Switch Mode

Chapter – 284

ဘုရင်( ၁၁ ) ပါး ဆင်းသက်လာခြင်း

အပိုင်း ၂၈၄
ဘုရင်( ၁၁ ) ပါး ဆင်းသက်လာခြင်း

သို့သော်ငြား ယဲ့ရှောင်သည် သူက အတွေးလွန်နေကြောင်း လျင်မြန်စွာ သဘောပေါက်သွား၏။
သူ၏ ကျင့်ကြံမှုအတွင်း ပြောင်းလဲမှုသည် သူ့ခန္ဓာကိုယ်ထဲရှိ နဂါးစွမ်းအင် လှည့်ပတ်နေမှုကြောင့်သာဖြစ်ပြီး ရလဒ်အနေဖြင့် သူ၏ စိတ်ဝိညာဉ်နှင့် ချီသွေးကြောများက တိုးတက်မှုများစွာ ရရှိလာပြီး ဝိညာဉ်စွမ်းအင်များ ပိုမို စုပ်ယူနေတာပဲ ဖြစ်သည်။
သို့သော် အဆင့်တက်ဖို့က အကွာအဝေးက ယခင်ကနှင့် တူနေသေးသည်။ အမြန်လိုအပ်နေ၏။
ဧကရာဇ်နယ်ပယ်သို့ အဆင့်တက်ဖို့က ထိုမျှ လွယ်ကူပုံ မရပေ။
ယင်းက အဓိပ္ပာယ်ရှိပေ၏။
ဧကရာဇ်နယ်ပယ်သည် ကမ္ဘာကြီး၌ အထွတ်အထိပ်အဆင့် နယ်ပယ်ပဲ ဖြစ်သည်။
ဧကရာဇ်နယ်ပယ်သို့ လူတိုင်း အလွယ်တကူ တက်လှမ်းနိုင်မည်ဆိုလျှင် ယင်းက ရယ်စရာတစ်ခု ဖြစ်နေလိမ့်မည်။
ခေါင်းခါလိုက်ပြီးနောက် ယဲ့ရှောင်သည် စတင်ပြီး တရားထိုင်ကာ နောက်ဆုံးအခွင့်ရေးကို ရှာတွေ့ရန် မျှော်လင့်နေမိသည်။
ရက်အနည်းငယ်အကြာ၌ ကျန်းဟိုင်သိုင်းစာကြည့်တိုက်၏ ဒါရိုက်တာရုံးခန်းထဲရှိ ဖုန်းက မြည်လာတော့သည်။
ဖုန်းခေါ်ဆိုမှုကို ရသည့်အချိန်၌ ကျန်းချန်၏ အမူအယာက တောင့်ခဲသွားတော့သည်။
” သူတို့က ကျုပ်တို့ကို အပြစ်ပေးဖို့အတွက် ပူးပေါင်းနေတယ်လား။ စီရင်စု၉ခုက အနိုင်ကျင့်ဖို့ လွယ်တယ်လို့ သူတို့ တကယ်ကြီး တွေးနေတာလား ”
ဖုန်းတစ်ဖက်ကနေ စိုးရိမ်ပူပန်နေသောအသံ ပေါ်လာ၏။
” ကြီးမြတ်သူ။ ကျုပ်တို့ ဘာလုပ်သင့်လဲ။ အနောက်ဘက်ဒေသမှာ အစွမ်းထက်တဲ့ ဧကရာဇ် ( ၁၁ )ပါး ရှိတယ်။ သူတို့တွေက ပင်လယ်မှာ အကြောင်းပြန်မှာကို စောင့်နေတယ် ”
” ဒါကို ငြိမ်းငြိမ်းချမ်းချမ်း မဖြေရှင်းနိုင်ရင် ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မယ် ”
” ငါသိပြီ။ ဒီကိစ္စကို မင်း စိုးရိမ်နေစရာ မလိုဘူး။ တခြားကြီးမြတ်သူတွေကို အကြောင်းကြားလိုက်။ ကျန်တာကို ငါတို့ကို အပ်ထားလိုက်တော့ ”
” ဟုတ်ကဲ့ ”
ကျန်းချန်က ဖုန်းချပြီးနောက် အိုးရန်ယွင်ကျုံးကို ခေါ်လိုက်၏။ အိုးရန်ယွင်ကျုံးက လျင်မြန်စွာ လျှောက်လာတော့သည်။
