Switch Mode

Chapter – 274

ဘုရင်တစ်ပါး ပေါ်ပေါက်လာခြင်း။ နတ်ဘုရားသွေး အပြည့်အဝ နိုးထမှု။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၇၄ ဘုရင်တစ်ပါး ပေါ်ပေါက်လာခြင်း။ နတ်ဘုရားသွေး အပြည့်အဝ နိုးထမှု။

” စီနီယာလီ။ ခင်ဗျား ဘာတွေဖြစ်နေတာလဲ ”
သွေးအဆီအနစ်များ လွှမ်းနေသော လီလျိုဆွေ့က ဖာ့ကျန်းဘက် ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးက သွေးနီရောင် နတ်ဆိုးစွမ်းအင်များ ဖုံးလွှမ်းနေသည့်တိုင် သူ့၌ အသိစိတ် အကြွင်းအကျန် ရှိသေး၏။
” ငါလည်း မသိဘူး။ ခုနတုန်းက ငါ ကျင့်ကြံနေတုန်း ငါ့ရဲ့ ခန္ဓာကိုယ်ထဲ မိစ္ဆာစွမ်းအင် ဝင်လာပြီး ခန္ဓာကိုယ်ထဲက နတ်ဆိုးစွမ်းအင်တွေကို ဗရမ်းဗတာ ဖြစ်သွားစေတယ်။ အဲ့ဒီအချိန်မှာ အဲ့ဒါကို ဖိနှိပ့်ဖို့ ငါ့ရဲ့ ကိုယ်ပိုင်စွမ်းအား သုံးခဲ့သေးတာ။ ဒါပေမဲ့ ကြာကြာ ဖိနှိပ့်နိုင်မှာ မဟုတ်ဘူး ”
” စာကြည့်တိုက်ကို ချက်ချင်း သွားပြီး စာကြည့်တိုက် ခေါင်းဆောင်ကို သွားရှာ။ သူက စီရင်စု၉ခုရဲ့ ကြီးမြတ်သူ (၄ )ဦးထဲက တစ်ဦးဖြစ်တဲ့ ကြီးမြတ်သော လိပ်နတ်ပဲ။ သူပဲ ငါ့ကို ကယ်နိုင်မှာ။ သူပဲ ငါ့ကို ဖိနှိပ့်ပေးနိုင်လိမ့်မယ် ”
” ဒါ့အပြင် တခြားသူတွေ အားလုံးက ဒီနေရာကနေ ထွက်သွားဖို့ အကြောင်းကြားလိုက်။ အချိန်မရွေး ငါ စိတ်ရူးဖောက်သွားနိုင်တယ်။ အဲ့ဒီအချိန်ရောက်ရင် ငါ့ဆီကနေ တစ်ချက်တောင် သူတို့ ခံနိုင်ရည် ရှိမှာမဟုတ်ဘူး ”
” ဟုတ်ကဲ့ ”
ဖာ့ကျန်းက ပြန်ပြောပြီးနောက် ချက်ချင်းပင် နောက်ဆုတ်သွားတော့၏။ အာရုန်သည် နှုတ်ခမ်းများ လှုပ်ရှားသွား၏။ သူသည် တစ်စုံတစ်ခု ပြောချင်သော်ငြား အဆုံးတွင်မူ သူက လီလျိုဆွေ့ကို အရိုအသေပေးပြီးနောက် လှည့်ပြေးသွားတော့၏။
လီလျိုဆွေ့၏ ခန္ဓာကိုယ်ပေါ်ရှိ နတ်ဆိုးအရှိန်အဝါက သိပ်သည်းလွန်း၏။ ၄င်းကို ခုခံနိုင်စရာအကြောင်း မရှိပေ။
ထို့အပြင် လီလျိုဆွေ့က နဂါးစာရင်း၌ နဝမအဆင့် ရထားတာ ဖြစ်၏။ သူသည် သိုင်းပညာရှင်များကြားထဲရှိ ဆရာကြီးတစ်ဦးပဲ ဖြစ်သည်။
အိန္ဒိယတစ်ခုလုံးက သူ့အတွက် ပြိုင်ဘက် မဟုတ်နိုင်လောက်ပေ။ သူသာ လီလျိုဆွေ့ သတ်တာ ခံလိုက်ရပါက သူ့အတွက် မည်သူမှ ကလဲ့စားချေပေးမှာ မဟုတ်ပေ။ သူ့ကို ကူညီပေးမည့် ကျွမ်းကျင်သူက အိန္ဒိယတွင် မရှိ။ အရင်ပြေးတာက ပိုကောင်းလိမ့်မည်။
မကြာမီ၌ ကျန်းချန်သည် ရှောင်လင်သိုင်းကျောင်းတော်ဆီသို့ ရောက်လာ၏။ သူသည် လီလျိုဆွေ့၏ မိစ္ဆာစွမ်းအင်ကို မြင်သည့်အချိန်၌ သက်ပြင်းချလိုက်မိသည်။
” မင်း ထိန်းထားနိုင်မယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ မကြာခင်မှာ ပေါက်ကွဲလိမ့်မယ်လို့ မထင်ထားဘူး။ ဒီလိုဖြစ်မယ်မှန်း သိခဲ့ရင် ယဲ့ရှောင်ကို ခဏလောက် နေခိုင်းပြီး မင်းကို အရင်ကြည့်ခိုင်းလိုက်ပါတယ်။ သူ လေ့ကျင်တဲ့ ကျင့်စဥ်တွေထဲမှာ ဓါးမော့ကျင့်စဥ်ပါတယ်။ သူက မင်းအတွက် ဉာဏ်အလင်း ဖွင့်ပေးနိုင်လောက်တယ်။ နှမြောစရာပဲ ”
လီလျိုဆွေ့က မျက်ခုံး အနည်းငယ် ပင့်လိုက်လေ၏။
” ယဲ့ရှောင်လား။ ဒီနာမည်ကို အရင်က ကြားဖူးသလိုပဲ။ ကျွန်တော် မှတ်မိတာ မှန်မယ်ဆိုရင် ကြီးမြတ်သူရှိတဲ့ စာကြည့်တိုက်ထဲမှာ အလွန်ငယ်ရွယ်တဲ့ ကြီးကြပ်သူတစ်ယောက် ရှိပုံပဲ။ အဲ့ဒါ သူ့နာမည်လား ”
ကျန်းချန်က ပြုံးလိုက်၏။
” ဟုတ်တယ်။ မင်းပြောတာ မှန်တယ်။ အဲ့ဒါသူပဲ။ သူက ကျန်းဟိုင်မြို့ရဲ့ ဓါးမော့ဓါးဝိဇ္ဇာလေ။ သူ့အကြောင်း ငါ ခုနကမှ ရှာတွေ့သွားတာ ”
လီလျိုဆွေ့က ရင်ထဲ တုန်လှုပ်သွားလေ၏။
” သူက ဓါးမော့ဓါးဝိဇ္ဇာလား။ သူက သိပ်ငယ်ရွယ်သေးတာနော်။ တကယ်ကြီး ဓါးမော့ဓါးဝိဇ္ဇာတဲ့လား။ သူ့အသက် ဘယ်လောက်ရှိပြီလဲ။ သူ့ရဲ့ ကျင့်ကြံဆင့်ကရော။ သူ ဘုရင်နယ်ပယ် အဆင့်အောက်ကို ရောက်ပြီလား ”
” သူ ဒီနေ့ဆို ၂၁နှစ်ရှိပြီ။ ဘုရင်နယ်ပယ်ရောက်တာ။ သူက ဘုရင်နယ်ပယ်အဆင့်အောက်တင် မကဘူး။ အစစ်အမှန် ဘုရင်နယ်ပယ်ပဲ ”
ဖုန်း။
ထိုစကားများသည် လေးလံသော ပြင်းထန်သည့် ဗုံးတစ်ခုပမာ လီလျိုဆွေ့၏ စိတ်ထဲ ပေါက်ကွဲသွားလေ၏။
” ၂၁နှစ်အရွယ် ဘုရင်နယ်ပယ် .. ဘုရင်နယ်ပယ်။ အဲ့ဒီလူက တကယ်ခမ်းနားလိုက်တာ။ ဒါပေမဲ့ သူက စာကြည့်တိုက်ထဲက စာကြည့်တိုက်မှူးလေးတစ်ယောက်ပဲတဲ့လား။ သူက ဘယ်လောက်တောင် သဘောထားကြီးလဲ။ ဘယ်လောက်တောင် ပညာရှင်ဆန်လိုက်လဲ။ ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရင်နယ်ပယ်ကို ချိုးဖျက်တက်နိုင်တာ။ အံ့သြစရာ မရှိဘူးပဲ ”
” ငါက နှစ်ပေါင်းရာချီ ကျင့်ကြံနေခဲ့ပေမဲ့ ကလေးတစ်ယောက်ကိုတောင် မယှဥ်နိုင်ဘူး။ ရယ်စရာကောင်းလိုက်တာ။ ရယ်စရာ ကောင်းလိုက်လေခြင်း ”
