စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၆၉ . အသက် ၂၁နှစ်အရွယ် ဘုရင်နယ်ပယ်လား။ ဒဏ္ဍာရီလာ ဓါးမော့ဓါးဝိဇ္ဇာက တကယ်ကြီး စာကြည့်တိုက်မှူးတစ်ယောက်လား။
” ရှိတာပေါ့။ ဒါပေါ့ ရှိတယ် ”
ပေ့ထျန်းစီက အင်မတန် စိတ်လှုပ်ရှားနေလေ၏။ သို့သော် မကြာမီ၌ သူ၏ အမူအယာက တစ်ဖန် လေးနက်သွားပြန်သည်။
” ဒါပေမဲ့ မစ္စတာယဲ့ရဲ့ အထောက်အထားကို ထုတ်ဖော်ရုံကလွှဲပြီး ရွေးချယ်စရာ မရှိရင်ရော ”
ယဲ့ရှောင်က ရင်ထဲ ထိတ်ခနဲ ဖြစ်သွားလေ၏။ သူက ထုတ်ဖော်ခံရန် အသင့်မဖြစ်သေးပေ။
အတိတ်တုန်းက သူ၏ ကျင့်ကြံဆင့် အလွန်နိမ့်နေသောကြောင့် သူ မည်သူမည်ဝါဆိုတာ ထုတ်ဖော်ခံရမှာ ကြောက်ရွံ့နေခဲ့သည်။ လူအချို့ မနာလိုဖြစ်မှာကို သူ စိုးရိမ်ခဲ့၏။ သို့သော် ယခုအချိန်၌ ကျန်သည့်သူများ ရှာတွေ့သွားမှာကို ကြောက်စရာ မရှိပေ။ သူ အရွယ်ရောက်လာပြီး ဖြစ်သောကြောင့် နယ်မြေတစ်ခုလုံး၌ ဘုရင်နယ်ပယ်သိုင်းပညာရှင်ကို အနိုင်ယူနိုင်သည့် သူက အနည်းစုသာ ရှိသည်။
ထို့အပြင် သူက သန်မာလွန်းသောကြောင့် စီရင်စု၉ခုက သူ့ကို သေချာပေါက် တုပ်နှောင်ထားပြီး သူ့ကို ကာကွယ်ပေးလိမ့်မည်။
ယခုအချိန်တွင် သူ့ကိုသူ မထုတ်ဖော်ချင်ပေ။ အကြောင်းမှာ သူ လက်ရှိဘဝ၏ ငြိမ်းချမ်းမှုကို မဖြိုခွဲလိုသောကြောင့် ဖြစ်၏။
သူ မည်သူမည်ဝါဆိုတာ အားလုံးကို ထုတ်ပြလိုက်သည်နှင့် ချက်ချင်းပင် ကမ္ဘာကြီးရှိ အတောက်ပဆုံးကြယ်ပွင့် ဖြစ်လာမည်ဆိုတာ သူ ပြောရဲသည်။ သူ၏ လက်ရှိဘဝက သေချာပေါက် တည်ရှိတော့မှာ မဟုတ်ပေ။
” ကျုပ်ရဲ့ အထောက်အထားကို တစ်လောကလုံးကို ထုတ်ပြရမှာလား ”
” မဟုတ်ဘူး။ လူတစ်ယောက်။ အလွန်ဆုံး နှစ်ယောက်ကိုပဲ ပြောပြဖို့လိုတယ်”
” ဒါဆို ပြဿနာ မရှိဘူး ”
” ကောင်းပြီလေ။ ငါ စီမံစရာ ရှိတာလေးတွေ သွားလုပ်လိုက်ဦးမယ်။ ဒီလိုဆိုရင်ရော။ ငါ့ကို ဒီမှာ စောင့်နေ။ ခဏနေ ပြန်လာခဲ့မယ် ”
ထိုသို့ပြောပြီးနောက် ပေ့ထျန်းစီသည် ချက်ချင်းပင် လေငွေ့အဖြစ် ပြောင်းလဲပြီး ပြေးသွားတော့၏။
ယဲ့ရှောင်သည် ခဏတာအတွက် အနည်းငယ် ဇဝေဇဝါ ဖြစ်၏။ သို့သော် ပေ့ထျန်းစီက သူ့ကို အလွန်ကောင်းမွန်စွာ ဆက်ဆံ၏။ ထို့ကြောင့် သူက ပေ့ထျန်းစီသည် သူ့ကို ဒုက္ခမပေးနိုင်လောက်ပေ။ သိပ်ပြီး စိုးရိမ်ပူပန်နေရန် မလိုချေ။
ပေ့ထျန်းစီသည် တတ်နိုင်သမျှ မြန်မြန် ကျန်းဟိုင်မြို့ သိုင်းစာကြည့်တိုက်သို့ ကမန်းကတန်း သွားခဲ့၏။ သူက ဒါရိုက်တာရုံးခန်းသို့ တန်းသွားလိုက်တာပဲ ဖြစ်သည်။
” ကြည်ညိုဖွယ် လိပ်နတ်။ ကျုံးစီရင်စုရဲ့ အံ့ဖွယ်ဂိုဏ်း ပေ့ထျန်းစီက တွေ့ဆုံခွင့် တောင်းပါတယ်။ ကြည်ညိုဖွယ် လိပ်နတ် ခင်ဗျာ ကျေးဇူးပြုပြီး တွေ့ခွင့်ပေးပါ ”
ခဏအကြာတွင် အခန်းတိုင်း၌ မီးလင်းသွားပြီးနောက် တံခါးက အလိုအလျောက် ပွင့်သွားတော့၏။ တံခါးဖွင့်ရန် ထိန်းချုပ်လိုက်သူက ကျန်းချန်ပဲ ဖြစ်သည်။
ပေ့ထျန်းစီက ဖြတ်ခနဲ ဝင်လိုက်၏။
” ပေ့ထျန်းစီ။ မင်းကို တွေ့ရတာ ဝမ်းသာတယ် ”
ကျန်းချန်သည် အဖြူရောင် ပိုးသားလေ့ကျင့်ရေး ဝတ်စုံကို လဲဝတ်ထား၏။ သူက အိပ်ယာပေါ်၌ တင်ပလ္လင်ခွေချိတ်ထိုင်ကာ တရားထိုင် ကျင့်ကြံနေလေ၏။ သူ လာတာကို အာရုံခံမိပြီး ဖြစ်သည်။
ဘုရင်နယ်ပယ်ရှိ အစွမ်းထက်သည့် သူတစ်ယောက်၏ ကျင့်ကြံမှုက သာမန်လူများ ယှဥ်နိုင်သည့်အရာ မဟုတ်ပေ။
” ပေ့ထျန်းစီ။ ကျန်းဟိုင်မြို့ကို ဘာကြောင့် ရုတ်တရက်ကြီး ရောက်လာတာလဲ။ ပြီးတော့ ဒီလောက် နောက်ကျနေမှ ငါ့ကို ဘာလို့ လာတွေ့တာလဲ ”
ပေ့ထျန်းစီက ထပ်ပြောလိုက်၏။
” ဆရာ့ကို သတင်းပို့ပါတယ်။ ဒီဂျူနီယာက အရေးကြီးတာတစ်ခု ပြောစရာ ရှိလို့ပါ ”
” လွတ်လွတ်လပ်လပ် ပြောစေ ”
” အနောက်ပိုင်းက နဂါးသွေးကြောတချို့ လုယူခံလိုက်ရတယ်။ အဲ့ဒီအကြောင်း သိပါရဲ့လား ”
” အဲ့ဒီအကြောင်း ငါ သိတယ် ”
” ဆရာ အနောက်အရပ်က နဂါးသွေးကြောတွေ လုယူခံလိုက်ရတယ်။ အဲ့ဒါကို ကြယ်တာရာသားရဲတွေ လုပ်သွားတာပဲ ဖြစ်ရမယ်။ မထင်ထားတာက အနောက်အရပ်က ဒေသရဲ့ ကပ်ဘေးကနေ ယှဥ်လို့မရတဲ့ ထိတ်လန့်မှုတစ်ခုကို ခံစားရဖို့ များတယ်။ အပြည့်အဝ ပျောက်ကွယ်သွားဖို့တောင် များတယ် ”
” အနောက်အရပ် ပြိုလှဲရင် ကျုပ်တို့ဆီ ရောက်လာလိမ့်မယ်။ စီရင်စု၉ခုကို အနောက်အရပ်ရဲ့ ခြေလှမ်းတိုင်း မလိုက်ပါအောင် ကူညီပေးနိုင်ဖို့အတွက် ကျုပ်တို့က အင်မတန် သန်မာတဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့လိုအပ်တယ်။ တိုက်ပွဲရဲ့ ဒီရေကို ပြောင်းလဲပစ်ဖို့ လုံလောက်အောင် သန်မာတဲ့ သူတစ်ယောက်ပေါ့ ”
ကျန်းချန်က မျက်ခုံး ပင့်လိုက်၏။
” ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။ မင်းက ကွေ့ဝိုက်နေတာပဲ။ ပြောစရာရှိရင် ပြောလိုက် ”
” ကျုပ် … နဂါးသွေးကြောကို ရှာတွေ့ထားတယ် ”
ကျန်းချန်၏ အမူအယာက ရုတ်တရက် တည်သွား၏။
” ဒါက မင်း ငါ့ကို ပြောချင်တာလား။ ငါ့ကို နှောက်ပြောင်မှု ရည်ရွယ်ချက်နဲ့ ဒီရောက်နေတာလား။ နဂါးသွေးကြောက ဘယ်လောက် အရေးပါလဲဆိုတာ မင်း သိလား။ ကျန်တဲ့ နဂါးသွေးကြောတွေရဲ့ ပြန်လည်ရှင်သန်မှုအတွက် အရေးကြီးတယ်။ အဲ့ဒီကို ဘယ်သူ့မှ အလွယ်တကူ သွားခွင့်မရှိဘူး ”
” ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်တစ်ယောက် ဖြစ်လာဖို့ အခွင့်အရေးရှိတဲ့ သူတစ်ယောက်ဆိုရင်ရော ”
ကျန်းချန်၏ သူငယ်အိမ်တို့ ကျုံ့သွားလေ၏။
” ပေ့ထျန်းစီ။ ငါနဲ့ အဓိပ္ပာယ်မရှိတာတွေ ထပ်မပြောနဲ့တော့။ မဟုတ်ရင် ငါ့ကို ရိုင်းပျတယ်ဆိုပြီး အပြစ်မတင်နဲ့ ”
ပေ့ထျန်းစီက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်၏။ သူသည် ယဲ့ရှောင် ပုန်းနေနိုင်ရန် ကူညီချင်၏။ သို့သော်ငြား ယခု အခွင့်အရေးထက် သူ တိုက်ခိုက်ရတော့မည့်ပုံပေါ်သည်။ သူက ကွယ်ဝှက်မထားတော့ပေ။
” ကြီးမြတ်လှသူ။ ကျုပ် အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ မဟုတ်ပါဘူး။ ကျုပ်ပြောသမျှ အရာအားလုံးက အမှန်ပါပဲ။ ကျန်းဟိုင်မြို့မှာ အင်မတန် ပါရမီထူးတဲ့ ပါရမီရှင်တစ်ယောက် ရှိတယ် ”
ကျန်းချန်က မျက်ခုံး ထပ်ပင့်လိုက်၏။
” မင်းက ဧကရာဇ်ရဲ့ သွေးမျိုးဆက်ရှိတဲ့ ချင်ယွိယန်ကို ပြောနေတာလား ”
ပေ့ထျန်းစီက ခေါင်းခါလိုက်၏။
” သူ မဟုတ်ဘူး။ သူက သူမထက် အဆတစ်ရာ၊ အဆတစ်ထောင် မဟုတ်ဘူး။ အဆတစ်သောင်းတောင် ပိုသန်မာတယ် ”
” မဖြစ်နိုင်တာ ”
” ဒါ မဖြစ်နိုင်ဘူး ”
ကျန်းချန်က သူ ပြောတာကိုချက်ချင်း ငြင်းလိုက်၏။
ဧကရာဇ်၏ သွေးမျိုးဆက်သည် လောက၌ အသန်မာဆုံးဆိုတာ သိထားကြပေသည်။
ကျင့်ကြံခြင်း အရှိန်အရာတွင် ဖြစ်စေ၊ ကျန်သည့်အရာတွင်ဖြစ်စေ ဧကရာဇ်သွေးမျိုးဆက် ရှိသူက အသန်မာဆုံး ဖြစ်၏။
ကြီးမြတ်သူ ( ၄ ) ဦး ဖြစ်သည်။ ကျန်းချန်အပါအဝင် ကြီးမြတ်သူ ( ၄ ) ဦးကတောင် အတိတ်တုန်းက ဧကရာဇ်သွေးမျိုးဆက် ရှိခဲ့ကြသည်။ သူတို့သည် ထို့ကြောင့် ကြီးမြတ်သော လိပ်နတ်၏ နေရာကို လွှဲယူရန် အရည်အချင်း ပြည့်မှီလာပြီး ကြီးမြတ်သော လိပ်နတ်၏ အယူဝါဒကို လက်ခံပြီး ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်လာခဲ့၏။
” အသက် ၂၁နှစ်အရွယ် ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ယောက်ကို တွေ့ဖူးလား ”
” မင်း ဘာပြောလိုက်တာလဲ။ ထပ်ပြောလိုက် ”
ကြီးမြတ်သော လိပ်နတ်က သူ၏ ခုံကနေ ရုတ်တရက် ထထိုင်လိုက်၏။ သူ၏ ထိတ်လန့်နေသော အမူအယာသည် ပေ့ထျန်းစီ၏ နှုတ်ခမ်းထောင့်စွန်းကို အနည်းငယ် ကွေးတက်သွားစေတော့သည်။
” အသက် ၂၁နှစ်အရွယ် ဘုရင်နယ်ပယ် သိုင်းပညာရှင်”
” ဒါ လုံးဝမဖြစ်နိုင်ဘူး။ မင်း ငါ့ကို လိမ်နေတာလား။ မင်း ငါ့ကို တစ်ရာရာခိုင်နှုန်း လိမ်နေတာပဲ ဟုတ်တယ်ဟုတ် ”
” ဆရာက ကြီးမြတ်တဲ့ လိပ်နတ်ပဲလေ။ ကျုပ်က ဒီလို ကိစ္စမျိုးကို လိမ်မယ်ဆိုရင် ကျုပ်ရဲ့ အဆုံးသတ် ဘယ်လိုဖြစ်မယ်လို့ ထင်လဲ ”
ကြီးမြတ်သော လိပ်နတ်က စကားမပြောပေ။ သူ၏ မျက်နှာထက်၌ ကြောင်အမှုများ ရှိနေ၏။ သူ့နား သူ မယုံနိုင် ဖြစ်နေသည်။
အသက် ၂၁နှစ်အရွယ် ဘုရင်နယ်ပယ် သိုင်းပညာရှင်တဲ့။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ စီရင်စု ၉ ခုရဲ့ သမိုင်းကြောင်းမှာတောင် ရှားပါးတဲ့ တည်ရှိမှုလေ။
လူတစ်ယောက်သည် ဘုရင်နယ်ပယ်သို့ အသက် ၂၁နှစ်အရွယ်တွင် ရောက်နိုင်ခဲ့လျှင် ထိုလူက ဤလောကကြီး၏ ပါရမီအရှိဆုံး လူဆိုတာ သံသယဖြစ်ဖွယ် မရှိပေ။
ထို့အပြင် သူ၏ အနာဂတ်တွင်လည်း သူသည် ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်တစ်ယောက် ဖြစ်လာရန် တစ်ရာရာခိုင်းနှုန်းနီးပါး သေချာ၏။
” သေချာ နားလည်သဘောပေါက်ရဲ့လား။ တစ်ယောက်ယောက်က သူ့ကို ဉာဏ်အလင်း ဖွင့်ပေးလိုက်တာများလား ”
ကျန်းချန်းက အလျှော့မပေးချင်သေးပဲ မေးလိုက်၏။ ဆိုရလျှင် သူ့ဘာ့သာသူ ကျင့်ကြံတာဆိုလျှင် သူ၏ ကျင့်ကြံခြင်းက အလွန်သန်မာလောက်သည်။
သို့သော်ငြား စီနီယာ သိုင်းပညာရှင်များက သူ့ကို အလင်းပြပေးခဲ့သည်ဆိုလျှင်မူ မတူတော့ပေ။ သူ၏ ဘဝ၌ ထိုနယ်ပယ်သာ ရောက်နိုင်၏။
ဘုရင်နယ်ပယ်ရှိ လူများကလည်း သိုင်းပညာရှင်များ ဖြစ်သော်ငြား သူတို့ ဆောင်ယူလာသည့် သက်ရောက်မှုက သူတို့ ကိုယ်ပိုင် ကျင့်ကြံမှုနဲ့ မတူညီပေ။
ကိုယ့်ဘာ့သာကို ကျင့်ကြံထားသည့် အသက် ၂၁နှစ်အရွယ် ဘုရင်နယ်ပယ် သိုင်းပညာရှင်သည် မမှန်းဆနိုင်လောက်အောင် ကြောက်ခမန်းလိလိ ပါရမီရှင်တစ်ယောက် ဖြစ်ပေလိမ့်မည်။
” သူ့ဘာ့သာသူ ကျင့်ကြံတာ။ တစ်ရာရာခိုင်နှုန်း သူ့ဘာ့သာသူ ကျင့်ကြံတာ။ ဒါကို ကျုပ်ကိုယ်တိုင် အာမခံပေးနိုင်တယ်။ လွန်ခဲ့တဲ့ တစ်လတုန်းက သူ ကျေးခရိုင်ကို သွားတဲ့အချိန် သူက ရှန်းထျန်း နဝမအဆင့် အံ့ဖွယ်ချီရှန်းအဆင့်မှာပဲ ရှိသေးတာ။ မသေမျိုးစစ်သည်ရဲ့ အုတ်ဂူဆီ သူ့ကို လမ်းညွှန်ပေးလိုက်ပြီး ဘုရင်နယ်ပယ်အောက် အဆင့်ကို သူ နားလည်သဘောပေါက်အောင် ကူညီပေးခဲ့တယ်။ ဒါပေမဲ့ အခု သူက ဘုရင်နယ်ပယ်ကို တက်လှမ်းသွားပြီးပြီ ”
ဟ။
ကျန်းချန်သည် အသက်ပြင်းပြင်း တစ်ချက်ရှူမိသွား၏။
တစ်လအတွင်း၌ သူသည် ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ချီရှန်းမှ အင်အားကြီးသော ဘုရင်နယ်ပယ် သိုင်းပညာရှင်အဖြစ် ရောက်သွားခဲ့သည်။ သူ့ဘာ့သာသူတောင် နားလည်သဘောပေါက်ပြီး လေ့ကျင့်ခဲ့တာ ဖြစ်၏။ ထိုကိစ္စမျိုးသည် ယခင်က တစ်ခါမှ ဖြစ်တောင် မဖြစ်ဖူးပေ။
ကျန်းချန်၏ တုံ့ပြန်မှုကို မြင်ပြီး သူသည် နှစ်ပေါင်းရာချီ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ထားတာ ဖြစ်သည့်တိုင် မပြုံးပဲ မနေနိုင်တော့ချေ။ သူ့ဘာ့သာသူ အနည်းငယ် ဂုဏ်ယူဝင့်ကြွားသွား၏။
ခုနတုန်းက ခင်ဗျား ကျုပ်ပြောတာကို မယုံဘူး။ ဒါပေမဲ့ အခုတော့ ခင်ဗျား ဘယ်လောက် ထိတ်လန့်နေပြီလဲဆိုတာ သိပြီမလား။
ကျန်းချန်သည် သဘောပေါက်သွားသည့်အချိန်၌ သူက ချက်ချင်း ပြောလိုက်၏။
” မြန်မြန် သူ့ကို တွေ့ရအောင်။ ငါ့ကို ခေါ်သွားပေး။ ငါ အခု သွားမယ် ”
ယခုအချိန်တွင် ကြီးမြတ်သူ ( ၄ ) ဦးထဲမှတစ်ဦးဖြစ်သည့် ကြီးမြတ်သော လိပ်နတ် ကျန်းချန်းကတောင် သူ၏ သတိတရားကို မထိန်းနိုင်တော့ပေ။ သူက ယဲ့ရှောင်ကို တွေ့ရန် အလျင်လိုနေ၏။
” ကျုပ် အခု ခေါ်သွားပေးမယ် ”
အသက်ရှိုက်စာ အနည်းငယ် ကြာပြီးနောက် ယဲ့ရှောင်၏ အိမ်တွင် ဖြစ်သည်။
” မင်္ဂလာပါ ဒါရိုက်တာ ”
ကျန်းချန်၏ ဦးနှောက် အကြော်ခံလိုက်ရ၏။
ကျန်းချန်၏ ဝိညာဥ် ဗလာဖြစ်သွားသည်။
ကျန်းချန်၏ နှလုံးသား ပေါက်ကွဲသွားလေပြီ။
ကျန်းချန် တစ်ကိုယ်လုံးက တစ်ဘဝစာ ထိတ်လန့်မှုတို့ ကြုံတွေ့လိုက်ရ၏။
သူက လုံးဝ အံ့သြဆွံ့အနေသည်။ ယဲ့ရှောင်သည် ပေ့ထျန်းစီက ဒါရိုက်တာကို ဤနေရာသို့ ခေါ်လာလိမ့်မည်ဟု မထင်ထားပေ။
ပေ့ထျန်းစီသည် ကျန်းချန်၏ အမူအယာကို မြင်သောအခါ ကြိတ်မရယ်ပဲ မနေနိုင်တော့ပေ။ ယဲ့ရှောင်သည် ဘုရင်နယ်ပယ်ရှိ အစွမ်းထက်သည့် သူတစ်ယောက်ဆိုတာ သူ သိလိုက်ရချိန်၌ သူသည်လည်း ထိုကဲ့သို့ ဖြစ်ခဲ့တာကို မေ့သွားတော့၏။
” မင်း။ ငါ့ရဲ့ စာကြည့်တိုက်က ကြီးကြပ်သူ မဟုတ်ဘူးလား။ အရင်တုန်းက သာမန် စာကြည့်တိုက်မှူးလေးက ဘယ်သူလဲ ”
” ယဲ့ရှောင် ” ပေ့ထျန်းစီက ထပ်ပြောလိုက်၏။
” အိုး ဟုတ်တယ်။ ယဲ့ရှောင်။ မင်း မင်းက ဘုရင်နယ်ပယ် ဘုရင်နယ်ပယ်က အစွမ်းထက်တဲ့ သိုင်းပညာရှင်တစ်ယောက်လား ”
ကျန်းချန်က ထပ်ပြီး မတွေးနိုင်တော့ပေ။
သူသည် ယဲ့ရှောင် စာကြည့်တိုက်ထဲတွင် ရှိစဥ်က သူ့ကို သတိမပြုခဲ့မိပေ။ တစ်ခါတောင် သတိမပြုမိပေ။ ယခုအချိန်၌ ယဲ့ရှောင်က ဘုရင်နယ်ပယ်တွင် ရှိသည်ဟု ပြောနေသည်လော။
ဘုရားရေ။ ဒါက ရယ်စရာတစ်ခုပဲ။
” ကျန်းဟိုင်မြို့ရဲ့ ဓါးမော့ဓါးဝိဇ္ဇာကလည်း မင်းပဲလား”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” မင်းက တကယ် အသက် ၂၁နှစ်လား ”
ယဲ့ရှောင်က ခေါင်းထပ်ညိတ်လိုက်သည်။
” မင်းက တကယ် ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ယောက်လား ”
ကျန်းချန်က ထပ်မမေးပဲ မနေနိုင်တော့ပေ။ ယဲ့ရှောင်က ရွေးချယ်စရာ မရှိပဲ သူ၏ အရှိန်အဝါ တစ်စွန်းတစ်စကို ထုတ်ပြလိုက်သည်။
ဖုန်း။
ကျန်းချန်၏ စိတ်က ပေါက်ကွဲသွားသည့်ပမာ ခံစားလိုက်ရ၏။ မှန်နေပြီ။ ယဲ့ရှောင်က အမှန်တကယ် ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်၏။ ယခုအချိန်တွင် သူ့ရင်ထဲရှိ နောက်ဆုံးသော ကံကောင်းမှုက အပြည့်အဝ ပျောက်ကွယ်သွား၏။ သူ၏ လောကအမြင်သည် အပြည့်အဝ ဖျက်ဆီးခံလိုက်ရပြီး ပြိုလဲသွားချေပြီ။
ဤလောကထဲ၌ ၄င်းကို တစ်စုံတစ်ယောက်က အမှန်တကယ် ပြုလုပ်နိုင်ခဲ့သည်။ သူသည် အသက် ၂၁နှစ်အရွယ်တွင် ဘုရင်နယ်ပယ်သို့ ရောက်ခဲ့၏။ ထိုစံချိန်သည် လောကကြီး၏ ပထမဆုံးနေရာတောင် ဖြစ်လောက်သည်။
” မင်း ဘယ်လို လေ့ကျင့်ခဲ့လဲဆိုတာ သိချင်တယ်။ ငါ့ကို ပြောပြနိုင်မလား ”
ကျန်းချန်က အင်မတန် သိချင်နေ၏။
ယဲ့ရှောင်က ခဏတာ တိတ်ဆိတ်သွားတော့သည်။
” အင်း။ ကျွန်တော် ပုံမှန်အတိုင်း လေ့ကျင့်ရုံပဲ။ ဘယ်လို လေ့ကျင့်ရမှာလဲ။ ဒါက ကျွန်တော် လေ့ကျင့်တဲ့ပုံ ”
ကျန်းချန်က ခေါင်းညိတ်လိုက်၏။ သူ နားလည်သွား၏။ ယင်းက လျှို့ဝှက်ချက် ဖြစ်သည်။ သူက သူတို့ကို မပြောပြချင်ပေ။
ထိုအရာကို သူ လက်ခံနိုင်သည်။ ဆိုရလျှင် ယဲ့ရှောင်က ဘုရင်နယ်ပယ်သို့ အသက် ၂၁နှစ်အရွယ်မျှဖြင့် တက်လှမ်းခဲ့တာ ဖြစ်၏။ သူ၏ လေ့ကျင့်သည့် နည်းလမ်းက တမူထူးကဲပြီး အလွန်တင်းကြပ်တာပဲ ဖြစ်မည်။
ကျန်းချန်သည် ယဲ့ရှောင်သည် ညဘက်တွင် မအိပ်နိုင်လောက်ဟု မှန်းဆခဲ့မိသည်။ သူသည် ညဘက်တွင် မအိပ်လောက်ဟု မှန်းဆမိ၏။ သူသည် မွေးလာချိန်မှစပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့တာပဲ ဖြစ်ရမည်။
ပေ့ထျန်းစီက ထပ်မေးလိုက်၏။
” ကြီးမြတ်သူ။ ဒါကို ဘယ်လိုထင်လဲ”
” အခု ယုံသွားပြီလား။ ယဲ့ရှောင်ကို နေရာပေးနိုင်မလား ”
ကျန်းချန်က ခေါင်းညိတ်လိုက်၏။
” မင်း ပြောတာ မှန်တယ်။ လုံလောက်သွားပြီ။ သူက အရည်အချင်း မမှီရင် ဤလောကထဲမှာ ဒုတိယမြောက် လူဆိုတာ ရှိတော့မှာ မဟုတ်ဘူး ”
ယဲ့ရှောင်က အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။
ပေ့ထျန်းစီက သူ့အတွက် ရှင်းပြတော့သည်။
” ငါတို့ စီရင်စု ၉ ခုက နတ်ဘုရားမြေဆိုတာ မင်းသိလား။ ဒီမှာ သဘာဝနဂါးသွေးကြောတွေ အများကြီး ရှိတယ်။ နဂါးသွေးကြောတွေထဲမှာ အစွမ်းထက်တဲ့ နဂါးစွမ်းအင်တွေ ပါဝင်တာ။ နဂါးစွမ်းအင်က လူသားတွေအတွက် ဧကရာဇ်နယ်ပယ် သိုင်းပညာရှင် ဖြစ်လာဖို့ သော့ချက်ပဲလေ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ရာချီတုန်းက စီရင်စု၉ခုထဲက နဂါးသွေးကြော ၉၉ခုကို ဖျက်ဆီးခဲ့ပြီး နဂါးသွေးကြောတစ်ခုပဲ ချန်ထားခဲ့တဲ့ ဧကရာဇ်တစ်ပါး ရှိတယ်။ ဒါ့အပြင် နဂါးတစ်သောင်းရဲ့ ဘိုးဘေးဖြစ်တဲ့ ခွန်းလွန် နဂါးသွေးကြောလည်း ရှိတယ်။ ဒါပေမဲ့ ခွန်းလွန် နဂါးသွေးကြောက သူ့ဘာ့သာသူ ချိတ်ပိတ်ထားတာ ကြာပြီ။ အဲ့ဒါကို ဘယ်သူ့မှ ရှာမတွေ့နိုင်ဘူး။ အခု ကျန်ရှိတဲ့ နဂါးသွေးကြောက အဆင့်မြင့် နဂါးသွေးကြောပဲ။ အဲ့ဒါက အသက်ရှင်လျက် ရှိသေးတယ် ”
အပိုင်း ၂၆၉ ပြီး၏။