမ်း ရှင်သန်နိုင်သည်။
” မစ္စတာယဲ့။ ရှင်က ကျွန်မတို့ ငွေရောင်မြေခွေးမျိုးနွယ်ရဲ့ မွန်မြတ်သော သားတော်ကိုလည်း ကူညီပေးခဲ့တယ်။ ကျွန်မတို့တွေ
ရှင့်ရဲ့ ကြင်နာမှုကို အမြဲတမ်း ပြန်ပေးဆပ်ချင်နေတာပါ။ ကံဆိုးတာက ရှင်က လူသားကမ္ဘာမှာ အမြဲရှိနေတာ။ ဒီတော့ ကျွန်မတို့အတွက် အဲ့ဒီကို သွားဖို့ အဆင်မပြေဘူး။ အခု ရှင် ငွေရောင်မြေခွေးတောင်ကြားကို ရောက်လာပြီဆိုတော့ လိုတာရှိရင် ကျွန်မတို့ကို အချိန်မရွေး ပြောလို့ ရပါတယ်။ အားမနာပါနဲ့ ”
” ခင်ဗျားတို့က သိပ်ကို အားနာလွန်းနေပြီ။
နဉ်နဲ့ ကျုပ်က မိတ်ဆွေတွေပဲ။ တစ်ယောက်နဲ့ တစ်ယောက် ကူညီပေးတာ ကိစ္စကြီးမှ မဟုတ်တာ။ စိတ်ထဲ မှတ်ထားစရာ မလိုပါဘူး ”
နှစ်ဖက်လုံးက တစ်ဖက်နှင့်တစ်ဖက် အားနာနေကြပြီး စကားစမြည် ပြောနေလေ၏။
တစ်ဖက်တွင်မူ ငွေရောင်မြေခွေးတောင်ကြား၏ အနက်ထဲ၌ အင်မတန် ကြမ်းတမ်းသည့် အရှိန်အဝါသည် ဂူထဲကနေ ရုတ်တရက် ပေါ်ထွက်လာ၏။
ဂူထဲတွင် ထိုင်နေသည့်သူက နဉ်ယွိဟန်ပဲ ဖြစ်သည်။
ယခုအချိန်တွင် သူသည် ယခင်က နုပျိုသည့် သွင်ပြင်နှင့် လုံးဝမတူညီတော့ပေ။ သူ၏ ရုပ်ရည်သွင်ပြင်ဖြစ်စေ၊ အရှိန်အဝါဖြစ်စေ သူက ပိုမို ချောမောခန့်ညားလာပေ၏။
သူသည် ပညာသင်သားတစ်ဉီး၏ သွင်ပြင်မျိုး ရှိနေသေးသော်ငြား ယခင်ကထက် ပိုကောင်းလာ၏။ ယခင်ကဆို သူသည် တကယ့်ကို မိန်းမငယ်လေးတစ်ဉီးနှင့် တူနေတာ ဖြစ်သည်။
အနည်းဆုံးတော့ ယခု တစ်ချက်ကြည့်ရုံဖြင့် အမျိုးသားတစ်ယောက်မှန်း သိသွားပြီ ဖြစ်သည်။
မျက်လုံးဖွင့်လိုက်ချိန်တွင် သူ၏ သန့်စင်သော ခရမ်းရောင် မျက်ဝန်းတစ်စုံက ပိုနက်ရှိုင်းလာပြီး ရင့်ကျက်သည့် အရှိန်အဝါမျိုး ထုတ်ပြနေကာ ပိုဆုံးဖြတ်ချက် ပြတ်သားလာပုံ ပေါ်၏။
တစ်လှမ်းပဲ။ တစ်လှမ်းပဲ။
တစ်လှမ်းဆိုရင် ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ဂိုဏ်းကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်တော့မှာ။ အဲ့ဒီအချိန် ဒေသတစ်ခုရဲ့ သိုင်းပညာရှင်တစ်ယောက်အဖြစ် သတ်မှတ်လို့ရပြီ။ သူ ဘာပဲဖြစ်ဖြစ် ကြီးကြပ်သူကို ငါ ကာကွယ်ပေးနိုင်တော့မှာ။
နဉ်ယွိဟန်က လက်သီးကျစ်ကျစ် ဆုပ်ပြီးနောက် သူ၏ မျက်လုံးထဲတွင် ဆုံးဖြတ်ချက် ချထားသည့် အကြည့်တို့ ပေါ်လာ၏။ ပြီးနောက် သူက ဂူအပြင်ဘက်ဆီ လှမ်းအော်လိုက်သည်။
