Switch Mode

Chapter – 15

ရိုင်းစိုင်းရဲလား

Chapter – 15 ရိုင်းစိုင်းရဲလား

ကျောက်ခေတ်ရွာထဲကလူတွေရဲ့ လျှင်မြန်လှတဲ့အရှိန်အဟုန်ကြောင့် တောင်တန်းရဲ့နက်ရှိုင်းတဲ့အပိုင်းကို ခနလေးအတွင်းမှာပဲ ရောက်ရှိလာကြပါတယ်။ သည်အချိန်မှာပဲ သစ်ပင်ကြီးတွေဟာ ကျိုးကျေပျက်စီးနေကြသလို နှစ်တစ်ထောင်စပျစ်နွယ်တွေကလည်း ဖျက်စီးခံထားရပါတယ်။ သားရဲအသေကောင်ပေါင်းများစွာရဲ့ အစိတ်အပိုင်းတွေက နေရာအနှံ့ပြန့်ကျဲလို့ သွေးညှီနံ့တွေဖုံးလွှမ်းနေပါတယ်။

လျှို့ဝှက်ဆန်းကြယ်တဲ့ သားရဲကြီးအဆင့်ပြင်းထန်တဲ့တိုက်ပွဲတွေဟာ အဆင့်နိပ့်သားရဲပေါင်းများစွာကို သေကြေပျက်စီးစေခဲ့ပါတယ်။
ဒါ့အပြင် ဝံပုလွှေကျေးရွာကလည်း ရှီဖန်ကျင်းတို့ကို အလစ်အငိုက်၀င်ရောက်တိုက်ခိုက်တာကြောင့် ဒီနယ်မြေဟာ အကြွင်းမဲ့ ပရမ်းပတာဖြစ်လို့နေပါပြီ။

တောင်ကုန်းငယ်လေးတစ်ခုပေါ်ကို အားလုံးပဲရောက်ရှိလာကြပါတယ်။ မှော်သားရဲအသေကောင်တွေအားလုံးကို ဝံပုလွှေကျေးရွာက သိမ်းသွားတာကြောင့် လုံး၀ကို ရှင်းရှင်းလင်လင်းဖြစ်လို့နေပါတယ်။ ရှီလင်းဟူက တောင်ကုန်းပေါ်ကို ခြေချမိတယ်ဆိုရင်ပဲ ပြောင်သလင်းခါနေတဲ့မြင်ကွင်းက သူ့ကို အမှန်တကယ်သည်းခံနိုင်စွမ်းတွေကုန်ဆုံးသွားစေခဲ့ပါတယ်။ ကျောက်ခေတ်ရွာသားတွေအတွက်စုဆောင်းထားခဲ့တဲ့ မှော်သားရဲအသေကောင်တွေအားလုံး အခိုးခံလိုက်ရပြီလေ။

“လိုက်ကြမယ်!”

သူတို့ကချီတုံချတုံဖြစ်သွားပြီး ချက်ချင်း ဝံပုလွှေကျေးရွာဆီကို ဆက်လက်ထွက်ခွာလာခဲ့ပါတယ်။ ပြီးတော့ ဝံပုလွှေကျေးရွာသားတွေက လောဘတကြီးနဲ့ မှော်သားရဲအသေကောင်တွေကို သယ်ဆောင်သွားကြတာပါ။ ဒါ့ကြောင့် သူတို့တွေဟာ ဝေးဝေးလံလံမရောက်နိုင်ကြသေးပါဘူး။ သူတို့ဟာ ဝံပုလွှေကျေးရွာသားတွေ သယ်ဆောင်သွားတဲ့ မှော်သားရဲအသေကောင်တွေဆီက ကျန်ခဲ့တဲ့ အမွှေး , သွေးစက်တွေနဲ့ အကြေးခွံတွေက သိသာတဲ့လမ်းပြနေသလိုပဲလေ။

“သတိထားကြ!”

လမ်းခရီးကို ဦးဆောင်လာတဲ့ ရှီလင်းဟူက လက်ကိုလွဲပြီး လူတိုင်းကို အချက်ပြလိုက်ပါတယ်။ သူဟာ မြက်တွေနဲ့ အရွက်တွေကို ဖယ်ရှားလိုက်ပြီး ကြီးမားပြီးနက်ရှိုင်းတဲ့ တွင်းနက်တစ်ခုကို ပြလိုက်ပါတယ်။ တွင်းနက်ထဲမှာတော့ မိုးပေါ်ကို အသွားထောင်ထားတဲ့ သံမဏိလှံတံများစွာရှိနေပါတယ်။ ဘယ်သူမဆိုတွင်းနက်ကြီးထဲကို ကျသွားတာနဲ့ တံကျင်အလျိုခံလိုက်ရမှာ ဖြစ်ပါတယ်။

“ဒီဝံပုလွေကောင် မိမစစ် ဖမစစ်ကောင်တွေ တကယ်ယုတ်မာတာပဲ..”

ကျောက်ခေတ်ကျေးရွာက လူတိုင်းက ပို. ပို. ပြင်းထန်တဲ့ ဒေါသတရားတွေကြီးပွားလာခဲ့ပါတယ်။ ဤသည်ကသူတို့့၏ပိုင်နက်အတွင်းမှာပဲ ရှိနေသေးပြီး ဝံပုလွှေကျေးရွာသားတွေက နည်းနည်းလေးမှ မျက်စိမထည့်ထားပုံပါပဲ။ ဒီအတိုင်းသာဆိုရင်တော့ သွေးထွက်သံယိုဖြစ်မှာ တွေကို မရှောင်ရှားနိုင်တော့ပါဘူး။

ရုတ်တရက်ဆိုသလို လေထုကို ထိုးခွင်းလာတဲ့အလင်းတန်းတစ်ခုဟာ ရှီလင်းဟူရဲ့ လည်ပင်းဆီကို ဦးတည်၀င်ရောက်လာပါတယ်။ ဒါက မရဏနိုင်ငံကနေ တိုးထွက်လာတဲ့ စိတ်ဝိညာဉ်ကိုတောင် ပျက်စီးစေနိုင်တဲ့ ကြောက်မက်ဖွယ်ရာသတ်ဖြတ်ခြင်းစွမ်းအားတွေအလား…။ ဒီဟာက 1.3မီတာရှည်လျားတဲ့ သံမဏိမြှားတစ်စင်းပါ။ ဒီအမြန်နှုန်းက ခြောက်ခြားဖွယ်ရာအဆင့်ရှိတဲ့ ဆင်နဂါးသားရဲကောင်ကိုတောင် ထိုးဖောက်သွားနိုင်ပါတယ်။ ကျောက်ခေတ်ရွာသားတွေရဲ့ အလွှာသုံးလွှာအကာအကွယ်ကို ထိုးဖောက်နိုင်တယ်ဆိုတာအံ့သြစရာတော့ မဟုတ်တော့ပါဘူး။ ဒါက လုံး၀ကိုကြောက်စရာပါပဲ။
ချက်ချင်းပဲ တောင်တန်းထဲက နက်နဲသော
ဲအပိုင်းကနေ ကြောက်မက်ဖွယ်ရာ ရေခဲအေးမြှားက လျှပ်တပြက်ထွက်ပေါ်လာတာပါ။ သို့ပေသိ ရှီလင်းဟူရဲ့ မြန်ဆန်တဲ့တုန့်ပြန်မှုကလည်း အပြောင်းအလဲတွေဖြစ်ပေါ်သွားစေခဲ့ပါတယ်။
အရမ်းကို အန္တရာယ်များလှတဲ့အခိုက်အတန့်လေးပါပဲ။ ဒီလိုကြောက်မက်ဖွယ်ရာကောင်းတဲ့ ရေခဲအေးမြှားက ရှီလင်းဟူရဲ့ လည်ပင်းကို ခြစ်ရာလေးနည်းနည်းပဲဖြစ်သွားစေပါတယ်။ ရှီလင်းဟူရဲ့ တုံ့ပြန်မှုသာ နည်းနည်းလေးနောက်ကျသွားမယ်ဆိုရင် သေချာပေါက် ရေခဲအေးမြှားက လည်ပင်းကို ထုတ်ချင်းခပ်သွားပါလိမ့်မယ်။

ဒီအခိုက်မှာပဲ တစ်စုံတစ်ယောက်ရဲ့ အော်ဟစ်သံကြီးထွက်ပေါ်လာပါတယ်။ ရေခဲအေးမြှားထွက်ပေါ်လာရာနေရာကနေ နောက်ထပ်မြှားတ်စင်းပေါ်ထွက်လို့လာတာပါ။ သူ့ရဲ့ အမြန်နှုန်းကသိသိသာသာကို နှေးကွေးတာကြောင့် ရေခဲအေးမြှားရဲ့ တစွန်းတစကိုတောင် မမှီပါဘူး။

” ဒေါင်..”

အဆိုပါမြှားကို ရိုးရိုးမြှားတစ်ချောင်းက ကြားခံကာကွယ်သွားခဲ့ပါတယ်။ မြှားခွင်းမြှားတစ်ချောင်းပါပဲ။ လေထုကို ပွတ်တိုက်ပြီး မြှားအချင်းချင်းထိခိုက်လို့ ပေါ်ထွက်လာတဲ့ မီးစတွေကတစ်ဆင့်ဂယက်အကြီးကြီးဖြစ်စေသွားပါပြီ။ ဒါက အရမ်းကို ကြောက်မက်ဖွယ်ရာကောင်းပါတယ်။
အခုဆို အခင်းဖြစ်ပွားရာနေရာက လုံး၀တိတ်ဆိတ်သွားပါပြီ။ ရှီလင်းဟူက သူ့ရဲ့ လည်ပင်းပေါ်က စပ်ဖျင်းဖျင်းအရသာကို ခံစားမိလိုက်ပါတယ်။ သူဟာ အရှောင်မမြန်ခဲ့ရင် မရဏမင်းနဲ့အတူတူရေနွေးကြမ်းထိုင်သောက်နေရလောက်ပါပြီ။

ဝေးကွာလှတဲ့ တောင်ကုန်းတစ်ခုပေါ်မှာတော့ လေးကြီးတစ်စင်းကို ကိုင်ဆောင်ထားတဲ့ လူငယ်လေးတ်ယောက်ရပ်လို့နေပါတယ်။ သူ့ရဲ့အေးမြပြီး တည်ငြိမ်မှုက လေထုကိုတောင် မတည်မငြိမ်ဖြစ်သွားစေပါတယ်။

” အာ့ဒါ ဟိုကောင်လေးပဲဟ..”

ရှီဖန်ကျင်းနဲ့ တခြားသူတွေရဲ့ အမျက်ဒေါသဟာ မိုးကောင်းကင်ကိုတောင် ထိုးဖောက်မတတ်ဖြာထွက်လို့လာပါတယ်။ ဒီနှလုံးသားကင်းမဲ့ပြီး ရက်စက်တဲ့ လူငယ်လေးကို ပြန်ပေးဆပ်ခိုင်းချင်နေကြပါတယ်။

အဆိုပါလူငယ်လေးဟာ အသက်ဆယ့်လေးဆယ့်ငါးနှစ်အရွယ်လေးသာ ရှိပြီး သူ့ရဲ့ ဆံပင်နက်နက်လေးတွေနဲ့ ပိန်ပိန်သွယ်သွယ်လေးပါပဲ။ သူဟာ အတော်လေးကို ချောမောပေမယ့်လည်း သူ့ရဲ့မျက်လုံးတွေကတော့ အေးစိမ့်နေပါတယ်။ ဒီလောက်ဝေးကွာနေတဲ့ နေရာကနေတောင် သူ့ရဲ့ ချောမောမှုနဲ့ ရက်စက်တတ်တဲ့ ခံစားချက်ကိုပေးစွမ်းနိုင်စွမ်းရှိနေပါတယ်။
သူ့ရဲ့အနောက်မှာတော့ လူခုနှစ်ဆယ်ရှစ်ဆယ်ခန့်ရှိနေပြီး သူတို့တွေဟာ မှော်သားရဲအသေကောင်တွေကို တရွတ်တိုက်ဆွဲနေကြပါတယ်။ မှော်သားရဲအသေကောင်တွေကြောင့် မြက်ပင်တွေနဲ့ ဆူးချုံနွယ်ပိတ်ပေါင်းများစွာဟာ စိစိညက်ညက်ကျေမွသွားခဲ့ကြပါတယ်။

” ဝံပူလွှေရွာက မိမစစ်ဖမစစ်ကောင်တွေ။ မင်းတို့ရဲ့ မြှားလေးနည်းနည်းက ငါတို့ကို ဘာလုပ်လို့ရမှာလဲ။ သတ္တိသိပ့်ရှိနေရင်တော့ ဒီကိုလာခဲ့ကြ။ ငါမင်းတို့ရဲ့ ခေါင်းကို ဖြူတ်ပေးမယ်..”
ကျောက်ခေတ်ရွာသားတစ်ယောက်က ဒေါသတကြီးအော်ဟစ်လို့ စိန်ခေါ်လိုက်ပါတယ်။ ချောမောတဲ့လူငယ်လေးရဲ့ အေးစက်နေတဲ့မျက်လုံးဟာ မျက်တောင်တစ်ချက်ခပ်သွားပါတယ်။ ဒီ့နောက်မှာတော့ သူဟာ သူ့ရဲ့ လေးကို လေးညှိ့တင်လိုက်ပြီလေ။

လူငယ်လေးရဲ့ တုံ့ပြန်မှုကို မြင်လိုက်ရတဲ့ ရှီလင်းဟူက စကားတစ်ခွန်းမှ မပြောတော့ပါဘူး။ သူဟာ သန်မာတဲ့အမဲလိုက်အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တာနဲ့ အညီ နဂါးဦချို ကနေ ဖြစ်တည်လာတဲ့ အနက်ရောင်လေးကြီးကို လျင်မြန်စွာပဲ လေးညို့တင်လိုက်ပါတယ်။ သက်တံ့ရောင်မြှားတစ်စင်းကို ချက်ချင်းပဲပစ်လွှတ်လိုက်ပါတယ်။

” ဒေါင်…”

မြှားနှစ်စင်းဟာ အရှိန်အဟုန်ပြင်းထန်စွာပဲ လမ်းခုလတ်မှာ မြှားခွင်းမြှားဖြစ်သွားကြပါတယ်။ သူတို့နှစ်ယောက်စလုံးရဲ့ မြှားတွေဟာ မြေပြင်ပေါ်ကို ပြုတ်ကျသွားပြီး တစ်ယောက်ရဲ့ စွမ်းအားကို တခြားတစ်ယောက်က ဖျက်ဆီးပစ်လိုက်ပါတယ်။

လူတိုင်းပဲ လူငယ်လေးရဲ့ မြှားစွမ်းရည်ကို မေးခွန်းမထုတ်ချင်ကြတော့ပါဘူး။ သူက အသက်၂၀တောင်မပြည့်သေးဘဲ ကျောက်ခေတ်ရွာရဲ့ အကြမ်းဆုံးရှီလင်းဟူကို လက်ရည်တူတိုက်ခိုက်နိုင်ခဲ့ပါတယ်။

သူ့လိုလူမျိုးဟာ လူငယ်မျိုးဆက်တွေထဲမှာတော့ အလွန်အမင်းကိုကြောက်မက်ဖွယ်ရာကောင်းတဲ့ ပါရမီရှင်တစ်ယောက်ပါပဲ။

” ကျောက်ခေတ်ရွာက မိတ်ဆွေတွေ ။ ကျုပ်တို့ကို ခွင့်လွှတ်ပါ။ ဒီအချိန်က ကျုပ်တို့ မှော်သားရဲအများကြီးကို လိုအပ်နေတာပါ ဒါ့ကြောင့်ပဲ ကျုပ်တို့ ယူရတာပါ အာ့ဒီအတွက်လည်း စိတ်ထဲမှာ အမှတ်ရနေမှာပါ ဒီကျေးဇူးကို အနာဂတ်မှာ သေချာပေါက်ပြန်ကြည့်ပေးပါ့မယ်။”
သက်လတ်ပိုင်းလူကြီးတစ်ယောက်က အော်ဟစ်လို့ဖြေရှင်းချက်ပေးလိုက်ပါတယ်။

” မင်းတို့က ငါတို့ရဲ့ မှော်သားရဲတွေကိုလည်း ခိုးသေးတယ် နောက်ပြီး ငါတို့ညီနောင်တစ်ယောက်ကိုပါ မြှားနဲ့ပစ်ပြီး ဒဏ်ရာရစေတယ်။ ဒါက ဘယ်လိုတောင် ဆိုးရွားတာလဲ။ မင်းတို့က ခွင့်လွှတ်ပေးဖို့တောင် မပြောဘဲ သိက္ခာရှိချင်ယောင်ဆောင်နေတယ် ဘယ်မှာလဲ အခြေခံကျင့်၀တ်တွေကိုတောင် နားမလည်တဲ့ လူ့အန္တကောင်တွေ..”

ရှီလင်းဟူက ဒေါသတကြီးအော်ဟစ်ကြုံးဝါးလို့နေပါတယ်။

” ငါတို့ငြင်းခုန်ပြီးတာနဲ့ တိုက်ပွဲဖြ၀်ရလိမ့်မယ်။ သွေးချောင်းစီးကြမှာပဲလေ။ ဒါကို တောင်တန်းလွင်ပြင်ထဲက လူတိုင်းနားလည်ထားကြတာပဲ..”

၀ံပုလွှေကျေးရွာရဲ့ အမဲလိုက်အဖွဲ့ခေါင်းဆောင်က ပြောလိုက်ပါတယ်။

” ငါတို့ကတော့ လက်မခံဘူး ဒါ့ကြောင့် မင်းတို့ကို ဘာမှပြန်မပေနိုင်ဘူး။”
၀ံပုလွေရွာရဲ့ ကြံ့ခိုင်သန်မာပုံရတဲ့လူတစ်ယောက်က ထီမထင်ဟန်နဲ့ပြောဆိုလိုက်ပြန်ပါတယ်။

သူတို့ရဲ့နှလုံးသားတွေက အပြင်ကို ထွက်ကျလာမတတ်ဒေါသတွေပေါက်ကွဲထွက်လာသလို ကျောက်ခေတ်ရွာသားတွေ ခံစားလိုက်ရပါတယ်။ ဝံပုလွှေကျေးရွာက လူတွေဟာ ရက်ရက်စက်စက်တိုက်ခိုက်ပြီး ကျောက်ခေတ်ရွာရဲ့ မှော်သားရဲကောင်တွေကို ခိုးယူသွားကြတာလေ။ ဒါကို သူတို့က အခုအကြောင်းပြချက်သေးသေးလေးတောင်မပေးဘဲ မောက်မောက်မာမာထီမထင်သလိုဆက်ဆံနေကြပါတယ်။ အမှန်တကယ်ကို ဆွေးနွေးဖို့ အကြောင်းပြချက်မရှိတောပါဘူး။

” ငကြောက်ကောင် ခွေးသူခိုးတွေ !” ရှီဖန်ကျင်းက အော်ပြောလိုက်ပါတယ်။

” မင်း ငါတို့က မင်းတို့ကို ကြောက်မယ်များထင်နေတာလား..”

၀ံပုလွှေရွာအမဲလိုက်အဖွဲ့ခေါင်းဆောင်ဟာ ပြန်လည်အော်ဟစ်လိုက်ပါတယ်။ သူဟာ ခန့်ညားတဲ့မျက်နှာသွင်ပြင်ပြီး ၂မီတာကျော်မြင့်မားတဲ့အရပ်အမောင်းနဲ့အတူ သူတစ်ပါးကို ညှင်းဆဲတတ်တဲ့ အော်ရာတွေဖြာထွက်နေပါတယ်။

ဒေါင် .. ဒေါင် …

လက်နက်မျိုးစုံကနေ ထွက်ပေါ်လာတဲ့ ရှုက်ရှက်ခပ်နေတဲ့အသံတွေဟာ မရပ်မနားထွက်ပေါ်လို့လာပါတယ်။ ရွာနှစ်ရွာရဲ့ ဘက်တော်သားတွေဟာ သူတို့ရဲ့ လေးနဲ့မြှားကို ကိာင်ဆွဲထားလိုက်ကြပါပြီ။ တစ်ချက်တစ်ချက်လင်းလက်လာတဲ့ သတ်ဖြတ်ခြင်းအော်ရာတွေကလည်း ပြည့်နှက်ကာပျံ့နှံ့သွားပါတယ်။

” မင်းတို့ကို လာရာလမ်းအတိုင်းပြန်ကြဖို့ ငါ ပြောချင်တယ်။ မင်းတို့ခြေတစ်လှမ်းတိုးလာရင် တစ်ယောက်နှုန်း ငါပစ်သတ်မယ်။ ဒီအချိန်မှာ ဘယ်သူ့ကိုမှ သနားနေမှာ မဟုတ်ဘူး..”

၀ံပုလွှေရွာရဲ့ ချောမောတဲ့လူငယ်လေးက ပြောဆိုလိုက်ပါတယ်။ သူ့ရဲ့ မောက်မာလှတဲ့ စကားတွေကြောင့် ကျောက်ခေတ်ရွာသားတွေက အသားတွေ တဆတ်ဆတ်တုန်အောင် ဒေါသကြီးသွားကြပါတယ်။

ရှီလင်းဟူကလည်း ဒေါသတကြီးပြောလိုက်ပါတယ်။

” သောက်ကလေး .. လူကြည့်တော့ .. -ီးလောက်ရှိသေးတယ်.. စကားကြီးစကားကျယ်ပြောနေပြီ.. မင်း ဒီလိုမောက်မာနေရင် အဆုံးသတ်ကောင်းမှာ မဟုတ်ဘူးကွ..”

တစ်ချိန်တည်းမှာပင်,သူ့ရဲ့ လေးကိုနောက်သို့ဆွဲငင်ပြီး မြှားတစ်စင်းကို ချက်ချင်းပစ်လွှတ်လိုက်ပါတယ်။ အေးအေးလူလူပြောဆိုဆွေးနွေးလို့မရမှာတော့ တိုက်ပွဲကို ရွေးချယ်ရုံအပြင်ဘာများရှိဦးမှာလဲ?။

ဒန်!
အဆိုပါမြှားတံဟာ မြှားခွင်မြှားနဲ့ ထပ်မံတိုက်မိသွားပြီး တောနက်ကြီးတစ်ခုလုံး ဆူညံသံတွေ ထွက်ပေါ်လာပါတယိ။

“သတ်ကြ!”

ကျောက်ခေတ်ရွာသားတွေဟာ သူတို့ရဲ့လေးမြှားတွေကို ကိုင်ဆွဲပြီး ဝံပုလွှေရွာသားတွေဆီကို ပြေး၀င်သွားကြပါတယ်။ သူတို့တွေဟာ ရိုင်းစိုင်းလှတဲ့သားရဲကောင်တွေအလား တဝ်ယောက်ကို တဝ်ယောက်အပြင်းအထန်တိုက်ခိုက်လို့နေကြပါပြီ။

ဒီအချိန်မှာပဲ သေးငယ်ပြီးစူးရှကျယ်လောင်လှတဲ့ အသံတစ်ခုပေါ်ထွက်လာပါတယ်။

” မင်းတို့က ငါတို့ရဲ့ ရိက္ခာတွေကို ခိုးသွားကြတဲ့ ခွေးသူခိုးတွေပဲ။ ဦးလေးဖူ နဲ့ တခြားသူတွေကိုလည်း မြှားနဲ့ ပစ်ကြသေးတယ် သူတို့တွေက သေမလိုတောင် ဖြစ်ကြရတယ်။ မင်းတို့တွေက ထဘီခြုံထားတဲ့ လဒတွေပဲကွ..”

ရှီဟောင်ဟာ အရိုးစာသားစွမ်းအားကို နိုးဆော်ထားတာကြောင့် သူ့ရဲ့မျက်နှာဟာ အနီရောင်သန်းလို့နေပါတယ်။ သူဟာ လက်သီးတွေကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလို့ပါ။ သူ့ရဲ့ မျက်လုံးတွေကတော့ ရူးသွပ်နေတဲ့အလား ဒေါသအမျက်တွေပြည့်နေပါတယ်။ သူက ငယ်ငယ်လေးတည်းက နွေးထွေးကြင်နာတတ်တဲ့ရွာသားတွေရဲ့ လက်ပေါ်မှာပဲ နေခဲ့ရတာပါ။ အခုတော့ ရိုင်းစိုင်းလှတဲ့သူတွေကို ရင်ဆိုင်ဖို့ သူလည်း ရိုင်းစိုင်းနေပါပြီ။

၀ံပုလွှေရွာသားတွေဟာ ဗြုန်စားကြီးတုန်လှုပ်သွားပေမယ့်လည်း ချက်ချင်းပဲ ရယ်မောလိုက်ကြပါတယ်။ သူတို့ဟာ အကောင်သေးသေးကလေးငယ်လေးရဲ့ သူတို့ကို ဟိန်းဟောက်ခံရမယ်ဆိုတာကို မမျော်လင့်ထားခဲ့ပါဘူး။

ချောမောတဲ့လူငယ်လေးဟာ ချက်ချင်းပဲသူ့ရဲ့မြှားကို လေးညို့တင်လိုက်ပြီး ရှီဟောင်ကို ချိန်ရွယ်လိုက်ပါတယ်။ ကျောက်ခေတ်ရွာသားတွေရဲ့ ဒေါသကတော့ မီးတောင်တစ်ခုလို ပွက်ပွက်ဆူလာပါတယ်။ ဒါက ကလေးငယ်လေးတစ်ယောက်လေ။ ဒါကိုတောင် မြှားနဲ့ပစ်သတ်ရလောက်အောင် ရက်စက်ကြမ်ကြုတ်တဲ့ လူငယ်လေးကို မုန်းတီးရွံရှာသွားကြပါတယ်။ ရှီလင်းဟူက လူငယ်လေးရဲ့ ရေခဲအေးမြှားတွေကို ကြားကနေ ဖျက်ဆီးပစ်ဖို့ ကြိုးစားလိုက်ပါတယ်။ ဒီအချိန်မှာပဲ လူငယ်လေးရဲ့ ရေခဲအေးမြှားတွေဟာ ကျည်ဆံတွေအလား လျှပ်စီးလို အမြန်နှုန်းနဲ့ ပျံထွက်လာပေမယ့် ရှီလင်းဟူက မြှားကို ဖျက်စီးဖိူ့ လုံလောက်တဲ့အချိန်ရခဲ့ပါတယ်။ သို့ပေသိ ရန်သူက စိတ်ကူးထားတာထက်ကို ပိုပြီးအားကောင်လို့နေပါတယ်။

ဒန် …

လူငယ်လေးရဲ့ ရေခဲအေမြှားနဲ့တိာက်မိပြီး မြှားသုံးချောင်းက မြေပြင်ကို ကျသွားပေမယ့်လည်း 1•3မီတာရှည်လျားတဲ့ မြှားတစ်စင်းကတော့ ကျန်ရှိနေပါသေးတယ်။ သာ့ရဲ့ အေးမြတဲ့အငွေ့အသက်က ကြောက်မက်ဖွယ်ရာကောင်းလွန်းနေခဲ့ပါတယ်။

ရှီဟောင်က အကြောက်အလန့်ကင်းစွာပဲ ရေခဲအေးမြှားကို ဖမ်းယူဖို့ သူ့ရဲ့လက်ကို ဆန့်ထုတ်လိုက်ပါတယ်။

” မြန်မြန် ဘေးဖယ်နေလိုက်..”

ကျောက်ခေတ်ရွာသားတွေရဲ့ စိုးရိမ်တကြီးအထိတ်တလန့်အော်ဟစ်သံတွေက မိုးပြိုကျမခန်းပေါ်ထွက်လို့လာပါတယ်။ သူတို့က ရှီဟောင်ဟာ မယုံကြည်နိုင်စရာကောင်းလောက်အောင် အစွမ်းထက်ပြီး ပါရမီရှိမှန်းသိကြပါတယ်။ သူက အသက်လေးနှစ်တောင် မပြည့်သေးပေမယ့် တစ်ထောင်ဂျင်ရှိတဲ့ ကြေးနီအိုးကို မပြနိုင်သလို သူ့ရဲ့ ပြိုင်ဘက်တွေထက်လည်း အများကြီးကို အစွမ်းထက်လို့နေတာပါ။ သူ့ရဲ့အကန့်အသတ်မဲ့ စွမ်းအားတွေက ရှီလင်းဟူထက်တော့ ဆန့်ကျင်ဘက်ပါပဲ။

” သူက ကလေးပဲရှိသေးတာလေ..”

ကျောက်ခေတ်ရွာသားတွေဟာ နှလုံးသားတစ်ခုလုံးကွဲကြေသွားသလို ခံစားလိုက်ရပါတယ်။

ဒန်

သိုပေသိ ပိုပြီးတုန်လှုပ်စရာကောင်းတဲ့ အဖြစ်အပျက်တွေဟာ ထုံးစံအတိုင်းဖြစ်ပေါ်လာခဲ့ပါတယ်။ ရှီဟောင်ရဲ့ ဘယ်ဘက်လက်ပေါ်က အရိုးစာသားတွေဟာ အရောင်အဝါတွေတဖျပ်ဖျပ်လင်းလက်သွားကြပြီး ရေခဲအေးမြှားရဲ့ အရှိန်ကို ရပ်တန့်ပစ်လိုက်ကြပါတယ်။

” ဝှစ်…”

ရှီဟောင်ဟာ ချက်ချင်းပဲ ရေခဲအေးမြှားကို ဖမ်းယူလိုက်ပြီး ဝံပုလွှေရွာက ချောမောတဲ့လူငယ်ဆီကို ပစ်သွင်းလိုက်ပါတယ်။

***

Comment

Leave a Reply

Options

not work with dark mode
Reset