ကျန်းချန်သည် လီလျိုဆွေ့၏ မျက်ဝန်းများကို မြင်လိုက်၏။ သူတို့၏ အနည်းငယ် နီရဲနေသည်။ လီလျိုဆွေ့ စိတ်ဖောက်နေပြီမှန်း သူ သိလိုက်ရ၏။ ထို့ကြောင့် လက်မြှောက်ကာ လီလျိုဆွေ့၏ ခန္ဓာကိုယ်ထဲ သွင်းရန် ဝိညာဥ်စွမ်းအင်ကို ထုတ်ဖော်လိုက်၏။
” လျိုဆွေ နိုးထတော့။ ဒီမိစ္ဆာစွမ်းအင်ကို မင်းကို အသိစိတ်ကို ယူသွားခွင့် မပေးနဲ့။ မင်းရဲ့ ဝိညာဥ်စွမ်းအားနဲ့ မင်းရဲ့ ဝိညာဥ်ကို ကာကွယ် ”
” ယဲ့ရှောင်က ချန်ပိုင်နဂါးသွေးကြောကို သွားတယ်။ သူ မကြာခင် ပြန်လာလောက်မယ်။ အဲ့ဒီအချိန်ကြရင် လက်ရှိအန္တရာယ်ကနေ ထွက်နိုင်အောင် သူ မင်းကို သေချာပေါက် ကူညီပေးလိမ့်မယ်။ အလျှော့မပေးနဲ့ ”
ကျန်းချန်သည် သူ၏ စကားများထဲ သူ၏ ကိုယ်ပိုင် ဝိညာဥ်စွမ်းအင်ကို ထည့်သွင်းထား၏။ သူ၏ အသံသည် မိုးခြိမ်းသံပမာပင်။ လီလျိုဆွေ့က အနည်းငယ် စိတ်အေးသွားတော့သည်။
သူက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်၏။ ကြီးမြတ်သော လိပ်နတ်ကို ကြည့်ပြီးနောက် သူက ခိုင်မြဲစွာ ပြောလိုက်သည်။
” ကြီးမြတ်သူ ကျွန်တော့်ကို တစ်ခုခု ကတိပေးနိုင်မလား ”
” ပြောလေ ”
” ကျွန်တော် မထိန်းထားနိုင်တော့ရင် ကျွန်တော့်ကို သတ်လိုက်ပါ။ ကျွန်တော် လူသားလောကကို ထိခိုက်အောင်လုပ်တာ ခွင့်မပြုပါနဲ့ ”
ကျန်းချန်၏ စိတ်က တုန်လှုပ်သွားကာ ခေါင်းညိတ်လိုက်လေ၏။ သူ၏ ရင်ထဲ၌ အနည်းငယ် ခါးသက်သွားတော့သည်။
လီလျိုဆွေ့သည် စီရင်စု ၉ ခုအတွက် နှစ်ပေါင်းစွာ အကျိုးဆောင်ပေးခဲ့သူလည်း ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ရာချီ၌ သားရဲကပ်ဘေး ပေါ်ပေါက်လာချိန်တိုင်း၌ လီလျိုဆွေ့က ခွန်အားများစွာ ပေးဆပ်ခဲ့သည်။
သူသည် စီရင်စု၉ခု လူသားမျိုးနွယ်၏ ကျားစစ်သူကြီးအနေဖြင့် သတ်မှတ်နိုင်သည်။ ယခုအချိန်၌ သူက ဤအခြေအနေဖြင့် အမှန်တကယ် အဆုံးသတ်သွားရ၏။ ယင်းက သက်ပြင်းမချပဲ မနေနိုင်စေပေ။
ချန်ပိုင်နဂါးသွေးကြောထဲ၌ ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲရှိ နတ်ဘုရားသွေးက ဆက်လက် လှုံ့ဆော်ခံနေရပြီး ရွှေရောင်အလင်းလှိုင်းများက သူ၏ ခန္ဓာကိုယ်ပေါ်၌ ဆက်တိုက် ပေါ်လာနေ၏။
ထိုမြင်ကွင်းသည် နဂါးသွေးကြောကို အလိုလို အော်သံထွက်စေ၏။
ဒီကလေးက ဘာကြောင့် မူမမှန်ရတာလဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်တုန်းက မိုးပြာနဂါးလို့ ခေါ်တဲ့ ဂျူနီယာက အခု သူ့လောက် ကြောက်စရာ မကောင်းဘူး ”
သူ့သွင်ပြင်ကို ကြည့်ရတာ သူက နတ်ဘုရားသွေး အဆင့်တက်ချင်ရုံတင် မကဘူး။ သူ့တစ်ကိုယ်လုံးထဲ စွမ်းအားတွေ ထည့်နေပြီ။ သူ့တစ်ကိုယ်လုံးထဲက နတ်ဘုရားသွေး အားလုံးကို နိုးထအောင် သန့်စင်ချင်နေတာ။ သူ နည်းနည်း လောဘကြီးလွန်းမနေဘူးလား။
သာမန်လူသားတစ်ယောက်က အဆင့်တက်ချင်တယ်ဆိုရင် အရင်ဆုံး သွေးမျိုးဆက်ကို နိုးထအောင် လုပ်ရမယ်။ ပြီးမှ ဘုရင်နယ်ပယ်ကို အဆင့်တက်မှာ။ ဘုရင်နယ်ပယ် ခွန်အားရဲ့ အကူအညီနဲ့ နဂါးစွမ်းအင်ကို ဆက်လက် သန့်စင်ပြီး အဆင့်မြင့်တက်တာ။ ဒီတော့မှ သူက ဘုရင်နယ်ပယ် အထွတ်အထိပ်ကို ရောက်တော့မှာ။ နတ်ဘုရားနယ်ပယ်ကို တက်လှမ်းနိုင်မှာ။
ဒါပေမဲ့ အခုတော့ သူက ဘုရင်နယ်ပယ်ရဲ့ ခွန်အားကို ရောက်ရုံ ရှိသေးတယ်။ ဒီကျင့်ကြံဆင့်နဲ့ နတ်ဘုရားသွေး အပြည့်အဝကို သန့်စင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။
လူသားခန္ဓာကိုယ်ထဲရှိ နတ်ဘုရားသွေး အပြည့်အဝ ဖွံ့ဖြိုးစေရန်အတွက် လိုအပ်သည်က ပြင်ပအားတင်မကပေ။ သူ့ခန္ဓာကိုယ်ထဲရှိ အတွင်းအားလည်း ပါဝင်၏။
နှစ်ခုက အပြည့်အဝ ပေါင်းစည်းပြီး အတွင်းရော အပြင်မှာ ကျင့်ကြံနိုင်မှသာ ထိုအဆင့်သို့ အောင်မြင်နိုင်မှာပဲ ဖြစ်သည်။
ထိုအကြောင်းအရင်းကြောင့် ဘုရင်နယ်ပယ်အတွက် နတ်ဘုရားနယ်ပယ်သို့ တိုက်ရိုက် တက်လှမ်းဖို့က မဖြစ်နိုင်တာပဲ ဖြစ်သည်။ ဘုရင်နယ်ပယ်နှင့် နတ်ဘုရားနယ်ပယ်ကြား ဧကရာဇ်နယ်ပယ် ရှိနေသေး၏။
ဧကရာဇ်နယ်ပယ်သည် ဝိညာဥ်စွမ်းအင်ကို ကျင့်ကြံတာဖြစ်ပြီး ပြင်ပက နဂါးစွမ်းအင်ကို ကျင့်ကြံပေး၏။ နှစ်ခုက ပေါင်းစည်းပြီး လူသားခန္ဓာကိုယ်၏ အဟန့်အတားများကို အပြည့်အဝ ချိုးဖျက်ကာ ဒဏ္ဍာရီလာနယ်ပယ်ကို ရောက်ရှိနိုင်တာ ဖြစ်သည်။ သူ၏ အတွေးရထား မောင်းနှင်နေစဥ် ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲရှိ ရွှေရောင်အလင်းက ပိုတောင်သန်မာလာ၏။ ထို့အပြင် ၇ရောင်ခြယ် မင်္ဂလာစွမ်းအင်တို့က တဖြည်းဖြည်းချင်း တက်လာလေ၏။
နဂါးသွေးကြော၏ မျက်လုံးကြီးများကလည်း ပြူးကျယ်သွားတော့သည်။
သူ တကယ်အောင်မြင်သွားတော့မှာလား။ ဒါ ဘယ်လို ရယ်စရာမျိုးလဲ။
ဘုရင်နယ်ပယ်နဲ့ သူက နတ်ဘုရားသွေး အပြည့်အဝကို တိုက်ရိုက် သန့်စင်နိုင်ခဲ့တယ်။ ဘုရားရေ။ ဒါက သမိုင်းကြောင်းထဲမှာ တစ်ခါမှ မဖြစ်ခဲ့ဖူးတဲ့ အရာပဲ။ ဒီကလေးက တကယ် ကောင်းကင်ဘုံကို ဆန့်ကျင်နေတာပဲ။
သို့သော် ထိုစဥ် ၇ရောင်ခြယ်မင်္ဂလာအလင်းသည် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။ နဂါးသွေးကြော၏ အမူအယာက ရုတ်တရက် ပြောင်းလဲသွားတော့သည်။
မကောင်းတော့ဘူး။ သူ့ရဲ့ ခန္ဓာကိုယ်ထဲက နဂါးစွမ်းအင်က မလုံလောက်သေးဘူး။ နတ်ဘုရားသွေး နိုးထမှုက ကျရှုံးတော့မယ်။
သူ၏ အမူအယာက သုန်မှုန်သွားစဥ် နဂါးသွေးကြောက နောက်ဆုံး၌ အံကြိတ်ကာ အရှုံးအမြတ်ကို တွက်ဆလိုက်၏။ သူက စိတ်အားတင်းပြီးနောက် ယဲ့ရှောင်အတွက် နောက်ထပ် နဂါးစွမ်းအင် ၁၀ပုံ၄ပုံကို ထုတ်ပေးလိုက်၏။ ထိုသို့ပြုလုပ်ခြင်းက သူ့အတွက် စွန့်စားမှု အလွန်များပြီး စွမ်းအင်များစွာလည်း ကုန်ဆုံးစေသည်။
နဂါးစွမ်းအင်သည် နဂါးသွေးမျိုးဆက်အတွက် လတ်ဆတ်သော သွေးနှင့် ညီမျှသည်။ လူသားများကဲ့သို့ပင် လတ်ဆတ်သော သွေးပမာဏများစွာ ထုတ်ယူခဲ့ပါက နောက်ဆက်တွဲကို မှန်းဆနိုင်ပေ၏။
သို့သော်ငြား သူသည် နတ်ဘုရားသွေး အပြည့်အဝကို အသက်သွင်းနိုင်စွမ်းရှိပြီး ဘုရင်နယ်ပယ်၌ ထိုကဲ့သို့ တည်ရှိမှုကို ပျိုးထောင်နိုင်ခဲ့မည်ဆိုလျှင် လူသားမျိုးနွယ်တစ်ခုလုံး၏ အနာဂတ်အတွက် အကျိုးအမြတ် ရှိစေရာ လျစ်လျူရှုနိုင်မှာ မဟုတ်ပေ။
ထို့အပြင် ယင်းက ကောင်းသော အကျိုးအမြတ်ပဲ ဖြစ်သည်။
ယဲ့ရှောင်၏ ကျင့်စဥ်သည် ရှေးယခင်ကာလကစပြီး ယခုအချိန်အထိ စီရင်စု ၉ ခု၌ အစစ်အမှန် နံပါတ်တစ် လူသား ဖြစ်သွားစေနိုင်သည်။
ဤအဆင့်၌ ကြယ်ဆုံသော ကောင်းကင်ထဲရှိ ကြယ်တာရာသားရဲများကတောင် လူသားမျိုးနွယ်ကို ထပ်မကျူးကျော်ရဲလောက်တော့ပေ။ ယဲ့ရှောင်သည် စစ်ပွဲကို အဆုံးသတ်ပေးနေသူတစ်ယောက် ဖြစ်လာနိုင်​ချေများသည်။ ထို့ကြောင့် သူ့အတွက် အလွန်စွန့်စားရပြီး ဆုံးရှုံးမှုက ကြီးမားသည့်တိုင် နဂါးသွေးကြောသည် ကိုယ်ကျိုးထက် အများအကျိုးဆောင်ရန်အတွက် သူ၏ နဂါးစွမ်းအင်ကို ထုတ်ပေးရန် ရွေးချယ်လိုက်သည်။
ထိုနဂါးစွမ်းအင် ပံ့ပိုးပေးမှုဖြင့် ယဲ့ရှောင်၏ ကျဆင်းတော့မည့် ယဲ့ရှောင်၏ နတ်ဘုရားသွေးသည် မျက်တောင်တစ်ခတ်အတွင်း ထပ်မံ မြင့်တက်သွား၏။
၇ရောင်ခြယ်မင်္ဂအလင်းရောင်တို့သည် တစ်ဖန် ထွန်းလင်းလာပြီးနောက် ယခင်ကထက် တောင် အလင်းက ပိုအားကောင်းလာ၏။ ထိုမြင်ကွင်းကို မြင်တွေ့ပြီးနောက် နဂါးသွေးကြောသည် စိတ်ကျေနပ်စွာ ခေါင်းညိတ်ကာ အိပ်မောကျသွားလေ၏။
သူသည် နဂါးချီများစွာကို ရုတ်တရက် သုံးစွဲခဲ့မိသောကြောင့် ၄င်းကို ခံနိုင်ရည် မရှိပေ။ သူ မနိုးထနိုင်ခင် နောက်ထပ် အနည်းဆုံး နှစ်တစ်ရာခန့် အိပ်လောက်မည်ဟု တွက်ချက်ခဲ့မိသည်။
ကြယ်ဆုံသော ကောင်းကင်အောက်၌ အရှေ့ဘက်ပင်လယ်၏ ပင်လယ်ကမ်းစပ်၌ ပိန်ပါးသော သူတစ်ယောက်သည် ကျိုးပဲ့နေသော ချောက်ကမ်းပါး၌ ရပ်နေလေ၏။ သူက အသက် ၄၀ ဝန်းကျင် ရှိပုံပေါ်၏။ သူ့၌ လေးထောင့်စပ်စပ် မျက်နှာထား ရှိပြီး အစိမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ထားကာ နောက်ကျော၌ ဓါးရှည်တစ်လက် လွယ်ထားသည်။ သူသည် နောက်ဆုံး ရာစုနှစ်က လူတစ်ယောက်နှင့် ဆင်တူ၏။
သူက ကျောက်ထရံထိပ်၌ ရပ်နေလေ၏။ ကျောက်ထရံသည် လှိုင်းများ၊ ပင်လယ်လေပြေများ တိုက်စားတာ ခံရပြီးနောက် အလယ်တွင် အပေါက်ကြီးတစ်ပေါက် ဖြစ်လာ၏။ အဝေးက ကြည့်မိလျှင် နဂါးကြီးတစ်ကောင်၏ ဦးခေါင်းက ပင်လယ်ကို မျက်နှာမူလျက် ဟိန်းဟောက်နေသည်နှင့် တူ၏။
လေတိုက်ခတ်လာချိန်တိုင်းတွင် နဂါးဦးခေါင်းထဲ ဝင်ရောက်သွားကာ ထက်ညိသော ဓါးအလင်းများကို ထုတ်ဖော်လျက် ၄င်းကို အတူစုဝေးလိုက်ကာ နဂါးဟိန်းသံအဖြစ် ပြောင်းလဲသွားတော့သည်။
လူရွယ်က ကောင်းကင်ထဲရှိ လကို မော့ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများ အနည်းငယ် မှေးကျဥ်းသွားလျက် မျက်ဝန်းထဲ၌ အလင်းရောင်ဖျော့ဖျော့ ရှိနေလေ၏။
” ကောင်းကင်ဘုံ ပြောင်းလဲတော့မယ်။ ဘိုးဘေးနဂါး ရှိစဥ်ကစပြီး ပထမဆုံးအကြိမ်ပဲ ။ နောက်ထပ် လူသားသိုင်းပညာရှင်တစ်ယောက်က နတ်ဘုရားနယ်ပယ်ကို တက်လှမ်းတော့မှာများလား ”
၆ရက်ခန့်ကြာပြီးနောက် ကျန်းဟိုင်မြို့တွင် လီလျိုဆွေ့၏ ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအားက ပိုမိုပြီး ရဲတောက်ပြီးရင်း နီရဲလာ၏။ အနီရောင်က သိပ်သည်းလွန်းသောကြောင့် အနက်ရောင် နတ်ဆိုးစွမ်းရည်များတောင် ထုတ်ဖော်နေပြီ ဖြစ်သည်။
သူ၏ မျက်နှာက အတော်လေး ကြမ်းကြုတ်ခက်ထန်လှ၏။
မျက်ဝန်း၌ ထောင်လိုက်သူငယ်အိမ်က ပေါ်လာတော့သည်။ ယင်းက သူသည် အပြည့်အဝ စိတ်ညှို့ခံရပြီဟု ​ညွှန်ပြနေ၏။
” ကြီးမြတ်သူ လှုပ်ရှားလိုက်ပါတော့။ ကျွန်တော် ကြာကြာ မထိန်းထားနိုင်တော့ဘူး ထင်တယ်။ ကျွန်တော် ခန့်မှန်းတာ မှန်မယ်ဆိုရင် ကျွန်တော့်ကို စိတ်ညှို့နိုင်တဲ့အရာက ဆရာကြီးရဲ့ လက်ထဲမှာ ရှိတာပဲ ဖြစ်မယ်။ ကျွန်တော့် ခန္ဓာကိုယ်ထဲကို ကျူးကျော်လာတဲ့ နတ်ဆိုးစွမ်းအင်က ဆရာကြီးကို ရင်ဆိုင်တိုက်ခိုက်အောင်လို့ ကျွန်တော့်ကို ညှို့နေတာ ခံစားမိတယ် ”
ကြီးမြတ်သော လိပ်နတ်၏ စိတ်က လှုပ်ရှားသွားသည်။
” လွန်ခဲ့တဲ့ညအနည်းငယ်ကများလား။ ယဲ့ရှောင်ကို လိပ်နတ်တံဆိပ် ပေးလိုက်တဲ့အချိန်။ အဲ့ဒီကောင်ရဲ့ စိတ်စွမ်းအားက ယိုစိမ့်ထွက်သွားပြီး ယဲ့ရှောင်က အဲ့ဒါကို မရှင်းလင်းခဲ့ဘူးလား။ သေစမ်း။ ဒီလိုသာဆိုရင် ဒီအဖိုးကြီးရဲ့ အမှားပဲ။ လျို့ဆွေ မပူနဲ့။ နောက်ဆုံး အခိုက်အတန့်ထိ ဒီအဖိုးကြီး ဘယ်တော့မှ လက်မလျှော့ဘူး။ ငါ့ဘုရင်နယ်ပယ် ခွန်အားနဲ့ မင်းကို ဖိနှိပ့်ထားမယ်။ ယဲ့ရှောင် ရောက်လာတာ စောင့်နေမယ် ”
” နောက်ဆုံး အခိုက်အတန့်ထိ မင်း ဇွဲရှိရမယ်။ ဘယ်တော့မှ လက်လျှော့လို့ မဖြစ်ဘူး ”
သူပြောပြီးသည်နှင့် လီလျိုဆွေ့က ရုတ်တရက် အော်ဟစ်လိုက်ကာ တောရိုင်းတိရစ္ဆာန်တစ်ကောင်နှင့် ဆင်တူသွားတော့သည်။
ဝေါင်း။
ထိုအော်သံကို မကြားလိုက်ရပေ။ နောက်တစ်စက္ကန့်၌ လီလျိုဆွေ့သည် ထိတ်လန့်ဖွယ် ဓါးမော့ဆန္ဒကို ချက်ချင်း ထုတ်ဖော်လိုက်၏။
သွေးနီရောင် ဓါးမော့ဆန္ဒ ထွက်ပေါ်လာသည်နှင့် ၄င်းသည် မိုင်၆၀အကွာအဝေးဆီ ချက်ချင်း ဦးတည်သွားပြီး ကျန်းဟိုင်မြို့ကို ခွဲဖွင့်တော့မည့်ပမာ ထင်မှတ်ရသည်။ ၄င်းသည် ကျန်းဟိုင်သိုင်းကျောင်းတော်မှ ကျန်းဟိုင်သိုင်းစာကြည့်တိုက်ဆီ ဦးတည်နေသည်။
ဖုန်း။
ပေါက်ကွဲသံကြီးဖြင့် မိုင်၆၀ခန့် ရှည်လျားသည့် ကြီးမားသော ဓါးမော့ဆန္ဒသည် ကျန်းဟိုင်မြို့ကို ထက်ခြမ်းခြမ်းသွား၏။ ယင်းက မြေတစ်ခုလုံး ၄င်း၏ ပါးစပ်ကြီးကို ဟလိုက်သည့်ပမာ ဖြစ်နေတော့သည်။

အပိုင်း ၂၇၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset