စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၇၆ အဲ့ဒီနေ့မှာ စီရင်စု၉ခုက နတ်ဘုရားအလင်းနဲ့ စိုစွတ်သွားခဲ့။
သို့သော်ငြား သူသည် ဧကရာဇ်နယ်ပယ်သို့ အဆင့်မတက်ထားသည့်တိုင် ယဲ့ရှောင်အတွက် ယခုအခေါက်၌ အတော်များများ ရလိုက်ပြီပဲ ဖြစ်သည်။
ပထမဆုံးက သူ၏ ကျင့်ကြံဆင့်ပဲ ဖြစ်သည်။ မူလက သူသည် ဘုရင်နယ်ပယ် တစ်ဝက်ကျော်ထိတောင် မကျင့်ကြံရသေးပေ။ ယခုအချိန်၌ သူသည် ဘုရင်နယ်ပယ် အထွတ်အထိပ်သို့ တက်လှမ်းခဲ့ပြီး ဖြစ်သည်။ ဒုတိယအချက်သည် သူ၏ ခန္ဓာကိုယ်ထဲရှိ နတ်ဘုရားသွေးအားလုံးသည် အပြည့်အဝ နိုးထပြီ ဖြစ်၏။
ဆိုလိုသည်က ယခုအချိန်မှစကာ သူ၏ သွေးမျိုးဆက်သည် သာမန်လူသားမျိုးနွယ်၏ သွေးမျိုးဆက်ထက် အပြည့်အဝ သာလွန်သွားပြီ ဖြစ်၏။
ချင်ယွိယန်၏ သွေးကဲ့သို့ စီရင်စု ၉ ခုမှ လူသားမျိုးနွယ်၏ မဟာကောင်းမှုက ကောင်းချီးပေးခံထားရသည့် သွေးဖြစ်သည့် ဧကရာဇ်၏ သွေးမျိုးဆက်ကတောင် သူ၏ လက်ရှိ နတ်ဘုရားသွေးလောက် မသန့်စင်ပေ။
ယင်းက ယဲ့ရှောင်ကို အကြီးမားဆုံး ကူညီပေးခဲ့တာပဲ ဖြစ်သည်။
သူ၏ သွေးမျိုးဆက် တိုးတက်လာမှုသည် သူ၏ ခန္ဓာကိုယ် အလားအလာ ပိုကြီးမားလာသည်ဟု ဆိုလို၏။ ယခုအချိန်မှစကာ သူရှေ့ကို ပိုတောင် ဆက်သွားနိုင်လိမ့်မည်။ သူ၏ ကျင့်ကြံမှု အရှိန်က ပိုတောင် မြန်ဆန်လာလိမ့်မည်။ လိုရင်းဆိုရလျှင် အကျိုးအမြတ်က အကန့်အသတ်မဲ့ပေ၏။
ထိုပြောင်းလဲမှုကို စကားတစ်ခွန်းတည်းဖြင့် ဖော်ပြမည်ဆိုလျှင် ယဲ့ရှောင်၏ သိုင်းပညာလမ်းစဥ်၌ မြေကမ္ဘာတုန်လှုပ်ဖွယ် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်စေခဲ့သည်ဟုသာ ဆိုနိုင်၏။
ထိုအရာအပြင် ယဲ့ရှောင်၏ စိတ်စွမ်းအားကျင့်စဥ်များသည် အပြည့်အဝ ပြီးပြည့်စုံသွားပြီ ဖြစ်သည်။
စိတ်စွမ်းအားကျင့်စဥ်သုံးမျိုးဖြစ်သည့် ခရမ်းရောင်ကြယ်ပင်လယ်၊ ဓမ္မကျမ်းစာနှင့် ပင်လယ်ထွေးပွေ့ မြစ်အားလုံးတို့သည် နတ်ဘုရားအဆင့် စိတ်စွမ်းအားကျင့်
စဥ် န၀လိမ်ယှက် ကျစိမ်း နည်းစနစ်ကျင့်စဥ်အဖြစ် ပေါင်းစည်းသွားခဲ့ပြီ ဖြစ်သည်။
ထိုနတ်ဘုရား စိတ်စွမ်းအားကျင့်စဥ်သည် အလွန်အစွမ်းထက်ပြီး အမျိုးအစား (၉ ) မျိုး အပြောင်းအလဲ ၉ ခု ရှိသည်။ အပြောင်းအလဲတစ်ခုစီတိုင်းက ဝိညာဥ်စွမ်းအင် စုပ်ယူသည့်အရှိန်ကို တိုးတက်လာစေသည်။ ထို့အပြင် ၄င်းသည် တစ်ဆက်တည်း ၉ကြိမ် စုထားနိုင်ပြီး သံသရာက ရပ်တန့်မှာ မဟုတ်ပေ။
ထို့အပြင် အပြောင်းအလဲ ၉ခုရှိသောကြောင့် ဝိညာဥ်စွမ်းအင်၌ ပြောင်းလဲမှုမျိုးစုံကို တုံ့ပြန်နိုင်ကာ စွမ်းအင်အလယ်အလတ်အဖြစ်တောင် ပြောင်းလဲနိုင်၏။
ယဲ့ရှောင်သည် နတ်ဆိုးစွမ်းအား ပြည့်နေသည့် နေရာတွင် ရှိနေခဲ့လျှင် ကျင့်စဥ်သည် နတ်ဆိုးစွမ်းအင်၏ စွမ်းအားကို ဝိညာဥ်စွမ်းအင်၏ စွမ်းအားအဖြစ် ပြောင်းလဲနိုင်၏။
ယင်းက ယဲ့ရှောင်ကို နေရာအားလုံး အရပ်မျက်နှာအားလုံး၌ တိုက်ခိုက်အောင် ခွင့်ပြုပေးပြီး တိုက်ပွဲ၏ အားသာချက်ကို စိတ်ချသေချာစေ၏။
ဤနည်းဖြင့် ယဲ့ရှောင်၌ နတ်ဘုရားကျင့်စဥ် ( ၄ )မျိုး ရှိလာ၏။ ကောင်းကင်ခွဲဖွင့်လှစ်ခြင်း၊ ထာဝရအသက်၏ လျှို့ဝှက်ကျင့်စဥ်၊ ယင် ယန် လွတ်မြောက်ရာ ကျင့်စဥ်နှင့် န၀ လိမ်ယှက် ကျစိမ်း ကျင့်စဥ်ပဲ ဖြစ်သည်။
နောက်ထပ်က လက်သီးသိုင်းကို ပေါင်းစပ်ရမှာပဲ ဖြစ်သည်။ ယဲ့ရှောင်သည် လက်သီးသိုင်း ( ၃ )မျိုးကို စုစည်းထားပြီးဖြစ်ကာ မဟာနိဗ္ဗာနလက်သီး၊ ဧကရာဇ်ခုံမင်လက်သီးနှင့် မိုးကြိုးဧကရာဇ်လက်သီးတို့ပဲ ဖြစ်သည်။
သူက ပေါင်းစည်းရန် နှိပ်လိုက်၏။ နှစ်ရက်မပြည့်မီ၌ သူသည် ၄င်းကို ပြီးပြည့်စုံစွာပေါင်းစည်းနိုင်လောက်မည် ဖြစ်သည်။
ယဲ့ရှောင်၏ သွေးမျိုးဆက်သည် အပြည့်အဝ နိုးထသွားသည်နှင့် ၇ရောင်ခြယ်ရောင်စုံအလင်းသည် ချန်ပိုင်နဂါးသွေးကြောထဲကနေ ချက်ချင်း ဖြာထွက်လာ၏။
အင်မတန် ပေါကြွယ်ဝသည့် အရှိန်အဝါကိုသယ်ဆောင်လာသော အလင်းသည် ထွန်းလင်းတောက်ပပြီးသည်နှင့် ချက်ချင်းပင် သစ်ပင်များ၊ ပန်းပွင့်များ အားလုံးကို ရေခဲများ၊ နှင်းများလွှမ်းနေသော သစ်ပင်များ၊ ပန်းပွင့်များအားလုံးကို အညှောက်ပေါက်လာစေ၏။ မရေမတွက်နိုင်သော သိုင်းပညာရှင်များသည် ယခုအချိန်၌ မွန်မြတ်သော ရောင်ဝါကို ခံစားမိလိုက်သည်။
ထိုအင်မတန် မွန်မြတ်သော ရောင်ဝါ၏ အကူအညီဖြင့် သူတို့ ကျင့်ကြံမှုက စတင်မြင့်တက်လာသည်။
ကြယ်၇လုံးတန်းခြင်းသည် ကြယ်တာရာသားရဲများ၏ ကျင့်ကြံခြင်းကို ကြီးကြီးမားမား မြှင့်တင်ပေးသကဲ့သို့ပင်။ ယဲ့ရှောင်၏ နတ်ဘုရားသွေး အပြည့်အဝ နိုးထသွားသည်နှင့် သူ၏ အစစ်အမှန် နတ်ဘုရားခန္ဓာကလည်း မြေကမ္ဘာ၏ သံလိုက်စက်ကွင်းကို ပြောင်းလဲပေးကာ စီရင်စု၉ခုတစ်ခုလုံးကို ထူးခြားသည့် ပြောင်းလဲမှုတစ်ခု ဆောင်ယူလာပေးသည်။
ထိုပြောင်းလဲမှုက အပြည့်အဝ အကျိုးအမြတ် ရှိစေတာပဲ ဖြစ်သည်။
နတ်ဘုရားအလင်းက ကောင်းကင်ထဲ ရောက်သွားပြီးနောက် စီရင်စု ၉ ခု တစ်ခုလုံးကို ပြန့်ကားသွား၏။
အချို့သော သိုင်းပညာရှင်များသည် အတွင်းရှိ နက်နဲသည့် ဆန်းကြယ်မှုကို အာရုံခံမိပြီး တစ်ခွန်းမှ မပြောပဲ မြေပြင်တွင် ထိုင်လိုက်၏။ ပြီးနောက် သူတို့က တင်ပလ္လင်ခွေချိတ်ထိုင်ကာ စတင်ကျင့်ကြံတော့သည်။
အားနည်းသော ကျင့်ကြံဆင့်ရှိသည့် သိုင်းပညာရှင်အချို့က ယခုအချိန်တွင် မကျင့်ကြံပေလျှင် သူတို့က တိုက်ရိုက် အဆင့်တက်သွားကြသည်။
ယခုအချိန်တွင် စီရင်စု၉ခုသည် သိုင်းပညာရှင်များအတွက် ပျော်ရွှင်ပင်လယ်တစ်ခု ဖြစ်လာတော့သည်။
သူတို့ဘဝ၌ ဟို့ထျန်းနယ်ပယ်တွင် ပိတ်မိနေကြသော အချို့သော သိုင်းပညာရှင်များသည် ရှန်းထျန်းနယ်ပယ်သို့ အဆင့်တက်လှမ်းနိုင်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် အဆင့်တက်လှမ်းသွားသည့်အခါ သူတို့ မျက်နှာပေါ်၌ မျက်ရည်များ ကျလာပြီး စိတ်လှုပ်ရှားနေတော့၏။
” ငါ အဆင့်တက်သွားပြီ။ အဆင့်တက်သွားပြီ။ နောက်ဆုံးတော့ ရှန်းထျန်းနယ်ပယ်ကို အဆင့်တက်သွားပြီ ”
ကြီးမြတ်သော ကျားဖြူနှင့် ပေ့ထျန်းစီတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး သူတို့အကြည့်များထဲ သံသယနှင့် အကြောက်တရားတို့ မြင်ရသည်။
” အထဲက လူက ဘာလုပ်လိုက်တာလဲ။ ဘယ်လိုများ ဒီလောက်ကြီးမားတဲ့ ရုတ်ရုတ်သဲသဲ ဖြစ်ရပ်ကို ပြုလုပ်ခဲ့တာလဲ ”
” ကြီးမြတ်သူ ကျားဖြူ ဘာတွေဖြစ်နေတာလဲ။ မင်းရဲ့ ဗဟုသုတနဲ့ ဒါကို မပြောနိုင်ဘူးလို့ ငါ့ကို မပြောနဲ့နော် ”
ကြီးမြတ်သော ကျားဖြူသည် အသက်ပြင်းပြင်းတစ်ချက် ရှူပြီးနောက် ချန်ပိုင်နဂါးသွေးကြောပေါ်ရှိ ၇ရောင်ခြယ် နတ်ဘုရားအလင်းကို လေးနက်တည်ကြည်သော အမူအယာဖြင့် ကြည့်လိုက်၏။
” ရိုးရိုးသားသား ပြောရရင် ကျွန်မ တကယ်မသိဘူး။ ဒါက ဘာဆိုလိုတာလဲ။ ဒါပေမဲ့ ကျွန်မ သိတာတစ်ခုတော့ ရှိတယ်။ စီရင်စု၉ခုက ဒီတစ်ခေါက် သားရဲကပ်ဘေးနဲ့ ရင်ဆိုင်ရတဲ့အချိန် အဆင်ပြေလောက်တယ်။ အခုကစပြီး သူတို့ အဆင်ပြေမယ်လို့တောင် ပြောလို့ရတယ် ”
ပေ့ထျန်းစီ၏ ရင်ထဲ တုန်လှုပ်သွားလေ၏။ ကြီးမြတ်သော ကျားဖြူ၏ စကားနောက်ရှိ အဓိပ္ပာယ်ကို သူ သိသည်။
သူက လက်သီးကျစ်ကျစ် ဆုပ်ပြီးနောက် သူ့ရှေ့ရှိ တောင်ကို စိုက်ကြည့်လိုက်၏။
ယခုအချိန်တွင် ယဲ့ရှောင်ကို ဤနေရာသို့ သူ ခေါ်လာတာ မှန်ကန်သည့် အကြောင်းအရင်း ဖြစ်သည်ဟု ခံစားလိုက်မိသည်။
ကျန်းဟိုင်မြို့ရှိ ဆက်တိုက် တိုက်ပွဲများကြောင့် နတ်ဘုရား လီလျိုဆွေ့သည် အသိတရား အနည်းငယ် တဖြည်းဖြည်းချင်း ပြန်ရလာ၏။
ကြီးမြတ်သော လိပ်နတ်ကလည်း အစွမ်းထက်လွန်းသည်။
သူက အစစ်အမှန် ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်၏။ သို့သော် လီလျိုဆွေ့ကမူ နောက်ဆုံးအဆင့် မရောက်သေးပေ။
ကျန်းချန်၏ ကျင့်စဥ်သည် အဓိကအားဖြင့် ခုခံခြင်း ဖြစ်သော်ငြား ဘုရင်နယ်ပယ်က ဘုရင်နယ်ပယ် ဖြစ်နေသေး၏။
သာမန်တိုက်ခိုက်မှုဆိုလျှင်တောင် လီလျိုဆွေ့၏ ခွန်အားအပြည့် တိုက်ခိုက်မှုနှင့် ယှဥ်နိုင်သေး၏။ လီလျိုဆွေ့က သူ့အတွက် ပြိုင်ဘက် မဟုတ်ပေ။
သူ၏ စွမ်းအား ဖိနှိပ့်ထားမှုအောက်၌ လီလျိုဆွေ့၏ နတ်ဆိုးစွမ်းအင်များသည် အနည်းငယ် ပြိုကွဲသွားကာ သူ၏ အသိစိတ်က အနည်းငယ် ပြန်ရလာ၏။
” ကြီးမြတ်သူ ဒုက္ခခံပေးတာအတွက် ကျေးဇူးတင်ပါတယ် ”
ကြီးမြတ်သော လိပ်နတ်က နတ်ဆိုးစွမ်းအင်၏ ညှင်းပမ်းမှုအောက်၌ ပုံပျက်ပန်းပျက် ညှိုးရော်လာနေသည့် လီလျိုတွေ့ကို ကြည့်လိုက်သည်။
” လျိုဆွေ့။ မင်း ထိန်းထားနိုင်သေးလား ”
လီလျိုဆွေ့က ခါးသက်စွာ ပြုံးလျက် ခေါင်းအနည်းငယ် ခါလိုက်သည်။
” တခြားနည်း မရှိဘူး။ ကျွန်တော့် ခန္ဓာကိုယ်ကို အခု ဖိနှိပ့်ထားနိုင်တယ်။ ဒါက ကျွန်တော် တတ်နိုင်သမျှ အကုန်ပဲလေ။ သိပ်မကြာခင်မှာ နောက်ဆုံး အသိစိတ်ကလည်း နတ်ဆိုးစွမ်းအင်ရဲ့ အပြည့်အဝ ဝါးမြိုမှုကို ခံလိုက်ရမှာ ”
” ကြီးမြတ်သူ သတ်လိုက်ပါတော့ ”
” ကျွန်တော် အသိစိတ် တစ်စွန်းတစ်စ ကျန်နေသေးတဲ့အချိန် ကျွန်တော့်ကို မြန်မြန် သေခွင့်ပေးပါတော့။ ဒါက ကျွန်တော့်ကို ကူညီရာ ရောက်တယ် ”
” အနည်းဆုံးတော့ ကျွန်တော် သေသွားတဲ့အချိန် လူသားတစ်ယောက်အနေနဲ့ သေနိုင်တယ်။ လူသားတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာကို ထိန်းထားနိုင်တယ်လေ ”
ထိုသို့ပြောပြီးနောက် လီလျိုဆွေ့က ကောင်းကင်ကို မော့ကြည့်လိုက်၏။ သူ၏ မျက်လုံးထဲ၌ စိတ်သက်သာရာ ရမှုများ ပြည့်နေသည်။
လူတစ်ယောက် သေသွားပြီးနောက် သူ၏ ဝိညာဥ်သည် ကောင်းကင်ထဲရှိ ကြယ်တစ်ပွင့်အဖြစ် ပြောင်းလဲသွားသည်ဟု ဆိုကြသည်။
သူသည် ကြယ်တစ်ပွင့်အဖြစ် ပြောင်းလဲသွားမလား သို့မဟုတ် မည်သည့်နေရာတွင် ပြန်ပေါ်လာမည်မှန်း မသိပေ။ စီရင်စု ၉ ခုကို ကြည့်နေနိုင်သေးသည်လော။
လိပ်နတ်၏ မျက်လုံးများက နာလာလေ၏။
ယင်းက နောက်ဆုံးအခိုက်အတန့်မှန်း သူ သိနေသည်။ အခွင့်အရေးရှိနေသေးသရွေ့ လီလျိုဆွေ့က သူ့ကို လုပ်ခွင့်ပေးမှာ မဟုတ်ပေ။
သူ့ခန္ဓာကိုယ်၏ အခြေအနေကို သူ့ထက် မည်သူမှ ပိုရှင်းရှင်းလင်းလင်း မသိပေ။
ကံဆိုးသည်မှာ စီရင်စု ၉ ခုအတွက် နှစ်ပေါင်းများစွာ တိုက်ခိုက်ပေးခဲ့သော သိုင်းပညာရှင်တစ်ဦးသည် သူ၏ လက်ထဲ သေဆုံးရတော့မည်။
ထိုကဲ့သို့ ရင်နာစရာသည် သူ့ဘက်တွင် မရှိသည့်သူများ နားလည်နိုင်ရန် ခက်ခဲလှ၏။
သို့သော် သူ ရင်နာနေသော်ငြား ပြန်လည်တိုက်ခိုက်ရဦးမည်။
သူ့ပြိုင်ဘက် ပူးကပ်ခံရသည့်အနေအထားထိ စောင့်ခဲ့လျှင် ဖြေရှင်းရ လွယ်ကူတော့မှာ မဟုတ်ပေ။
သူက ထွက်ပြေးပြီး ပုန်းရန် နေရာတစ်နေရာ ရှာလိုက်နိုင်၏။ ထိုသို့ဆိုလျှင် နောင်ကြ လူသားကမ္ဘာကို ဒုက္ခပေးနိုင်လောက်သည်။ ဤနည်းဖြင့် သူလည်း အပြစ်ရှိသလို ခံစားနေရမည်။
အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် ကျန်းချန်သည် စွမ်းအားကို စတင်စုဝေးလိုက်၏။
သူ၏ ခန္ဓာကိုယ်ထဲ သူ၏ ကျင့်စဥ်ကို လျင်မြန်စွာ လှည့်ပတ်လိုက်ပြီးနောက် ဝိညာဥ်စွမ်းအင် အားလုံးကို သူ၏ လက်သီးထဲ ဦးတည်လိုက်သည်။
ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ အစွမ်းအထက်ဆုံး တိုက်ကွက်သည် ယခုအချိန်၌ ကျရောက်လာ၏။
ကမ္ဘာကြီးသည် မိုးခြိမ်းသံတစ်သံဖြင့် ပြောင်းလဲသွားပြီး လေနှင့် တိမ်တိုက်များ ပြိုကွဲသွားကာ တစ္ဆေများနှင့် နတ်ဘုရားများ ထိတ်လန့်ကုန်၏။
ယခုအချိန်တွင် ဤလောကထဲ၌ ထိုလက်သီးက ကျန်ရစ်ခဲ့သည်။ လက်သီး၏ အလင်းက လီလျိုဆွေ့ကို အပြည့်အဝ လွှမ်းခြုံသွားသည်။
သို့သော် နောက်ဆုံးအခိုက်အတန့်၌ မွန်မြတ်သော အလင်းရောင်သည် ကောင်းကင်ထဲ၌ ရုတ်တရက် ပေါ်လာ၏။
မွန်မြတ်သော အလင်းရောင်ကို မြင်ချိန်၌ လီလျိုဆွေ့၏ ခန္ဓာကိုယ်က လှုပ်ခါသွားသည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ မိစ္ဆာစွမ်းအင်များအားလုံးက ချက်ချင်း လှဲကျင်းခံလိုက်ရကာ ကြွယ်ဝသည့် ဝိညာဥ်စွမ်းအင်အဖြစ် ပြောင်းလဲသွား၏။
ဖုန်း။
တစ်ချိန်တည်းတွင် လက်သီးအလင်းက ပေါက်ကွဲသွားပြီး သူ၏ ခန္ဓာကိုယ်သည်လည်း အလိုအလျောက် အစွမ်းထက်သည့် ခုခံခြင်း အရံအတားတစ်ခု ဖွဲ့တည်ကာ ကြီးမြတ်သော လိပ်နတ်ကျန်းချန်၏ လက်သီးကို ပိတ်ဆို့ပေးနေ၏။
သူ၏ လက်ရှိ ကျင့်ကြံဆင့်ဖြင့် ကျန်းချန်၏ လက်သီးကို ပိတ်ဆို့ဖို့က မဖြစ်နိုင်ပေ။
သို့သော်ငြား အရံအတား ဖွဲ့တည်လိုက်ချိန် သူ၏ ခန္ဓာကိုယ်က ဘုရင်နယ်ပယ်သို့ အဆင့်တက်သွား၏။
ပြီးနောက် အကန့်အသတ်မဲ့ ဝိညာဥ်စွမ်းအင်များသည် အရပ်မျက်နှာအနှံ့ကနေ ရောက်ချလာပြီး သူ့ရှေ့ရှိ ဝိညာဥ်စွမ်းအင် အရံအတားဆီသို့ စီးဝင်လာ၏။
အလင်းပျောက်ကွယ်သွားသောအခါ နတ်ဆိုးနှင့် တူခဲ့သော လီလျိုဆွေ့က ပျောက်ကွယ်သွား၏။
သူ၏ နေရာတွင် သိမ်မွေ့သည့် အဖိုးအိုတစ်ဦးသာ ကျန်ရစ်တော့သည်။ သူက တည်ငြိမ်ပြီး ညင်သာ၏။ သူ့၌ သတ်ဖြတ်လိုစိတ် မရှိပေ။
ကြီးမြတ်သော လိပ်နတ်က သက်ပြင်းချလိုက်၏။
” နောက်ဆုံးအခိုက်အတန့်မှာ မင်းက မြေပြင်ကို ချိုးဖျက်ပြီး ပြန်လည်မွေးဖွား။ ကန့်သတ်ချက်အလွှာကို ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဂုဏ်ပြုပါတယ်ကွာ ”
လီလျိုဆွေ့က ခေါင်းညိတ်လိုက်၏။ လက်ရှိ သူက အစစ်အမှန် ဘုရင်နယ်ပယ် သိုင်းပညာရှင် ဖြစ်နေပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကြွယ်ဝသော စွမ်းအင်များကို ခံစားမိပြီး သက်ပြင်းချလိုက်မိ၏။
ဒီစွမ်းအားက သူ နှစ်ပေါင်းရာချီ ရရှိဖို့ ကြိုးစားနေခဲ့တဲ့ အရာလား။
တကယ်အစွမ်းထက်တာပဲ။
သို့သော် သူသည် ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ယောက် မည်မျှ အစွမ်းထက်ကြောင်း သိသွားသောကြောင့် ယဲ့ရှောင် မည်မျှ အင်အားကြီးကြောင်း မတွေးမိပဲ မနေနိုင်တော့ချေ။
အသက် ၂၁နှစ်အရွယ်၌ ထိုအဆင့်ကို တက်လှမ်းနိုင်ခဲ့ချေ။ ယဲ့ရှောင်၏ တည်ရှိမှုက ဆန်းကြယ်မှုတစ်ရပ် ဖြစ်နေ၏။
” အစောတုန်းက သက်တံ့အလင်းရောင်က အရှေ့မြောက်ဘက်ကနေ လာတာပဲ။ ဖြစ်နိုင်တာက ”
လီလျိုဆွေ့က သူ၏ ခန့်မှန်းချက်ကို ပြောပြရန် ကြိုးစားခဲ့၏။
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
” တခြားလူက ဒါမျိုး လုပ်နိုင်မယ် မထင်ဘူး။ အဲ့ဒီကလေးက တကယ်မကောင်းဆိုးဝါးပဲ။ သူ ထိတ်လန့်ဖွယ် ဖြစ်ရပ်တစ်ခုကို ဖန်တီးလိုက်တိုင်း လူတွေကို ဆွံ့အသွားစေတယ် ”
ချန်ပိုင်နဂါးသွေးကြောထဲတွင် ယဲ့ရှောင်က သူ၏ လက်ရှိအခြေအနေကို ပြန်လည် စစ်ဆေးနေသည်။ သူ၏ လက်သီးသိုင်းကို ပေါင်းစည်းပြီးနောက် အိပ်ပျော်နေသော နဂါးသွေးကြောကို ကြည့်ချိန်၌ နွေးထွေးမှုကို ခံစားရသည်။
နဂါးသွေးကြောသည် သူ့ကို နောက်ဆုံးအခိုက်အတန့်၌ နဂါးစွမ်းအင်များ ပိုမသွင်းပေးခဲ့လျှင် သူသည် နတ်ဘုရားသွေးအားလုံးကို အောင်မြင်စွာ နိုးထစေနိုင်မှာ မဟုတ်ကြောင်း သူ သိနေ၏။
စီနီယာ နဂါးသွေးကြောသည် သူ့ကို သူ ထိခိုက်ဒဏ်ရာမရစေရန် နဂါးစွမ်းအင် ၁၀ပုံ၁ပုံသာ ပေးမည်ဟု ပြောခဲ့သော်ငြား အဆုံးတွင်မူ ယဲ့ရှောင်ကို ကာကွယ်ပြီး သူ၏ နဂါးစွမ်းအင်ကို စတေးရန် ရွေးချယ်ခဲ့၏။ အဆုံးတွင် သူက ရွေးချယ်စရာမရှိတော့ပဲ နက်ရှိုင်းစွာ အိပ်မောကျသွားသည်။ ထိုအချက်ကို ကြည့်ပြီး ယဲ့ရှောင်က နောင်ကြ တစ်ဖက်သူ၏ မျက်နှာသာပေးမှုကို သေချာပေါက် ပြန်ပေးဆပ်မည်ဟု သူ တွေးလိုက်သည်။
သူက ယခုအချိန်တွင် ဧကရာဇ်နယ်ပယ်သို့ အမှန်တကယ် အဆင့်မတက်သေးပေ။ ထို့အပြင် သူက အဆင့်တက်ခဲ့ပေလျှင် နဂါးသွေးကြောကို ဘာမှလုပ်ပေးနိုင်ဦးမှာ မဟုတ်ပေ။
ပိုတောင် သန်မာသည့်နယ်ပယ်သို့ ရောက်သည့်အချိန်မှ သူသည် စီနီယာ နဂါးသွေးကြော နဂါးစွမ်းအင်ကို ပြင်ပေးဖို့ အခွင့်အရေးတစ်ခု ရှိမှာဖြစ်သည်။
သို့သော် ယင်းက ကိစ္စမရှိပေ။ ယဲ့ရှောင်သည် သူ၏ လက်ရှိ ကျင့်ကြံမှု အရှိန်ဖြင့် ၄င်းက အဆင့်တက်ဖို့ သိပ်လိုတော့မည်ဟု မထင်ပေ။ ထိုအချိန်ကြ သူသည် စီနီယာ နဂါးသွေးကြောကို သေချာပေါက် ကျေးဇူးဆပ်နိုင်လိမ့်မည်။
တစ်ဖက်သူဘက်လှည့်ပြီး လက်သီးဆုပ်မိုး အရိုအသေပေးပြီးနောက် ယဲ့ရှောင်သည် နဂါးသွေးကြောထဲကနေ လှည့်ထွက်သွားပြီး အပြင်လောကသို့ ပြန်သွားလိုက်၏။
ယင် ယန် လွတ်မြောက်ခြင်းကျင့်စဥ်ဖြင့် သူသည် ကောင်းကင်လှေကားကို အသုံးပြုရန် မလိုတော့ပေ။ သူသည် မည်သည့် အစီအရင် သဘာဝ ခုခံမှုကိုမဆို အလွယ်တကူ ဖြတ်ကျော်နိုင်၏။
ထို့ကြောင့် သူသည် နဂါးသွေးကြော၏ ပိတ်ဆို့မှုကို ဖြတ်ကျော်ပြီး တောင်အပြင်ဘက်ဆီသို့ တန်းသွားနိုင်သည်။
အပိုင်း ၂၇၆ ပြီး၏။