Switch Mode

Chapter – 285

လူသားဧကရာဇ်နယ်ပယ် အမွေဆက်ခံခြင်း

အပိုင်း ၂၈၅
လူသားဧကရာဇ်နယ်ပယ် အမွေဆက်ခံခြင်း

” ရတာပေါ့။ သေချာတာပေါ့။ ကျွန်တော်မျိုးဆီ အပ်ထားလိုက် ”
ဟွမ်လျိုလီက လှည့်ထွက်သွားပြီး ခြံဝန်းထဲ ပြေးသွားလေ၏။ ရို့ဝေက ဇဝေဇဝါ ဖြစ်သွားသည်။
ထူးဆန်းလိုက်တာ။ ယဲ့သခင်မက ကျွန်တော်မျိုးလို့ ဘာကြောင့် ပြောတာလဲ။ ဒါက လူသားအထိန်းတော်တွေ သူတို့ကို သူတို့ ခေါ်တာ မဟုတ်ဘူးလား။
နောက်တစ်စက္ကန့်တွင် ဟွမ်လျိုလီ၏ သနားစဖွယ် အော်သံက ခြံဝန်းထဲကနေ ပေါ်ထွက်လာ၏။
” အား .. နာလိုက်တာ။ ညင်သာပေးပါဉီး ”
ရို့ဝေ၏ လှပသော မျက်နှာလေးက နီဆွေးတော့သည်။
စီနီယာ ယဲ့။ ရှင်က ပျော်ပါးနေတာပဲ။ နေ့ခင်းကြောင်တောင်ကြီးကို။
ခဏအကြာတွင် ယဲ့ရှောင်က ခြံဝန်းထဲက ထွက်လာ၏။ ရို့ဝေသည် ယဲ့ရှောင်ကို မြင်တွေ့သည့်အချိန်၌ သူမ ခြေထောက်များ အနည်းငယ် တုန်ယင်သွားသည်။ သို့သော် တလေးတစားဖြင့် ခေါင်းအနည်းငယ်ညွှတ်ကာ ပြောလိုက်တော့သည်။
” ငွေရောင်မြေခွေးမျိုးနွယ်စုရဲ့ ဂျူ နီယာ
ရို့ဝေက စီနီယာယဲ့ကို လေးစားသမှု
ှုနဲ့ နှုတ်ဆက်ပါတယ် ”
ယဲ့ရှောင်က ပြောလိုက်၏။
” ဒီကို ဘာလာလုပ်တာလဲ ”
ရို့ဝေက အမြန် ရှင်းပြလိုက်သည်။
” ဒီဂျူ နီယာ ကျွန်မတို့ ငွေရောင်မြေခွေးမျိုးနွယ်စုရဲ့ မြင့်မြတ်သော သားတော်က ယုံကြည်စိတ်ချမှုနဲ့ စာတစ်စောင်ကို စီနီယာယဲ့ဆီ ပို့ပေးခိုင်းလို့ပါ ”
” မွန်မြတ်သော သားတော်လား ”
” နဉ်ယွိဟန်ပါ ”
ရို့ဝေက အမြန်ထပ်ပြောလိုက်ပြီး ယဲ့ရှောင်က ဇဝေဇဝါ ဖြစ်သွား၏။
” အော်။ သူက အခု မင်းရဲ့ မြင့်မြတ်တဲ့သားတော် ဖြစ်သွားပြီလား ”
ရို့ဝေက ပြုံးပြီး ရှင်းပြလိုက်၏။
” ဟုတ်ပါတယ်။ မြင့်မြတ်သော သားတော်
နဉ်ရဲ့ အထုံပါရမီက ထူးချွန်ထက်မြတ်ပြီး သူ့ရဲ့ ခွန်အားက ထူးကဲတယ်။ ပြီးတော့ ကျွန်မတို့ကို ငွေရောင်မြေခွေးမျိုးနွယ်စု စီနီယာရဲ့ အမွေဆက်ခံမှုကိုလည်း ရထားပြီး ဉာဏ်အလင်းပွင့်သွားတာ။ အခု သူက ရှန်းထျန်း အဌမအဆင့် အံ့ဖွယ်ချီရှန်းတစ်ယောက် ဖြစ်နေပါပြီ ”
” မြန်လိုက်တာ ”
ယဲ့ရှောင်က အတော်လေး အံ့သြသွား၏။
နဉ်ယွိဟန် ထွက်မသွားခင်က ဟို့ထျန်းနယ်ပယ်တွင်သာ ရှိကြောင်း သူ သိသည်။
ရှန်းထျန်းနယ်ပယ်တောင် မရောက်သေးပေ။
ထို့အပြင် အချိန်တိုအတွင်း သူက ရှန်းထျန်းအဌမအဆင့်သို့ အဆင့်တက်သွားပြီးပြီ ဖြစ်သည်။
သို့သော် တစ်ဖက်သူက ငွေရောင်မြေခွေးမျိုးနွယ်စု စီနီယာရဲ့ ဉာဏ်အလင်းဖွင့်မှုကို ရခဲ့တာ ဖြစ်၏။ ထို့ကြောင့် သူ့အဖို့ ထိုကဲ့သို့ ခွန်အားရှိနေတာ သာမန်ပဲ ဖြစ်သည်။
ထိုမွန်းစတားအိုကြီးများသည် နှစ်ပေါင်းရာချီ ထောင်ချီ ကျင့်ကြံခဲ့ကြတာ ဖြစ်သည်။ သူတို့က သူတို့၏ ကျင့်ကြံမှုများအားလုံးကို သူ့အား တစ်ခါတည်း ပေးခဲ့လျှင် သူ့ကို နှစ်ပေါင်းရာချီ ထောင်ချီ ကျင့်ကြံမှုကို ပေးလိုက်ခြင်းနှင့် တူ၏။ ယင်းက သူ အမှန်တကယ် မကျင့်ကြံနိုင်သည့်အရာပဲ ဖြစ်သည်။
” သူ့ကို ငါ့ကို ဘာအတွက် လာရှာခိုင်းတာ
လဲ ”
” စီနီယာယဲ့ကို အကြောင်းပြန်ပါတယ်။ ကျွန်မတို့ ငွေရောင်မြေခွေးမျိုးနွယ်စုက လူသားဧကရာဇ်အဆင့် အမွေအနှစ်မြေတစ်ခုကို ရှာတွေ့ထားပါတယ်။ လတ်တလောကမှ ဖွင့်ထားတာနဲ့ တူပါရဲ့။ ဒါကြောင့် မွန်မြတ်သော သားတော်က ရှင့်ကို လာရောက်ဖို့ ဖိတ်ချင်နေတာပါ။ ကံကောင်းထောက်မမှု တွေ့ရနိုင်ပါတယ် ”
ယဲ့ရှောင်၏ မျက်ဝန်းများက ဖြတ်ခနဲ လက်သွားလေ၏။
လူသားဧကရာဇ်အဆင့် အမွေအနှစ်မြေလား။
ဘာကြောင့် လူသားဧကရာဇ်အဆင့် အမွေအနှစ်က မြေခွေးမျိုးနွယ်မှာ ရှိရမှာလဲ။
သို့သော်ငြား သူ့ရှေ့ရှိ ရို့ဝေက လိမ်နေတာ မဖြစ်နိုင်ပေ။ သူသည် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုဖြင့် တစ်ချက်
ကြည့်ရုံဖြင့် သူမ၏ အတွေးများကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ထိုအတိုင်းသာဆိုပါက သူက ၎င်းကို ထည့်တွေးရပေမည်။ ဆိုရလျှင် ယခုအချိန်တွင် သူ ချို့တဲ့နေသည်က ဧကရာဇ်နယ်ပယ်နှင့် သက်ဆိုင်သည့် နားလည်သဘောပေါက်မှုပဲ ဖြစ်သည်။
သူသာ နောက်ထပ် ဉာဏ်အလင်းပွင့်မှု ရသရွေ့ မိနစ်ပိုင်းအတွင်း အဆင့်တက်နိုင်လိမ့်မည်။
ထိုဉာဏ်အလင်းပွင့်မှုက သူ့အတွက် အင်မတန် အရေးကြီး၏။
” ငွေရောင်မြေခွေးမျိုးနွယ်စုလား ”
ယဲ့ရှောင်က ခေါင်းမော့လိုက်ပြီး ကောင်းကင်ဘက်ကို ကြည့်လိုက်၏။
သူက ထိုနေရာသို့ သွားရမည့်ပုံ ပေါ်သည်။
” ဒါမတိုင်ခင်မှာ ငါ ဖြေရှင်းစရာ ကိစ္စတစ်ခု ရှိသေးတယ်။ ဒီမှာ အရင်စောင့်နေ။ မင်း နောက် လိုက်ခဲ့မယ် ”
” ဟုတ်ကဲ့ ”
ယဲ့ရှောင်သည် သူရှိနေသည့် နေရာကနေ ပျောက်ကွယ်သွားပုံပေါ်၏။ ထို ရုတ်တရက် အရှိန်က ရို့ဝေကို အလွန်ကြောက်လန့်သွားစေသည်။
” သန်မာလိုက်တာ။ စီနီယာယဲ့ရဲ့ ခွန်အားက အရင်ကထက် ပိုတောင် သန်မာလာတဲ့ပုံပဲ ”
သူ ပြောပြီးသည်နှင့် တံခါးပွင့်လာ၏။
ဟွမ်လျိုလီက တင်ပါးကို ခါကာ အိမ်ထဲကနေ ထွက်လာ၏။
” ယဲ့သခင်မ အဆင်ပြေရဲ့လား ”
” ပြေပါတယ်။ ဆေးသွားဝယ်လိုက်ဉီးမယ်။ ဒီမှာ စောင့်နေလို့ရတယ် ”
” ဟုတ်ကဲ့ ”
သူမ၏ လှည့်ထွက်သွားပုံကို ကြည့်ပြီး ရို့ဝေက ရှက်သွေးဖြာသွားပြန်သည်။ စီနီယာယဲ့၏ စွမ်းအားက သူ၏ ကျင့်ကြံမှုတွင်သာ ဟုတ်ပုံမရပေ။
ယဲ့ရှောင်သည် ကျန်းချန်ကို သွားတွေ့တာ ဖြစ်သည်။ သူသည် အချိန်ရပါက အာကာသ စစ်မြေပြင်ထဲရှိ ဧကရာဇ်ကျင်းနှင့် ဧကရာဇ်ရင်ကို မေးချင်၏။ သူသည် ငွေရောင်မြေခွေးများဆီ သွားပြီး သူတို့နှင့် သွားတွေ့မှာပဲ ဖြစ်သည်။
သူသည် ဧကရာဇ်နယ်ပယ်၏ အကြွင်းအကျန်မှ ဉာဏ်အလင်းပွင့်မှု မရခဲ့လျှင် ဧကရာဇ်ကျင်းနှင့် ဧကရာဇ်ရင်ဆီကနေ ၎င်းကို ရအောင် ကြိုးစားကြည့်နိုင်လောက်သည်။
သို့သော်ငြား ကျန်းချန်၏ ရုံးခန်းသို့ ရောက်သည့်အချိန်၌ သူ့ကို မတွေ့ရပေ။
သူသည် ဇဝေဇဝါ ဖြစ်သွားမိတော့၏။
ယဲ့ရှောင်က အတွေးတစ်ချက်ဖြင့် သိမြင်နားလည်မှုကို ဖြန့်ကြန့်လိုက်ပြီး အမူအယာ ပြောင်းလဲသွားတော့သည်။
အဲ့ဒီမှာ ဘုရင်နယ်ပယ် သိုင်းပညာရှင် ( ၁၁ )ယောက်လား။ ဒါကို ကြည့်ရင် သူတို့တွေက နဂါးသွေးကြောကို ပြန်လိုချင်နေတာ ဟုတ်လောက်မယ်။
ယဲ့ရှောင်၏ အမူအယာက သုန်မှုန်သွား၏။ သူက လိုက်သွားရန် ပြင်ဆင်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်၌ အနောက်ဘက် ပင်လယ်ဆီသို့ ဉီးတည်သွားနေသော နောက်ထပ် ပုံရိပ်ကို အာရုံခံမိလိုက်သည်။ အနည်းငယ် မင်သက်သွားပြီးနောက် သူ ခေါင်းခါလိုက်တော့၏။
သူ့အဖို့ သွားရန် မလိုအပ်တော့ပုံ ပေါ်သည်။
ခဏအကြာတွင် လက်ထောက်ဒါရိုက်တာ အိုးရန်ယွင်ကျုံးက အထဲသို့ ဝင်လာသည်။ သူမက ယဲ့ရှောင်ကို မြင်သည့်အချိန်၌ သူ၏ မျက်လုံးက ချက်ချင်း လက်သွား၏။
” ယဲ့ သခင်လေး။ ဒီမှာပဲ ”
”   ”
ဒါရိုက်တာက ဘာကြောင့် ရုတ်တရက်ကြီး ဒီလောက် စိတ်အားထက်သန်နေရတာလဲ။ သူမကို သူ့ကို ယဲ့သခင်လေးလို့တောင် ခေါ်နေတယ်။
” ဒါရိုက်တာ ဒါက ”
အိုးရန်ယွင်ကျုံးက ပြုံးပြီး ပြောလိုက်၏။
” ယဲ့ သခင်လေး။ မဖုံးကွယ်ပါနဲ့တော့။ ကျွန်မ နားလည်ပါတယ်။ နောင်ကြ အများရှေ့မှာ
ရှင့်ရဲ့ နာမည်ကို ခေါ်နေပါဉီးမယ်။ ပြီးရင်တော့ ယဲ့သခင်လေးလို့ ခေါ်ပါ့မယ် ”
” ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး ဒါရိုက်တာ ”
” အော် .. ဟုတ်သား။ ဒါရိုက်တာကျန်းအတွက် လျှို့ဝှက်စာရွက်စာတမ်းတစ်ခု ရှိတယ်။ ဒါရိုက်တာကျန်း ထွက်မသွားခင် ရှင့်ကို ပြောပေးဖို့ မှာသွားတာ ရှိသေးတယ်။ ဒီလျှို့ဝှက်စာရွက်စာတမ်းကို ရှင့်ဆီ လွှဲပေးရမှာ ”
ယဲ့ရှောင်က ခေါင်းညိတ်ပြီး ယူကြည့်လိုက်၏။ ဝိညာဉ်စွမ်းအင်ကို ဖြန့်ကြန့်လိုက်ရာ အထဲတွင် ဘာရှိမှန်း သိလိုက်သည်။ ၎င်းကို စီရင်စု၉ခု မဟာမိတ်က ပို့လိုက်တာပဲ ဖြစ်၏။
ယင်းသည် အာကာသစစ်မြေပြင်မှ အကြောင်းပြန်ကြားမှုလည်း ဖြစ်သည်။ စကားလုံးအနည်းငယ်သာ ပါသည်။
” တိုက်ပွဲအခြေအနေက ပြင်းထန်တယ်။ ဧကရာဇ်နှစ်ပါး နောက်မဆုတ်နိုင်ဘူး အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဖို့ တောင်းဆိုတယ် ”
သူသည် အာကာသစစ်မြေပြင်ကို အချိန်အတိုင်းအတာတစ်ခုအထိ မသွားနိုင်ပုံရသည်။ ယင်းက ကောင်းပေ၏။ သူသည် ငွေရောင်မြေခွေးမျိုးနွယ်စုဆီ သွားရန် ဤအခွင့်ရေးကို ယူပြီးနောက်ဧကရာဇ်နယ်ပယ် အမွေအနှစ်ကို တစ်ချက်သွားကြည့်မည်။
ထိုစဉ် အိုးရန်ယွင်ကျုံးက ပြုံးပြီး ပြောလိုက်၏။
” ယဲ့သခင်လေး နောက်ဆုံးအခေါက်က ကျွန်မ မိတ်ဆက်ပေးတဲ့ ကောင်မလေးက အားမကိုးရဘူး။ ကျွန်မ အပြစ်မကင်းသလို ခံစားရတယ်။ ဒါကြောင့် ဒီအကြောင်း တွေးနေတာ။ နောက်ထပ် မိန်းကလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်တယ်။ တောင်းဆိုချက်တွေ ရှိသေးလား ”
” မလိုဘူး။ ကျွန်တော် ဒီပြဿနာကို အခုအချိန်မှာ မစဉ်းစားချင်ဘူး ”
ယဲ့ရှောင်က ချက်ချင်းငြင်းလိုက်၏။
အမျိုးသားတစ်ယောက်သည် ကျင့်ကြံခြင်း၌ အာရုံစိုက်သင့်၏။ သူသည် နတ်ဘုရားအ
ဆင့်တောင် မရောက်သေးပေ။ သူ့၌ ချိန်းတွေ့ပိုင်ခွင့် မည်ကဲ့သို့ ရှိမည်နည်း။
သို့သော် ယဲ့ရှောင်သည် ထိုပြဿနာအကြောင်းကို အမှန်တကယ် တွေးမိ၏။
နောင်ကြ ချစ်သူတစ်ယောက် ရှာတွေ့ချိန်၌ မည်သည့်နည်းနဲ့ဆို ခန္ဓာသန့်စင်ခြင်း ကျင့်
စဉ်ကို သင်ယူသည့် မိန်းကလေးတစ်ယောက်ကို ရှာ၍ မရပေ။
သူက ခန္ဓာသန့်စင်ခြင်း ကျင့်စဉ်ကို လေ့ကျင့်ထားပြီး ဖြစ်၏။ နောက်ထပ် ခန္ဓာသန့်စင်ခြင်း ကျင့်ကြံသူကို ရှာတွေ့လျှင် မည်သို့ ဖြစ်မည်နည်း။
ဝုန်း ဝုန်း ဝုန်း ဖြစ်ရမည့်အစား ဒေါင် ဒေါင် ဒေါင် ဒေါင် ဖြစ်သွားလိမ့်မည်။ ယင်းက သေချာပေါက် လက်မခံနိုင်စရာ ကောင်းလှပေ၏။
” ဒါရိုက်တာကျန်း ပြန်ရောက်တဲ့အချိန် ကိစ္စတစ်ခုရှိလို့ ခဏလောက် ထွက်သွားတယ်ဆိုတဲ့အကြောင်း သူ့ကို ပြောလိုက်ပါ ”
” ဟုတ်ပါပြီ။ အဲ့ဒီအကြောင်း သေချာပေါက် လက်ဆင့်ကမ်းပေးပါ့မယ် ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်သည်။ ပြီးနောက် ယင် ယန် လွတ်မြောက်ခြင်းသိုင်းကို သုံးပြီးနောက် ထွက်သွားတော့၏
သူက ရို့ဝေကို သွားရှာကာ ငွေရောင်မြေခွေးမျိုးနွယ်စုဆီ ဉီးတည်လျက် ဧကရာဇ်နယ်ပယ် အမွေအနှစ်ကို ရှာဖွေလေ၏။
ထိုစဉ် အနောက်ဘက်ပင်လယ်၌ များစွာ
သည့် ပုံရိပ်များက ဝင်နေလေ၏။ သူတို့အားလုံးက သူတို့ရှေ့ရှိ ပင်လယ်ကို လေးနက်တည်ကြည်သော အမူအယာဖြင့် ကြည့်နေကြသည်။
ဤနေရာရှိ လူတိုသည် အနည်းဆုံးတော့ ရှန်းထျန်းဆဌမအဆင့် မဟာချီရှန်း ကျင့်ကြံဆင့် ရှိကြသည်။ ကျင့်ကြံဆင့်အမြင့်ဆုံးက ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ချီရှန်းတောင် ဖြစ်၏။
သို့သော် မည်သူပင်ဖြစ်စေကာမူ သူတို့၏ အမူအယာက လေးနက်တည်ကြည်လျက် စိတ်အခြေအနေက တင်းမာနေသည်။ သူတို့သည် ဆိုးဆေးများ စိတ်မပြေလျော့ရဲချေ။
လူတိုင်းက ရှေ့ရှိ ပင်လယ်ကို စိုက်ကြည့်နေသည်။ အချို့သော မဟာချီရှန်းများ၏ နဖူးပေါ်၌ ချွေးစီးများတောင် ပြန်နေလေ၏။
သူတို့ရှေ့ရှိ ပင်လယ်၌ အင်မတန် အစွမ်းထက်သည့် ရောင်ဝါ ၁၁ခု ရှိနေသည်။
ထိုရောင်ဝါတိုင်းက မြေကမ္ဘာ တုန်လှုပ်နိုင်၏။ တစ်ယောက်ချင်းစီက သူတို့ကို ကြောက်ရွံ့မှုဖြင့် တုန်ယင်သွားစေလောက်အောင် အစွမ်းထက်သည်။ သူတို့က ပုရွက်ဆိတ်များပမာ ခံစားလိုက်ရမိတော့၏။
ယင်းက ဘုရင်နယ်ပယ် ကျွမ်းကျင်သူ ၁၁ယောက်၏ စွမ်းအားပဲ ဖြစ်သည်။
သူတို့သည် နဂါးနှင့် ဖီးနစ်စာရင်း၌ ထိပ်တန်း ၈ယောက်စာရင်းဝင်လည်း ဖြစ်သည်။
သူတို့တစ်ယောက်ချင်းစီသည် ကမ္ဘာလောကကြီး၏ မည်သည့်နေရာတွင်မဆို လှိုင်းထန်စေ၏။ သို့သော် ၁၁ယောက်က ဤနေရာတွင် စုဝေးလာသည်။
ရောင်ဝါက ကြီးမားလွန်းသောကြောင့် ပင်လယ်ရေမျက်နှာပြင်ပေါ်ရှိ လှိုင်းများက အင်မတန် သေးသွားသည်အထိ ဖိနှိပ့်ခံထားရသည်။ ပင်လယ်ရေပြင်ကတောင် သိပ်သည်းသွားပြီး ပင်လယ်ကို ပိုတောင် ပူပြင်းလာစေပုံ ပေါ်၏။
အံ့ဖွယ်ဂိုဏ်းနှင့် မဟာဂိုဏ်းများက မလှုပ်ရှားရဲသလို စကားလည်း အဆင်အခြင်မဲ့ မပြောရဲချေ။
အတွေးတစ်ချက်ဖြင့် တစ်ဖက်သူက သူတို့အားလုံးကိုတောင် သတ်လိုက်နိုင်သည်။
ထိုကဲ့သို့ ချေမှုန်းနိုင်သည့် ဖိအားကပြိုင်ဘက်ကင်းသည်။
သို့သော်ငြား ထိုစဉ် ပုံရိပ်နှစ်ခုက ဥက္ကာခဲနှစ်စင်းပမာ တိတ်တဆိတ် ပျံသန်းလာပြီး လူတိုင်း၏ ခေါင်းကို ကျော်လျက် ပင်လယ်ပြင်ပေါ်ရှိ ဘုရင်၁၁ပါး၏ ရောင်ဝါဆီသို့ ဉီးတည်သွားတော့သည်။
လူတိုင်းသည် ကယ်တင်ခံရပြီဟု ခံစားလိုက်ရသည့်ပမာ ရုတ်တရက် ပျော်ရွှင်သွားပြီး သက်ပြင်းချလိုက်၏။
မဟာဂိုဏ်းများထဲမှ တစ်ယောက်ဆို သူ့ခြေထောက်အောက်ရှိ ကမ်းစပ်ပေါ်  ပြိုလဲသွားသည်။ သူ့အဝတ်အစားများကလည်း ချွေးများ စိုရွှဲနေပြီ ဖြစ်၏။
အစောတုန်းက ကြုံတွေ့ခဲ့ရသည့် ဖိအားသည် သူ့ဘဝ၌ တစ်ခါမှ မကြုံတွေ့ခဲ့ဖူး
သည့်အရာ ဖြစ်သည်။
သူသည် ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်နေရ
သည့်ပမာ ဖြစ်နေ၏။
” ကောင်းတယ်။ ကြီးမြတ်သူတစ်ယောက်က ဒီကို ရောက်နေပြီ။ နောက်ထပ် ကြီးမြတ်သူတစ်ယောက်ဆိုရင် ငါတို့ သိပ်စိုးရိမ်ပူပန်စရာ မလိုတော့ဘူး ”
ပင်လယ်၌ ဘုရင်နယ်ပယ် အရောင်အသွေး သွင်ပြင် မတူညီသည့် ဘုရင်နယ်ပယ် ဘုရင်( ၁၁ )ပါးက မဟာစွမ်းအင်ကို အာရုံခံမိ၏။ သူတို့၏ တည်ငြိမ်နေသော မျက်နှာက နောက်ဆုံးတွင် ပြောင်းလဲသွားတော့သည်။
” ကြီးမြတ်သူ လိပ်နတ်။ နောက်ဆုံးတော့ မင်း ဒီရောက်လာပြီပဲ ”
အသားဖြူဖြူ၊ ရွှေရောင်ဆံပင်၊ မျက်ဝန်းပြာပြာဖြင့် လူကြီးလူကောင်းသွင်ပြင် ဘုရင်နယ်ပယ်သိုင်းပညာရှင်က ကြီးမြတ်သော လိပ်နတ်ကျန်းချန်၊ သူ့ဘေးတွင်ရှိသော ဓါးနတ်ဘုရား လီလျိုဆွေ့ကို စိုက်ကြည့်လိုက်သည်။
ကျန်းချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
” ဒီနေ့ ဘာတြွေဖစ်နေတာလဲ။ နဂါးနှင့် ဖီးနစ်စာရင်းအဆင့် သတ်မှတ်ချက်ရဲ့ ထိပ်တန်းက ဘုရင်တွေအားလုံး ဒီကို ဘာကြောင့် ရောက်နေတာလား။ ရှားရှားပါးပါးပဲ ”
” ကြီးမြတ်သူလိပ်နတ်။ ကွေ့ဝိုက်ပြီး ပြောမနေနဲ့ ငါတို့ ဒီကို ဘာကြောင့် ရောက်လာလဲဆိုတာ ခင်ဗျား သိတယ်။ နဂါးသွေးကြောလွှဲပေး ”
” နဂါးသွေးကြောလား။ ဘာနဂါးသွေးကြောလဲ။ အဲ့ဒီအကြောင်း ငါ ဘယ်လိုလုပ် မသိရတာလဲ ”
ကြီးမြတ်သူလိပ်နတ်။ မင်းက ဘုရင်တွေကြားက တိုက်ပွဲကို ရန်စဖို့ ကြိုးစားနေတာလား။ အနောက်အရပ်မှာ မကောင်းမှုတွေ ကျူးလွန်ခဲ့တဲ့ ကြယ်တာရာသားရဲနှစ်ကောင်က နဂါးသွေးကြော ၁၇ခုကို တူးထုတ်ပြီး မင်းတို့ စီရင်စု၉ခုရဲ့ နယ်မြေထဲ ဝင်သွားတယ် ပြီးတော့ မင်းက ငါတို့ကို လိမ်နေသေးတုန်းလား ”
” နဂါးသွေးကြောက ခင်ဗျားဘာ့သာ လွှဲပေးလိုက်ရင် ကောင်းမယ်။ မဟုတ်ရင် ကျုပ်တို့ကို အပြစ်မတင်နဲ့။ ဘုရင်(၁၁)ပါးက ပြန်ယူမှာ ”
” အချိန်ကျလာတဲ့အခါ သွေးချောင်းစီးလိမ့်မယ်။ ခင်ဗျား ခံစားနိုင်မှာ မဟုတ်ဘူး ”
ထိုကဲ့သို့ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရသောအခါ ကျန်းချန်က သူ၏ ဟိတ်ဟန်ရှိသော သွင်ပြင်ကို ထုတ်ဖော်လိုက်၏။
” မောက်မာထောင်လွှားလိုက်တာ။ မင်းတို့ကို မျက်နှာသာပေးလို့ ငါ ဒီရောက်လာတာပဲ။ မင်းတို့ကိုမင်းတို့ တကယ်ကြီး အဟုတ်ထင်နေလား ”
ဖုန်း။
ကျန်းချန်က သူတစ်ယောက်တည်း ၁၁ယောက်ကို တိုက်ခိုက်ရမှုကို မကြောက်ပေ။
ဓါးနတ်ဘုရား လီလျိုဆွေ့က ထိတ်လန့်သွား၏။ ဒါက စီရင်စု၉ခုကို စောင့်ကြပ်နေတဲ့ ကြီးမြတ်သူ လေးဉီးထဲက တစ်ဉီးလား။
သူ့ရဲ့ တိုက်ခိုက်ရေး စိတ်ဝိညာဉ်က ကျန်းဟိုင်မြို့ဆီ ရောက်လာတဲ့ ရှင်းကျန်းကျားထက် မလျော့ဘူးပဲ။
သူတို့နှစ်ယောက်လုံးသည် ဘုရင်နယ်ပယ်များဖြစ်သော်ငြား ဓါးနတ်ဘုရား လီလျိုဆွေ့သည် ကျန်းချန်ရှေ့၌ သူက ဘာမှမဟုတ်မှန်း ခံစားမိ၏။
ကြီးမြတ်သူလိပ်နတ်က သူ့ကို ဒီနေရာကို လာခွင့်ပေးတာ အံ့သြစရာ မရှိပေ။ သူ့အဖို့ ဤတိုက်ပွဲ၌ ပါရန် မလွယ်ကူချေ။ သို့သော်ငြား စီရင်စု၉ခု၏ လူသားတစ်ယောက်အနေဖြင့် သူသည် လုံလောက်အောင် မသန်မာပင်လျှင် နောက်မဆုတ်နိုင်ပေ။ ယင်းက စီရင်စု၉ခုမှ လူသားတစ်ယောက်၏ အောက်ခြေစည်းပဲ ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset