Switch Mode

Chapter – 283

ဧကရာဇ်နယ်ပယ်၏ ကျင့်ကြံခြင်း လျှို့ဝှက်ချက်

အပိုင်း ၂၈၃
ဧကရာဇ်နယ်ပယ်၏ ကျင့်ကြံခြင်း လျှို့ဝှက်ချက်

ရှင်းကျန်းကျားက ခေါင်းညိတ်လိုက်၏။
” အစ်ကိုကြီး နော့ဖစ်။ နှစ်ပေါင်းရာချီ ကျော်ပြီးတဲ့နောက် ဒီနေရာမှာ ခင်ဗျားပါ အဖမ်းခံထားရလိမ့်မယ်လို့ ကျုပ် မထင်ခဲ့မိဘူး ”
နော့ဖစ်က သက်ပြင်းချလိုက်၏။
” ဖူး။ ငါ့ကံကိုက ဆိုးတာပါလေ။ ငါ တတ်နိုင်တာ ဘာမှမရှိဘူး။ မင်းလို သန်မာတဲ့ အကျင့်စရိုက် မရှိတာတော့ နှမြောစရာပဲ။ ငါတို့ ကြယ်တာရာသားရဲမျိုးနွယ်ကို ငါ အရှက်ကွဲစေမိတာပဲ ”
” အခု မင်းရဲ့ စိတ်ဓာတ်ကြောင့် ငါ အတုယူစ ရာ ရသွားပြီ။ မင်းရဲ့ ဥပမာအတိုင်း လိုက်နာပြီး ငါ့ကိုငါ ဆောက်တည်မယ်။ အရင်ဉီးဆုံး လူသားမျိုးနွယ် အလိုလိုက်မယ် ။ သဘာဝ ရတနာတွေကို ပိုစားပြီး ခွန်အားစုဆောင်းမယ်။ ငါ ကျင့်ကြံတာ အောင်မြင်သွားခဲ့ရင် ဒီနေရာကနေ သေချာပေါက် ဖောက်ထွက်မယ် ”
ရှင်းကျန်းကျားက ခေါင်းထပ်ညိတ်လိုက်၏။
” ခင်ဗျား ပြောတာ မှန်တယ်။ လူသားက ကျုပ်ရဲ့ လက်ကို ဖြတ်တောက်သွားပြီး ကျုပ်က သူ့ဆီက စားစရာကို မစားရင် ကျုပ်ကို သူ အမြတ်ပိုထုတ်ခွင့် ပေးလိုက်တာပဲ။ သူ့ရဲ့ စားစရာကို စားသင့်တယ်။ အညှာအတာမဲ့အောင် စားပစ်ရမယ် ”
နော့ဖစ်က ခေါင်းညိတ်လိုက်၏။
” အမှန်ပဲ။ မြန်မြန်စားလိုက်။ ဒါတွေ စားပြီးသွားရင် ခင်ဗျားလက်က မြန်မြန်ဆန်ဆန် ပေါက်လာလိမ့်မယ်။ ပြီးတော့ မင်းရဲ့ ကျင့်
စဉ်ကလည်း တိုးလာမှာ ”
” မင်း အထွတ်အထိပ် အံ့ဖွယ်နယ်ပယ်ကို တက်သွားတဲ့အချိန် ဒီချိတ်ပိတ်မှုကနေ ဖောက်ထွက်နိုင်မဲ့ အချိန်ပဲ ”
” ဟုတ်ပြီ ”
ရှင်းကျန်းကျားက ကျယ်လောင်စွာ ပြန်ပြောလိုက်၏။ ပြီးနောက် သူသည် သူ့ဘေးရှိ မော့ယွီကို တစ်ချက်ကြည့်လိုက်သည်။
” အဲ့မှာ စူဇန် ကောက်ယူလာတဲ့ သွေးရိုလန်တစ်ခုလည်း ရှိတယ်။ ငါ့ကိုပေး။ အဲ့ဒီလူသားမျိုးနွယ် ပိုင်ဆိုင်တဲ့ဟာ ဖြစ်နေသရွေ့ သူ့အတွက် တစ်ခုမှ ချန်မထားပေးဘူး ”
” ဟုတ်ကဲ့ ကျားနတ်ဘုရား ”
မော့ယွီက တလေးတစား ပြေးသွားပြီးနောက် ကျကျန်ခဲ့သည့် သွေးရိုလန်ကို ကောက်ယူလိုက်ပြီး စူဇန်၏ လက်ထဲရှိ ကျန်သည့် သွေးရိုလန်များနှင့် ပေါင်းပြီးနောက် သူမသည် ကျားနတ်ဘုရား၏ ခံတွင်းထဲသို့ ထည့်ပေးလိုက်၏။
၎င်းကို ကျားနတ်ဘုရား ဝါးမြိုလိုက်တာကို မြင်သည့် ကြယ်တာရာသားရဲများ အားလုံး၌ မျက်ရည်များ ပြည့်သွားသည်။
ကြယ်တာရာသားရဲများ၏ မှန်ကန်ဖြောင့်မတ်ရေးအတွက် သူသည် လူသားမျိုးနွယ်ရှေ့၌ သူ့ခေါင်းကို မငုံ့ရန် ဆုံးဖြတ်ထား၏။
သို့သော်ငြား လူသားမျိုးနွယ်၏ ချိတ်ပိတ်မှုကို ချိုးဖျက်ရန်အတွက် သူသည် အရှက်ကွဲမှုကို တင်းခံကာ ဝေဒနာ ခံစားရမည်။
ကျားနတ်ဘုရားသည် ဤကမ္ဘာရှိ ကြယ်တာရာသားရဲများ၏ စံပြပဲ ဖြစ်သည်။ သူက ရုပ်ထုထွင်းထုခံရပြီး ကြယ်တာရာသားရဲများအကြား သတင်းဖြန့်ခံရသင့်သည့်သူ ဖြစ်သင့်သည်။
ကျားနတ်ဘုရား၏ သူရဲကောင်းဆန်ဆန် လုပ်ရပ်များကို ကြယ်တာရာသားရဲများအားလုံးကို သိခွင့်ပေးရမည်။
ယဲ့ရှောင်က မြေပြင်ပေါ်  ပြန်ရောက်လာပြီး ကျန်းချန်၏ ရုံးခန်းသို့ တန်းသွားလိုက်၏။
ကျန်းချန်သည် ယဲ့ရှောင်အတွက် လက်ဖက်ရည်ပူပူတစ်ခွက် ပြင်ဆင်ပေးပြီးသား ဖြစ်သည်။
အမှန်တကယ်တွင် ပုံမှန်အခြေအနေအောက်၌ ထိုသို့ပြုလုပ်ရန် မလိုပေ။ သို့သော် ယဲ့ရှောင် ပြသခဲ့သည့် ခွန်အားက ကြီးမားလွန်းသည်။ သူသည် ထိုဓါးကွက်ကြောင့် အင်မတန် ထိတ်လန့်ခဲ့၏။
သူသည် ယဲ့ရှောင်ကို ရင်ထဲကနေကို လေးစားမိ၏။ ထိုအကြောင်းအရင်းကြောင့် စီရင်စု၉ခု၏ ကြီးမြတ်သူလေးဉီးထဲမှ တစ်ဉီးဟူသည် သူ၏ အဆင့်အတန်းကို နှိမ်ကာ ယဲ့ရှောင်အတွက် လက်ဖက်ရည် ငှဲ့ပေးတာပဲ ဖြစ်သည်။
” ယဲ့ရှောင်။ မင်း အလုပ်ကြိုးစားပေးတာ ကျေးဇူးတင်တယ်ကွာ ”
ယဲ့ရှောင်က တည်ငြိမ်စွာ ပြောလိုက်၏။
” ကံကောင်းတာက ကျွန်တော့်ရဲ့ ပြိုင်ဘက်က အားနည်းနေလို့ပါ ”
ကျန်းချန်က နှုတ်ခမ်းတွန့်မိသွား၏။
” ကျွန်တော် သူ့ကို သတ်တဲ့အချိန်တုန်းက သူ့ သိုလှောင်လက်စွပ်ကို ယူခဲ့တယ်။ စုစုပေါင်း နဂါးသွေးကြော ၁၇ခု ရှိတယ်။ အဲ့ဒီထဲကနေ နဂါးစွမ်းအင်ကို ထုတ်ပြီး သန့်စင်လိုက်မယ်။ ကျွန်တော် ခဏလောက်တော့ တံခါးပိတ် ကျင့်ကြံရလောက်တယ် ”
” ကောင်းပြီ။ အဓိကက မင်းအတွက် အကျိုးရှိစေဖို့ပဲ။ လုပ်သာလုပ် ”
” အာကာသ စစ်မြေပြင်အကြောင်းကရော ”
” သူတို့အကြောင်း စုံစမ်းဖို့အတွက် ငါ အကောင်းဆုံး ကြိုးစားမယ်။ ဒါပေမဲ့ ဖုန်းထဲကနေပဲ စီရင်စု၉ခု မဟာမိတ်ကို ပြောခဲ့တာ။ သူတို့တွေကတော့ အခြေအနေ သိပ်မကောင်းဘူးလို့တော့ ပြောတယ်။ ကြယ်၇လုံးတန်းတဲ့ အတွေ့အကြုံကို ရပြီးတော့ ကြယ်တာရာသားရဲတွေရဲ့ ခွန်အားက အတော်လေး တိုးလာတာ။ ဒါကြောင့် ဒီကာလအတွင်း ရှေ့တန်းက အရမ်း တင်းကြပ်တယ် ”
” ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်နှစ်ယောက်က တစ်ချိန်လုံး ရှေ့တန်းမှာ တိုက်ခိုက်နေတာ။ သူတို့ နောက်ပြန်ဆုတ်ဖို့ အခွင့်အရေး မရှိဘူး။ အချိန်တိုအတွင်း သူတို့က မင်းနဲ့တွေ့ဖို့ အခွင့်အရေး ရှိဉီးမှာ မဟုတ်ဘူး ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” အဆင်ပြေပါတယ်။ စစ်ပွဲအရေးကိစ္စက ပိုအရေးကြီးတယ်။ အာကာသ စစ်မြေပြင်က စစ်ပွဲကိုပဲ အရင်အာရုံစိုက်တာပေါ့။ ကျွန်တော် ဒါကို နားလည်သဘောပေါက်ဖို့ အလျင်မလိုပါဘူး ”
ယဲ့ရှောင်သည် နောက်ဆုံးအပိုင်းကို နားလည်သဘောပေါက်သွားသရွေ့ အချိန်မရွေး အဆင့်တက်နိုင်၏။ ထို့ကြောင့် သူ အလွန်အကျွံ စိုးရိမ်ပူပန်နေရန် မလိုအပ်ချေ။
သိုင်းပညာလမ်းစဉ်သည် ကြိုးစားရန် လိုအပ်သော်ငြား စိတ်မရှည်မဖြစ်သင့်ပေ။
စိတ်မရှည်ဖြစ်လွန်းပါက မကောင်းသည့် အာနိသင်များ ဆောင်ယူလာမိလိမ့်မည်။ ထိုအချိန်ကြ အဆင့်ချိုးဖျက်ဆက်ရန် မဆိုထားနှင့် ကိုယ်တိုင် လမ်းမှားရောက်ပြီး သွေးခွဲမှုသို့ ရောက်သွားနိုင်၏။
လီလျိုဆွေ့လည်း အရင်တုန်းက မိစ္ဆာလမ်းကြောင်းကို ရောက်ဖို့ ကြုံတွေ့ခဲ့ဖူးတာမလား။
ထိုစဉ်က သိုင်းပညာရပ်၏ စစ်မှန်သော အဓိပ္ပာယ်ကို သူ၏ နားလည်သဘောပေါက်မှုက မလုံလောက်ခဲ့ပဲ သူ၏ ဝိညာဉ်ကျင့်ကြံမှုက လုံလောက်အောင် မသန်မာ။ ထို့ကြောင့် သူက အဆင့်ချက်ချင်း တက်လိုက်ချိန်၌ ဖောက်လွှဲဖောက်ပြန် ဖြစ်သွားခဲ့သည်။
သို့သော် သူကလည်း အတော်လေး ကံကောင်း၏။ ရှေးဉီးစွာ သူ၏ ခွန်အားက အလွန်မသန်မာသောကြောင့် သူ့ကို ဖိနှိပ့်ခွင့်ပေးပြီး လူများစွာရှိပြီး သူ့ကို အချိန်အတော်ကြာ ထိန်းထားနိုင်အောင် ကူညီပေးသည်။
ဒုတိယအချက်အနေဖြင့် သူသည် ဘုရင်နယ်ပယ်သို့ အဆင့်တက်လှမ်းချိန်၌ မွန်မြတ်သော အလင်းရောင် ဖြန့်ကြန့်မှုကို ရရှိခဲ့၏။ သို့သော်ငြား သူ့၌ ထိုကဲ့သို့ အခွင့်အရေး မရှိပေ။ သူက အဆင့်တက်ရန် သူ့ကို ကူညီပေးဖို့ သူ့ထက် ပိုသန်မာသည့်သူတစ်ယောက်ကို အလွယ်တကူ ရှာနိုင်မှာ မဟုတ်ပေ။
တစ်ခါတရံတွင် မိမိကို အနိုင်ယူနိုင်သည့်သူက အခြားသူမဟုတ် ကိုယ်တိုင်သာလျှင် ဖြစ်နိုင်၏။
ထို့ကြောင့် ယဲ့ရှောင်သည် သိပ်ပြီး သတိလက်လွှတ် မနေနိုင်ပေ။
ဒါရိုက်တာကို နှုတ်ဆက်ပြီးနောက် ယဲ့ရှောင်သည် အိမ်ပြန်ကာ ချက်ချင်းပင် တံခါးပိတ် ကျင့်ကြံတော့၏။
ပြီးနောက် သူသည် ထိုနဂါးသွေးကြော ၁၇ခုမှ နဂါးစွမ်းအင်များကို ဆွဲထုတ်လိုက်သည်။
သွေးတောင်ပံ၏ ခွန်အားက မသန်မာပေ။ ထို့ကြောင့် သူသည် နဂါးသွေးကြောအားလုံးကို သိုလှောင်လက်စွပ်တစ်ခုထဲ၌ မထားရဲချေ။ ထိုအစား သိုလှောင်လက်စွပ် ၁၇ခု၌ ထည့်ထားခဲ့သည်။
ယဲ့ရှောင်၏ စိတ်က ချိတ်ပိတ်ထားသော သိုလှောင်လက်စွပ်များထဲမှ တစ်ခုထဲ ဝင်ရောက်သွား၏။
ဝေါင်း။
သူ၏ အသိစိတ်က ဝင်ရောက်ခါစ၌ သူ၏ အသိစိတ်ထဲသို့ ထိတ်လန့်ဖွယ် ဟိန်းသံတစ်ခုက ဝင်ရောက်လာကာ သူ့အသိစိတ်ကို တိုက်ခိုက်ချင်နေ၏။
ယဲ့ရှောင်က မကြောက်လန့်သွားပေ။ သူက တိုက်ရိုက် လှုပ်ရှားလိုက်၏။
ရှင်းကျန်းကျား၏ ကြယ်အမြုတေကနေ
သန့်စင်ထားသော အသံကျင့်စဉ် ကျားဟိန်းတောင်တန်းတောအုပ်ကို သုံးလိုက်သည်။
ဝေါင်း။
နဂါးသွေးကြောထက် ပိုတောင် သန်မာသည့် ဟိန်းသံက လိုက်ပါလာပြီးနောက် မြေပြင်ပေါ်တွင် နဂါးသွေးကြောကို မြဲမြံစွာ တိုက်ရိုက် တံဆိပ်ခတ်လိုက်၏။
နဂါးသွေးကြောက မည်မျှ ရုန်းကန်စေကာမူ ယဲ့ရှောင်၏ ဖိနှိပ့်မှုကနေ မလွတ်မြောက်နိုင်သေးပေ။
ထို အနောက်ပိုင်း နဂါးသွေးကြောများနှင့် ရင်ဆိုင်ရချိန် ယဲ့ရှောင်သည် ဆိုးဆေးများ သက်ညှာမှု မပြခဲ့ပေ။
နဂါးသွေးကြောက လူသားမျိုးနွယ်အတွက် အလွန်ကောင်းပြီး လူသားမျိုးနွယ်၏ ကျင့်ကြံမှုအတွက် ပျိုးထောင်ထားခြင်းဖြစ်သော်ငြား ယဲ့ရှောင်သည် စီရင်စု၉ခု နဂါးသွေးကြောထံက ဉီးစားပေးဆက်ဆံမှုသာ ရရှိတာဖြစ်ပြီး ကျန်သည့် အနောက်ပိုင်း နဂါးသွေးကြောများဆီမှ မဟုတ်ပေ။
ထို့အပြင် နှစ်ပေါင်းများစွာကြာအောင် အနောက်တိုင်းသိုင်းပညာရှင်များသည် အရှေ့တိုင်းနှင့် တစ်ခါမှ မိတ်ဆြွေဖစ်မလာခဲ့ပေ။
သူတို့သည် အောင်မြင်စွာ ကျင့်ကြံနိုင်ရန်အတွက် နဂါးသွေးကြောက ထောက်ပံ့သည့်စွမ်းအားကို အားကိုးခဲ့သည်။ ထိုရှုထောင့်အရ ထိုနဂါးသွေးကြောများသည်လည်း အပေါင်းအပါများ ဖြစ်၏။
ထို့ကြောင့် ယဲ့ရှောင်သည် သူတို့ထဲက နဂါးစွမ်းအင်များကို လျင်လျင်မြန်မြန် သက်ညှာမှု ကင်းမဲ့စွာ ဆွဲထုတ်ပြီး သူ၏ ခန္ဓာကိုယ်ထဲ စုပ်ယူလိုက်၏။
ပြီးနောက် နဂါးသွေးကြောထဲရှိ နောက်ထပ် နဂါးသွေးကြောထဲရှိ နဂါးစွမ်းအင်များအားလုံးကို အပြည့်အဝ ဝါးမြိုလိုက်သည်။
ထိုနဂါးသွေးကြောများသည် အနောက်အရပ်နှင့် တောင်အရပ်ကနေ လာတာပဲ ဖြစ်သည်။
အမှန်တကယ်တွင် သူတို့သည် စီရင်စု၉ခုမှ မဟုတ်သောကြောင့် သူတို့၏ သွင်ပြင်များက အတော်လေး ပုံမှန်မဟုတ်ပေ။ အချို့က ရုပ်ရှင်ကားထဲရှိ ဒိုင်နိုဆောများနှင့်တောင် တူပြီး နောက်၌ လင်းနိူ့တောင်ပံကြီး နှစ်ဖက်ရှိသည်။
ယဲ့ရှောင်သည် နဂါးစွမ်းအင်ကိုသာ ထုတ်လိုက်သည်။ နဂါးသွေးကြောထဲ၌ သန့်စင်သော ဝိညာဉ်စွမ်အားကို မဖယ်ရှားခဲ့ပေ။
နဂါးသွေးကြော ၁၇ခုကို အတူတကွ ထပ်ပေါင်းထည့်လိုက်ရာ နဂါးသွေးကြောထဲ၌ စွမ်းအင်မည်မျှ ပါဝင်မှန်း မသိရပေ။ သူသည် နောင်ကြ ပိုသန်မာသည့် နယ်ပယ်သို့ အဆင့်တက်ချိန်၌ နဂါးစွမ်းအင်ကို သိုလှောင်ရန် အသုံးပြုနိုင်၏။
ထိုနဂါးစွမ်းအင် ၁၇မျိုးသည် ချန်ပိုင်နဂါးသွေးကြောက သူ့ကို ပေးသည့် နဂါးစွမ်းအင်၏ တစ်ဝက်လောက် မရှိတာ သေချာသည်။ သို့သော် လျှော့တွက်၍ မရသောစွမ်းအား ဖြစ်နေသေး၏။
ယဲ့ရှောင်သည် သူ၏ ခန္ဓာကိုယ်ထဲရှိ နဂါးစွမ်းအင်များကို အပြည့်အဝ ပေါင်းစပ်ခဲ့ပြီး ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ထဲ၌ နဂါးစွမ်းအင်များ ပိုများလာတာကို ခံစားမိ၏။ ၎င်းတို့သည် သူ၏ ချီသွေးကြောများထဲ ကူးခတ်သွားသော်ငြား ယဲ့ရှောင်က ဘာကို ဆိုလိုမှန်း မသိပေ။
အကြောင်းအရင်းမှာ နဂါးစွမ်းအင်၏ အခန်းကဏ္ဍသည် သူ၏ နတ်ဘုရားသွေးကို သန့်စင်ပေးပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ နတ်ဘုရားသွေးကို အပြည့်အဝ နိုးထစေသောကြောင့် ဖြစ်သည်။
ယခုအချိန်၌ ခန္ဓာကိုယ်ထဲရှိ နတ်ဘုရားသွေးသည် အပြည့်အဝ နိုးထပြီဖြစ်သည်။ သို့သော် သူ၏ ခန္ဓာကိုယ်ထဲ၌ ၎င်းက ဆက်လက် လှည့်လည်သွားလာနေဆဲဖြစ်ကာ မည်သည့် ပြောင်းလဲမှုအသစ်မှ မဆောင်ယူခဲ့ပေ။ ယင်းက သူ့ခွန်အားထဲ တိုးတက်မှု ဖြစ်လာစေတာ ဖြစ်နိုင်၏။
ယဲ့ရှောင်သည် နဂါးစွမ်းအင်သည် နောက်ပိုင်း၌ ပိုသန်မာသည့် အာနိသင်တစ်ခု ရှိလာမည်ဟု ဝေဝါးဝါး ခံစားမိနေသည်။ မဟုတ်လျှင် စီနီယာချန်ပိုင်နဂါးသွေးကြောသည် သူ့ခန္ဓာကိုယ်ကို ပုံသွင်းနိုင်အောင် ကူညီပေးပြီးသည့်နောက် နဂါးစွမ်းအင်ကို အပြည့်အဝ နုတ်ယူလိုက်မှာပဲ ဖြစ်သည်။ သို့သော် ထိုသို့မလုပ်ခဲ့ပေ။
ဆိုလိုသည်က ဘုရင်နယ်ပယ် သို့မဟုတ် ဧကရာဇ်နယ်ပယ်သို့ အဆင့်တက်ပြီးသည့်နောက် နဂါးစွမ်းအင်၏ အကူအညီ လိုအပ်နေသေးတာပဲ ဖြစ်သည်။
ထိုစဉ် တော်ဝင်အဆင့် လက်သီးသိုင်းသုံးခုကလည်း အောင်မြင်စွာ ပေါင်းစည်းလိုက်ပြီ ဖြစ်သည်။ ယခုအချိန်၌ ယဲ့ရှောင်သည် ပြဿနာအသစ်တစ်ရပ်ကို ရှာတွေ့သွား၏။ ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဉ်သည် နဂါးစွမ်းအင်ကို ရရှိပြီးနောက် ကျင့်စဉ်များ ပေါင်းစည်းသည့် အရှိန်က ပိုတောင် မြန်ဆန်လာတာပဲ ဖြစ်သည်။ ယခုအချိန်၌ တော်ဝင်အဆင့် လက်သီးသိုင်းသုံးမျိုးကို တစ်ဆက်တည်း အောင်မြင်စွာ ပေါင်းစည်းလိုက်ပြီ ဖြစ်သည်။
၎င်းက လက်သီးသိုင်းအသစ်တစ်မျိုး ဖွဲ့တည်လိုက်၏။
နတ်ဘုရားသတ် လက်သီး၊ လေဟာနယ်စုတ်ဖြဲခြင်း လက်သီး။
ထိုအရာကနေ မဟာနိဗ္ဗာနလက်သီး၊ ဧကရာဇ်ခုံမင်လက်သီးနှင့် မိုးကြိုးဧကရာဇ်လက်သီးတို့ မရှိတော့ပေ။
သူတို့အစား ပိုတောင် သန်မာသော နတ်ဘုရားအဆင့် လက်သီးသိုင်းက အစားထိုးဝင်ရောက်လာ၏။
တစ်ချိန်တည်းတွင် ယဲ့ရှောင်က ရွှေရောင်စာအုပ်က ဝိညာဉ်စွမ်းအင် စုပ်ယူသော အရှိန်ကလည်း ပိုမြန်ဆန်ကြောင်း ရှာတွေ့သွားသည်။
နဂါးစွမ်းအင်က ဝိညာဉ်နှင့် သက်ဆိုင်နေတာများလား။
သာမန်လူများအတွက် ကျင့်ကြံရန် သူတို့သည် ဝိညာဉ်တစ်ခုရှိဖို့ လိုအပ်သည်။
ဝိညာဉ်တည်ရိြှခင်း သို့မဟုတ် ဝိညာဉ်ကင်းမဲ့ခြင်းက လူတစ်ယောက်၏ အကန့်အသတ်ကို ဆုံးဖြတ်ပေး၏။
ဝိညာဉ်မပါပဲ ကျင့်ကြံသည့်အရှိန်က မြန်မှာ မဟုတ်။ ထို့အပြင် အဆင့်တစ်ခုသို့ ရောက်သည့်အချိန်၌ ဥပမာ ဟို့ထျန်းပထမအဆင့်၊ ဒုတိယအဆင့် သို့မဟုတ် အလွန်ဆုံး
ဟို့ထျန်းတတိယအဆင့်ရောက်ပြီး ရှေ့ဆက်တက်နိုင်တော့မှာ မဟုတ်ပေ။
ဝိညာဉ်တစ်ခုဖြင့်ဆို လူတစ်ယောက်၏ ကျင့်ကြံမှုအရှိန် တိုးလာရုံသာမက ကျင့်ကြံမှု အကန့်အသတ်ကလည်း မြင့်တက်လာလိမ့်မည်။
သို့သော် အစောပိုင်းအဆင့်၌ ဝိညာဉ်၏ အာနိသင်သည် သေချာပေါက် ထိုမျှ မကောင်းပေ။
ယဲ့ရှောင်အတိုင်းပင် ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဉ်က ကျင့်စဉ်များကို စုပ်ယူပြီး ကျင့်စဉ်များကို ပေါင်းစည်းပေးခြင်းကြောင့်သာ မဟုတ်လျှင် ဝိညာဉ်စွမ်းအင်၏ စုပ်ယူမှုကို အရှိန်တင်ရန် အကူကိရိယာအနေဖြင့်သာ အသုံးပြုနိုင်မှာ ဖြစ်၏။
၎င်း၏ အာနိသင်က အလွန်နည်းပါးသည်။
ယဲ့ရှောင် သိရှိသလောက် ဗဟုသုတများအနက် ပြဿနာရပ်တစ်ခုလည်း ရှိသေးသည်။
ယင်းက အံ့ဖွယ်ဝိညာဉ်၏ အာနိသင်သည် နတ်ဘုရားနယ်ပယ်ထဲသို့ ဝင်ရောက်ပြီးမှ အဓိက ကျလာတာပဲ ဖြစ်သည်။
နတ်ဘုရားနယ်ပယ် မရောက်ခင် ဘုရင်နယ်ပယ်တွင် ရှိစဉ် လူ့ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်နှင့် ရုပ်ခန္ဓာသည် ပြီးပြည့်စုံစွာ ပေါင်းစည်းထားပြီးဖြစ်ကာ သူတို့ကို ရုပ်ခန္ဓာနှင့် ဝိညာဉ် ခွဲခြား၍ မရတော့ပေ။
နတ်ဘုရားနယ်ပယ်သို့ ရောက်ပြီးနောက် အံ့ဖွယ်ဝိညာဉ်သည် ပြောင်မြောက်မှု၏ စတင်ရာ ဖြစ်နိုင်၏။
နဂါးစွမ်းအင်သည် အံ့ဖွယ်ဝိညာဉ်ကို သွယ်ဝိုက်ပြီး ခွန်အားမြှင့်ပေးနိုင်သလော။ ဘုရင်နယ်ပယ်၌ ၎င်းသည် လူတစ်ယောက်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ပြီးပြည့်စုံသည့် နယ်ပယ်ရောက်အောင် ပုံသွင်းပေး၏။
တစ်နည်းဆိုရလျှင် ဘုရင်နယ်ပယ်သို့မရောက်ခင် လူသားမျိုးနွယ်သည် သူတို့၏ ခန္ဓာနှင့် ဝိညာဉ်ကို ပုံသွင်းနိုင်လိမ့်မည်။
သူတို့၏ ခန္ဓာနှင့် ဝိညာဉ်ကို ခွန်အားအဆင့်တစ်ခုအထိ ပုံသွင်းပေးပြီးနောက် နောက်တစ်ဆင့်က သူတို့ အံ့ဖွယ်ဝိညာဉ်ကို စတင် ခွန်အားမြှင့်ရန်ပဲ ဖြစ်သည်။
သာမန်လူသားများသည် ဝိညာဉ်၏ ပေါက်ကွဲခြင်းစွမ်းအားကို မထိန်းချုပ်နိုင် သို့မဟုတ် ခံနိုင်ရည် မရှိသောကြောင့် ဖြစ်သည်။
လူတစ်ယောက်၏ ခန္ဓာသည် ဝိညာဉ်ကို ခံနိုင်ရည်ရှိသည့်  အဆင့်တစ်ခုထိ ရောက်သွားချိန်၌ ကျင့်ကြံနိုင်ပြီး ဝိညာဉ်ကို တိုးတက်အောင် ပြုလုပ်နိုင်၏။
ဧကရာဇ်နယ်ပယ်၏ ကျင့်ကြံမှုသည် ဝိညာဉ်ကို ပုံသွင်းခြင်း၏ ဖြစ်စဉ်တစ်ခုပေလော။
ဤနည်းဖြင့်သာ နတ်ဘုရားနယ်ပယ်သို့ တက်လှမ်းရန် ပြင်ဆင်နိုင်မည်လော။
ယဲ့ရှောင်သည် သူ အဓိက သော့ချက်ကို ဖမ်းဆုပ်မိသည့်ပမာ ခပ်ရေးရေး ခံစားလိုက်မိ၏။ သူ၏ ခန္ဓာကိုယ်ထဲရှိ ကျင့်ကြံမှုကလည်း စတင် ရော်ရဲလာတော့သည်။
ယင်းက ယဲ့ရှောင်ကို ကြောက်လန့်သွားစေ၏။ သူက ဧကရာဇ်နယ်ပယ်ကို တက်လှမ်းဖို့ ဆန်းကြယ်မှုကို နားလည်သဘောပေါက်ပြီးတာများ ဖြစ်နေပြီလား။ သူက စပြီး အဆင့်တက်နေပြီလား။

***

Comment

Leave a Reply

Options

not work with dark mode
Reset