အပိုင်း ၂၈၆
စီရင်စု၉ခု၏ ဒဏ္ဍာရီ။ ဓါးဧကရာဇ် မိုးပြာနဂါး
ကျန်းချန်က သူ၏ စွမ်းအားကို ထုတ်ဖော်လိုက်သည်နှင့် တည်ငြိမ်နေသော ပင်လယ်ရေမျက်နှာပြင်သည် စတင်မြင့်တက်လာ၏။
ဘုရင်( ၁၁ )ပါးက ကျန်းချန်ပေါ် အေးစက်သော မျက်ဝန်းများဖြင့် ကြည့်နေကြ၏။
” ကြီးမြတ်သူလိပ်နတ်။ ခင်ဗျားက တကယ် စစ်ပွဲ စချင်နေတာလား ”
” စစ်ပွဲ စချင်တယ်လို့ မပြောခဲ့ဘူး။ ခင်ဗျားတို့တွေ ဒီကို အရင်ရောက်လာတာ။ ကျုပ်
ကျန်းချန် မဟုတ်ဘူး ”
” မင်းက ငါတို့ရဲ့ နဂါးသွေးကြော ၁၇ခုကို အနောက်အရပ်ကနေ ခိုးသွားတာ။ သိပ်ကို ကျိုးကြောင်းမသင့်ဘူးလို့ မထင်ဘူးလား ”
” အဲ့ဒီနဂါးသွေးကြော၁၇ခုက မင်းတို့ဟာလို့ ဘယ်သူပြောလဲ။ ခိုးသွားတာက ကြယ်တာရာသားရဲတွေ။ ငါတို့ နဂါးသွေးကြောတွေက ကြယ်တာရာသားရဲတွေဆီက အခိုးခံလိုက်ရတယ်။ မင်းတို့ လိုချင်ရင် ကြယ်တာရာသားရဲတွေဆီ သွားမေးနိုင်တယ်လေ။ ဒီမှာ အဓိပ္ပာယ်မရှိ လာပြောမနေနဲ့ ”
” ကျန်းချန် ခင်ဗျား လွန်သွားပြီ ”
ဘုရင်( ၁၁ )ပါးက ဒေါသထွက်သွား၏။ ဘုရင်အားလုံး၏ အရှိန်အဝါများက တိုက်ရိုက် ပေါက်ကွဲလာပြီးနောက် ကြီးမြတ်သူလိပ်နတ် ကျန်းချန်နှင့် တိုက်မိတော့သည်။
ဖုန်း။
ချက်ချင်းပင် ပင်လယ်ရေမျက်နှာပြင်၌ လှိုင်းများ ပြည့်သွားပြီးနောက် အရပ်မျက်နှာအနှံ့ ပေါက်ကွဲသွား၏။ မရေမတွက်နိုင်သော လှိုင်းလုံးကြီးများက ပေ ၃၀၀အကွာအဝေးထိ ရောက်တက်လာသည်။
ဘုရင်( ၁၁ )ပါး၏ အရှိန်အဟုန်ဖြင့် နဂါးစာရင်း၌ ဒုတိယအဆင့်ရထားသော ကြီးမြတ်သောလိပ်နတ် ကျန်းချန်တောင် သူတို့ကို အလွယ်တကူ မခုခံနိုင်ပေ။
သူတို့၏ အရှိန်အဟုန်များ တိုက်မိချိန်၌ သူ၏ ခန္ဓာကိုယ်က နောက်သို့ ဆက်တိုက် ဆုတ်နေရသည်။
သို့သော် သူ၏ ခန္ဓာကိုယ်က ဝင့်ကြွားစွာ ရပ်နေသေးဆဲ ဖြစ်သည်။
စီရင်စု၉ခုရှိ လူတစ်ယောက်၏ စိတ်ဝိညာဉ်ဖြင့် သူက အရေးနိမ့်နေပေလျှင် အရှုံးပေးရန်မဆိုထားနှင့် ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ပေ။
ထိုစဉ် ကောင်းကင်ထက်ကနေ ကျက်သရေရှိသည့် အသံတစ်စွန်းတစ်စဖြင့် အမျိုးသမီးသံက ပေါ်ထွက်လာ၏။
” ဒီလောက် လူတွေအများကြီးက လက်တွဲပြီးတော့ ငါ့ရဲ့ ကြီးမြတ်သောလိပ်နတ်ကို အနိုင်ကျင့်နေတယ်ဆိုတော့ စီရင်စု၉ခုမှာ တခြားသူတွေမရှိဘူးလို့ တကယ်ကြီး ထင်နေတာလား ”
အသံပေါ်ထွက်လာသည်နှက့် လိပ်နတ်အောက် မလျော့သည့် အရှိန်အဝါတစ်ခုကို ခံစားလိုက်မိသည်။
ထိုအားကောင်းသည့် အရှိန်အဝါက ဘုရင်နယ်ပယ် သိုင်းပညာရှင်( ၁၁)ဉီး၏ အရှိန်အဝါနှင့် တိုက်မိသွား၏။ ရလဒ်က မိုင်၁၀၀အတွင်း တုန်ယင်သွားစေသည့် ပင်လယ်လှိုင်းလုံးများကို ဖြစ်သွားစေသည်။
ပင်လယ်ရေပေါင်းများစွာသည် မြင့်မားလှ
သည့် ရေထောက်တိုင်ကြီးများပမာ မြင့်တက်သွား၏။
ရလဒ်အနေဖြင့် ပင်လယ်ရေမျက်နှာပြင်တစ်ခုလုံးက မြင့်တက်သွားသည်။
နှစ်ဖက်ရောင်ဝါများ တိုက်မိချိန်တိုင်းတွင် လျှပ်စီးနှင့် မိုးကြိုးများတောင် ပေါ်ထွက်လာသည်။
လီလျိုဆွေ့၏ စိတ်နှလုံး တုန်လှုပ်သွားကာ သူ၏ မျက်နှာထက်၌ ပျော်ရွှင်မှု တစ်စွန်းတစ်စ ပေါ်လာသည်။
” ကြီးမြတ်သူ ကျားဖြူ။ ကြီးမြတ်သူ ကျားဖြူ ဒီရောက်လာပြီ။ ကြီးမြတ်သော လိပ်နတ်။ ကျွန်တော်တို့ ဖိအား နည်းနည်းလျှော့ချနိုင်ပြီ ”
လိပ်နတ်က ခေါင်းညိတ်လိုက်၏။
” ဒါပေမဲ့ မလုံလောက်သေးဘူး။ ကျားဖြူက ဖီးနစ်စာရင်းမှာ အဆင့် ၂ပဲ ရထားတာ။ ငါတို့ ပူးပေါင်းတဲ့ ခွန်အားက ဘုရင်နယ်ပယ် သိုင်းပညာရှင်( ၁၁ )ယောက်ရဲ့ အရှိန်အဝါကို ခုခံဖို့ အပြည့်အဝ မလုံလောက်သေးဘူး ”
ဆိုရလျှင် ဘုရင်( ၁၁)ပါးရှိပြီး သူတို့အားလုံးက ဝါရင့်ဘုရင်များပဲ ဖြစ်သည်။ သူတို့သည် ဘုရင်နယ်ပယ်သို့ တက်လှမ်းခါစ လီလျိုဆွေ့ကဲ့သို့ မဟုတ်ပေ။ နှစ်ဖက်ကြားရှိ ခွန်အားကွာဟချက်က အလွန်ကြီးမားနေ၏။
” နှစ်ယောက်က မလုံလောက်ရင် သုံးယောက်ဆိုရင်ရော ”
နောက်ထပ် အသံတစ်သံ ပေါ်ထွက်လာပြီးနောက် ဝတ်ရုံနီ ဝတ်ထားသည့် အင်မတန် လှပသည့် အမျိုးသမီးက အရှေ့အရပ်ကနေ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာတော့သည်။ သူမက အရပ်မြင့်ပြီး သွယ်လျကာ အသားအရေက ဖြူဖွေးလျက် သူမ၏ မျက်နှာသွင်ပြင်သည် အထက်တန်းလွှာဆန်မှုကို ဖော်ထုတ်ပြနေလေ၏။ ဖီးနစ်မျက်ဝန်းတစ်စုံက ညှို့ငင်နိုင်စွမ်းရှိသော်ငြား သူတို့၏ အရည်အချင်းကို မဆုံးရှုံးပေ။
ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူမ၏ အရှိန်က ပေတစ်သောင်းကို ဖြတ်ကျော်သွား၏။ သူမ ခြေလှမ်းများက မမြန်သော်ငြား မျက်စိတစ်မှိတ်အတွင်း ကြီးမြတ်သူ လိပ်နတ်ဘေးသို့ ရောက်လာ၏။
လီလျိုဆွေ့က လက်သီးကျစ်ကျစ် ဆုပ်လိုက်မိ၏။ သူ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လာတော့သည်။
နောက်ထပ် ကြီးမြတ်သူတစ်ယောက်။
စီရင်စု၉ခု၏ ကြီးမြတ်သူလေးဉီးထဲမှ တစ်ဉီးဖြစ်သည့် ကြီးမြတ်သူ မီးငှက် မီးဓါးမော့ပဲ ဖြစ်သည်။
သူမ၏ ကျင့်ကြံဆင့်သည် ကျားဖြူထက် ပိုသန်မာပြီး ဓါးမော့သိုင်းကို ကျင့်ကြံသူလည်း ဖြစ်၏။ လီလျိုဆွေ့သည် မီးဓါးမော့ မီးငှက်ကို သူ၏ စံပြအနေဖြင့် သတ်မှတ်ထားတာ ဖြစ်သည်။
မီးငှက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင် ပင်လယ်က စတင် ဆူပွက်လာတော့သည်။ ပင်လယ်ရေများက မြင့်မားသော အပူဒဏ် ခံစားလိုက်ရပုံပေါ်ပြီး ရေငွေ့များ စတင် ဖွဲ့တည်လာ၏။
အရှိန်အဝါ ပေါက်ကွဲလာပြီးနောက် ကြီးမြတ်သူသုံးဉီး၏ အရှိန်အဝါက တစ်ခုတည်းဖြင့် ပေါင်းစည်းပြီး တစ်ဖက်ခြမ်းရှိ ဘုရင်နယ်ပယ် သိုင်းပညာရှင်( ၁၁)ဉီးနှင့် တိုက်မိသွားတော့သည်။
နှစ်ဖက်ရှိ အရှိန်အဝါက ကောင်းကင်ထဲရှိ တိမ်တိုက်များကို နောက်သို့ လွင့်ထွက်သွားစေပြီး ပင်လယ်လေပြင်ကိုတောင် ဤနေရာသို့ ဝင်မလာအောင် ဟန့်တားလိုက်၏။
ပင်လယ်ရေက ဆက်လက် နိမ့်ဆင်းနေသည်။ ပေတစ်သိန်းအကွာအဝေးရှိ ပင်လယ်ရေများက ဖိအားအောက်၌ စတင်
မြင့်တက်လာ၏။ ယင်းက ပေ ၃၀၀ခန့် မြင့်မားသော အဆောက်အဉီးတစ်ခုသည် ဘုရင်နယ်ပယ် သိုင်းပညာရှင်များကို ကျော်တက်သွားသည့်ပမာ ဖြစ်နေ၏။
နှစ်ဖက်လုံးက ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေရှိနေပြီး ဘယ်ဘက်ကမှ အလျှော့ပေးလိုစိတ် မရှိပေ။
ဓါးမော့နတ်ဘုရား လီလျိုဆွေ့ သူ့ရင်ထဲ၌ သက်ပြင်းချလိုက်မိ၏။
သန်မာလိုက်တာ။
ဒါက ဝါရင့်ဘုရင်တွေကြားက တိုက်ပွဲတစ်ပွဲလား။
ရယ်စရာကောင်းသည့် အရာသည် သူသည် ဘုရင်နယ်ပယ်ကို အမြဲတမ်း လိုလားတောင်းတခဲ့တာ ဖြစ်သည်။ ဘုရင်နယ်ပယ်သို့ ရောက်သည်နှင့် သူသည် ဘုရင်နယ်ပယ်သို့ ဝင်ရောက်ခြင်းသည် အစသာရှိသေးကြောင်း ဘောပေါက်သွား၏။ သူ့၌ ရှေ့ဆက်သွားရန် ခရီးရှည်ကြီး ရှိသေးသည်။
ထိုစဉ် ဓါးမော့နတ်ဘုရား လီလျိုဆွေ့၏ သိုင်းပညာနှလုံးသားက ပိုတောင် ခိုင်မြဲလာ၏။ သို့သော်ငြား စင်မြင့်ပေါ်ရှိ အခြေအနေက လိပ်ခဲတည်းလည်းပဲ ဖြစ်နေသေးသည်။
ကြီးမြတ်သူသုံးဉီးက အလွန်သန်မာသော်ငြား သူတို့ ခွန်အား အကန့်အသတ် ရှိသည်။ တစ်ဖက်ရှိ ဘုရင် ( ၁၁ ) ပါးကလည်း ဝါရင့်များဖြစ်သောကြောင့် လွယ်ကူသည့်သူများ မဟုတ်ပေ။ သူတို့ ခွန်အားကို လျှော့တွက်၍ မရချေ။
ထို့အပြင် နှစ်ဖက်လုံး၏ အရှိန်အဝါများက နက်ရှိုင်းလှသည်နှင့် သူတို့ ခွန်အားက အကန့်အသတ်သို့ ရောက်နေပြီး ဖြစ်သည်။ တစ်ဖက်က အရင်နောက်ဆုတ်သွားလျှင် ယင်းက သူတို့ကို သူတို့ ထိခိုက်စေလိမ့်မည်။
ထို့ကြောင့် မည်သူ့ကမှ နောက်မဆုတ်ကြချေ။ သူတို့က အရှိန်အဝါများကို ထိန်းထားလျက် ကျန်တစ်ဖက်ကို ဖိအားပေးနေကြ၏။ တစ်ဖက်ကို ဖိအားပေးနိုင်သည်နှင့် သူတို့က အခြေအနေကို အသာစီးရယူပြီး တစ်ဖက်သူ၏ အရှိန်အဝါ အပြည့်အဝ ပြိုကွဲသွားအထိ တိုက်ခိုက်နိုင်မှာပဲ ဖြစ်သည်။
ဤနည်းဖြင့် ဒဏ်ရာရသည့်သူက တစ်ဖက်
ကသာ ဖြစ်ပေလိမ့်မည်။
လီလျိုဆွေ့သည် သူ့အတွက် အသက်ရှူရန် အတော်လေး ခက်ခဲသည်ဟု ခံစားမိလိုက်သည်။ ဝါရင့်ဘုရင်နယ်ပယ် သိုင်းပညာရှင် ( ၁၄ )ဉီးက ခွန်အား ယှဉ်ပြိုင်နေ၏။ ဘုရင်နယ်ပယ် ရောက်ခါစ လူသစ်တစ်ယောက်အနေဖြင့် သူ မထိန်းထားနိုင်ချေ။
သူသည် ဘုရင်နယ်ပယ်သို့ အပြည့်အဝ တက်လှမ်းခဲ့သောကြောင့်သာ တော်တော့သည်။ မဟုတ်လျှင် သူက ဘုရင်နယ်ပယ်အဆင့်အောက် သိုင်းပညာရှင်တစ်ယောက်ဆိုလျှင် ယခုအချိန်၌ အသားပုံဖြစ်အောင် ဖိချေခံနေရလောက်အောင်မှာပဲ ဖြစ်သည်။
ထိုစဉ် ယခုအချိန်၌ သူ၏ ကျင့်ကြံဆင့်နှင့် ယှဉ်လျှင် စွမ်းအားကင်းမဲ့မှုကို ပိုတောင် ခံစားမိလိုက်၏။
နှစ်ဖက်အရှိန်အဝါများက ဆက်လက် ပေါ်ထွက်နေ၏။ နောက်ဆုံးတွင် သူတို့က သုညမှတ်ထိ ရောက်သွားသည်။ ထိုစဉ် မိုင် ၃၀အတွင်းရှိ မြေဆွဲငင်အားက အကန့်အသတ်သို့ ရောက်သွားပြီး အချိန်မရွေး ပေါက်ကွဲနိုင်ပုံ ပေါ်၏။
မြေဆွဲငင်အားစက်ကွင်း ပြိုကွဲသွားသည်နှင့် စွမ်းအင်များက ဟန်ချက်ပျက်ပြီး လူတိုင်းကို မလွတ်မြောက်နိုင် ဖြစ်သွားစေလိမ့်မည်။ သူတို့အားလုံးက ဒဏ်ရာပြင်းပြင်းထန်ထန် ရကုန်လိမ့်မည်။
ထိုစဉ် ကောင်းကင်ထက်ကနေ မနှေးလွန်း မမြန်လွန်းသော နဂါးဟိန်းသံတစ်သံကို ကြားလိုက်ရ၏။
အလွန်တည်ငြိမ်သည့် အသံသည် ဘုရင်နယ်ပယ် သိုင်းပညာရှင် ( ၁၄ )ယောက်၏ ခွန်အား စုဝေးနေသော မြေဆွဲငင်အားစက်ကွင်းကို ဖြိုခွဲလိုက်၏။
ချက်ချင်းပင် သူတို့၏ ဝင့်ကြွားလွန်းသော အရှိန်အဝါများက လေထဲ ပျောက်ကွယ်သွားသည်။
ကောင်းကင်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး စီးဆင်းနေသော တိမ်များက ဆက်လက်စီးဆင်း၏။ ပင်လယ်လေပြေကလည်း သိပ်သည်းတာ ရပ်တန့်သွားပြီးနောက် ပင်လယ်ရေမျက်နှာပြင်ပေါ်၌ စတင်တိုက်ခတ်တော့သည်။
အရာအားလုံးက ပုံမှန်အတိုင်း ပြန်ရောက်သွားပုံ ပေါ်၏။
သို့သော် ထိုစဉ် လူတိုင်း၏ စိတ်နှလုံးက ချက်ချင်းပင် တောင်ကြားအောက်ရှိ အေးစက်သော ရေခဲအဖြစ် ပြောင်းလဲသွားကာ မရေမတွက်နိုင်သည့် အကြောက်တရား လှိုင်းလုံးတို့ ဆင်းသက်လာ၏။
ရန်သူ၏ ခွန်အားက အစွမ်းထက်လွန်း၏။ သူတို့ ခွန်အားသည် သူတို့အတွက် ထိန်းထားဖို့ မဖြစ်နိုင်တော့ပေ။
ဘုရင်နယ်ပယ် သိုင်းပညာရှင် ( ၁၄ )ယောက်ကတောင် ယခုအချိန်၌ ပုရွက်ဆိတ်များ ဖြစ်သွားတော့သည်။
ယင်းက စစ်မှန်သော သိုင်းပညာရှင်တစ်ဉီး အရာရာကို ချေမှုန်းနိုင်သော သိုင်းပညာရှင်တစ်ဉီးပဲ ဖြစ်သည်။ ဘုရင်နယ်ပယ် သိုင်းပညာရှင်အချို့၏ ခန္ဓာကိုယ်များကတောင် အနည်းငယ် တုန်ယင်လာ၏။
အစိမ်းရောင် အလင်းက ဖြည်းဖြည်းချင်း ဆင်းသက်လာ၏။ အလင်းအတွင်း၌ နောက်ကျောတွင်သာ ရှေ့ကို သယ်ထားသည့် ပုံရိပ်တစ်ခု ရှိနေသည်။
အစိမ်းရောင်အလင်းက ဖြည်းဖြည်းချင်း ဆုတ်ခွာသွားသည်။ လေးထောင့်စက်စက်မျက်နှာ၊ ဆံပင်ရှည်ရှည်ဖြင့် လူရွယ်တစ်ဉီး ဖြစ်နေ၏။ သူက အစိမ်းဖျော့ရောင် ဝတ်ရုံကို ဝတ်ထားလျက် ရိုးရှင်းပြီး တခမ်းတနား ဖြစ်မနေပေ။ သူက တာအိုဘုရားကျောင်းရှိ တောင်ရသေ့တစ်ဉီးနှင့် တူ၏။ သို့သော်ငြား ပညာသင်သားတစ်ဉီးနှင့်လည်း တူပြီး သူ့သွင်ပြင်က ဆိုးဆေးများ ခြိမ်းခြောက်နိုင်ခြင်း ရှိပုံမရပေ။
သို့သော် သူ့ကို မည်သူမှ အထင်မသေးရဲကြ။
ခေါင်းတောင် မမော့ရဲ။ အကြည့်တောင် ဆုံမကြည့်ရဲသည့် သူများတောင် ရှိသည်။
လီလျိုဆွေ့က လက်သီးကျစ်ကျစ် ဆုပ်ထားလျက် တစ်ဖက်လူကို လေးစားမှု အပြည့်ဖြင့် ကြည့်လိုက်၏။ သူ၏ မျက်လုံးထဲ၌ နှိုင်းယှဉ်မရသော စိတ်အားထက်သန်သည့် ပြင်းပြမှုတို့ ပေါ်လာသည်။
ဒါက စီရင်စု၉ခုရဲ့ ကြီးမြတ်သူလေးဉီးရဲ့ ခေါင်းဆောင် အရှေ့ဘက် ဓါးဧကရာဇ် အရှင်မိုးပြာနဂါးမလား။
သူက သိပ်ကို လွှမ်းမိုးနိုင်စွမ်း ရှိတာပဲ။
သူ့ရဲ့ ကိုယ်ပိုင်ခွန်အားနဲ့ အားလုံးကို ချက်ချင်း ဖိနှိပ့်လိုက်နိုင်တယ်။
သူအပါအဝင် ဘုရင်နယ်ပယ် သိုင်းပညာရှင် စုစုပေါင်း ( ၁၅ )ယောက် ရှိတယ်။ ဒါ့အပြင် သူတို့အားလုံးက နဂါးနဲ့ ဖီးနစ်စာရင်းမှာ ထိပ်တန်း၁၅ဆင့်ထဲ ဝင်တဲ့သူတွေ။ လောကကြီးရဲ့ ထိပ်သီးအဖွဲ့လို့တောင် ပြောလို့ရတယ်။ ဒါပေမဲ့ ဒါတောင် နဂါးစာရင်းမှာ အဆင့် ၁ ရထားတဲ့ မိုးပြာနဂါးရဲ့ရှေ့မှာ လူတိုင်းက ခုခံဖို့ အခွင့်အရေးတောင် မရှိပဲ နေရာမှာတင် ဖိနှိပ့်ခံလိုက်ရတယ်။
မိုးပြာနဂါးက ဓါးဧကရာဇ်ဘွဲ့နဲ့ ထိုက်တန်ပြီးတော့ နဂါးစာရင်းမှာ အဆင့်၁ရဖို့ ထိုက်တန်တယ်။
သူက လက်နောက်ပစ်ထားလျက် ဖြည်းဖြည်းချင်း ဆင်းသက်လာပြီး သူ၏ အကြည့်က လူတိုင်းကို ထူးမခြားနား သိမ်းကျုံးဖြန့်ကြည့်သွားလေ၏။
ထိုအကြည့်တစ်ချက်မျြှဖင့် ဘုရင်နယ်ပယ် သိုင်းပညာရှင်များ အားလုံးသည် ရှေးဟောင်းဧရာမသားရဲတစ်ကောင် စိုက်ကြည့်တာ ခံလိုက်ရသည့်ပမာ ကြောက်လန့်မှုကြောင့် တုန်ယင်သွားလေ၏။
” ဒီကိစ္စက ဒီမှာပဲ အပြီးသတ်သင့်ပြီ ဟုတ်တယ်ဟုတ် ”
ထိုစကားလုံးအနည်းငယ်သည် ဘုရင်များ၏ စိတ်နှလုံးကို တုန်ယင်သွားစေ၏။ သူတို့က စကားပြောချင်သော်ငြား ပြန်မပတ်ရဲချေ။
သို့သော် သူတို့ထဲမှ တစ်ယောက်က အံကြိတ်လျက် နောက်ဆုံးတွင် ပါးစပ်ဟကာ ပြောလိုက်တော့သည်။
” စီနီယာ ဓါးဧကရာဇ် ဒါက မမျှတရာ ရောက်မနေဘူးလား ”
” အနောက်အရပ်မှာ စုစုပေါင်း နဂါးသွေးကြော ( ၁၇ )ရှိပြီး ကျုပ်တို့ရဲ့ နဂါးသွေးကြောတစ်ဝက်နီးပါးက အရှေ့တိုင်းသားတွေရဲ့ လက်ထဲ ရောက်သွားတာ။ ဒီနည်းနဲ့ဆို အနောက်တိုင်း သိုင်းပညာရှင်တွေက ဘယ်လို ကျင့်ကြံရတော့မလဲ။ ကျွန်တော်တို့ အနောက်တိုင်း သိုင်းပညာရဲ့ စံသတ်မှတ်ချက်က နေ့စဉ်နဲ့အမျှ ယုတ်လျော့လာတာ။ ကြယ်တာရာသားရဲတွေကို မခုခံနိုင်ရင် အရှေ့ဘက်ကလည်း တစ်ကိုယ်တည်း ခုခံနိုင်မှာ မဟုတ်တာ စိုးရိမ်မိတယ် ”
ပြောလိုက်သည့်သူက နဂါးစာရင်း၌
အဆင့်( ၃ )ရထားသော ဘုရင်ရေ့ခမ်းပဲ ဖြစ်သည်။ သူက အမေရိကန် ကုန်းမြေမြင့်ပေါ်၌ အသန်မာဆုံး ဘုရင်နယ်ပယ် သိုင်းပညာရှင် ဖြစ်သည်။
သူ၏ ကိုယ်ပိုင် ခွန်အားကြောင့် သူ စကားပြောရဲတာလည်း ဖြစ်သည်။
ယနေ့ သူ စကားမပြောခဲ့လျှင် နဂါးသွေးကြော ၁၇ခုသည် အရှေ့တိုင်း၏ လက်ထဲ ကျရောက်သွားမည်မှန်း သူ သိနေ၏။ ဆုံးရှုံးမှုက ကြီးမားလွန်းသည်။
အနောက်တိုင်းတစ်ခုလုံး မခံစားနိုင်ပေ။
သူ တစ်ခုခု ပြုလုပ်ရပေမည်။
သူသည် နဂါးစာရင်း၌ အဆင့် ၃ ရထားပြီး ဓါးဧကရာဇ် မိုးပြာနဂါးသည် သူ တစ်ခွန်းပြောလျှင်တောင် သူ့ကို မျက်နှာသာပေးမည် မဟုတ်ပါလော။
မိုးပြာနဂါးက သူ့ကို တစ်ချက်ကြည့်လိုက်၏။ ပြီးနောက် ဓါးအလင်းက ကောင်းကင်ထဲ ဖွဲ့တည်လာကာ ချက်ချင်းပင် ပေတစ်သိန်းထိ ဖြတ်တိုက်သွားလျက် ပင်လယ်ဧရိယာတစ်ခုလုံးကိုလည်း လင်းထိန်သွားစေ၏။
ပြီးနောက် ဓါးအလင်းက ဖြတ်ခနဲ ပေါ်လာကာ ဝ.၀၀၀၁စက္ကန့်အတွင်းမျြှဖင့် ရေ့ခမ်းသည် နှစ်ပိုင်း ပိုင်းခံလိုက်ရ၏။
ရုပ်ချည်းသတ်ဖြတ်ခြင်း။
ရုပ်ချည်းသတ်ဖြတ်မှုသည် မည်သည့် သတိပေးမှုမှ မရှိသည့် ရုပ်ချည်းသတ်ဖြတ်မှု အပြည့်အဝ လွှမ်းမိုးဖိချေခြင်း။
ရှိနေသည့် ဘုရင်နယ်ပယ် သိုင်းပညာရှင်အားလုံးက တုန်ယင်သွားကြ၏။
သူသည် စကားတစ်ခွန်းသာ ပြောခဲ့ပြီး တစ်ဖက်သူက ဓါးတစ်ချက်ဖြင့် ချက်ချင်း သတ်လိုက်၏။
ယင်းက ယုတ္တိ မရှိပေ။ သို့သော်ငြား တစ်ဖက်သူ၏ ခွန်အားက ယုတ္တိမရှိပိုင်ခွင့် ရှိသည်။
မည်သူက ငြင်းဆိုရဲမည်နည်း။
မိုးပြာနဂါးက လူတိုင်းကို တစ်ချက်မျှသာ ကြည့်ပြီး ထပ်ပြောလိုက်၏။
” အရင်တုန်းက ဒေသအသီးသီးက ကြယ်တာရာသားရဲတွေကို စီရင်စု၉ခုထဲ အကြိမ်ပေါင်းများစွာ မြှားသွင်းခဲ့တယ်။ ငါတို့တွေ ဒီစာရင်းကို မရှင်းရသေးဘူး။ ဒီလိုဆိုရင် ဒီမှာ ရှိနေတဲ့သူတိုင်း သေရမယ် ”
လူတိုင်းက တုန်ယင်သွားကြပြန်၏။
ကြီးမြတ်သူ လိပ်နတ်က နှာခေါင်းရှုတ်ကာ ပြောလိုက်တော့သည်။
” အရူးတစ်သိုက်။ ဓါးဧကရာဇ် မိုးပြာနဂါးက မင်းတို့ကို မတိုက်ခိုက်ခဲ့ဘူးဆိုတာက အနောက်ပိုင်းလူမျိုးတွေကို ဆိုးဆိုးရွားရွား မဖြစ်စေချင်လို့ပဲ။ မင်းတို့တွေက တော်နေပြီလို့ ထင်နေလား ”
” မင်းတို့တွေက ဒီလိုလုပ်ဖို့ ငြင်းခဲ့ရင် အယောင်ဆောင်သောက်ဖို့ ဖိအားပေးခံရမှာပဲ။ ဉီးနှောက်မဲ့တဲ့ ငမိုက်သားတစ်စုက တစ်နေ့လုံး ဟောင်နေကြတယ် ”
” အမှန်အတိုင်း ပြောရရင် နဂါးသွေးကြော ၁၇ခုက ဘယ်တော့မှ ပြန်ရောက်တော့မှာ မဟုတ်ဘူး ”
” မင်းတို့တွေ အဲ့ဒါကို လက်မခံနိုင်ရင် လာယူလိုက်။ ဒါပေမဲ့ မင်းတို့ ပေးရမဲ့ တန်ကြေးကို စဉ်းစားထားရလိမ့်မယ် ”
***