” ငါ ဖိတ်ခိုင်းထားတဲ့ ဂုဏ်သရေရှိ ဧည့်သည် ရောက်ပြီလား ”
ဂူအပြင်ကနေ အသံတစ်သံက လျင်မြန်စွာ ရောက်ချလာ၏။
” မွန်မြတ်သော သားတော်ကို အကြောင်းပြန်ပါတယ်။ သူ ဒီရောက်နေပါပြီ။ သူက လက်ရှိငွေရောင်မြေခွေး မဟာခန်းမထဲမှာပါ ”
နဉ်ယွိဟန်၏ မျက်နှာက ပျော်ရွှင်မှုများဖြင့် လက်သွားပြီး ချက်ချင်းပင် ပြေးထွက်လာကာ အလင်းတန်းအသွင် ပြောင်းလျက် ငွေရောင်မြေခွေး မဟာခန်းမဆီသို့ ဉီးတည်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်း သူသည် ငွေရောင်မြေခွေး ခန်းမသို့ ရောက်လာကာ ယဲ့ရှောင်၏ ပုံရိပ်ကို တွေ့လိုက်ရ၏။ ချက်ချင်းပင် သူ၏ မျက်ဝန်းများက နီရဲလာကာ ငွေ့ရည်ဖွဲ့လာ၏။
” ကြီးကြပ်သူ။ နောက်ဆုံးတော့ ဒီရောက်လာပြီပဲ ”
ယဲ့ရှောင်သည် နဉ်ယွိဟန်ကို မြင်သောအခါ သူသည် နောက်ဆုံးတော့ မြေခွေးဘုရင်မနှင့် အနေခက်သည့် စကားစမြည် ပြောဆိုမှုကို ရပ်လိုက်နိုင်ပြီ ဖြစ်သည်။
မြေခွေးဘုရင်မက အားနာလွန်းနေပြီး ပွင့်ပွင့်လင်းလင်း မေးလွန်း၏။ ယဲ့ရှောင်သည် ထိုကဲ့သို့ အနေအထားမျိုးနှင့် မသင့်တော်ဆုံး ဖြစ်သည်။
ထို့အပြင် သူမက ကပြဖျော်ဖြေရန် မြေခွေးမလေးတစ်စုကိုတောင် ခေါ်ထား၏။ ချစ်ကြည်ရေးပြသပွဲဟုခေါ်ပြီး ငွေရောင်မြေခွေးမျိုးနွယ်၏ ရိုးရာယဉ်ကျေးမှု ဖလှယ်ပွဲဟု ဆိုခဲ့ရာ ယဲ့ရှောင် အတော်လေး ဆွံ့အသွားတော့သည်။
ထိုကဲ့သို့ စိတ်ကူးယဉ်ဆန်သော အရာများကို ပြုလုပ်မည့်အစား သူ့အတွက် အကင်လေးများ ကင်ပေးပြီး မြေခွေးစားတော်ပွဲတည်တာကမှ ပိုအဆင်ပြေဉီးမည်။
ပြီးပြည့်စုံသည့် အသွင်ပြောင်းလဲမှု ဖြစ်သွားသော နဉ်ယွိဟန်ကို ကြည့်ပြီး ယဲ့ရှောင်က ချီးကျူးလိုက်တော့သည်။
” ကြည့်ရတာ မင်း ဒီတလော ငွေရောင်မြေခွေးမျိုးနွယ်ထဲမှာ အတော်လေး အရွယ်ရောက်လာတဲ့ပုံပဲ ”
နဉ်ယွိဟန်က အမြန်န်ရှေ့လျှောက်သွားလျက် ယဲ့ရှောင်ကို အရိုအသေ ပေးလိုက်သည်။
” ယွိဟန်က အဲ့ဒီတုန်းက ကြီးကြပ်သူရဲ့ အကူအညီနဲ့ ကာကွယ်ပေးမှုကို ကျေးဇူးတင်နေသေးတာပါ။ ကြီးကြပ်သူကြောင့်သာ မဟုတ်ရင် ယွိဟန် ကျန်းဟိုင်မြို့မှာ သေနေတာ ကြာနေပါပြီ။ သူက ဒီနေ့ အောင်မြင်မှု ဘယ်လိုလုပ် ရပါ့မလဲ ”
နဉ်ယွိဟန် ရောက်လာတာကို မြင်သောအခါ မြေခွေးဘုရင်မသည် သူတို့နှစ်ယောက်အတွက် နေရာဖယ်ပေးလိုက်သည်။
” ယွိဟန်။ မင်း ရောက်လာပြီဆိုတော့ မစ္စတာယဲ့ကို ဧည့်ခံလိုက်ဉီး။ မစ္စတာယဲ့ စားသောက်ရအောင်လို့ စားတော်ပွဲ ပြင်ဆင်ဖို့ မီးဖိုချောင် သွားလိုက်ဉီးမယ် ”
” ကျေးဇူးပါ ဖွားဖွား ”
နဉ်ယွိဟန်က သူမကို ကျေးဇူးတင်စကား ပြောပြီး မြေခွေးဘုရင်မက ယဲ့ရှောင်ကို ပြုံးပြလိုက်၏။ အလာဘသလာဘအချို့ ပြောပြီးနောက် သူမက ထွက်သွားတော့သည်။
ယဲ့ရှောင်နှင့် နဉ်ယွိဟန် ခန်းမထဲတွင် ကျန်တော့သည့်အချိန်၌ နဉ်ယွိဟန်က ပြောလိုက်တော့သည်။
” ကြီးကြပ်သူ။ ကျွန်တော် အဝေးကို ရောက်နေတာ ရက်အချို့ရှိပြီ။ အဆင်ပြေရဲ့လား ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” ငါပြေတယ် ”
” ကျန်းဟိုင်မြို့က ကျွန်တော့် သူငယ်ချင်းတွေရော ”
” သူတို့အားလုံးလည်း ပြေတယ် ”
” ဒါကောင်းတယ်။ လတ်တလော လူသားကမ္ဘာမှာ ပြဿနာတွေ ကြုံရတယ်လို့ ကြားထားတယ်။ သူတို့ကို စိုးရိမ်နေတာ ”
ယဲ့ရှောင်က အနည်းငယ် မျက်ခုံး ပင့်လိုက်မိ၏။
” ဒီနေရာမှာ လူသားမျိုးနွယ်အကြောင်း သတင်းအချက်အလက်တွေကို ရှာတွေ့နိုင်တယ်လား ”
” ဒါပေါ့။ လက်တွေ့မှာ လူသားမျိုးနွယ်နဲ့ ကြယ်တာရာသားရဲကြားက ချိတ်ပိတ်မှုက ဒီလောက် မတင်းကြပ်ဘူးလေ။ တစ်ဖက်နဲ့တစ်ဖက် သတင်းအချက်အလက်တွေကို ရှာဖွေဖို့ နည်းလမ်းတချို့ အမြဲတမ်း ရှိနေတာပဲ ”
” ဒီတော့ ဒီလိုကိုး။ ဒါနဲ့ လူသားဧကရာဇ်အဆင့် အမွေအနှစ်တစ်ခု ဒီမှာရှိတယ်လို့ မင်းပြောထားတယ်။ ဘယ်မှာလဲ ”
နဉ်ယွိဟန်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်၏။
” ကြီးကြပ်သူ။ ကျွန်တော်တို့နှစ်ယောက် တွေ့ဖို့မှ မလွယ်ကူတာ။ ရောက်လာတာနဲ့ ကျင့်ကြံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဘာကြောင့် ပြောရတာလဲ။ ကျင့်ကြံခြင်းအပြင် တခြားဝါသနာ မရှိဘူးလို့တော့ ကျွန်တော့်ကို မပြောနဲ့နော် ”
” ငါ့မှာ ဝါသနာ ရှိတယ်လေ။ အပင်စိုက်ပျိုးတာ။ မြက်ပင်တွေ စိုက်တာ။ တိရစ္ဆာန်တချို့ကို ပျိုးထောင်တာ ”
” ကြီးကြပ်သူက တကယ်စိတ်ထားကောင်းတာပဲ။ ဘယ်လို တိရစ္ဆာန်လေးတွေကို ပျိုးထောင်တာလဲဆိုတာ တကယ်မြင်ချင်တယ်။ သူတို့က ချစ်ဖို့ကောင်းရမယ် ဟုတ်တယ်မလား ”
နဉ်ယွိဟန်က အနည်းငယ် အားကျသွား၏။
” ဟုတ်တယ်။ မင်းအားတဲ့အချိန်ကျ မင်းကို လိုက်ပို့ပေးမယ် ”
” ဟုတ်ပြီလေ ”
ခဏရပ်တန့်သွားပြီးနောက် နဉ်ယွိဟန်က ထပ်မေးလိုက်သည်။
” တကယ်တော့ လတ်တလောကမှ လူသားဧကရာဇ်အဆင့် အမွေအနှစ်ကို ကျွန်တော်တို့ ရှာတွေ့တာ။ အရင်တုန်းက တောင်ကြားရဲ့ အတွင်းပိုင်းထဲမှာ ဝှက်ထားတာလေ။ လတ်တလော မိုးတွေ သည်းလွန်းတော့ အမွေအနှစ် နေရာတချို့ ပေါ်လာခဲ့တယ်။ အဲ့ဒါကြောင့် အမွေအနှစ်ကို ရှာတွေ့တာပဲ ”
” သူ့ရဲ့ ပိုင်ရှင်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀တုန်းက လူသား ဧကရာဇ်အဆင့် သိုင်းပညာရှင်တစ်ယောက်ပဲ။ သူက ကျွန်တော်တို့ ငွေရောင်မြေခွေးမျိုးနွယ်ရဲ့ ဘိုးဘေးတွေထဲက တစ်ယောက်ရဲ့ ချစ်သူလေ။ သူ့ရဲ့ နှောင်းပိုင်းနှစ်တွေမှာ သူက ငွေရောင်တောင်ကြားကို လာဖို့ ရွေးချယ်ပြီး နောက်ဆုံး ဒီမှာပဲ သေသွားခဲ့တာ ”
” သူက ကန့်သတ်ချက်တစ်ခု ချထားခဲ့တယ်။ ဒီကန့်သတ်ချက်ကို ဖွင့်ပြီး အမွေအနှစ် ဆက်ခံချင်တယ်ဆိုရင် လူသားမျိုးနွယ်နှင့် မြေခွေးမျိုးနွယ်ရဲ့ သွေးကို လိုအပ်တယ် ”
” တစ်နည်းအားဖြင့် လူသားနဲ့ မြေခွေးမျိုးနွယ်ဝင် တစ်ယောက်ပဲ။ သွေးအဆီအနစ်ကို သုံးပြီး သူ့အမွေအနှစ်ထဲကို ဝင်နိုင်မှာ ”
” လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀တုန်းက သူက ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်တစ်ယောက် ဖြစ်နေသေးတာဆိုတော့ သူများလား ”
ယဲ့ရှောင်က ဧကရာဇ်တစ်ပါးကို တွေးလိုက်မိသည်။
နဉ်ယွိဟန်က အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်တော့သည်။
” ကြီးကြပ်သူက ကြည့်ရတာ တစ်ဖက်သူရဲ့ အထောက်အထားကို ခန့်မှန်းမိပြီနဲ့ တူတယ်။ မဆိုးဘူးပဲ။ သူက လူသားမျိုးနွယ်ရဲ့ သမိုင်းကြောင်းထဲက ဧကရာဇ်ကျိုးလေ ”
တကယ်သူပဲ။
ယဲ့ရှောင်က မှတ်ဉာဏ်ထဲရှိ ဧကရာဇ်ကျိုးက နက်ရှိုင်းနေသေးဆဲ ဖြစ်သည်။ ဆိုရလျှင် သူ ယခင်ဘဝ၌ နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် ဗားရှင်း မည်မျှများစွာကို သူ သိခဲ့သနည်း။ သို့သော်ငြား ရုပ်ရှင်ဇာတ်လမ်းတွဲက ရုပ်ရှင်ဇာတ်လမ်းတွဲဖြစ်ပြီးသား။ သမိုင်းကြောင်းက သမိုင်းကြောင်းပဲ ဖြစ်သည်။