” ဒါရိုက်တာ။ ကျွန်မကို ဘာကြောင့် ရှာတာလဲ ”
ကျန်းချန်က လေးနက်တည်ကြည်စွာ ပြောလိုက်သည်။
” ငါ ကျန်းဟိုင်မြို့ကနေ ခဏလောက် ထွက်သွားရမယ် ”
အိုးရန်ယွင်ကျုံးက မျက်တောင်ခတ်မိသွား၏။ သူမ အနည်းငယ် အံ့သြသွားသည်။
” ဟုတ်ကဲ့။ ဒါပေမဲ့ ဘယ်လောက်ကြာမှာ
လဲ ”
” ဘယ်လောက်ကြာမလဲ မသိသေးဘူး။ မနက်ဖြန်ပြန်လာတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အချိန်အတော်ကြာအထိ ပြန်မလာတာလည်း ဖြစ်လာနိုင်တယ် ”
” ငါ ဒီမှာ မရှိရင် မင်းက စာကြည့်တိုက်က ကိစ္စအားလုံးကို တာဝန်ယူရမယ် ”
” တောင်းဆိုချက်တစ်ခု ရှိတယ်။ ယဲ့ရှောင် လိုချင်တာ ဘာပဲရှိရှိ သူ့ကို ပေးလိုက်။ မှတ်ထား။ သူ အလိုရှိတဲ့ အရာတိုင်းကို သူ့ကို ပေးရမယ်။ သူ့ကို ပြဿနာရှာခွင့် မရှိဘူး။ သူ့အကြောင်း ဘာမေးခွန်းမှ မေးခွင့် မရှိဘူး။ နားလည်လား ”
” ဟုတ်။ ကျွန်မ နားလည်ပါပြီ ”
ကျန်းချန်က ခေါင်းညိတ်လိုက်လေ၏။
” ဟုတ်ပြီ။ ဒါဆို ဟုတ်ပြီ။ အခု ထွက်သွားလို့ ရပြီ ”
” ဟုတ်ကဲ့ ”
အိုးရန်ယွင်ကျုံးက လျှောက်လာလိုက်သည်။ သူမ နှလုံးခုန်နှုန်းက မြန်လာလေ၏။
ထူးဆန်းလိုက်တာ။ ယဲ့ရှောင်အကြောင်း ဒါရိုက်တာက ဘာလို့ မေးတာလဲ။ ဒါရိုက်တာရဲ့ အထောက်အထားက သာမန်မဟုတ်တာ သေချာတယ်။ သူ ဘယ်သူမှန်း မသိပေမဲ့ သူ့ရဲ့ အထောက်အထားက စီရင်စု၉ခု မဟာမိတ်အဆင့်မှာရှိတာ သေချာတယ်။ ဒါပေမဲ့ သူက ယဲ့ရှောင်အကြောင်း ဘာကြောင့် အများကြီး ဂရုစိုက်နေရတာလဲ။
ယဲ့ရှောင်က။ ဘုရားရေ။
အိုးရန်ယွင်ကျုံး၏ စိတ်နှလုံးက ပြင်းထန်စွာ တုန်လှုပ်သွားလေ၏။
သူမသည် ထိုမေးခွန်းကို အမြဲတမ်း သိချင်နေခဲ့တာ ဖြစ်သည်။
ယဲ့ရှောင်၏ စိတ်နေသဘောထားက အဘယ်ကြောင့် ကွဲပြားနေရသနည်း။ သူသည် သာမန်လူငယ်တစ်ဉီးနှင့် မတူပေ။
မင်းဆွေမင်းမျိုးမိသားစုမှ သခင်လေး၏ အထက်တန်းလွှာ အငွေ့အသက်မျိုး ရှိလောက်သည်အထိ မဟုတ်သော်ငြား သူသည် မည်သည့်ကိစ္စ ဖြစ်ပျက်စေကာမူ အမြဲတမ်း တည်ငြိမ်ပြီး စိတ်နေသဘောထား တည်မြဲ၏။
သူ၏ စိတ်နေစိတ်ထားက အစွမ်းထက်လွန်းသောကြောင့် ကြောက်မက်ဖွယ် ကောင်းလှသည်။
