Switch Mode

Chapter – 267

မင်း ဒါမျိုး အနပ်ကို နေ့တိုင်း စားတာလား

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၆၇ . မင်း ဒါမျိုး အနပ်ကို နေ့တိုင်းစားတာလား။

” အား။ ဒီနေ့ ဧည့်သည်တစ်ယောက် ဒီမှာ ရှိနေတာပဲ ”
ဟွမ်လျိုလီက ပေ့ထျန်းစီကို စပ်စပ်စုစု
ကြည့်လိုက်လေ၏။
ပေ့ထျန်းစီက ဟွမ်လျိုလီကို တစ်ချက်ကြည့်ပြီး အနည်းငယ် ထိတ်လန့်သွားတော့သည်။
” ဒါက ရှန်းထျန်းသတ္တမအဆင့် အံ့ဖွယ်ကြယ်တာရာသားရဲလား။ မစ္စတာယဲ့ မင်းက သားရဲသခင်တစ်ယောက်လား ”
ယဲ့ရှောင်က ခေါင်းခါလိုက်၏။
” ကျွန်တော်က သားရဲသခင်တစ်ယောက် မဟုတ်ပါဘူး။ ကျွန်တော့် အလုပ်တွေကို လုပ်ပေးဖို့ လက်အောက်ငယ်သားတစ်ယောက် ခေါ်ထားရုံပဲ။ ဒါကြောင့် သူ့ကို ခေါ်ထားလိုက်တာ ”
ထို့သို့ပြောပြီးနောက် ယဲ့ရှောင်က ဟွမ်လျိုလီကို ပြောလိုက်၏။
” တန်ဖိုးကြီး ညစာကို သွားပြင်လိုက်။ ဒီည ငါ့ရဲ့ မိတ်ဆွေနဲ့အတူ ညစာစားမှာ ”
” ပြင်ပြီးသွားပါပြီ။ ညစာစားဖို့ သခင်ပြန်လာမှာကို စောင့်နေတာပါ ”
ဟွမ်လျိုလီက ဟင်းလျာများကို ချက်ချင်း သွားပြင်ဆင်တော့၏။
ပေ့ထျန်းစီက သက်ပြင်းချလိုက်မိသည်။
မစ္စတာယဲ့ကတော့ ထင်တဲ့အတိုင်းပဲ။ ရှန်းထျန်းသတ္တမအဆင့် အံ့ဖွယ်ကြယ်တာရာသားရဲတစ်ကောင်ကို လူ့ရဲ့ကျွန်အဖြစ် တကယ်ရထားတာ။ ဒီနည်းလမ်းကတကယ် အထင်ကြီးဖို့ ကောင်းလိုက်တာ။
သူသည် ရှန်းထျန်း နဝမအဆင့် ခွန်အားရှိပြီး ရှန်းထျန်းသတ္တမအဆင့် ကြယ်တာရာသားရဲတစ်ကောင်ကို အနိုင်ယူနိုင်စွမ်း ရှိသော်ငြား သို့တည်းမဟုတ် ချက်ချင်း သတ်ဖြတ်နိုင်သော်ငြား သူ့အဖို့ ရှန်းထျန်းသတ္တမအဆင့် ကြယ်တာရာသားရဲတစ်ကောင်ကို သူ၏ လက်အောက်ငယ်သားအဖြစ် ရရန်က အလွန်ခက်ခဲနေသေးသည်။
ဆိုရိုးစကားရှိသည့်အတိုင်း ရိုင်းစိုင်းသော သဘာဝသည် ယဥ်ပါးအောင် ထိန်းကျောင်းရန် ခက်ခဲလှပေ၏။ သူတို့အဆင့်ရှိ ကြယ်တာရာသားရဲများအားလုံးက ဂုဏ်ယူဝင့်ကြွားကာ မောက်မာထောင်လွှားသည်။ သူတို့က သင်၏ ကျင့်ကြံဆင့်မြင့်သည့်အတွက်ကြောင့်မျှဖြင့် သင်၏ အမိန့်ကို နားမထောင်မှာ သေချာသည်။
သူတို့ ငယ်ရွယ်စဥ်တွင် ဖမ်းပြီး သူတို့ကို တစ်ဆင့်ချင်း မပျိုးထောင်လျှင် မရပေ။
သို့သော်ငြား ထိုအတိုင်းသာဆိုလျှင် အချိန်နှင့် ငွေကြေးကုန်ကျမှုများပြားလွန်းပြီး မထိုက်တန်ပေ။
နဂါးအမျိုးအစား သွေးမျိုးဆက်တစ်ကောင်ရှိပြီး သူတို့ ငယ်ရွယ်စဥ်ချိန်၌ မကျင့်ကြံထားပေလျှင် အံ့ဖွယ်ဂိုဏ်းသို့ အဆင့်တက်လှမ်းရန် နှစ်တစ်ရာသို့မဟုတ် နှစ်ထောင်ချီတောင် အချိန်ယူရဦးမည်။
” မစ္စတာယဲ့။ ခင်ဗျားမှာ သားရဲထိန်းကျောင်းခြင်း နည်းစနစ်တွေ ဘာတွေများ ရှိနေလား။ ဒီအဖိုးကြီးကို မိတ်ဆက်ပေးနိုင်မလား ”
ယဲ့ရှောင် ခဏတာ စဥ်းစားလိုက်၏။
” အင်း။ သူတို့ကို သေအောင်ရိုက်လိုက် ”
ပေ့ထျန်းစီက မျက်ခုံး ပင့်လိုက်၏။
” အဲ့လောက် ရိုးရှင်းတယ်လား။ ဒါပေမဲ့ ဘာလို့လဲ။ ငါက အဲ့ဒီကြယ်တာရာသားရဲတွေကို သေအောင် ရိုက်ရင်တောင် ဒီလို အာနိသင် ရှိမှာ မဟုတ်ဘူးမလား။ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတွေရဲ့ စိတ်အခြေအနေက အင်မတန် အစွမ်းထက်တဲ့ အဆင့်ထိ လေ့ကျင့်ပေးထားတာ ကြာပြီလေ။ သူတို့တွေ အရိုက်ခံရပြီး သေမှာကို ကြောက်မှာ မဟုတ်ဘူးလေ ”
” ဒါဆိုရင် ကျင့်ကြံဆင့် နည်းနည်းနိမ့်တဲ့ ကြယ်တာရာသားရဲတစ်ကောင်ကို ရှာကြည့်။ ကျွန်တော် သူ့ကို ခေါ်ခဲ့တုန်းက သူက ရှန်းထျန်းပထမအဆင့်ပဲ ရှိသေးတာ ”
ထိုစကားကို ကြားသောအခါ ပေ့ထျန်းစီ၏ မျက်နှာက တွန့်ရှုတ်သွားသည်။
ယဲ့ရှောင်က ဟွမ်လျိုလီကို ခေါ်လာစဥ်၌ သူမက ရှန်းထျန်းပထမအဆင့်သာ ရှိသေးသည်လော။ ယင်းက ဘယ်လိုဟာသမျိုးနည်း။ ထိုအတိုင်းသာဆိုလျှင် ယဲ့ရှောင်သည် အနှစ် ၂၀ကျော်သာ ရှိသေး၏။ ဟွမ်လျိုလီ မည်မျှ ကျင့်ကြံစေကာမူ သူမသည် အနှစ် ၂၀သာ ကျင့်ကြံနိုင်မှာ ဖြစ်၏။ ထိုအသက်အရွယ်ကနေ စနိုင်ဖို့က ဝေးကွာလွန်းနေ၏။ အကြောင်းမှာ ယဲ့ရှောင်သည် ဟွမ်လျိုလီကို ယဥ်ပါးစေရန်အတွက် ရိုက်ခဲ့သည်ဟု ပြောခဲ့သည်။ ဆိုလိုသည်က ထိုစဥ်က ယဲ့ရှောင်၏ ကျင့်ကြံဆင့်သည် ရှန်းထျန်းပထမအဆင့်သို့ အဆင့်တက်လှမ်းပြီးသား ဖြစ်ရမည်။
ထို့ကြောင့် ဤနည်းအတိုင်း ​ကောက်ချက်ချမည်ဆိုပါက ဟွမ်လျိုလီသည် အလွန်ဆုံး ၁၂နှစ်သာ ကျင့်ကြံနိုင်လိမ့်မည်။ ရှန်းထျန်းပထမအဆင့်ကနေ ရှန်ထျန်းသတ္တမအဆင့် အံ့ဖွယ်ချီရှန်းကို နှစ်တစ်ဒါဇင်အတွင်း ဝင်သွားသည်လော။ ခြောက်ဆင့်ကို ဖြတ်ကျော်သွားသည်လော။ ယင်းက မည်ကဲ့သို့ ဟာသမျိုးနည်း။ မင်း ဒီလောက် အဆင့်မြန်မြန်တက်တာ ဒုံးပျံစီးနေတာတော့ မဟုတ်ဘူးမလား။
သို့သော်ငြား ယဲ့ရှောင်ကို ကြည့်မိလိုက်ချိန်၌ သူက ချက်ချင်း နားလည်သွား၏။ ထိုကဲ့သို့ ထူးဆန်းသော သခင်အဖြစ် ထူးဆန်းသော ကြယ်တာရာ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို ပျိုးထောင်ခြင်းက အလွန်ပုံမှန်ပဲ မဟုတ်ပါလော။
ပြီးနောက် သူက ခေါင်းခါလိုက်ကာ ယဲ့ရှောင်နှင့်အတူ ခြံဝန်းထဲ ဝင်သွားလိုက်၏။
” ထားလိုက်တော့။ ဒီအဖိုးကြီးက ကြယ်တာရာသားရဲတွေကို ပျိုးထောင်ဖို့ မသင့်တော်သေးဘူး ”
သို့သော်ငြား ခြံဝန်းထဲသို့ လျှောက်သွားလိုက်ချိန် သူသည် ထူးဆန်းသော ခံစားချက်ကြောင့် ဆွဲဆောင်ခံလိုက်ရ၏။
” အမ်း .. အဲ့ဒါဘာလဲ ”
သူ၏ အကြည့်က ခြံဝန်းထောင်သို့ ရောက်သွားသည်။ အပင်တစ်မျိုးမျိုးကို စိုက်ထားပုံပေါ်၏။
” မစ္စတာယဲ့က အပင်တစ်ပင်ကို အေးအေးလူလူ စိုက်ထားလောက်မယ်လို့ မထင်ထားဘူး။ ဒါ့အပြင် ဒီအပင်အိုးပေါ်မှာ ဝိညာဥ်စုစည်းခြင်း အစီအရင်တောင် ထားထားသေးတယ် ”
ယဲ့ရှောင်က တစ်ချက်ကြည့်လိုက်သည်။
” ဒါက ပန်းအိုးထဲ စိုက်ထားတဲ့ အပင်မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော် ခုခံခြင်းအစီအရင်တစ်ခု သုံးထားတာကြောင့် အထဲမှာ ကွယ်ဝှက်ထားတာကို မမြင်နိုင်တာပဲ ”
ယဲ့ရှောင်က လက်ဖြောင့်တီးလိုက်ပြီး ခုခံခြင်းအစီအရင်ကို ဖယ်ရှားလိုက်၏။ နောက်တစ်စက္ကန့်၌ မြင်ကွင်းတစ်ခုလုံးက ပေါ်လာတော့သည်။
” ဘုရားရေ ”
ပေ့ထျန်းစီ၏ မျက်လုံးက ချက်ချင်း ပြူးကျယ်သွား၏။ သူက ထိတ်လန့်လွန်းသောကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
” ဒါ ဒါ ဒါက မစ္စတာယဲ့။ မင်းရဲ့ ကိုယ်ပိုင် ခြံဝန်းလေးထဲမှာ သဘာဝရတနာတွေကို စိုက်ပျိုးဖို့အတွက် စွမ်းအားနယ်မြေတစ်ခု ဖန်တီးထားတာလား ”
” ဘုရားရေ။ ဒီတောင်ပေါ်မှာ သဘာဝရတနာတွေ ဘယ်လောက်များများရှိလဲ။ မင်း သုံးစွဲတာ နည်းနည်းလေး များလွန်းမနေဘူးလား ”
ပေ့ထျန်းစီ ထိုမျှ ထိတ်လန့်နေခြင်းအတွက် ပေ့ထျန်းစီကို အပြစ်မတင်သေးပေ။ မည်သူက မှန်းဆမိမည်နည်း။ သေးငယ်ပုံပေါ်သည့် ပန်းအိုးလေးက ထိုကဲ့သော ကမ္ဘာတစ်ခု ဖြစ်နေပြီး ပစ္စည်းကောင်းများစွာ ရှိနေ၏။
ထိုကဲ့သို့ သဘာဝရတနာများသည် သာမန်လူများ အလွယ်တကူ ရနိုင်သည့်အရာ မဟုတ်ပေ။ ကုမ္မဏီကြီးတစ်ခုဆိုပေလျှင် ယဲ့ရှောင်ကဲ့သို့ အပြည့်အစုံ စုဆောင်းမှုရှိဖို့က မဖြစ်နိုင်ပေ။ ယဲ့ရှောင်ထက် ပိုကောင်းကောင်း စုဆောင်းဖို့က သူတို့အတွက် မဖြစ်နိုင်ချေ။
အံ့သြစရာ ကောင်းလိုက်တာ။
ထို့အပြင် သဘာဝရတနာများ စိုက်ပျိုးထားသည့် ပန်းအိုးလည်း ရှိသည်။ သိုလှောင်စွမ်းအား ပါဝင်သည့် ရတနာအဖြစ် ၄င်းကို သန့်စင်ထားတာ ဖြစ်၏။ ထိပ်ပိုင်း၌ အစီအရင်တစ်ခုတောင် ထွင်းထုထားသည်။
ရိုးရိုးသား ပြောရလျှင် ထိုပန်းအိုးကတင် တန်ဖိုးမဖြစ်နိုင်ပေ။ အနည်းဆုံးတော့ ထိပ်တန်းအဆင့် လက်နက်သခင်များနှင့် ထိပ်တန်းအဆင့် အစီအရင်သခင်အချို့ စုပေါင်းပြီး ၄င်းကို ဖန်တီးရန် လဝက်ခန့် အချိန်ယူရဦးမည်။
ယဲ့ရှောင်သည် ကျိုးပဲ့နေသော ပန်းအိုးတစ်အိုးပမာ မြေပြင်ပေါ်၌ ၄င်းကို အမှန်တကယ် ထားထား၏။ ယင်းက ကြွယ်ဝလွန်းနေသည်။
” မစ္စတာယဲ့။ မင်းက ဒီနေ့ ငါ့ကို တကယ် အမြင်ကျယ်စေတာပဲ။ ဒါမျိုး တစ်စုံတစ်ယောက်က တကယ်လုပ်နိုင်တယ်ဆိုတာ ငါ တွေးတောင် မတွေးရဲဘူး”
” ခင်ဗျားက အားနာလွန်းနေပါပြီ ”
ယဲ့ရှောင်က လက်​ဖျောက် ထပ်တီးလိုက်ပြီး ကောင်းကင်ခွင်း အဇတာခုနှစ်ကြယ်အစီအရင်ကို အသက်သွင်းလိုက်၏။ တောင်ပေါ်၌ သဘာဝရတနာများ ပြည့်နေသည့် တောင်တန်းနှင့် လွင်ပြင်သည် ကျန်သည့်သူများ မလုယက်နိုင်အောင် ဖုံးကွယ်လိုက်ပြီ ဖြစ်သည်။
” သွားကြမယ် ”
ယဲ့ရှောင်သည် ပေ့ထျန်းစီကို အခန်းထဲသို့ ဖိတ်လိုက်၏။
ပေ့ထျန်းစီက ကြောင်အနေသော အမူအယာဖြင့် ယဲ့ရှောင်နောက် လိုက်သွားပြီးနောက် အနည်းငယ် စိုးရိမ်ပူပန်နေကာ နဖူးပေါ်မှ ချွေးများကို သုတ်လိုက်တော့သည်။ ကံကောင်းသည်မှာ သူ လာစဥ်၌ သူနှင့်အတူ အံ့ဖွယ်သတ္တမအဆင့် ကြယ်တာရာသားရဲ ၃ကောင်ကို သယ်လာလိုက်သောကြောင့် ဖြစ်၏။ မဟုတ်လျှင် ယနေ့ သူ အမှန်တကယ် အရှက်ကွဲလောက်သည်။
ထိုအကြောင်းကို သူ တွေးနေစဥ် ဟွမ်လျိုလီက မီးဖိုချောင်ထဲကနေ သူမ ယနေ့ ပြုလုပ်ထားသည့် စားသောက်ဖွယ်ရာများကို သယ်လာနေပြီ ဖြစ်သည်။ ပထမဆုံး ဟင်းလျာက ငရုတ်သီးများဖြင့် ကြော်ထားသည့် ကြက်ဥတစ်ပန်းကန် ဖြစ်သည်။ ပေ့ထျန်းစီ၏ ရှန်းထျန်း နဝမအဆင့် ကျင့်ကြံဆင့်ဖြင့် ကြက်ဥကြော်ထဲမှ ဖြာထွက်နေသော သိပ်သည်းသည့် ဝိညာဥ်စွမ်းအားကို ချက်ချင်း ခံစားမိသည်။
” အစွမ်းထက်လိုက်တဲ့ ဝိညာဥ်စွမ်းအားပဲ။ ဒီဥက သာမန်ဥ မဟုတ်ဘူးမလား ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” ဒါက ရှန်းထျန်း သတ္တမအဆင့် ကြယ်တာရာသားရဲတစ်ကောင်ရဲ့ ဥလေ။ အော် .. သူတို့ထဲက တစ်ကောင်က ရှန်းထျန်းအဌမအဆင့်ကို တက်သွားပြီနဲ့တူတယ်”
” ”
သူသည် ယဲ့ရှောင်၏ စကားထဲက မူမမှန်သော လေသံကို ကြားနိုင်၏။
” နေပါဦး။ ဖြစ်နိုင်တာက မင်းက အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတချို့ကို မွေးထားပြီး သူတို့ကို ဥဥခိုင်းပြီး ဥတွေ စားနေတာလား ”
” အဟုတ်ပဲ ”
” ”
ဘယ်လိုတည်ရှိမှုမျိုးက ဒီလို ကောင်းကင်ကို ဖီဆန်တဲ့ ဟာမျိုး လုပ်နိုင်တာလဲ။ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတွေကို မွေးမြူရေးတိရစ္ဆာန်တွေအနေနဲ့ ပျိုးထောင်တာလား။ သူ့မျက်လုံးနဲ့သာ မမြင်ရဘူးဆိုရင် သူ့လက်ကျန်ဘဝမှာ ဒါကို ယုံနိုင်မှာ မဟုတ်ဘူး။
ယဲ့ရှောင် လိမ်နေလားဆိုတာလည်း သူ သံသယ မဝင်ဘူး။
ယဲ့ရှောင်က အစွမ်းထက်လွန်းပြီး မကောင်းဆိုးဝါးဆန်တဲ့ တည်ရှိမှုဆိုတော့ သူ့ကို လိမ်မှာ မဟုတ်ဘူးလေ။
” မြန်မြန် စားလိုက်တော့။ အေးသွားရင် အရသာ မကောင်းတော့ပဲနေမယ် ”
ဟွမ်လျိုလီက ပန်းကန်နှစ်လုံးနှင့် တူများကို သင့်တော်စွာ ချပေးလိုက်၏။ ပေ့ထျန်းစီက ခေါင်းညိတ်ပြီးနောက် တူ စကိုင်လိုက်တော့သည်။ နောက်တစ်စက္ကန့်တွင် ဟွမ်လျိုလီသည် ကြက်သွန်ဖြူဖြူးပြီး ကြော်ထားသော ကင်းမွန်ကို သယ်လာလေ၏။
ပေ့ထျန်းစီက မျက်လုံးပြူးကျယ်သွားပြန်သည်။
အကြောင်းမှာ ကြက်သွန်ဖြူဖြူးထားသည့် ငါးကြော်ပန်းကန်ထဲ၌ ကြွယ်ဝသည့် သွေးအဆီအနစ်နှင့် ဝိညာဥ်စွမ်းအင်ကို ရှင်းရှင်းလင်းလင်း ခံစားမိသောကြောင့် ဖြစ်သည်။ ၄င်းက အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ၏ ဥကနေ ပြုလုပ်ထားသည့် ဟင်းလျာထက်တောင် ပိုသန်မာ၏။
နောက်နေတာလား။
” မစ္စတာ မစ္စတာယဲ့။ ဒီဟင်းလျာက အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲဲ့ အသားကနေရော လုပ်ထားတာပဲလား ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” ဟုတ်တယ်။ အံ့ဖွယ် နဝမအဆင့် နော့ဖစ်လေ။ အရင်တုန်းက ရှောင်လင်မှာ အကျဥ်းချခံထားရထားတဲ့ကောင်။ အစတုန်းက ကျန်းဟိုင်မြို့မှာ သူ့ရဲ့ ကိုယ်ခွဲတစ်ခုပဲရှိတာ။ ဒါပေမဲ့ ပြီးခဲ့တဲ့အခေါက်က လီလျိုဆွေ့ရဲ့ အဖြစ်အပျက်က သူ့ရဲ့ ပင်မခန္ဓာကို ခိုးထွက်လာစေတာလေ။ ပြီးတော့ သူ့ကို ကျွန်တော် ဖမ်းမိလိုက်တယ်။ ဒါကြောင့် သူ့ကို မွေးထားလိုက်တာ ”
ပေ့ထျန်းစီ၏ နှုတ်ခမ်းထောင့်က တွန့်ကွေးတက်သွားသည်။ ယဲ့ရှောင်ကို ဖော်ပြရန် အခြေခံ အသိတရားကို အသုံးမပြုနိုင်တော့ဟု သူ ခံစားမိသည်။ သူသည် မကောင်းဆိုဝါးများကြားထဲမှ တကယ် မကောင်းဆိုးဝါးပဲ ဖြစ်သည်။ ယခင်က ရှန်းထျန်း သတ္တမအဆင့် အံ့ဖွယ်ကြယ်တာရာသားရဲသုံးကောင်၏ အလောင်းကို ပေးခဲ့ခြင်းက ရက်ရောနေပြီးသားဟု ထင်ခဲ့၏။ ယခုအချိန်တွင် ရှန်းထျန်းသတ္တမအဆင့် အံ့ဖွယ်ကြယ်တာရာသားရဲသုံးကောင်၏ အလောင်းကို သယ်လာခဲ့မိတာ ကံကောင်းသည်ဟု ခံစားနေမိသည်။ မဟုတ်လျှင် သူသည် ယနေ့ ဤနေရာကို လာရန် ပြစရာမျက်နှာ ရှိတော့မှာ မဟုတ်ပေ။ သူ လာပေလျှင် ယခုအချိန်တွင် သူက တွင်းတစ်တွင်းတူးပြီးသာ ပုန်းနေလိုက်ချင်၏။
ရှက်စရာ ကောင်းလိုက်တာ။ အမြန်ဆန်ပဲ သူက ထိုသို့ မတွေးတော့ပေ။
သူသည် ယနေ့ ရှန်းထျန်းသတ္တမအဆင့် အံ့ဖွယ်ကြယ်တာရာသားရဲသုံးကောင်၏ အလောင်းကိုသာ သယ်လာခဲ့မိသည့်အတွက် အမှန်တကယ် ရှက်ရွံ့မှုကို ခံစားမိသည်။ ပြီးနောက် ဟွမ်လျိုလီ တည်ခင်းဧည့်ခံသော ဟင်းလျာတိုင်းက အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲများ၏ လတ်လတ်ဆတ်ဆတ် အသွေးအသားများကနေ ပြုလုပ်ထားတာ ဖြစ်သည်။ ဟင်း အားလုံးပဲ ဖြစ်၏။
ပိုတောင် မူမမှန်သည်က သူတို့ထဲတွင် အံ့ဖွယ်အဆင့်အောက် ကြယ်တာရာသားရဲများ၏ သွေးနှင့်အသား ပါနေတာပဲ ဖြစ်သည်။
အံ့ဖွယ်အဆင့်အောက် ကြယ်တာရာသားရဲ၏ သွေးနှင့်အသားကို သူ မြင်တွေ့ချိန်၌ ပေ့ထျန်းစီက လှဲကျလုနီးပါး ဖြစ်သွားသည်။
ထိုလူကို သံသယတောင် စဝင်လာမိသည်။ အခြားသူသာဆိုလျှင် တစ်ဖက်သူသည် စီရင်စု ၉ ခု၏ ပုဂ္ဂိုလ်ကျော်ကြီး( ၄ )ဦးဖြစ်ပေလျှင် သူက ထိုမျှ ရှက်နေမှာ မဟုတ်ပေ။ သူ ယနေ့ သယ်လာသော ရှန်းထျန်းသတ္တမအဆင့် ကြယ်တာရာသားရဲများ၏ သွေးနှင့် အသားများက ရက်ရောသည့် လက်နက်တစ်ခုအဖြစ် သေချာပေါက် သတ်မှတ်နိုင်သည်။ သို့သော် ထိုလူ ယဲ့ရှောင်က ပုံမှန်လမ်းကြောင်းအတိုင်းမရှိပဲ နေမည်ဟု မည်သူက သိမည်နည်း။
သူ၏ တန်ဖိုးကြီးလှသည့် ညစာဖြင့် တည်ခင်းလာသည့် သူ သယ်လာသမျှ အရာအားလုံးက လမ်းဘေးဈေးဆိုင်ကနေ ဝယ်လာသည်နှင့် မခြားပေ။
” မစ္စတာယဲ့။ မင်းကို မေးစရာမေးခွန်းတစ်ခု ရှိတယ်။ ကျေးဇူးပြုပြီး အမှန်အတိုင်း ဖြေပေးပါ ”
ယဲ့ရှောင်က ကြက်ဥကြော်စားပြီးနောက် ခေါင်းညိတ်လိုက်၏။
” ပြောပါ ”
ပေ့ထျန်းစီက ထပ်မေးလိုက်၏။
” မင်း ဒါမျိုး နေ့တိုင်း စားတာလား။ ဒီနေ့ ငါ ဒီကို ရောက်လာတာကြောင့် ဒီလောက် ခမ်းခမ်းနားနား ချက်ပြုတ်တာလား ”
ယဲ့ရှောင်က မပြောရသေးခင် ဟွမ်လျိုလီက ပြုံးလျက် လမ်းလျောက်ဝင်လာပြီ ဖြစ်သည်။
” ဒါပေါ့။ ကျွန်မတို့ နေ့တိုင်း စားတာပဲ။ ဒါက ဘယ်လိုလုပ် ခမ်းနားမှာလဲ။ ဒါက သခင့်ရဲ့ ပုံမှန်ထမင်းတစ်နပ်လိုပဲ သတ်မှတ်လို့ ရနိုင်တာ။ ကျွန်မတို့တွေက ဒါမျိုးကို မနက်စာ၊ နေ့လယ်စာ၊ ညစာစားတယ်။ ဒါက နည်းပါသေးတယ် ”
ထောက်။
ပေ့ထျန်းစီ၏ လက်ထဲရှိ တူက ပြုတ်ကျသွား၏။ သူက လှဲပြိုကျသွားပြီ ဖြစ်သည်။ သူ၏ လောကအမြင်က အပြည့်အဝ ပြိုလဲသွား၏။ ဒီတော့မှ ယခုအချိန်တွင် ယဲ့ရှောင်သည် မည်မျှ အံ့သြဖွယ်ကောင်းကြောင်း နားလည်သွားတာ ဖြစ်သည်။
သူနေသည့်အိမ်က အလွန်သေးငယ်ပြီး စုတ်သော်ငြား သူ နေ့စဥ်နေ့တိုင်း စားသောက်သည်က လောကကြီး၌ အကောင်းဆုံး စားတော်ပွဲပဲ ဖြစ်သည်။ မည်သည့် စားကောင်းသောက်ဖွယ်မှ မယှဥ်နိုင်သော တန်ဖိုးကြီး စားတော်ပွဲပဲ ဖြစ်၏။

အပိုင်း ၂၆၇ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset