Switch Mode

Chapter – 275

နတ်ဘုရားတစ်ပါး မွေးဖွားခြင်း။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၇၅ နတ်ဘုရားတစ်ပါး မွေးဖွားခြင်း။

ထိုဓါးမော့ရောင်ခြည်သည် ကောင်းကင်ကို လှုပ်ခါသွားစေသည့် စွမ်းအား ရှိသည်။ သို့သော် လီလျိုဆွေ့၏ အသိစိတ် ရှိနေသောကြောင့် ထိုသိုင်းကွက်သည် ကြီးမြတ်သောလိပ်နတ်ကို မထိခိုက်စေခဲ့ပေ။ ယင်းက သူ့ကို ဖြတ်ကျော်သွားရုံသာ ရှိ၏။
ကြီးမြတ်သော လိပ်နတ်က အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် ဆုံးဖြတ်ချက် ချထားသော အမူအယာဖြင့် ရှေ့သို့ တစ်လှမ်းတိုးလိုက်လေ၏။
သူသည် သူ၏ ဘူရင်နယ်ပယ် ခွန်အားကို သုံးပြီး သူ၏ လိပ်နတ်ခွန်အား၏ ခုခံမှုဖြင့် လီလျိုဆွေ့ကို ဖိနှိပ့်ထားကာ သူ့အတွက် အချိန်ဆွဲချင်၏။
ကျန်းဟိုင်မြို့၏ မြို့သူမြို့သားများသည် လွန်ခဲ့သည့် ရက်အနည်းငယ်တည်းက နေရာရွှေ့ပြောင်းထားပြီ ဖြစ်၏။ ထို့ကြောင့် သူသည် လီလျိုဆွေ့နှင့် လွတ်လွတ်လပ်လပ် တိုက်ခိုက်နိုင်သည်။
စာကြည့်တိုက်အောက်ရှိ မွေးမြူရေးကွင်း၌ ဂိမ်းဆော့ကာ စကားပြောလျက် ပျားရည်စုဆောင်းကာ အချို့က နွားနို့ထုတ်နေသည့် ကြယ်တာရာသားရဲများက ရှိသည်။ ရုတ်တ ရက် သူတို့ခေါင်းထက်၌ တွင်းပေါက်ကြီးတစ်ပေါက် ပေါ်လာလေ၏။
ပြီးနောက် ကြယ်အလင်းစီးကြောင်းက ကျရောက်လာသည်။
ကြယ်တာရာသားရဲများအားလုံး မင်သက်သွားလေ၏။ အစီအရင် တကယ်ကြီး ကျိုးပျက်သွားတာလား။ အမှန်တကယ်တွင် နားလည်ရ မခက်ခဲပေ။
ယဲ့ရှောင်က ဤနေရာ၌ ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ယောက် သို့မဟုတ် ဘုရင်နယ်ပယ် သိုင်းပညာရှင်နှင့် ယှဥ်နိုင်စွမ်းရှိသည့် သိုင်းပညာရှင်များ ထိုနေရာကို တိုက်ခိုက်လိမ့်မည်ဟု မထင်ထားပေ။ ထို့ကြောင့် အစီအရင်ထဲ၌ သူ ထားခဲ့သော ဝိညာဥ်ကျောက်တုံးအရေအတွက်သည် ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ယောက်ကို ရင်ဆိုင်ရာ၌ ခုခံဖို့သာ လုံလောက်သည်။
အစီအရင်၏ အဆင့်သည် အစီအရင်အအဆင့်၏ အထက်အကန့်အသတ်နှင့် သက်ဆိုင်နေတာဖြစ်ပြီး နောက်တစ်ခုက ဝိညာဥ်ကျောက်တုံးများနှင့် သက်ဆိုင်နေသောကြောင့် ဖြစ်သည်။
အစီအရင် အဆင့်၏ အကန့်အသတ်က မလုံလောက်ပေ။ ဝိညာဥ်ကျောက်တုံး မည်မျှများစွာ ရှိစေကာမူ အစီအရင်၏ အဆင့်အတွင်း အာနိသင်ကိုသာ သူတို့က ထုတ်ဖော်နိုင်လိမ့်မည်။
အစီအရင်၏ အထက်အဆင့်အကန့်အသတ်က လုံလောက်သော်ငြား ဝိညာဥ်ကျောက်တုံးက မလုံလောက်ပေ။ ထို့ကြောင့် ၄င်း၏ ခွန်အားကို အပြည့်အဝ မထုတ်ဖော်နိုင်တာပဲ ဖြစ်၏။
သ်ု့သော်ငြား ဝိညာဥ်ကျောက်တုံးများစွာ ထည့်ထားခဲ့လျှင် ဝိညာဥ်ကျောက်တုံးများစွာကို သုံးစွဲရလိမ့်မည်။ ကုန်တင်ကားတစ်စီးကို သုံးပြီး အိတ်ထဲမှ ပစ္စည်းများကို ဆွဲထုတ်ခြင်းနှင့် မော်တော်ဆိုင်ကယ်ကို သုံးပြီး တစ်စုံတစ်ခုကို ဆွဲယူခြင်းကြား လောင်စာကုန်ဆုံးမှု ပမာဏ ကွဲပြားမှာ သေချာ၏။
ထို့အပြင် ဝိညာဥ်ကျောက်တုံး အရေအတွက်က အကန့်အသတ် ရှိ၏။ ဝိညာဥ်ကျောက်တုံးတွင် ပါဝင်သော ဝိညာဥ်စွမ်းအင်ကလည်း အကန့်အသတ် ရှိသည်။ နေ့စဥ်ကုန်ဆုံးမှုက များပေလိမ့်မည်။
ထိုအကြောင်းအရင်းကြောင့် ယဲ့ရှောင်သည် ကြယ်တာရာသားရဲများ၏ ခွန်အား တိုးလာသည်အထိ စောင့်ပြီးမှ အစီအရင်၏ ဝိညာဥ်ကျောက်တုံးကို ဆက်လက် တိုးမြှင့်ကာ ၄င်း၏ ခွန်အားကို မြင့်တက်အောင် ပြုလုပ်ရန် စီစဥ်ထားတာပဲ ဖြစ်သည်။
သို့သော် ထိုအချိန်၌ လီလျိုဆွေ့က အချိန်အတော်ကြာ ထိန်းထားခဲ့ရတာ ဖြစ်သည်။ နတ်ဆိုးစွမ်းအင်၏ ခွန်အားပါ ထည့်ပေါင်းလိုက်လေရာ ဘုရင်နယ်ပယ် သိုင်းပညာရှင်၏ တိုက်ကွက်ထက် နိမ့်ဖို့က မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ထိိုသိုင်းကွက်သည် တော်ဝင်အစီအရင်ကို ဖြိုခွဲခဲ့၏။
ကြယ်တာရာသားရဲများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ရုတ်တရက် ထိတ်လန့်ကုန်၏။
” သေစမ်း။ အစီအရင် ကျိုးပျက်သွားပြီ ”
” မဖြစ်နိုင်ဘူး။ ဘယ်သူက ဒီလောက် ကြမ်းရတာလဲ။ သူတို့က အစီအရင်ကို တကယ်ကြီး ဖျက်ဆီးနိုင်တယ်။ အံ့သြဖို့ ကောင်းလွန်းတယ် ”
” အစီအရင် ပျက်စီးသွားပြီ။ ဆိုလိုတာက ငါတို့ လွတ်မြောက်ပြီလား ”
ကြယ်တာရာသားရဲ အချို့၏ မျက်ဝန်းများက ရုတ်တရက် လက်သွားလေ၏။
သို့သော်ငြား ယခုအချိန်တွင် လူတိုင်းက တိတ်ဆိတ်သွား၏။ ကြယ်တာရာသားရဲတစ်ကောင်မှ မလှုပ်ရှားပေ။
ယခင်ကသာဆိုလျှင် သူတို့က သားရဲပျံများအဖြစ် ပြောင်းလဲပြီး အရပ်မျက်နှာအနှံ့ ပျံပြေးသွားလောက်ပြီ ဖြစ်သည်။ ယခုအချိန်တွင် သူတို့က ခြေလှမ်းတောင် အပြင်မလှမ်းနိုင်ပဲ သိလိုက်ရ၏။ သူတို့က ယဲ့ရှောင်ကို ကြောက်ရွံ့သောကြောင့် မဟုတ်ပေ။ ဆိုရလျှင် ယဲ့ရှောင်က သန်မာသော်ငြား သူတို့၌ ကြယ်တာရာသားရဲများစွာ ရှိသည်။ သူတို့ လူခွဲပြီး ပြေးပါက ယဲ့ရှောင်က သူတို့ကို လိုက်ဖမ်းနိုင်မှာ မဟုတ်ပေ။
ပြဿနာက သူတို့ ဤနေရာကနေ ထွက်ပြေးသွားသည်နှင့် ကျင့်ကြံရန်အတွက် ဤကဲ့သို့ နေရာကောင်းတစ်ခုကို မည်သည့်နေရာ၌ ရှာရမည်နည်း။
ယဲ့ရှောင်၏ ဝိညာဥ်စုစည်းခြင်း အစီအရင်က ကျန်းဟိုင်တစ်မြို့လုံး၏ ဝိညာဥ်စွမ်းအင်ကို မြှင့်တင်ပေးထားသည်။ အထူးသဖြင့် မွေးမြူရေးကွင်းထဲ၌ ဝိညာဥ်စွမ်းအင်ပဲ ဖြစ်သည်။
ထိုဝိညာဥ်စုစည်းခြင်း အစီအရင်ထဲ၌ သူတို့ ၏ ကျင့်ကြံမှု အရှိန်က နှစ်ဆဖြစ်သည်။
အကြောင်းမှာ ကြယ်တာရာသားရဲများသည် ဝိညာဥ်စွမ်းအင်ကို ဆက်တိုက် စုပ်ယူရန် သူတို့ကိုယ်ပိုင် ခန္ဓာကိုယ်ကို အားထားနေရသောကြောင့်ပဲ ဖြစ်သည်။
နောက်တစ်ချက်က ယဲ့ရှောင် သူတို့ကို ပေးသည့် အရင်းအမြစ်ပဲ ဖြစ်သည်။ ထိုမိုးနှင့်မြေရတနာများသည် နေ့စဥ်နေ့တိုင်း သုံးစွဲမှု များပြားလွန်း၏။
သူတို့သည် နေ့စဥ်နေ့တိုင်း သူတို့သွေးနှင့် အသားအချို့ကို စတေးရသော်ငြား ယဲ့ရှောင် သူတို့အား ပေးသည့်ပစ္စည်းများနှင့် ယှဥ်လျှင် သူတို့ မည်မျှ ရမှန်း မသိပေ။
ထိုအချက်တစ်ခုတည်းကပင် လွတ်လပ်မှုနှင့် ယှဥ်လိုက်လျှင် လွတ်လပ်မှုက သိပ်အရေးမပါတော့ပေ။
လွတ်လပ်မှုဟု ခေါ်သည့်အရာက အပြင်ဘက်၌ လွတ်လွတ်လပ်လပ် သွားလာနိုင်ရုံသာ ဖြစ်သည်။ သို့သော်ငြား အပြင်သို့ ထွက်ပြီးနောက် သူတို့သည် ထိပ်တန်းအဆင့် ကြယ်တာရာသားရဲများ၏ အမိန့်ကို နာခံရဦးမည်။ ယင်းက တူတူပဲ မဟုတ်ပါလော။ သူတို့သည် တစ်ပါးသူအတွက် ဓါးတောင်ကိုကျော် မီးပင်လယ်ကို ဖြတ်ရဦးမည်။
အစစ်အမှန် လွတ်လပ်မှုကို ရဖို့က မဖြစ်နိုင်ပေ။
လွတ်လပ်မှုသည် ခွန်အားကို အားကိုးခြင်းဖြင့်သာ ရရှိနိုင်၏။ ခွန်အားမရှိပဲ အရာအားလုံးက နတ္ထိသာ ဖြစ်၏။
ထို့ကြောင့် ဤနေရာတွင် သူတို့ ကျင့်ကြံဆင့်ကိုလည်း မြှင့်တင်နိုင်၏။ ထို့အပြင် မြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်တာ ဖြစ်သည်။
နေ့စဥ်နေ့တိုင်း၌ သူတို့၏ ကိုယ်ပိုင် အသားနှင့် အသွေးများကို စတေးရပြီး သူတို့အသက်ကိုတောင် ဂရုမစိုက်ပေ။ ထို့အပြင် ဤနေရာတွင် နေခြင်းဖြင့် ယဲ့ရှောင်သည် သူတို့ ဘေးကင်းမှုကိုလည်း အာမခံနိုင်၏။ ဤနည်းဖြင့် အမှန်တကယ် အကျိုးအမြတ် ရှိသည်။
သူတို့က ကြယ်တာရာသားရဲများ ဖြစ်ပေလျှင် သူတို့ ဦးနှောက်က လူသားများလောက် ဉာဏ်မထက်မြတ်၊ အကြံအစည်များ၊ လှည့်ကွက်များ ရှိမနေလျှင်ပင် သူတို့ ဦးနှောက် ရှိသေးသည်။
သူတို့အတွက် ဘာက ပိုကောင်းလဲ။ သူတို့အတွက် ဘာက ပိုအဆင်ပြေလဲ။ သူတို့ ပြောနိုင်သေးတယ်။
” ငါ ငါ မထွက်သွားချင်ဘူး ”
” ဒါပေမဲ့ ဒါပြီးရင် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။ ယဲ့ရှောင်က တခြားသူတွေနဲ့ တိုက်ခိုက်ပြီးနောက် ပွင့်သွားတာ ဖြစ်လောက်တယ်။ သူ ရှာတွေ့သွားတဲ့အချိန် အစီအရင်ကို သေချာပေါက် ခွန်အား မြှင့်တင်မှာပဲ။ အဲ့ဒီအချိန်ကြရင် ငါတို့အတွက် လွတ်မြောက်ဖို့ဆိုတာက ကောင်းကင်ကို တက်လှမ်းရသလောက် ခက်ခဲသွားမှာ ”
ပြောလိုက်သည့်သူက ဖုန်းလုံနှင့် ချင်းနျိုပဲ ဖြစ်သည်။ သူတို့နှစ်ယောက်သည် နောက်ဆုံးမှ ဝင်လာတာ ဖြစ်၏။ ထို့ကြောင့် သူတို့က ကြယ်တာရာသားရဲများအနက် ထွက်ပြေးရန် တွေးမိသည့်သူများသာ ဖြစ်သည်။ ကျန်သည့် ကြယ်တာရာသားရဲများသည် ယဥ်ပါးအောင် သိမ်းသွင်းခံရပြီးနောက် ထိုကဲ့သို့ ဘဝမျိုးကို အသားကျနေကြပြီ ဖြစ်သည်။
” ဒါပေမဲ့ ငါတို့ အပြင်ထွက်ရင် ဘာလုပ်နိုင်မှာလဲ။ ငါတို့ အပြင်ထွက်ပြီး အသက်ရှင်ချင်တယ်ဆိုရင် အင်အားစုတစ်စုထဲ သေချာပေါက် ဝင်ရမယ်။ အံ့ဖွယ်သားရဲတစ်ကောင်ကို ဘော့စ်အနေနဲ့ အသိအမှတ်ပြုရမယ်။ ပြီးတော့ လူသားသိုင်းပညာရှင်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်တဲ့ စစ်ပွဲထဲ ဝင်ပါရဦးမှာ။ ဒါက ဒီနေရာနဲ့ ကွာလို့လား ”
” ဒီနေရာက လုံလည်း လုံခြုံတယ်။ စားစရာရှိတယ်။ သောက်စရာ ရှိတယ်။ ဝိညာဥ်စွမ်းအင် ကြွယ်ဝတယ်။ အပြင်ထွက်တာထက် ပိုကောင်းလို့လား ”
” ငါတို့ အပြင်ထွက်ပြီး သွားတာနဲ့ ငါတို့ လေ့ကျင့်မှုက နှေးကွေးသွားရုံတင်မကဘူး။ လူသားသိုင်းပညာရှင်တွေနဲ့ ကြုံတွေ့ရင် ငါတို့ သေအောင်တောင် အရိုက်ခံရမှာ။ ဒါက အကျိုးအမြတ်ထက် ဆုံးရှုံးမှုက များနေတာ မဟုတ်ဘူးလား ”
” ဟုတ်တယ် ဟုတ်တယ်။ စီနီယာ နော့ဖစ်ပြောတာ ယုတ္တိရှိတယ်။ ငါ မငြင်းဘူး ”
” ဒါပေမဲ့ ငါတို့က ကြယ်တာရာသားရဲတွေလေ။ ဒီနေရာမှာ ဘယ်လိုလုပ် မွေးမြူးရေး တိရစ္ဆာန်အဖြစ် အမြဲတမ်း နေနိုင်မှာလဲ။ ဒါ့အပြင် ငါတို့က လူသားတစ်ယောက်အတွက် မွေးမြူရေး တိရစ္ဆာန် ဖြစ်နေတာလေ ”
” မွေးမြူရေးတိရစ္ဆာန် ဖြစ်ရတာ ဘာမှားလို့လဲ။ ယဲ့ရှောင်ကလည်း ပါရမီရှင် သိုင်းပညာရှင်တစ်ယောက်ပဲ။ ဒါ့အပြင် သူ့ရဲ့ ခွန်အားက မြန်မြန်ဆန်ဆန် တိုးတက်နေတာ။ သူ ထိပ်တန်းအဆင့် သိုင်းပညာရှင် ဖြစ်လာဖို့ မလိုတော့ဘူး။ နတ်ဘုရားတစ်ပါးတောင် ဖြစ်လာလောက်တယ် ”
” သူက သိပ်သန်မာတယ်လေ။ သူ့အတွက် မွေးမြူရေးတိရစ္ဆာန်ဖြစ်ရတာ ရှက်စရာ မရှိဘူး ”
” ဟုတ်တယ်။ ဒါ့အပြင် ငါတို့ရဲ့ ကျင့်ကြံဆင့်တွေကလည်း အရမ်း မြန်မြန်ဆန်ဆန် တိုးတက်လာတာ။ ငါတို့တွေသာ နောင်ကြ အံ့ဖွယ်သားရဲ ဒါမှမဟုတ် စူပါအံ့ဖွယ်သားရဲ ဖြစ်လာခဲ့ရင်တောင် ငါတို့ အပြင်ထွက်တဲ့အခါ ကိုယ့်ဘာ့သာကို ဒေသတစ်ခုကို အုပ်စိုးနိုင်မှာ မဟုတ်ဘူးလား ”
” ငါတို့တွေ တခြားသူတွေရဲ့ လက်ပါးစေ ဖြစ်စရာ မလိုဘူး။ တခြားသူတွေရဲ့ အမူအယာကို ကြည့်နေစရာ မလိုဘူး။ ငါတို့တွေ တခြားသူတွေအတွက် ရေမီးတွေကို ဖြတ်ကျော်စရာ မလိုဘူး။ ငါတို့တွေက ဓါးတောင်ကို ကျော်ပြီး မီးပင်လယ်ကို ဖြတ်ကျော်ရမယ်ဆိုရင် လှပနေမှာတဲ့လား ”
ဖုန်းလုံနှင့် ချင်းနျိုက ရှုပ်ထွေးသွား၏။
ထိုလူတစ်စုသည် သိမ်းသွင်းခံရသည့် အနေအထားသို့ ရောက်နေပြီမှန်း သူတို့ ပြောနိုင်၏။
ယဲ့ရှောင်က သူတို့ကို ပေးတာ များလွန်းသည်။ သူသည် သူတို့ကို များစွာ ကျွေးမွေးခဲ့၏။ နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။
” ထားလိုက်တော့။ သူတို့ကို ကယ်တင်လို့ မရတော့ဘူး ထင်တယ်။ ငါတို့နှစ်ယောက် အရင်ထွက်သွားသင့်ပြီ။ ဒီနေရာရဲ့ အခြေအနေအကြောင်း အရှင်ကျားနတ်ဘုရားကို ပြောလိုက်တာပေါ့။ အရှင်ကျားနတ်ဘုရားက ယဲ့ရှောင်ကို သုတ်သင်ရှင်းလင်းပြီး သူတို့ကို ကယ်လိုက်ရင် ကျားနတ်ဘုရား လက်အောက်မှာ သူတို့ တာဝန်ထမ်းဆောင်ရင် သူတို့နည်းလမ်း ပြောင်းလဲသွားမှာပဲ ”
ကြယ်တာရာသားရဲနှစ်ကောင်သည် သူတို့ဆုံးဖြတ်ချက်ကို သေချာသွားပြီ ဖြစ်သည်။ သူတို့က အလင်းရောင်ခြည်တန်းအသွင် ချက်ချင်း ပြောင်းပြီး မွေးမြူရေးကွင်းပြင်ကနေ ထွက်သွားရန် ပြင်ဆင်လိုက်၏။
သို့သော် ထိုစဥ် ဓါးမော့အလင်းရောင်ခြည်သည် ရုတ်တရက် ကျဆင်းလာပြီး ကြယ်တာရာသားရဲနှစ်ကောင်၏ ခေါင်းကို ပိုင်းဖြတ်သွား၏။
ဖုန်း။
ထိုအတိုင်းပင် ကြယ်တာရာသားရဲနှစ်ကောင်က မူးဝေသွားလျက် ကြယ်များမြင်ကုန်ကာ ကောင်းကင်ကနေ ချက်ချင်း ပြုတ်ကျသွားတော့သည်။
လီလျိုဆွေ့က ယခုအချိန်တွင် နတ်ဆိုးစိတ် ဝင်နေပြီဖြစ်ကာ သူ၏ တိုက်ကွက်တိုင်းက သူ့အသက်ကို အမှုမထားပေ။ အားကုန်ထုတ်သုံးပြီး တိုက်ခိုက်နေတာပဲ ဖြစ်၏။
တစ်ဖက်တွင်မူ ဖုန်းလုံနှင့် ချင်းနျိုသည်လွတ်မြောက်ရေးကိုသာ အာရုံစိုက်နေ၏ သူတို့ခွန်အားကို မစုစည်းထားပေ။ သူတို့သာ ထိုအကွက်ကို ထိပ်တိုက်ရင်ဆိုင်ခဲ့လျှင် ခံနိုင်ရည်ရှိလောက်မှာ မဟုတ်ပေ။
ဖောက် ဖောက် ဖောက်။
ကြယ်တာရာသားရဲနှစ်ကောင်ည် မွေးမြူရေးကွင်းထဲသို့ ပြန်ပြုတ်ကျလာ၏။
နော့ဖစ်၊ ဆာမြူရယ်နှင့် ကျန်သည့်သူများက အမြန်မေးလိုက်၏။
” ဘာတွေဖြစ်နေတာလဲ ”
” ဘာတွေဖြစ်နေတာလဲ။ မင်းတို့နှစ်ယောက် ဘာကြောင့် ပြန်လာတာလဲ ”
ဖုန်းလုံနှင့် ချင်းနျိုသည် သွေးထွက်နေသော ခေါင်းကို သူတို့ဘာ့သာ ကာလိုက်၏။ သူတို့မျက်နှာ၌ ကြောက်လန့်မှုများ ပြည့်နေကာ ပြောလိုက်တော့သည်။
” အဲ့မှာ သိပ်ကြောက်ဖို့ ကောင်းလွန်းတယ်။ ဘယ်လိုတိုက်ပွဲမျိုးလဲတော့ ငါတို့ မသိဘူး။ နှစ်ယောက်သား တက်သွားကြည့်ရုံ ရှိသေးတယ်။ ခေါင်းပေါ်လာတာနဲ့ တစ်ဖက်သူက ငါတို့ကို တိုက်ခိုက်တာ။ အသက်ယူလုနီးပါးပဲ ”
” ဒါ့အပြင် ငါတို့ ကျင့်ကြံဆင့်က အံ့ဖွယ်အဆင့်အောက် ရောက်နေပြီလေ။ မဟုတ်ရင် ငါတို့တွေ ပြုတ်ကျလာမှာ မဟုတ်ဘူး။ ပြာဖြစ်သွားမှာ ”
ဟမ်။
ကြယ်တာရာသားရဲများ အားလုံးသည် အေးစက်သော လေထုများ ရှူရှိုက်မိသွား၏။
” လူသားတွေက အခု အရမ်းကို ကြောက်ဖို့ ကောင်းနေပြီလား။ သိုင်းပညာရှင်တွေ အများကြီး တကယ် ရှိနေတာပဲနော်။ ဒီဟာက သေးငယ်တဲ့ ကျန်းဟိုင်မြို့လေးလေ။ ကျန်တဲ့ မြို့ကြီးမှာဆိုရင် သိုင်းပညာရှင်တွေ ဘယ်လောက်များမလဲ မသိဘူး ”
” ကြည့်ရတာ။ ငါတို့ ဒီမှာနေဖို့ ရွေးချယ်တာက မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်နေတဲ့ပုံပဲ ”
နော့ဖစ်က ပြော၏။
” မင်းတို့ကို ပြောသားပဲ။ ဒါက ဘေးအကင်းဆုံးနေရာ။ ဘယ်မှ မသွားနဲ့။ ငါတို့ ကြယ်တာရာသားရဲတွေက နှစ်ပေါင်းရာချီ ပြင်ဆင်နေတာဆိုပေမဲ့ နောက်တစ်ချိန် သားရဲကပ်ဘေးမှာ လူသားမျိုးနွယ်ကို သုတ်သင်ရှင်းလင်းဖို့ ပြင်ဆင်နေတာလေ။ ဒါပေမဲ့ ငါတို့ ပြဿနာတစ်ခုကို ဘယ်တော့မှ မတွေးထားဘူး။ ဒါက ငါတို့ ပြင်ဆင်နေတုန်းက လူသားတွေကလည်း ပြင်ဆင်နေတာပဲ။ သူတို့က ထိုင်စောင့်နေမှာ မဟုတ်ဘူး ”
” ငယ်ရွယ်ပြီး အလားအလာရှိတဲ့ သိုင်းပညာရှင်တစ်ယောက်ဖြစ်တဲ့ ယဲ့ရှောင်လို လူမျိုးအတွက် လူသားမျိုးနွယ်က အထူးတလည် ပျိုးထောင်ထားပြီး ငါတို့ ကြယ်တာရာသားရဲတွေကို ဖြေရှင်းဖို့ သူ့ကို ဖန်တီးထားတာနဲ့ တူတယ် ”
” ယဲ့ရှောင်က ဒီကမ္ဘာပေါ်က တစ်ဦးတည်းသော လူငယ်သိုင်းပညာရှင် မဟုတ်လောက်ဘူး။ နောက်ထပ် သားရဲကပ်ဘေးက ငါတို့ ကြယ်တာရာသားရဲတွေရဲ့ မျိုးတုံးတဲ့နေ့ ရောက်လာလိမ့်မယ် ”
” ဟုတ်ပါ့ .. စီနီယာနော့ဖစ်ရဲ့ ရှေ့ရေးကြိုမြင်နိုင်စွမ်းက အတွေ့အကြုံရှိတယ်။ စီနီယာနော့ဖစ်ကတော့ နော့ဖစ်ပါပဲ ”
” ဆုံးဖြတ်လိုက်ပြီ။ ငါ အပြင်မထွက်ဘူး။ မင်းတို့ ငါ့ကို သေအောင်ရိုက်ရင်တောင် အပြင်မထွက်ဘူး။ ငါ စူပါအံ့ဖွယ်သားရဲ ဖြစ်လာတဲ့နေ့အထိ ဒီမှာ စောင့်နေမယ် ”
ချန်ပိုင်နဂါးသွေးကြောတွင် သူ၏ ခန္ဓာကိုယ်ကို သန့်စင်ရန် နဂါးစွမ်းအင်ကို ရရှိပြီးနောက် ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲရှိ နတ်ဘုရားသွေးက နောက်ဆုံး၌ အပြည့်အဝ နိုးထလာသည်။
ထိုစဥ် သူ၏ ခန္ဓာကိုယ်ထဲရှိ နတ်ဘုရားသွေးသည် ရွှေရောင်အလင်းဖျော့ဖျော့ ဖြာထွက်လာပြီ ဖြစ်၏။ ၄င်းက ရွှေရောင်နှင့် သွေးရောင် ရောနှောထားတာပဲ ဖြစ်သည်။ သာမန်လူသားများကဲ့သို့ သွေးနီရောင်စစ်စစ် မဟုတ်ပေ။
သူ၏ ကျင့်ကြံဆင့်သည်လည်း ဘုရင်နယ်ပယ် အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ကာ ဧကရာဇ်နယ်ပယ်အောက်ရှိသည်ဟု ပြောနိုင်သည်။
သူသည် အစစ်အမှန် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းနိုင်ရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့၏။
အမှန်တကယ်တွင် ယခုအခေါက်၌ နဂါးစွမ်းအင်များစွာ စုပ်ယူခဲ့ပြီးနောက် သူ၏ ကျင့်ကြံဆင့်သည် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းနိုင်တော့မည် ဖြစ်သည်။
သို့သော် သူ၏ သိုင်းပညာသဘောတရားက မလုံလောက်ပေ။ သိုင်းပညာသဘောတရားက လိုက်မမှီသေးချေ။
ယင်းက သူ့ကို အစစ်အမှန် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းခြင်းကနေ တစ်လှမ်းဝေးကွာနေသေး၏။
သူသာ သိုင်းပညာရပ်၏ နောက်ဆုံးသဘောတရားကို နားလည်သွားခဲ့ပါက သူသည် အချိန်မရွေး နေရာမရွေး ဧကရာဇ်နယ်ပယ်ကို အဆင့်တက်နိုင်မှာပဲ ဖြစ်သည်။

အပိုင်း ၂၇၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset