Switch Mode

Chapter – 279

တိမ်စိုင်တိမ်မည်းတွေ မြို့ပေါ်ကျလာပြီ။ မြို့ကို ဖျက်ဆီးချင်နေတယ်။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၇၉ တိမ်စိုင်တိမ်မည်းတွေ မြို့ပေါ်ကျလာပြီ။ မြို့ကို ဖျက်ဆီးချင်နေတယ်။

နောက်တစ်နေ့တွင် ယဲ့ရှောင်သည် ပုံမှန်အတိုင်း အလုပ်သွား၏။ မြို့ကို လီလျိုဆွေ့က ပြန်ပြင်ပြီးပြီ ဖြစ်သည်။ ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ နည်းလမ်းနှင့် အရှိန်ကို သံသယဖြစ်ရန် မလိုပေ။ ယင်းက ထိုအတိုင်း မြန်ဆန်နေတာပဲ ဖြစ်၏။
သူသည် နံနက်ခင်း၌ စာဖတ်နေစဥ် လျိုချန်စွင်းက လျှောက်လာပြီး အံ့သြစရာ ကိစ္စအချို့ကို ပြောလိုက်၏။
” ယဲ့ရှောင် … မင်း ဘယ်အချိန် ပြန်ရောက်တာလဲ ”
” မနေ့ညတုန်းကလေ။ ဘာဖြစ်လို့လဲ ”
” ကံကောင်းလို့ မင်း မနေ့က ပြန်ရောက်တာ နောက်ကျလို့။ ဓါးနတ်ဘုရား လီလျိုဆွေ့ စိတ်ရူးဖောက်သွားတယ်ဆိုတာ မင်းသိလား။ မနေ့တုန်းက တိုက်ပွဲက တကယ် ဝိညာဥ် တုန်လှုပ်စရာပဲ။ မင်းသာ စောစော ပြန်ရောက်လာခဲ့ရင် ငါတို့လိုပဲ ရွှေ့ပြောင်းခံရလောက်တယ် ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” ကျွန်တော်လည်း အတော်ကံကောင်းတယ်လို့ တွေးမိတယ် ”
” ဒါနဲ့ မင်းက အမြဲ အတော် ကံကောင်းတယ်လို့ ငါ ခံစားမိတယ်။ ဓါးမော့နတ်ဘုရား ပေါ်လာချိန်မှာ အန္တရာယ်တစ်ခုခု အနားမှာဖြစ်တိုင်း မင်း အလွယ်လေး ရှောင်သွားနိုင်တယ် ”
” နောက်ဆုံးအခေါက်က သားရဲနတ်ဘုရား မဟာမိတ်က ကျန်းဟိုင်မြို့ကို တိုက်ခိုက်တုန်းကလည်း တူတူပဲ။ ကျုံးစီရင်စုမှာ တစ်ခုခု ဖြစ်တုန်းကလည်း မင်း လုံခြုံဘေးကင်းတယ်။ ကောင်လေး မင်းရဲ့ ကံက တကယ်ကောင်းလွန်းတယ် ”
” မင်း ဓါးမော့ဓါးဝိဇ္ဇာကို မတွေ့ရတာတော့ နှမြောစရာပဲ ”
ယဲ့ရှောင်က ပခုံးတွန့်လိုက်၏။
” ကျွန်တော့်လို ကောင်လေးအတွက်က တစ်ခုခု ဖြစ်ပျက်လာရင်လည်း ပြေးရမှာပဲလေ။ အသက်ရှည်ရှည် နေနိုင်ဖို့အတွက် ပျော်ပွဲရွှင်ပွဲထဲ ဝင်မပါမှပဲ အသက်ရှည်ရှည် နေနိုင်မှာ။ ဓါးမော့ဓါးဝိဇ္ဇာကို မြင်တွေ့ခွင့်ရတာက ကောင်းချီးတစ်ခု မဟုတ်ဘူးလေ ”
လျိုချန်စွင်းသည် ထောက်ခံကြောင်း ခေါင်းညိတ်လိုက်၏။
” မင်းပြောတာ မှန်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်း အဆင်ပြေနေတာ ကောင်းတယ် ”
ထိုသို့ပြောပြီးနောက် သူသည် ကျင့်ကြံရန်အတွက် ဘေးအခန်းသို့ လျှောက်သွားလိုက်သည်။
သူ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်စွမ်းအင် အတက်အကျသည် အတော်လေး တိုးလာကြောင်း သတိပြုမိလိုက်၏။ ထိုအကြောင်းကို တွေးမိလိုက်ရာ သူသည်လည်း သူ၏ ကိုယ်ပိုင် မွန်မြတ်သော အလင်းရောင်ကို မြင်ပြီး​ အချို့သော ကိစ္စရပ်များကို ဆင်ခြင်သုံးသပ်ကာ အဆင့်တက်ချင်သည်။
သူ၏ အဆင့်ချိုးဖျက်တက်မှုကြောင့် လူများစွာ အကျိုးရှိသွားပုံပေါ်၏။
ယင်းက စီရင်စု၉ခုတစ်ခုလုံးအတွက် ကောင်းသည့် ကိစ္စပဲ ဖြစ်သည်။
အမှန်တကယ်တွင် သူသည် ဘုရင်နယ်ပယ်သို့ ရောက်ခြင်းက သူ၏ ခန္ဓာကိုယ်ထဲ နတ်ဘုရားသွေးကို နိုးထစေခဲ့သင့်သည်။ ထိုစဥ်က ချန်ပိုင်နဂါးသွေးကြော၏ အကူအညီဖြင့် သူ ဘုရင်နယ်ပယ်တွင် ရှိစဥ်က သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဘုရားသွေးကို နိုးထစေခဲ့တာပဲ ဖြစ်၏။
သို့သော် ယင်းကလည်း ကိစ္စကောင်းတစ်ရပ် ဖြစ်သည်။ စီရင်စု၉ခုထဲရှိ သိုင်းပညာရှင်များအားလုံး ပိုသန်မာလာသည်။ သူတို့အဖို့ နောက်လာမည့် သားရဲကပ်ဘေးကို ရင်ဆိုင်ရာ၌ ပိုလွယ်ကူသွားလိမ့်မည်။
စာအုပ်အချို့ ဖတ်ပြီးနောက် ယဲ့ရှောင်သည် ဒါရိုက်တာ၏ ရုံးခန်းသို့ လျှောက်သွားလိုက်သည်။
ကျန်းချန်က သူ့၏ ငါးကန်ကို သန့်ရှင်းရေးလုပ်နေတာ ဖြစ်၏။ သူသည် ကြီးမြတ်သော လိပ်နတ်ဖြစ်သောကြောင့် ငါးလိပ်များကို ပျိုးထောင်ရတာ သဘောကျတာ ဖြစ်နိုင်သည်။
သူ၏ ရုံးခန်းထဲရှိ လိပ်များက သူ့မျိုးနွယ်များပဲ ဖြစ်သည်။ အချို့ကဆို အသက်ကြီးလွန်းနေပြီး သူကတောင် သူတို့ကို ဖိုးဖိုးဟု ခေါ်ရမည်။
” ယဲ့ရှောင် ရောက်လာတာပဲ လာ .. လာ .. လာ .. လာထိုင်လေ ”
ကျန်းချန်သည် ယဲ့ရှောင်ကို တွေ့ရတာ အလွန်ပျော်ရွှင်နေ၏။ သူက ငါးကန်သန့်ရှင်းရေးတာကို ဖယ်ပြီး သူ့လက်ကို ဆေးကာ ယဲ့ရှောင်ဆီ လျှောက်လာ၏။
” ဒီကို ဝိညာဥ်ကျောက်တုံးတွေ ပို့ပြီးပြီ။ မနေ့တုန်းက မြို့အတွက် ဧကရာဇ်အစီအရင်တစ်ခု တည်ဆောက်ပေးမယ်လို့ မင်းပြောခဲ့တယ်။ ဒီနေ့ စမလား ”
ယဲ့ရှောင်က တည်ငြိမ်စွာ ပြောလိုက်၏။
” ကျွန်တော် မနေ့ညတုန်းက တည်ဆောက်ပြီးပါပြီ။ စုစုပေါင်း အစီအရင်က ၁၁၈ခုရှိပြီး ကျန်းဟိုင်တစ်မြို့လုံးကို လွှမ်းခြုံထားတယ်။ အစီအရင်ရဲ့ အနက်က ပေ ၃၀၀။ မြို့ရဲ့ အစီအမံနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မထိခိုက်စေဘူး ”
” ”
သူ ကြားလိုက်ရတာကို မယုံနိုင် ဖြစ်နေ၏။
” မင်း တည်ဆောက်ထားသမျှ အစီအရင်တွေ အားလုံးက တော်ဝင်အစီအရင်တွေလား ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်သည်။
” မင်း တစ်ညပဲ အချိန်သုံးလိုက်ရတာလား ”
ယဲ့ရှောင်က ခေါင်းထပ်ညိတ်လိုက်၏။
ယဲ့ရှောင် အတည်ပြုပြီးနောက် ကျန်းချန်က တိတ်ဆိတ်သွားတော့သည်။
အစီအရင် ၁၁၈ခုလုံးက တော်ဝင်အစီအရင်။ ဒါ ဘယ်လို ပရောဂျက်ကြီးမျိုးလဲ။ ကျင်းတူသိုင်းကျောင်းတော်က ထိပ်တန်းအစီအရင်သခင်တွေသာ မအိပ်မနားပဲ အလုပ်လုပ်မယ်ဆိုရင် သူတို့တွေက ၃နှစ်ကနေ ၅နှစ်လောက် လှုပ်ရှားရမှာ။ ယဲ့ရှောင်က တစ်ညတည်းနဲ့ အပြီးသတ်လိုက်တယ်တဲ့လား။ မြန်လိုက်တာပဲ။
အဲ့ဒီအစီအရင် သခင်တွေသာ ကြားသွားရင် သူတို့တွေ ကြိုးဆွဲချလောက်တယ်။
ယဲ့ရှောင်သည် ကျန်းချန်ကို အစီအရင်ဇယား ပြလိုက်၏။ ယင်းက သူသည် ကျန်းချန်၏ ထိတ်လန့်မှုကို အသားကျနေပြီ ဖြစ်သည်။ အမှန်တကယ်တွင် ထိုအကြောင်းအရင်းကြောင့် သူသည် သူ၏ အထောက်အထားကို ကျန်သည့် သူများအား ထုတ်မပြတာပဲ ဖြစ်သည်။ နေရာများစွာ၌ သူ အလွယ်တကူပြုလုပ်နိုင်သည့် ကိစ္စများသည် သူတို့ကို ထိတ်လန့်စေနေ၏။ အမြဲတမ်း ထိုအတိုင်းပင်။ သူတို့နှင့် အဆင်ပြေပြေရှိဖို့က မလွယ်ကူပေ။
အစီအရင်ဇယားကို လွှဲပေးပြီးနောက် ယဲ့ရှောင်သည် အာကာသ စစ်မြေပြင်အကြောင်း စပြောလိုက်၏။
” စီနီယာ လိပ်နတ်။ ကျွန်တော် မေးချင်တဲ့ ကိစ္စတစ်ခု ရှိပါသေးတယ်။ အဲ့ဒါ အာကာသ စစ်မြေပြင်အကြောင်းပါ ”
” အာကာသ စစ်မြေပြင်ထဲမှာ ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်တွေ ရှိလောက်မယ်ဆိုတာ ကျွန်တော် သိတယ်။ သူနဲ့တွေ့ဖို့ အာကာသစစ်မြေပြင်ဆီ သွားခွင့်ပေးနိုင်မလား။ သူတို့ဆီကနေ ဧကရာဇ်နယ်ပယ်နဲ့ သက်ဆိုင်တဲ့ ကိစ္စတချို့ကို ကျွန်တော် နားလည်ချင်တယ်။ ပြီးရင် နောက်ဆုံးအလွှာကို ချိုးဖျက်တက်ဖို့ ကြိုးစားကြည့်ချင်တယ် ”
ကြီးမြတ်သော လိပ်နတ်က ခေါင်းညိတ်လိုက်၏။
” မင်း သွားကြည့်ဖို့ အချိန်ကျပြီလေ။ မင်းရဲ့ လက်ရှိ ခွန်အားနဲ့ဆို ဧကရာဇ်နယ်ပယ်က်ိုရောက်ဖို့ တစ်လှမ်းပဲ ဝေးတော့တာ။ မင်းသာ တစ်ရက်စောပြီး အဲ့ဒီနယ်ပယ်ကို ရောက်နိုင်ခဲ့မယ်ဆိုရင် စီရင်စု၉ခုတစ်ခုလုံးအတွက် ကိစ္စကောင်းပဲလေ ”
စကားပြော ခဏရပ်ပြီးနောက် သူက ထပ်ပြောလိုက်၏။
” ဒါပေမဲ့ အာကာသစစ်မြေပြင်နဲ့ ကမ္ဘာမြေပြင်မှာ မတူညီတဲ့ စနစ်နှစ်ခုရှိတယ်။ တစ်ယောက်နဲ့တစ်ယောက်အကြောင်း သိပ်မသိဘူး။ ဒါကြောင့် မင်းကို သွားခွင့်ပေးမပေး အတည်မပြုခင် ဒီအကြောင်းကို အာကာသစစ်မြေပြင်ဆီ အကြောင်းကြားဖို့ လိုသေးတယ် ”
” ဒါဆို အာကာသ စစ်မြေပြင်ရဲ့ အခြေအနေအကြောင်း ကျွန်တော့်ကို အရင်ပြောပြနိုင်မလား။ ဥပမာအနေနဲ့ ရာထူးခန့်အပ်တဲ့ ပုံစံတွေပေါ့ ”
” ရတာပေါ့ ”
ကြီးမြတ်သော လိပ်နတ်က ပြန်ပြော၏။
” အာကာသ စစ်မြေပြင်ကို လက်ရှိမှာ တစ်ကမ္ဘာလုံးအနှံ့က လူသားမျိုးနွယ်တွေ စောင့်ကြပ်နေတယ်။ ၅ပုံ၁ပုံကို စီရင်စု ၉ခုက သိမ်းပိုက်ထားပြီး ကျန် ၄ပုံ၁ပုံကို တခြားနိုင်ငံတွေက သိမ်းပိုက်ထားတယ်။ လက်ရှိ စီရင်စု၉ခုထဲမှာ ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်နှစ်ယောက်ရှိပြီး သူတို့က ဧကရာဇ်ကျင်းနှင့် ဧကရာဇ်ယွင်ပဲ ”
” ဧကရာဇ်ကျင်းက လွန်ခဲ့တဲ့ ၅၇၂နှစ်တုန်းက ဧကရာဇ်နယ်ပယ်ကို ဝင်ရောက်ခဲ့တယ်။ ဧကရာဇ်ယွင်က လွန်ခဲ့တဲ့ ၃၂၅နှစ်တုန်းက ဧကရာဇ်နယ်ပယ်ကို ဝင်ရောက်ခဲ့တာ။ သူတို့ပြီးတော့ စီရင်စု၉ခုမှာ ဧကရာဇ်နယ်ပယ်ကို ဝင်ရောက်တဲ့သူ မရှိသေးဘူး။ ပြီးတော့ သူတို့ရှေ့က ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်တွေ အားလုံးက လူသားမျိုးနွယ်ကို ခုခံကာကွယ်ပေးရင်း အသက်ဆုံးသွားကြတာ ”
” လက်ရှိမှာ ဧကရာဇ်နယ်ပယ် သိုင်းပညာရှင် ၁၆ယောက် ရှိတယ်။ အနောက်အရပ်က ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်အချို့လည်း ရှိတယ်။ သူတို့တွေက မိုးကြိုးဧကရာဇ် အိုဟိုင်းအို၊ အမေရိကက ဝံပုလွေ ဧကရာဇ်၊ အနောက်ပိုင်း မဟာမိတ်ရဲ့ သူတော်စင် အလင်းဧကရာဇ်၊ တောင်ဘက်မဟာမိတ်ရဲ့ စိန် ဧကရာဇ်။ ကျန်တာက တစ်ဒါဇင်လောက်ရှိတဲ့ ဘုရင်နယ်ပယ် သိုင်းပညာရှင်တွေပဲ ”
” ကြယ်တာရာသားရဲတွေကြောင်း သတင်းတွေက ငါ သေချာမသိဘူး။ ဒါပေမဲ့ သိတာတစ်ခုရှိတယ်။ ကြယ်တာရာသားရဲတွေက လူသားတွေထက် သေချာပေါက် ပိုသန်မာတယ်။ မဟုတ်ရင် အာကာသစစ်မြေပြင်က ဒီလောက် လွယ်ကူနေတော့မှာ မဟုတ်ဘူးလေ ”
ယဲ့ရှောင်၏ အကြည့်တို့ အနည်းငယ် လှုပ်ရှားသွား၏။
ထိုကဲ့သို့ တိုက်ပွဲဝင်ခွန်အား ရှိသည့်သူများစွာရှိနေလိမ့်မည်ဟု သူ မထင်ထားပေ။ သို့သော် သူတို့သည် ကြယ်တာရာသားရဲများ လွှမ်းမိုးတာ ခံရသေး၏။
ကျန်းဟိုင်မြို့နှင့် အနီးအနားရှိ မြို့များသည် နှစ်စဥ်နှစ်တိုင်း သိုင်းပညာရှင်များစွာ ဘွဲ့ရကြ၏။ သူတို့ခွန်အားသည် ဟို့ထျန်းဆဌမအဆင့်အထက် ရှိသရွေ့ သူတို့သည် အရေအတွက် တိုးစေရန် အာကာသစစ်မြေပြင်သို့ ပို့ဆောင်ခံရသည်။ ပို့ဆောင်ထားသည့် သိုင်းပညာရှင်များသည် ရှန်းထျန်းနယ်ပယ် သိုင်းပညာရှင်အဖြစ် အဆင့်တက်ပြီးနောက် ချီရှန်းနယ်ပယ်အထက် သိုင်းပညာရှင်များ နောက်နှစ်အဖြစ်သို့တက်ရန် နှစ်အနည်းငယ် သို့မဟုတ် ဆယ်စုနှစ်တောင် ကြာ၏။
လူသားမျိုးနွယ်၏ ခွန်အားက အားမနည်းပေ။ စစ်တပ်၏ နေ့စဥ်နေ့တိုင်း ခွန်အားကလည်း သေးသည်မဟုတ်။ ကြယ်တာရာသားရဲများကို လျှော့တွက်၍ မရပုံပေါ်သည်။
သို့သော် တွေးနေစဥ် ချန်ပိုင်နဂါးသွေးကြော၏ စီနီယာကလည်း လောကကြီးသည် ထင်ရသကဲ့သို့ မသေးကြောင်း ပြောပြခဲ့၏။ တကယ်ကို လောကသေးလေးတစ်ခုသာ ဖြစ်သည်။ နတ်ဘုရားမျိုးနွယ်က သူတို့အထက်တွင် ရှိသည်။ ဤနေရာက အစသာ ရှိသေးသည်။ သူတို့က ထိုကြယ်တာသားရဲများကိုတောင် မကျော်တက်နိုင်လျှင် ရှေ့ဆက် အဆင့်တက်ဖို့အကြောင်း ပြောရန် မလိုအပ်တော့ပေ။
ထိုအကြောင်းကို တွေးမိပြီး သူက ကျန်းချန်းကို ပြောလိုက်၏။
” ကျွန်တော် သိပြီ စီနီယာ။ ကျေးဇူးပြုပြီး သူ့ကို ဆက်သွယ်ဖို့ ကျွန်တော့်ကို ကူညီပေးပါ ”
ယဲ့ရှောင်သည် ဧကရာဇ်တစ်ပါးဖြစ်လာရန် အခွင့်အရေးကို တတ်နိုင်သမျှ မြန်မြန်ရှာရမည်။
” ဟုတ်ပြီ။ ဒီအကြောင်း စီရင်စု၉ခု မဟာမိတ်ကို ချက်ချင်း သတင်းပို့လိုက်မယ် ”
သူတို့ပြောပြီးသည်နှင့် အဝေးရှိ ကောင်းကင်ကနေ မိုးကြိုးတစ်ခု ရုတ်တရက် ပေါ်လာကာ အားလုံး၏ အာရုံစိုက်မှုကို ရသွားသည်။
သူတို့သည် ပြတင်းပေါက်ကနေ အနောက်အရပ်ကို လှည့်ကြည့်လိုက်၏။ ကြီးမားသည့် အနက်ရောင် တိမ်တိုက်သည် သူတို့ဆီ ရောက်လာတာကို တွေ့လိုက်ရ၏။ ယင်းက တိမ်တိုက်တစ်ခုနှင့် တူသည်။ သို့သော် အမှန်တကယ်တွင် အထဲကနေ သတ်ဖြတ်ခြင်း အရှိန်အဝါများ ပေါ်ထွက်နေတာ ဖြစ်၏။ ကျန်းချန်က သုန်မှုန်သွားတော့သည်။
” အစွမ်းထက်လိုက်တဲ့ အရှိန်အဝါပဲ။ အနည်းဆုံးတော့ ဘုရင်နယ်ပယ်အထက်ပဲ။ ဘယ်ကများလဲ ”
ယဲ့ရှောင်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားတော့သည်။
” နောက်ဆုံးတော့ သူ ဒီကို ရောက်လာပြီ။ ကျွန်တော် သိတယ်။ သူ သေချာပေါက် လာမှာပဲ ”
ကြီးမြတ်သော လိပ်နတ်၏ ရင်ထဲ တုန်လှုပ်သွား၏။
” ဘယ်သူလာတာလဲ ”
” ဘာမှမဟုတ်ပါဘူး။ ပစ္စည်းပို့သူပါပဲ ”
ယဲ့ရှောင်က ပြုံးလိုက်ပြီး လှည့်ထွက်သွားတော့သည်။
” ကျွန်တော် ကိစ္စတချို့ ဖြေရှင်းစရာ ရှိသေးလို့။ တစ်မြို့လုံးကို သတိပေးစရာ မလိုပါဘူး ”
ကြီးမြတ်သော လိပ်နတ်၏ မျက်နှာထက်၌ စိတ်ရှုပ်ထွေးမှုများ ပြည့်သွားတော့သည်။
ဒီကလေး ဘာလုပ်နေတာလဲ။ သူ ပြောတာတွေ ငါ ဘာကြောင့် တစ်ခွန်းမှ နားမလည်ရတာလဲ။
ဒါပေမဲ့ ယဲ့ရှောင်က အဆင်ပြေတယ်လို့ ပြောမှတော့ ကိစ္စကြီး မဟုတ်လောက်ဘူးမလား။
ပစ္စည်းပို့သမားလား။ ကြည့်ရတာ တစ်ဖက်သူက ယဲ့ရှောင်ရဲ့ မိတ်ဆွေများလား။ ဖြစ်နိုင်ပါတယ်လေ။ ပြောရရင် ဒီလိုအစွမ်းထက်ပြီး ကောင်းကင်ကို ဖီဆန်နိုင်တဲ့ သူလိုလူအဖို့ ဘုရင်နယ်ပယ်အထက် အစွမ်းထက်တဲ့ မိတ်ဆွေတစ်ယောက် နှစ်ယောက်ရှိတာ ပုံမှန်ပဲလေ။
ထိုအချက်ကို တွေးမိပြီးနောက် ကြီးမြတ်သော လိပ်နတ်သည် ခေါင်းခါလျက် သူ၏ ငါးကန်ကို ဆက်လက် ဆေးကြောတော့သည်။
တစ်ချိန်တည်းတွင် စာကြည့်တိုက်အောက်၌ မူလက ကြယ်တာရာသားရဲများသည် ကတ်ကစားနေရာကနေ ချင်းနျို၊ ဖုန်းလုံနှင့် ဆာမြူရယ်တို့က ရုတ်တရက် နှလုံးတုန်ယင်လာကြ၏။ သူတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ထိတ်လန့်မှုများ ပြည့်သွားတော့သည်။
” ဒါ ဒီအရှိန်အဝါ ဒါက အရှင်ကျားနတ်ဘုရား ဒီရောက်လာပြီ ”
” တကယ် ကျားနတ်ဘုရား။ တကယ်သူပဲ ”
” ဒါပေမဲ့ မဟုတ်သေးဘူး။ အထွတ်အမြတ် စစ်ပွဲစဖို့က ဝေးသေးတယ်။ သူ ဘာကြောင့် ဒီရောက်လာတာလဲ။ ဖြစ်နိုင်တာက ”
ဖုန်းလုံက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။
” အရှင်ကျားနတ်ဘုရားက သစ္စာရှိမှုကို တန်ဖိုးအထားဆုံးပဲလေ ”
” သူက အထွတ်အမြတ်စစ်ပွဲ မစခင် ငါတို့ကို ကယ်ဖို့ အာကာသအချိန်ဥမင်ကနေ ဖြတ်လာတာ ဖြစ်လောက်မယ် ”
” အရှင်ကျားနတ်ဘုရား ”
ကျားနတ်ဘုရားလက်အောက်ရှိ ကြယ်တာရာသားရဲများသည် မျက်လုံးများ နီရဲကုန်၏။
” ငါတို့တွေ အရှင်ကျားနတ်ဘုရားကို တကယ်စိတ်ပျက်စေခဲ့မိတာပဲ။ ငါတို့က ဒီမှာ ကောင်းကောင်းစားသောက်နေတာ။ ငါတို့ကို သူ ပျိုးထောင်ပေးခဲ့တဲ့ အကြောင်းကို အပြည့်အဝ မေ့သွားတယ် ”
” သူက ဒီနေရာမှာ ပျော်ပါးဖို့ပဲ ဂရုစိုက်နေတာ။ လာမယ်ဆိုပြီးတော့ အကြောင်းမကြားခဲ့ဘူး ”
ဖုန်းလုံ၏ အမူအယာက လေးနက်တည်ကြည်နေကာ သူက ပြောလိုက်၏။
” မဟုတ်ဘူး။ ငါတို့တွေက ဒီမှာ မွေးမြူရေးတိရစ္ဆာန်ဖြစ်နေခဲ့မယ်ဆိုရင်တောင် အရှင်ကျားနတ်ဘုရားကို ဒါမျိုးဖြစ်ခွင့် မပေးနိုင်ဘူး။ သူ့ကိုသူ ယုံကြည်ချက်က ကြီးမားလွန်းတာ သူ့ကိုသာ မွေးမြူရေးတိစ္ဆာန် ဖြစ်ခွင့်ပေးလိုက်မယ်ဆိုရင် သူ သေချာပေါက် လက်ခံနိုင်မှာ မဟုတ်ဘူး ”
” ဟုတ်တယ်။ ငါတို့ ကိုယ်ပိုင် အရှိန်အဝါကို ထုတ်ပြရမယ်။ ငါတို့ ချိတ်ပိတ်ခံထားရင်တောင် တစ်ခုခု လုပ်နိုင်သေးတယ်။ ငါတို့ အရှင်ကျားနတ်ဘုရားကို အကြောင်းကြားပြီး သူ့ကို မြန်မြန် ထွက်ပြေးခိုင်းရမယ် ”
” ငါတို့တွေ အဲ့ဒီကောင် ယဲ့ရှောင်နဲ့ မတိုးမှဖြစ်မယ်။ မဟုတ်ရင် ငါတို့ လွတ်မြောက်မှာ မဟုတ်ဘူး ”
” မြန်မြန် အားလုံးပဲ အတူပူးပေါင်းပြီး ငါတို့ အရှိန်အဝါတွေကို ထုတ်ဖော် ”
ကြယ်တာရာသားရဲများသည် အတူတကွ စုဝေးကာ သူတို့၏ အရှိန်အဝါများကို တစ်နေရာတည်း၌ သိပ်သည်းစေပြီးနောက် အစီအရင်ထဲကနေ စိမ့်ထွက်သွားစေသည်။

အပိုင်း ၂၇၉ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset