Switch Mode

Chapter – 14

ဒေါသပုန်ထခြင်း

Chapter – 14 ဒေါသပုန်ထခြင်း

နေအတော်လေးမြင့်တက်လို့လာခဲ့ပြီ။ ဒီအချိန်က အမဲလိုက်အဖွဲ့၀င်တွေ ပြန်ရောက်ရှိလာကြမဲ့အချိန်ပါပဲ။ ဒါပေမဲ့ သူတို့တွေဟာသားကောင်မှ ပြန်သယ်မလာနိုင်ကြဘဲ လူတစ်ယောက်ကိုသာ ထမ်းပိုးလို့ ပြန်လာကြပါတယ်။

“ဘာတွေဖြစ်နေတာလဲ? တစ်ခုခုဖြစ်ပျက်ခဲ့တာလား ”

ရွာသားတွေဟာ စိတ်လှုပ်ရှားစွာထွက်လာကြပြီး တဟုန်တိုးပြေးသွားကြပါတယ်။

” ဘယ်သူမှတော့ အသက်မဆုံးကြပါဘူး နည်းနည်းလောက်တော့ အနားယူကြရမယ်… ဒါပေမဲ့ ဖီးဟိုလေးရဲ့ အဖေကတော့ ဒဏ်ရာကြီးလွန်းတယ် မြှားက သူ့ ရဲ့ အဆုပ်ကိုတောင် ထိသွားတာ..”

ရှီလင်းဟူရဲ့ မျက်နှာဟာ ဆိုးရွားစွာသွေးဆုတ်လို့နေပါတယ်။

“ဘယ်လိုတွေ ဖြစ်ပျက်ခဲ့တာလဲ”

ရွာအကြီးအကဲတစ်ချို့က သေချာမေးမြန်းလိုက်ပါတယ်။

” ဝံပုလွှေရွာကသောက်ကောင်တွေပေါ့ ..သူတို့တွေ ကျုပ်တို့နဲ့ အဆက်အဆံမရှိတာ တစ်နှစ်ကျော်နေပြီ အခုတော့ အကြောင်းပြချက်မယ်မယ်ရရမရှိဘဲ ကျုပ်တို့ရဲ့ သားကောင်တွေကို လုယူသွားသလို ဖီးဟိုလေးရဲ့ အဖေကိုလည်း သတ်သွားကြတာ..”

” အဖေ …”

ဖီးဟိုက ငိုယိုပြီးရွာထဲကနေ တဟုန်ထိုးပြေးထွက်လို့လာခဲ့ပါတယ်။ သူမဟာ သူ့အဖေကို ပြေးပွေ့လိုက်ပါပြီ။ သူ့မရဲ့ မျက်ရည်စက်တွေကလည်း ရှီချောင်ချန်ရဲ့လက်ပေါ်ကို တစက်ချင်းကျလို့သွားခဲ့ပါတယ်။

” ဘာဖြစ်တာလဲ အဖေ့ကို ဘယ်သူထိခိုက်အောင် လုပ်လိုက်တာလဲ…”

ဖီးဟိုရဲ့ မျက်၀န်းထဲကနေ မျက်ရည်တွေပြည့်နှက်လာခဲ့ပြီး သူမငိုကြွေးနေချိန်မှာပဲ ရှီချောင်ချန်ရဲ့ လက်တွေက ပျော့ကျသွားခဲ့ပါတယ်။

” မင်းတို့ဘာဖြစ်လို့ ငိုနေကြတာလဲ ကြမ်းကြုတ်တဲ့သားရဲကောင်တွေက ငါတို့အမဲလိုက်ချိန်မှာ မကြာမကြာသတ်ဖြတ်သေးတာ အခုလည်း မြှားနဲ့အပစ်ခံရပြန်တယ် ငါတို့ဒီသွေးကြွေးကို အလကားအဖြစ်ခံလို့မရဘူးကွ..”

ရှီချောင်ချန်ရဲ့ အဖြစ်ကိုငေးကြည့်လိုက်ကြပြီး ပြောလိုက်ကြပါတယ်။ သူက အရမ်းကိုအားကြီးသန်မာတဲ့ လူတစ်ယောက်ပါ။
သူ့ခန္ဓာကိုယ်တစ်ဝက်ကသွေးတွေ ဖုံးလွှမ်းနေခဲ့ပါတယ်။ တစ်ယောက်ယောက်ရဲ့ သတ္တုမြှားတံဟာ သူ့ရဲ့နောက်ကျောကတဆင့်လက်ျာအဆုတ်ကို ထိုးဖောက်သွားတာပါ။ သူ့ခန္ဓာကိုယ်ထဲက 1.3 မီတာရှည်လျားတဲ့ မြှားရိုးတံဟာ ရွှေအရောင်နှင့်အတူထွန်းလင်းခဲ့ပါတယ်။ ဒါဟာ ရှီချောင်ချန်ရဲ့သွေးတွေနဲ့ စွန်းနေပါတယ်။

” အားလုံးပဲ စိတ်ပူပြီး ငိုမနေကြနဲ့တော့။ အစ်ကိုချောင်ချန်က စိုးရိမ်ရတဲ့အခြေအနေမဟုတ်တောပါဘူး။ သူ့ကို နေရာရွေ့ကြရအောင် ။ သိပ့်မကြာခင် သူပြန်ကောင်းလာမှာပါ။”

ရှီဖန်ကျင်းက သူတို့ကို နှစ်သိမ့်လိုက်ပါတယ်။
အဆိုပါဒဏ်ရာက အမှန်တကယ်တော့ သေလောက်အောင် မဟုတ်ခဲ့ပါဘူး။ ရှီ ချောင်ချန်ရဲ့ခန္ဓာကိုယ်အားကကြံ့ခိုင်ခဲ့သော်လည်း သူကသတိထားမပြတ်ခဲ့ပါဘူး။ ဒီလိုမှမဟုတ်ရင်မြှားထိခံရတာ နှင့်သူ့ခန္ဓာကိုယ်ရဲ့ခံနိုင်စွမ်းအခြေအနေဟာ တဖြည်းဖြည်းကျဆင်းလာပါလိမ့်မယ်။

ကံကောင်းထောက်မစွာပဲ ရှီလင်းဟူ နှင့်အခြားသူများက ယာယီသူ၏ဒဏ်ရာကုသပေးခဲ့သည်။ တောင်တန်းထဲက ဆေးဖက်၀င်အရွက်တွေကို ထုထောင်းပြီး သူ့ရဲ့ ဒဏ်ရာတွေကို ကုသပေးသလို ရွာအကြီးအကဲရှီယွီဖန်းဖော်စပ်ထားတဲ့ ဆေးတွေကိုလည်း ကျွေးခဲ့ပါတယ်။

“မငိုကြနဲ့တော့ .. ငါတို့ကသူအသက်ရှင်လျက်ပြန်လာနိုင်ခဲ့တာကြောင့်ပဲကံကောင်းနေပြီ ”

ရွာအကြီးအကဲရှီယွီဖန်းက မြန်ဆန်စွာပဲ သံမဏိမြှားကို ဆွဲထုတ်လိညက်ပါတယ်။ သူ့ရဲ့ လက်တွေဟာ လျှင်မြန်စွာပဲလှုပ်ရှားသွားကြပြီး ကြယ်ပွင့်တွေလင်းလက်တဲ့သင်္ကေတတွေက သွေးထွက်တာကို ရပ်တန့်သွားစေခဲ့ပါတယ်။

ရှီယွီဖန်းဟာ သူ့ရင်ဘတ်ထဲကနေ ကျောက်စိမ်းဗူးလေးကို ထုတ်လိုက်ယူလိုက်ပြီး ခရမ်းရောင်ဆေးပြားနှစ်ပြားကိုသွန်းချလိုက်ပါတယ်။ ခရမ်းရောင်ဆေးပြားတွေဟာ သူ့ရဲ့ လက်ထဲမှာပဲ အမှုန့်အဖြစ်ပြောင်းလဲသွားပြီး ဒဏ်ရာတွေအပေါ်ကို သိပ့်ပေးလိုက်ပါတယ်။ ဒီ့နောက်မှာတော့ သူဟာ ရှီချောင်ချန်ကို တခြားသူတွေလက်ထဲ အပ်လိုက်ပါတယ်။

ရှီချောင်ချန်ကို အိမ်ပြန်သယ်လာကြပါပြီ။ ကျောက်ခေတ်ရွာထဲမှာ နေထိုင်သူတိုင်းက သူ့ကို သွားတွေ့ကြပါတယ်။ ရွာသားတွေအားလုံးရိုးရိုးသားသားနှင့်နွေးထွေးသောနှလုံးရှိကြပါတယ်။ ဖြည့်စွက်ဆေးဝါးများနှင့်အသားခြောက်အမျိုးအစားအားလုံးကိုလက်ဆောင်များအဖြစ် ယူဆောင်သွားခဲ့ကြပါတယ်။ ဒီအဖြစ်က ဒီအရပ်ရဲ့ ခမ်းနားမှုကိုပြည့်စုံစေပါတယ်။

” ဦးလေး သိပ့်မကြာခင် သေချာပေါက်ပြန်ကောင်းလာမှာပါ..”

သူငယ်လေးရှီဟောင်လည်း ပေါက်ချလာပြီလေ။ သူကတော့ သူအကြိုက်ဆုံးအနီရောင်ဘယ်ရီသီးတစ်တောင်းကို လက်ဆောင်အဖြစ်ူယ်လာပါတယ်။

*****

“ဘာတွေ ဖြစ်ခဲ့တာလဲ အသေအချာပြောကြစမ်း ?!”

ရွာအကြီးအကဲရဲ့ ခြံ၀င်းထဲမှာ ကျောက်ခေတ်ရွာရဲ့ အရေးပါတဲ့ လူတွေ စုဝေးနေကြတာပါ။ ရှီယွီဖန်းက စကားစလို့ပြောလိုက်ပါတယ်။

” ရွာအကြီးအကဲ အားလုံးကဘာဖြစ်လို့လဲဆိုတော့ ဝံပုလွှေရွာရဲ့လူတွေကြောင့်ပဲ။ သူတို့ကအတင်းအကြပ် ချန်ချောင်ကိုဖိအားပေးပြီး သတ်ပစ်ချင်ကြတာ။ ဟွန့် သူတို့က ကျုပ်တို့ရဲ့ နယ်ထဲကို ကျူ းကျော်လာပြီး ဓားပြတိုက်ကြတာလေ ချန်ချောင်သာ သတိရှိမနေဘူးဆိုရင် မြှားက သူ့နှလုံးကို ထုတ်ချင်းခပ်ပဲ။”

ရှီလင်းဟူက ခံပြင်းစွာပြန်လည်ပြောပြလို့နေပါတယ်။

မျက်စိတမှိတ်အတွင်းမှာကို လ၀က်ခန့်ကျော်လွန်သွားပါပြီ။ ဝံပုလွှေရွာသားတွေက ကျောက်ခေတ်ရွှာရဲ့ ပိုင်နက်ထဲကို ရန်စကျူ းကျော်မှုတွေလည်း ရှိလာပါတယ်။ နောက်ပြီး ကျောက်ခေတ်ရွာရဲ့ အမဲထောင်ချောက်ထဲက သားရဲကောင်တွေကိုတောင် သူတို့ပိုင်ဆိုင်တဲ့ သားကောင်တွေလို မျက်နှာပြောင်တိုက်ဖြုတ်ယူသွားလေ့ရှိလာပါတယ်။ ဒါက ကျောက်ခေတ်ရွာသားတွေကို နားရွက်တံတွေးဆွတ်တာပဲဖြစ်တာကြောင့် အရမ်းကိုခံပြင်းဒေါသထွက်နေပါပြီ။ကျောက်ခေတ်ရွာသားတွေကလည်း ချက်ချင်းပဲ ဒေါသတကြီးတိုက်ခိုက်ဖို့ ပြင်ဆင်ကြပါတယ်။ သို့သော် ဝံပုလွှေရွာသားတွေက ပါးနပ်စွာပဲ ပြန်လည်ဆုတ်ခွာသွားကြပါတယ်။

” သူတို့ဘာလို့ ဒီလိုတွေ လုပ်နေတာလဲ။ သူတို့ရဲ့လူဦးရေတိုးလာတာဆိုရင်တော့ ဒါတွေအားလုံးက ပုံမှန်မဟုတ်ဘူး။ အဓိက ပြဿ နာက သူတို့ရွာထဲမှာ ဘာတွေဖြစ်နေတာလဲဆိုတာပဲ။ ”

ကြမ်းကြုတ်တဲ့မှော်သားရဲကြီးတွေရဲ့ အမဲလိုက်ခံရတာကြောင့် ဝံပုလွှေရွာက ပျောက်ကွယ်လုနီးပါးဖြစ်သွားပါသေးတယ်။ ကျောက်ခေတ်ရွာနဲ့လည်း အတော်ကြာပဋိပက္ခများပြီးနောက်မှာ ဝံပုလွှေရွာက လူတော်တေ်ာများများ ပျောက်ကွယ်သွားကြရပါတယ်။ ဒါပေမဲ့ ကျောက်ခေတ်ရွာကတော့ စိတ်သက်သာရည မရခဲ့ကြပါဘူး။ ဝံပုလွှေရွာထဲက ညအချိန်မှာ ထွက်ပေါ်လာတတာတဲ့ အော်ဟစ်သံတွေကလည်း သူတို့ကို အတော်လေးထူးဆန်းလို့ နေဝေခဲ့ပါတယ်။

“ပထမဆုံး သူတို့ကို အရေးမယူဘဲ ထားလိုက်ကြမယ်။ ဒီတောင်တန်းဒေသမှာ နေရတာ လွယ်ကူတာမဟုတ်ဘူး။ သူတို့တွေက ငါတို့ရဲ့၀န်ထုတ်၀န်ပိုးဖြစ်လို့ မဖြစ်သလို သွေးထွက်သံယိုတွေနည်းအောင်လည်း ဂရုစိုက်ကြရမယ်။ ”

ဒီလိုနဲ့ပဲ ကျောက်ခေတ်ရွာက သူတို့ရဲ့ ငြိမ်းချမ်းရေးကိုထိန်သိမ်းလို့ထားပါတယ်။ ဒါက ကျောက်ခေတ်ရွာကို ကံတော်တော်ကောင်းသွားစေခဲ့ပါတယ်။ သူတို့ရဲ့ ဒေါသကို ထိန်းထားနိုင်စွမ်းက အလဟသမဖြစ်ခဲ့ပါဘူး။ တောင်တန်းထဲမှာ သားရဲကြီးတွေကြားအချင်းချင်းကြားမှာ တိုက်ပွဲကြီးကြီးဖြစ်ပွားလာခဲ့လို့ပါ။ အဆင့်နိမ့်သားရဲကောင်တွေ တော်တော်များများသေဆုံးသွားကြသလို သားရဲကြီးတော်တော်များများလည်း ထွက်ပေါ်လာတာပါ။ တောင်တန်းတွေရဲ့ အရမ်းကိုဝေးကွာတဲ့အရပ်မှာ နက်ရှိုင်းတဲ့ပင်လယ်ဒေသရှိပါတယ်။ ကမ္ဘာဦးခေတ်ကတည်းကကို ရှေးဟောင်းသားရဲတွေဟာ သားစဉ်မြေဆက်သတ်ဖြတ်လို့လာကြတာပါ။ သူတို့တွေဟာ တစ်ဦးနဲ့တစ်ဦးပိုပြီးအစွမ်းထက်ကြောင်းပြသတဲ့အနေနဲ့ သတ်ဖြတ်နေကြတာလေ။ ဒါက ကြီးကျယ်တဲ့ကိစ္စဆိုပေမယ့် ကံကောင်းထောက်မစွာပဲ ကျောက်ခေတ်ရွာကို မထိခိုက်စေသေးပါဘူး။

” ရွာအကြီးအကဲ ဒီတစ်ခေါက်တော့ ကျုပ်တို့ ဆင်းနဂါးသားရဲ၈ကောင် ၊ နှင်းဖြူ ကြံ့အများကြီးနဲ့ တခြားသားရဲကောင်တွေလည်း ရထားတယ် အသားခြောက်တွေသာ လုပ်ထားမယ်ဆိုရင် အချိန်အကြာကြီး ရိက္ခာပြတ်လတ်တော့မှာ မဟုတ်ဘူး..”

ရှီလင်းဟူက အဖွဲ့သားတစ်ချို့နဲ့ တောင်တန်းထဲကနေပြန်လာတာပါ။ ဒီတစ်ခေါက်တိုက်ပွဲက အတော်လေးကြမ်းတမ်းခဲ့သလို သားရဲကောင်တွေလည်း တော်တော်များများသေဆုံးကြရတာကြောင့် လူအင်အားများများရဖို့ ပြန်လာခေါ်ခြင်းပါပဲ

” ကောင်းတယ် အကောင်းဆုံးပဲ။”

အကြီးအကဲတွေအားလုံးလည်း တော်တေ်ာကေို ပျော်ရွှင်လို့သွားကြပါတယ်။ တော်တေ်ာများများက ရွာသားတွေကို ပြန်ဝေငှပေးဖို့ ထွက်ခွာသွားကြပါတယ်။

” ဝါး.. ဒီလောက်တောင် များလိုက်တဲ့ သားရဲကောင်တွေ။ ငါတို့တော့ သွေးသန့်စင်ခြင်းလုပ်နိုင်ပြီ..”

ကလေးတွေအုပ်စုဟာ ၀မ်းသာအားရအော်ဟစ်လိုက်ကြပါတယ်။ ရှီဟောင်ရဲ့ တိုးတက်နှုန်းက ကြောက်ခမန်းလိလိဖြစ်တာကြောင့် ကျန်တဲ့ကလေးတွေလည်း ကြာကြာနောက်ကျန်မနေချင်ကြတော့ပါဘူး။ ဒါကြောင့်ပဲ သူတို့က သွေးသန့်စင်ခြင်းကို စိတ်ပါလက်ပါလက်ခံကြပါတော့တယ်။ အခုတော့ သူတို့ဟာ သွေးသန့်စင်ခြင်းရဲ့ အကျိုးကျေးဇူးကို မျက်ဝါးထင်ထင်တွေ့မြင်ထားတာကြောင့် အကြီးအကျယ်စိတ်လှုပ်ရှားလို့ နေပြပါပြီ။

” ငါ ကောင်းကောင်းကြိုးစားရမယ် အားဖုန် ရှောင်းရောင် ဇီယန်တို့က အရမ်းကို အစွမ်းထက်နေတာ ဟို မွန်းစတားကောင် ရှီဟောင်ကိုလည်း နောက်ကျနေလို့ မဖြစ်ဘူး။”

ကလေးတွေရဲ့သွေးတွေဟာ ပွက်ပွက်ဆူလာချိန်မှာပဲ တစ်ကိုယ်လုံးသွေးတွေပေကျံနေတဲ့ ရှီဖန်ကျင်း နဲ့ ရွာသားတစ်စုပြန်လာတာမြင်လိာက်ကြရပါတယ်။ သူတို့ရဲ့ ဆံပင်ရှည်တွေဟာ ဖရိုဖရဲဖြစ်နေကြပြီး စိတ်ဆင်းရဲခြင်းကြီးစွာဖြစ်နေကြပုံပါပဲ။
“ဖန်ကျင်း ဘာဖြစ်တာလဲ?”
ရှီလင်းဟူက ကျယ်ကျယ်လောင်လောင်မေးမြန်းလိုက်ပါတယ်။

” အစ်ကိုလင်းဟူ ဒီတစ်ခါလည်း ဝံပုလွှေရွာကပဲ သူတို့ကျုပ်တို့ရဲ့ သားကောင်တွေကို လုသွားကြပြန်ပြီ..”

ရှီဖန်ကျင်းက ဒေါသထွက်နေသလို မျက်နှာလည်း ရှုံ့မဲ့လို့နေပါတယ်။

“ဘာ?!

” သောက်ကောင်တွေ သည်းခံလို့ ရောင့်တက်လာကြတာ။ ငါတို့ကို အားနည်းတယ်လို့ ထင်နေကြတာလား။ ကောင်းပြီလေ။ ဒီအတွက် မင်းတို့တွေ ပြန်ပေးဆပ်စေရမယ် ။ ခွေးသူခိုးကောင်တွေ..”

ရှီလင်းဟူရဲ့ ဒေါသဟာ မိုးထိအောင်ပြင်းထန်လို့သွားပါတယ်။ ကျောက်ခေတ်ရွာသားတွေဟာ အခုအဖြစ်အပျက်ကိုတော့ ညည်းခံမပေးနိုင်ကြတော့ပါဘူး။ သူတို့ရဲ့ သည်းခံနိင်စွမ်းကိာ အကြိမ်ကြိမ်စမ်းသပ်နေကြမှတော့လည်း သေချာပေါက်အစွယ်တွေထုတ်ပြရပါတော့မယ်။ ဒီလိုမောက်မာပြီး ဆင်ခြင်မဲ့တဲ့ မျိုးနွယ်စုတွေကို ရင်ဆိုင်ရတာဟာ အခုအကြိမ်က ပထမဆုံးမဟုတ်ဘူးလေ။

” ငါတို့ ညီအစ်ကိုတွေရဲ့ အသက်ကို ဆုံးရှုံးခဲ့ကြရသေးလား..”

” မဆုံးခဲ့ပါဘူး။ ဒါပေမဲ့ အပြင်းအထန်ဒဏ်ရာရတဲ့သူတွေတော့ ရှိတယ်။ သူတို့က သံမဏိမြှားမှန်းထားကြတာ။ အခြေအနေဘယ်လောက်ဆိုးသလဲတော့ ကျွန်တော်လည်း မသိဘူး။”

“ဘာ! သူတို့က ရန်ဖြစ်ချင်နေကြပြီပေါ့ ဒီလောက်တောင် ပြင်းပြင်းထန်ထန်ထပ်လုပ်လိုက်ပြီဆိုတော့ တိုက်ကြတာပေါ့..”

အဆိုပါရွာသားတွေက ချက်ချင်းပေါက်ကွဲသွားကြပါပြီ။ သူတို့တွေဟာ ထပ်ခါတလဲလဲအရှက်ပြီးနောက်တော့ ကြီးမြတ်တဲ့ပုဂ္ဂိုလ်တစ်ဦးဆိုရင်တောင် သေချာပေါက်အမျက်ထွက်လာပါလိမ့်မယ်။

” အသက် ဆယ့်လေးငါးနှစ်လောက်ပဲ ရှိတဲ့ ကောင်က တော့်တော့်ကို ဆိုးရွားတာ။ သူပဲ ကျုပ်တို့အားလုံးကို မြှားနဲ့ပစ်တာ။ သူရဲ့ ရွာအကြီးအကဲတစ်ယောက်ကသာ မတားရင် ကျုပ်တို့ကို သာ အမှန်တကယ်သတ်ပစ်ပြီးပြီ။ ”

အန်းမန်အဖေက ၀င်ရောက်ပြောဆိုလိုက်ပါတယ်။ သူ့တစ်ကိုယ်လုံးလည်း သွေးအလူးလူးဖြစ်လို့နေပါတယ်။

” သူက ဘယ်သူလဲ ။ ဆံပင်တောင် ကောင်းကောင်းမပေါက်သေးတဲ့ ကလေးက ဘယ်လောက်သန်မာမှာမလို့လဲ။ မင်းတို့ ယောကျာ်းရင့်မာကြီးတွေက ဘာမှမလုပ်နိုင်ဘူးလား.”

ရွာသားတွေဟာ ခေါင်းညိတ်လိုက်ကြပါတယ်။ ဆယ်ကျော်သက်ကလေးတစ်ယောက်ကို ရှုံးနိမ့်ရတယ်ဆိုတာ လူကြားလို့မှ မကောင်းပါဘူး။

” ကျုပ်တို့က ကြောက်နေတာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့က လူများတယ်။ ကျုပ်တို့ထက်ကို ပိုများနေတာ..”

” သူက ဆယ်ကျော်သက်လေးတစ်ယောက်ပါ ချောမောတဲ့ ရုပ်ကလေးနဲ့ဆိုပေမယ့် တကယ်ကို ရက်စက်တဲ့နှလုံးသားရှိတာ။ စိုးရိမ်စရာမရှိဘူးမထင်နဲ့။ ညီနောင်တွေအားလုံးလက်နက်ထုတ်ပြီး အလွှာသုံးလွှာအကာအကွယ်ကို သုံးခဲ့ကြတာ။ ဒါတောင် သူ့ရဲ့ မြှားကထိုးဖောက်နိုင်တယ်။ ကျုပ်တို့ရွာမှာ အစ်ကိုလင်းဟူတစ်ယောက်ပဲ အာ့လိုမျိုး လုပ်နိုင်တာလေ။”

ရှီဖန်ကျင်းက ဆက်ပြောလိုက်ပါတယ်။

” ကျုပ်တို့ပိုင်ဆိုင်တဲ့ အရာတွေကိုတော့ သေချာပေါက်ပြန်ယူကြမယ် ကျုပ်တို့တွေသေကြရမယ်ဆိုရင်တောင်မှပေါ့။”

ရှီဖန်ကျင်းရဲ့ စကားတွေက သူတို့နှလုံးသားတွေကို ရေနံဆီလောင်းပြီး မီးရှို့ခံရသလို လူတိုင်း ခံစားလိုက်ရပါတယ်။ရွာသားတစ်ယောက်က ကြောက်မက်ဖွယ်ရာအရှိန်အဟုန်နဲ့ တောင်တန်းထဲကို တဟုန်ထိုးပြေး၀င်သွားပါတယ်။ ဒီအချိန်ဆို ဝံပုလွှေရွာသားတွေလည်း အဝေးကြီးကို ရောက်သွားဦးမှာမဟုတ်ဘူးလေ။

” အင်း .. ဦးလေးဖူ တအားစိတ်ထိခိုက်သွားပုံပဲ။ ဒီအဖြစ်အပျက်က အရမ်းကို မြန်မြန်ဖြစ်သွားတာနေမယ်..”

သူအကြိုက်ဆုံးဘယ်ရီသီးတွေကို ခူးပေးနေကျဖြစ်တဲ့သတ်ဖြတ်လိုစိတ်တွေပြည့်နှက်နေတဲ့ ရှီဖူရဲ့ နောက်ကျောကိုကြည့်လိုက်ပါတယ်။ ရှီဟောင်ဟာ သူ့ရဲ့လက်သီးသေးသေးလေးတွေကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး တောင်တန်းထဲ၀င်ရောက်သွားကြတဲ့လူတွေရဲ့နောက်ကို တိတ်တဆိတ်လိုက်ပါသွားပါတယ်။

****°°

Comment

Leave a Reply

Options

not work with dark mode
Reset