အပိုင်း ၂၈၇
ကြယ်ဆုံသော ကောင်းကင်၏ နယ်စပ်။ မိတ်ဆွေဟောင်းများကို နှုတ်ဆက်ခြင်း
ဘုရင်များက ဒေါသထွက်သွားတော့၏။ သို့သော် ယခုအချိန်တွင် သူတို့သည် ဒေါသကို ဖိနှိပ့်ထားရုံသာ တတ်နိုင်သည်။ ၎င်းကို မဖိနှိပ့်ထားလျှင် သူတို့ သေမှာ ဖြစ်သော
ကြောင့်ပင်တည်း။
” မင်းတို့တွေ ဘာကြောင့် မထွက်သွားသေးတာလဲ ”
ကြီးမြတ်သော ကျားဖြူက အော်ပြောလိုက်၏။ ဘုရင်များက အံကြိတ်လိုက်သော်ငြား အဆုံးတွင်မူ လှည့်ထွက်သွားရုံသာ တတ်နိုင်၏။
ကပ်ဘေးတစ်ခုက ဖြေရှင်းပြီးသွားပြီ ဖြစ်သည်။
မိုးပြာနဂါး ပေါ်လာချိန်၌ အရာအားလုံးက အဆင်ပြေသွားသည်။
လူတိုင်းက သက်ပြင်းချပြီး မိုးပြာနဂါးကို အရိုအသေ ပေးလိုက်တော့သည်။
” မိုးပြာနဂါး။ အရာအားလုံးက မင်း ကျေးဇူးကြောင့်ပဲ။ မင်းကြောင့်သာ မဟုတ်ရင် ငါတို့တွေ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး ”
မိုးပြာနဂါးက ပြန်မပြောပေ။ သူက ထူးမခြားနား ပြောလိုက်၏။
” အဲ့ဒီကလေး သူ ဘယ်နယ်ပယ်ကို အဆင့်တက်သွားပြီလဲ ”
လိပ်နတ်က ပြုံးပြီး ပြန်ပြောလိုက်သည်။
” သူက ဘုရင်နယ်ပယ် အထွတ်အထိပ်ကို ရောက်ပြီးနေပြီ။ ဧကရာဇ်နယ်ပယ်အောက်ပဲ။ သူက နောက်ဆုံးတစ်ဆင့်ကို ရောက်ဖို့အတွက် နားလည်သဘောပေါက်မှေု တစ်စွန်းတစ်စ လိုအပ်နေတာ။ သူက ဧကရာဇ်နယ်ပယ်ကို အပြည့်အဝ တက်လှမ်းနိုင်လိမ့်မယ် ”
မိုးပြာနဂါးက ခဏတာ စဉ်းစားလိုက်၏။
” တစ်လအတွင်း အဲ့ဒီကလေးကို ငါနဲ့ လာတိုက်ခိုက်ခိုင်းလိုက်။ သူ ဧကရာဇ်နယ်ပယ်ကို တက်လှမ်းနိုင်အောင်လို့။ ငါ့ဘဝရဲ့ သိုင်းပညာအတွေ့အကြုံတွေကို သုံးပြီး သူ့ကို ကူညီပေးမယ် ”
ပြောပြီးသည်နှင့် မိုးပြာနဂါးက လှည့်ထွက်သွား၏။
ထိုစကားသည် လူတိုင်း၏ နားထဲ ပြင်းထန်သည့် ဗုံးတစ်လုံးပမာ မြည်ဟီးသွားတော့သည်။
လီလျိုဆွေ့က မျက်လုံးအပြူးသား ဖြစ်နေပြီး မယုံနိုင်စွာ ပြောလိုက်၏။
” ကြီးမြတ်သူ။ ကြီးမြတ်သူ။ ဓါးဧကရာဇ် မိုးပြာနဂါး ခုနတုန်းက ဘာပြောသွားတာလဲ ”
ကြီးမြတ်သော လိပ်နတ်က သက်ပြင်းချလိုက်သည်။
” မင်း နားမလည်ဘူးလား။ သူက ယဲ့ရှောင်အတွက် ခြေနင်းကျောက်တုံးတစ်ခု ဖြစ်ချင်နေတာ။ ယဲ့ရှောင် နောက်ဆုံးအဆင့်ကို တက်လှမ်းနိုင်အောင် ကူညီပေးဖို့ တစ်ဘဝစာ သိုင်းပညာရပ် အတွေ့အကြုံတွေကို သုံးပေးမှာ ”
လီလျိုဆွေ့သည် ထိတ်လန့်လွန်းသော
ကြောင့် စကားမပြောနိုင်တော့ပေ။
ဒါက ဘယ်လို ဂုဏ်သရေမျိုးလဲ။
စီရင်စု၉ခု၏ နံပါတ်၁ပုဂ္ဂိုလ်။ ခမ်းနားကြီးကျယ်သည့် ဓါးဧကရာဇ် မိုးပြာနဂါး။ ကမ္ဘာလောကကြီးထဲ၌ နံပါတ် ၁ လူတစ်ယောက် ဖြစ်သည့်တိုင် ယဲ့ရှောင် ဧကရာဇ်နယ်ပယ်သို့ အဆင့်တက်လှမ်းနိုင်အောင် ကူညီပေးနိုင်ဖို့ သူ့ကိုသူ ခြေနင်းထောက် ကျောက်တုံးအနေဖြင့် အသုံးပြုချင်နေ၏။
မိုးပြာနဂါးသည် ဆုံးဖြတ်ချက် မည်မျှ ချမှတ်ခဲ့ရသနည်း။ ထိုအဆင့်ကို လျှောက်လှမ်းရန်။
သူ၏ ဂုဏ်သိက္ခာနှင့် ဂုဏ်သတင်းတို့သည် ယဲ့ရှောင်၏ ခြေထောက်အောက်၌ ကြေမွရလိမ့်မည်။ သို့သော်ငြား ယင်းက အရေးကြီးဆုံးအရာဟု မဆိုနိုင်သေးပေ။ အရေးကြီးဆုံးအရာက မိုးပြာနဂါး၏ သိုင်းပညာရပ် နှလုံးသားပဲ ဖြစ်သည်။
သိုင်းပညာရှင်တစ်ယောက်အဖို့ ရှေ့ဆက်သွားနိုင်ခြင်းက အကောင်းဆုံးဖြစ်ပြီး အတွေးတက်ဆုံး ချုပ်နှောင်မှုနှင့် သူ့ကို ကန့်သတ်ထားမှုတို့ မရှိပဲ ရှေ့ဆက်သွားနိုင်ခြင်းက အကောင်းဆုံး ဖြစ်၏။
မိုးပြာနဂါးသည် ယဲ့ရှောင်ကို ရှုံးနိမ့်သွားခဲ့လျှင် သူ၏ သိုင်းပညာရပ် နှလုံးသားက အနည်းငယ် ထိခိုက်သွားလိမ့်မည်။
နောင်ကြ သူသည် ဧကရာဇ်နယ်ပယ်သို့ အဆင့်မတက်နိုင်ဟု မပြောနိုင်သော်ငြား ဧကရာဇ်နယ်ပယ်သို့ အဆင့်တက်နိုင်သည့် အခွင့်အရေး လျော့နည်းသွားမည်ဆိုတာ သံသယဖြစ်ဖွယ် မရှိပေ။
သူ အမှန်တကယ် ထိုသို့ ပြုလုပ်ခဲ့ပါက ဧကရာဇ်နယ်ပယ် ဖြစ်လာနိုင်သည့် သူ၏ မြင့်မားသော အခွင့်အရေးကို အသုံးချပြီး ယဲ့ရှောင် အဆင့်တက်နိုင်အောင် ကူညီပေးမှာပဲ ဖြစ်သည်။ ထိုအချိန်မှစပြီး အဆင့်တက်နိုင်ချေက နိမ့်သွားလိမ့်မည်။
အရာအားလုံးကို သူ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် ပြုလုပ်ထား၏။ မည်မျှ မြန်လွန်းသည့် အကျင့်စရိုက်နည်း။
အမှန်တကယ်တွင် မီးငှက်၊ လိပ်နတ်နှင့် ကျန်သည့် ကြီးမြတ်သူကသာလျှင် မိုးပြာနဂါး ထိုသို့ ပြုလုပ်ရသည့် အကြောင်းအရင်းကို နားလည်နိုင်သည်။
သူသည် စီရင်စု၉ခုအတွက် ပြုလုပ်ပေးခဲ့တာပဲ ဖြစ်သည်။
ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်တစ်ဉီးသည် သားရဲကပ်ဘေး၏ အခြေအနေကို လွှမ်းမိုးနိုင်ရန် လုံလောက်၏။ သူ့တွင် ဧကရာဇ်နယ်ပယ်သို့ အဆင့်တက်လှမ်းနိုင်ရန် မျှော်လင့်ချက် ရှိသည့်တိုင် အဆင့်တက်လှမ်းနိုင်ရန် အခွင့်အရေး မည်မျှ မြင့်မားစေကာမူ အောင်မြင်မည်ဟု အာမခံချက် မရှိနိုင်ပေ။
သူက ထိုနယ်ပယ်သို့ အမှန်တကယ် မရောက်နိုင်လျှင် သူက ထိုနယ်ပယ်သို့ အဆင့်တက်နိုင်မှာ သေချာသည်ဟု ဘယ်တော့မှ ပြောရန် ဖြစ်နိုင်မှာ မဟုတ်ပေ။ ဖြစ်လာနိုင်ချေရှိသည့် ကိစ္စတစ်ခုသာ အမြဲတမ်း ဖြစ်ခဲ့၏။
ဝန်ခံရမည်ဆိုလျှင် သူက ယဲ့ရှောင်ကို သူ့အား ခြေနင်းကျောက်တုံးအနေဖြင့် အသုံးပြုခွင့် ပေးခဲ့လျှင် သူသည် ဧကရာဇ်နယ်ပယ်သို့ အဆင့်တက်နိုင်ချေ အလွန်မြင့်မား၏။ ရှေးဉီးစွာ ယဲ့ရှောင်က ထိုသို့ ပြုလုပ်ရန် ဆန္ဒရှိမှာ မဟုတ်ပေ။
ဒုတိယအချက်အနေဖြင့် ယဲ့ရှောင်က သူ့ထက် ပိုငယ်ရွယ်၏။ ယဲ့ရှောင်သည် နောင်ကြ အဆင့်တက်နိုင်ရန် အခွင့်အရေး ပိုမြင့်မားသည်။
ယင်းက မိုးပြာနဂါးသည် ယဲ့ရှောင်ကို ပံ့ပိုးပေးရန် သူ့ကိုသူ ခြေနင်းကျောက်တုံးအနေဖြင့် အသုံးပြုရန် နောက်ဆုံး ရွေးချယ်မှုပဲ ဖြစ်သည်။
စီရင်စု၉ခု ပိုကောင်းမွန်လာစေပြီး ပိုမြင့်
သည့် ခွန်အားအဆင့် ရရှိနိုင်ရန်အတွက် သူ့ကိုသူ စတေးဖို့ ရွေးချယ်ခဲ့သည်။
အကြောင်းမှာ သူသည် စီရင်စု၉ခု၏ ကြီးမြတ်သူလေးဉီးထဲမှ တစ်ဉီးဖြစ်သော ကြီးမြတ်သူ မိုးပြာနဂါး ဖြစ်နေသောကြောင့် ဖြစ်သည်။
တိုင်းပြည်၏ အကျိုးအမြတ်အတွက် နိုင်ငံသား ကွဲပြားသော်ငြား သူသည် တိုင်းပြည်နှင့် လူမျိုးကို ရွေးချယ်ခဲ့၏။
ယင်းက စီရင်စု၉ခု ဆက်လက် ရှင်သန်နေနိုင်ခြင်းမှ သူရဲကောင်းမျိုးဆက်များက သူတို့ကိုသူတို့ စတေးခဲ့သောကြောင့် ဖြစ်သည်။
တစ်ဖက်တွင်မူ ယဲ့ရှောင်သည် ရို့ဝေ ဖွင့်ပေးခဲ့သည့် ပို့ဆောင်ရေးလမ်းကြောင်းအောက်၌ ကြယ်ဆုံသောကောင်းကင်ဆီသို့ ပထမဆုံးအကြိမ် ရောက်သွားတာ ဖြစ်သည်။
မြေပြင်နှင့် ကြယ်ဆုံသော ကောင်းကင်ကြား၌ လူသားမျိုးနွယ်၏ ဘိုးဘေးများ တည်ဆောက်ခဲ့သော ခုခံခြင်း အရံအတားတစ်ခု ရှိသည်။ ထိုအရံအတားမရှိပဲ ကြယ်တာရာသားရဲများအားလုံးက လူ့လောကသို့ အလွယ်တကူ လာနိုင်ပေလိမ့်မည်။ ထိုအရံအတားသည် ကြယ်တာရာသားရဲများနှင့် လူသားမျိုးနွယ်ကို ပိုင်းခြားပေးထား၏။ အရံအတားကို ဖြိုခွဲချင်ပါက နည်းလမ်းတစ်ခုသာ ရှိသည်။
ပထမဆုံး နည်းလမ်းသည် လေဟနယ် ကူးပြောင်းရေး နည်းလမ်းကို ဖွင့်လှစ်ရန် အစွမ်းထက်သည့် တည်ရှိမှုတစ်ခုကို အသုံးပြုရန် လိုသည်။
နောက်တစ်နည်းက လေဟာနယ် လမ်းကြောင်းကို ဖွင့်လှစ်ရန်အတွက် လျှို့ဝှက်နည်းလမ်းတစ်ခုကို အသုံးပြုရန် လိုအပ်သည်။
ထိုလေဟာနယ် ကူးပြောင်းမှု လမ်းကြောင်းသည် အလွန်သေးငယ်၏။ အချိန်တိုအတွင်း၌ လူတစ်ယောက်နှစ်ယောက်သာ ပို့နိုင်သည်။ ယင်းက အကန့်အသတ် ဖြစ်နေ၏။ လူများစွာ ပို့ခဲ့လျှင် ခုခံမှု ယန္တရားမှ တုံ့ပြန်မှုတစ်ခု ရရှိမည်ဖြစ်ကာ ကူးပြောင်းရေး လမ်းကြောင်းတွင်းရှိ အသက်များကို ချက်ချင်း သတ်ဖြတ်လိမ့်မည်။
သူတို့က လူသားများ မဟုတ်သရွေ့ အလွန်အကျွံ စွမ်းအားကြီးသည့် သူများကိုပို့ဆောင်၍ မရပေ။ ထိုအကြောင်းအရင်းကြောင့် ပို့ဆောင်ရေး လမ်းကြောင်းများ ရှိနေသော်ငြား ကြယ်တာရာသားရဲများသည် လူသားမျိုးနွယ်ကို မကျူးကျော်နိင်ရသေးတာပဲ ဖြစ်သည်။
ယဲ့ရှောင်သည် ဧကရာဇ်နယ်ပယ် အဆင့်အောက်ဖြစ်နေပြီး ဆိုသော်ငြား သူက လူသားတစ်ယောက် ဖြစ်၏။ ထို့ကြောင့် သူသည် အရံအတား၏ အကျယ်အဝန်းအတွင်း ကန့်သတ်ခံရမှာ မဟုတ်ပေ။
ကြယ်ဆုံသော ကောင်းကင်ကို သူ ပထမဆုံးအကြိမ် ရောက်တာ ဖြစ်သောကြောင့် ယဲ့ရှောင်သည် ကြယ်ဆုံသော ကောင်းကင်သည် ယခင်ဘဝနှင့် တူတူပဲဟု တွေးမိလိုက်သည်။
စကြာဝဠာထဲ၌ ဂြိုလ်များ နေရာအနှံ့ ရှိနေသည်။
သူသည် ကြယ်ဆုံသော ကောင်းကင်ကို အမှန်တကယ် ရောက်သည့်အချိန်ကျမှ ဤစကြဝဠာအတွင်းရှိ ဂြိုလ်များက သူထင်ထားသကဲ့သို့ မဟုတ်ကြောင်း သဘောပေါက်သွားသည်။ ထိုအစား သူတို့က ပြောင်းပြန်ကတော့ချွန်များ ဖြစ်သည်။
လူသားကမ္ဘာသည် ကောင်းကင်က လုံးဝိုင်းပြီး မြေကြီးက စတုရန်း ဖြစ်နေ၏။
မြေပြင်အထက်၌ စက်ဝိုင်းခြမ်းသဏ္ဍန် ကာကွယ်ရေးအလွှာတစ်ခု ရှိသည်။ ယဲ့ရှောင်သည် ပိုလေးစားဖွယ် စကားလုံးအချို့ကို မသုံးချင်သော်ငြား ရေခဲမုန့်ကတော့က လူ့ကမ္ဘာကို ဖော်ပြရန်အတွက် အသင့်တော်ဆုံး ဖြစ်နေကြောင်း ခံစားမိလိုက်၏။
လူသားကမ္ဘာအထက် ကောင်းကင်ထဲ၌
ယဲ့ရှောင်နှင့် အတော်ဝေးဝေးတွင် မြေနေရာလေးများစွာ ရှိသည်။ ယဲ့ရှောင်၏ ကောင်းကင်စိတ်အာရုံသည် သူတို့နှင့် ကွဲပြားကာ ယဲ့ရှောင်၏ ကောင်းကင်စိတ်အာရုံသည် ထိုနေရာ၌ ဝိညာဉ်စွမ်းအင်များစွာနှင့် အသက်များစွာကို အာရုံခံမိ၏။
ဂရုတစိုက် စဉ်းစားပြီးနောက် ဤနေရာသည် ဒဏ္ဍာရီလာ အာကာသ စစ်မြေပြင် ဖြစ်လောက်သည်ဟု တွေးမိလိုက်သည်။
” ဒါက ကြယ်ဆုံသော ကောင်းကင်လား ”
ရို့ဝေက အပြုံးတစ်ပွင့်ဖြင့် ရှင်းပြလိုက်သည်။
” ဟုတ်တယ်။ ဒါက အာကာသရဲ့ စစ်မှန်တဲ့ သွင်ပြင်ပဲ။ ဒါပေမဲ့ ကျွန်မတို့ အခု ရှိနေတာက လူသားကမ္ဘာရဲ့ အစွန်းမှာ ”
” လူသားကမ္ဘာက ဒီအာကာသထဲမှာ အကြီးမားဆုံး ကမ္ဘာပဲ။ ဒါပေမဲ့ အာကာသတစ်ခုလုံးထဲမှာ လူသားကမ္ဘာထက် ပိုများတာတွေ ရှိသေးတယ်။ အာကာသတစ်ခုလုံးထဲမှာ လူသားကမ္ဘာတစ်ခုထက် ပိုရှိတယ်။ တခြားလူသားကမ္ဘာတွေလည်း ရှိတယ်။ ဒီလူသားကမ္ဘာထက် ပိုကြီးမားတဲ့ ကမ္ဘာတွေတောင် ရှိတယ်။ သူတို့တွေထဲမှာ လူသားတွေ၊ ကြယ်တာရာသားရဲတွေ၊ နတ်ဘုရားတွေတောင် ရှိတယ် ”
နတ်ဘုရားများဟူသော စကားလုံးကို ကြားချိန်၌ ယဲ့ရှောင်၏ မျက်လုံးက လှုပ်ရှားသွားလေ၏။
” မင်း နတ်ဘုရားတွေ အကြောင်းတောင် သိနေလိမ့်မယ်ဆိုတာ မယုံနိုင်ဘူး။ ကြယ်ဆုံသော ကောင်းကင်မှာ သူတို့တွေ အများကြီးရှိတာလား ”
ရို့ဝေက မချိပြုံး ပြုံးလိုက်၏။
” စီနီယာယဲ့။ ဒီလို သဘောတရားရှိတယ်ဆိုတာပဲ ကျွန်မက သိတာပါ။ ဒါပေမဲ့ အရေအတွက် အတိအကျတော့ မသေချာပါဘူး။ ပြောရရင် ကျွန်မတို့ ငွေရောင်မြေခွေးမျိုးနွယ်ထဲမှာ နတ်ဘုရားနယ်ပယ်အထက် သိုင်းပညာရှင်တစ်ယောက်မှ မရှိဘူးလေ ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” ဒါ .. ဒါဆို သွားကြမယ်။ ငွေရောင်မြေခွေး မျိုးနွယ်စုရဲ့ နယ်မြေက ဒီနဲ့ ဝေးသေးတယ် ”
” ဒါက အချိန်ကုန်မှာပဲ ”
ထိုသို့ပြောပြီးနောက် ယဲ့ရှောင်သည် သူ့လက်ကို ဆန့်ထုတ်ကာ ရို့ဝေ၏ ပခုံးကို ဆုပ်ကိုင်လိုက်၏။
ရို့ဝေ၏ နုနှယ်သော ခန္ဓာကိုယ်က တုန်ယင်သွားကာ နှလုံးခုန်နှုန်း မြန်လာတော့သည်။
အား … စီနီယာယဲ့က ငါ့ပခုံးကို ဆုပ်ကိုင်လိုက်တယ်။ သူ့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ သူ ငါ့ကို တစ်ခုခု လုပ်ဖို့များ ဖြစ်နိုင်မလား။
သူက စီနီယာ သိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး ငွေရောင်မြေခွေးမျိုးနွယ်က လူသားတွေနဲ့ ခင်မင်တဲ့ဆိုပေမဲ့ သူမက ကြုံရာကျပန်း မြေခွေးတစ်ကောင် မဟုတ်ဘူးလေ။
စီနီယာယဲ့က အင်မတန် သန်မာပြီး ချောမောခန့်ညားတာကြောင့် စီနီယာယဲ့ရဲ့ တောင်းဆိုမှုကို သမန်ကာလျှံကာ သဘောတူလိုက်ဖို့ မဖြစ်နိုင်ဘူးလေ။
ဒါ့အပြင် ဒါက သူမရဲ့ မျိုးနွယ်စုထဲက အကြီးတွေရဲ့ အပြောအရ ပထမဆုံးအကြိမ်က အရမ်းနာတာတဲ့။
စီနီယာယဲ့ကို နည်းနည်း ညင်သာပေးပြီး သိပ်မကြမ်းဖို့ မေးလိုက်သင့်လား။
သူမက ခေါင်းလေးစောင်းပြီး အတွေးရိုင်းများ ပေါ်နေစဉ် နောက်တစ်စက္ကန့်၌ မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားကာ ငှက်များ၊ ပန်းပွင့်များ သင်းရနံ့တို့ဖြင့် ပြည့်နေသော တောင်ကြားတစ်ခုအဖြစ် ပြောင်းလဲသွား၏။
” ”
ဒီနေရာက ဘာကြောင့် ရင်းနှီးပုံ ပေါ်နေရတာလဲ။ ဒါက ငွေရောင်မြေခွေးမျိုးနွယ် နေထိုင်တဲ့ ငွေရောင်မြေခွေးတောင်ကြား မဟုတ်ဘူးလား။
ဒါပေမဲ့ သူမက လူသားမျိုးနွယ်ရဲ့ နယ်စပ်မှာ ရှိနေခဲ့တာလေ။
ငွေရောင်မြေခွေးမျိုးနွယ်နဲ့ လူသားမျိုးနွယ်ကြားက နယ်စပ်က မိုင်တစ်သိန်းနီးပါး ကွာတာလေ။ မျက်စိတစ်မှိတ်အတွင်း စီနီယာယဲ့က သူမကို ဒီခေါ်လာတယ်တဲ့လား။
ဒီအရှိန်က နည်းနည်းလေး မြန်လွန်းမနေဘူးလား။ မြန်လွန်းလို့ သူမ ဝိညာဉ်က အချိန်မှီ မတုံ့ပြန်နိုင်ဘူး ဖြစ်သွားတယ်။
တကယ်တော့ သူမတစ်ယောက်တည်း ထိတ်လန့်သွားတာ မဟုတ်ဘူး။ ယဲ့ရှောင်ကလည်း ထိတ်လန့်သွားတယ်။ သူက ယင် ယန် လွတ်မြောက်ခြင်းသိုင်းကို သူ့ခွန်အားအကုန်နဲ့ သုံးလိုက်တာ ပထမဆုံးအကြိမ်လေ။
စီရင်စု၉ခုထဲမှာတုန်းက သူတို့ကြားက အကွာအဝေးက နီးကပ်လွန်းလို့ ခွန်အားအကုန်ကို တစ်ခါမှ မသုံးခဲ့မိဘူး။ ထိုနည်းတူပဲ ယင် ယန် လွတ်မြောက်ခြင်းသိုင်းကို စွမ်းအားအပြည့် မသုံးဖူးဘူးလေ။
အခုအချိန်မှာမှ သူက ပထမဆုံးအကြိမ် သုံးတာ။ စက္ကန့်ပိုင်းအတွင်း လူသားကမ္ဘာရဲ့ နယ်စပ်ကနေ ငွေရောင်မြေခွေးတောင်ကြားကို ရောက်လာပြီး သူ့အရှိန်က တကယ်မြန်တာပဲ။
ဧကရာဇ်နယ်ပယ်ကို ရောက်ပြီးရင် ဘယ်လောက် မြန်မလဲဆိုတာ သူ တကယ် မသိတော့ဘူး။
ယဲ့ရှောင်သည် ငွေရောင်မြေခွေးတောင်ကြား၌ ပေါ်လာချိန်တွင် သူ့ကို စိုက်ကြည့်နေသည့် အကြည့်များစွာ ရှိနေ၏။
” ဝိုး … သူက သိပ်ချောမောခန့်ညားတာပဲ ”
” သူ့ကိုယ်ပေါ်မှာ လူသားမျိုးနွယ်ရဲ့ မွှေးရနံ့ရှိတယ်။ သူက ငါတို့ ငွေရောင်မြေခွေးမျိုးနွယ်က မဟုတ်ဘူး။ မဟုတ်ရင် ဘယ်လိုလုပ် ဒီလောက် ကြည့်ကောင်းမှာလဲ ”
” လူသားမျိုးနွယ်ရဲ့ နို့က ချိုမြိန်တယ်လို့ မျိုးနွယ်ထဲက ဖွားဖွားပြောတာ ကြားဖူးတယ်။ ငါ သောက်ချင်လိုက်တာ ”
ထိုစကားများကို ကြားပြီးနောက် ရို့ဝေသည် လှပစွာ ဝတ်စားဆင်ယင်ထားပြီး ချောမော
လှပပြီး ဆွဲငင်နိုင်သော မျက်နှာများ ရှိနေ
သည့် မြေခွေးမတစ်စုကို စိမ်းစိမ်းဝါးဝါး
ကြည့်လိုက်၏။
” ခွေးမလေးတွေတစ်သိုက်။ ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။ ဒီဖွားဖွားက နင်တို့ ပါးစပ်တွေကို မစုတ်ဖြဲဘူးလို့ ယုံကြည်နေတာလား ”
” ဒါက မွန်မြတ်တဲ့သားတော်က ဖိတ်ကြားထားတဲ့ ဂုဏ်သရေရှိ ဧည့်သည်တစ်ယောက်ပဲ။ ရိုင်းပျရဲတဲ့သူ ဘယ်သူပဲဖြစ်ဖြစ် မျိုးနွယ်စု စည်းမျဉ်းကို ဂရုစိုက်ထားလိုက် ”
ငွေရောင်မြေခွေးလေးများသည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ထိန်းလိုက်ကြ၏။ သူတို့အားလုံး၏ မျက်နှာထားက လိမ်မာပုံဖြစ်သွားကာ အပြစ်ကင်းသည့် မိန်းမငယ်လေးများအသွင် ဖြစ်သွားတော့၏။
ယဲ့ရှောင်သည် နောက်ဆုံးတော့ မြေခွေးမများ၏ ဇစ်မြစ်ကို နားလည်သွားသည်။ ထိုမြေခွေးမများသည် အမျိုးသားများကို ဖြေရှင်းရာ၌ အဆင့်မြင့် ကစားသမားအဖြစ် သဘာဝအတိုင်း မွေးဖွားလာတာပဲ ဖြစ်သည်။
သို့သော် သူသည် သိုင်းပညာရပ်အပေါ်တွင်သာ နစ်နစ်ကာကာ အာရုံစိုက်ထားသောကြောင့် ထိုအလှတရားများကို ဂရုမစိုက်ပေ။ သူတို့ကို ကြည့်နေခြင်းက အရိုးစုများကို
ကြည့်နေခြင်းနှင့် မခြားပေ။
သူက ထိုမြေခွေးမများကို အာရုံမစိုက်တာ သဘာဝကျသည်။
ရို့ဝေက ယဲ့ရှောင်ကို ခိုးကြည့်လိုက်သည်။ ယဲ့ရှောင်၏ အမူအယာက တည်ငြိမ်နေပြီး တပ်မက်စိတ် တစ်စွန်းတစ်စမှ မရှိတာကို မြင်တွေ့သည့်အချိန်၌ သူမက လေးစားသွားမိသည်။
စီနီယာယဲ့ကတော့ စီနီယာပါပဲ။
ထိုကဲ့သို့ စိတ်အခြေအနေသည် ကျန်သည့်သူများ မယှဉ်နိုင်ပေ။
ယခုအချိန်ထိ သူမ တွေ့ဖူးသမျှ ယောင်္ကျားသားများအားလုံးအနက် သူတို့သည် ယဲ့ရှောင်ရှေ့၌ မိုင်ပေါင်းများစွာ ကွာခြားလှပေ၏။
ရယ်မောစရာကောင်းသည့် ကိစ္စသည် သူမသည် အစောတုန်းက စီနီယာယဲ့အကြောင်း စိတ်ကူးယဉ်ခဲ့မိတာသေးတာပဲ ဖြစ်သည်။ သူက သူမကို တစ်ခုခု လုပ်ဖို့ ကြိုးစားတယ်တဲ့လား။
ဒါက အတော် ရယ်ဖို့ကောင်းတာပဲ။ သူက သူမကို တစ်ချက်တောင် ကြည့်တာ မဟုတ်ဘူးလေ။
စီနီယာယဲ့က အခု ဘယ်အဆင့်မှာလဲဆိုတာ တကယ်မသိဘူး။
အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် သူမသည် ဖိတ်ခေါ်သည့် လက်ဟန်ပြုလုပ်လိုက်သည်။
” စီနီယာယဲ့ ကျေးဇူးပြုပြီး ရှေ့ကို ကြွပါ ”
***