သမိုင်းထဲ၌ ဧကရာဇ်ကျိုးသည် အစောပိုင်းနှစ်များ၌ ဉာဏ်ပညာကြီးသော ဧကရာဇ်တစ်ပါး ဖြစ်ခဲ့သည်။ သူ၏ နယ်မြေကို ချဲ့ထွင်ခဲ့ကာ အောင်မြင်မှုများစွာ ရရှိခဲ့၏။ သူသည် စီရင်စု၉ခုကို ချဲ့ထွင်ခဲ့ပြီး ဂုဏ်ထူးဆောင်ခဲ့သည်။ သို့သော် နောက်ပိုင်းနှစ်များ၌ သူက သေရည်ရစ်မူးကာ တဖြည်းဖြည်းချင်း တိုင်းပြည် ပြိုလဲမှုဆီ ဉီးတည်သွား၏။
သို့သော် ဤကမ္ဘာ၏ သမိုင်းကြောင်းကမူ သူယခင်ဘဝနှင့် သေချာပေါက် မတူညီပေ။
ပထမဆုံးနှင့် အဓိကအကျဆုံးအနေဖြင့် ၎င်းက အရေးကြီးဆုံးအချက်ပဲ ဖြစ်သည်။ ဤကမ္ဘာရှိ မင်းဆက်များသည် သူ ယခင်ဘဝရှိ သမိုင်းကြောင်းထဲကဲ့သို့ ပြောင်းပြန်မလှန်သွားပေ။ မင်းဆက်နှစ်ဆက်ကြားရှိ အခြေအနေက အလွန်တည်ငြိမ်၏။
အခြေခံအားဖြင့် မင်းဆက်တစ်ဆက်၏ မျိုးဆက်များက ဧကရာဇ်နယ်ပယ်သို့ မတက်လှမ်းနိုင်တော့ပဲ လူသားမျိုးနွယ်ကို မကာကွယ်နိုင်တော့သည့်အချိန်၌ လူသားမျိုးနွယ်အတွက် တိုက်ခိုက်ခြင်းသည် မင်းဆက်၏ အဆုံးသတ်ဟု ဆိုလိုသည်။ နောက်ပိုင်း၌ တစ်စုံတစ်ယောက်က ဧကရာဇ်နယ်ပယ်သို့ အဆင့်တက်သွားချိန် သူတို့က ဧကရာဇ်၏ ရာဇပလ္လင်သို့ တရားဝင် တက်လှမ်းနိုင်မှာပဲ ဖြစ်သည်။
လူသားမျိုးနွယ်၏ တစ်ခုတည်းသော ရန်သူက ကြယ်တာရာသားရဲများပဲ ဖြစ်သည်။
ထို့အပြင် နောက်ထပ်အချက်တစ်ချက် ရှိသေးသည်။ ဤကမ္ဘာ၌ ကြယ်တာရာသားရဲများ ရှိသည်။ ထို့ကြောင့် သူ့ ယခင်ဘဝ၏ သမိုင်းကြောင်းထဲတွင် အချို့သော စိတ်ကူးယဉ်ဆန်သည့် အရာများက ဤကမ္ဘာထဲ၌ အစစ်အမှန် တည်ရှိနေတာပဲ ဖြစ်သည်။
သို့သော် ယဲ့ရှောင်သည် ဧကရာဇ်ကျိုးက သူ သေလွန်ပြီးနောက် သူ၏အမွေအနှစ်ကို စီရင်စု၉ခု လူသားမျိုးနွယ်နေရာတွင် မဟုတ်ပဲ ငွေရောင်မြေခွေးမျိုးနွယ်၌ ဝှက်ထားရန် ရွေးလိမ့်မည်ဟု မထင်ထားပေ။
ယင်းက အတော်လေး ထူးဆန်းပေ၏။
သူက တကယ်ကြီး မြေခွေးတစ်ကောင် စိတ်ညှို့တာ ခံခဲ့ရတာလား။
ဒီလို မဟုတ်လောက်ဘူး။ ပြောရရင် ဒီဘဝမှာ နတ်ဘုရားတွေရဲ့ တည်ရှိမှုက ရှိနေတယ်။ အကြောင်းအရင်းတချို့တော့ ရှိမှာပဲ။
ယဲ့ရှောင်သည် သူ့ဆီကနေ နတ်ဘုရားများအကြောင်း အချက်အလက်အချို့ ရနိုင်မည်ဟု ခံစားလိုက်မိ၏။
***