Switch Mode

Chapter – 272

တိမ်တိုက်များကို ဖြတ်ကျော်ပြီး မြင့်တက်။ စီရင်စု ၉ ခု၏ နံပါတ်တစ် လူ။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၇၂ တိမ်တိုက်များကို ဖြတ်ကျော်ပြီး မြင့်တက်။ စီရင်စု ၉ ခု၏ နံပါတ်တစ်လူ။

ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။ ခဏအကြာတွင် ပေ့ထျန်းစီက သူ့ရှေ့ရှိ အမှောင်ထုဖက် လှည့်ကာ လက်သီးဆုပ်မိုးလျက် ပြောလိုက်တော့သည်။
” ပေ့ထျန်းစီက ကြီးမြတ်သူ ကျားဖြူကို လေးစားမှု ပြသပါတယ်။ ကြီးမြတ်သူ ကျားဖြူ ရောက်လာပြီး သူ့ကို ကျားဖြူတံဆိပ် ချီးမြှင့်ပေးနိုင်မလား ”
ခဏအကြာတွင် ပုံရိပ်တစ်ခုက အမှောင်ထုထဲကနေ ဖြည်းဖြည်းချင်း လျှောက်လာလေ၏။
သူမ၌ တိုတောင်းသည့် ဆံနွယ်လှလှတို့ ရှိနေပြီး မျက်နှာသွင်ပြင်က ထူးကဲကာ ပြီးပြည့်စုံသည့် ခန္ဓာရှိ၏။ သူမ၏ ကိုယ်အထက်ပိုင်းက အင်္ကျီလက်မပါသည့် သားမွေးများဖြင့် လွှမ်းနေကာ ထိုအောက်ပိုင်းကမူ မီးခိုးရောင် စကပ်တိုတိုနှင့် မီးခိုရောင် အသားကပ်ကို ဝတ်ထားလေ၏။
သူမ၏ သွင်ပြင်ကိုသာ ကြည့်မည်ဆိုလျှင် သူမက သွယ်လျပြီး နစ်လိုဖွယ်ကောင်းသော အလှလေးတစ်ဦး ဖြစ်၏။
အလွန်အမျိုးသမီးဆန်သည့် သွင်ပြင်မျိုး ရှိနေသည့် အမျိုးသမီးသည် လူအများကို သူမအား သိမ်းပိုက်လိုစိတ်တို့ ပြည့်စေ၏။
သူမ၏ လက်ထဲ၌ အရည်အသွေး မြင့်မားသည့် ဝိညာဥ်ဝိုင်တစ်ပုလင်းကို ကိုင်ထားကာ သောက်လိုက်တော့၏။ ထိုအကြည့်ထဲ၌ ၇၀ရာခိုင်နှုန်းက စူးရှပြီး ၃၀ရာခိုင်နှုန်းက ကလူသည့်အကြည့် ဖြစ်နေကာ သူမက ယဲ့ရှောင်ကို ဘေးတိုက်ကြည့်လိုက်သည်။
” ကောင်စုတ်လေး။ မင်းက အတော်မောက်မာထောင်လွှားသားပဲ။ ဒီနှစ်တွေထဲမှာ ဝိညာဥ်စွမ်းအင် အရံအတားကို ဒီလောက် မြန်မြန် ဖြိုခွဲနိုင်ခဲ့တာ မင်းက ပထမဆုံးလူပဲ။ ပြီးတော့ ဝိညာဥ်စွမ်းအင် အရံအတားကို ဖြိုခွဲဖို့အတွက် ဖိအားကို သုံးရဲတဲ့ ပထမဆုံးလူလည်း ဟုတ်တယ် ”
” ဒါပေမဲ့ ဒီကြီးမြတ်သူ ကျားဖြူတံဆိပ်ကအလွယ်တကူ မရနိုင်ဘူး။ ဒီ ကြီးမြတ်တဲ့ သူရဲ့ ကျားဖြူတံဆိပ်ကို လိုချင်တယ်ဆိုရင် မင်းရဲ့ ကြည့်ကောင်းတဲ့ ရုပ်ရည်ကို အားကိုးလည်း အသုံးမဝင်ဘူး ”
ယဲ့ရှောင်က ခဏတာ စဥ်းစားပြီးနောက် မြေအမတဝမ်၏ အသားနှင့် ပျားရည်၊ သမင်သွေး။ သူ၏ သိုလှောင်လက်စွပ်ထဲကနေ သမင်ချိုတို့ဖြင့် ရောထားသော ဝိုင်တစ်ပုလင်းကို ထုတ်လိုက်၏။ ၄င်းသည် ပစ္စည်းကောင်းမျိုးစုံဖြင့် ချက်ထားသော ဝိညာဥ်ဝိုင်တစ်ပုလင်း ဖြစ်၏။
ကျားဖြူ၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွား၏။
” မင်းက အတော်ထက်မြတ်သားပဲ။ ကြီးမြတ်တဲ့ ငါက ဒီလိုအရာတွေရဲ့ ဆွဲငင်မှုကို မခုခံနိုင်ဘူးဆိုတာ မင်း သိနေတယ်။ ကံဆိုးတာက ငါက ဝိုင်ကို ငါ့ဘဝလိုမျိုး ချစ်မြတ်နိုးပေမဲ့ ဝိုင်အတွက် လိုအပ်ချက်က အင်မတန် တင်းကြပ်တယ်။ မင်းရဲ့ ပုလင်းနည်းနည်းလေးနဲ့ ဒီကြီးမြတ်သူကို ချီးမြှင့်ပေးစေချင်တာက နည်းနည်းလေး လွန်ကျူးရာ ရောက်မနေဘူးလား ”
သို့သော် သူမပြောတာ မပြီးသေးခင် နောက်တစ်စက္ကန့်၌ ယဲ့ရှောင်က ပုလင်းအဆို့ကို ဖွင့်လိုက်လေ၏။
ဝိုင်၏ သင်းပျံ့သော ရနံ့က လေထဲ ပျံ့နှံ့သွားတော့သည်။ ကြီးမြတ်သော ကျားဖြူက အနံ့တစ်ရှိုက် ခံလိုက်ပြီးနောက် နောက်တစ်စက္ကန့်တွင် သူမက လက်နှစ်ချောင်း ထောင်လိုက်၏။
” နောက်ထပ် နှစ်ပုလင်း ”
ယဲ့ရှောင်က နောက်ထပ် နှစ်ပုလင်း ထုတ်လိုက်ပြီး ယခင် ပုလင်းနှင့်အတူ ပုလင်းအားလုံးကို ကြီးမြတ်သော ကျားဖြူအား တန်းပေးလိုက်၏။
ကြီးမြတ်သော ကျားဖြူသည် ဝိညာဥ်ဝိုင်ကိုလက်ခံပြီးနောက် သူမသည် ယဲ့ရှောင်အား ကျားဖြူတံဆိပ်ကို ပစ်ပေးလိုက်၏။
ယဲ့ရှောင်သည် ကျားဖြူတံဆိပ်ကို ယူပြီးနောက် ကောင်းကင်ဂိတ်သို့ တန်းတန်းမတ်မတ် သွားတော့သည်။
ကြီးမြတ်သော ကျားဖြူက ဘေးသို့ ဆုတ်ခွာသွားလျက် ယဲ့ရှောင် ပေးခဲ့သည့် ဝိုင်ကောင်းကို နှစ်ခြိုက်ခံစားနေလေ၏။
ပေ့ထျန်းစီသည် ရယ်ရမလား ငိုရမလား မသိတော့ပေ။
” ကြီးမြတ်သူ။ ခုနတုန်းက ဝိုင်ကြောင့် ကျားဖြူတံဆိပ်ကို လွယ်လင့်တကူ ပေးမှာမဟုတ်ဘူးလ်ို့ ပြောခဲ့တာ မဟုတ်ဘူးလား ”
” ဝိုင်တစ်ပုလင်းဆို မရဘူးလို့ ပြောတာ။ ဒါပေမဲ့ သူက ငါ့ကို သုံးပုလင်း ပေးတယ်လေ ”
” ”
ကြီးမြတ်သော ကျားဖြူသည် ဝိညာဥ်ဝိုင်တစ်ငုံကို သောက်ပြီးနောက် ယဲ့ရှောင်၏ နောက်​ကျောကို စိတ်ဝင်တစား ကြည့်လိုက်သည်။
” ဒါ့အပြင် သူ့ရဲ့ ပါရမီနဲ့ဆို သူက နဂါးသွေးကြောရဲ့ စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ဖို့ မြင့်မားတဲ့ အခွင့်အရေးတစ်ခု ရှိတယ်။ အဲ့ဒီအချိန် သူ့ရဲ့ ခွန်အားက နည်းနည်းလေး မြင့်တက်လာရင် ငါတို့ စီရင်စု ၉ ခုအတွက် ကောင်းကျိုးဖြစ်မှာပဲလေ။ ငါ ဘယ်လိုလုပ် သဘောမတူပဲ နေမှာလဲ ”
” ဒါပေမဲ့ ဖြတ်ကျော်တာက ဖြတ်ကျော်တာ ဖြစ်နေသေးတုန်းပဲ။ ဘယ်လို ဖြတ်ကျော်ရမလဲ။ ဘယ်လောက် ဖြတ်ကျော်ရမလဲ။ ဒါတွေက သူ ရင်ဆိုင်ရမဲ့ အမေးတွေကြီးပဲ။ ဖြတ်ကျော်တဲ့အချိန် တိုတောင်းလေ နဂါးသွေးကြောက သူ့ကို ပိုစိတ်ကျေနပ်စေလေပဲ။ သူ ဖြတ်ကျော်တဲ့အချိန်ကြရင် နဂါးသွေးကြောက သူ့ကို ဂရုစိုက်တော့မှာ မဟုတ်ဘူး။ ဒါကြောင့် နဂါးသွေးကြောက သူ့ကို ပေးတဲ့ အကျိုးအမြတ်ပေါ် သက်ရောက်မှု ရှိစေတယ် ”
ပေ့ထျန်းစီက သက်ပြင်းသဲ့သဲ့ ချလိုက်၏။ သူက ယဲ့ရှောင်၏ နောက်ကျောကို ကြည့်ပြီးနောက် လက်သီးကျစ်ကျစ်ဆုပ်ကာ ရင်ထဲ၌ ယဲ့ရှောင်အတွက် အားပေးနေမိသည်။
ယဲ့ရှောင် .. မင်း အကောင်းဆုံး ကြိုးစားရမယ်။ မင်းလိုမျိုး ကောင်းကင်ကို ဖီဆန်နိုင်တဲ့ ပါရမီရှင်တစ်ယောက်က စီရင်စု၉ခုထဲမှာ ပေါ်လာဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ မင်း အောင်မြင်ရမယ်။
ယဲ့ရှောင်သည် ကောင်းကင်ဂိတ်ရှေ့သို့ လျှောက်လာပြီးနောက် လိပ်နတ်တံဆိပ်နှင့် ကျားဖြူတံဆိပ်ကို တံခါးဝရှိ မြောင်းရာ၌ ထားလိုက်သည်။
မြောင်းရာလေးခုရှိပြီး မိုးပြာနဂါး၊ ကျားဖြူ၊ မီးငှက်နှင့် လိပ်နတ်တို့ ဖြစ်ကြသည်။ သို့သော် ကောင်းကင်ဂိတ်ကို ဖွင့်လှစ်ရန်အတွက် သူတို့ထဲမှ နှစ်ခုသာ လိုအပ်သည်။
ယဲ့ရှောင်သည် တံဆိပ်နှစ်ခုကို တံခါးပေါ် တင်ပြီးနောက် ထူထဲပြီး လေးလံသော အသံတစ်သံကို ကြားလိုက်ရ၏။
ကျွီး .. ကျွီး။
အချိန်များ ကုန်သွားသည်နှင့် တံခါး၏ အဆက်များက သံချေးတက်နေပုံရသည်။
တံခါးသော့ဖွင့်ခံလိုက်ရပြီးနောက် ကျဥ်းမြောင်းပြီး ရိုးရှင်းသော ကျောက်လမ်းလေးက ယဲ့ရှောင်၏ မျက်စိရှေ့တွင် ရှိနေသည်။
သိပ်သည်းသော ဝိညာဥ်စွမ်းအားများသည် သူ့ဆီသို့ ဒီရေလှိုင်းပမာ တိုးဝင်လာလေ၏။ ထိုလန်းဆန်းသော ခံစားချက်သည် ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲရှိ မွေးညှင်းပေါက်များအားလုံးကို အလိုလို ပွင့်သွားစေ၏။
ဒါက ကောင်းကင်လှေကားလား။
ယဲ့ရှောင်က တစ်ချက်ကြည့်လိုက်လေ၏။ ၄င်းသည် တိမ်တိုက်များဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလေ၏။ တိမ်တိုက်များ၏အဆုံးတွင် အောက်ကို ငုံ့ကြည့်နေသည့် ခမ်းနားသော နဂါးအရိပ် ရှိနေသည်။
နဂါးဖိအားစီးကြောင်းများသည် ၄င်း၏ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာပြီး ယဲ့ရှောင်ကို အပြည့်အဝ ဖိနှိပ့်ရန် ကြိုးပမ်းနေ၏။
ယဲ့ရှောင်၏ အကြည့်က မထူးခြားပေ။ အနောက်အယှက် မဖြစ်သွား။ သူသည် ပုရွက်ဆိတ်တစ်ကောင်ဖြစ်သော်ငြား နောက်ဆုတ်မှု ဆိုးဆေးများ မရှိပဲ ကောင်းကင်ကို မျက်နှာမူလိုက်၏။
ယခုအချိန်တွင် အောက်ကနေ သိုင်းပညာရှင်များစွာက ပြေးလာနေပြီ ဖြစ်သည်။ သို့သော် ကြီးမြတ်သော ကျားဖြူ၏ တည်ရှိမှုကြောင့် သူတို့ အဆင်အခြင်မဲ့စွာ မပြုမူရဲချေ။ သူတို့က အဝေးကနေသာ ကြည့်နေပြီး အနားမကပ်ရဲကြချေ။
” မြန်မြန်ကြည့်ဦး။ ကောင်းကင်ဂိတ်က ပွင့်သွားပြီ။ အဲ့ဒီကောင်က ကောင်းကင်လှေကားကို စတက်တော့မှာ ”
” သူ့ရဲ့ လုပ်ဆောင်ချက် ဘယ်လိုနေလဲဆိုတာ သိချင်မိတယ်။ သူက စီရင်စု၉ခုကို တုန်လှုပ်စေတဲ့ ဘိုးဘေးရဲ့ စံချိန်ကို ချိုးဖျက်နိုင်မှာလား ”
” ခက်ခဲတယ်။ ရှေးယခင်ကစပြီး ငါတို့ စီရင်စု၉ခုမှာ မကောင်းဆုံးဝါးဆန်တဲ့ ပါရမီရှင်တွေ ဘယ်လောက်များများ ပေါ်လာခဲ့တယ်။ ချန်ပိုင်နဂါးသွေးကြောကို လာတဲ့ သူတွေထဲက ဘယ်သူကများ ဘုရင်နယ်ပယ် သိုင်းပညာရှင် မဟုတ်လို့လဲ ”
” သူတို့အားလုံးက ထူးချွန်ထူးမြတ်တဲ့ လူတွေကြီးပဲ။ ဒါပေမဲ့ အဆုံးကြ စိန်ခေါ်မှုကို ကျရှုံးတဲ့သူ ရှိနေသေးတာပဲမလား။ အဲ့ဒီထိပ်ကို ရောက်နိုင်တာကတင် အလွန်အထင်ကြီးစရာ ကောင်းနေပြီးပြီ။ ထိပ်တန်းနေရာတချို့ကို သိမ်းပိုက်ပြီး နှစ်တစ်ရာတစ်ခါ ပေါ်ပေါက်တဲ့ မြင်တွေ့ရခဲတဲ့ ရှားပါးတဲ့ ပါရမီရှင်တွေကို စိန်ခေါ်ချင်သေးတယ်ဆိုရင် မင်း အငြင်းခံရမှာ စိုးရိမ်မိတယ် ”
အမြင်မျိုးစုံက ရှိနေလေ၏။ မျှော်လင့်နေသူများ၊ ဝေဖန်နေသူများ၊ ပူဆွေးနေသူများရှိပြီး သူတို့ ဆင်ခြင်တုံတရားရှိသည်ဟု ခံစားမိသည့်သူများလည်း ရှိသည်။ ဆိုရလျှင် ချန်ပိုင်နဂါးသွေးကြောသည် စီရင်စု၉ခုထဲရှိ ထိပ်တန်းနဂါးသွေးကြောများထဲမှ တစ်ခုအဖြစ် သတ်မှတ်၍ ရသည်။
ထို့ကြောင့် ရှေးယခင်ကစပြီး ယခုအချိန်အထိ ဤနေရာတွင် နဂါးသွေးကြောကို စိန်ခေါ်ရန် ဤနေရာကို ရောက်လာသည့် သူများက စီရင်စု၉ခုထဲ၌ နာမည်ကြီးသည့်သူများပဲ ဖြစ်သည်။ လူတိုင်းက ယနေ့မတိုင်ခင်အထိ ယဲ့ရှောင် မည်သူဆိုတာ မသိကြပေ။ ထို့ကြောင့် မည်သူကမှ အပြည့်အဝ မခန့်မှန်းရဲချေ။
နောက်ဆုံးတွင် အားလုံး၏ အကြည့်အောက်၌ ယဲ့ရှောင်သည် ပထမဆုံးခြေလှမ်းကို စတင်လိုက်၏။
ထောက်။
အသံက ညင်သာသော်ငြား မြဲမြံသော ခြေသံများသည် လူတိုင်း၏ နှလုံးခုန်နှုန်း အညှာအတာမဲ့စွာ ပြင်းထန်နေပုံပေါ်၏။
စပြီ။
ယခုအချိန်တွင် လူတိုင်း၏ အသံက တညီတညွှတ်တည်း ဖြစ်သွားပုံပေါ်ကာ သူတို့အားလုံး ပါးစပ်ပိတ်လိုက်ကြ၏။
အားလုံး၏ အကြည့်က ထိုပုံရိပ်၏ နောက်ကျောဆီတွင်သာ ရှိနေလျက် ပြိုင်ဘက်ကင်း ပါရမီရှင်များသာ အောင်နိုင်သည့် ကောင်းကင်လှေကားကို သူ မည်သို့ အနိုင်ယူမည်ဆိုတာ သူတို့ ကြည့်နေကြ၏။
ယဲ့ရှောင်အဖို့ ကောင်းကင်လှေကားကို မလှမ်းခင် သူသည် သမုဒ္ဒရာလှိုင်းမျှ သိပ်သည်းလှသော ဝိညာဥ်စွမ်းအင်ကိုသာ ခံစားမိ၏။
ထို့အပြင် ကောင်းကင်လှေကားသို့ တက်ပြီးနောက် ယဲ့ရှောင်သည် နဂါးသွေးကြောမှ ဖိအားကို ခံစားမိ၏။
သိပ်ကို ကြီးမားလွန်းတယ်။ တောင်တစ်တောင်လောက် လေးလံတယ်။ ဒါ့အပြင် နောက်တစ်လှမ်း လှမ်းလိုက်တာနဲ့ ဖိအား ရုတ်တရက် တိုးလာတယ်။
နှစ်ပေါင်း မည်မျှကြာသည် မသိ။ သိပ်သည်းထားသော နဂါးသွေးကြောတစ်ခုမှန်း ယဲ့ရှောင် သိနေ၏။ ယင်းက နှစ်ပေါင်းထောင်ချီ ဖြစ်နိုင်၏။ နှစ်ပေါင်းသောင်းချီ ဖြစ်နိုင်သည်။ သို့တည်းမဟုတ် အချိန်ကာလ စတင်ချိန်တည်းက မွေးဖွားလာတာတောင် ဖြစ်နိုင်သည်။
ထိုအတွင်းရှိ ဝိညာဥ်စွမ်းအင် ပါဝင်မှုက သူ၏ မှန်းဆချက်ကို ကျော်လွန်နေသည်။
နောက်ထပ် သူ၏ စိတ်စွမ်းအားကို အားကိုးရပေမည်။
သို့သော်ငြား ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲရှိ ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်က ရွှေရောင်အနွေးစီးကြောင်းတစ်ခုကို ဖြန့်ကြန့်နိုင်ပြီး သူ့ကို အတွင်း၌ လွှမ်းခြုံလိုက်လိမ့်မည်ဟု မထင်ထားပေ။
ချက်ချင်းပင် နဂါးသွေးကြောမှ ဖိအားက ရုတ်တရက် ပျောက်ကွယ်သွား၏။
ယဲ့ရှောင်က ကြက်သေ သေသွားသည်။ နဂါးဟိန်းသံသည် သူ့နားထဲ၌ ကြားနေရသည့်ပမာ ခံစားလိုက်ရ၏။ ထိုနဂါးဟိန်းသံသည် ဖိနှိပ့်ခြင်းမပြု၊ ခုခံခြင်းမရှိ ယဲ့ရှောင်ကို အပြည့်အဝ အသိအမှတ်ပြုသည့်ပမာ အလွန်ညင်သာပြီး ငြိမ်းချမ်း၏။
ယဲ့ရှောင်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားသည်။ ဘာဖြစ်မှန်းတော့ သူ မသိပေ။ သို့သော်ငြား နဂါးသွေးကြောက ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်ကို အသိအမှတ်ပြုတာ ဖြစ်လောက်၏။ ထို့ကြောင့် သူ့ကိုယ်ပေါ်ရှိ ဖိအားကို ဖယ်ရှားလိုက်တာ ဖြစ်သည်။ အနည်းဆုံးတော့ စမ်းသပ်မှုကို ခုခံရန်အတွက် အားစိုက်ထုတ်မှုများ သုံးရန် မလိုတော့ပေ။
ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်ရေ။ ငါ့အတွက် အံ့သြစရာတွေ ဘယ်လောက်များများ ရှိနေလဲ။
သက်ပြင်းချပြီးနောက် ယဲ့ရှောင်သည် အချိန်ထပ်ဖြုန်းမနေတော့ပဲ အရှိန်တင်လိုက်၏။
တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း။
လူတိုင်း၏ အမြင်တွင် ယဲ့ရှောင် လှမ်းသွားသည်။ ခြေလှမ်းတိုင်းက ပေါ့ပါးလွန်းနေ၏။ ယဲ့ရှောင်သည် ပိုမြန်မြန်ဆန်ဆန် လျှောက်လာသည်နှင့် ကောင်းကင်သို့ လှေကားက လင်းထိန်တာလည်း ပိုမြန်လာ၏။
အလင်းရောင်ခြည်ကို ပကတိမျက်လုံးဖြင့် မြင်နိုင်ပြီး ၄င်းက ကောင်းကင်ဆီသို့ ဦးတည်နေ၏။
ကြီးမြတ်သော ကျားဖြူက ကြက်သေ သေသွားပြီး အရက်သောက်တာ ရပ်လိုက်တော့သည်။ ပေ့ထျန်းစီ၏ မျက်လုံးသည်လည်း စိတ်လှုပ်ရှားမှုကြောင့် ရဲတွတ်နေလေ၏။ သူက လက်သီးကျစ်ကျစ်ဆုပ်ထားကာ တစ်ခွန်းမှ မပြောနိုင်ပေ။
မြင်ကွင်းကို ကြည့်ရှုရန် ရောက်လာကြသော ရသေ့သိုင်းပညာရှင်များအတွက်မူ သူတို့က ထိုမြင်ကွင်းသော မြင်တွေ့သောအခါ အံ့သြဆွံ့အနေကြလေသည်။
” လခွမ်း ”
” ဒါတွေ ငါ မြင်နေရတာလား။ အဲ့ဒီကလေးက ဘယ်လိုလုပ် ဒီလောက် မြန်မြန်တက်သွားနိုင်တာလဲ။ သူက ဘယ်သူလဲ။ ဘယ်နေရာကနေ လာတာလဲ ”
” စီရင်စု ၉ ခု။ ဒီတစ်ခေါက် နဂါးတစ်ကောင် တကယ်ပေါ်လာမှာ ငါ စိုးရိမ်မိတယ် ”
” သိပ်သန်မာတာပဲ။ ဒီကလေးရဲ့ ရှေ့မှာ အရင်တုန်းက ပြိုင်စံရှား ပါရမီရှင်တွေက ဘာမှမဟုတ်တော့ဘူး ”
” ငါ့ရဲ့ စီရင်စု၉ခုက ဘယ်အချိန်တုန်းကများ ဒီလို ပြိုင်ဘက်ကင်း ကောင်းကင်ကို ဖီဆန်နိုင်တဲ့ မွန်းစတားတစ်ကောင် ထွက်ပေါ်လာတာလဲ ”
ထိတ်လန့်မှုက မရပ်တန့်သွားပေ။
ယဲ့ရှောင်၏ အရှိန်က အလွန်မြန်၏။ မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်လှေကား၏ ၅ပုံတစ်ပုံကို ဖြတ်ကျော်သွားပြီ ဖြစ်သည်။
နောက်တစ်ပိုင်းက ကောင်းကင်လှေကား တစ်ဝက်၏ တစ်ပိုင်းပဲ ဖြစ်သည်။ ထို့အပြင် အလယ်အဆင့် ဖြစ်၏။ အဆုံးတွင်မူ သူက ထိပ်သို့ အလွယ်တကူ ရောက်သွား၏။
ခရီးစဥ်တစ်ခုလုံးက ချောမွေ့လွန်းသည်။ တစ်နာရီတောင် မကြာပေ။
သူသည် နဂါးသွေးကြောအပေါ် လေးစားသမှု ရှိနေသောကြောင့်သာ ဖြစ်သည်။ သူက ကျင့်စဥ်ကို မသုံးခဲ့ပဲ လမ်းသာ လျှောက်ခဲ့၏။ သူက ကျင့်စဥ်တစ်မျိုးကို အသုံးပြုခဲ့လျှင် ထိပ်သို့ ချက်ချင်း အလွယ်တကူ ရောက်နိုင်၏။
ကြီးမြတ်သော ကျားဖြူသည် ကောင်းကင်၌ လင်းထိန်နေသော လှေကားကို ကြောင်အစွာ စိုက်ကြည့်နေ၏။ သူမ၏ နုနှယ်သော ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်မိသွားသည်။
” ပေ့ထျန်းစီ။ ဒီမကောင်းဆိုးဝါးကို ဘယ်နေရာက ရှာလာတာလဲ။ သူက လူသားတစ်ယောက်ဆိုတာ သေချာရဲ့လား။ သူက လူသားတစ်ယောက် မဟုတ်ဘူးလို့ ငါ ဘာကြောင့် ခံစားမိနေတာလဲ ”
ပေ့ထျန်းစီက ကြိတ်ပျော်သွားလေ၏။ သို့သော် သူက အဆင်အခြင်မဲ့စွာ မပြုရဲချေ။ သူက ရယ်ချင်စိတ်ကို အောင့်အင်းပြီးနောက် ပြောလိုက်သည်။
” ကြီးမြတ်သူ စိတ်မပူပါနဲ့။ သူက လူသားဆိုတာ ၁၀၀ရာခိုင်နှုန်း သေချာတယ်။ သူ့မှာ ကျွန်တော်တို့ စီရင်စု ၉ ခုရဲ့ သွေးမျိုးဆက် ရှိတယ် ”
ယခုအချိန်တွင် အနားပတ်ဝန်းကျင်ရှိ လူများကလည်း စတင်လှုပ်ရှားလာ၏။
ကောင်းကင်လှေကားကို တက်လှမ်းသွားသည့်သူမှာ ယဲ့ရှောင် မဟုတ်ပဲ သူတို့ဖြစ်နေသည့်ပမာ ခံစားနေရသည်။
” ပြီးသွားပြီ။ ပြီးသွားပြီ။ တကယ်ပြီးသွားပြီ ”
” ၄၃မိနစ် ၅စက္ကန့်။ စံချိန်အသစ်ပဲ။ စံချိန်အသစ်ပဲ။ ပြီးတော့ ဒါတင်မဟုတ်ဘူး။ စီရင်စု ၉ ခုလုံးထဲမှာတောင် နဂါးသွေးကြောတွေအားလုံး စုစည်းလိုက်ရင်တောင် သူ့ရဲ့ ရလဒ်က အကောင်းဆုံး ဖြစ်နေတယ် ”
” စီရင်စု၉ခုရဲ့ နံပါတ်တစ်။ စီရင်စု၉ခုမှာ နံပါတ်တစ်ဆိုတာ သေချာတယ် ”
” အံ့သြစရာပဲဟေ့။ သူနဲ့ယှဥ်ရင် ငါက အမှိုက်လို့ပဲ ခံစားရတယ် ”
” သူနဲ့ယှဥ်ရင်လား။ မင်းမှာ သူနဲ့ ဘာယှဥ်ပိုင်ခွင့် ရှိလို့လဲ။ မင်းက သူ့ထက် တော်လို့လား ”
” ငါ မှားပါတယ်ကွာ။ ငါက မထိုက်တန်ဘူး ”
” အားယား။ လူတွေကို ယှဥ်တာက ငါ့ကို တကယ်စိတ်တိုစေတယ်။ အသက် ၄၃နှစ်အရွယ်မှာ ရှန်းထျန်းပဥ္စမအဆင့်ကို ရောက်တဲ့ မဟာချီရှန်း ဖြစ်နေတာကတင် အလွန်ပါ ရမီ ထူးလှပြီဟု ငါ့ကိုငါ ထင်နေတာ။ ဒါပေမဲ့ ဒီနေ့တော့ သူနဲ့ယှဥ်ရင် ငါက အမှိုက်ပဲ ”
” ဒီလူက သေချာပေါက် ဧကရာဇ်တစ်ပါး ဖြစ်လာမယ်ဆိုတာ ငါ ပြောရဲတယ် ”
” မင်းက အမြဲတမ်း အမှန်တရားကို ပြောနေတာပဲ ”

အပိုင်း ၂၇၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset