အပိုင်း ၂၈၁
ရှင်းကျန်းကျား၏ အမြတ်ဒေါသ
ရှင်းကျန်းကျားသည် ထိုဓါးကို မြင်တာ သိသာ၏။
ထိုအထွတ်အထိပ်ဓါး၏ စွမ်းအားသည် မိုးနှင့်မြေနား ကပ်နေပြီ ဖြစ်သည်။
အံ့ဖွယ်ဂိုဏ်းတစ်ယောက်တောင် ၎င်းကို ချက်ချင်း အာရုံခံမိလျှင် သူက မည်ကဲ့သို့ အာရုံမခံမိပဲ နေမည်နည်း။
သို့သော် အာရုံခံမိသည်က တစ်ပိုင်း ခုခံသည်က နောက်တစ်ပိုင်း ဖြစ်သည်။
ယဲ့ရှောင်၏ ဓါးသည် အကြွင်းမဲ့ မင်သက်စရာ ကောင်းလှပေ၏။ ချက်ချင်းပင် မိုင်တစ်ထောင် အကွာအဝေးကို ဖြန့်ကျက်သွားသည်။
သူသည် ချက်ချင်းပဲ မိုင်တစ်ထောင်အကျယ်အဝန်းထဲကနေ ခုန်ထွက်ရန် ခွန်အားမရှိလျှင် ထိုဓါးကို ရှောင်နိုင်မှာ မဟုတ်ပေ။
မြင့်မားသည့် ခွန်အားရိြှခင်းသည် ထိုဓါးကို ရှောင်နိုင်မည်ဟု မဆိုလိုပေ။ သူသည် အချို့သော တိုက်ကွက်များနှင့် ပိတ်မိနေသေးသည်။
သိုင်းပညာရှင်တစ်ဉီး၏ တိုက်ခိုက်မှုသည် ဝိညာဉ်စွမ်းအားဖြင့် ထိုသိုင်းကွက်ကို ဖော်ဆောင်ထားသောကြောင့် ၎င်း၏ အရှိန်သည် သူ့အရှိန်ထက် သာသည်။
သေနတ်ကိုင်ထားသည့် လူတစ်ယောက်ကဲ့သို့ပင်။ လူတစ်ယောက်သည် ရန်သူကို လိုက်မမှီနိုင်တာ သေချာသော်ငြား ကျည်ဆံကတော့ လိုက်မှီနိုင်၏။
တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ရန်အတွက် ကျင့်ကြံခြင်းအရာတွင် တစ်ဖက်လူထက် သာလွန်ရမည်။ ကိုယ်ဖော့သိုင်းအရာတွင် တစ်ဖက်သူထက် သာရမည်။ အရှိန်က ရန်သူ၏ လှုပ်ရှားမှုထက် သာနေပြီးသား ဖြစ်သည်။ ဓါးရောင်ခြည်က လျင်မြန်စွာ ဖြတ်ကျော်သွား၏။ ၎င်း၏ အရှိန်သည် မြန်ဆန်လွန်းသောကြောင့် ခေါင်းမွေးများ ထောင်ထသွားစေ၏။
ရှင်းကျန်းကျားသည် နာကျင်မှုကိုတောင် မခံစားရပေ။ ၎င်း၏ ခေါင်းက လည်ထွက်သွား၏။
ဓါးအလင်းသည် သူ၏ အရှိန်အဟုန်ကို မဆုံးရှုံးသွားပေ။ တောက်ပသည့် အလင်းတန်းက တိုးဝင်သွားလေ၏။ ချက်ချင်းပင် ကောင်းကင်ထဲရှိ အနက်ရောင်တိမ်တိုက်ကို လွှမ်းမိုးနိုင်သော သွင်ပြင်ဖြင့် အညှာအတာမဲ့စွာ စုတ်ဖြဲလိုက်တော့၏။
ကောင်းကင်ထဲ၌ သွေးတောင်ပံသည် ရှင်းကျန်းကျား သူ၏ လက်အောက်ငယ်သားများကို ကယ်တင်ပြီးနောက် ချန်ပိုင်နဂါးသွေးကြောကို ယူနိုင်အောင် ထိုကျားကို ဖြောင်းဖြရမည့်ပုံကို စဉ်းစားနေသေးတာ ဖြစ်သည်။
ရုတ်တရက် သူ့အောက်၌ မြေကမ္ဘာတန်လှုပ်ဖွယ် အရှိန်အဝါတစ်ခုကို ခံစားမိလိုက်သည်။
သူ မတုံ့ပြန်နိုင်သေးခင် ရှင်းကျန်းကျား၏ ခေါင်းသည် ဓါးကြောင့် ခုတ်ပိုင်းခံလိုက်ရတာကို တွေ့လိုက်ရ၏။
သူက ချောင်းအနည်းငယ် ဟန့်မိသွားပြီး သူ့စိတ်များ ရပ်တန့်ကုန်သည်။
ဘာတြွေဖစ်နေတာလဲ။ ဘာဖြစ်သွားတာလဲ။
ရှင်းကျန်းကျားက ဓါးတစ်လက်နှင့် ချက်ချင်း အသတ်ခံလိုက်ရတယ်လား။ ဓါးတစ်လက်နဲ့ ချက်ချင်း အသတ်ခံရတယ်တဲ့လား။
ဒါက ကြုံရာကျပန်း ခွေးကြောင်တွေ မဟုတ်ဘူးလေ။ ကြယ်အဆင့်သတ်မှတ်ချက်မှာ အဆင့် ၉၇ ရထားတဲ့ ပါရမီရှင်လေ။
သူက ဒီအတိုင်း သေသွားတယ်လား။
သူ ရုန်းတောင် မရုန်းကန်နိုင်ခဲ့ဘူးလေ။ တိုက်ခိုက်တဲ့သူက ဘယ်သူလဲ။ သူတို့က လူသားဟုတ်သေးရဲ့လား။
ဒါ မဟုတ်သေးဘူး။ အခုက အဲ့ဒီဓါးသိုင်းကွက် သူ့ရဲ့ အရှိန်အဟုန် မဆုံးရှုံးသေးပဲ သူ့ဘက်ကို ရောက်လာတာကြောင့် အဲ့ဒီပြဿနာကို တွေးမနေသင့်တော့ဘူး။
မြန်လိုက်တာ။
သူ၏ ကိုယ်ဖော့သိုင်းကို ပြသရန် ခွန်အားအကုန် အသုံးပြုခဲ့သည်။ ကံကောင်းသည်မှာ သူ၏ ကျင့်ကြံဆင့်သည် အဓိကအားဖြင့် လှုပ်ရှားမှုကို အထူးပြုသောကြောင့် ဝ.၀၁ စက္ကန့် အနည်းငယ်သာပြီး သူသည် ထိုတိုက်ကွက်ကို ပွတ်ကာသီကာလေး ရှောင်နိုင်ခဲ့၏။ ထိုသို့တိုင် ယဲ့ရှောင်၏ ဓါးကနေ အပြည့်အဝ မလွတ်ခဲ့ပေ။
ဓါး၏ စွမ်းအားက ကြီးမားလွန်းသောကြောင့် ဖြစ်သည်။
ဓါးရောင်ခြည်ကနေ အညှာအတာမဲ့ ပေါ်ထွက်လာသော ကြိမ်နှုန်းများက အနားပတ်ဝန်းကျင်ကို မွှေနှောက်သွားသည်။ ထိုအကျယ်အဝန်း အတိုင်းအတာအတွင်း ရှိနေသည့် မည်သူမဆို မရှောင်နိုင်ပေ။
သူ၏ အစွမ်းထက်သည့် အံ့ဖွယ်သားရဲ
အဆင့် ရုပ်ခန္ဓာလည်း မရှောင်နိုင်ခဲ့ပေ။ အဆုံးတွင်မူ သူ၏ တောင်ပံသည် ယဲ့ရှောင်၏ ဓါးကြောင့် မွမွကြေသွား၏။
” ဖ ”
သွေးတောင်ပံက ကျိန်ဆဲမိသွားသည်။ နောက်တစ်စက္ကန့်၌ သူသည် တောင်ပံကို ချက်ချင်း ဖြန့်ကာ အရှိန်မြင့်မြင့်ဖြင့် ပျံသန်း၏။ သူက စက္ကန့်ဝက်တောင် မနှေးနေရဲချေ။
ထိုလူ မည်သည့်နေရာက ထွက်လာမှန်း နတ်ဘုရားများသာ သိပေလိမ့်မည်။ သူ၏ ခွန်အားက အမှန်တကယ် ကြီးမားလွန်း၏။
သွေးတောင်ပံသည် တစ်ဖက်သူ၏ ဓါးသိုင်းရှေ့၌ သူသည် နွံနစ်နေသည့်ပမာ ခံစားလိုက်ရသည်။ ဘာမှ မထုတ်သုံးနိုင်ပေ။ ပိုအရေးကြီးသည်က လွတ်မြောက်ဖို့ အချိန်ကို အမိဖမ်းရန်သာ ဖြစ်သည်။ အနည်းဆုံးတော့ သူ့အသက်ကို ကယ်တင်ရမည်။
သို့သော် သူ၏ အတွေးများက အကောင်းမြင်လွန်းအားကြီးခဲ့၏။ ယဲ့ရှောင်က သူ့ကို အလွယ်တကူ ထွက်ပြေးခွင့် ပေးမှာ မဟုတ်ပေ။
ကြယ်ကောက်ခြင်း လက်ဟန်ကို ထုတ်ဖော်လိုက်၏။ ကောင်းကင်ထဲ၌ ကမ္ဘာကြီးသည် သူပိုင်ဆိုင်သည့်ပမာ ဖြစ်သွားသည်။
ယဲ့ရှောင်၏ စွမ်းအားဖြင့် ချုပ်နှောင်ခြင်း ခံလိုက်ရတော့သည်။
” မဟုတ်ဘူး ”
သူ၏ မျက်နှာ၌ ကြောက်လန့်မှုများ ပြည့်နေကာ ရူးသွပ်စွာ စတင်ရုန်းကန်တော့၏။ လက်နှစ်ဖက်လုံးက ရှေ့ကို စိတ်ပျက်အားငယ်စွာ ဆုပ်ကိုင်လျက် သူ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်က အပြည့်အဝ ပေါက်ကွဲလာသည်။
သို့သော်ငြား ယဲ့ရှောင်က သန်မာလွန်း၏။ သူသည် ယဲ့ရှောင်၏ ကြယ်ကောက်ခြင်း လက်ဟန်ကနေ လွတ်မြောက်ရန် နည်းလမ်း မရှိချေ။ သူသည် ရေနစ်နေသော ငှက်တစ်ကောင်ပမာပင်။ မည်မျှ ရုန်းကန်စေကာမူ နောက်ဆုံးရလဒ်က တူညီနေ၏။
ယဲ့ရှောင်က သူ၏ လက်ကို ဖြစ်ညစ်လိုက်သည်နှင့် အံ့ဖွယ်သားရဲ သွေးတောင်ပံသည် သွေးမြူအဖြစ် ပေါက်ကွဲသွားတော့၏။ သူ၏ သိုလှောင်လက်စွပ်ကလည်း ယဲ့ရှောင်၏ လက်ထဲ ကျသွားတော့သည်။
ယဲ့ရှောင်သည် သွေးတောင်ပံ၏ အလောင်းကို မချန်ထားခဲ့ပေ။ တစ်ချက်ကြည့်ရုံဖြင့် တစ်ဖက်သူသည် သန့်စင်သော ကြယ်တာရာသားရဲမဟုတ်ကြောင်း ပြောနိုင်၏။ သူက သားရဲလူသားပဲ ဖြစ်သည်။
ယဲ့ရှောင်သည် သားရဲလူသားတစ်ယောက်ကို ဘယ်တော့မှ မစားပေ။ သူတို့၏ သွေးမျိုးဆက်တစ်ဝက်က လူသားမျိုးနွယ် ဖြစ်နေသောကြောင့် ဖြစ်သည်။ သူတို့ကျင့်ကြံဆင့် မည်မျှ သန်မာစေကာမူ သူတို့ သွေးမျိုးဆက်သည် ကြယ်တာရာသားရဲအဖြစ်သာ ပြောင်းလဲချင်နေ၏။ သို့သော် ယဲ့ရှောင်က ၎င်းကို မလိုလားသေးပေ။ ထို့အပြင် သူသည် တစ်ဖက်သူ၏ လက်စွပ်ထဲရှိ နဂါးစွမ်းအင်ကိုသာ လိုအပ်သည်။
သို့သော် သူက ကျားနတ်ဘုရားကို လက်ခံမည်။
ကျားအရိုးဖြင့် စိမ်ထားသော ဝိုင်သည် ခန္ဓာကိုယ်အတွက် ကောင်း၏။ ကျားအရေပြားသည် လူတစ်ယောက်၏ အဝတ်အစား၏ ခုခံမှု၊ သတ္တိ၊ စွမ်းရည်ကို မြှင့်တင်ပေးနိုင်သည်။ သူသည် ယခင်က တစ်ခါမှ ကျားသား မစားဖူးပေ။ သို့သော် ဖုန်းလုံ၏ အသားနှင့် ယှဉ်လျှင် နဂါးအမျိုးအစား တိုက်ပွဲ၌ အသုံးပြုခြင်းက မတူညီ
သည့် အရသာ ရှိလောက်သည်။
ပိုအရေးကြီးဆုံးက သူ့၌ ရတနာရှိသည်။ ထိုရတနာက ရှင်းကျန်းကျားပေါ်၌ အရေးကြီးဆုံး ရတနာပဲ ဖြစ်သည်။ ၎င်းကို ယူနိုင်မည်ဆိုလျှင် သေချာပေါက် အဆင်ပြေလိမ့်မည်။
ကံဆိုးသည်မှာ ယဲ့ရှောင်သည် ဧကရာဇ်နယ်ပယ်သို့ မရောက်သေးပေ။ သူက တစ်ဖက်သူ၏ မှတ်ဉာဏ်ကို ရှာဖွေချင်သည်ဆိုပါက တစ်ဖက်သူထက် နယ်ပယ်တစ်ခုလုံး ပိုမြင့်ရပေမည်။ မဟုတ်လျှင် သူက ရှင်းကျန်းကျား၏ မှတ်ဉာဏ်ကို ရှာဖွေမည်ဆိုပါက သူ့နောက်ရှိလူ မည်မျှ အစွမ်းထက်ကြောင်း ရှာတွေ့သွားလိမ့်မည်။
သူသည် ကြယ်တာရာသားရဲ၌ ခွန်အား မည်မျှနှင့် ဝှက်ဖဲ မည်မျှရှိကြောင်း ရှာနိုင်လိမ့်မည်။
သို့သော် ယင်းက အလွန်အကျိုးအမြတ် ရှိစေ၏။ ဆိုရလျှင် တစ်ဖက်သူသည် သူ့ရှေ့သို့ အခမဲ့ အရောက်ပို့ပေးသောကြောင့် သူသည်လည်း ဂျီးများနေမှာ မဟုတ်ပေ။
ရှင်းကျန်းကျားကို ရရှိပြီးနောက် ယဲ့ရှောင်သည် တစ်ဖက်သူ၏ ကြယ်အမြုတေကို ချက်ချင်း စစ်ဆေးကြည့်လိုက်ပြီး တော်ဝင်ကျင့်စဉ်နှစ်မျိုးကို ယူလိုက်၏။
တစ်ခုက လက်ဝါးသိုင်း၊ ရှင်းကျန်းလက်ဝါးပဲ ဖြစ်သည်။
ဤနည်းဖြင့် ဧကရာဇ်ကျင့်စဉ်၊ တထဂတာနတ်လက်ဝါးအပြင် ယဲ့ရှောင်၌ နောက်ထပ် တော်ဝင်ကျင့်စဉ်တစ်မျိုးရှိနေပြီ ဖြစ်၏။ သူက နောက်တစ်မျိုး ရှာတွေ့လျှင် ပေါင်းစည်းနိုင်မှာပဲ ဖြစ်သည်။
နောက်တစ်မျိုးက ယဲ့ရှောင် ယခင်က တစ်ခါမှ မကျင့်ကြံဖူးသည့် ကျင့်စဉ်ဖြစ်၏။ ကျားဟိန်းတောင်တန်းတောအုပ်ပဲ ဖြစ်သည်။ ယင်းက အသံနည်းစနစ်တစ်မျိုး ဖြစ်၏။
ယင်းက အသံကို တိုက်ခိုက်ရန် အသုံးပြု
သည့် နည်းလမ်းပဲ ဖြစ်သည်။ အလွန်ထူးခြားပြီး အရာအားလုံးကို ထိုးဖောက်နိုင်စွမ်း ရှိ၏။ ဝိညာဉ်ရေးရာကျင့်စဉ်နှင့် အတော်လေး ဆင်တူသော်ငြား ၎င်း၏ အဓိက အထူးပြုခြင်းက ရုပ်ခန္ဓာကို ထိခိုက်စေတာပဲ ဖြစ်သည်။
ဝိညာဉ်စွမ်းအင်ကျင့်စဉ်အတွက်မူ ၎င်း၏ အဓိက အထူးပြုခြင်းက ရုပ်ခန္ဓာကို ထိခိုက်စေတာပဲ ဖြစ်သည်။
ဝိညာဉ်စွမ်းအင်ကျင့်စဉ်အတွက်မူ ၎င်း၏ အဓိက အထူးပြုခြင်းသည် စိတ်ဝိညာဉ်ကို ထိခိုက်စေသည်။ ကျင့်စဉ်ကို ရရှိပြီးနောက် ကျားနတ်ဘုရား၏ ကျန်ရှိသည့် တန်ဖိုးသည် မွေးမြူရေးတိရစ္ဆာန်အနေဖြင့်သာ အသုံးပြုနိုင်တော့မည်။
ယဲ့ရှောင်သည် ၎င်းကို မွေးမြူရေးကွင်းသို့ ချက်ချင်း ခေါ်လာ၏။ ယဲ့ရှောင် ဝင်လာတာကို မြင်သောအခါ ကြယ်တာရာသားရဲများ အားလုံး ထိတ်လန့်ကုန်၏။
ယဲ့ရှောင်၏ လက်ထဲရှိ ရှင်းကျန်းကျား၏ အလောင်းကို မြင်သောအခါ သူတို့က ချက်ချင်းပင် ဝမ်းနည်းကုန်သည်။
” ကျားနတ်ဘုရား ”
” မဟုတ်ဘူး။ ကျားနတ်ဘုရား ဝူး ဝူး ဝူး ”
ယဲ့ရှောင်က သူတို့ကို နှစ်သိမ့်လိုက်၏။
” ဝမ်းမနည်းကြနဲ့။ ငါ သူ့ကို အသက်သွင်းပေးနိုင်သေးတယ် ”
ထိုသို့ပြောပြီးနောက် ကြယ်တာရာသားရဲများက ပိုတောင် ဝမ်းနည်းသွားကြသည်။
ယဲ့ရှောင်က သူတို့ကို ဂရုမစိုက်ပေ။ သူသည် ထာဝရအသက် လျှို့ဝှက်ချက်ကျင့်စဉ်ကို အသုံးပြုပြီး ရှင်းကျန်းကျားကို မျက်တောင်တစ်ခတ်အတွင်း အသက်သွင်းပေးလိုက်၏။
ရှင်းကျန်းကျားသည် အစက သူ၏ အသိစိတ်သည် အမှောင်ထုထဲ နစ်မြုပ်နေတာကို ခံစားမိပြီးသား ဖြစ်သည်။ အဆုံးတွင်မူ အမှောင်ထုထဲ၌ အလင်းတန်းတစ်ခု ရှိနေပြီး သူ့ဆီ လျင်မြန်စွာ ချဉ်းကပ်လာလိမ့်မည်ဟု မထင်ထားပေ။
” အဲ့ဒါက ဘာကြီးလဲ ”
သူက မနေနိုင်ပဲ ၎င်းကို ထိလိုက်မိ၏။ နောက်တစ်စက္ကန့်တွင် သူ အသက်ပြန်ရှင်လာသည်။
သူ့နားရှိ ကြယ်တာရာသားရဲများကို ကြည့်ပြီး ဇဝေဇဝါ အမူအယာ ရှိနေလေ၏။
” ဒါ ဘယ်နေရာလဲ ”
” ငါ ဘယ်မှာလဲ ”
” ငါ့ကို ဘယ်သူက ဒီပို့လိုက်တာလဲ ”
” ဒီနေရာမှာ မင်းတို့တွေ ဘာကြောင့် ပုန်းနေတာလဲ ”
ကြယ်တာရာသားရဲများက ရောက်လာပြီး ငိုယိုတော့သည်။
” ကျားနတ်ဘုရား။ ဘာကြောင့်များ ဒီနေရာကို လာရတာလဲ။ ကျုပ်တို့တွေက ကျုပ်တို့ အရှိန်အဝါကို ထုတ်ဖော်ပြီး မလာဖို့ ပြောခဲ့တာ မဟုတ်ဘူးလား ”
ရှင်းကျန်းကျားက ဇဝေဇဝါ အကြည့်ဖြင့် ပြောလိုက်သည်။
” မင်းတို့ အရှိန်အဝါကို ထုတ်ဖော်တဲ့ အချိန်တုန်းက မင်းတို့တွေ အကူအညီတောင်းတာ မဟုတ်ဘူးလား။ မင်းတို့ ချုပ်နှောင်ခံထားရပြီး ငါ့ကို အကူအညီတောင်းချင်တာလို့ တွေးနေတာ။ ဒါကြောင့် ငါ ရောက်လာတာပဲ ”
ကြယ်တာရာသားရဲများသည် တစ်ယောက်ကိုတစ်ယောက် ချက်ချင်း ကြည့်လိုက်၏။
ထို့အပြင် နော့ဖစ်နှင့် ကျန်သည့် ကြယ်တာရာသားရဲများသည် ကျားနတ်ဘုရား၏ အမိန့်အောက်တွင် မရှိလေရာ ၎င်းကို ထိန်းထားရခြင်းကနေ အတွင်းဒဏ်ရာ ရနေပြီ ဖြစ်သည်။
” ဖူး ဟား ဟား ဟား ဟား ”
” များသွားပြီ ”
” မင်းတို့အားလုံးကို ဘာမှမလုပ်ဖို့ အကြံပေးသားပဲ။ အခု ကိစ္စတွေက ဒီအတိုင်း ပြောင်းသွားတာ။ မင်းတို့တွေ သူ လှည့်စားတာ ခံလိုက်ရတာပဲ ”
ရှင်းကျန်းကျားသည် ယဲ့ရှောင်ကို သတိပြုမိပြီဖြစ်ကာ သူ၏ သူငယ်အိမ်များ မှေးကျဉ်းသွားလေ၏။
အဲ့ဒါ သူပဲ။
သူသည် ယဲ့ရှောင်၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါကို ရှင်းရှင်းလင်းလင်း အာရုံခံမိသည်။
နောက်ဆုံးအခေါက်၌ အာကာသအချိန် ဥမင်ထဲတွင် သူ၏ နှာခေါင်းဝအောက်ကနေ လွတ်မြောက်သွားသည့်သူ ဖြစ်သည်။
ထိုစဉ်က ဓါးသည် မြန်ဆန်လွန်းသည်။ ထိုအထက်က အရှိန်အဝါကို အာရုံမခံမိခင် သို့သော် သူက ဝက်ဉီးနှောက် မဟုတ်။ ဓါးက ယဲ့ရှောင်ဟာ မဟုတ်ပေလျှင် ယဲ့ရှောင်၏ ဆရာ သို့မဟုတ် ယဲ့ရှောင်ထက် အကြီးပဲ ဖြစ်ရမည်။ ထို့ကြောင့် ယဲ့ရှောင်၏ အထောက်အထားက သေချာပေါက် မရိုးရှင်းပေ။
” မင်းက ဘယ်သူလဲ။ ဒီမှာ ဘာကြောင့်ရှိနေတာလဲ ”
ဖုန်းလုံက ဝမ်းနည်းပန်းနည်း မျက်နှာထား
ဖြင့် ပြောလိုက်၏။
” အရှင်ကျားနတ်ဘုရား။ သူ့နာမည်က
ယဲ့ရှောင်ပါ။ သူက ဒီကြယ်တာရာသားရဲမွေးမြူရေးခြံရဲ့ ပိုင်ရှင်။ အရှင့်ကို သတ်ပြီး ပြန်အသက်သွင်းပေးထားတာလည်း သူပါပဲ ”
ကျားနတ်ဘုရားက ရင်ထဲ ထိတ်ခနဲ ဖြစ်သွား၏။ နှလုံးခုန်နှုန်းက မြန်လာတော့သည်။
တကယ်သူပဲ။ ဒီလူက ကြောက်ဖို့ကောင်းတယ်။
သူ မှတ်မိတာ မှန်မည်ဆိုလျှင် ယဲ့ရှောင်သည် နောက်ဆုံးအခေါက်က သူ၏ ပြိုင်ဘက်တောင် မဟုတ်ခဲ့ပေ။ ယဲ့ရှောင်သည် မျက်စိတစ်မှိတ်အတွင်း ထိုအဆင့်ထိ ရောက်လာလိမ့်မည်ဟု သူ မထင်ထားပေ။ ယဲ့ရှောင်က သူ့ကို ချက်ချင်း သတ်ဖြတ်နိုင်၏။ ထိုလူ၏ ကြီးပြင်းသည့် အရှိန်က မြန်ဆန်လွန်းသည်။
လူသားမျိုးနွယ်၏ ကြီးပြင်းသော အရှိန်သည် အလွန်မြန်ဆန်သော်ငြား သူ၏ အရှိန်သည် လူမဟုတ် ကောင်းကင်ကို ဖီဆန်နိုင်နေပြီ ဖြစ်၏။
” နေပါဉီး။ ကြည့်ရတာ တစ်ခုခု မမှန်သလိုပဲ။ မင်း ဘာပြောလိုက်တာ။ မွေးမြူရေးခြံလား။ ဘာမွေးမြူရေးခြံလဲ။ ဘာကို ဆိုလိုတာလဲ ”
” ကြယ်တာရာသားရဲ မွေးမြူရေးခြံ ”
” ဆိုလိုတာက သူက ကျွန်တော်တို့ကို မွေးမြူရေးတိရစ္ဆာန်အနေနဲ့ ပျိုးထောင်ပြီး နေ့စဉ်နေ့တိုင်း ကျွန်တော်တို့ အသားတွေကို ဖြတ်တယ်။ ပြီးတော့ သူ့ကို ကျင့်ကြံဖို့ ကူညီပေးရတယ်။ ပြီးတော့ ကျုပ်တို့ရဲ့ သွေးအဆီအနစ်နဲ့ ဝိညာဉ်စွမ်းအင် တိုးတက်အောင် သူက လုပ်ပေးတယ် ”
ရှင်းကျန်းကျားသည် အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ချက်ချင်း ဒေါသထွက်သွားတော့၏။
” မင်းတို့ သောက်မျိုးမစစ်တွေက သူ့ရဲ့ မွေးမြူရေးတိရစ္ဆာန် ဖြစ်ချင်ကြတယ်ပေါ့။ မင်းတို့ အထောက်အထားတွေ မေ့ကုန်ပြီလား။ မင်းတို့ကို မင်းတို့ ဘယ်သူထင်နေလဲ။ မင်းတို့က မြင့်မြတ်တဲ့ ကြယ်တာရာသားရဲတွေ။ အံ့ဖွယ်ဂိုဏ်းအထက် သိုင်းပညာရှင်တွေကွ။ ကြယ်တာရာသားရဲတွေရဲ့ ဂုဏ်သိက္ခာကို ဘယ်လိုများ သစ္စာဖောက်နိုင်ရတာလဲ။ လူသားမျိုးနွယ်ရဲ့ ကျွန်ဖြစ်လာတယ်
ပေါ့ ”
ကြယ်တာရာသားရဲများက အင်မတန် ရှက်သွားတော့သည်။
” ကျွန်တော်တို့ တောင်းပန်ပါတယ်။ ကျားနတ်ဘုရား ကျွန်တော်တို့အမှားပါ။ ဒါပေမဲ့ ကိုယ့်အခက်အခဲနဲ့ ကိုယ်ပါ ”
” အဟုတ်ပဲ။ ကျွန်တော်တို့တွေ သူ့ကို အနိုင်မယူနိုင်ဘူး။ အဲ့ဒီအကြောင်း မပြောကြရအောင်။ သူက ကုသခြင်းကျင့်စဉ်လည်း သိတယ်။ ကျွန်တော်တို့ သေချင်ရင်တောင် သေလို့မရဘူး။ သူ ထပ်တလဲလဲ ညှင်းပမ်းတာ ခံရတာ။ ခုခံရင်လည်း အသုံးမဝင်ဘူး။ သူက ကျွန်တော်တို့ကိုတောင် တန်းသတ်နိုင်တာ။ ပြီးတော့ ကျွန်တော်တို့ အသွေးအသားတွေကို ထုတ်ဖို့ ဖိအားပေးတယ်။ ပြီးရင် အသက်ပြန်သွင်းပေးတယ် ”
ရှင်းကျန်းကျားသည် ဒေါသထွက်လွန်းသောကြောင့် တုန်ယင်နေပြီ ဖြစ်သည်။
” ဒီလိုဆိုရင်တောင်မှ မင်းတို့တွေက လူသားတွေရဲ့ မွေးမြူရေးတိရစ္ဆာန် အလွယ်တကူ ဖြစ်လို့မရဘူးမလား။ အရှက်မဲ့လိုက်တာတွေ။ ဒီသတင်းသာ ထွက်သွားရင် ကြယ်တာရာသားရဲ လောကမှာ ဘယ်လို ရှင်သန်မလဲ။ ကြယ်တာရာသားရဲမျိုးနွယ်တစ်ခုလုံးကို အရှက်ရစေတာပဲ ”
ထိုလူများသည် သူတို့ သိက္ခာကို ဂရုမစိုက်ပေ။
ဖုန်းလုံနှင့် ကျန်သည့် ကြယ်တာရာသားရဲများက ပိုတောင် ရှက်ရွံ့သွားလေ၏။
” ကျားနတ်ဘုရား။ ကျွန်တော်တို့ မှားပါ
တယ် “