ထို့အပြင် စာကြည့်တိုက်၌ ရာထူးရွှေ့ပြောင်းမှု ကိစ္စရှိတိုင်း၌ သူသည် ကန်ထုတ်မခံရပဲ နေရာတစ်ခုကို တွယ်ထားနိုင်၏။
စာကြည့်တိုက်သည် ဟို့ထျန်းတတိယအဆင့် စစ်ဆေးမှုကို လိုအပ်ချိန်၌ သူသည် ဟို့ထျန်းတတိယအဆင့်သို့ ချက်ချင်း အဆင့်တက်ခဲ့၏။
စာကြည့်တိုက်သည် ဟို့ထျန်းစတုတ္ထအဆင့် စစ်ဆေးမှုကို လိုအပ်ချိန်တွင် သူက ဟို့ထျန်းဆဌမအဆင့်သို့ ချက်ချင်း တက်ခဲ့သည်။
ထို့အပြင် ကုန်လွန်ခဲ့သည့် နှစ်များအတွင်း ကျန်းဟိုင်မြို့ထဲ၌ ကိစ္စကြီးငယ်များစွာ ဖြစ်ပွားခဲ့ပြီး သူက တစ်ခါမှ ဒဏ်ရာ မရခဲ့ဖူးပေ။
ကြယ်တာရာသားရဲများက သူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်ပုံ ပေါ်၏။
ထိုလူသည် ဘာကိုမှ ဂရုမစိုက်ဟု ထင်ရသည်။ သို့သော် အမှန်တကယ်တွင် သူ လှမ်းသည့် ခြေလှမ်းတိုင်းက အလွန်တည်ငြိမ်၏။
အလုပ်ဖြစ်စေ၊ ကျန်သည့်အရာဖြစ်စေ ယခုတော့ သူမ ပြဿနာရပ်ကို နားလည်သွားလေပြီ။
ယဲ့ရှောင်က ဒါရိုက်တာ၏ တရားမဝင်ကလေးတစ်ယောက် ဖြစ်သည်။
ယင်းက အဓိပ္ပာယ်ရှိသွား၏။ ဒါရိုက်တာက အသက်ကြီးနေပြီ ဖြစ်သည်။ ထိုသို့တိုင် ကျင်းတူကနေ ကျန်းဟိုင်မြို့သို့ ဒါရိုက်တာအဖြစ် ရာထူးရွှေ့ပြောင်းလာသည်။
ဒါက သူ့ရဲ့ တရားမဝင် ကလေးအတွက် မဟုတ်ဘူးလား။
ထိုအရေးကိစ္စကို တွေးပြီးနောက် အိုးရန်ယွင်ကျုံးသည် ပျော်ရွှင်မှုတို့ ခံစားလိုက်ရ၏။
ကံကောင်းသည်မှာ သူမသည် ယဲ့ရှောင်ကို အမြဲတမ်း ကောင်းခဲ့သည်။ သူမသည် ပေါင်လုံးကြီးကို ဖက်တွယ်ထားနိုင်လိမ့်မည်ဟု တစ်ခါမှ မထင်ခဲ့မိပေ။
ကြည့်ရတာ နောင်ကြ ငါတော့ ကံကောင်းတော့မဲ့ ပုံပဲ။
နောင်ကြ ယဲ့ရှောင်ကို ပိုကောင်းကောင်း ဆက်ဆံရမယ်လို့ ဆုံးဖြတ်လိုက်ပြီ။
သူ့ကို တခြားမိန်းကလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးရမယ်။
မဟုတ်ဘူး။  သူ မိန်းကလေးတွေနဲ့ မတွဲမချင်း မိန်းကလေး၁၀ယောက်နဲ့ မိတ်ဆက်ပေးမယ်။
ငါ အောင်သွယ်တော်ဆီ သွားရမယ်။ သူ့ကို ထွက်ပြေးခွင့် မပေးနိုင်ဘူး။
အိုးရန်ယွင်ကျုံး ထွက်သွားပြီးနောက် ကျန်းချန်သည် အသက်ပြင်းပြင်း တစ်ချက်ရှူကာ သူ့နောက်ရှိ စာအုပ်စင်ကို ရွှေ့လိုက်သည်။
စာအုပ်စင်ထဲ၌ ခမ်းနားသည့် အဝတ်ဗီရို ရှိနေသည်။
ထိုဗီရို၌ ကုတ်အင်္ကျီတစ်ထည်သာ ရှိ၏။ ကုတ်အင်္ကျီက အပြာရင့်ရင့်ဖြစ်ပြီး ၎င်း၏ နောက်ကျောပေါ်၌ အနက်ရောင် လိပ်ပုံသဏ္ဍန် ရှိနေသည်။
ကျန်းချန်က ကုတ်အင်္ကျီကို ညင်သာစွာ ပွတ်သပ်လိုက်၏။ သူ၏ မျက်လုံး၌ ကုတ်အင်္ကျီ ဝင့်ကြွားမှု၊ တိုက်ခိုက်လိုစိတ်တို့ ပြည့်နေ၏။
” နှစ်ပေါင်း၅၀ကျော်သွားပြီ မိတ်ဆွေကြီး။ ဒီနေ့ မင်း ငါ့နောက်လိုက်ပြီး စစ်မြေပြင်ထဲ ထပ်တိုက်ခိုက်ရတော့မယ် ”
ပြီးနောက် သူက ကုတ်အင်္ကျီကို ချွတ်ကာ သူ၏ ကိုယ်ပေါ်  လွှားလိုက်၏။ ကြင်နာတတ်သော အဖိုးအိုသည် ရုတ်တရက်ကြီး သတ်ဖြတ်လိုစိတ်၊ တိုက်ခိုက်လိုစိတ်များ ပြည့်နေသည့် စစ်သူကြီးတစ်ဉီး ဖြစ်သွားတော့၏။
အတွေးတစ်ချက်ဖြင့် ကျန်းချန်သည် သူ၏ စိတ်စွမ်းအားကို ထုတ်ဖော်ကာ ကောင်းကင်ထဲသို့ ဖြတ်ခနဲ ရောက်လာသည်။
သို့သော် နောက်တစ်စက္ကန့်တွင် သူက ရပ်တန့်လိုက်၏။
ကောင်းကင်ထဲ၌ လူတစ်ယောက် စောင့်နေသောကြောင့် ဖြစ်သည်။
ထိုသူက ဓါးနတ်ဘုရား လီလျိုဆွေ့ပဲ ဖြစ်သည်။
” လီလျိုဆွေ့။ ဒီမှာ ဘာလုပ်နေတာလဲ ”
ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်၏။
လီလျိုဆွေ့က အလေးအနက် ပြောလိုက်သည်။
” ကြီးမြတ်သူ။ အနောက်ဘက်ပင်လယ်မှာ အင်မတန် အစွမ်းထက်တဲ့ အရှိန်အဝါ ၁၁ခုရှိတယ်။ တစ်ယောက်ချင်းဆီက ဘုရင်နယ်ပယ် သိုင်းပညာရှင်တွေလောက် သန်မာတယ်။ ဘာတြွေဖစ်နေတာလဲ ”
” ဒါက မင်းနဲ့ ဘာမှမဆိုင်ဘူး။ အဲ့ဒီအကြောင်း မင်း တွေးနေဖို့ မလိုဘူး။ ဘုရင်နယ်ပယ်ကို မင်းက ရောက်ခါစ ရှိသေးတယ်။ ပိုကျင့်ကြံပြီး မင်းရဲ့ လက်ရှိ ကျင့်ကြံမှုကို ကျစ်လစ်အောင် လုပ် ”
လီလျိုဆွေ့က ထပ်ပြီး ပြောလိုက်၏။
” ကြီးမြတ်သူ။ ကျုပ်ကို အရူးလုပ်ဖို့ မကြိုးစားပါနဲ့။ ကျုပ်ကလည်း စီရင်စု၉ခုက အဖွဲ့ဝင်တစ်ယောက်ပါပဲ။ ဒါမျိုးဖြစ်ပျက်နေတာကို ထိုင်မကြည့်နိုင်ဘူး ”
ကျန်းချန်သည် လီလျိုဆွေ့၏ ခေါင်းမာသော မျက်လုံးများကို စိုက်ကြည့်လိုက်၏။ သူက အနည်းငယ် ကူကယ်ရာမဲ့သွားသည်။ အဆုံးတွင်မူ ပြောပြရန် ရွေးချယ်လိုက်၏။
” အဲ့ဒါ ယဲ့ရှောင်ကြောင့်ပဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက အံ့ဖွယ်သားရဲနှစ်ကောင် ရောက်လာတယ်။ အံ့ဖွယ်သားရဲနှစ်ကောင်က အနောက်ဘက်အရပ်က နဂါးသွေးကြောတွေကို ရက်ပေါင်းများစွာ လုယူခဲ့ကြတဲ့ သူတွေပဲ။ ကံဆိုးတာက သူတို့တွေက ကျန်းဟိုင်မြို့ကို ရောင်းစားမှာပဲ။ ယဲ့ရှောင် ဓါးတစ်ချက်တည်းနဲ့ သတ်တာ ခံလိုက်ရတယ်။ နဂါးသွေးကြော၁၇ခုက ယဲ့ရှောင်ရဲ့ လက်ထဲ ကျသွားတာ ”
” အခု အနောက်တိုင်းမဟာမိတ်ရဲ့ ဘုရင်နယ်ပယ် သိုင်းပညာရှင်၁၁ယောက်က ပင်လယ်မှာ စုဝေးနေပြီ။ သူတို့က နဂါးသွေးကြောကို ပြန်လိုချင်တာ ဖြစ်နိုင်တယ် ”
လီလျိုဆွေ့က အေးတိအေးစက် နှာခေါင်းရှုတ်လိုက်၏။
” သူတို့က လာတောင်းရဲတဲ့ မျက်နှာ တကယ်ကြီး ရှိနေတယ်ပေါ့။ သူတို့ မကာကွယ်နိုင်တဲ့ဟာကို ကျွန်တော်တို့ စီရင်စု၉ခုက ဟန့်တားပေးလိုက်တာလေ။ ဆိုလိုတာက ဒါ ကျွန်တောတို့ အပိုင်ပဲ။ သူတို့ကို ဘယ်လိုလုပ် ပေးနိုင်မှာလဲ ”
” အမှန်ပဲ။ လွန်ခဲ့တဲ့အနှစ် ၃၀၀မှာ ကြယ်တာရာသားရဲတွေရဲ့ ဖိအားကို လျော့ပါးစေဖို့ အမျိုးမျိုးသော နိုင်ငံတွေက ကြယ်တာရာသားရဲတွေကို ဉီးဆောင်ပြီး ကြယ်တာရာသားရဲတွေကို စီရင်စု၉ခုဆီ သွင်းပေးခဲ့တယ်။ ငါတို့တွေ သူတို့နှင့် ဒီစာရင်းကို မရှင်းရသေးဘူး။ နဂါးသွေးကြောတွေကို ဘယ်လိုလုပ် ပြန်ပေးနိုင်မှာလဲ။ ဒါ့အပြင် နဂါးသွေးကြောကို ယဲ့ရှောင်က သန့်စင်ပြီးနေပြီ။ ယဲ့ရှောင်က လက်ရှိ တံခါးပိတ် ကျင့်ကြံနေတာ။ သူ သန့်စင်ပြီးနေတာ ဖြစ်လောက်တယ် ”
” ယဲ့ရှောင်ကို သတ်ပြီး နဂါးသွေးကြောကို ထုတ်ဖို့က မဖြစ်နိုင်ဘူးမလား ”
” ယဲ့ရှောင်က ငါ့ကို တစ်ခု လုပ်ခဲ့ပေးပြီးသား။ စီရင်စု၉ခုက ငါ့ရဲ့ မွေးရပ်မြေ။ ခံစားချက်နဲ့ အကျိုးသင့်အကြောင်းသင့်အရ ဒီကိစ္စမှာ ဘေးထွက်မနေနိုင်ဘူး ”
” ကြီးမြတ်သူ ကျွန်တော့်ကိုပါ ခေါ်သွားပေးပါ။ ကျွန်တော်လည်း ဒီအဆင့်ကို တက်ခါစဆိုပေမဲ့ ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ယောက်အဖြစ် သတ်မှတ်လို့ ရပါသေးတယ်။ ကျွန်တော် သေချာပေါက် ကူညီပေးမယ် ”
ကြီးမြတ်သူက တစ်ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
အစတည်းက သူသည် လီလျိုဆွေ့ကို ခေါ်ချင်ခဲ့သည်။ ဆိုရလျှင် တစ်ဖက်၌ ဘုရင်နယ်ပယ် သိုင်းပညာရှင်( ၁၁) ယောက် ရှိနေ၏။ မည်သို့ဖြစ်မည်မှန်း မည်သူမှ မသိပေ။
လီလျိုဆွေ့သည် အဆင့်တက်ခါစ ဖြစ်သည်။ ပြင်းထန်သည့် တိုက်ပွဲသာဆိုလျှင် သူ ဒဏ်ရာ သေချာပေါက် ရလိမ့်မည်။
ယင်းက သူ့အနာဂတ်အတွက် အကျိုးယုတ်စေလိမ့်မည်။
ထို့အပြင် သားရဲကပ်ဘေးက မကြာမီ ရောက်လာတော့မည်။ စီရင်စု၉ခုအတွက် လူအချို့ကို ချန်ထားပေးရန် အကောင်းဆုံး ကြိုးစားရမည်။
ကြီးမြတ်သူလေးဉီးသည် နဂါးစာရင်း၌ ထိပ်တန်းနှစ်နေရာကို ယူသွားပြီး ဖီးနစ်စာရင်း၌ ထိပ်တန်းနှစ်နေရာကို ယူထား၏။ သူတို့ အမှန်တကယ် တိုက်ခိုက်ကြပေလျှင် သူက အများကို သူတစ်ယောက်တည်းဖြင့် တိုက်ခိုက်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။
သူက စီရင်စု၉ခု၏ ဝှက်ဖဲအားလုံးကို ယူလာနိုင်သည်။
ထိုစဉ် လီလျိုဆွေ့ကမူ သွားမည်ဟု တိုက်တွန်းနေ၏။ သူ တားချင်လျှင်တောင် မတားနိုင်မှန်း နားလည်လေသည်။
သူ့ခွန်အားဖြင့် ပင်လယ်သို့ မကြာမီ၌ ရောက်နိုင်လိမ့်မည်။ ထိုသို့ ပြုလုပ်မည့်အစား သူ့ကို အဘယ်ကြောင့် တားတော့မည်နည်း။
သို့သော် ယင်းကလည်း ကောင်း၏။ သူ့ကို ဘုရင်နယ်ပယ်အထက် တိုက်ပွဲများကို တွေ့ကြုံစေခြင်းက သူ့အတွက် ကိစ္စကောင်းတစ်ရပ်လည်း ဖြစ်သည်။
သူ့အတွက် သင့်တော်သည့် ပြိုင်ဘက်ကို ရှာနိုင်ပြီး ထိခိုက်ဒဏ်ရာ မရသရွေ့ ပြဿနာကြီးကြီးမားမား ရှိမှာ မဟုတ်ပေ။
သူတို့နှစ်ယောက်က အလင်းတန်းအသွင်လျင်မြန်စွာ ပြောင်းလဲပြီး ကျန်းဟိုင်မြို့အထက်၌ ပျောက်ကွယ်သွားသည်။
တစ်ဖက်တွင်မူ ယဲ့ရှောင်သည် နောက်တစ်
စက္ကန့်၌ သူ၏ ကျင့်ကြံမှုကနေ နိုးထလာတော့သည်။
သူ၏ ခြံဝန်းဝင်ပေါက်၌ ရင်းနှီးနေသော အငွေ့အသက်ရှိနေတာကို ခံစားမိသော
းကြောင့် ဖြစ်သည်။ ထိုအငွေ့အသက်သည် မတွေ့ရတာ အတော်ကြာပြီ ဖြစ်၏။ လူ့လောကထဲ၌ ထပ်မံ ပေါ်ပေါက်လာမည်ဟု မထင်ထားပေ။
” ဒီဂျူ နီယာက စီနီယာယဲ့ကို လေးစားမှု ပြသပါတယ် ”
ဂျွီး။
တံခါးပွင့်သွား၏။ တံခါးဖွင့်ပေးသူက တခြားသူ မဟုတ်။ ဟွမ်လျိုလီပဲ ဖြစ်သည်။
ရို့ဝေသည် ထူးကဲသည့် ကြောင်ပေါက်လေးက အိမ်နေရင်း ဝတ်စုံဝတ်ထားပြီး အစိမ်းရောင် ဂွမ်းညှပ်ဖိနပ်ကို စီးထားကာ အနက်ရောင် အသားကပ်ဘောင်းဘီ ဝတ်ထားတာကိုမြင်ပြီး သူမက ထိတ်လန့်မိသွား၏။
အစွမ်းထက်လိုက်တဲ့ ကျင့်ကြံဆင့်ပဲ။
သူမသည် ဟွမ်လျိုလီ၏ ကျင့်ကြံဆင့်ကို မမြင်နိုင်ကြောင်း သဘောပေါက်သွားသည်။
ယင်းက ကြောက်မက်ဖွယ် ကောင်းလွန်း၏။ သူမ ပြန်ပြောင်းသွားပြီးနောက် ခက်ခက်ခဲခဲ ကျင့်ကြံခဲ့သည်။ ထို့အပြင် ငွေရောင်မြေခွေး မျိုးနွယ်စုသည် လတ်တလော၌ ကံကောင်းခဲ့၏။ ထို့ကြောင့် သူမ ခွန်အားသည်လည်း ရှန်းထျန်းဆဌမအဆင့်သို့ မြင့်တက်နေပြီ ဖြစ်သည်။
ထိုသို့တိုင် ဟွမ်လျိုလီ၏ ကျင့်ကြံဆင့်ကို မမြင်နိုင်ပေ။ ထိုသို့ဆိုလျှင် သူမ ခွန်အား မည်မျှ သန်မာသနည်း။
သူမသည် ဒဏ္ဍာရီလာ အံ့ဖွယ်ဂိုဏ်းအဆင့်သို့ အဆင့်တက်ပြီး ဖြစ်နိုင်သည်လော။
ထို့အပြင် သူမ ဝတ်စားထားပုံက အလွန်စိတ်ဝင်စားစရာ ကောင်းပြီး စီနီယာယဲ့၏ အိမ်တွင် ပေါ်လာ၏။ သူမသည် စီနီယာယဲ့၏ အမျိုးသမီး ဖြစ်နိုင်မည်လော။
ထိုအကြောင်းကို တွေးမိပြီး သူမက အမြန်အရိုအသေပေးကာ ပြောလိုက်တော့သည်။
” ဒီဂျူ နီယာ ရို့ဝေက ယဲ့သခင်မကို နှုတ်ခွန်းဆက်ပါတယ် ”
ဟ ဟ ဟ။
မှန်တယ်။ ဒီမိန်းမက တကယ် အောင်မြင်မဲ့ အနာဂတ်ရှိနေတာပဲ။ တစ်ချက်ကြည့်ရုံနဲ့ နောင်ကြ ဖြစ်လာမဲ့ သူမရဲ့ စစ်မှန်တဲ့ အထောက်အထားကို မြင်နိုင်တယ်။
ဒါက သူမနဲ့ သိပ်ကိုက်ညီတယ်လေ။
” ဟုတ်တယ်။ နင်က ပါးနပ်လွန်းတယ်။ တစ်ချက်ကြည့်ရုံနဲ့ ငါက ယဲ့ရှောင်ရဲ့ မိန်းမဆိုတာ တွေးနိုင်တယ် ”
ရို့ဝေသည် သူမ၏ နဖူးပေါ်ရှိ ချွေးစီးများကို သုတ်ပြီး နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွား၏။
ထင်တဲ့အတိုင်း သူက မစ္စတာယဲ့ရဲ့ အမျိုးသမီးပဲ။ ကံကောင်းလို့ အမြင်ကောင်းရှိလို့ပေါ့။ မဟုတ်ရင် ဘယ်လောက် အနေခက်လိုက်မလဲ။
အခု သူက ယဲ့သခင်မရဲ့ မျက်နှာသာပေးမှုကို ရမယ်ဆိုရင် သူက တာဝန်ကို အောင်အောင်မြင်မြင် ပြီးမြောက်လိမ့်မယ်။
ပြီးပြည့်စုံတယ်။
” ယဲ့ သခင်မ။ ဒီဂျူ နီယာက သခင်မကို တစ်ခုလောက် ပြောစရာ ရှိပါတယ်။ ကျေးဇူးပြုပြီး အကြောင်းကြားပေးပါဉီး ”

***

Comment

Leave a Reply

Options

not work with dark mode
Reset