Chapter – 13 အရိုးစာသားရဲ့ အားသာချက်
ရှီဟောင်ဟာ အရိုးစာသားကိုအသုံးပြုပြီး ဇီယန်ရဲ့ စိတ်ဝိညာဉ်နဲ့ဆက်သွယ်ဖို့ကြိုးစားနေပါတယ်။ ဒါက ဇီယန်ဟာ လေ့လာသင်ယူတာမှာ အမှန်တကယ်ကို သင်လွယ်တတ်လွယ်ဖြစ်နေတာကြောင့်ပါပဲ။ ဒီဟာက ဇီယန်ကို လူသားတွေနဲ့တဖြည်းဖြည်းပိုပိုပြီးနီးစပ်လို့လာစေခဲ့ပါတယ်။
” ဘန်း…”
ဇီယန်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက လင်းလက်လာသလို သူ့ရဲ့တောင်ပံနှစ်ဖက်ကလည်း အရောင်အဝါတွေဖြာထွက်လာခဲ့ပါတယ်။ ရှီဟောင်နဲ့ ဇီယန်ဟာ တစ်ဦးကိုတစ်ဦး အရိုးစာသားတွေချိတ်ဆက်မိသွားကြပြီး ဇီယန့်ဆီက ဖြစ်ပေါ်လာတဲ့ စွမ်းအားတွေဟာ သစ်ပင်ကြီးတစ်ပင်ဆီကို ၀င်ရောက်သွားပါတယ်။ ဝုန်းခနဲမြည်ဟိန်းသံကြီးနှင့်အတူ သစ်ပင်ကြီးက ချက်ချင်းပဲမီးလောင်ကျွမ်းလို့သွားပါတယ်။
” ဖြောင်း ဖြောင်း..”
ဇီယန်ဟာ ကောင်လေးတွေရဲ့လက်ခုပ်တီးအားပေးမှုကိုခံလိုက်ရတာကြောင့် တောင်ပံတွေကိုတဖျပ်ဖျပ်ခပ်လိုက်ပါတယ်။ သူ့ရဲ့မျက်လုံးတွေကလည်း စိတ်လှုပ်ရှားမှုကြောင့် မှိတ်ချည်ဖွင့်ချည်ဖြစ်လို့သွားပါတယ်။
” ဒီ ငှက်လေး တစ်လသားပဲရှိသေးတယ်.. ဒါကို လူတိုင်းလည်းသိတယ်.. သူ့ရဲ့ အသက်တစ်လက လူတွေထက်တောင် အားပိုကောင်းနေသေးတယ်..”
တခြားအကြေးခွံစိမ်းလင်းယုန်ငှက်တွေဖြစ်တဲ့ ရှောင်းရောင် နဲ့ အားဖုန်တို့ကလည်း သူတို့ညီငယ်လေး ဇီယန်ရဲ့ ခေါင်းကို အတောင်ပံတွေနဲ့ ဖြည်းဖြည်းချင်းပုတ်လိုက်ပါတယ်။ အသိဥာဏ်မြင့်မားတဲ့သားရဲတွေဟာ ပြောရရင် အရိုးစာသားကျမ်းအကူအညီနဲ့ သူတို့ရဲ့ ဖွံ့ဖြိုးမှုတွေကို အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ ဒါဆိုရင် သူတို့ရဲ့စွမ်းအားတွေဟာ လူသားတွေထက်ကို အများကြီးအစွမ်းထက်လို့လာမှာပါ။
(PS . အရိုးစာသားဆိုတာက အရိုးပါတဲ့ သက်ရှိတိုင်းရဲ့ အဓိကသော့ချက်တစ်ခုပါပဲ ခန္ဓာကိုယ်အတ္တဘောတစ်ခုကို အဓိကအထောက်အပံ့ပြုပြီး စိတ်သွားတိုင်းကိုယ်ပါနိုင်ဖို့ အရိုးတွေက အဓိကကျတဲ့ နေရာကပါ၀င်ပါတယ် ဒါ့ကြောင့် လူသားတွေပဲဖြစ်ဖြစ် သားရဲတွေပဲဖြစ်ဖြစ် အရိုးပါတဲ့ကောင်တွေ မှန်သမျှမှာ အရိုးစာသား( မွေးရာပါအရိုးသန်မာမှု) တွေရှိပြီးသားပါ အလေ့အကျင့်လုပ်ပေးဖို့ပဲ လိုပါတယ် အားကစားသမားတွေရဲ့အရိုးအဆစ်တွေဟာ သာမန်လူတွေထက်ကြံ့ခိုင်တာက အလေ့အကျင့်ကြောင့်လေ နောက်ပိုင်းမှာ များများပါလာမှာဖြစ်ပေမယ့် ဖတ်ရတာနားရှင်းအောင် ရှင်းပြပေးထားတာပါ 😉)
ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာလည်း ရှီဟောင်က အကျိုးကျေးဇူးတွေအများကြီးကို ရခဲ့ပါတယ်။ အကြေးခွံစိမ်းလင်းယုန်ငှက်တွေဆိုတာက ရှေးဟောင်းသားရဲမျိုးဆက်ကနေ ဆင်းသက်လာတာကြောင့် သူတို့ရဲ့အရိုးတွေက သဘာ၀ကျကျကို အဖိုးတန်သလို ခြောက်ခြားစရာကောင်းလောက်အောင်ကို အစွမ်းထက်တဲ့ လျှို့ဝှက်ဆန်းကြယ်မှုသင်္ကေတတွေလည်း ပါလာပါတယ်။ ရှီဟောင်က သူတို့ကို အဆက်မပြတ်စောင့်ကြည့်လေ့လာနေတာလေ။
ဒါ့ကြောင့်ပဲ ရှေးခေတ်သားရဲတွေရဲ့ အရိုးမျိုးစိတ်တွေထဲကမှ သီးသန့်ဆန်တဲ့ အစွမ်းထက်ပြီး ဆန်းကြယ်တဲ့ပုံစံတွေကို တွေ့မြင်လိုက်ရပါတယ်။ လူသားတွေထဲမှာတောင် လက်ဖျံရိုးတစ်ချောင်းတည်းပါတဲ့ ထူးထူးခြားခြားလူတွေဟာ ပိုပြီးသန်မာနေတတ်ကြသလိုပါပဲ။ ရှေးဟောင်းသားရဲမျိုးဆက်ကဆင်းသက်လာတယ်ဆိုပေမယ့်လည်း သူ့တို့ရဲ့ အားကောင်းလှတဲ့ စွမ်းအားတွေကို သိုလှောင်ပြီးလျိ ု့ဝှက်ထားဖို့လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ တခြားသူတွေက သူတို့ရဲ့စွမ်းအားတွေကို ခြေနှင်းခုလိုသဘောထားပြီး အသုံးချခံရနိုင်ပါတယ်။
အကြေးခွံစိမ်းလင်းယုန်ငှက်သုံးကောင်ပေါက်ဖွားလာတာက ကျောက်ခေတ်ရွာကို ကံကောင်းစေခဲ့ပါတယ်။ သူတို့ရဲ့ စွမ်းအားတွေနဲ့ လျှို ု့ဝှက်ဆန်းကြယ်တဲ့သင်္ကေတတွေကလည်း အရမ်းရှားပါးလို့နေပါတယ်။ သူတို့ရဲ့ စွမ်းအားတွေဟာ အရိုးစာသားရဲ့စံနှုန်းတွေကိုတောင် ကျော်လွန်နေတာကြောင့် လျှို ု့ဝှက်ထားရပါတော့မယ်။ ဒါတွေက သူတို့ရဲ့ ရတနာသင်္ကေတစွမ်းအားတွေပဲလေ။
ဒီလျှို ု့ဝှက်ဆန်းကြယ်သင်္ကေတအမျိုးအစားတွေဟာ စွမ်းအားကြီးတဲ့လူသားတွေဖန်တီးထားတဲ့ အရိုးကျမ်းစာထဲမှာတောင် ဖော်ပြထားပါတယ်။ ဒါပေမဲ့ သဘာ၀ကနေဖြစ်လာတဲ့လျှို ု့ဝှက်ဆန်းကြယ်သင်္ကေတတွေက သက်ရှိအားလုံးကို ထူးခြားစေခဲ့ပါတယ်။
ကျောက်ခေတ်ရွာရဲ့ ဘိုးဘွားပိုင်အမွေအနှစ်နှစ်ခုကလည်း ရှေးဟောင်းသားရဲအသေကောင်ကနေ ရလာခဲ့တာပါ။ တချို့သော စွမ်းအားတွေနဲ့ပေါင်းစပ်ပြီးချိန်မှာတော့ သူတို့က အခုလို အဖိုးတန်ရတနာတွေဖြစ်လာပါတယ်။
ဒီရက်တွေမှာတော့ ရှီဟောင်ဟာ သားရဲငှက်ပေါက်တွေနဲ့အတူလေ့ကျင့်နေခဲ့ပြီး သူတို့ကြားက အတားအဆီးတစ်ချို့ကိုလည်း ဖယ်ထုတ်နိုင်ခဲ့ပါတယ်။ ရွာအကြီးအကဲရှီယွီဖန်းကတော့ သူတို့နဲ့အတူပျော်ရွှင်နေခဲ့ပါတယ်။
ရှေးဟောင်းသားရဲဘိုးဘေးတွေရဲ့ အမွေအနှစ်ကို ရရှိထားတဲ့ ဇီယန်။ သူက မူလပထမရှေးဟောင်းသားရဲငှက်ကြီးရဲ့ အမွှေအနှစ်သေးသေးလေးတစ်ခုကိုပဲ ဆက်ခံရတယ်ဆိုရင်တောင် အရမ်းကိုကြောက်စရာကောင်းတဲ့ အလားအလာတစ်ခုရှိလာမှာပါ။ သူ့ရဲ့ခန္ဓာကိုယ်ထဲက လျှို ု့ဝှက်ဆန်းကြယ်တဲ့စွမ်းအားသင်္ကေတတွေကလည်း ဒဏ္ဍာရီလာသားရဲငှက်အဖြစ်ခေါ်ခံရဖို့ လုံလောက်အောင်ကို ထိုက်တန်လို့နေပါတယ်။
” နက်နဲတဲ့ အရိုးကျမ်းစာနဲ့ တစ်ထပ်တည်းပဲ…”
ဒီသတင်းစကားသာ ပြန့်နှံ့သွားမယ်ဆိုရင် တခြားကလန်တွေနဲ့ မျိုးနွယ်စုတွေကို သေချာပေါက်ဖမ်းစားသွားပါလိမ့်မယ်။
အရုဏ်ဦးရဲ့ လင်းရောင်ခြည်တွေဟာ မြူ တွေထဲကနေတိုးထွက်လာပြီး ပျော့ပြောင်းလာတဲ့အလင်းတန်းတွေအဖြစ် ပျံ့နှံ့သွားပါတယ်။ နေရောင်ခြည်အလင်းတန်းတွေဟာ တဖြည်းဖြည်းချင်း စိမ့်ထွက်လာသလိုမျိုး တောင်ထွဠ်ရဲ့အနောက်ကနေ ခေါင်းပြူ လို့ထွက်လာပါတယ်။ အရမ်းကို လတ်ဆတ်တဲ့လေပြည်နုနုတွေကလည်း မြက်ခင်းပြင်နဲ့ စပျစ်နွယ်တွေကြား တိုးဝှေ့ဖြတ်သန်းသွားကြပါတယ်။ ကြံ့ခိုင်သန်မာတဲ့ယောကျာ်းသားတစ်စုက နောက်တစ်ကြိမ်အမဲလိုက်ဖို့ရန် ကျောက်ခေတ်ရွာထဲကနေ ထွက်ခွာဖို့ ပြင်ဆင်နေကြပါတယ်။
” ဦးလေး တောင်တန်းထဲမှာ သတိထားနော်…”
ရှီဟောင်ဟာ အူယားဖားယားပြောလာပြီး အမဲလိုက်အဖွဲ့ကို အော်ဟစ်လို့ပြောဆိုလိုက်ပါတယ်။ သူက ဒီလိုလာပြီးနှုတ်ဆက်နိုင်ဖို့ အိပ့်ယာကအစောကြီးထလို့ လာခဲ့ရတာပါ။
အမဲလိုက်အဖွဲ့ဟာ ကျောက်ခေတ်ရွာထဲမှာ အသန်မာဆုံသောလူတွေဖြစ်တာကြောင့် သူတို့တွေသာ တောင်တန်းဒေသထဲကို ၀င်ရောင်ရတာပါ။ အခုတော့သူတို့ရဲ့ ကြံ့ခိုင်သန်မာလှတဲ့ခြေလှမ်းတွေနဲ့ ရဲရဲ၀င့်၀င့်ပဲ တောနက်ကြီးထဲ လှမ်းလို့သွားခဲ့ကြပါတယ်။
” ဇီအော် မင်းရဲ့ခန္ဓာကိုယ်အတွင်းပိုင်းထဲက
ဖွဲ့စည်းထားတဲ့ လျှိ ု့ဝှက်ဆန်းကြယ်သင်္ကေတတွေရဲ့ အစွမ်းကို အတိအကျသိဖို့ ငါ့ကို ျနာက်တစ်ခေါက်ပေးကြည့်ဦး အာ့ဒါကို ငါအခုထိနားမလည်နိုင်သေးဘူး..”
ရှီဟောင်ဟာ သူ့ရဲ့ဖြူ ဖွေးနူးညံ့လှတဲ့လက်လေးနဲ့ ဇီယန်ငှက်လေးရဲ့ လည်ပင်းကို တရင်းတနှီးပွေ့ဖက်နှုတ်ဆက်လိုက်ပါတယ်။ သူက အရိုးစာသားရဲ့လျှိ ု့ဝှက်ဆန်းကြယ်မှုတွေကို ထုတ်ဖော်ဖို့ အလျင်စလိုဖြစ်မနေဘဲ စိတ်အေးလက်အေးလုပ်နေပါတယ်။
” ဂရားး ဂရားး..”
အားဖုန်ငှက်လေးက ရှီဟောင်ရဲ့လက်ကြားအတင်းတိုး၀င်ပြီး မကျေမနပ်ဖြစ်နေတဲ့အမူအယာတွေရှိနေပါတယ်။
” အားဖုန် တော်တော့ ငြိမ်ငြိမ်နေစမ်း .. ငါမင်းတို့ကြားက အစွမ်းတွေကို ကူညီပေးနေတာ.. ရှောင်းရောင် နောက်မှ မင်းရဲ့ လျှိ ု့ဝှက်ဆန်းကြယ်သင်္ကေတတွေကို စစ်ပေးဦးမယ်.. အခု ငါတို့ကို မနှောက်ယှက်နဲ့ဦး..”
ရှီဟောင်က သူတို့ကိုနှစ်သိပ့်ဖို့ လည်ပင်းတွေကို လက်လေးနဲ့ ခပ်ဖွဖွပွတ်ပေးလိုက်ပါတယ်။
အခုဆို ထွားကြိုင်းလှတဲ့ သားရဲငှက်ပေါက်သုံးကောင်ကြားမှာ ရှီဟောင်ရဲ့ သေးကွေးတဲ့ကိုယ်လေးဟာ ပျောက်ကွယ်လို့နေပါတယ်။
ဒါက အရင်တုန်းကပဲဖြစ်ဖြစ် လက်ရှိအချိန်မှာပဲ သူက ကျောက်ခေတ်ရွာအတွက် အမြဲတမ်းပဲ သူငယ်လေးဖြစ်နေတုန်းပါပဲ။
” ဝိုး… ဒါက ဘယ်လိုနက္ခနဲ့ဆင်ပြီး ရှုပ်ထွေးနေရတာလဲ ဘယ်လိုအသုံး၀င်တာလဲဆိုတာ ရှာရမယ်..”
ရှီဟောင်ဟာ ဇီယန်ငှက်လေးရဲ့ အရိုးပေါ်မှာထင်ထင်ရှားရှား ဖြစ်ပေါ်လာတဲ့ လျှိ ု့ဝှက်ဆန်းကြယ်သင်္ကေတကို ကြည့်လိုက်ပါတယ်။ သူ့ရဲ့မျက်လုံးတွေက ပြူ းကျယ်နေပြီး နောက်ဆုံးမှာတော့ သူဟာ အများကြီးကို ပိုသိရှိနားလည်နေခဲ့ပါပြီ။
” ဂီး… ဂီး..”
ရှောင်းရောင်နဲ့ အားဖုန်တို့လည်း သူတို့ညီငယ်လေးရဲ့ ခန္ဓာကိုယ်ပေါ်က လျှိ ု့ဝှက်ဆန်းကြယ်သင်္ကေတတွေကို သိချင်စိတ်ပြင်းပြဟန်နဲ့ကြည့်ရှုနေကြပါတယ်။ သူတို့ရဲ့ မျက်လုံးတွေဟာ ပုတ်ခပ်ပုတ်ခပ်ဖြစ်နေကြပြီး မွေးရာပါအသိဥာဏ်တွေကလည်း အစာကြေဖို့ခက်ခဲနေတဲ့မြွေတစ်ကောင်လို မအီမလည်ဖြစ်နေပုံပါပဲ။
” အားဖုန် ရှောင်းရောင် ငါ့ကို မင်းတို့ရဲ့ စွမ်းအားသင်္ကေတတွေကို ပြကြတော့…”
ရှီဟောင်က သူ့ရဲ့မျက်နှာကိုပြန်လှည့်လာပြီး တခြားအကြေးခွံစိမ်းလင်းယုန်ငှက်ပေါက်လေးနှစ်ကောင်ဆီ အာရုံစိုက်လိုက်ပါတယ်။ သူဟာ သူတို့ရဲ့ ခြောက်သွေ့နေသေးတဲ့အရိုးစာသားတွေနဲ့ ဆက်သွယ်နေချိန်မှာပဲ အရှိန်အဟုန်ပြင်းထန်တဲ့စွမ်းအားတွေကို ခံစားလိုက်မိပါတယ်။ ရှီဟောင်ရဲ့ အရိုးစာသားတွေဟာ သူတို့နဲ့ ချိတ်ဆက်သွားချိန်မှာတော့ လျှိ ု့ဝှက်ဆန်းကြယ်သင်္ကေတတွေဟာ တိုးထွက်လာပြီး အကြေးခွံစိမ်းတောင်ပံတွေကို အရောင်တဖိတ်ဖိတ်တောက်ပသွားစေပါတယ်။
ရှီဟောင်ဟာ မျက်လုံးမှိတ်လိုက်ပြီး သူ့ရဲ့အရိုးစာသားစွမ်းအားတွေကို အပြည့်အ၀ထုတ်ဖော်လိုက်ပါပြီ။
” ဒါတွေက ဘာတွေလဲဟ လျှိ ု့ဝှက်ဆန်းကြယ်သင်္ကေတတွေက အားကောင်းလာပြီး ရှုပ်ထွေးလှချည်လား…ဒါက ဆင့်ကဲဆင့်ကဲပြောင်းလဲဖြစ်ပေါ်လာတယ် ..နောက်ပြီး အရောင်အဝါတွေထွန်းလင်းလာတယ်ပေါ့…”
” ဗုန်း..”
ရှီဟောင်ရဲ့ ဘယ်ဘက်လက်က တဖြည်းဖြည်းတောက်ပလာပြီး လက်ကိုဝှေ့ရမ်းလိုက်ပါတယ်။ လခြမ်းကွေးသဏ္ဍာန်အလင်းတန်းဟာ သူ့ဆီကနေ တဟုန်ထိုးပြေးထွက်သွားပြီး လျှင်မြန်စွာပဲ အဝေးကိုရောက်ရှိသွားပါတယ်။ ဒါက သစ်ပင်ကြီးရဲ့ ညာဘက်ကို ဖြတ်တိုက်သွားပြီး ဖုန်တွေသဲတွေလွှင့်စင်ထွက်သွားခဲ့ပါတယ်။
” အား.. ရှီဟောင် အခုသူ့ရဲ့ အရိုးစာသားတွေနဲ့ အကြေးခွံစိမ်းလင်းယုန်ငှက်တွေရဲ့ မွေးရာပါစွမ်းအားတွေကို လေ့လာနေတယ် ကြည့်ဦး ဒါက ကြံ့ခိုင်သန်စွမ်းတဲ့သူတို့ရဲ့ မွေးရာပါစွမ်းအားတွေပဲနေမယ်..”
ကောင်လေးတွေဟာ ရှီဟောင်နဲ့ အကြေးခွံစိမ်းလင်းယုန်ငှက်ပေါက်လေးတွေရဲ့ ထူးခြားမှုတွေကို တွေ့သွားကြပြီး အသည်းအသန်အော်ဟစ်လိုက်ကြပါတယ်။
” တိတ်ကြစမ်း..”
ရှီယွီဖန်းရဲ့ အသံခပ်ကြိတ်ကြိတ်ဟာ ကောင်လေးတွေကို အုပ်စုကို ငြိမ်သက်လို့သွားစေပါတယ်။ သူဟာ ရွာအကြီးအကဲဖြစ်တာနဲ့အညီ လက်ရှိရှီဟောင်ရဲ့ စဉ်းစားသုံးသပ်နေတဲ့ လျှိ ု့ဝှက်ဆန်းကြယ်သင်္ကေတတွေကို အနှောက်အယှက်မဖြစ်စေဖို့ ပိတ်ပင်တာဆီးလိုက်တာပါ။
ဇီယန်ငှက်ပေါက်လေးဆီကနေ သံရှည်မြည်ဟိန်းသံကြီးထွက်ပေါ်လာပြီး သူ့ရဲ့ အရောင်အဝါတွေကလည်း အတိုင်းအဆမဲ့ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဇီယန်ငှက်လေးဟာ ငယ်ရွယ်သေးပေမယ့်လည်း ဒါက ရွာသားတွေရဲ့ နှလုံးသားကို အကြီးအကျယ်ခြောက်ခြားသွားစေခဲ့ပါတယ်။
လျှိ ု့ဝှက်ဆန်းကြယ်ပြီး ရှုပ်ထွေးတဲ့သင်္ကေတတွေက အဆက်မပြတ်ဖြစ်ပေါ်နေပြီး သူ့ ရဲ့ ခရမ်းရောင်အကြေးခွံပေါ်မှာ တဖိတ်ဖိတ်တောက်ပလို့လာခဲ့ပါတယ်။ ဒါက အရမ်းကို ခမ်းနားနေခဲ့တာပါ။
ရှီဟောင်ရဲ့ မျက်လုံးတွေဟာလည်း ပွင့်လာပြီး ကျောက်မျက်ရတနာတွေလို ထွန်းလင်းတဲ့အကြည့်တွေနဲ့ ငေးကြည့်လိုက်ပါတယ်။ အချိန်အတော်လေးကြာသွားချိန်မှာတော့ သူရဲ့ ဘယ်ဘက်လက်မောင်းကနေ မီးတောင်တစ်ခုလိုအလင်းတန်းဟာ တိုးထွက်လာပါတယ်။
” ဘောင်း..”
အာ့ဒီမီးအလင်းတန်းရဲ့ ပေါက်ကွဲသံဟာ ဆင်ပစ်သေနတ်သံရဲ့ နှစ်ဆလောက်ကို ကျယ်လောက်လို့သွားပါတယ်။ မီးအလင်းတန်းထိမှန်ခံရတဲ့ ၅၆မီတာရှည်လျားတဲ့ကျောက်သားပြားကြီးဟာ ထက်ပိုင်းပြတ်သွားပါပြီ။ ဂျင်တစ်ထောင်ကျော်အလေးချိန်ရှိတဲ့ကျောက်ပြားကြီးမြေပြင်ပေါ်ပြုတ်ကျလာတာကြောင့် ဖုန်မှုန့်သဲမှုန့်တွေ တထောင်းထောင်းထသွားပါတယ်။
မလှမ်းမကမ်းကနေ ကြည့်နေကြတဲ့ ရွာသားတွေလည်း တောင့်တောင့်ကြီးဖြစ်လို့သွားပါတယ်။ ဒီစွမ်းအားတွေက ဘယ်လောက်တောင်ကြမ်းလိုက်သလဲ။ စွမ်းအားမြင့်မားပြီး ကြံ့ခိုင်သန်မာတဲ့ လူကြီးတစ်ယောက်တောင် ကျောက်ပြားကြီးကို ထက်ပိုင်းဖြတ်ပစ်ဖို့ဆိုတာ မလွယ်လှပါဘူး။
” မယုံနိုင်လောက်အောင် သန်မာတဲ့လျှိ ု့ဝှက်ဆန်းကြယ်သင်္ကေတတွေပဲ ရှေးဟောင်းသားရဲကြီးရဲ့ အပိုင်းအစအမွှေကိုဆက်ခံထားတယ်ဆိုတာ ဇီယန်က သက်သေပြလိုက်တာပဲ…”
ရွာအကြီးအကဲရှီယွီဖန်းက စိတ်လှုပ်ရှားမှုအပြည့်နဲ့ ရေရွတ်လိုက်ပါတယ်။
” ဒီအကောင်သေးသေးလေးက တကယ်ကိုကြောက်စရာကောင်းတယ် တစ်လပဲ ရှိသေးတယ် သူက မမျှော်လင့်ဘဲ ရှေးဟောင်းသင်္ကေတတွေရဲ့ လျှိ ု့ဝှက်ချက်ကို ခံစားမိသွားပြီ… ဘယ်လိုတောင် ခြောက်ခြားစရာကောင်းတဲ့ ပါရမီပဲ..”
အားဖုန် ရှောင်းရောင် နဲ့ ဇီယန်တို့လည်း သူတို့ရဲ့ ပင်ကိုစွမ်းအားတွေအတွက် အံ့အားသင့်လို့သွားပါတယ်။ ရှီဟောင်က သူတို့ရဲ့ အစွမ်းတွေကို ထုတ်ယူအသုံးပြုနိုင်တဲ့ ရလာဒ်ကို တွေ့မြင်လိုက်ရတာကြောင့် စိတ်လှုပ်ရှားနေခဲ့ပါတယ်။
” အဘိုးအကြီးအကဲ ကျွန်တော်နားလည်သွားပြီ..”
ရှီဟောင်ရဲ့ မျက်လုံးတွေဟာ လင်းလက်နေပြီး ပျော်ရွှင်စွာအော်ဟစ်လိုက်ပါတယ်။ ရှီယွီဖန်းကလည်း လျှင်မြန်စွာရောက်ရှိလာပြီး ချီးမွမ်းစကားပြောလိုက်ပါတယ်။
” မင်းသုံးတဲ့ စွမ်းအားသင်္ကေတတွေက ကမ္ဘာဦးစွမ်းအားသင်္ကေတတွေလေ.. အရမ်းကို ရှားပါးပြီး အစွမ်းထက်တာပဲ… ဒါက လုံး၀ကို ယုံကြည်ထားတာထက်ကိုတောင် ကျော်လွန်နေပြီ.. မလိုအပ်ပဲ အလွန်အကျွံမသုံးနဲ့ဦး..”
” သူတို့က ဘာလို့ ဒီလောက်သန်မာနေရတာလဲ..”
ရှီဟောင်က ခေါင်းကုတ်ပြီး မေးမြန်လိုက်ပါတယ်။
” ကျွန်တော့်ရဲ့ စွမ်းအားနယ်ပယ်ဟာ မပြည့်စုံသေးဘူးလို့ ခံစားရတယ် ဒါပေမဲ့ လောစရာတော့ မရှိသေးပါဘူး..”
” အနည်းဆုံးတော့ မင်းက မင်းဦးလေး လင်းဟူနဲ့ ဖန်ကျင်းတို့လောက် သန်မာနေပြီလေ.. အာ့ဒါက မွေးရာပါ ပါရမီစွမ်းကြောင့်ပဲ..”
ရှီယွီဖန်းက တည်ကြည်လေးနက်စွာပြောဆိုလိုက်ပါတယ်။ သူဟာ ရှီဟောင်ရဲ့ စွမ်းရည်တွေကြောင့် အမှန်တကယ်အံ့သြလို့နေပါတယ်။ ကြည့်ရတာတော့ ရှီဟောင်က သူသင်ကြားစရာမလိုလောက်အောင် အစွမ်းထက်လို့နေတာဖြစ်မယ်ထင်ပြီး သက်ပြင်းတစ်ချက်ကျိတ်ချလိုက်ပါတယ်။
******