Switch Mode

Chapter – 277

ပို့ဆောင်တာ။ မြို့သား မင်းရဲ့ နဂါးစွမ်းအင်ကို လိုလား။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၇၇ ပို့ဆောင်တာ။ မြို့သား မင်းရဲ့ နဂါးစွမ်းအင်ကို လိုလား။

ယဲ့ရှောင်သည် တောင်ပြင်သို့ ရုတ်တရက် ရောက်လာတာကို မြင်သောအခါ ကြီးမြတ်သော ကျားဖြူနှင့် ပေ့ထျန်းစီက ထိတ်လန့်သွား၏။
” မင်း ဘယ်လို ထွက်လာတာလဲ။ လှေကားက ဆင်းလာဖို့ မလိုဘူးလား ”
ယဲ့ရှောင်က ခေါင်းခါလိုက်၏။
” တောင်ရဲ့ အရံအတားတွေကို ဖြတ်ကျော်နိုင်တဲ့ ကိုယ်ဖော့သိုင်းတစ်မျိုး ရှိတယ် ”
” ”
သူတို့ နှုတ်ခမ်းထောင့်များ တွန့်သွားတော့သည်။
ယဲ့ရှောင်သည် အလွန်တော်မှန်း သူတို့ သိပြီးသားဖြစ်သော်ငြား ထိုမျှထိ ဘီလူးသဘက်ဆန်နေလိမ့်မည်ဟု သူတို့ မထင်ထားပေ။ ထို့အပြင် သူသည် ယခင်အခေါက်ကထက် ပိုမိမိုက်လာပြီး သူတို့၏ လောကအမြင်ကို သူက အမြဲတမ်း လတ်ဆတ်စေခဲ့သည်။
ယခုအချိန် ယဲ့ရှောင်က သူ ဤနေရာကနေ ရပ်နေပြီး ကောင်းကင်ပေါ်က ကြယ်ကို ခူးမည်ဟု ပြောလျှင်တောင် သူတို့နှစ်ယောက်က ထူးဆန်းသည်ဟု တွေးမိမှာ မဟုတ်ပေ။
” ဟုတ်သား။ ခုနတုန်းက ချန်ပိုင်နဂါးသွေးကြောကနေ သက်တန့်နတ်ဘုရား အလင်းတန်းတစ်ခုကို တွေ့လိုက်ရတယ်။ မင်း ဧကရာဇ်နယ်ပယ်ကို အဆင့်တက်သွားတာလား။ မင်းက ဒဏ္ဍာရီလာ ဧကရာဇ်နယ်ပယ် သိုင်းပညာရှင် ဖြစ်လာပြီလား ”
ယဲ့ရှောင်က ခေါင်းခါလိုက်၏။
” ကျွန်တော်က ဘယ်လိုလုပ် ဒီလောက် မကောင်းဆိုးဝါးဆန်မှာလဲ။ နဂါးသွေးကြောတစ်ခုလုံးကို စုပ်ယူခဲ့တာ မဟုတ်ဘူးလေ။ ကျွန်တော် နဂါးစွမ်းအင်တချို့ပဲ ရခဲ့တာ ”
” ဒါဆို အခု မင်းရဲ့ ကျင့်စဥ်အတိအကျက ဘာလဲ ”
” ဟမ်။ ဘုရင်နယ်ပယ် အထွတ်အထိပ်မှာလေ။ ကျွန်တော် ဧကရာဇ်နယ်ပယ်ကို ရောက်ဖို့ တစ်လှမ်းလိုသေးတယ် ”
” ”
ဘုရင်နယ်ပယ် အထွတ်အထိပ်သည် ဧကရာဇ်နယ်ပယ် အဆင့်အောက်ပဲ ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုး၌ တစ်လှမ်းသာဟူသည်ကို မည်သို့ အသုံးပြုနိုင်ရသနည်း။
သူမက သူ့ကို မရိုက်နိုင်တော့သည့်အချက်ကြောင့်သာ မဟုတ်လျှင် ကျားဖြူသည် သူနှင့် တစ်ပွဲလောက် ရန်ပွဲနွှဲပြီး သူ့ရင်ထဲရှိ မကျေနပ်မှုအတိုင်း တိုက်ခိုက်တော့မှာပဲ ဖြစ်သည်။
သတိလက်လွှတ် ပြော၍မရသည့် စကားအချို့ရှိကြောင်း သူ့ကို သိခွင့်ပေးချင်သည်။
ယဲ့ရှောင်က အနည်းငယ် ဆွံ့အသွား၏။
” ဘာမှားလို့လဲ။ ကျွန်တော် မှားပြောမိလို့လား။ တကယ်တော့ ကျွန်တော် နည်းနည်း ကံကောင်းသွားပြီး စီနီယာ နဂါးသွေးကြောရဲ့ အကူအညီကို ရခဲ့တယ်လေ။ မဟုတ်ရင် အလွန်ဆုံးမှ နည်းနည်းပဲ တိုးတက်နိုင်မှာ ”
” မင်း စကားပြောတာ ရပ်လိုက်ရင် ပိုကောင်းမယ်။ မင်းပြောသမျှက အမှားတွေချည်းပဲ ”
ကြီးမြတ်သူ ကျားဖြူက သူ၏ နဖူးကို ရိုက်လိုက်၏။
” ပေ့ထျန်းစီ ဒီလူကို မြန်မြန်ခေါ်သွားတာ ကောင်းလိမ့်မယ်။ ဒီနေရာမှာ ငါ့ကို တိုက်ခိုက်ဖို့ သူ့ကို ဆက်ပြီး ခွင့်မပြုထားနဲ့။ ဒီအတိုင်း ဆက်ဖြစ်နေရင် ငါ ရူးသွားမှာ စိုးရိမ်ရတယ် ”
ပေ့ထျန်းစီက ခေါင်းညိတ်ပြီးနောက် ယဲ့ရှောင်၏ အင်္ကျီလက်ကို ဆွဲကာ ပြောလိုက်တော့၏။
” ယဲ့ရှောင် ကျန်းဟိုင်မြို့ကို အမြန်ပြန်ရအောင်။ ငါတို့တွေ လိပ်နတ်တံဆိပ်ကို ပြန်ပေးရဦးမယ်လေ ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” ဒီလိုဆိုမှတော့ စီနီယာကျားဖြူ ကျွန်တော်တို့ အရင်သွားပါတော့မယ်”
ပြောပြီးနောက် သူသည် ယင်ယန် လွတ်မြောက်ခြင်းကျင့်စဥ်ကို သုံးပြီး သူရှိနေသည့် နေရာကနေမျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွား၏။
ကျန်းဟိုင်မြို့ထဲ၌ ဒေါသတကြီး ဟိန်းသံသည် ကြီးမြတ်သော လိပ်နတ် ကျန်းချန်၏ သိုလှောင်လက်စွပ်ထဲရှိ သေတ္တာလေးထဲကနေ ပေါ်ထွက်လာ၏။
” အား .. သေသင့်တဲ့ မျိုးမစစ်။ ဒီလို အရေးကြီးတဲ့အချိန်မှ ငါ့ရဲ့ အကြံအစည်ကို သူ ဖျက်ဆီးခဲ့တယ် ”
” ငါ နီးကပ်နေပြီ။ ဒီလောက် နီးကပ်နေတာကို ”
” အဲ့ဒီ မျိုးမစစ် ကျန်းချန်သာ လီလျိုဆွေ့ကို သတ်ခဲ့ရင် လီလျိုဆွေ့ရဲ့ ခန္ဓာကိုယ်ထဲက မိစ္ဆာစွမ်းအင်တွေက ချက်ချင်း ပေါက်ကွဲသွားမှာပဲ။ အဲ့ဒီအချိန် ဘုရင်နယ်ပယ်အဆင့်အောက် အစွမ်းထက်တဲ့သူရဲ့ ပေါက်ကွဲမှုကြောင့် မျိုးမစစ်ကြီး ကျန်းချန်ကို ဒဏ်ရာရစေဖို့ လုံလောက်တယ်။ အဲ့ဒီအချိန်က ထွက်ပြေးဖို့ အခွင့်အရေးရမှာ ”
” သေစမ်း သေစမ်း ”
အဆုံးကြ သူ၏ အားစိုက်ထုတ်မှုအားလုံး အချည်းနှီး ဖြစ်သွားလိမ့်မည်ဟု သူ မထင်ထားပေ။
” ဘယ်သူလဲ။ ဘယ်သူက လီလျိုဆွေ့ကို ဘုရင်နယ်ပယ်ကို တက်လှမ်းနိုင်အောင် ကူညီပေးလိုက်လဲ ”
” သေစမ်း။ ဒီဒေဝါက ဖမ်းမိပြီဆိုရင် မင်းကို အပိုင်းပိုင်း အစစ စုတ်ဖြဲပစ်မယ် ”
သို့သော် အော်ဟစ်ပြီးနောက် သူသည် ရွေးချယ်စရာမရှိပဲ အဆုံးတွင်မူ စိတ်တည်ငြိမ်အောင် ထားလိုက်ရ၏။
ဤအရေးကိစ္စက ဖြစ်ပွားပြီးနေပြီ ဖြစ်သည်။ အခြေအနေကို ပြန်ပြောင်းပြော၍လည်း အကျိုးမထူးပေ။
” ထားလိုက်တော့။ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက လိပ်နတ်တံဆိပ်မပါပဲ ဒီသေတ္တာကို ငါက တူအောင် လုပ်ထားပြီးပြီပဲ။ လိပ်နတ်တံဆိပ် ပြန်ရောက်ခဲ့ရင်တောင် ငါ့ကို ထပ်ပြီး ဖိနှိပ့်ထားနိုင်တော့မှာ မဟုတ်ဘူး။ အချိန်ကျလာရင် ငါ လွတ်မြောက်နိုင်ပြီး လူသားတွေကို သွေးနဲ့ ပြန်ပေးဆပ်ခိုင်းမယ် ”
အပြင်ဘက်တွင် ကျန်းချန်နှင့် လီလျိုဆွေ့က စကားပြောနေ၏။
ရုတ်တရက် ယဲ့ရှောင်နှင့် ပေ့ထျန်းစီက သူတို့ဘေး၌ ပေါ်လာလေရာ သူတို့ ထိတ်လန့်သွားတော့သည်။
” မင်းရဲ့ အရှိန်က တကယ်ကြောက်စရာပဲ ”
ကျန်းချန်က မှတ်ချက်ချမိသွားသည်။
ယဲ့ရှောင်က ပြုံးရုံသာပြုံးပြီး ဘာမှမပြောပေ။
တစ်ဖက်တွင်မူ လီလျိုဆွေ့က ယဲ့ရှောင်ဆီသွားပြီး အရိုအသေ ပေးလိုက်၏။
” အရင်တုန်းက ကျုပ် ကန်းနေပြီး မစ္စတာယဲ့ကို မမှတ်မိခဲ့ဘူး။ ရန်စတယ်လို့ မမှတ်ဖို့ မျှော်လင့်မိပါတယ်။ ဒီတစ်ခေါက် မစ္စတာယဲ့ ကျေးဇူးကြောင့် ဘုရင်နယ်ပယ်ကို အဆင့်တက်သွားပြီး ကျုပ်အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီလို မျက်နှာသာ ပေးမှုကြီးကို ပြန်ပေးဆပ်ဖို့ ခက်ခဲလှပါရဲ့ ”
ယဲ့ရှောင်သည် သူ့ကို ဝိညာဥ်စွမ်းအင်ဖြင့် ထောက်ပံ့ပေးခဲ့၏။
” ဓါးမော့နတ်ဘုရားလီ။ ဒီလို အားနာနေဖို့ မလိုပါဘူး။ အသေးအမွှားလေးပါပဲ ”
လီလျိုဆွေ့က အလေးအနက် ပြောတော့သည်။
” မစ္စတာယဲ့အတွက် အသေးအမွှားလေး ဖြစ်နိုင်ပေမဲ့ ကျုပ်အတွက်တော့ အသက်ကယ်တင်လိုက်တာပါပဲ။ ဒီဘဝမှာ မင်းကို ဘယ်တော့မှ ပြန်ပေးဆပ်နိုင်လောက်မှာ မဟုတ်ဘူး။ နောင်ကြ လိုအပ်တာရှိရင် ဘာမဆို လုပ်ပေးပါ့မယ် ”
” ခင်ဗျားက သိပ်ကြင်နာလွန်းတာပဲ ”
ပေ့ထျန်းစီက ပြုံးလိုက်၏။
” မင်းက ကြင်နာလွန်းတယ်။ ဒါပေမဲ့ မင်းက အားနည်းလွန်းနေတာ ”
ကျန်းချန်သည် ပေ့ထျန်းစီ၏ စကားကို ကြားသည့်အချိန်၌ မျက်လုံးလက်သွား၏။
” အော်။ ဒီတစ်ခေါက် ယဲ့ရှောင် အဆင့်တက်သွားပြီလား ”
လီလျိုဆွေ့က ထိတ်လန့်သွားသည်။
ယဲ့ရှောင်သည် ဘုရင်နယ်ပယ်သို့ ရောက်နေပြီးသား ဖြစ်၏။ သူသည် အဆင့်ထပ်တက်မည်ဆိုပါက ဧကရာဇ်နယ်ပယ်သို့ ရောက်သွားမည် မဟုတ်ပါလော။
ဧကရာဇ်နယ်ပယ်။
အသက် ၂၁နှစ်အရွယ် ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်တဲ့လား။
ယခုအချိန်၌ သူ အသက်ရှူတာ ရပ်တန့်သွားသည်ဟု ခံစားလိုက်ရသည်။ နှလုံးခုန်နှုန်းကတောင် ရပ်တန့်သွား၏။
ယင်းက မမှန်းဆနိုင်တာပဲ ဖြစ်သည်။
ယဲ့ရှောင်က ရှင်းပြလိုက်သည်။
” အဲ့လို မဟုတ်ပါဘူး။ ကျွန်တော့် ကျင့်ကြံဆင့်က နည်းနည်း တိုးတက်သွားတယ်။ ချဲ့ကားပြောရလောက်တဲ့ အဆင့်ထိတော့ မရောက်သေးပါဘူး ”
ပေ့ထျန်းစီက ခေါင်းညိတ်လိုက်၏။
” အဟုတ်ပဲ။ သူက ဘုရင်နယ်ပယ် အစောပိုင်းအဆင့်မှာ ရှိခဲ့တာ။ အခု သူ့ရဲ့ ကျင့်ကြံဆင့်က ဘုရင်နယ်ပယ် အထွတ်အထိပ်ကို ရောက်နေပြီလေ။ အဲ့လောက် ချဲ့ကားပြောစရာ မလိုဘူး ”
လီလျိုဆွေ့နှင့် ကျန်းချန်က ရှုတ်မဲ့သွား၏။
ဒါက ချဲ့ကားပြောတာ မဟုတ်ဘူးတဲ့လား။
၄င်းသည် ဧကရာဇ်နယ်ပယ်သို့ ရောက်သလောက် ကြောက်မက်ဖွယ် မကောင်းတာ မှန်သော်ငြား အလွန်အစွမ်းထက်နေပြီးသား ဖြစ်၏။
လီလျိုဆွေ့သည် နှစ်ပေါင်းရာချီ လေ့ကျင့်ခဲ့သည်။ သို့သော် ယဲ့ရှောင်၏ မွန်မြတ်သော အလင်းအောက်၌ ကံကောင်းပြီး ဘုရင်နယ်ပယ်သို့ အဆင့်တက်နိုင်ခဲ့သည်။
ထိုသို့တိုင် သူသည် ဘုရင်နယ်အစောပိုင်းအဆင့်ရှိ သိုင်းပညာရှင်တစ်ဦးသာ ဖြစ်၏။
ယဲ့ရှောင်ကရော။ သူသည် အသက် ၂၁နှစ်သာရှိသေးပြီး ဘုရင်နယ်ပယ် အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ကာ ဧကရာဇ်နယ်ပယ်အောက်သို့ ရောက်နေပြီ ဖြစ်၏။
သူသည် ဧကရာဇ်နယ်ပယ်သို့ အဆင့်တက်ရန် တစ်လှမ်းသာ လိုတော့သည်။
ဤခွန်အားက ကြောက်မက်ဖွယ်ကောင်းနေပြီးသား ဖြစ်သည်။
ထိုသို့ပြောနေစဥ် အစကနေ ယခုအချိန်အထိ ယဲ့ရှောင်သည် တစ်ချိန်လုံး မကောင်းဆိုးဝါးဆန်သည့် နယ်ပယ်၌ ရှိနေခဲ့၏။
ထိုနယ်ပယ်သို့ တက်လှမ်းနိုင်ရန် ၂၁နှစ်သာ အချိန်ယူခဲ့ရသည်။ နယ်ပယ်သေးလေးတိုင်းကို သူ အဆင့်တက်တာ မည်မျှ မြန်ကြောင်း သူ မသိသေးပေ။
” ဒီနေရာက ဓါးမော့နတ်ဘုရားလီ ဖျက်ဆီးပစ်တာ ခံလိုက်ရတာမလား။ ဒဏ်ရာရတဲ့သူ ရှိမယ်မထင်ဘူး။ ခင်ဗျားတို့တွေက သူတို့ကို ဘေးကင်းရာ ရွှေ့ပြောင်းထားပေးတာပဲ။ ဒီလိုဆိုမှတော့ ကုသခြင်းကျင့်စဥ် သုံးဖို့ မလိုတော့ဘူးပဲ ”
လီလျိုဆွေ့၏ တည်ကြည်သော မျက်နှာက အနည်းငယ် ပူသွားတော့၏။
” ဒါ ကျုပ် အမှားပါ။ ကျန်းဟိုင်မြို့ ပြန်လည်တည်ဆောက်ဖို့အတွက် ကိုယ်တိုင် တာဝန်ယူပါမယ် ”
သူသည် ယခုအချိန်တွင် ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ယောက် ဖြစ်နေပြီး သူ၏ အတွေးဝိညာဥ်စွမ်းအင်ဖြင့် ကျန်းဟိုင်မြို့၏ အဆောက်အဦးများကို လျင်မြန်စွာ ပြန်လည်တည်ဆောက်နိုင်၏။
ယဲ့ရှောင်က ပြောလိုက်သည်။
” သားရဲကပ်ဘေးက အသေးအမွှား မဟုတ်ဘူး။ နောင်ကြ တိုက်ပွဲက ပိုတောင် ပြင်းထန်လာလိမ့်မယ်။ အိမ်တွေကို ဒီလောက် အလွယ်တကူ ဖျက်ဆီးနိုင်မယ်ဆိုရင် သူတို့ကို အပြန်ပြန်အလှန်လှန် ပြင်ဆင်ဖို့က ခက်ခဲနေမှာ။ ဒါ့အပြင် ဒီနေရာက မလုံခြုံတော့ဘူး။ ကျန်းဟိုင်မြို့မှာ သိုင်းပညာရှင်တွေ သေကြေပျက်စီးဖို့ လွယ်တယ် ”
” ကျွန်တော်တို့တွေ နည်းလမ်းပြောင်းပြီး ကြိုတင်ပြင်ဆင်ထားရမလား ”
ကြီးမြတ်သော လိပ်နတ်က မေးလိုက်၏။
” မင်း ဘယ်လို ပြင်ဆင်တာလဲ ”
ယဲ့ရှောင်က ခဏတာ စဥ်းစားလိုက်သည်။
” ဒီမြို့အတွက် ခုခံခြင်း အစီအရင်တချို့ ချမှတ်ချင်တယ်။ အရင်တုန်းက ဒီမြို့ကို ခုခံခြင်း အစီအရင်တွေ ချမှတ်ပြီးသား။ ဒါပေမဲ့ သူတို့ အဆင့်က လုံလောက်အောင် မသန်မာဘူး ”
” ဒါက တစ်ချက်။ နောက်တစ်ချက်ကတော့ မြို့ပြင်မှာ အဲ့ဒီအစီအရင်တွေကို အဓိက တည်ဆောက်ချင်တယ် ”
” ဒါမှ ကြယ်တာရာသားရဲတွေရဲ့ ကျူးကျော်မှုကို ခုခံရတဲ့အချိန် အစီအရင်တွေက အသုံးဝင်လာလိမ့်မယ် ”
” အတွင်းမှာ တိုက်ခိုက်ကြရင် အလုပ်ဖြစ်မှာ မဟုတ်ဘူး။ တစ်ချိန်တည်းမှာပဲ ကြယ်တာရာသားရဲတွေက အပြင်ဘက်က ခုခံမှုအလွှာကို ချိုးဖျက်ပြီး ကျန်းဟိုင်မြို့ထဲ ဝင်လာရင် အပြင်က အစီအရင်က အလုပ်ဖြစ်မှာ မဟုတ်ဘူးလေ ”
” ကောင်းတယ်။ မင်းပြောတာ ထောက်ခံတယ်။ မင်းပြောတာ နားထောင်မယ်။ ဘာကုန်ကြမ်းတွေလိုလဲ ပြော။ စီရင်စု၉ခု မဟာမိတ်ကနေ သူတို့ကို တိုက်ရိုက် ပို့ပေးလိုက်မယ် ”
ကျန်းချန် မျက်လုံးလက်သွား၏။ ယဲ့ရှောင်သည် အစီအရင်များအကြောင်း သိမှန်း သူသိသည်။
ဓါးမော့ဓါးဝိဇ္ဇာအကြောင်း သတင်းကို သူ ဖတ်ပြီးသား ဖြစ်သည်။
ယဲ့ရှောင်သိသည့် အစီအရင်များအနက် တော်ဝင်အစီအရင် ရှိ၏။ သာမန်လူများက ထိုအစီအရင်ကို ပြုလုပ်နိုင်မှာ မဟုတ်ပေ။
ကျင်းတူသိုင်းကျောင်းတော်၏ အစီအရင်အခင်းအကျင်းဌာန၏ ပါမောက္ခကတောင် တော်ဝင်အစီအရင် ပြုလုပ်ရန် ပူးပေါင်းဆောင်ရွက်ရ၏။
ယဲ့ရှောင်သည် သူကိုယ်တိုင် ပြုလုပ်နိုင်သည်။ သူလုပ်တာက အလွန်မြန်ဆန်၏။ ဤနည်းဖြင့် ကျန်းဟိုင်တစ်မြို့လုံးသည် ထိုးဖောက်၍ မရသော ခံတပ်ဖြစ်လာလိမ့်မည်။
သားရဲကပ်ဘေး ကျရောက်လာသည့်အချိန်၌ ယင်းက အသုံးဝင်လာလိမ့်မည်။ လူသားများစွာကို ကာကွယ်ပေးနိုင်မှာ ဖြစ်၏။
ကျန်းချန်က ထိုသို့ပြုလုပ်ရန် အလွန်ဆန္ဒရှိသည်။
ယဲ့ရှောင်က ခေါင်းညိတ်လိုက်သည်။
” ဒါရိုက်တာ သဘောတူတယ်ဆိုတော့ ကျွန်တော့်ကို ဝိညာဥ်ကျောက်တုံးတချို့ စုဆောင်းပေးပါ။ များလေကောင်းလေပဲ။ အရည်အသွေးမြင့်လေ ပိုကောင်းလေပဲ ”
” ကိစ္စမရှိဘူး။ အခုအချိန် စီရင်စု ၉ ခု မဟာမိတ်ဆီ စာရေးပြီး အဆင့်မြင့် ဝိညာဥ်ကျောက်တုံး ၁၀ဘီလီယံလောက် စုဆောင်းပြီး ပို့ပေးဖို့ ပြောလိုက်မယ် ”
” ”
စီရင်စု ၉ ခု၏ ကြီးမြတ်သော လိပ်နတ်သည် ကြီးမြတ်သော လိပ်နတ်သာ ဖြစ်ပေ၏။ သူ့ပါးစပ်ဟလိုက်သည်နှင့် ရက်ရောသွားတော့သည်။ သူက အဆင့်မြင့် ဝိညာဥ်ကျောက်တုံး ၁၀ဘီလီယံကို စုဆောင်းပေးတော့မည်။ ထိုကိစ္စက သာမန်ဖြစ်ပုံပေါ်နေ၏။ သို့သော်ငြား အပိုင်းအစရာချီသာ ရောင်းချလေ့ရှိတာ ဖြစ်သည်။
ဒါက အထက်အဆင့်တစ်ခုလား။ ဒါမှမဟုတ် ၁၀ဘီလီယံလား။ သူက သိပ်ချမ်းသာတာပဲ။
” တကယ်တော့ ကျွန်တော် အဲ့လောက် မလိုပါဘူး။ ကျွန်တော် တော်ဝင်အစီအရင်တစ်ခု တည်ဆောက်မှာပေမဲ့ ၁၀ဘီလီယံ အဆင့်မြင့် ဝိညာဥ်ကျောက်တုံးတွေက ချဲ့ကားရာ ရောက်တယ် ”
ကျန်းချန်က ပြုံးပြီး ပြောလိုက်၏။
” ဒါက ချဲ့ကားတာ မဟုတ်ဘူး။ မင်းက ဧကရာဇ်ဖြစ်လာပြီး နောင်ကြ ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်တစ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်ရရင် ဒီမြို့က အဆပေါင်းများစွာ ခွန်အားမြှင့်တင်ထားရမှာ။ နောင်ကြ မြို့ကို ခွန်အားမြှင့်တင်ဖို့ သုံးလို့ ရတယ် ”
ခဏတာရပ်တန့်ပြီးနောက် ကျန်းချန်က ထပ်မမေးပဲ မနေနိုင်တော့ပေ။
” ဒါနဲ့ ယဲ့ရှောင်။ မင်းက ဧကရာဇ်နယ်ပယ်ကို အဆင့်တက်ဖို့ ခြေလှမ်းတစ်လှမ်းပဲ လိုတော့တာ။ တောင်တန်းဒေသထဲမှာရှိတဲ့ အချိန်တုန်းက ဘာကြောင့်များ နဂါးစွမ်းအင်ကို မတောင်းခဲ့တာလဲ ”
” ချန်ပိုင်တောင်တန်းဒေသထဲမှာ နဂါးစွမ်းအင်တွေ အများကြီး ရှိမှာပဲ။ မင်း နည်းနည်း ပိုယူရင် နောက်ဆုံးအဆင့်ကို ရောက်နိုင်မှာပဲလေ ”
ယဲ့ရှောင်က ခေါင်းခါလိုက်၏။
” စီနီယာ နဂါးသွေးကြောက ကျွန်တော့်ကို အများကြီး ပေးပြီးပါပြီ။ ကျွန်တော် ရှေ့ဆက်ခဲ့မယ်ဆိုရင် သူ့အတွက် ထိခိုက်မှု ဖြစ်လိမ့်မယ်။ ဒါ့အပြင် သူက ဒီကမ္ဘာပေါ်မှာ နဂါးစွမ်းအင်ရှိတဲ့ တစ်ခုတည်းသောသူ မဟုတ်ဘူး။ ကျန်းဟိုင်မြို့ကို လာတဲ့အချိန်တုန်းက နဂါးစွမ်းအင်လှိုင်းတချို့ကို သယ်ဆောင်လာတဲ့ အလွန်ရင်းနှီးတဲ့ အငွေ့အသက်ကို အာရုံခံမိလိုက်တယ်။ သိပ်မကြာသေးခင်တုန်းက နဂါးစွမ်းအင်က ကျွန်တော့် တံခါးဝကို ရောက်လာတာလေ ”
ဘုရင်နယ်ပယ် အထွတ်အထိပ်၌ ယဲ့ရှောင်၏ သိမြင်နားလည်မှုက တဖန်တိုးလာ၏။
သူ၏ သိမြင်နားလည်မှုသည် အချို့သော အရာများကိုတောင် အာရုံခံနိုင်လာသည်။
အာရုံခံနေချိန်၌ သူသည် အလွန်ရင်းနှီးသော အငွေ့အသက်ကို ပက်ပင်းတိုးမိသည်။
ယင်းက မော့ယွီကို ဆိုးရွားစုတ်ချာသည့် ပို့ဆောင်ရေး အစီအရင်၏ လေဟာနယ်ဥမင်နောက် လိုက်နေချိန်၌ ကြုံတွေ့ခဲ့ရသည့် ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ အရှိန်အဝါပဲ ဖြစ်သည်။
သူက သူ၏ ဘဝတွင် ပထမဆုံး ပက်ပင်းတိုးဖူးသည့် ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ဦးလည်း ဖြစ်သည်။ ထိုသူ၏ ခန္ဓာကိုယ်ပေါ်၌ နဂါးစွမ်းအင် အမျှင်တချို့ကို အာရုံခံမိပြီ ဖြစ်သည်။ ယင်းက ယခင်က အနောက်အရပ်တွင် ကြယ်တာရာသားရဲများ နဂါးစွမ်းအင်ကို လုယူသွားရသည့် အကြောင်းအရင်းကို သူက နောက်ဆုံးတော့ နားလည်သွားစေ၏။
ထိုလူပဲ ဖြစ်ရမည်။ သူ့ကို ရှာရန်အတွက် သူသည် ခွန်အားကို မြှင့်တင်ရန် အနောက်အရပ်၌ နဂါးသွေးကြောကို တမင်တကာ လုယူခဲ့တာပဲ ဖြစ်သည်။
ထို့အပြင် ယဲ့ရှောင်က ထိုလူသည် သူ စတင်ထွက်လာနေပြီဖြစ်ကြောင်း ခံစားမိခဲ့၏။

အပိုင်း ၂၇၇ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset