စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၆၈ ဧကရာဇ်တစ်ပါး၏ သွင်ပြင်။
ရိုးရိုးသားသား ဆိုရလျှင် ထိုကဲ့သို့ စားတော်ပွဲအဆင့်က ကမ္ဘာ့အနှံ့ရှိ ဘုရင်အားလုံးအတွက် နေ့စဥ်နေ့တိုင်း စားဖို့က မဖြစ်နိုင်ပေ။ အာကာသစစ်မြေပြင်ထဲရှိ ဧကရာဇ်နယ်ပယ်သိုင်းပညာရှင်များသာလျှင် ၄င်းကို မြည်းစမ်းရန် အခွင့်အရေး ရလောက်၏။ သို့သော် သူတောင် နေ့စဥ်နေ့တိုင်း စားနိုင်မှာ မဟုတ်ပေ။ စားသောက်ခြင်းအရာ၌ ယဲ့ရှောင်က ဤလောက၌ နံပါတ်တစ် လူသားဆိုတာ သေချာသည်။
သူက မည်ကဲ့သို့ ကောင်းကောင်းစားရမည်မှန်း သိနေ၏။ ကောင်းကောင်းလည်း စားလွန်းသည်။ စားကောင်းသောက်ဖွယ်များစွာကို နေ့စဥ်နေ့တိုင်း စားသောက်နေပြီး ဝက်တစ်ကောင်ကတောင် ချီရှန်းဖြစ်လာနိုင်၏။
ပေ့ထျန်းစီကတော့ ယဲ့ရှောင် ထိုမျှ သန်မာနေရသည့် အကြောင်းအရင်းမှာ သူ၏ ပါရမီက ခိုင်မာလွန်းသောကြောင့်ဆိုတာကိုတော့ သူ သိနေလေ၏။
ပါရမီကျင့်စဥ်နှင့် သိုင်းပညာအရင်းအမြစ်များသည် ပိုသန်မာလာရန်အတွက် အခြေခံအကြောင်းအရင်းများပဲ ဖြစ်၏။ သို့သော် အောင်မြင်မှု အားလုံးသည် အထုံပါရမီပေါ်တွင်သာ တည်ဆောက်ထား၏။ သူ၏ ပါရမီက မလုံလောက်လျှင် သူက နေ့စဥ်နေ့တိုင်း အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတစ်ကောင်ကို စားပေလျှင် ယဲ့ရှောင်၏ လက်ရှိအဆင့်သို့ ရောက်နိုင်မှာ မဟုတ်ပေ။
” ခင်ဗျား မစားတော့ဘူးလား ”
သူ၏ တူများကို မလှုပ်တာကို မြင်သောအခါ ယဲ့ရှောင်က မနေနိုင်ပဲ မေးလိုက်တော့၏။
ပေ့ထျန်းစီက တူ အမြန်ကိုင်ကာ ပြောလိုက်တော့သည်။
” စားမှာ။ စားမှာပေါ့။ ငါ စားတော့မယ် ”
ထိုသို့ပြောပြီးနောက် သူက စားသောက်နေစဥ် သိုလှောင်လက်စွပ်ထဲကနေ ဝိုင် တစ်ပုလင်းကို ထုတ်လိုက်၏။
” ဒီ ဝိညာဥ် သေရည်ပုလင်းကို ငါ နှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့တာ။ ငါ တစ်ခါမှ မဖွင့်ကြည့်ခဲ့ဘူး။ ဒီနေ့တော့ ငါတို့နှစ်ယောက် မူးတဲ့အထိ သောက်ရအောင် ထားလိုက်မယ် ”
သူသည် ဝိညာဥ် သေရည်ကို သူ့အတွက် လောင်းထည့်ပြီးနောက် ဟွမ်လျိုလီအတွက်လည်း တစ်ခွက်ထည့်ပေးလိုက်၏။
” ရှင့်ရဲ့ ဝိညာဥ် သေရည်က ဆိုးလိုက်တာ ဟုတ်တယ်မလား။ ကျွန်မ သခင်ရဲ့ သေရည်တစ်ဝက်လောက်တောင် မကောင်းဘူး။ အရသာပဲဖြစ်ဖြစ် အရည်သွေးပဲဖြစ်ဖြစ် ဝေးကွာလွန်းနေတယ် ”
ပေ့ထျန်းစီက ကြက်သေ သေသွားပြီး ချက်ချင်းပင် သူ့ခေါင်း သူ ရိုက်လိုက်၏။
” ငါ့ကို ကြည့်စမ်းပါဦး။ ငါ့ကိုငါ အရှက်ခွဲနေတာပဲ မဟုတ်ဘူးလား။ မစ္စတာယဲ့မှာ ဒီလောက် စားကောင်းသောက်ဖွယ်တွေ အများကြီး ရှိနေတော့ သေရည်ကောင်းတွေ ဘယ်လိုလုပ် ချို့တဲ့မှာလဲ။ သိုင်းပညာရှင်ကြီးရှေ့မှာ ငါ တကယ်ကြွားလုံးထုတ်မိနေတာပဲ ”
ယဲ့ရှောင်က ပြုံးလိုက်၏။
” အဲ့လိုလည်း မဟုတ်ပါဘူး။ လျိုလီ။ သေရည် သွားထုတ်လိုက် ”
” ဟုတ်ပြီ ”
ဟွမ်လျိုလီသည် သေရည် တစ်ပုလင်းကို အမြန်ထုတ်လိုက်၏။ ၄င်းကို ယဲ့ရှောင်က ပျားရည်၊ သမင်သွေးနှင့် သမင်ချိုကို သုံးပြီး သန့်စင်ထားတာပဲ ဖြစ်သည်။
၄င်းက သက်တမ်း မကြာသေးသော်ငြား
ယဲ့ရှောင်သည် မြေကြီးထဲ၌ မြုပ်ထားပြီးနောက် အရသာက အလွန်ကောင်းနေပြီဖြစ်ကာ ၄င်းသည် နေနှင့်လ၏ စွမ်းအင် အဆီအနစ်၊ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဥ်စွမ်းအင်များကို စုပ်ယူထားတာပဲ ဖြစ်၏။
ဟွမ်လျိုလီက ပေ့ထျန်းစီအတွက် တစ်ခွက်
ထည့်ပေးချိန်၌ ပေ့ထျန်းစီက နှာခေါင်းတစ်ရှုတ်ရှုတ်ဖြင့် အနံ့ခံပြီးနောက် သူ၏ မျက်လုံးက ချက်ချင်း လက်သွားတော့၏။
” ကောင်းလိုက်တဲ့ သေရည်။ အနံ့ခံရုံနဲ့ ဒီအဖိုးကြီးက သူ့ရဲ့ ထူးကဲမှုကို ခံစားမိနေပြီ ”
သူက တစ်ငုံသောက်ကြည့်ပြီးနောက် ထပ်တလဲလဲ ချီးကျူးတော့၏။
” အရက်ကောင်းပဲ။ လောကကြီးထဲမှာရှိတဲ့ ရသာမွန်ပဲ။ မစ္စတာ ယဲ့။ မင်းရဲ့ နေ့စဥ်နေထိုင်မှုပုံစံက တကယ်မြင့်မားလွန်းတယ်။ နေ့စဥ်နေ့တိုင်း ရနေတဲ့ အကောင်းဆုံး ကြယ်တာရာသားရဲနဲ့ အကောင်းဆုံး အရက်ကို မြည်းစမ်းနေရတာ။ မင်းရဲ့ ကျင့်စဥ်က နေ့တိုင်း တိုးနေသေးတယ်မလား ”
ယဲ့ရှောင်က ထူးမခြားနား ပြောလိုက်၏။
” အော် ဟုတ်သား။ စကားမစပ် ဒီတစ်ခေါက် ကျွန်တော့်ရဲ့ နေရာကို ဖြတ်သွားဖို့ ဘယ်လိုလုပ် အားနေတာလဲ။ ကြည့်ရတာ ဆရာကြီးက ရှန်းထျန်း သတ္တမအဆင့် ကြယ်တာရာသားရဲသုံးကောင်ကို သွားသတ်တာနဲ့ တူတယ်။ ကျွန်တော် ထင်တာ မမှားရင် အနီးအနားမှာ ရှန်းထျန်း သတ္တမအဆင့် ကြယ်တာရာသားရဲတွေ မရှိလောက်ဘူး ”
ယဲ့ရှောင်သည် ဘုရင်နယ်ပယ်သိုင်းပညာရှင်တစ်ယောက် ဖြစ်နေပြီဖြစ်၏။ အနီးအနား၌ ရှန်းထျန်းသတ္တမအဆင့် အံ့ဖွယ်ဂိုဏ်း ကြယ်တာရာသားရဲများ ရှိနေခဲ့လျှင် သူတို့က သူ၏ ရှာဖွေမှုကနေ လွတ်မြောက်နိုင်မှာ မဟုတ်။ သူ၏ နတ်ဆိုးလက်သည်းကနေလည်း လွတ်မြောက်မှာ မဟုတ်ပေ။ သူတို့ကို သူ သေချာပေါက် ဖမ်းပြီး ကြယ်တာရာသားရဲ မွေးမြူရေးခြံသို့ ပို့လိုက်မှာပဲ ဖြစ်သည်။
ပေ့ထျန်းစီက သက်ပြင်းချလိုက်၏။
” မင်း ခန့်မှန်းတာ မှန်တယ်။ ငါ မြောက်အရပ်ကနေ လာခဲ့တာ”
” အစကတော့ ကျုံးမြို့ကို တန်းပြန်မလို့ပဲ။ ဒါပေမဲ့ ငါ့ရင်ထဲ မချင့်မရဲ ဖြစ်မှုတွေနဲ့ ပြည့်နေတာ။ ဒါကြောင့် ခဏလောက်တော့ စကားပြောစရာ လူမရှာနိုင် ဖြစ်ခဲ့တယ်။ ဒါကြောင့် ကျန်းဟိုင်မြို့ကို လာပြီး မစ္စတာယဲ့နဲ့ စကားပြောဖို့ လာတာပဲ ”
ယဲ့ရှောင်သည် ဟင်းသီးဟင်းရွက်တချို့ စားပြီးနောက် စားသောက်နေစဥ် စကားပြောလိုက်၏။
” ဘာတွေဖြစ်နေလို့လဲ။ ဘာတွေများ ဒီလောက် ဒုက္ခရောက်နေတာလဲ ”
” လတ်တလောမှာ အနောက်ဘက်ခြမ်းထဲက နဂါးသွေးကြော ဖျက်ဆီးခံလိုက်ရတဲ့အကြောင်း မစ္စတာယဲ့ ကြားပြီးပြီလား ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” ကျွန်တော် နည်းနည်း ကြားထားတယ် ”
” ဘယ်လိုထင်လဲ မစ္စတာယဲ့ ”
ယဲ့ရှောင်က ခေါင်းထပ်ခါလိုက်၏။
” ကျွန်တော် မပြောနိုင်ဘူး။ ဒါပေမဲ့ ကောင်းတာမဟုတ်တာတော့ သေချာတယ် ”
ပေ့ထျန်းစီက ကူကယ်ရာမဲ့စွာ ပြုံးလိုက်၏။
” မကောင်းရုံတင် မကဘူး။ ဆိုးရွားတဲ့ကိစ္စ တကယ်လည်း ဟုတ်တယ်။ စီရင်စုလေးတစ်ခု ဖျက်ဆီးခံလိုက်ရတယ်ဆိုတာ မစ္စတာယဲ့ သိမှာပဲ။ ဒါပေမဲ့ တကယ်တော့ အဲ့ဒီစီရင်စုအပြင် တခြားစီရင်စုတွေလည်း ရှိသေးတယ်။ သူတို့က မဖျက်ဆီးခံရပေမဲ့ နဂါးသွေးကြောတွေက လုယူခံလိုက်ရတာလေ ”
ယဲ့ရှောင်က အကြည့်ဆို့က အနည်းငယ် လှုပ်ရှားသွားလေ၏။
” ဒီလောက်များတဲ့ နဂါးသွေးကြောတွေက လုယူခံလိုက်ရတယ်လား ”
ပေ့ထျန်းစီက ခေါင်းညိတ်လိုက်၏။
” ငါ့ရဲ့ တွက်ဆမှုသာ မှန်မယ်ဆိုရင် နဂါးသွေးကြောတွေ ထပ်ပြီး လုယူဦးမှာပဲ။ အဲ့ဒါက ကြယ်တာရာသားရဲတွေ ကြံစည်ထားဆိုတာ သိသာတယ်။ သူတို့ရဲ့ ပန်းတိုင်က အနောက်အရပ်က လူသားမျိုးနွယ်တွေကို ဖျက်ဆီးဖို့ပဲလေ။ အနောက်အရပ်မှာ နဂါးသွေးကြောတွေ မရှိတော့တာနဲ့ သူတို့တွေ အပြီးသတ်ဖို့ သိပ်မလိုတော့ဘူး။ နဂါးသွေးကြောတစ်ခုကနေ ဝိညာဥ်စွမ်းအင်ပမာဏအများကြီးကို စုပ်ယူပြီး ဒေသတစ်ခုအတွက် ဝိညာဥ်စွမ်းအင်ကို ထောက်ပံ့ပေးနိုင်တာကြောင့်ပဲလေ ”
” နဂါးသွေးကြော ဖျက်ဆီးခံလိုက်ရပြီးဆိုတာနဲ့ ဒေသတစ်ခုရဲ့ သိုင်းပညာရပ်က တဖြည်းဖြည်း လျော့ကျသွားမှာ ”
” ဒါပေမဲ့ ကျွန်တော် ကြားထားတာက စီရင်စု၉ခုရဲ့ နဂါးသွေးကြောတွေကို ဘုရင်တစ်ပါးက ဖျက်ဆီးလိုက်ပြီဆို။ စီရင်စု၉ခုက ဘာကြောင့် အောင်မြင်ဖြစ်ထွန်းနိုင်ရတာလဲ ”
” ဒါက မတူဘူး။ စီရင်စု၉ခုရဲ့ နဂါးသွေးကြောတွေက တကယ်ဖျက်ဆီခံခဲ့ရတယ်။ အဲ့ဒီနဂါးသွေးကြောတွေက သူတို့ရဲ့ နဂါးစွမ်းအင်ကို လုယူသွားတာ။ ဒါပေမဲ့ အပြည့်အဝ ဖျက်ဆီးခံလိုက်ရတာ မဟုတ်ဘူး။ ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဥ်စွမ်းအင်ကို ဆက်လက် စုပ်ယူနိုင်သေးတယ်။ သူတို့တွေက နဂါးသွေးကြောရဲ့ ကိုယ်ပိုင်အသိစိတ်ဓာတ် မရှိရုံပဲ ”
” ဒါပေမဲ့ ဒါတောင်မှ သူတို့တွေက နဂါးစွမ်းအင်မရှိပဲ ဆက်လက် တိုးတက်မှာမဟုတ်ဘူး။ ဆိုလိုတာက သူတို့ ဝိညာဥ်စွမ်းအင် ထောက်ပံ့မှုက တူညီတဲ့ နေရာမှာပဲ ရှိနေဦးမှာ။ ဒါပေမဲ့ စီရင်စု၉ခု ”
” ဒါပေမဲ့ စီရင်စု၉ခုထဲက စစ်သည်တော်အရေအတွက်က ဆက်လက် တိုးတက်နေတာပဲလေ ”
” ဒီအကြောင်းကြောင့် ငါတို့တွေက အခု ဝိညာဥ် စုစည်းခြင်း အစီအရင်တွေ အများကြီး တည်ဆောက်နေတာလေ။ နဂါးသွေးကြောရဲ့ စွမ်းအားက သိုင်းပညာရှင်တွေရဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်တော့ဘူး ”
ပေ့ထျန်းစီက အရက်တစ်ငုံ သောက်လိုက်၏။
” သူတို့ အနောက်တိုင်းကို မကြိုက်ဘူး။ ဒါပေမဲ့ သူတို့ သေသွားပြီဆိုတာနဲ့ စီရင်စု၉ခုကလည်း ဒုက္ခရောက်လိမ့်မယ်ပြီးတော့ အခု သားရဲကပ်ဘေးကလည်း ကျရောက်တော့မှာ။ စီရင်စု၉ခုရဲ့ မြေမှာဆိုရင် တိုက်ပွဲရဲ့ ဒီရေကို ပြောင်းလဲပစ်နိုင်တဲ့ သိုင်းပညာရှင်တွေက လုံလုံလောက် မသန်မာသေးဖူး ”
” ဒီလိုဆိုရင် အနောက်နိုင်ငံသားတွေ သေဆုံးသွားပြီဆိုတာနဲ့ စီရင်စု၉ခုက နောက်ထပ် ရောက်လာလိမ့်မယ်။ မြေပြင်ပေါ်က လူသားမျိုးနွယ်စုတွ မရှိတော့ရင် အာကာသစစ်မြေပြင်ကလည်း သေချာပေါက် ထိန်းထားနိုင်မှာ မဟုတ်ဘူး။ အဆုံးကြ လူသားမျိုးနွယ်တစ်ခုလုံး အမြစ်ပြတ် သုတ်သင်ခံရလိမ့်မယ်။ ကံဆိုးတာက မစ္စတာယဲ့က ပါရမီရှင်တစ်ယောက် မွေးဖွားတာ နောက်ကျလွန်းတယ်။ နှစ်အနည်းငယ်သာ စောခဲ့မယ်ဆိုရင် မင်းရဲ့ လက်ရှိ ကျင့်ကြံဆင့်က ဘုရင်နယ်ပယ်ကို ရောက်နေလောက်ပြီးပြီ။ မစ္စတာယဲ့က ဘုရင်နယ်ပယ်ကို ရောက်ပြီးပြီဆိုရင် မစ္စတာယဲ့ကို နောက်ဆုံးအရံအတားကို ဖျက်ကျော်ပြီး ဒဏ္ဍာရီလာ ဧကရာဇ်နယ်ပယ်ကို ရောက်အောင်လို့ နည်းလမ်းမျိုးစုံ စဥ်းစားပေးမှာ ”
” မစ္စတာယဲ့သာ ရှိနေမယ်ဆိုရင် စီရင်စု ၉ ခုကို ကယ်တင်နိုင်မယ်။ အာကာသစစ်မြေပြင်က အခြေအနေကလည်း သက်သာရာ ရသွားလိမ့်မယ် ”
ယဲ့ရှောင်က အနည်းငယ် အံ့သြသွားမိ၏။
ထိုကဲ့သို့ ကိစ္စကို ပြောရက်လိမ့်မည်ဟု သူ မထင်ထားပေ။ သူ ထိုသ်ု့ ပြောလာပြီဖြစ်သောကြောင့် သူ၏ ခွန်အားကို မြှင့်တင်ရန် နည်းလမ်းတစ်ခု ရှိသည်ဟု ဆိုလို၏။ ယင်းက ဘာမှန်း သူ မသိသော်ငြား ယဲ့ရှောင်သည် အလျှော့မပေးချင်ပေ။
သားရဲကပ်ဘေးက လာတော့မည်။ သူ၏ လက်ရှိကျင့်ကြံမှုအရှိန်ဖြင့် သူသည် သားရဲကပ်ဘေး ရောက်သည့်အချိန်၌ ဧကရာဇ်နယ်ပယ်သို့ လျှောက်လှမ်းနိုင်ရန် သေချာသည့် နည်းလမ်း မရှိပေ။
ဧကရာဇ်နယ်ပယ်သို့ အဆင့်တက်ရန်အတွက် ကျင့်ကြံရုံမျှထက် ပိုလိုအပ်သောကြောင့် ဖြစ်သည်။ ကျင့်ကြံမှုအပြင် သူသည် ခန္ဓာကိုယ်ကို ပုံသွင်းရန် နဂါးစွမ်းအင်များလည်း လိုအပ်၏။
သေမျိုးများ၏ သွေးကို နတ်ဘုရားသွေးအဖြစ် ပုံသွင်းပြီးမှ အောင်မြင်စွာ အဆင့်တက်နိုင်မှာပဲ ဖြစ်သည်။
ယခင်က သူသည် တစ်နှစ်အတွင်း ဧကရာဇ်နယ်ပယ်သို့ သူ့ဘာ့သာသူ အဆင့်တက်လှမ်းချင်ခဲ့၏။ ယင်းက သူ့၌ လုံလောက်သည့် နဂါးစွမ်းအင် ရှိသည့်အပေါ် အခြေခံထားတာပဲ ဖြစ်သည်။ နဂါးစွမ်းအင် မရှိပါက အရာအားလုံးကို သူ မေ့ထားလိုက်ရုံသာ ရှိ၏။ ထိုအကြောင်းကို တွေးပေလျှင် အချည်းနှီးဖြစ်နေမှာပဲ ဖြစ်သည်။
ယခု ပေ့ထျန်းစီက သူ့၌ နည်းလမ်းတစ်ခု ရှိလာပြီဟု ပြောသောကြောင့် သူသည် ဤအ
ခွင့်အရေးကို ဖမ်းဆုပ်သင့်သည်။
” ခင်ဗျား ဘယ်နည်းလမ်းကို ပြောနေတာလဲ ”
ပေ့ထျန်းစီက လက်ဝှေ့ရမ်းလိုက်၏။
” ဒါကို အခု ပြောရဲနေတာ အသုံးမဝင်ဘူး။ မစ္စတာယဲ့ရဲ့ ကျင့်ကြံဆင့်က လုံလောက်အောင် မမြင့်သေးဘူး။ နည်းလမ်းကို သိပေမဲ့ တခြားသူတွေက သဘောမတူလောက်ဘူး ”
သို့သော်ငြား သူ ပြောပြီးချိန်၌ အင်မတန် ခြိမ်းခြောက်နိုင်သော အရှိန်အဝါက ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲက ရုတ်တရက် ပေါ်ထွက်လာ၏။ ပေ့ထျန်းစီ၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွား၏။
သူက မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ယဲ့ရှောင်ကို သရဲတစ်ကောင်အား မြင်တွေ့သည့်ပမာ မယုံနိုင်သည့် အကြည့်ဖြင့် ကြည့်နေလျက် မျက်လုံး ပြူးကျယ်နေတော့သည်။
” မစ္စတာယဲ့ မင်း မင်း မင်း။ ဘုရင်နယ်ပယ်ကို ဘယ်တုန်းက အဆင့်တက်သွားတာလဲ ” ။
ယဲ့ရှောင်က ပြုံးလိုက်လေ၏။
” ကျွန်တော် ပြန်မလာခင်က ကောင်းကင်နတ်ဆိုးချောက်ကမ်းပါးကို သွားခဲ့ပြီး ကံကောင်းပြီး အဆင့်တက်သွားတာ ”
ပေ့ထျန်းစီ၏ ခေါင်းသည် ဘန်းဟူ၍ ပေါက်ကွဲသွားပုံရသည်။ ယဲ့ရှောင်သည် ဘုရင်နယ်ပယ် အဆင့်အောက်ကို ကျော်ဖြတ်ခါစ ဖြစ်၏။ သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ ဘုရင်နယ်ပယ်အောက်ကို အဆင့်တက်လှမ်းခဲ့တာ ဖြစ်၏။ ရက်အနည်းငယ်သာ ရှိသေးသည်။ တစ်လတောင် မရှိသေးပေ။ သူ အဆင့်တက်သွားသည်လော။ ဤအတိုင်း အဆင့်တက်သွားသည်လော။
အသက် ၂၁နှစ်အရွယ် ဘုရင်နယ်ပယ်သိုင်းပညာရှင်။
၂၁နှစ်။ ရှေးခေတ်ကာလကစပြီး ထိုအဆင့်ကို လူ မည်မျှ တက်လှမ်းနိုင်ခဲ့သနည်း။ နာမည်ကျော်ကြားခဲ့သည့် ပုဂ္ဂိုလ်များကတောင် ယဲ့ရှောင်လောက် မရဲရင့်။ ယင်းက ပေ့ထျန်းစီ၏ လောကအမြင်ကို အပြည့်အဝ ဖြိုခွဲသွားတော့သည်။
သို့သော်ငြား ယင်းက သူ့ကို မျှော်လင့်ချက်အဖြစ် မြင်တွေ့ခွင့်ပေးခဲ့၏။ စီရင်စု၉ခု၏ မျှော်လင့်ချက်နှင့် လူသားမျိုးနွယ်တစ်ခုလုံး၏ မျှော်လင့်ချက်ကိုတောင် မြင်တွေ့ခွင့်ပေးခဲ့၏။
ယခင်က သူသည် လူသားမျိုးနွယ်၏ အနာဂတ်အတွက် အင်မတန် စိုးရိမ်ပူပန်ခဲ့ကြောင်း သိထားရပေမည်။ မျှော်လင့်ချက် လုံးဝ မရှိပေ။
ယခုအချိန်၌ သူသည် ငရဲကနေ ကောင်းကင်ပေါ်သို့ ပျံတက်လာသည့်ပမာ ခံစားလိုက်ရသည်။ ချက်ချင်းပင် သူက စိတ်ပျက်အားငယ်နေမှုမှ မျှော်လင့်ချက်အဖြစ် ဖြစ်သွားလေ၏။
ပေ့ထျန်းစီ၏ မျက်လုံးထောင့်ကနေ ကြည်လင်သည့် မျက်ရည်စီးကြောင်းနှစ်ခု ကျဆင်းလာ၏။
စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ။
ယခုအချိန်တွင် သူ၏ စိတ်ခံစားချက်များကို မထိန်းနိုင်တော့ပေ။
” ဧကရာဇ်တစ်ပါးရဲ့ အမူအယာ။ ဧကရာဇ်တစ်ပါးရဲ့ တကယ့် ဟန်အမူအယာပဲ။ ငါ့ရဲ့ဘဝမှာ ဒိလို ပုဂ္ဂိုလ်မျိုးကို တွေ့ခွင့်ရလိမ့်မယ်လို့ တစ်ခါမှ မထင်ခဲ့မိဘူး ”
” မစ္စတာယဲ့။ ခင်ဗျားက လူသားဧကရာဇ်အနေနဲ့ မွေးဖွားလာတာပဲ ”
ပေ့ထျန်းစီသည် အနည်းငယ် အရက်မူးနေသောကြောင့်လော။ သို့တည်းမဟုတ်။ စိတ်လှုပ်ရှားလွန်းသောကြောင့်လား မသိ။ သူသည် အော်ဟစ်လျက် ယဲ့ရှောင်ကို စံပြပုဂ္ဂိုလ်ပမာ ကိုးကွယ်နေတော့သည်။
မဟုတ်ပေ။ တိတိကျကျဆိုရလျှင် ယခုအချိန်၌ ယဲ့ရှောင်သည် ပေ့ထျန်းစီ၏ ရင်ထဲ၌ စံပြပုဂ္ဂိုလ်သာ မဟုတ်တော့ပေ။ သူက နတ်ဘုရားကဲ့သို့ တည်ရှိမှု ဖြစ်နေချေပြီ။
လှပလိုက်တာ။ သူမ သခင်ကတော့ ထင်တဲ့အတိုင်းပဲ။ သူမ သခင်ပဲ ဒီအဆင့်ကို တက်လှမ်းနိုင်တာ။
ငါ့ရဲ့ အထွတ်အထိပ် လေးစားမှုနဲ့ သူ့အတွက် ကြည်ညိုမှုတွေကို ဖော်ပြဖို့အတွက် သခင့်အတွက် ကြောင်သေးလေးတွေ မွေးပေးရမယ်။ သခင်က အကြီးမြတ်ဆုံးပဲ။
ပေ့ထျန်းစီသည် အချိန်တစ်ခဏတာ သတိလွှတ်သွားပြီးနောက် မျက်ရည်များကို သုတ်လိုက်၏။
” မစ္စတာယဲ့။ ကျုပ် တောင်းပန်ပါတယ်။ စိတ်လှုပ်ရှားလွန်းလို့ ကျုပ်ကိုကျုပ် အရူးလုပ်မိနေပြီ”
” ရပါတယ် ”
ယဲ့ရှောင်က ခေါင်းခါလိုက်၏။ ယင်းက သူ၏ ကိုယ်ပိုင် ကျင့်ကြံခြင်းကြောင့် ဖြစ်ဟန်တူသည်။ သူက ပေ့ထျန်းစီလောက် ရင်ထဲမထိပေ။
သို့သော်ငြား သူ့ရင်ထဲ၌ အကြံတစ်ခုတော့ ရှိပြီးသား ဖြစ်၏။ သူ၏ ပါရမီသည် အပေါ်ယံ ကမ္ဘာ့မျက်နှာပြင်၌ ကောင်းကင်ကို ဖီဆန်နိုင်သော အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်၌ ပေ့ထျန်းစီ၏ ခံစားချက်ကို သူ နားလည်နိုင်သည်။
သူ လုပ်နိုင်တာ ဘာမှမရှိပေ။ ရွှေရောင်စာအုပ် အံ့ဖွယ်
ဝိညာဥ်က အစွမ်းထက်လွန်းပြီး သိပ်ကို ကြောက်ခမန်းလိလိ ဖြစ်လွန်း၏။
တစ်ချိန်တည်းတွင် ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်က သူ့ပိုင်ဆိုင်မှု ဖြစ်နေတာကို ကံကောင်းသည်ဟု ခံစားမိသည်။ အခြားသူတစ်ဦး အပိုင်ဆိုလျှင် သူက ခံစားရတာ ဆိုးရွားနေလိမ့်မည်။
” အား … ဟုတ်သား။ ကျွန်တော်သာ ဘုရင်နယ်ပယ်မှာဆိုရင် ကျွန်တော် အချိန်တိုအတွင်း အဆင့်တက်အောင် ကူညီပေးဖို့ နည်းလမ်းရှိတယ်လို့ အစောတုန်းက ပြောခဲ့တယ်နော်။ အဲ့ဒါ အမှန်ပဲလား ”
အပိုင်း ၂၆၈ ပြီး၏။